ဥက္ကဌချင်မှာတဲ့ဆန်တစ်ခွက်!
Vol. 47 Ch. 705
အစည်းအဝေးခန်းအဓိကထိုင်ခုံတွင်ထိုင်လိုက်သောလူငယ်လေးကိုမြင်ပြီး ရန်လင်းတို့နည်းနည်းအံ့ဩသွားသည်။
ချင်းလင်ဓာတ်ခွဲခန်း၏ဥက္ကဌရှန်လီက လက်ထောက်နေရာတွင်ထိုင်သည်။
ကြည့်ရတာ တစ်ခုတော့သေချာသွားပြီ။
အားလုံး မယုံနိုင်ကြ။
သူတို့မလာခင် ချင်းလင်ဓာတ်ခွဲခန်းအကြောင်းစုံစမ်းခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ ရှန်လီကိုလက်ထောက်ဖြစ်စေသူက တစ်ယောက်သာရှိမည်။
ဒီလူငယ်လေးက အဲဒီလူပဲမလား?
ချင်းလင်ဓာတ်ခွဲခန်းရဲ့နောက်ကွယ်ကသူဌေး!
ချင်လင်ကထိုင်ပြီး ဖျော်ရည်ကုမ္ပဏီသူဌေးများကိုတစ်ချက်ကြည့်လိုက်သည်။ ဒီပူးပေါင်းမှုက ချင်းလင်ဓာတ်ခွဲခန်းမှာအကြီးဆုံးပူးပေါင်းမှုပင်။
ချင်းလင်ဓာတ်ခွဲခန်းက အပြင်မှာလိုက်ပူးပေါင်းခဲ့သမျှထဲတွင်လည်း အကြီးဆုံးပူးပေါင်းမှုဖြစ်၍ အကြီးအကျယ်အရေးပါသောကိစ္စဖြစ်သည်။
ထို့ကြောင့် ဒီတစ်ခေါက် ဓာတ်ခွဲခန်းဥက္ကဌဖြစ်သောသူကိုယ်တိုင်မျက်နှာပြရမည်။
ထို့နောက် သူကရှန်လီကိုစောင်းငဲ့ကြည့်ပြီး ခေါင်းညိမ့်ပြသည်။
ဒီလုပ်ငန်းစဉ်မှာ ရှန်လီတာဝန်ခံဖို့လိုနေဆဲပင်။
သူကဒီအပိုင်းမှာ မကျွမ်းကျင်။
ထိုအချိန်တွင် ရှန်လီလည်း ဖျော်ရည်ကုမ္ပဏီသူဌေးများအား_
"ဖျော်ရည်ကုမ္ပဏီသူဌေးတို့... ကျွန်တော့်ကိုယ်ကိုယ်မိတ်ဆက်ပေးပါရစေ... ကျွန်တော်ကရှန်လီပါ... ဒါက ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ဥက္ကဌချင်လင်ပါ''
ထိုစကားကြောင့် ရန်လင်းတို့ဖျော်ရည်သူဌေးများလုံးဝအံ့ဩသွားကြသည်။
ဒီလူငယ်ဘယ်သူလဲခန့်မှန်းမိသော်လည်း အတိအကျသိရသောအခါ အထင်ကြီးနေဆဲပင်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးအကြောင်း ဒဏ္ဍာရီတွေအများကြီးဖြစ်နေသည်။
သို့သော် တစ်ခုတော့သေချာသည်။ ဒီဥက္ကဌချင်က သူတို့အတွက်သူဌေးကြီး။ နောက်ပြီး စီးပွားရေးအရ မော်ဒန်ခေတ်မှာ သူ့လိုအရှိန်အဟုန်နှင့်နည်းလမ်းကိုပုံတူကူးနိုင်သူမရှိသေး။
အခုတော့ ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးက ဒီလောက်ငယ်တယ်တဲ့လား?
ဒီခေတ်မှာ ဘယ်အသက် ၂၀ အရွယ်က ဒီလောက်လုပ်နိုင်မှာတဲ့လဲ?
