အခန်း (၄၅၈)
Vol. 31 Ch. 458
အထိတ်ထိတ် အလန့်လန့်ဖြစ်နေခြင်းက ကျန်းစန်းကျင်း ၊ ယုယီဘုန်းတော်ကြီးနှင့် အခြားသူများကို မသက်မသာ ခံစားရစေပြီး အံ့ဩမှင်တက်သွားခြင်းထက် ပိုစေနိုင်သည်။
လမ်းမကြီးက နက်မှောင်ပြီး ကြောက်စရာ ကောင်းနေ၏။ နတ်ဘုရားသတ်ဓားနှင့် သက်ရှိဗုဒ္ဓတို့ကို လွှမ်းခြုံထားသော အမှောင်ထုကြီးကြောင့် သူတို့၏ ကျောရိုးထဲတွင် စိမ့်တက်လာသလို ခံစားနေရသည်။
ထိုသို့ဆိုရာတွင် သက်ရှိဗုဒ္ဓကတော့ နေမင်းဆန့်ကျင်မီးတောက်ဘီးကို နောက်ဆုံးတစ်ကြိမ် သတိလက်လွတ် သုံးနေသေးသည်။ နှစ်ပေါင်းတစ်ထောင် အတောအတွင်း နေမင်းဘီးကို လေ့ကျင့်နိုင်သော သက်ရှိဗုဒ္ဓ မရှိခဲ့ချေ။
သူ၏ခန္ဓာကိုယ်ထဲမှ အလင်းတန်းများ ထွက်ပေါ်လာနေပြီး အမှောင်ထဲတွင် ထွန်းလင်းတောက်ပနေခဲ့သည်။ သူက ဗုဒ္ဓတစ်ပါးကဲ့သို့ ရပ်နေပြီး နတ်ဘုရားများ၏ ပုံရိပ်ရှိနေသည့်အတွက် ကျူးကျော်သူများ၏ အစောင့်များက ဒူးထောက်ပြီး အရိုအသေ ပေးနေကြသည်။ သက်ရှိဗုဒ္ဓက သံသရာ၏ အကူအညီဖြင့် ပြန်လည်ဝင်စားလာခြင်းဖြစ်ပြီး လက်ရှိအဆင့်ကို ပြန်ရောက်တော့မည်ဖြစ်ကြောင်း သူတို့က သိနေကြ၏။
သူတို့ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့ကတော့ ပြောစရာစကားလုံး မရှိခဲ့ပေ။ သူတို့ကတော့ နတ်ဘုရားသတ်ဓား ရှောင်မုန့်အတွက်သာ စိုးရိမ်နေခဲ့သည်။ ရှောင်မုန့်က သက်ရှိဗုဒ္ဓ၏ အမှန်တကယ်စွမ်းအားကို ဆန့်ကျင်နိုင်မည်လော။
ထိုအချိန်တွင် သူတို့က ဝမ်းနည်းဖွယ်ရာ သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက သနားကရုဏာသံများ ပြည့်နှက်နေပြီး အချိန်ရပ်တန့်သွားသလို ဖြစ်သွားသည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ လက်တစ်ဖက်က ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြီး တခြားလက်တစ်ဖက်က မြေပြင်ကို လက်ညှိုးထိုးလိုက်၏။ သူတို့၏မျက်လုံးက သန့်စင်နယ်မြေတွင် ပေါ်ထွက်လာသော ဗုဒ္ဓတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူက ‘လောကကြီးထဲမှာတွင် ငါ အမြတ်ဆုံး’ ဟူသောစကားကို ပြောလိုက်သလို ခံစားရ၏။
"ဒီလိုခံစားမှုမျိုး…"
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးကိုသာ အံ့ဩသွားခဲ့ခြင်း မဟုတ်ပေ။ အနောက်ပိုင်း ကျူးကျော်သူများ၏ စိတ်ဝိညာဉ်ကပင် တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။
မုန့်ချီက ပါးစပ်ဟပ်လိုက်ပြီး ရှေ့ကို တစ်လှမ်း လျှောက်လာသည်။ သူက အလွန်တည်ငြိမ်အေးချမ်းသော လေသံနှင့် ပြောလိုက်၏။
"ဒုက္ခပင်လယ်က အဆုံးမရှိဘူး။ ဒါပေမဲ့ နောင်တတရားက မင်းကို ကမ်းခြေရောက်အောင် ပို့ပေးနိုင်တယ်…"
ဗုဒ္ဓ၏ တရားဓမ္မညွှန်ပြသံကြောင့် ကျန်းစန်းကျင်းနှင့် တခြားသူများ၏ စိတ်ဝိညာဉ်က တုန်လှုပ်သွားကြ၏။
" ဒုက္ခပင်လယ်က အဆုံးမရှိဘူး..။ နောင်တတရားက ကမ်းခြေကို ပြန်ပို့နိုင်တယ်.."
