← Chapters

အခန်း (၄၆၀)

Vol. 31 Ch. 460

အခန်း (၄၆၀)

Vol. 31 Ch. 460

ယခုတစ်ကြိမ်တွင်တော့ ဓားအင်ပါယာက သူ့ဓားအတွက် ဓားအိမ် ယူမလာခဲ့ပေ။ သူကတော့ သန့်စင်လက်နက်အဆင့် ဓားတစ်ချောင်းကိုသာ သုံးထားခဲ့သည်။ သူက အစစ်အမှန်ဓားတစ်ချောင်း မလိုအပ်သောအဆင့်ကို ရောက်နေခဲ့သည့်အတွက် ဓားက သူ့အတွက် အရေးမပါနိုင်တော့ပေ။

ဓားကို မြှောက်လိုက်သည့်အချိန်တွင် မှေးမှိန်နေသော ဓားအလင်းတန်း တစ်ခု တောက်ပလာခဲ့၏။ ထိုဓားက အဖိုးတန် ကျောက်တုံးတစ်ခုမှ ထုလုပ်ထားခြင်းဖြစ်ပြီး (၃)ပေ (၃)လက်မနှင့် (၃)စိတ် ရှည်လျားသည်။ ထိုအရာက နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့၏။

သူက သာမန်အမူအရာနှင့် ဓားကို ရှေ့သို့ ထိုးလိုက်သော်လည်း ဓားအလင်းတန်းများက အစိတ်စိတ် အမွှာမွှာပျက်စီးသွားခဲ့ပြီး တိတ်ဆိတ်နေသော ရေကန်ပြင်ကြီးကို ကျောက်တုံးများနှင့် ပေါက်လိုက်သလို ဖြစ်နေသည်။

ဓားအလင်းတန်းတစ်ခုချင်းဆီတွင် လူတစ်ယောက်၏ အမြင်အာရုံကို ထိခိုက်သွားစေနိုင်သော ဓားချီစွမ်းအင်များ ရောနှောနေသည်။ ထိုအခါ မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲနေခဲ့ပြီး အလွန်ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

လူသားနှင့် ကောင်းကင်တစ်သားတည်း အဆင့်တွင် ကမ္ဘာမြေကြီးနှင့် အဓိကဆက်သွယ်ရခြင်း ဖြစ်သည်။ ဓားစွမ်းအားများကလည်း ကမ္ဘာမြေကြီး၏ စွမ်းအားများကိုသုံးပြီး ဖန်တီးနိုင်သည်။ ထို့ကြောင့် ဓားအင်ပါယာက ဓားချက်တစ်ချက်တည်းကိုသုံးပြီး အထွဋ်အမြတ်ဓားရုပ်သေးထဲတွင် ရှိနေသော စကားလုံးထဲတွင် သူ၏ဓားသိုင်းပညာကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ကြီးနှင့် ဆက်သွယ်နိုင်သောအဆင့်ထက် ပို၍နိမ့်နေသည်မှာတော့ ထိုအရာထဲတွင် ပြောင်းလဲမှု လှည့်ကွက် အနည်းငယ်လေးသာ ပါဝင်နေသည်။ ထိုသို့ဆိုရာတွင် ထိုဓားသိုင်းပညာကတော့ လူသားအဆင့်ထက် ကျော်လွန်နေခဲ့၏။ ထို့ကြောင့် ကျန်းစန်းကျင်း၊ ယုယီဘုန်းတော်ကြီးနှင့် ကောင်းကင်ဓားစုန့်မင် တို့အားလုံးက အံ့သြမှင်တက်နေခဲ့ခြင်း ဖြစ်သည်။

မုန့်ချီ မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် သူ သိမ်းထားခဲ့သော ဓားရှည်က အလင်းရောင်များ တောက်ပလာခဲ့၏။ သူ့ခေါင်းထဲ၌ မည်သည့်အတွေးမျှပေါ်မလာသေးခင် သူ၏ရေလှိုင်းမီးတောက်ဓားက အနီရောင်အလင်းတန်းများနှင့်အတူ ကောင်းကင်ကြီးကို ဖြတ်သန်းသွားခဲ့သည်။

ထိုအရာက တောက်ပသောကြယ်များနှင့် ရင်ဆိုင်ခြင်း မရှိဘဲ တစ်နေရာကို ပျံသန်းသွားသလို ထင်မှတ်ရ၏။ ဓားက လေထဲတွင် ရောက်လာပြီး အလင်းတန်းများက ပျောက်ကွယ်သွားသည်။ ကစားပွဲ၏ အရှိန်အဝါကလည်း တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

အရှိန်အဝါဟူသည်မှာ ကိုယ်တွင်းကမ္ဘာကြီးကိုသုံး၍ ပြင်ပကမ္ဘာကြီး၏ အစွမ်းများကို ဆင့်ခေါ်သော အခြေအနေတစ်ရပ် ဖြစ်သည်။ ထိုအရာ၏ လှုပ်ရှားမှုများတွင် စည်းမျဉ်းများတွင် ကိုယ်ပိုင်နိယာမများ ပါဝင်နေခဲ့၏။

