← Chapters

လန့်လောက်စရာ? နှစ်နည်း?

Vol. 47 Ch. 700

လန့်လောက်စရာ? နှစ်နည်း?

Vol. 47 Ch. 700

လီခိုင်က စီးကျလာသောအညိုရင့်ရောင်အရည်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဆီးပြာသီးအရည်က အညိုရင့်ရောင်၊ ကိုကာကိုလာအရောင်နှင့်တူသည်။

သို့သော် ဆီးပြာသီးအရည်က ကိုကာကိုလာအရောင်ရှိနေတာ လက္ခဏာကောင်းမဟုတ်။ အဆိပ်တောင်ရှိချင်ရှိနိုင်သည်။

ဆီးပြာသီးကမျိုးစိတ်ပြောင်းတယ်ဆိုပေမဲ့ ကောင်းတဲ့မျိုးစိတ်ပြောင်းခြင်းမျိုးမဖြစ်နိုင်။

ဘာပဲဖြစ်ဖြစ် အရောင်ကမဟုတ်သေးဘူး။

နောက်ပြီး ဆီးပြာသီးက ပုံမှန်အူတိုင်မရှိ။ အူတိုင်ကအရမ်းရှုံ့နေပြီး အစေ့နှစ်စေ့သုံးစေ့သာပါသည်။

အပြင်အလွှာမှလွဲ၍ အထဲတွင်ထိုအရည်များနှင့်ပြည့်နေသည်။

လီခိုင်က ကျန်ဆီးပြာသီးများကိုဓာတ်ခွဲခန်းထဲပြန်ယူလာပြီး ဓာတ်ခွဲခန်းအကူလက်ထောက်တချို့ခေါ်ကာ ချက်ချင်းစမ်းသပ်သည်။

ဒီလိုဆို အရှိန်ပိုမြန်မည်။

ချင်းလင်ဓာတ်ခွဲခန်းတွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်၏ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားသည်။ တကယ်တော့ ပိုက်ဆံကသုံးမကုန်သေး။ နောက်ပိုင်း ချင်းလင်ဖရဲသီးဆက်ရောင်းပြီး ပြန်ရမယ့်ငွေကလည်း နည်းနည်းနောနောမဟုတ်။

သို့ဖြစ်၍ လီခိုင်ကရှန်လီအား ဓာတ်ခွဲခန်းဝန်ထမ်းများပိုခေါ်ခိုင်းသည်။ တခြားဓာတ်ခွဲခန်းမှစီနီယာသုတေသနသမားကိုဆွဲခေါ်ထားသည်။

ချင်းလင်ဓာတ်ခွဲခန်း၏လက်ရှိအခြေအနေနှင့် အဆင့်မြင့်နည်းစနစ်လှူဒါန်းမှုကြောင့် အလွန်နာမည်ကြီးနေဆဲဖြစ်၍ အရည်အချင်းရှိစီနီယာသုတေသနသမားများကိုဆွဲခေါ်နိုင်သည်။

သာမန်ဓာတ်ခွဲခန်းလက်ထောက်ကို ဘွဲ့ရပြီးခါစကျောင်းသားကိုခန့်မည်။

ဒီလူတွေက မျိုးစိတ်ပြောင်းသီးနှံလေ့လာနေကျဖြစ်ပြီး လတ်တလောတွင်အထူးမြေကြီးနှင့်အထိအတွေ့မရှိသေး။

မည်သို့ဆိုစေ လီခိုင်သိထားပုံအရ အထူးမြေကြီးထဲကဓာတ်များမှာ အနှေးနှင့်အမြန်ကုန်တော့မည်ဖြစ်၍ အထူးမြေကြီးကိုပဲအားကိုးနေလို့မရ။

ဓာတ်ခွဲခန်းတစ်ခုမှာ ကိုယ်ပိုင်သုတေသနအင်အားရှိဖို့လိုသည်။ လက်ရှိတွင် မျိုးစိတ်ပြောင်းသီးနှံများကိုအာရုံစိုက်ထားသောကြောင့် ရှေ့လျှောက် မျိုးစိတ်အသစ်များသုတေသနလုပ်နိုင်လိမ့်မည်။

