Chapters

လန့်လောက်စရာ? နှစ်နည်း? ၃

Vol. 47 Ch. 702

လန့်လောက်စရာ? နှစ်နည်း? ၃

Vol. 47 Ch. 702

သူလုံးဝအံ့ဩသွားသည်။

ဆီးပြာသီးထဲကကိုလာအရည်တွေ့ရင် ဘယ်သူမဆို ဒီလိုဖြစ်သွားမှာပဲမလား?

ဒါပေမဲ့ ပါမောက္ခလီခိုင်က အံ့ဩစရာတစ်ခုခုတွေ့ထားပြီမှန်းလည်း သူသိလိုက်သည်။

"ခင်ဗျားနဲ့အစ်ကိုလီက အရင်ဆုံးဆီးပြာသီးရဲ့အခြေအနေကိုနားလည်အောင်လုပ်ပါ... ပြီးရင် ဒီပစ္စည်းရဲ့စျေးကွက်အခြေအနေနဲ့ကြုံတွေ့နိုင်တဲ့ပြဿနာတွေကိုဆန်းစစ်ပါ''

ချင်လင်က ရှန်လီကိုပြောလိုက်သည်။

"ကောင်းပါပြီ ဥက္ကဌချင်''

ရှန်လီခေါင်းညိမ့်လိုက်သည်။ ဥက္ကဌချင်ပြောတာ သူအကြမ်းဖျင်းသဘောပေါက်သည်။

ဆီးပြာသီးက ကိုလာအရသာ၊ အရည်ရွှမ်းတယ်၊ အရည်ညှစ်နိုင်တယ်။

အရည်ညှစ်ပြီးရင် ကိုလာဖြစ်မယ်။

အဓိကက ကိုလာမှာမကောင်းတဲ့ပစ္စည်းတွေပါသော်လည်း ဒီအသီးရည်မှာမပါ။

ဆီးပြာသီးကိုနေရာအနှံ့စိုက်လိုက်ရင် ကိုလာကုမ္ပဏီခြေကုပ်ယူနိုင်ဦးမလား?

ရှင်းကျန့်တယ်ရဲ့ငွေအိတ်ကြီးနှစ်အိတ်က သူတို့ကိုစိတ်တိုင်းကျလုပ်ခွင့်ပေးမည်မဟုတ်။

ကျယ်ကျယ်ပြန့်ပြန့်မလုပ်ရင် သူတို့အာရုံစိုက်မည်မဟုတ်ဟု ရိုးရိုးကြီးမထင်ပါနှင့်။ ဒီအပိုင်းမှာ သူတို့စောင့်ကြည့်ရေးက အလွန်အားကောင်းသည်။

သူတို့အားလုံးတွင် စျေးကွက်စောင့်ကြည့်ရေးဌာနသက်သက်ရှိသည်။ ခြိမ်းခြောက်နိုင်သောထုတ်ကုန်မှန်သမျှ သူတို့မျက်စိထဲအရင်ဆုံးရောက်သည်။ အလုပ်ရုံသေးသေးလေးဆိုရင်တောင်ပေါ့။

မဟုတ်ရင် ကိုလာစျေးကွက်ကို သူတို့သိမ်းထားနိုင်မည်မဟုတ်။

အဓိကက ဆီးပြာသီးကို ကိုလာရည်ထုတ်နိုင်တာ သေချာပေါက်အင်တာနက်ပေါ်တင်ကြလိမ့်မည်။ ထို့ကြောင့် ဆီးပြာသီးစျေးကွက်အပြင်ရောက်တာနှင့် တစ်ဖက်ကသိသွားမည်။ ရှောင်လွှဲမရပေ။

ထို့နောက်_

ချင်လင်ကကိုလာသီးနည်းနည်းနှင့် သူ့ရုံးခန်းထဲပြန်လာသည်။ တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။

(အမည်ပေးနိုင်သည် - ကိုလာသီး: အရည်အသွေး ၁)

(မျိုးစိတ်ပြောင်းဆီးပြာသီးဖြစ်မည်။ ကိုလာလိုအရည်ထွက်သည်။ အလွန်အရသာရှိသည်:

အထိအတွေ့ +၁၊ အရသာ +၁၊ လန်းဆန်းစေခြင်း +၁၊ ရေငတ်ပြေစေခြင်း +၁!)