အရှိန်အဝါ ဖျက်ဆီးရေးဓားသိုင်းက အရှိန်အဝါများကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်သည်။ ကြယ်များကဲ့သို့ အလင်းရောင်များကလည်း တစ်ချိန်တည်း ပျောက်ကွယ်သွားခဲ့ပြီး ဓားအင်ပါယာ၏ဓားကတော့ ဂူထဲမှ ထွက်လာသော မြွေဟောက်တစ်ကောင်ကဲ့သို့ အရှိန်မြန်လာခဲ့၏။ ထိုအရာက သူ၏အရှိန်အဝါကို မုန့်ချီ ဖျက်ဆီးစေရန် တမင်တကာ မျှားခေါ်နေခြင်း ဖြစ်ပုံရပြီး အခွင့်အရေးတစ်ခု ဖန်တီး၍ တိုက်ခိုက်မှုအရှိန်ကို မြှင့်တင်လိုက်သည်။

မုန့်ချီ၏ ရေလှိုင်းမီးတောက်ဓားက အလွန်လှပသော စက်ဝိုင်းတစ်ခုသဖွယ် လှုပ်ရှားလိုက်ပြီး ဓားအင်ပါယာ၏ဓားကို ပြီးပြည့်စုံစွာ ရင်ဆိုင်မိခဲ့၏။ သူတို့က မတိုက်ခိုက်ခင် သိုင်းကွက်များကို ကြိုတင်ဆွေးနွေးထားသလို ထင်မှတ်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏လှုပ်ရှားမှု ၊ တိုက်ခိုက်မှုနှင့် ခုခံမှုများအားလုံးက အလိုက်သင့်ဖြစ်နေပြီး သူတို့က တစ်ဖက်လူ နောက်ထပ်တိုက်ခိုက်မည့် သိုင်းကွက်ကို ကြိုတင်သိနေကြသလို ထင်မှတ်ရ၏။

သူတို့က လေထဲတွင် ခုန်ပျံလှုပ်ရှားနေရင်း ဓားစွမ်းအားများက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ တစ်ခါတစ်ရံ တချွင်ချွင်မြည်သံများကို ကြားနေရ၏။ တစ်ခါတစ်ရံ သူတို့၏ဓားချင်း တိုက်ခိုက်နေသော်လည်း အသံထွက်လာခြင်းမရှိဘဲလုံးဝကို တိတ်ဆိတ်နေခဲ့သည်။

မကောင်းဆိုးဝါးဘုရင်မက တိုက်ပွဲကို သေချာစောင့်ကြည့်နေခဲ့၏။ ထိပ်တန်းသိုင်းပညာရှင် တစ်ယောက်၏ မျက်လုံးထဲတွင်တော့ သူတို့၏လှုပ်ရှားမှုများက ထူးဆန်းမှု မရှိချေ။

နတ်ဘုရားသတ်ဓားက သူ၏ဂုဏ်သတင်းနှင့် အမှန်တကယ်လည်း လိုက်ဖက်ညီနေသည်။ သူက ဓားအင်ပါယာကို စိန်ခေါ်ရန် လုံလောက်သည့်အစွမ်းမျိုး အမှန်တကယ် ရှိနေ၏။ သူ၏လှုပ်ရှားမှုများက သိမ်မွေ့ညင်သာပြီး တစ်ခါတစ်ရံ အသူရာများကဲ့သို့ ကြမ်းတမ်းခက်ထန်လှသည်။ တစ်ခါတစ်ရံတော့ ထိတွေ့မရနိုင်သော အငွေ့တစ်ခုကဲ့သို့ ပုံရိပ်ယောင်ဆန်ဆန် ဖြစ်နေသည်။

တစ်ခါတစ်ရံ စည်းချက်ကျကျ အသံများ ထွက်ပေါ်လာနေပြီး တစ်ခါတစ်ရံ ကြောက်လန့်နေသော ငှက်များကဲ့သို့ လျင်မြန်လှသည်။ သူ့ဆီတွင် အရှိန်၊ ခွန်အားနှင့် ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်မှုများ ရှိနေသလို အရာအားလုံးကိုလည်း အချိန်ကိုက် ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်သည်။

ဓားအင်ပါယာကတော့ သူ့ထက် အနည်းငယ်လေးသာ ပိုသာနေ၏။ သူက လက်ရှိအဆင့်၏ အထွဋ်အထိပ်ကို ရောက်နေခဲ့သည်။ သူက အသက်ကြီးနေသော်လည်း သူ၏တိုက်ခိုက်မှုများကတော့ အစွမ်းထက်၏။