လူတွေများလာလေလေ ယွင်ဖေးဘက်ကလုံခြုံရေးပိုတင်းကြပ်လေလေပင်။

လီခိုင်နှင့်လက်ထောက်များက အတူတူစမ်းသပ်ပြီး တစ်ယောက်ကိုရှုထောင့်တစ်မျိုးစီစစ်ဆေးကြသည်။ မကြာမီ အဖြေထွက်လာသည်။

"ပါမောက္ခလီခိုင်... ဆီးပြာသီးအရောင်ကထူးဆန်းပေမဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းမပါဘူး''

"ဒီမှာလည်း အန္တရာယ်ရှိပစ္စည်းဘာမှမပါဘူး... ဒီအသီးမှာအာဟာရတွေချည်းပဲ''

"အင်း... ဗိုက်တာမင်ပါဝင်နှုန်းအရမ်းမြင့်တယ်''

“…”

လီခိုင်ကိုယ်တိုင်စမ်းသပ်ချက်တွင်လည်း ဘာပြဿနာမှမရှိ၍ ဆီးပြာသီးတစ်လုံးကိုဆေးကြောပြီး ပါးစပ်ထဲထည့်ကာအရသာခံလိုက်သည်။

အသီးအပြင်လွှာကကြွပ်ဆတ်ပြီး တစ်ကိုက်ကိုက်ရုံနှင့်ကြေသွားသည်။ ထို့နောက် အထဲကအရည်များထွက်လာ၏။

ထိုအခိုက်တွင် လီခိုင်မယုံနိုင်အောင်ဖြစ်သွားသည်။

"အနံ့ကကောင်းလိုက်တာ''

သူ့မျက်နှာမှာ တစ္ဆေမြင်သလိုပုံပေါက်နေသည်။

နောက်နေတာလား?

ပါးစပ်ထဲမှာ ကိုကာကိုလာသောက်ထားသလိုပဲ။

ဆီးသီးစားပြီး ကိုကာကိုလာ?

အထူးသဖြင့် အရသာနှင့်အထိအတွေ့က ထူးထူးခြားခြားကောင်းသည်။ သူသောက်နေကျကိုလာထက်တောင်ကောင်းသည်။ ပြောမပြတတ်အောင်လန်းဆန်းပြီး ရေငတ်ပြေစေသောခံစားချက်မျိုးလည်းရသည်။

မယုံချင်စရာကောင်းတာကို လီခိုင်ဘယ်လိုပြောပြရမှန်းမသိ။

သူကချက်ချင်း လက်ထောက်တစ်ယောက်ကိုညွှန်ကြားလိုက်သည်_

"ကိုလာရှိလား? တစ်ခွက်ထည့်ပေးပါဦး''

လက်ထောက်က နည်းနည်းဇဝေဇဝါဖြစ်သွားသည်။ ပါမောက္ခလီခိုင်ကဘာလို့ကိုလာသောက်ချင်မှန်း သူမသိ။

ဒါပေမဲ့ ပါမောက္ခလီခိုင်ကကိုလာသောက်ချင်မှတော့ သူယူပေးရမည်။ ဓာတ်ခွဲခန်းလက်ထောက်ကခပ်သုတ်သုတ်ထွက်သွားပြီး မကြာမီ ကိုလာတစ်ပုလင်းနှင့်ပြန်ရောက်လာသည်။ ထို့နောက် လီခိုင်အတွက်တစ်ခွက်ထည့်ပေးသည်။

လီခိုင်က ကိုလာတစ်ငုံသောက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဘာလဲဟ?

စောစောကဆီးပြာသီးစားပြီး ဒီကိုလာကဘာလို့တစ်ခုခုလိုနေသလိုဖြစ်နေတာလဲ?

ထို့နောက် ဆီးပြာသီးထုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ တစ်ကိုက်ကိုက်လိုက်ရာ ကြွပ်ဆတ်သောအခွံကကွဲသွားပြီး အထဲကအရည်ထွက်လာပြန်သည်။

ကိုလာအရသာလိုပဲ။ ဒါပေမဲ့ စောစောကကိုလာထက်ပိုကောင်းတယ်။

ဒီတစ်ကြိမ်တွင် လီခိုင်လုံးဝမယုံနိုင်။ သူကအလောတကြီးဓာတ်ခွဲခန်းမှထွက်ပြီး စမ်းသပ်နေရာသွားလိုက်သည်။