သူတို့၏ ရင်ထဲတွင် ထိုအတွေး ပေါ်လာပြီး တစ်စုံတစ်ခုကို နားလည်သွားသော်လည်း မည်သည့်အရာမျှ မသိလိုက်သလို ခံစားနေရသည်။
စိတ်ဝိညာဉ်တိုက်ပွဲအတောအတွင်း သက်ရှိဗုဒ္ဓ၏ ခန္ဓာကိုယ်က ဖန်သားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နေလုံးကြီးတစ်ခုကို ပြသနေသည်။ သို့သော် ကြီးမားသော ဗုဒ္ဓရွှေခန္ဓာနှင့် ရင်ဆိုင်လိုက်ရပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်များကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူ၏စိတ်ဝိညာဉ်ကို ကာကွယ်နိုင်ခြင်း မရှိချေ။
သန့်စင်နယ်မြေက သံသရာ တလျှောက်လုံးတွင် ရှိနေသော သူ၏စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။ ကျမ်းစာများကို ရွတ်ဖတ်နေသော အဘိုးအိုတစ်ယောက်၊ မီးအိမ်နှင့်ဗုဒ္ဓရုပ်ပွားတော်ကို ကိုင်ထားသော မိန်းမပျိုလေး၊ တရားဓမ္မများကို ကျောင်းဆောင်ပေါ်တွင် နားထောင်နေသော သိန်းငှက်တစ်ကောင် စသည့် မြင်ကွင်းများအားလုံးက သူ့ရှေ့တွင် ပေါ်လာခဲ့၏။
သူက ဗုဒ္ဓလမ်းစဉ်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်အချိန်တွင် ပို၍စိတ်ဓာတ်ကျလာသလို ခံစားလိုက်ရပြီး ထိုခံစားချက်များကို လက်လွှတ်နိုင်ခြင်း မရှိသေးပေ။ သံသရာ အဆက်ဆက် ကျော်လွန်လာခဲ့သော်လည်း သူကတော့ ဒုက္ခပင်လယ်ဝေနေသေး၏။ သူက ထိုအရာတွင် ထာဝရပိတ်မိနေတော့မည်လော။
သက်ရှိဗုဒ္ဓက သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်နေမိပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်နိုင်ခဲ့ခြင်း မရှိချေ။ နေလုံးကြီး၏ အလင်းရောင်များကလည်း မှေးမှိန်လာခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့၏။
သူက ထိုနေရာမှ ထွက်ခွာသွားတော့မည့်အချိန်တွင် ဧရာမဗုဒ္ဓက အရပ်လေးမျက်နှာသို့ ခြေလှမ်း(၇)လှမ်း လှမ်းပြီး ပြောလိုက်သည်။
"ဒုက္ခပင်လယ်ကြီးက အဆုံးမရှိဘူး ။ နောင်တတရားကတော့ မင်းကိုကမ်းခြေဆီ ပို့ပေးနိုင်လိမ့်မယ်…"
ထိုစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် သက်ရှိဗုဒ္ဓက တုန်လှုပ်သွားခဲ့ပြီး သံသရာအဆက်ဆက်ကလည်း ပြိုလဲသွားခဲ့သည်။ သူ၏ပင်မဝိညာဉ်ကလည်း ထိုအရာနှင့်အတူ ပြိုလဲပျက်စီးသွားခဲ့ရ၏။ သူ၏မျက်လုံးထဲတွင် ပေါ်လာသည်မှာ ယွင်ရန်ရဲတိုက်နှင့် ချောမောခန့်ညားသော သခင်လေးသာ ဖြစ်သည်။ ထို့နောက် သူက နောက်တစ်ကြိမ် အော်ပြောလိုက်၏။
"ဒုက္ခပင်လယ်ကြီးက အဆုံးမရှိဘူး.။ နောင်တတရားကတော့ ကမ်းခြေကို ပို့ပေးနိုင်လိမ့်မယ်…"
သက်ရှိဗုဒ္ဓ၏ခေါင်းထဲတွင် အချက်ပေးသံများ ပေါ်ထွက်လာပြီး သူက မြေပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။ သူက တုန်ရင်နေသော လေသံဖြင့် မေးလိုက်သည်။
"ကမ်းခြေက ဘယ်နေရာမှာလဲ…"
သူက အနောက်ပိုင်းကျူးကျော်သူများကို မေးခွန်းထုတ်နေသလို ထင်မှတ်ရပြီး ထိုသူများကတော့ ထိုစကားလုံးများကြောင့် အတော်လေး ထိတ်လန့်အံ့ဩသွားခဲ့ရသည်။
မုန့်ချီက သူ၏လက်နှစ်ဖက်ကို ရုတ်သိမ်းထားသော်လည်း သူ၏ တည်ငြိမ်အေးချမ်းမှုများက ပျောက်ကွယ်သွားခြင်း မရှိပေ။
"ဒီနေရာမှာလည်းမရှိဘူး … ဟိုနေရာမှာလည်းမရှိဘူး … ဘယ်နေရာမှာမှမရှိဘူး နောင်တတရားကို ဖြတ်ကျော်ပြီးမှပဲ တွေ့ရလိမ့်မယ်..."
"နောင်တတရားလား …ငါက အရမ်းအစွမ်းထက်တယ်…"
သက်ရှိဗုဒ္ဓက ရုတ်တရက် နားလည်သွားခဲ့သည်။ သူက လက်အုပ်ချီလိုက်ပြီး အပြုံးနှင့် မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
မုန့်ချီ၏ အရှိန်အဝါများက ကမ္ဘာမြေကြီးတစ်ခုလုံး ပြည့်နှက်နေခြင်း မရှိသော်လည်း အလွန်ကြီးကျယ်ခမ်းနားနေခဲ့သည်။ လက်ရှိဗုဒ္ဓက အသက်မရှိတော့ကြောင်း မြင်လိုက်ရသည့်အချိန်တွင် အနောက်ပိုင်း ကျူးကျော်သူများ၏ အစောင့်တစ်ယောက်က အလွန်ဒေါသထွက်သွားပြီး ကြောက်လန့်သွားခဲ့၏။
သူကတော့ လေးစားမှုပင် မရှိတော့ဘဲ အော်ပြောလိုက်သည်။
"မကောင်းဆိုးဝါးက သက်ရှိဗုဒ္ဓကို သတ်ပစ်လိုက်ပြီလား…"
ရုတ်တရက်ဆိုသလို သူ့အကြည့်က အေးစက်သွားခဲ့ပြီး မျက်ခုံးအလယ်တည့်တည့်တွင် ဓားရာတစ်ခု ပေါ်လာခဲ့၏။ ထိုနေရာမှနေ၍ သွေးများ စီးကျလာပြီး ဦးခေါင်းခွံကို ဆုံးရှုံးလိုက်ရသည်။
"ငါက ဘယ်လိုတိုက်ခိုက်ခံလိုက်ရတာလဲ။ ငါက သူ့ရဲ့တိုက်ခိုက်မှုကို မမြင်ရသလို မခံစားမိခဲ့ဘူး။ ဒီဓားသွားက ဘယ်နေရာကနေ ရောက်လာတာလဲ…."