ချင်လင်ထင်တဲ့အတိုင်း အရည်အသွေး ၁ မျိုးစေ့ဖြစ်သွားသည်။ ဂိမ်းမြေမဟုတ်ဘဲ လက်တွေ့လောကမှာပျိုးထောင်ရင် မျိုးစေ့အဆင့်ကျသွားသည်။

နောက်တစ်နေ့_

ရှန်လီကအစီရင်ခံစာနှင့် ချင်လင်ရုံးခန်းထဲရောက်လာသည်။

ချင်လင်က အချက်အလက်ယူကြည့်ရာ ရွေးချယ်စရာနှစ်ခုပါသည်။

တစ်ခုက မြေကွက်အများအပြားစာချုပ်ချုပ်ပြီး မျိုးစိတ်ပြောင်းဆီးပြာသီးကိုလျှို့ဝှက်စိုက်မည်။ အတိုင်းအတာတစ်ခုရောက်လျှင် သတင်းထွက်သွားမည်။ ဒီလိုနှင့် ကိုလာကုမ္ပဏီနှစ်ခုကသိသွားရင်တောင် သူတို့ကြိုတင်ပြင်ဆင်ထားမည်။

အဲဒီအချိန်ကျရင် အကြိတ်အနယ်ပြိုင်ရတော့မည်။ ကိုလာသီးက ကိုလာနှစ်မျိုးထက်ပိုကောင်းသော်လည်း တစ်ဖက်ကငြိမ်ပြီးလက်ပိုက်ကြည့်နေမည်မဟုတ်။ ပြဿနာအကြီးအကျယ်တက်မည်။

နောက်တစ်ခုက တခြားဒေသခံဖျော်ရည်ကုမ္ပဏီများနှင့်ပူးပေါင်းပြီး နှစ်စဉ်ကိုယ်စားလှယ်ကြေးကောက်မည်။

ချင်းလင်ဓာတ်ခွဲခန်းက ထိုကုမ္ပဏီများကို ကိုလာသီးစိုက်ရန်မျိုးစေ့ပေးမည်။ ကုမ္ပဏီတစ်ခုချင်းကအင်အားသိပ်မရှိသော်လည်း စုပေါင်းလိုက်ရင် အင်အားကြီးသွားမည်။

ကုမ္ပဏီတွေကစိုက်ထားတဲ့ကိုလာသီးမှည့်ရင် စုပေါင်းထုတ်ပြီး ရှင်းကျန့်တယ်ရဲ့ငွေအိတ်နှစ်အိတ်ကိုအရှိုက်ထိအောင် တိုက်ရိုက်ကိုင်တွယ်နိုင်သည်။

အဲဒီအချိန်ကျရင် ကိုလာသီးက နိုင်ငံထဲမှဒေသအသီးသီးတွင် အမြန်ဆုံးနည်းနှင့်လွှမ်းမိုးနိုင်မည်။

သူတို့သေချာလုပ်ဆောင်ပြီး စတိုက်ပြီဆိုတာနှင့် ကိုလာကုမ္ပဏီနှစ်ခုမှာ အကြီးအကျယ်ပျက်စီးရလိမ့်မည်။ နောင်တွင် ဒီကိုလာကုမ္ပဏီနှစ်ခု၏ထုတ်ကုန်များကိုပစ်မှတ်ထားပြီး ကိုလာသီးထုတ်နိုင်သည်။ အစိုးရက သေချာပေါက်အထောက်အပံ့ပေးလိမ့်မည်။

ဘာပဲဖြစ်ဖြစ် အထက်လူတွေက ရှင်းကျန့်တယ်ရဲ့ငွေအိတ်နှစ်အိတ်ကိုအမြင်မကြည်တာကြာပြီ။

နှစ်နည်းလုံးက သူ့နည်းနှင့်သူအကျိုးရှိသည်။

ပထမနည်းမှာ ချင်းလင်ဓာတ်ခွဲခန်းက အကျိုးအမြတ်ကိုလက်ဝါးကြီးအုပ်နိုင်သည်။ ကုမ္ပဏီနှစ်ခုကိုလည်း သူတို့ပဲရင်ဆိုင်ပြီး အသည်းအသန်လက်တုံ့ပြန်ခြင်းကို သူတို့ပဲခံရမည်။

ဒုတိယနည်းက ကိုလာကုမ္ပဏီနှစ်ခုကို အမြန်ဆုံးအလဲထိုးနိုင်မည်။ ဒီကုမ္ပဏီနှစ်ခုရဲ့လက်တုံ့ပြန်ခြင်းကိုသူတို့ချည်းခံရမှာမဟုတ်သော်လည်း အကျိုးအမြတ်ကိုခွဲဝေပေးရမည်။