ဓားချက် တစ်ချက်ချင်းဆီက ရိုးရှင်းသော်လည်း သီးသန့် အကျိုးသက်ရောက်မှုများ ယူဆောင်ပေးနိုင်သည်။ သူ၏တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက အသာစီးရနေပြီး တဖြည်းဖြည်း တင်းကြပ်လာသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးဘုရင်မ၏ မျက်လုံးထဲတွင်တော့ အကယ်၍ သူမကသာ ဓားအင်ပါယာနှင့် အဆင့်တူဖြစ်နေလျှင် သို့မဟုတ် ဓားအင်ပါယာကို ထောင်ချောက်ထဲသို့ ရောက်အောင် တွန်းပို့နိုင်သော တစ်ဦးတစ်ယောက် ရှိခဲ့မည်ဆိုလျှင်သာ အရေးမသာသော အခြေအနေတွင် သူမ၏အသက်ကို စွန့်စားပြီး တိုက်ခိုက်နိုင်ပါလိမ့်မည်။

နတ်ဘုရားသတ်ဓားကတော့ သူတို့နှင့်ကွဲပြား၏။ သူက ငယ်ရွယ်ပြီး အစွမ်းထက်သည့်အပြင် လျင်မြန်သွက်လက်၏။ သူက အချိန်တိုင်းတွင် ဓားအင်ပါယာ၏ ထောင်ချောက်များကို ရှောင်တိမ်းနိုင်ခဲ့သည်။

လေထဲတွင် ဓားချီစွမ်းအင်များမှ ထွက်ပေါ်လာသော မီးပွားများ ရှိနေသေးသော်လည်း သူတို့က မုန့်ချီကို ရှုံးနိမ့်အောင် လုပ်ဆောင်ရန် ခက်ခဲနေသေးသည်။ ထို့ပြင် အဖိုးတန်မီးတောက်ဓားက ယခုအချိန်ထိ အမြင့်ဆုံးအစွမ်းကို သုံးရသေးပုံမရပေ။

ဓားအင်ပါယာက ကြိုးကို တဖြည်းဖြည်း တင်းကြပ်လာနေသည့်အချိန်တွင် နတ်ဘုရားသတ်ဓားကတော့ သူ၏ကြိုးစားမှုများကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးပစ်နေသော မြင်ကွင်းတစ်ခု ပေါ်နေခဲ့သည်။ သူတို့၏ လှုပ်ရှားမှုများနှင့် ပြောင်းလဲမှုများက လျင်မြန်ပြီး မျှခြေဖြစ်နေသည့်အတွက် အနိုင်ရန် ခက်ခဲနေသည်။

သူတို့နှစ်ယောက်လုံး၏ အရှိန်အဝါက တဖြည်းဖြည်း အမြင့်ဆုံးသို့ မြင့်တက်လာပြီး နှစ်ယောက်လုံးက အစွမ်းကုန် ထုတ်သုံးလာကြ၏။ ကမ္ဘာမြေကြီးနှင့် ဆက်သွယ်မှုလည်း ပေါ်လာခဲ့သည်။

နေရာအောက်တွင် ရှိနေသော နေကျတောင်ထိပ်ကြီးက အဝါရောင် တောက်ပနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် အမှောင်ထုကြီးက ဝါးမျိုးလာခဲ့၏။ အရာအားလုံး မှေးမှိန်သွားသည့်အချိန်တွင် သူတို့က ပို၍ပင် ရှင်းရှင်းလင်းလင်းမြင်လာရသည်။

မကောင်းဆိုးဝါးဘုရင်မ၊ တော်ဝင်အကြံပေး ၊ လက်ယာအမတ်ကြီးနှင့် တခြားသော ထိပ်သီးသိုင်းသခင်များကသာ သူတို့၏လှုပ်ရှားမှုများကို နားလည်နိုင်သည်။ ကျန်းစန်းကျင်းကဲ့သို့ တခြားသူများကတော့ သူတို့၏ တိုက်ခိုက်များကိုသာ မြင်နိုင်ပြီး မည်သူက အနိုင်ရနေခြင်းဖြစ်ကြောင်း ခွဲခြားနိုင်ခြင်းမရှိချေ။

သူတို့၏ဓားသိုင်းပညာနှင့် ခုခံမှုတစ်ခုချင်းဆီတိုင်းကတော့ အလွန်ပြိုင်ဖက်ကင်းပြီး ထူးခြားလွန်းလှသည်။ သူတို့က အတော်လေး အကျိုးအမြတ်ရှိနေသလို ခံစားနေရ၏။ ရုတ်တရက်ဆိုသလို သူတို့၏အကြည့်များက ငြိမ်သက်သွားခဲ့ပြီး အလွန်အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

