← Chapters

ဖျော်ရည်ကုမ္ပဏီတွေ? ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကြီး?

Vol. 47 Ch. 703

ဖျော်ရည်ကုမ္ပဏီတွေ? ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကြီး?

Vol. 47 Ch. 703

ချင်လင်က အစီရင်ခံစာထဲမှနှစ်နည်းကိုကြည့်ပြီး ရှန်လီကိုမေးလိုက်သည်_

"ဥက္ကဌရှန်... ခင်ဗျားသာဆိုရင် ဘယ်နည်းကိုရွေးမလဲ?''

ရှန်လီကတန်းမဖြေဘဲ ဆန်းစစ်ပြသည်_

"စီးပွားရေးရှုထောင့်ကနေကြည့်ရင်တော့ အများစုက ပထမနည်းကိုရွေးကြလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ပထမနည်းအောင်မြင်ရင် အကျိုးအမြတ်ကကြီးတယ်... ချင်းလင်အစားအသောက်ကုမ္ပဏီက ငွေကြေးအထောက်အကူရရင် သေချာပေါက်အောင်မြင်မှာပါ''

"ကျိုးကြောင်းဆင်ခြင်ကြည့်မယ်ဆိုရင်တော့ ဒုတိယနည်းကိုပဲရွေးမှာပေါ့... ကျွန်တော်တို့အကြပ်အတည်းကိုလည်း အတော်လျှော့ချနိုင်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် အရင်းရှင်ကုမ္ပဏီကြီးနှစ်ခုက ညှာနေမှာမဟုတ်ဘူး''

"တခြားကုမ္ပဏီတွေကဦးဆောင်ရင် အကျိုးအမြတ်အချိုးကျပုံစံနဲ့ လိုင်စင်ကြေးကောက်နိုင်တယ်... ဆုံးရှူံးမှုမရှိဘဲအကျိုးအမြတ်ရမယ်... ဒါပေမဲ့ ပထမနည်းထက်တော့အများကြီးနည်းမယ်''

ချင်လင်က ရှန်လီဆန်းစစ်ပြသည်ကိုနားထောင်ပြီး ခေါင်းညိမ့်ကာ_

"ဥက္ကဌရှန်... ပြန်ရောက်ရင် သင့်တော်တဲ့ဖျော်ရည်ကုမ္ပဏီရွေးလိုက်ပါ... ကျွန်တော်တို့ ဒုတိယနည်းအတိုင်းလုပ်မယ်''

နောက်ဆုံး ချင်လင်က စီးပွားရေးလုပ်ငန်းရှင်ကြီးတို့သွားရာလမ်းဖြစ်သော အကျိုးအမြတ်လက်ဝါးကြီးအုပ်သည့်ပထမနည်းကိုမရွေး။

နဂါးနိုင်စစ်သူကြီးက နောက်ဆုံးမိစ္ဆာနဂါးဖြစ်သွားလိမ့်မည်။ ဤသည်က မပြောင်းလဲသောနိယာမပင်။

နဂါးကအန္တရာယ်မရှိဘဲ စစ်သူကြီးကအန္တရာယ်ဖြစ်လိမ့်မည်။

သူ့မှာတခြားဖျော်ရည်များထက်သာသော ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်ချင်းလင်ဆေးဖျော်ရည်ရှိပြီး ပွဲမထုတ်ရသေးသောအားသစ်လောင်းဆေးတောင်ရှိသည်။

ဒါတွေက ရှေ့လျှောက်ဖျော်ရည်စျေးကွက်မှာအကြီးဆုံးစားကွက်ရဖို့လုံလောက်သည်။

ကိုလာစျေးကွက်ကိုဆက်သိမ်းပိုက်ထားရင် ကိုလာကုမ္ပဏီကြီးနှစ်ခုကျရှုံးပြီးနောက်ပိုင်း တစ်ဖက်မှာသူကဆူးညှောင့်ဖြစ်လာလိမ့်မည်။ အဲဒီနောက် နိုင်ငံထဲကလူများနှင့် သူရင်ဆိုင်ရမည်။

ကိုလာသီးစျေးကွက်ထဲရောက်ပြီး ကိုလာကုမ္ပဏီကြီးနှစ်ခုနှင့်ပဋိပက္ခဖြစ်သည့်အလျောက် ကိုလာသီးရလိုစိတ်နှင့် နောက်ကျောဓားနှင့်ထိုးမည့်သူတွေလည်းရှိလာဖို့များသည်။