မုန့်ချီက သက်ပြင်းချလိုက်မိ၏။
"သူ့ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပါဦး…"
သူက ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။
သို့သော် သူ၏မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေခဲ့၏။ သူကတော့ ထူးခြားသည့် စိတ်ဝိညာဉ်လမ်းမကြောင့် ငိုကြွေးမိနေခြင်းဖြစ်ပြီး သံသရာဘဝအတွင်း ကြုံတွေ့ခဲ့ရသည့်ဘဝများကြောင့် ငိုကြွေးမိခဲ့ခြင်းဖြစ်သည်။
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့က သတိလက်လွတ် လှည့်ကြည့်လိုက်ရာ သက်ရှိဗုဒ္ဓ၏ မျက်လုံးထဲတွင်လည်း မျက်ရည်များ ရှိနေသည်ကို မြင်လိုက်ရသည်။ သူက တင်ပျဉ်ခွေထိုင်နေပြီး အသားရောင်က ရွှေရောင်ဝင်းလက် တောက်ပနေခဲ့၏။ သူ၏လက်နှစ်ဖက်က လက်အုပ်ချီနေပြီး မျက်နှာက ပြုံးနေသည်။
အသက်မရှိတော့ခြင်းကလွဲလျှင် သူက သေနေသော လူတစ်ယောက်နှင့် လုံးဝမတူချေ။ သူက မသေခင် အဆင့်တက်သွားခြင်းပေလော။ ဖြစ်ခဲ့သည့် အရာအားလုံးကို မြင်လိုက်ရသည့်အချိန်တွင် အနောက်ပိုင်း ကျူးကျော်သူများအားလုံးက မြေပေါ်တွင် ဒူးထောက်ပြီး အရိုအသေပေးလိုက်ကြ၏။
"ဒါက အစစ်အမှန်သက်ရှိဗုဒ္ဓပဲ…"
ယွမ်ရန်ရဲတိုက်ထဲမှ ထွက်လာကြသည့်အချိန်ထိပင် ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့က အံ့ဩမှင်တက်နေကြသေးသည်။ ထိပ်တန်းသိုင်းသခင်များထဲမှ တစ်ယောက်ဖြစ်သော သက်ရှိဗုဒ္ဓက ထိုကဲ့သို့ သေဆုံးသွားခဲ့ခြင်းပေလော။ နတ်ဘုရားသတ်ဓား ရှောင်မုန့်က ထိပ်တန်းသိုင်းသခင် တစ်ယောက်ကို အလွယ်တကူ သတ်လိုက်ခြင်းပေလော။
ထိုအရာက အိပ်မက်တစ်ခုပေလော ။ မည်သို့ဖြစ်စေကာမူ ဖြစ်သင့်သည့်အရာက ဖြစ်သွားမည်သာ ဖြစ်သည်။
မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ထိုကဲ့သို့သော စိတ်ဝိညာဉ်လမ်းမမျိုးက သူ၏စိတ်ဝိညာဉ်နှင့်ပင်မဝိညာဉ်ကို သန့်စင်ရာတွင် အလွန်ကောင်းမွန်လှသည်။ ထိုအရာက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရှိရန် အကူအညီပေးနိုင်၏။
"ဘာလို့အနတ္တကို ဘယ်နေရာမှာမှ မမြင်ရတာလဲ ။ ကနဦးအခြေအနေမှာ အဲဒါက ဘာမှမရှိတာလား ဒါမှမဟုတ် တခြားအင်အားကြီး ပညာရှင်တစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့်လား…"
သူက အဖြေမရသည့်အတွက် တိတ်တဆိတ်လမ်းလျှောက်နေခဲ့သည်။
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့ကတော့ အလွန်ထိတ်လန့်နေကြသေးသည့်အတွက် သူ့ကို မနှောင့်ယှက်ကြပေ။ သူတို့ကလည်း အိပ်မက်ယောင်နေသည့်အလား သူ့နောက်မှ လိုက်လာခဲ့ကြ၏။
……………
ယွမ်ကျဲကျောင်းဆောင်ထဲတွင် …
ဗုဒ္ဓကို သက်ဝင်နေသလို ဟန်ဆောင်နေသော မကောင်းဆိုးဝါးဘုရင်မက နီးကပ်လာသော ခြေလှမ်းများကို ကြားလိုက်ရသည်။
"ဘာလို့ ဒီလောက်တောင် အလျင်လို နေကြရတာလဲ…"
သူမက ပြန်လှည့်မကြည့်ဘဲ မေးလိုက်၏။
သတင်းလာပို့သူကတော့ နတ်ဆိုးပညာရှင် တစ်ယောက်ဖြစ်ပြီး သူက အလွန်ထိတ်လန့်နေသော အမူအရာနှင့် ပြောလိုက်၏။
"သက်ရှိဗုဒ္ဓက သေဆုံးသွားပြီ…."