နေရောင်အောက်တွင် ရှိနေသော နေကျတောင်ထိပ်ကြီးကို အနက်ရောင်မြူခိုးများက တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့၏။ အမှောင်ထုကြီးထဲတွင်တော့ နေမင်းကြီးတစ်ခု ထွက်ပေါ်လာပြီး တောက်ပနေသော ကြယ်များလည်း ပေါ်လာခဲ့သည်။ သူတို့က အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူတို့က အလွန်လျှို့ဝှက်ဆန်းကြယ်သော နိယာမများအတိုင်း ပြောင်းလဲနေခဲ့သည်။ သူတို့က ဖော်ပြ၍ မရနိုင်သော တွင်းနက်ကြီးတစ်ခုကို အခြေခံထားသည့်အလား အလွန်လေးလံသော ခံစားမှုတစ်ခု ရှိနေခဲ့သည်။

ထိုအရာက သူတို့မြင်ခဲ့ဖူးသော ကောင်းကင်ကြီးနှင့် ကွဲပြားနေ၏။ ထိုအရာက တကယ့်ကို ပြိုင်ဖက်ကင်း အံ့အားသင့်ဖွယ် အခြေအနေတစ်ခု ဖြစ်သည်။ နက်မှောင်နေသော မြူခိုးများထဲတွင် ကောင်းကင်ကြီးပေါ်၌ သက်တန့်တစ်ခု ရှိနေခဲ့သည်။ ထိုအရာက ဆက်တိုက်ပြောင်းလဲလာပြီး မြူခိုးများကို ဖောက်ထွက်ရန် ကြိုးစားနေခဲ့၏။

နေလုံးကြီးက လှည့်ပတ်လာပြီး ရေလှိုင်းမီးတောက်ဓားက တောက်ပသွားသည့် အချိန်တွင် မုန့်ချီက ဓားအင်ပါယာကို တိုက်ခိုက်လိုက်၏။ သူ၏ကိုယ်ပိုင် ချီစွမ်းအင်နှင့် ဓားသိုင်းပညာကလွဲလျှင် သူက ဤကမ္ဘာကြီးထဲတွင် ပိုင်ဆိုင်ထားခြင်း မရှိသော အခြားမည်သည့်လက်နက်နှင့် ပစ္စည်းကိုမျှ မသုံးခဲ့ချေ။

သူက လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို တက်လှမ်းရန်အတွက် သူ၏ စွမ်းအားကို စုစည်းရန် လိုအပ်၏။ ထို့ပြင် ပုန်းရှောင်ခြင်းနှင့် ကာကွယ်ခြင်းစွမ်းအင်များကလွဲလျှင် သူက တခြားသိုင်းပညာများကိုလည်း မသုံးနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သုံးရန် အခွင့်အရေး မပေးခြင်းကြောင့်လည်းဖြစ်၏။

အကယ်၍ သူက အလျင်စလို တိုက်ခိုက်လိုက်မည်ဆိုလျှင် ဓားအင်ပါယာက သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ဓားအင်ပါယာက သူ၏အားနည်းချက်များကို ရှာတွေ့သွားနိုင်ပြီး သူလည်း ရှုံးနိမ့်သွားနိုင်၏။

ပြောရမည်ဆိုလျှင် ထိုသိုင်းကွက်များကလွဲလျှင် မုန့်ချီက အကောင်းဆုံးကြိုးစားနေခဲ့၏။ သူ့အတွက်တော့ ဓားရှည်တစ်ချောင်းကို သုံးနေရသည်ဖြစ်စေ ဓားမောက်တစ်ချောင်းကို သုံးနေရသည်ဖြစ်စေ ကိစ္စမရှိခဲ့ပေ။ ထိုဓားက နေလုံးကြီးကဲ့သို့ ကြီးကျယ်ခမ်းနားလွန်းလှ၏။

ဓားအင်ပါယာကတော့ ဓားထိပ်ဖျားတွင် ရှိနေသော အစွမ်းထက်စွမ်းအားများ ကြားထဲတွင် ပိတ်မိနေခဲ့၏။ သူက ဓားထိပ်ဖျားကို အလွန်အံ့ဩစရာကောင်းစွာ လှုပ်ရှားလိုက်သည့်အတွက် ဓားက လှောင်အိမ်ထဲမှ ထွက်လာသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။

သူ၏လှုပ်ရှားမှုထဲတွင် စကြဝဠာ၏ စည်းမျဉ်းများ ပါဝင်နေပြီး မုန့်ချီ၏ ရေလှိုင်းမီးတောက်ဓားဆီမှ လွတ်မြောက်သွားခဲ့သည်။ ထိုပြောင်းလဲမှုက ခန့်မှန်း၍ မရနိုင်သလို မုန့်ချီကလည်း အချိန်မီ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။

ထိုဓားက ဓားအင်ပါယာ၏ အစွမ်းများကို ပြည့်ပြည့်ဝဝ ပြသနိုင်ခဲ့သည်။ မကောင်းဆိုးဝါးဘုရင်မ ၊ တော်ဝင်အကြံပေးနှင့် အခြားသူများကလည်း လေးစားစွာ ခေါင်းညိတ်လိုက်မိကြသည်။