ဒီအသက်အရွယ်နဲ့ ဒီလိုလုပ်ငန်းမျိုးလုပ်နိုင်တဲ့သူ နိုင်ငံထဲမရှိဟုပြောနိုင်သည်။ တစ်ယောက်မှမရှိ။
ဒါကလည်း ကြောက်စရာအကောင်းဆုံးတစ်ချက်ပင်။
ငယ်ရွယ်သောကြောင့် ရှေ့လျှောက်အချိန်တွေအများကြီးရှိသေးသည်။
သူသာအတိမ်းအစောင်းမရှိရင် ချင်းလင်ကုမ္ပဏီရဲ့လက်ရှိဖွံ့ဖြိုးမှုအရှိန်နဲ့ ၁၀ နှစ်အတွင်း ဘယ်လိုနေရာမျိုးမှာရပ်တည်နိုင်မလဲ?
တန့်မာ၊ ရန်၊ ဝမ်နှင့် ရှစ်ချန်ချန်စသော သူဌေးကြီးများ၏ခေတ်အကုန်ကို သူတို့မြင်နေရသည်။ နောင်တစ်ခေတ်ကို ဒီလူငယ်လေးက လုံးဝပိုင်ဆိုင်သွားလိမ့်မည်။
ထို့ကြောင့် ရန်လင်းတို့က အသက်အရွယ်သက်သက်နှင့် ချင်လင်ကိုလျှော့မတွက်ရဲဘဲ သတိကြီးကြီးထားနေကြသည်။
အင်အားကြီးသူတစ်ယောက်နှင့်ရင်းနှီးခွင့်ရမည့်အခွင့်အရေးဖြစ်နိုင်သည်။
ဖျော်ရည်ကုမ္ပဏီသူဌေးတစ်ယောက်က မမေးဘဲမနေနိုင်တော့_
"ဥက္ကဌချင် ဥက္ကဌရှန်... ဘာညွှန်ကြားစရာများရှိလဲ?''
နောက်တစ်ယောက်က ချက်ချင်းပြောသည်_
"ဟုတ်တယ်... ဥက္ကဌချင်မှာ ဘာညွှန်ကြားစရာရှိလဲ? ကျုပ်တို့ သေချာပေါက်ပူးပေါင်းမယ်''
အမှန်ပင်။ ညွှန်ကြားချက်ဟုပြောနေကြသည်။
ဒါကလည်း စကားအလှသုံးခြင်းပင်။
ချင်းလင်ဓာတ်ခွဲခန်းက ပူးပေါင်းဖို့ဖိတ်ကြားထားခြင်းဖြစ်သော်လည်း သူတို့ထက်အများကြီးသာသောသူကို သူတို့သဘောထားပြသင့်သည်။
"ဒီတစ်ကြိမ်မှာ အားလုံးကိုပါဝင်စေချင်တဲ့ပူးပေါင်းမှုအကြီးကြီးရှိပါတယ်''
ရှန်လီက ဆက်ပြောသည်။
ထိုစကားကြောင့် ရန်လင်းတို့အာရုံစိုက်လိုက်သည်။
အလုပ်အကြောင်းပြောချိန်တန်ပြီ။
"ဥက္ကဌရှန် ဥက္ကဌချင်... ပူးပေါင်းမယ်ဆိုတာ ဘာကိုလဲ?''
ရန်လင်းမမေးဘဲမနေနိုင်တော့။
တခြားသူများက သိချင်စိတ်နှင့်ချက်ချင်းလှမ်းကြည့်ကြသည်။
"အားလုံးပဲ... စမ်းသပ်ပေးကြပါ!''
ရှန်လီကပြောပြီး အစည်းအဝေးစားပွဲပေါ်ရှိခလုတ်ကိုနှိပ်ကာ ညွှန်ကြားလိုက်သည်_
"ဝင်ခဲ့ပါ!''
ခဏအကြာ_
ဓာတ်ခွဲခန်းဝန်ထမ်းများက ကိုလာနှစ်ခွက်စီပါသောလင်ပန်းများနှင့်ဝင်လာသည်။
ရန်လင်းတို့ရှေ့တွင် နှစ်ခွက်စီချပေးသည်။
အပြင်ပန်းကြည့်လျှင် ကိုလာနှစ်ခွက်က သိပ်ကွာပုံမပေါ်။
သို့ရာတွင် ရန်လင်းတို့မှာ ချင်းလင်ဓာတ်ခွဲခန်းက ဘာလို့ကိုလာနှစ်ခွက်ချပေးတာလဲဟူ၍ ဇဝေဇဝါဖြစ်နေကြသည်။
ဒီပူးပေါင်းမှုက ကိုလာနဲ့ဆိုင်လို့လား?