"ဘယ်လို…"
မကောင်းဆိုးဝါးဘုရင်မက မည်သည့်အရာကိုမျှထိတ်လန့်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမကိုယ်တိုင်ကပင် ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
"နတ်ဘုရားသတ်ဓားက ယွမ်ရန်ရဲတိုက်ထဲ ဝင်သွားပြီး သက်ရှိဗုဒ္ဓနဲ့ မျက်လုံးချင်းဆုံခဲ့တယ် ။ သူတို့က အချင်းချင်း ရေနွေးတစ်အိုးတည်စာလောက် စိုက်ကြည့်နေကြပြီး စိတ်ဝိညာဉ်တိုက်ပွဲ တိုက်ခိုက်ခဲ့တယ် ထင်တယ်။ အဲဒီနောက် သူထွက်သွားတဲ့အချိန်မှာတော့ သက်ရှိဗုဒ္ဓက နေရာမှာ သေသွားခဲ့ပြီ…"
ထိုပညာရှင်က သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် ကြိုးစားပြီး ရှင်းပြလိုက်သည်။ သူက ရှောင်မုန့်ဟူသော နာမည်ကိုပင် မသုံးရဲတော့ပေ။
"သူ့ရဲ့စိတ်ဝိညာဉ်က ဘာလို့ဒီလောက်တောင် အစွမ်းထက်နေရတာလဲ….." မကောင်းဆိုးဝါးဘုရင်မက တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူမက အသံတိုးတိုးနှင့် ထပ်ပြောလိုက်၏။
"ငါ့ကို အသေးစိတ်ပြောပြစမ်းပါ…"
……….
လွှတ်တော်ခန်းမထဲတွင် …
လက်ဝဲအမတ်ကြီးက လက်ထဲတွင် ရတနာတချို့ ကိုင်ထားခဲ့ပြီး တီးတိုးရေရွတ်နေခဲ့သည်။ အလွန်ထူးဆန်းသောသူ၏ လေသံထဲတွင်ပင် ထိတ်လန့်နေသည့်အသံများ အထင်သားပေါ်နေခဲ့၏။
"နတ်ဘုရားသတ်ဓားက ယွမ်ရန်ရဲတိုက်ထဲကို ဝင်သွားတယ် ။ သက်ရှိဗုဒ္ဓက သေသွားပြီ…"
…………………
"နတ်ဘုရားသတ်ဓားက ယွမ်ရန်ရဲတိုက်ထဲကို ဝင်သွားတယ် ။ သက်ရှိဗုဒ္ဓက သေသွားပြီ…"
ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေသော တော်ဝင်အကြံပေးကလည်း ထိုစကားလုံးများကို ရေရွတ်နေခဲ့သည် ။
……….