ထို့နောက် ပတ်ပတ်လည်တွင် ရှိနေသော ချီစွမ်းအင်များက လှုပ်ရှားလာပြီး ဓားအင်ပါယာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာခဲ့သည်။ ဓားရှည်နှင့်အတူ ထိုအရာက နေဖောက်သက်တန့်အဖြစ် ပြောင်းလဲသွားခဲ့၏။

လူသားနှင့်ကောင်းကင် တသားတည်းအဆင့်၏ အထွဋ်အထိပ်ကို ရောက်နေသော ပညာရှင်များက ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကို စုပ်ယူနိုင်ပြီး ထိုစွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်သည်။ ကောင်းကင်ပေါ်တွင် ရှိနေသော သက်တန့်ကြီးက နေမင်းကြီးကို ထိုးဖောက်ထားခဲ့၏။ ထိုအရာက မုန့်ချီဆီကို ရောက်လာခဲ့၏။ဓားအင်ပါယာက သူ၏လှုပ်ရှားမှုကို ပြောင်းလဲလိုက်ပြီး အခွင့်အရေးတစ်ခု ဖန်တီးလိုက်သည်။

သူက သက်ရှိဗုဒ္ဓကို အနိုင်ရခဲ့ဖူးသော သတ်ဖြတ်ရေးသိုင်းကွက်တစ်ခုကို သုံးလိုက်၏။ ထိုအရာက ဓားအင်ပါယာအတွက် တူညီသော အခြေအနေတစ်ရပ်ဖြစ်သည်။ သူကတော့ အလွန်နီးကပ်နေသလို ခံစားနေရသော်လည်း ဝေးကွာနေခဲ့၏။ သူနှင့်မုန့်ချီတို့၏ အကွာအဝေးက တိုင်းတာကြည့်ရန် ခက်ခဲသည်။

တောက်ပသော ဓားအလင်းတန်းကသာ သူ၏ထက်မြက်မှုကို ညွှန်ပြနေခဲ့၏။ အဝေးမှ ရောက်လာသော ဓားအလင်းတန်းနှင့် ကောင်းကင်ကြီးကို ဖြတ်သန်းလာသော သက်တန့်ကြီးကို မြင်လိုက်ရသည့်အချိန်တွင် ကျန်းစန်းကျင်းနှင့် တစ်ခြားသူများက စိုးရိမ်ထိတ်လန့်လာကြသည်။

မုန့်ချီက သိုင်းကွက်တစ်ဝက်ခန့် ရှုံးနေသော်လည်း ဓားအင်ပါယာ၏ လက်ရှိ တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အချိန်တွင် ရင်ထဲ၌ သက်ပြင်းချလိုက်မိသည် ။ အကယ်၍ ဝမ်စစ်ယွမ်နှင့် အခြားသူများသာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် သူက ထိုကဲ့သို့ သိုင်းကွက်မျိုးကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဤကမ္ဘာကြီးထဲတွင်တော့ ဆိုးရွားသော အားနည်းချက်တစ်ခု ရှိနေသည်။ ထိုအရာက အရှိန်နှင့်တုံ့ပြန်မှု ဖြစ်၏။ အောင်အောင်မြင်မြင် ခုခံနိုင်ရန် အခွင့်အရေးက မြင့်မားနေသည့် အချိန်တွင် ခြေတစ်လှမ်းလွဲမှားသွားခြင်းက လုံးဝကို ရှုံးနိမ့်သွားနိုင်၏ ။ သို့သော် ဤကမ္ဘာကြီးထဲတွင်လည်း ဝေ့ကျင်းအဆင့် သိုင်းကွက်များ ရှိနေသေး၏။

ဝမ်စစ်ယွမ်နှင့် တခြားသူများကတော့ သူတို့၏ သိုင်းကွက်များကို ထိုကဲ့သို့ နည်းလမ်းနှင့် ဆက်သွယ်ထားလိမ့်မည် မဟုတ်ချေ ။ ထိုအရာက မုန့်ချီ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ဖြစ်နေသည်။ အကယ်၍ သူကသာ မသက်မသာ အခြေအနေကို တွန်းပို့ခံလိုက်ရမည်ဆိုလျှင် နောက်ထပ်အခွင့်အရေးကို ရှာမတွေ့နိုင်တော့ပေ။

"ဒါက..."

