← Chapters

အခန်း (၄၈၁)

Vol. 33 Ch. 481

အခန်း (၄၈၁)

Vol. 33 Ch. 481

လျှူရှုယူ၏ မျက်လုံးက ကွေးညွတ်သွားပြီး သူမက စိတ်ဝင်တစားအပြုံးနှင့် ပြောလိုက်သည်။

"အစ်ကိုကြီးက လုံကျိရဲ့နာမည်ကို ကြားခဲ့ဖူးလား…"

"မကြားဖူးဘူး…"

မုန့်ချီက ခေါင်းခါပြလိုက်သည်။ သူက အမှန်တကယ်လည်း ထိုနာမည်ကို လုံးဝမကြားဖူးခဲ့ချေ။

သူမက အနည်းငယ် စိတ်ပျက်သွားပုံရ၏။

"တကယ်လို့ အစ်ကိုကြီးကသာ သူ့အကြောင်းကို ကြားဖူးမယ်ဆိုရင် သူက တော်တော်လေးကို ဝမ်းသာနေမှာ။ ဒါပေမယ့်..."

"ငါ့မှာ သွားစရာကိစ္စရှိလို့ ခွင့်ပြုပါဦး…"

ကျိ သို့မဟုတ် စန်းဟူသော စကားလုံး ရှိနေသည့် မိန်းကလေးနာမည်ကို ကြားသည့်အချိန်တိုင်း မုန့်ချီက အတော်လေး မသက်မသာ ခံစားနေရသည်။ ထို့ပြင် သူ့ညီမကလည်း သူနှင့် လျှူရှုယူတို့ကို အောင်သွယ်ပေးနေသည့်အတွက် သူက ချက်ချင်းပင် စကားစဖြတ်ပြီး ထွက်လာခဲ့၏။

"ဒါဆိုရင်တော့ အစ်ကို့ကို မနှောင့်ယှက်တော့ပါဘူး။ သွားစရာရှိတာသာ သွားပါ…"

သူမက တလေးတစား ဦးညွှတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ ပေါ်မလာခဲ့ပေ။

သူတို့က အမေးအဖြေသဘောမျိုး ပြောနေကြသည့်အချိန်တွင် အခြားသူများကတော့ အစောပိုင်းတိုက်ပွဲကို ပြန်လည်စဉ်းစားနေကြ၏။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး အဖိုးတန်လက်နက် ပိုင်ဆိုင်ထားသော ကီချန်းကျိက အလွယ်တကူ ရှုံးနိမ့်သွားသည့်အတွက် သူတို့က လှုပ်ရှားနေကြသည်။ အစောပိုင်းတွင် ဖြစ်ခဲ့သောအရာများကိုလည်း သူတို့က တွေးတောနေမိကြသည်။

သတ်ဖြတ်ရေးဓားက အစွမ်းထက်ကြောင်း သိသော်လည်း ထိုမျှအစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် အားနည်းသော ဝေ့ကျင်းအဆင့် ပညာရှင်များကို ဟင်းရွက်ကန်စွန်းသဖွယ် သတ်ခဲ့သော မြေခွေးဘုရင်ကပင် သူ့လက်ထဲ၌ သေဆုံးသွားခြင်းဖြစ်၏။

လူသားနှင့် ကောင်းကင်တသားတည်း အထွဋ်အထိပ်အဆင့်က အတွင်းအပြင် ကမ္ဘာကြီးများကို တထပ်တည်းဖြစ်အောင် လုပ်ဆောင်ရခြင်းဖြစ်သည်။ တိုက်ခိုက်ရေးစက်ဝိုင်း၏ အပြင်ဘက်သို့ ထွက်လာပြီးနောက် သူက စုယွဲ့ဆီကို လျှောက်သွားခဲ့၏။

စုယွဲ့က ထူးခြားသော ရွှေရောင်ထိပ်တန်းလူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခါးတွင် မျက်လုံးတံဆိပ် ဆွဲပြားလေးတစ်ခု ချိတ်ဆွဲထားသည်။

"မင်းက ဒီနေ့ ကူချန်းချင်နဲ့ ဆက်သွယ်လို့ရခဲ့လား…"

သူက မျက်နှာပျက်ပျက်နှင့် မေးလိုက်၏။

"ရခဲ့တယ်…"