သူ့မှာစီးပွားရေးလုပ်ချင်စိတ်မရှိရင်တောင် ဒီတစ်ခေါက် အထူးမြေကြီးက အံ့ဩစရာလုပ်လိုက်ပြီမှန်း သူသဘောပေါက်သည်။

ဒီဇင်ဘာဆောင်းတွင်းချိန်ဖြစ်၍ အပူချိန်ကျဆင်းလာပြီး လူတိုင်းကုတ်အင်္ကျီဝတ်ထားကြသည်။

ဆောင်းတွင်းမှာ ခရီးသွားလုပ်ငန်းအပေါ်သက်ရောက်မှုကြီးမားသည်။ အထူးသဖြင့် ရှုခင်းအလေးထားသောခရီးသည်များက စိတ်ဝင်စားကြသည်။

ဆောင်းတွင်းရောက်သောအခါ သက်ရှိအားလုံးညိုးခြောက်လာသည်။ သစ်ပင်များတွင် တချို့မွေးမြူရေးခြံများကဲ့သို့ သစ်ရွက်စိမ်းစိမ်းများမရှိတော့။ မြက်ခင်းပြင်ညိုးဝါလာပြီး အသက်မဝင်တော့ချေ။

သို့ရာတွင် ချင်းလင်မွေးမြူရေးခြံကမတူ။ အရည်အသွေး ၂ ခွေးသွားစိတ်မြက်က တခြားနေရာများတွင်မဖြစ်နိုင်သော်လည်း ချင်းလင်မွေးမြူရေးခြံတွင် ရာသီကန့်သတ်ချက်မရှိ။ ဆောင်းတွင်းမှာတောင် စိမ်းစိုလှပနေမြဲပင်။

ထို့ကြောင့် ချင်းလင်မွေးမြူရေးခြံမှာ ရာသီမရွေးရှုမျှော်ခင်းနေရာအဖြစ်စာရင်းဝင်လာဖွယ်ရှိသည်။ ဆောင်းတွင်းရောက်ပြီးနောက် ရှုမျှော်ခင်းဧည့်သည်အရေအတွက်တိုးလာသည်။

ချင်းလင်အပန်းဖြေစံအိမ်ကလည်း ဆောင်းတွင်းနှင့်မသက်ဆိုင်။

ချင်လင်အထူးရွေးချယ်စိုက်ထားသောအပင်များအားလုံးမှာ ရာသီသက်ရောက်မှုမရှိပေ။ ပန်းများတောင် ပန်းပွင့်ချိန်ကြာရှည်သည်။

နောက်ပြီး လေကကောင်းမြဲကောင်းဆဲပင်။

ဒီနေရာမှာ အပန်းဖြေခွင့်ရတဲ့ဧည့်သည်တွေပဲ ဒီရှုခင်းကိုခံစားနိုင်သည်။

ချင်လင်ရုံးခန်းထဲ၌_

ဟွမ်ရှင်းပို့လိုက်သော ရေမွှေးဆန်းစစ်တင်ပြချက်ကိုကြည့်ပြီး သူနည်းနည်းကြောင်သွားသည်။

Jean နည်းနှင့်လုပ်သောရေမွှေးက တကယ်ပြင်းပြီး အိမ်ထောင်သာယာရေးအတွက် အလွန်အထောက်အကူဖြစ်သည်။

သို့သော် ဒီပစ္စည်းကြောင့်ဖြစ်နိုင်သောအန္တရာယ်ကို သူအရင်ကလျစ်လျူရှုမိသည်။

တိုက်ဆိုင်စစ်ဆေးချက်တွင် ဝယ်ယူဖို့အတွက် ID ကတ်နှင့်မှတ်ပုံတင်ဖို့လိုပြီး ဖျော်ဖြေရေးထုတ်ကုန်အ​ဖြစ်သတ်မှတ်ထားသော အထူးထုတ်ကုန်ကဏ္ဍအတိုင်းသာသွားနိုင်မည်။ ပုလင်းတိုင်းတွင် သီးသန့်နံပါတ်ရှိမည်။

အတော်များများက ဒီပစ္စည်းရဲ့အန္တရာယ်ကိုနားမလည်ကြသော်လည်း တကယ်တော့ အန္တရာယ်အများကြီးရှိသည်။ ဥပမာ နိုက်ကလပ်မှမိန်းကလေးများပင်။ ဒီပစ္စည်းနဲ့ဆို သေချာပေါက်အောင်မြင်နိုင်သည်။

All Chapters