ထိုအတွေးကြောင့် ထျန်းဖူကိုလာ၊ ရှောင်လင်ကိုလာနှင့် တခြားကိုလာကုမ္ပဏီများ ပိုအံ့ဩသွားကြသည်။ သူတို့ကအမှတ်တမဲ့ ကိုလာတစ်ခွက်ယူကြည့်လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းက အားဖြည့်ဖျော်ရည်စျေးကွက်မှာအရှိန်ကောင်းနေတာ။ အခု ကိုလာစျေးကွက်ကိုထိုးဖောက်ချင်ပြန်ပြီလား?
"အခု ကိုယ့်ရှေ့ကကိုလာနှစ်ခွက်ကိုမြည်းကြည့်ပါ... အအေးခံထားပါတယ်''
ရှန်လီက ထပ်ပြောသည်။
ထိုစကားကြောင့် ဖျော်ရည်ကုမ္ပဏီသူဌေးများက မိမိရှေ့မှခွက်ကိုယူလိုက်သည်။
ရန်လင်းလည်းတစ်ခွက်ယူပြီး အရသာခံလိုက်သည်။
ဖျော်ရည်ထုတ်သူဖြစ်၍ ဖျော်ရည်အရသာကိုခံစားမှုအားကောင်းသည်။
တစ်ငုံသောက်ပြီး ဘယ်ကိုလာတံဆိပ်မှန်းသိလိုက်သည်။
ဒါဆိုရင် နောက်တစ်ခွက်က ကိုကာကိုလာဖြစ်မယ်မလား?
ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းက ဘာလို့ဒီကိုလာနှစ်မျိုးကိုမြည်းခိုင်းတာလဲ?
ချင်းလင်ဓာတ်ခွဲခန်းကပြောနေတဲ့ပူးပေါင်းမှုဆိုတာ ကိုလာနဲ့ဆိုင်လို့လား?
ရန်လင်းကတွေးတောရင်း နောက်ကိုလာတစ်ခွက်ယူပြီး အရသာခံလိုက်သည်။
သို့ရာတွင် တစ်ငုံသောက်ပြီး သူ့မျက်နှာကချက်ချင်းမယုံနိုင်ပုံပေါက်သွားသည်။
ဒီကိုလာက ဒီလိုလန်းဆန်းတဲ့ခံစားချက်မျိုးမရှိပါဘူး။ ဘာလို့ဒီလောက်လန်းရတာလဲ?
ရန်လင်းမှာအံ့ဩလွန်း၍ လက်ရှိသူ့ခံစားချက်ကိုဘယ်လိုပြောပြရမှန်းမသိတော့။
နောက်တစ်ခွက်က ကိုလာမဟုတ်ဘူး။ အသီးဖျော်ရည်ပဲ။
"ဥက္ကဌရှန် ဥက္ကဌချင်... ဒီကိုလာက ဘာလို့ဒီလောက်ကောင်းရတာလဲ? ခင်ဗျားတို့အသစ်ထုတ်တဲ့ဖျော်ရည်လား?''
ရန်လင်းက အသီးဖျော်ရည်မှန်းအရသာခံနိုင်ရုံမက ကိုလာသီး၏ အရသာရှိခြင်း +၁၊ အထိအတွေ့ +၁၊ လန်းဆန်းမှု +၁ နှင့် စိတ်သက်သာခြင်း +၁ အရည်အသွေးများကိုပါ စွဲလန်းသွားသည်။
တခြားသူများလည်း ကိုလာသီးအရည်ကိုအရသာခံပြီး အံ့ဩသွားကြသည်။
ထျန်းဖူကိုလာနှင့်ရှောင်လင်ကိုလာလို ကိုလာကုမ္ပဏီများအတွက်ဆို ပိုမှန်သည်။ ကိုလာလုပ်ငန်းရှင်များဖြစ်၍ ကိုလာဘယ်လောက်ကောင်းမှန်းသိကြသည်။