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ မုန့်ချီက မည်သည့်အရာကိုမျှဖုံးကွယ်ထားခဲ့ခြင်းမရှိဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ ဤကိစ္စက လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်းနှင့် ပတ်သက်နေသည့်အတွက် သူတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ပေ။ သူက ထိုကိစ္စ၏ တစ်ဝက်ခန့်ကို ယပ်တောင်(၆)လက်ကျောင်းဆီသို့ တာဝန်လွှဲပေးရမည်ဖြစ်သည်။ သူက ကိုယ်တတ်နိုင်သလောက်သာ လုပ်ဆောင်သည်မှာ အကောင်းဆုံးဖြစ်၏။

စုယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

"စုံစမ်းရေးမှူးချုပ်က လုပ်ကြံသတ်ဖြတ်မှု (၂)ခုနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိုးရိမ်နေတယ်။ သူကိုယ်တိုင် လော့ရန်မှာ ရှိတဲ့ ဝင်္ကပါကို အသက်သွင်းဖို့ ဘုရင်ကြီးကို တောင်းဆိုထားတယ်။ ဒါက သစ်သီးပွဲတော်မတိုင်ခင် သေချာပေါက် သတိထားရမယ့် အရာတစ်ခုပဲ။ ဝင်္ကပါက အသက်မဝင်သေးပေမယ့် မြို့နံရံထဲမှာ တစ်ခုခုထူးခြားတာ သတိထားမိပြီဆိုရင် ငါတို့က ချက်ချင်း တုံ့ပြန်နိုင်တယ်။ ဒါကြောင့် မင်းက ဝေ့ကျင်းအဆင့် တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်မရှိဘူးဆိုရင်တောင် အသက်ဆုံးရှုံးစရာတော့ မရှိတော့ဘူး။ လူသတ်သမားက မင်းကို သိုင်းကွက်(၁)ခုတည်းနဲ့ သတ်ပြီးသွားပြီဆိုရင်တောင် ထွက်ပြေးဖို့အတွက် ပြန်ပြီးစိုးရိမ်နေရလိမ့်မယ်…"

ဝင်္ကပါတစ်ခုလုံးကို အသက်သွင်းရန်အတွက် ရတနာများစွာ လိုအပ်သည်။ အကယ်၍ နန်းတော်က ကြွယ်ဝချမ်းသာလျှင်ပင် သူတို့၏ ကြွယ်ဝမှုက မကုန်ခမ်းနိုင်ခြင်း မဟုတ်ချေ။

"အဲဒီလို သိထားရတော့ ပိုကောင်းတာပေါ့…"

မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

အစောပိုင်းတွင်တော့ ယပ်တောင်(၆)လက်ကျောင်းမှ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် သို့မဟုတ် ဝမ်ကိုက်၏ အဖေကို သူ့နောက်မှ လိုက်လံစောင့်ရှောက်ပေးရန် တောင်းဆိုချင်နေခဲ့သည်။

သူရဲကောင်းအမတ်ကြီး၏ စံအိမ်ထဲမှ ထွက်လာပြီးနောက် သူက မြို့နံရံအပြင်ဘက်တွင် ရှိနေသော လက်ရုံးပို့ဆောင်ရေးအဖွဲ့ဆီကို ဦးတည်လာခဲ့သည်။ သူက အနားကို ရောက်လာသည့်အချိန်တွင် အဖြူရောင်ပိုးသားဝတ်ရုံများ ဝတ်ဆင်ထားသော နာမည်ကျော် ပို့ဆောင်ရေးအဖွဲ့ကို မြင်လိုက်ရ၏။ သူတို့၏ပုံစံက အတော်လေးကို နက်မှောင်ပြီး ကြည့်ရသည်မှာ ဆိုးရွားလှသည်။

"ဒီပို့ဆောင်ရေးအဖွဲ့ထဲမှာ ခေါင်းဆောင်တစ်ယောက်တည်းကပဲ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်မယ်ထင်တယ်။ သူမရှိရင် ဒီမှာရှိတဲ့ ဂိုဏ်းခွဲတွေက ချက်ချင်းသာမန်အဆင့် ရောက်သွားလိမ့်မယ်။ သူ့ရဲ့တပည့်တွေ မျိုးဆက်တွေကလည်း ဒီမှာပဲ အလုပ်လုပ်နေကြတာ ဖြစ်နိုင်တယ်။ သူတို့အတွက်တော့ ဒီအဖြစ်ဆိုးကြီးက တော်တော်လေးကို ဆိုးဝါးတာပဲ…."

