← Chapters

လန့်လောက်စရာ? နှစ်နည်း? ၂

Vol. 47 Ch. 701

လန့်လောက်စရာ? နှစ်နည်း? ၂

Vol. 47 Ch. 701

ကိုယ့်ရည်ရွယ်ချက်ဖြစ်မြောက်အောင် အလှအပကိုကောင်းကောင်းအသုံးချတတ်သောအမျိုးသမီးများလည်းရှိသည်။ ဒီပစ္စည်းက ပိုအထောက်အကူဖြစ်စေသည်။

အရည်အသွေး ၁ ရှိသော်လည်း ဖြောင့်မှန်ပြီးကိုယ့်စိတ်ကိုထိန်းချုပ်နိုင်သရွေ့ မဆွဲဆောင်နိုင်ဘဲ စိတ်လိုက်မာန်ပါလုပ်ခြင်းကိုဖိနှိပ်နိုင်မည်။

သို့ရာတွင် ချင်လင်က သူ့လိုလူကြီးလူကောင်းမှလွဲ၍ မိန်းကလေးအလှနှင့်ရေမွှေးအာနိသင်ကြောင့် မလှုပ်ရှားဘဲနေမယ့်သူမရှိမှန်းသေချာသည်။

အဲဒီမိန်းကလေးက ပေါင် ၂၀၀ ကျော်မဟုတ်ရင် တကယ်ခံနိုင်ရည်ရှိဖို့မလွယ်။

နောက်ပြီး တဏှာစွဲနေသောယောက်ျားတချို့ရှိသည်။ ဒီပစ္စည်းနှင့် အရက်သောက်ကြလိမ့်မည်။ ဒီလိုလူတွေနားမှာ ယောက်ျားလေးတွေလည်းသတိထားရမည်။ မဟုတ်ရင် မုဒိန်းကျင့်ခံရနိုင်သည်။

ဒါကြောင့် ဒီပစ္စည်းကိုကန့်သတ်ခံရတာ မထူးဆန်း။

ချင်လင်က ဆန်းစစ်ချက်ကိုချပြီး အံ့ဩသံနှင့်_

"ဒါဆို ပုံမှန်ထုတ်ကုန်ကိုကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာလို့မရဘူးပေါ့''

ဟွမ်ရှင်းကခေါင်းညိမ့်ပြီး_

"ဒါပေမဲ့ အဆင်ပြေပါတယ်... ဒီရေမွှေးကိုသုံးပြီး စီးရီးအသစ်ထုတ်နိုင်တယ်... အနံ့ကိုထုတ်ပြီး အနံ့သက်သက်စီးရီး ဒါမှမဟုတ် အိပ်ခန်းသုံးဇိမ်ခံပစ္စည်းစီးရီး... ဒီလိုအမျိုးမျိုးထုတ်နိုင်တယ်''

"အင်း''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူဒီအကြောင်းသိပ်မသိ၍ ဟွမ်ရှင်းလက်ထဲလွှဲပေးလိုက်သည်။

နောက်ပြီး ဒီရေမွှေးက ဖော်မြူလာနည်းဖြစ်ပြီး အရည်အချင်းမဟုတ်။

အရည်အချင်းက သူ့အတွက်သက်သက်ဖြစ်သော်လည်း တခြားသူများက ဖော်မြူလာကိုလေ့လာနိုင်သည်။ ထုတ်လုပ်ရေးလိုင်းက ထုတ်ကုန်အများကြီးထုတ်နိုင်သလိုပင်။

ဟွမ်ရှင်းမှာ လုပ်နည်းအသေးစိတ်ရှိသောကြောင့် ဒီဖော်မြူလာကို လွယ်လွယ်ကူကူသုတေသနလုပ်နိုင်သည်။

ဟွမ်ရှင်းထွက်သွားပြီးမကြာမီ လီခိုင်ကကိုလာနှစ်ပုလင်းကိုင်ပြီး ချင်လင်ဆီရောက်ချလာသည်။

"ညီလေးချင်... ဒီကိုလာနှစ်ပုလင်းကိုမြည်းကြည့်''