တခြားတစ်ဖက်တွင်တော့…
"မင်းတို့ဆီမှာ ဒီနေ့ည နေစရာရှိလား…"
ကျဆင်းသွားသော နေမင်းကြီးကိုကြည့်ပြီး မုန့်ချီက အေးအေးဆေးဆေး မေးလိုက်သည်။ မြို့တော်တွင် အမှောင်ထုကြီး ကျရောက်လာသည့်အပြင် သူကတော့ စိတ်ဝိညာဉ်ခရီးစဉ်၏ ဆိုးကျိုးများကြောင့် အတော်လေး လှုပ်ရှားနေခဲ့ရ၏။
ကျန်းစန်ကျင်းက အပြုံးနှင့် ပြန်ပြောလိုက်၏။
"ကျွန်တော်က ခြံဝင်းတစ်ခု ငှားထားတယ်။ သခင်လေးက ကျွန်တော့်ရဲ့နေရာမှာ အဆင်ပြေမယ်ဆိုရင်တော့ ဖိတ်ခေါ်ချင်ပါတယ်…"
မုန့်ချီက ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။
"ကိစ္စမရှိပါဘူး..ရှေ့ကနေပဲ လမ်းပြပါ…"
ယုယီဘုန်းတော်ကြီးက သက်ပြင်းချလိုက်မိ၏။
"ဒကာလေးမုန့် …
ဒုက္ခပင်လယ်ကြီးက အဆုံးမရှိဘူး။ နောင်တ တရားက ကမ်းခြေရောက်အောင် ပို့ပေးနိုင်တယ်ဆိုတဲ့ မင်းရဲ့စကားတွေက လျှပ်စီးကြောင်းတစ်ခုလိုပဲ။ ငါလည်း ဉာဏ်အလင်းပွင့်သွားသလို ခံစားခဲ့ရတယ်…"
သူက မုန့်ချီဆီတွင် ဗုဒ္ဓလမ်းညွှန်ချက်များကို မေးမြန်းချင်နေပုံ ရသည်။ မုန့်ချီက အစစ်အမှန်ဘုန်းတော်ကြီးတစ်ပါး မဟုတ်သော်လည်း တရားဓမ္မများကို နားလည်နေသေး၏။ သူက ဗုဒ္ဓလက်ဝါးကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ပြင် ဗုဒ္ဓကျင့်စဉ်နှင့် နတ်ဘုရားကျင့်စဉ်ကဲ့သို့ တူညီသောအရာများလည်း ရှိနေသေး၏။ ကိုယ်တွင်းကမ္ဘာကြီး၏ အစပိုင်းတွင် သူက တရားဓမ္မအနည်းငယ်ကို ဖတ်ရှုခဲ့သည်။
"မွေးဖွားတဲ့ အချိန်ကတည်းကစပြီး လူတစ်ယောက်မှာ ခံစားချက်မျိုးစုံ ရောနှောလာနိုင်တယ်။ အဲဒီအရာတွေက ဆိုးရွားတဲ့အရာတစ်ခုတော့ မဟုတ်ဘူး။ အသိဉာဏ်ပညာ ဗဟုသုတတွေပဲ ။ အဲဒီအရာထဲမှာ အမှန်တရားတွေ ရောနှောနေတယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားပြီဆိုရင်တော့ လှည့်စားခံရလိမ့်မယ်။ တကယ်လို့ ဉာဏ်လင်းပွင့်မှုအဆင့်ကို မရောက်နိုင်ဘူးဆိုရင် ဗုဒ္ဓကိုလည်း မြင်တွေ့နိုင်မှာ မဟုတ်ဘူး…"
သူက ကျန်းစန်းကျင်းကိုကြည့်ပြီး ပြောလိုက်၏။
"အဲဒီစကားလုံးတွေက ဗုဒ္ဓလမ်းညွှန်ချက်တွေ မဟုတ်ဘူး။ တာအိုသခင်တွေ၊ သိုင်းပညာရှင်တွေနဲ့ စာပေပညာရှင်တွေဆီမှာ အဲဒီလိုတူညီတဲ့ အတွေးအခေါ်တွေ ရှိကြတယ်။ ကြီးမြတ်တဲ့ အတွေးအခေါ်တွေက အဲဒီလိုမျိုးပါပဲ။ ဒါပေမဲ့ လူအနည်းငယ်ကပဲ နတ္ထိသဘောတရားကို နားလည်ပြီး အဆင့်တက်နိုင်ကြတယ်…"
ကျန်းစန်းကျင်းက သက်ပြင်းချလိုက်မိ၏။ သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ထိုအရာက သူကိုယ်တိုင် လျှောက်လှမ်းရမည့် လမ်းကြောင်းလည်း ဖြစ်သည်။