တိုက်ပွဲကို ကြည့်နေသည့်အချိန်မှစပြီး မကောင်းဆိုးဝါးဘုရင်မဆီမှနေ၍ ပထမဦးဆုံး အသံထွက်လာခြင်း ဖြစ်သည်။ တော်ဝင်အကြံပေးနှင့် လက်ယာအမတ်ကြီးတို့ကလည်း ရှေ့သို့တစ်လှမ်းဆီ တက်လာမိကြ၏။

ကျန်းစန်းကျင်းနှင့် တခြားသူများက အံ့သြမှင်တက်သွားကြသည်။ အမှောင်ထဲ၌ ရှိနေသော မြူခိုးများထဲတွင် တောက်ပသောကြယ်များ ပေါင်းစည်းလာပြီး အလွန်အံ့သြစရာကောင်းသော အလင်းတန်းတစ်ခု စုစည်းလာသည်။ ထိုအရာက ပြောင်းလဲမှု အနည်းငယ်လေးပင် မရှိခဲ့ပေ။

ကြယ်(၉)လုံးက အချင်းချင်းဆက်သွယ်လာပြီး ကောင်းကင်နတ်သမီးတစ်ပါးကဲ့သို့ ပြောင်းလဲလာသည်။ ထိုအရာက သူ၏စိတ်ဝိညာဉ်နှင့် အရှိန်ကို အနိုင်ရခဲ့၏။ ထိုသိုင်းကွက်က နောက်မှ တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း အရင်ဆုံး ရောက်လာခဲ့သည်။

တောက်ပသော အလင်းရောင်က ချက်ချင်းပင် တန်ပြန်တိုက်ခိုက်ခံလိုက်ရ၏။ ထိုအရာက ကမ္ဘာမြေကြီးနှင့် မှော်ဆန်သော ပတ်သက်မှုများရှိနေပြီး ဓားဆန္ဒများက လူတစ်ယောက်၏ ပင်မဝိညာဉ်ကို အံ့ဩမှင်တက်သွားစေနိုင်သည့်အတွက် မကောင်းဆိုးဝါးဘုရင်မနှင့် တခြားသူများက နောက်ထပ် ကမ္ဘာကြီးတစ်ခုကို မြင်တွေ့လိုက်ရသလို ခံစားနေရ၏။

"ဓားသိုင်းပညာက တော်တော်အံ့ဩဖို့ကောင်းတာပဲ။ သူ့မှာ ဒီလိုထူးခြားတဲ့ ဓားသိုင်းပညာမျိုး ရှိနေတယ်…."

ဓားအင်ပါယာကလည်း အလွန်လှပသော ဓားအလင်းတန်းကြောင့် ထိတ်လန့်သွားခဲ့၏။

ထို့နောက် သူက ဝမ်းသာသွားခဲ့ပြီး မသေခင် ထိုကဲ့သို့ ထိုဓားသိုင်းပညာမျိုးကို မြင်တွေ့လိုက်ရသည့်အတွက် ပျော်ရွှင်သွားသလိုမျိုး ဖြစ်သည်။ ထိုကဲ့သို့ ဓားသိုင်းကို မြင်တွေ့လိုက်ရပြီးနောက် သေရမှာကိုလည်း မကြောက်တော့ပေ။ သူကတော့ အလွန်အံ့သြစရာကောင်းသော ဓားသိုင်းပညာကို ကျေနပ်သွားသည့်အလား မျက်လုံးမှိတ်လိုက်၏။

သူ၏ စွမ်းအားများကလည်း ချီစွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ဓားထဲမှ ပြောင်းလဲမှုတချို့ ပေါ်လာခဲ့သည်။ နေလုံးကြီးကို ထိုးဖောက်လာသော သက်တန့်ကြီးကလည်း ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားလာပြီးလေစီးကြောင်းများက ကြောက်စရာကောင်းသော ဝဲကတော့ကြီးတစ်ခု ဖြစ်လာခဲ့၏။

စကြဝဠာတစ်ခုလုံး၏ စွမ်းအားများကလည်း စုပ်ယူခံလိုက်ရသလို ထင်မှတ်ရသည်။ အမှောင်ထုထဲတွင်တော့ သက်တန့်ကြီးက စက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

"ချွမ်..."

ကောင်းကင်နတ်သမီး ဓားသိုင်းကတော့ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး ဓားသွားက တိုက်ခိုက်ခံလိုက်ရသည်။ ထိုအချိန်တွင် ချီစွမ်းအင်များ အနှစ်သာရများ၏ လမ်းညွှန်မှုနှင့်အတူ ဓားအင်ပါယာက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုနှင့် ညီမျှသော ဓားသိုင်းပညာတစ်ခုကို အသုံးပြုလိုက်သည်။

ထူးဆန်းသော စုစည်းမှုများနှင့် အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများကြောင့် ဓားအင်ပါယာက မှော်ဆန်သောအရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူ၏ဓားသိုင်းက ချောမွေ့မှုမရှိသော်လည်း မကောင်းဆိုးဝါးဘုရင်မနှင့် အခြားသူများထက် အဆပေါင်းများစွာ အစွမ်းထက်နေသည်။

မကောင်းဆိုးဝါးဘုရင်မ၏ မျက်လုံးထဲတွင်တော့ ရှုပ်ထွေးနေသော ခံစားချက်များစွာ ပေါ်လာခဲ့၏ ။