လီခိုင်ကချင်လင်ကိုတွေ့တွေ့ချင်း မျှော်လင့်တကြီးမျက်နှာနှင့် ကိုလာနှစ်ပုလင်းပေးလိုက်သည်။

ညီလေးချင်အံ့ဩနေတဲ့ပုံကို ကြည့်ရတော့မည်။

ချင်လင်က ကိုလာနှစ်ပုလင်းယူပြီး တစ်ခုခုတွေးမိပုံရသည်။

သူကကိုလာနှစ်ပုလင်းကိုဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။ တစ်ပုလင်းက အရင်ကသောက်ဖူးတဲ့ကိုလာအရသာ။

သူကချက်ချင်း နောက်တစ်ပုလင်းကောက်ပြီး တစ်ငုံသောက်လိုက်သည်။ ထင်တဲ့အတိုင်း ဒီပုလင်းရဲ့အရသာနဲ့အတွေ့အထိကမတူ။ ဘယ်လိုခံစားချက်လဲ သူသိသည်။

ထူးထူးခြားခြားလန်းဆန်းပြီး သက်တောင့်သက်သာရှိသောခံစားချက်မျိုးပင်။

ကိုလာသီးအနံ့။ အစ်ကိုလီက အရည်လုပ်ထားခြင်းဖြစ်မည်။

ကိုလာသီးမှည့်ပြီ!

အရသာက အရင်ဂိမ်းထဲကအသီးထက်တော့ အတော်ညံ့သည်။

အကြောင်းအရင်းကိုလည်း ချင်လင်သိသည်။ ဂိမ်းထုတ်ကုန်က အရည်အသွေး ၂ ဖြစ်၍ အပြင်မှာစိုက်တဲ့အသီးက အရည်အသွေး ၁ ဖြစ်မည်။

သို့ရာတွင် အရည်အသွေး ၁ သာရှိသော်လည်း ပက်စီကိုလာထက်ပိုကောင်းသေးသည်။

"ဘယ်လိုလဲ?''

လီခိုင်မျက်နှာမှာ မျှော်လင့်တကြီးနှင့်။

သူ့ပုံစံကြောင့် ချင်လင်စိတ်ထဲမှရယ်လိုက်သည်။ သူနားလည်သော်လည်း ကိုလာနှင့်အရည်ပုလင်းကိုကိုင်ကာ အံ့ဩဟန်ဆောင်ပြီး_

"အစ်ကိုလီ... ဒီကိုလာကအရမ်းကောင်းတယ်... ဘယ်တုန်းက ဒီလောက်အရသာရှိတဲ့ကိုလာထုတ်လိုက်တာလဲ?''

သူ့စကားကြောင့် လီခိုင်ကချက်ချင်းမသတီပုံနှင့်_

"ဖီ... သူတို့က ဒီလိုကိုလာမျိုးဘယ်လိုလုပ်ထုတ်နိုင်မှာလဲ? ဒါဆီးပြာသီးကနေလုပ်ထားတဲ့အရည်... အရင်ကမင်းကိုပြောဖူးတဲ့ဆီးပြာသီးပဲ''

"ညီလေးချင်... ဆီးပြာသီးထဲမှာ ကိုလာအရသာအရည်ရှိနေတာ အံ့ဩစရာမကောင်းဘူးလား? မင်းမျက်နှာကြည့်ပြီး အံ့ဩသွားမှန်းငါသိတယ်... ငါလည်းအစက အရမ်းအံ့ဩသွားတာ''

"အင်း... အံ့ဩသွားတာ!''

ချင်လင်မှာ အံ့ဩပုံလုပ်လိုက်ရသည်။

ထို့နောက် သူနှင့်လီခိုင်ကရုံးခန်းမှထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းတန်းသွားသည်။ ကိုလာသီးအပင်ရှေ့တွင်ရပ်လိုက်ကြ၏။

ကိုလာပင်က မမြင့်သော်လည်း အသီးများပြွတ်သိပ်နေသည်။

လီခိုင်ကရှေ့တိုးပြီးနည်းနည်းခူး၍ ချင်လင်လက်ထဲထည့်ကာ_

"ညီလေးချင် စားကြည့်''

ချင်လင်ကကိုလာသီးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ကြွပ်ဆတ်သောအခွံကိုကိုက်ပြီး အရသာခံကြည့်သည်။

ဒီအရည်အသွေး၊အာနိသင်တွေနဲ့ အရည်မညှစ်ဘဲစားရင်တောင် ထူးခြားတဲ့အရသာမျိုးနဲ့အလွန်ဆွဲဆောင်မှုရှိလိမ့်မည်။

အအေးခံလိုက်ရင် လန်းဆန်းစေတဲ့ခံစားချက်က ပိုကောင်းလာဦးမယ်မလား?