"ငါတို့ခန္ဓာကိုယ်ရဲ့အတွင်းဘက်မှာ ကမ္ဘာကြီးတစ်ခုရှိတယ်။ အပြင်ဘက်မှာလည်း ကမ္ဘာကြီးတစ်ခုရှိတယ်။ နှစ်ခုလုံးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ ငါတို့လုပ်ဖို့ လိုအပ်တာက အတားအဆီးကို ချိုးဖျက်ပြီး ကမ္ဘာကြီးနှစ်ခုကို ပေါင်းစည်းဖို့ပဲ။ တာအိုသခင်တွေကတော့ အဲဒီအရာကို လူသားကောင်းကင်နိယာမလို့ သတ်မှတ်ကြတယ်…"
မုန့်ချီက အေးအေးဆေးဆေးပြောလိုက်၏။
"အတားအဆီးကတော့ စိတ်ဝိညာဉ်အချုပ်အနှောင်နဲ့ ခန္ဓာကိုယ်ရဲ့ အပိုင်းအခြားနှစ်မျိုစလုံးပဲ။ ပထမတစ်ခုက ပိတ်လှောင်နေမယ်ဆိုရင် ပြင်ပကမ္ဘာကြီးကို ခံစားမိမှာ မဟုတ်ဘူး။ ကြိုးစားအားထုတ်မှုတွေအားလုံးကလည်း အချည်းနှီးဖြစ်သွားနိုင်တယ်။ ဒုတိယတစ်မျိုးကတော့ ခိုင်မာတဲ့ ခြေလှမ်းပဲ။ တာအိုလမ်းစဉ်မှာတော့ လျှို့ဝှက်တံခါးဆိုတဲ့ တံခါးပေါက်တစ်ခုရှိတယ်…"
ဤကမ္ဘာကြီးထဲတွင် ပင်မဝိညာဉ်ကို အခြေခံလေ့ကျင့်နိုင်သော အရင်းအမြစ်များ ရှိသည်။ သို့သော် အဆင့်မြင့်မားသော ကျင့်စဉ်များ လိုအပ်နေ၏။ သူတို့က အထွဋ်အထိပ်သို့ရောက်ရန် အချိန်ပေးရနိုင်သေးသည်။ ထို့ကြောင့်လည်း စိတ်ဝိညာဉ်စွမ်းအား ပို၍လိုအပ်နေခြင်းဖြစ်၏။
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့က မုန့်ချီ ပြောပြနေသော တာအိုလမ်းစဉ် ၊ ဗုဒ္ဓလမ်းစဉ်နှင့် သိုင်းပညာအတွေးအခေါ်များကို သေချာနားထောင်နေကြ၏။ သူတို့၏ရှေ့တွင် ရှိနေသော အခြားသူများက တူညီသောအရာများစွာကို လုပ်ခဲ့သော်လည်း မည်သူကမျှ ထိုကဲ့သို့ လေးနက်သည့်အဆင့်မျိုးကို မရောက်ခဲ့ပေ။
"သက်ရှိဗုဒ္ဓက ဘာကိုဆိုလိုချင်တာလဲဆိုတာကို အခု ငါသိသွားပြီ ။ လက်ရှိ သက်တမ်းကုန်သွားမယ်ဆိုရင်တောင် ငါက နောင်တတရား မရှိဘဲ သေသွားလို့ရပြီ…"
ယုယီဘုန်းတော်ကြီးက လက်အုပ်ချီပြီး ပြောလိုက်၏။ သူက ဉာဏ်ကောင်းသော ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။
ကျန်းစန်းကျင်းကလည်း ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေခဲ့၏။ သူကလည်း ရှင်းလင်းသော လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
"သခင်လေးက ကျွန်တော့်ရဲ့နားတွေ မျက်စိတွေကို ဖွင့်ပေးလိုက်သလိုပဲ။ သခင်လေးက တကယ့်ကို နတ်ဘုရားတွေ စေလွှတ်လိုက်တာဖြစ်မယ်…"
မုန့်ချီက ပြုံးလိုက်မိ၏။ တခြားသူများကို နားလည်သွားအောင် လုပ်ဆောင်ပေးခြင်းက အကျိုးမျှော်ကိုးခြင်းမရှိသော ကျေနပ်မှုတစ်ခု ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုသူတို့အပေါ် တိကျသော သိုင်းပညာများ တိုက်ရိုက်သင်ကြားပေးခြင်း မဟုတ်ပေ။