မုန့်ချီက ထိုပို့ဆောင်ရေးအဖွဲ့ကို သေချာစစ်ဆေးကြည့်နေပြီး အံ့သြသွားခဲ့ခြင်း မရှိချေ။

ထိုအချိန်တွင် ဝါးခမောက် ဆောင်းထားသော လူတစ်ယောက်က ပို့ဆောင်ရေးအဖွဲ့အထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည့်အတွက် သူလည်း သတိထားနေခဲ့၏။ မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး ချက်ချင်း ပုန်းနေခဲ့သည် သူက မြို့အပြင်ဘက် နံရံနားသို့ ကပ်သွားပြီး ငိုကြွေးသံများကြားထဲတွင် ခြံဝင်းထဲသို့ ခိုးဝင်သွားခဲ့၏။ သူက သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ပုန်းအောင်းနေခဲ့သည်။

ငိုကြွေးနေသော သက်လတ်ပိုင်းလူကြီးက တစ်ဖက်လူကိုကြည့်ပြီး ပြောလိုက်၏။

"ဒီကို ဘာကိစ္စရောက်လာတာလဲ မိတ်ဆွေ…"

ထိုလူက သူ၏ဝါးဦးထုပ်ကိုချွတ်လိုက်ပြီး မျက်နှာပျက်ပျက်နှင့်ပြောလိုက်၏။

"ငါက ပစ္စည်းလာယူတာ…"

"ဘာပစ္စည်းလဲ…"

သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်လိုက်သည်။

"လော့ရန်ကို ပို့ပေးဖို့ မင်းတို့ပို့ဆောင်ရေးအဖွဲ့ကို တာဝန်ပေးလိုက်တဲ့ ပစ္စည်း…"

ဝါးခမောက် ဆောင်းထားသောလူ၏ အသံထဲတွင် ဒေါသများ ပြည့်လာသည်။

"တကယ်ပဲ အဲဒီအတွက်ကြောင့်ကိုး…"

မုန့်ချီက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်ပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူ၏အခြေအနေက ကမ္ဘာမြေကြီးနှင့် တသားတည်း ဖြစ်နေသည့်အတွက်ကြောင့် ခေါင်းထဲတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။

နောက်ဆုံးတွင်တော့ ဧည့်သည်က မည်သည့်အရာကို ဆိုလိုနေကြောင်း သက်လတ်ပိုင်းလူကြီးက နားလည်သွားခဲ့သည်။ သူက ဒေါသထွက်နေသော်လည်း စိတ်ထိန်းနိုင်ခဲ့၏။ သူတို့အဖွဲ့ကို ပို့ခိုင်းလိုက်သော ပို့ဆောင်ရေးပစ္စည်းကြောင့် သူတို့၏အဖွဲ့ခေါင်းဆောင်နှင့် နောက်လိုက်ပေါင်းများစွာ ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ရသည့်အတွက် ထိုအရာကို အလွန်မုန်းတီးနေခဲ့သော်လည်း ပစ္စည်းပျောက်ပျက်သွားသည့်အတွက် အိုးတိုးအမ်းတမ်း ဖြစ်သွားသလို ခံစားနေရသည်။ အဆုံးတွင်တော့ သူက ဒေါသကို အကောင်းဆုံးဖိနှိပ်ပြီး ပြောလိုက်၏။

"ပစ္စည်းပျောက်သွားတဲ့အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး မိတ်ဆွေ။ ကျွန်တော်တို့ပို့ဆောင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်က လူတွေလက်ထဲမှာ သေသွားခဲ့တယ်။ ကျေးဇူးပြုပြီး ပစ္စည်းရှာဖို့အတွက် ကျွန်တော်တို့ကို အချိန်ခဏပေးပါ။ တကယ်လို့ ကျွန်တော်တို့ဆီကနေ လျော်ကြေးတောင်းမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး…"