ကိုလာကုမ္ပဏီနှစ်ခုနှင့်တွဲလုပ်ဖို့တောင်ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ကိုလာသီးမြှင့်တင်ရင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ရမည်ဖြစ်၍ စောင့်ကြည့်ဖို့မဖြစ်နိုင်။

အဓိကက သူ့မှာပိုက်ဆံမရှားပေ။

ချင်းလင်စံအိမ်၊ ချင်းလင်ဓာတ်ခွဲခန်းနှင့် ချင်းလင်အစားအသောက်ကုမ္ပဏီက နေ့တိုင်းဝင်ငွေအများကြီးဖန်တီးပေးနေသည်။ ပိုက်ဆံဆိုသည်က သူ့အတွက်ကိန်းဂဏန်းသက်သက်သာ။

ထို့ကြောင့် စီးပွားရေးရှင်ကြီးလမ်းကြောင်းကိုရွေးစရာမလို။ အစပိုင်းအန္တရာယ်နည်းအောင်လျှော့ချထားပြီး အင်အားပေါင်းစည်းခြင်းက ကိုလာကုမ္ပဏီနှစ်ခုကိုစုပေါင်းဖြေရှင်းနိုင်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် ကိုလာသီးပေါ်လာကတည်းက ဒီကိုလာကုမ္ပဏီနှစ်ခုကိုကိုင်တွယ်မယ်ဆိုတာ သူ့ရည်ရွယ်ချက်ပင်။

"ကောင်းပါပြီ ဥက္ကဌချင်''

ရှန်လီခေါင်းညိမ့်လိုက်သည်။

ဥက္ကဌချင်ကဒုတိယနည်းကိုရွေးမည်မှန်း သူတွေးမိသည်။ သူ့သူဌေးက ဒီလိုလူစားပင်။

အရင်လှူဒါန်းခဲ့တဲ့နည်းစနစ်ကိုကြည့်ရင်သိနိုင်သည်။

သူ့သူဌေးက သာမန်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒါမှမဟုတ် အရင်းရှင်မဟုတ်၍ဖြစ်မည်။

ဒါက သူ့သူဌေးကိုအလေးစားဆုံးအချက်ဖြစ်ကောင်းဖြစ်မည်။

သူသာရွေးရမည်ဆိုရင် အကျိုးအမြတ်ကွာခြားလွန်းသောကြောင့် ရွေးရခက်နေမည်။ ဘာပဲဖြစ်ဖြစ် ကိုလာကုမ္ပဏီနှစ်ခုဘယ်လောက်အမြတ်ထွက်နေလဲ အားလုံးအသိ။ အကျိုးအမြတ်ကကြောက်စရာကောင်းလောက်အောင်ပင်။

သို့ရာတွင် သူဌေး၏တည်ငြိမ်နေသောပုံစံကိုကြည့်ရင်း အသက် ၂၀ ကျော်လူငယ်လေးဆိုတာ လုံးဝမယုံချင်။

ဘာပဲဖြစ်ဖြစ် အရင်းရှင်နှင့်ပတ်သက်လျှင် အစကအားလုံးချီးကျူးခံရနိုင်ခြေရှိသောသူဌေးမာကို ဒီထဲထည့်တွက်ရလိမ့်မည်။

ရှန်လီဓာတ်ခွဲခန်းပြန်ရောက်သောအခါ လုပ်ငန်းဌာနတစ်ခုလုံးကိုစတင်ရန် လက်အောက်ခံများကိုချက်ချင်းညွှန်ကြားသည်။

သူဌေးက ဒုတိယနည်းကိုရွေးချင်ရင် သူကလည်း ဖျော်ရည်ကုမ္ပဏီများကိုသေချာရွေးရမည်။ ကုမ္ပဏီအားလုံးဆွဲထည့်ဖို့မဖြစ်နိုင်။

နောက်ပြီး နေရာကိုအတော်သတိထားပြီးရွေးရမည်။

နှစ်ရက်အတွင်း ရှန်လီက ဒေသခံဖျော်ရည်ကုမ္ပဏီများ၏ကုမ္ပဏီအခြေအနေအပါအဝင် တာဝန်ခံပုဂ္ဂိုလ်၏အခြေအနေနှင့်သူတို့အဆက်အသွယ်အချက်အလက်များကိုစုဆောင်းသည်။

အရင်ဆုံး ဒီကုမ္ပဏီများကိုစိစစ်ရမည်။

တချို့ဖျော်ရည်ကုမ္ပဏီများမှာ စျေးကွက်ကောင်းရထားပြီဖြစ်၍ ရွေးချယ်လို့မရ။

ထိုကုမ္ပဏီများမှာ အကျိုးအမြတ်များသောကြောင့် အရေးတကြီးပူးပေါင်းလုပ်ကိုင်ဖို့မလိုချေ။