သူက ရုတ်တရက်ဆိုသလို တာအိုလမ်းစဉ်၏ ကိုယ်ကျင့်တရားများကို ခံစားမိလိုက်သည်။ ဆုတောင်း(၃)မျိုး လက်သီးသိုင်းကို လေ့ကျင့်ခဲ့သည်အချိန်မှစပြီး သူက ကောင်းကျိုး(၅)ဖြာ အကြောင်းကို ဖြည်းညင်းစွာ စတင်နားလည်လာခဲ့၏။ သူ့ဆီ၌ အခွင့်အရေးရှိလျှင်တော့ ထိုအရာများအားလုံးကို စုဆောင်းချင်ခဲ့သည်။
အကယ်၍ သူကသာ ဆုတောင်း(၃)မျိုးလက်သီးကို လေ့ကျင့်အောင်မြင်သွားခဲ့မည်ဆိုလျှင် ကောင်းကင်ဘိုးဘေး၏ အရည်အချင်းတစ်ခု ဖြစ်သော ဒဏ္ဍာရီလာ အာရုံခံစွမ်းရည်ကို ရရှိလာပါလိမ့်မည်။
ကျန်းစန်းကျင်း ငှားထားသော ခြံဝင်း၏ ရှေ့တွင်တော့ ရဲမက်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေသည်။ သူက သစ်သားသေတ္တာလေးတစ်ခုကို ကိုင်ထားပြီး မုန့်ချီတို့ ရောက်လာသည်ကိုမြင်သည့်အခါ တလေးတစား ပြောလိုက်၏။
"သူရဲကောင်းမုန့် …
ကျွန်တော်က ဓားအင်ပါယာရဲ့စာကို လာပို့တာပါ…"
မုန့်ချီက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် သစ်သားသေတ္တာလေးကို လက်ခံပြီး ဖွင့်ကြည့်လိုက်သည်။ အတွင်းထဲတွင်တော့ ပြုံးနေသည့် သစ်သားရုပ်လေးတစ်ခု ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် စကားလုံးတချို့ ရေးသားထားသည်။
" မနက်ဖြန်နေ့လယ် နေကျတောင်ထိပ်မှာ ဓားရေးယှဉ်ပြိုင်ကြမလား…."
"ဒီစကားလုံးတွေ…"
ကျန်းစန်းကျင်းက မျက်လုံးပြူးသွားခဲ့၏။
ယုယီဘုန်းတော်ကြီးကလည်း အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုစကားလုံးတစ်ခုချင်းဆီက သေချာထွင်းထုထားခြင်းဖြစ်ပြီး သာမန်လက်ရေးများနှင့် မတူပေ။ ထိုစကားလုံးတစ်ခုချင်းဆီက အသက်ဝင်လာသလို ထင်မှတ်ရ၏။ ထိုအရာက ကျားကွက်ခုံပေါ်တွင် ရှိနေသော ကျားစေ့များ သို့မဟုတ် ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်များကဲ့သို့ သူသေကိုယ်သေ တိုက်ပွဲတစ်ခုကို ဆက်သွယ်ထားသလို ထင်မှတ်ရသည်။
ကျန်းစန်းကျင်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိ၏။
"ဒါက ထိပ်သီးဓားကျင့်စဉ်တစ်ခုပဲ…"
ထိုအရာက လျှို့ဝှက်ဓားသိုင်းကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့သော် ထိုအရာက စာတစ်စောင်နှင့် စိန်ခေါ်မှု ဖိတ်ကြားစာတစ်ခုလည်း ဖြစ်နေသေး၏။
မုန့်ချီက ဓားအင်ပါယာ၏အဆင့်ကြောင့် သက်ပြင်းချလိုက်မိပြီး ထိုအရုပ်ထဲတွင် ပြင်ပမကောင်းဆိုးဝါး၏ အငွေ့အသက်များကိုလည်း ခံစားမိနေသည်။
"ဘာလို့ ငါ့ရဲ့ပြင်ပမကောင်းဆိုးဝါးက ဓားအင်ပါယာနဲ့ ပတ်သက်နေရတာလဲ…" ထိုအချိန်တွင် သူ့လက်ထဲ၌ မီးတောက်နှင့် ထုဆစ်ထားသော ဓားရှည်တစ်လက် ပေါ်လာခဲ့သည်။ သူက သစ်သားရုပ်တုလေးကို ကိုင်ထားပြီး စိန်ခေါ်မှုကို အဖြေပြန်ပေးလိုက်၏။
Translated by Hein Htet.