မုန့်ချီက အံ့သြသွားခဲ့ခြင်း မရှိဘဲ ဓားအင်ပါယာတွင် ထိုကဲ့သို့အစွမ်းမျိုး ရှိနေသည့်အတွက် ကျေနပ်သွားခဲ့သည်။ သူက ဓားရှည်ကို လေထဲသို့ မြှောက်လိုက်ပြီး ကြောက်စရာကောင်းစွာ ခုတ်ချလိုက်၏။

ထိုခုတ်ချက်က လက်သည်းနှင့် တိုက်ခိုက်လိုက်သော နဂါးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး အလွန်ကြောက်စရာကောင်းသောစွမ်းအားများ ပါဝင်နေသည်။ ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်မှ နဂါး(၉)ကောင် လေပေါ်ပျံဝဲသိုင်းကွက်ဖြစ်သည်။ ထိုအရာကို မုန့်ချီကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်၏။

ထိုအရာက သူ၏စွမ်းအားများအားလုံးကို စုစည်းထားပြီး အလွန်ကြောက်စရာကောင်းသော အစွမ်းနှင့်အတူ ဓားအင်ပါယာကို တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် သူ့ပုံစံက အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ဓားအင်ပါယာ၏ မျက်လုံးက တစ်ဝက်ပွင့်နေပြီး သူ၏ဓားရှည်ကိုလည်း တိုက်ခိုက်မှုအတိုင်း လိုက်လျောညီထွေ လှုပ်ရှားနေခဲ့သည်။ အမှောင်ထုကြီးထဲတွင် ရှိနေသော သက်တန့်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရပြီး ဘေးနှစ်ဖက်တွင် ရှိနေသော မြေပြင်ကြီးနှင့် ဆက်သွယ်သွားခဲ့၏။

"ခလွပ်..."

ဓားအင်ပါယာက မလှုပ်မယှက် ရပ်နေခဲ့သည်။ ထိုအရာကတော့ စိန်ပွင့် တစ်ပွင့်ကို ဖြတ်လိုက်သလိုအခြေအနေမျိုးဖြစ်၏။

မုန့်ချီက သူ၏ဝေ့ကျင်းအဆင့်သိုင်းကွက်ကို နောက်တစ်ကြိမ်သုံးလိုက်သည့်အချိန်တွင် ဓားအင်ပါယာကလည်း သူ၏သိုင်းကွက်များကို ပြောင်းလဲလိုက်သည်။ သူတို့၏အရှိန်အဝါကလည်း ပြောပြ၍ မရနိုင်သောအဆင့်ထိ ရောက်လာခဲ့၏။

အမှောင်ထုကြီးထဲတွင်တော့ နေမင်းကြီး၊ ကြယ်များ၊ လေဟာနယ်တွင်းပေါက်နှင့် သက်တန့်များက ပို၍ကြမ်းတမ်းခက်ထန်လာသည့်အတွက် ကျန်းစန်းကျင်းနှင့် အခြားသူများအားလုံးက အသက်ရှူရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူတို့၏ စိတ်ဝိညာဉ် ွမ်းအားများ ကုန်ဆုံးတော့မည့်အချိန်တွင် မုန့်ချီက နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပြီး နောက်ထပ် ဓားကွက်တစ်ခု တိုက်ခိုက်လိုက်ပြန်သည်။ ထိုအရာကတော့ ပို၍ပင် ချောမွေ့ပြီး ကောင်းမွန်သော ဓားသိုင်းကွက်တစ်ခုဖြစ်၏။

ယခင်တုန်းက တိုက်ခိုက်ခဲ့သော ဓားသိုင်းကွက်ကတော့ ဦးတည်ရာမဲ့ တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။ ဓားအလင်းတန်းက အလွန်လှပပြီး ကျန်းစန်းကျင်းနှင့် အခြားသူများ၏ မျက်လုံးထဲတွင်တော့ အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

ဓားအင်ပါယာက တိုက်ခိုက်မှုကို လျင်မြန်စွာ ပြောင်းလဲလိုက်၏။ သူ့ဓားက ကောင်းကင်ကြီးကို အရိုအသေ ပေးနေသလို ထင်မှတ်ရသည်။ ထိုကဲ့သို့ ဓားသိုင်းပညာတစ်ခုကို မြင်တွေ့လိုက်ရပြီးနောက် သူက သေမှာကိုလည်း မကြောက်တော့ပေ။

"ချွမ်…"

ဓားနှစ်ခု ရင်ဆိုင်လိုက်ရပြီး သူတို့၏ဓားထိပ်ဖျားများက အချင်းချင်း တိုက်ခိုက်မိသွားသည်။

မုန့်ချီကတော့ ဓားအင်ပါယာ၏မျက်လုံးထဲတွင် ရှိနေသော ဝမ်းသာပျော်ရွှင်မှုများကို မြင်လိုက်ရသည်။ သူ၏ပုံစံက တစ်ဖက်လူ၏ မျက်လုံးထဲတွင် ထင်ဟပ်နေပြီး ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့၏။