ပထမဆုံး ရှန်လီမျက်လုံးထဲတွင် အထူးအားဖြည့်၊ လဲဟူနှင့် လန်းလန်းဆန်းဆန်းအပါအဝင် တုံးကွမ်းမှကုမ္ပဏီ ၇ ခုကိုမြင်ယောင်မိသည်။

ဒီကုမ္ပဏီ ၇ ခုကိုအရင်ဆုံးမြင်မိတဲ့အကြောင်းရင်းက အားဖြည့်ဖျော်ရည်အရောင်းပိုင်းအဓိကဖြစ်သောကြောင့်ပင်။

Red Bull နှင့် Pulse လိုဘရန်းကြီးများက အားဖြည့်ဖျော်ရည်စျေးကွက်ကိုလွှမ်းမိုးမှုရှိသော်လည်း ဒီအားဖြည့်ဖျော်ရည်များက စျေးကွက်ကိုတစ်စိတ်တပိုင်းရထားသည်။

သို့ရာတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်စျေးကွက်ထဲဝင်ပြီးနောက် Red Bull နှင့် Pulse လိုအားဖြည့်ဖျော်ရည်များတောင် သူတို့စျေးကွက်ကိုဆုံးရှုံးရသည်။

သူတို့ဖျော်ရည်စျေးကွက်က ပိုတောင်ခက်သေးသည်။

ချင်းလင်ဓာတ်ခွဲခန်းက ကိုလာသီးပေးပြီး စျေးကွက်အကျိုးအမြတ်ပိုရအောင်ပေးလျှင် သေချာပေါက်ဝမ်းသာအားရပါဝင်ကြလိမ့်မည်။

ထို့နောက် ရှန်လီက ထျန်းဖူကိုလာ၊ လောင်ရှန်းကိုလာ၊ ရှောင်လင်ကိုလာနှင့် ခုံးထုန်အပါအဝင် တခြားဖျော်ရည်ကုမ္ပဏီများကိုရွေးလိုက်သည်။

မည်သို့ဆိုစေ ထိုကိုလာကုမ္ပဏီများက ကိုလာကုမ္ပဏီကြီးနှစ်ခုကြားကွာဟချက် စျေးကွက်၏ ၁၅% ကိုပိုင်ဆိုင်ထားသည်။ သူတို့ကထည့်တွက်ရမည့်အင်အားဖြစ်သည်။

ရှန်လီရွေးထားသောကုမ္ပဏီများက တစ်ခုချင်းအင်အားသိပ်မရှိသော်လည်း စုပေါင်းလိုက်လျှင် အလွန်အင်အားကြီးလိမ့်မည်။

ကောင်းကောင်းစိုက်ပျိုးနိုင်ရင် ဒီကိုလာကုမ္ပဏီနှစ်ခုကို စပရိုက်အကြီးကြီးတိုက်နိုင်လိမ့်မည်။

နောက်ပြီး ကိုလာကုမ္ပဏီနှစ်ခုက တစ်နှစ်တစ်နှစ် US ဒေါ်လာ ၁၅ ဘီလီယံကျော်ရနေသည်။ ဒီလိုအမြတ်အစွန်းကြီး၍ ကုမ္ပဏီများက ချင်းလင်ဓာတ်ခွဲခန်းနှင့်ဝမ်းသာအားရပူးပေါင်းကြလိမ့်မည်ဟု သူယုံသည်။

ရှန်လီက ကုမ္ပဏီများကိုရွေးချယ်ပြီးနောက် ကုမ္ပဏီတာဝန်ခံများနှင့်စတင်ဆက်သွယ်သည်။

စူပါဒရိုက်ဖျော်ရည်ကုမ္ပဏီက တုံးကွမ်းမှာရှိသည်။

တုံးကွမ်းကလည်း စီးပွားရေးလွှမ်းခြုံမှုအားကောင်းသောမြို့တစ်မြို့ဖြစ်သည်။ ရှန်ဟိုင်းလောက်အဆင့်မမြင့်သော်လည်း နှစ်ပေါင်း ၂၀၀၀ ကျော်စီးပွားရေးသမိုင်းကြောင်းရှိခဲ့သောနေရာဖြစ်သည်။ အထူးသဖြင့် ကွမ်ကျိုးပင်။

All Chapters