ခဏအကြာ ရှန်လီလည်းရောက်လာသည်။

အခုကိုလာသီးမှည့်ပြီဖြစ်၍ ကိုလာပင်စိုက်ရတော့မည်။ ပြီးရင် ဒါတွေကိုဘယ်လိုစီစဉ်ပြီးကြော်ငြာရမလဲဆိုတာကပြဿနာ။

ဒါက ကုတ်နဲ့ကိုကာကိုလာကိုဆန့်ကျင်ဖို့အထူးလုပ်တဲ့ပစ္စည်း။

နောက်ပြီး ကုတ်နဲ့ကိုကာကိုလာကိုပစ်မှတ်မထားရင်တောင် အာနိသင်ကဒီလိုရှိပြီး အရသာကဒီလောက်ကောင်းမှန်းသိသွားကြရင် ကုမ္ပဏီနှစ်ခုကသူ့ကိုပစ်မှတ်ထားမှာသေချာသည်။

ထိုကုမ္ပဏီနှစ်ခုက ရှင်းကျန့်တယ်၏ကုမ္ပဏီကြီးများဖြစ်သောကြောင့်ပင်။ အရင်းအနှီးသက်သက်ဆို အတော်ဒုက္ခရောက်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီနှစ်ခု၏အရွယ်အစားနှင့်အရင်းအနှီးက အတော်ကြီးသည်။ ကုမ္ပဏီနှစ်ခုပေါင်းစျေးကွက်တန်ဖိုးက US ဒေါ်လာဘီလီယံ ၅၀၀ ကျော်သည်။

US ဒေါ်လာနော်!

ဒီပမာဏက US ဒေါ်လာဆိုတာကိုဖယ်ထားရင်တောင် တရုတ်ပြည်မှာထိပ်တန်းအဆင့် ၂၀ ထဲဝင်နိုင်သည်။

US ဒေါ်လာနဲ့ဆိုရင် နိုင်ငံထဲကစျေးကွက်တန်ဖိုးအမြင့်ဆုံးကုမ္ပဏီတောင်မယှဉ်နိုင်။

နောက်ပြီး ဒီတန်ဖိုးအများစုကို တရုတ်စျေးကွက်ကြီးကဖြည့်ဆည်းပေးနေသည်။

ဒီလိုပိုက်ဆံနှိုက်ယူပြီးရှင်းကျန့်တယ်ကိုပြန်ပို့၊ ရှင်းကျန့်တယ်ကိုအခွန်ဆောင်ကာ ရှင်းကျန့်တယ်အတွက် ပြင်ပလောကကိုခြိမ်းခြောက်နိုင်သောလက်နက်များဝယ်ပေးနေသည်။

ဒါကြောင့်လည်း တရုတ်က ဒီကိုလာကုမ္ပဏီနှစ်ခုနှင့်ရှင်းကျန့်တယ်အဖွဲ့အစည်းကထောင်တက်နေသည်ကိုဖိနှိပ်ပြီး ကမ္ဘာ့ကုန်သည်အဖွဲ့အစည်း၏ဘက်မလိုက်စည်းမျဉ်းအမျိုးမျိုးကိုအသုံးချလိုခြင်းဖြစ်သည်။

ဒီကိစ္စကြီးကိုဖြေရှင်းလိုလျှင် အလွန်ဒုက္ခများလိမ့်မည်။

ရှန်လီရောက်လာသောအခါ ချင်လင်ကကိုလာသီးနည်းနည်းပေးလိုက်သည်။ ရှန်လီကမြည်းကြည့်ပြီးနောက် မယုံနိုင်ပုံနှင့်_

"ဒါကိုလာလား?''

All Chapters