သူတို့နှစ်ယောက်လုံးက အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။ ဓားထိပ်ဖျားနှစ်ခု အချင်းချင်း ရင်ဆိုင်မိလိုက်သည့်အချိန်တွင် အစွမ်းထက်သော ဓားချီစွမ်းအင်များ ပေါ်လာခဲ့သည်။ အနက်ရောင်အက်ကွဲကြောင်းလေးတစ်ခုလည်း ပေါ်လာခဲ့ပြီး လျင်မြန်စွာ ကြီးမားလာခဲ့သည်။ ထိုအက်ကွဲကြောင်းထဲမှာနေ၍ တောက်ပသော အလင်းတန်းလေးတစ်ခု ထွက်လာခဲ့ပြီး မြေပြင်မှနေ၍ ကောင်းကင်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

မကောင်းဆိုးဝါးဘုရင်မ၊ ကျန်းစန်းကျင်းနှင့် အခြားသူများကတော့ အမှောင်ထုကြီးထဲမှ ထွက်လာသော အဖြူရောင်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရ၏။ ထိုအရာကြောင့် တောင်ထိပ်ကြီးက လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်လာသလို ထင်ရသည်။

အလင်းတန်းထဲတွင်တော့ နတ်ဘုရားသတ်ဓား ရှောင်မုန့်နှင့် ဓားအင်ပါယာတို့ကို မြင်လိုက်ရသည်။ ထိုအရာက သူတို့ကို နောက်ဆုံးမြင်လိုက်ရခြင်းလည်း ဖြစ်၏။ ဓားအင်ပါယာ၏ အသွေးအသားများက ပြုတ်ကျပျက်စီးသွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်ကတော့ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူ့လက်ထဲတွင် ထူးဆန်းသည့် အနက်ရောင်မကောင်းဆိုးဝါး တစ်ကောင် ပျက်စီးနေခဲ့၏။ နတ်ဘုရားသတ်ဓားနှင့် သူ၏ဓားရှည်ကတော့ ထူးဆန်းစွာ စိုက်ဝင်နေခဲ့သည်။ ပြန့်ကြဲနေသော သူ၏ဆံပင်များက လေထဲတွင် လှုပ်ရှားနေခဲ့၏။ သူ၏အမူအရာကလည်း အတော်လေးကို ဝမ်းသာနေပုံရသည်။ ထိုဓားကတော့ ကောင်းကင်နတ်သမီး ဓားသိုင်းပညာဖြစ်၏။

အလင်းတန်းများက ရုတ်တရက် လင်းလက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ တောင်ထိပ်ပေါ်တွင်တော့ မည်သူ့ကိုမျှ မတွေ့ရတော့ပေ။ သူက တိုက်ခိုက်လိုက်သော်လည်း ဓားအင်ပါယာ၏ ကြည်လင်နေသော ပုံရိပ်က တဖြည်းဖြည်း အသက်ကြီးသော ခန္ဓာကိုယ်မှနေ၍ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည် ။

အနက်ရောင်ဆံပင်များကလည်း ပုခုံးပေါ်တွင် ဝဲကျနေခဲ့၏ ။ သူကတော့ ကျောက်တုံးခန်းလေးတစ်ခုထဲတွင် ပြန်ပေါ်လာသည်ဟု ဝိုးတဝါး ခံစားလိုက်ရသည်။ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က သူ့ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူက ဤနေရာတွင် အချိန်အတော်ကြာရှိတေစ်ခါတစ်ရံ အဝေးသို့ ရောက်သွားပုံရသည်။

"သူ့ပုံစံက ငါငယ်ငယ်တုန်းက အတိုင်းပဲ…”

ဓားအင်ပါယာက အလွန်ထိတ်လန့်သွားခဲ့၏။ သူ ခေါင်းထဲတွင်လည်း ထူးဆန်းသော မှတ်ဉာဏ်များစွာ ပေါ်လာပြီး သူ၏မျက်လုံးများက တဖြည်းဖြည်း ရှင်းလင်းလာသည်။

အစိမ်းဝတ်လူက မျက်လုံးဖွင့်လိုက်၏။ သူကတော့ အရာအားလုံး ရှင်းပစ်နိုင်သောာ အစွမ်းမျိုးရှိနေသလို ထင်ရသည်။

"အခု မင်းက နားလည်ပြီလား…"

သူက အေးစက်စွာ ပြောလိုက်၏။

"ငါ နားလည်သွားပြီ…"

ဓားအင်ပါယာက ရယ်လိုက်၏။

ထို့နောက် သူက ဓားချီစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အစိမ်းဝတ်လူ၏ မျက်ခုံးအလယ် တည့်တည့်ကို ပျံသန်းသွားခဲ့သည်။ အစိမ်းဝတ်လူက နောက်တကြိမ် မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းမှေးမှိန်လာပြီး အဝေးကို ရောက်သွားသလို ထင်မှတ်ရလေသည်။

Translated by Hein Htet.

All Chapters