အပ်နှံသူက တာဝန်နှင့် ပတ်သက်သော စွန့်စားမှုများကို အသေးစိတ် ပြောပြထားခြင်းရှိမရှိက ကိစ္စမရှိတော့ချေ။ အဖွဲ့ခေါင်းဆောင်က တောင်းဆိုမှုကို လက်ခံခဲ့သည့်အတွက် ပို့ဆောင်ရေးအဖွဲ့က ထိုတာဝန်ကို သေချာပေါက်ယူရမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ထိုအရာက သက်လတ်ပိုင်းလူကြီး ပြန်ဖြေနိုင်သော တစ်ခုတည်းသော အဖြေလည်းဖြစ်၏။ မဟုတ်လျှင် သူတို့ပို့ဆောင်ရေးအဖွဲ့၏သတင်းက ပျက်စီးသွားနိုင်ပြီး ဆက်လက်လည်ပတ်ရန် ခက်ခဲသွားပါလိမ့်မည်။

ဝါးခမောက်ဆောင်းထားသူက ဒေါသကို ထိန်းထားရန် မနည်းကြိုးစားနေပုံရ၏။

"မင်းတို့က အဲဒါကို ပျောက်သွားတာလား။ ဘယ်လိုပျောက်သွားခဲ့တာလဲ…"

သက်လတ်ပိုင်းလူကြီးက ဖြစ်ခဲ့သည့်အရာ အသေးစိတ်ကို ပြန်လည်စဉ်းစားလိုက်ပြီး ဧည့်သည်ကို ပြောပြလိုက်သည်။ အဆုံးသို့ ရောက်သည့်အချိန်တွင်တော့ သူ့အသံက တိတ်ဆိတ်သွားခဲ့ပြီး ဝမ်းနည်းစွာ ပြောလိုက်၏။

"ကျွန်တော်တို့က အဖွဲ့(၂)ဖွဲ့ခွဲပြီး သွားခဲ့ပေမယ့် အကုန်လုံး သေဆုံးသွားခဲ့တယ်။ ပို့ဆောင်တဲ့ပစ္စည်းက လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းရဲ့ လက်ထဲကို ရောက်သွားပြီထင်တယ်…"

မုန့်ချီက ကူချန်းချင်ကို ကယ်တင်သွားသည့်အကြောင်း ထိုလူက သိပုံမရချေ။ ထို့ကြောင့် ကူချန်းချင်က ပုန်းအောင်းနေသေးပြီး လက်ရုံးပို့ဆောင်ရေးအဖွဲ့ကို မဆက်သွယ်ရသေးကြောင်း ဆိုလိုနေခဲ့၏။

ဝါးခမောက်ဆောင်းထားသော လူက အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့ပြီး ဒေါသထွက်လိုက် တည်ငြိမ်လိုက် ဖြစ်နေခဲ့၏။

"တကယ်လို့ မင်းတို့ဆီမှာ ပို့ဆောင်ရေးပစ္စည်းနဲ့ ပတ်သက်တဲ့သတင်းရမယ်ဆိုရင် ကျေးဇူးပြုပြီး တံခါးမှာ မှတ်ချက်ရေးထားပေးပါ…"

သူကတော့ ထိုစကားသာ ပြောခဲ့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့၏။ သူက လျော်ကြေးတောင်းရန်ကိစ္စကိုလည်း လုံးဝမပြောခဲ့ပေ။ ကြည့်ရသည်မှာ အကျိုးဆက်ကို အသေးစိတ် စဉ်းစားရှာဖွေနေချင်ပုံရ၏။

မုန့်ချီကတော့ ငှက်ကြီးတစ်ကောင်ကဲ့သို့ သစ်ပင်ပေါ်မှ လေဟုန်စီးလာပြီး နံရံပေါ်ကို ခုန်ချလိုက်သည်။ သူက အဝေးမှနေ၍ ထိုလူ၏နောက်ကို တိတ်တဆိတ် လိုက်သွားခဲ့၏။ အကယ်၍ သူကသာ ပို့ဆောင်ရေးပစ္စည်း၏ ရည်ရွယ်ချက်ကို ရှာတွေ့မည်ဆိုလျှင် သူ့ကို ပစ်မှတ်ထားအောင် လမ်းလွှဲနိုင်ပြီး သူတို့ကိုသတ်ပစ်နိုင်သည်။ ထိုသို့ဆိုလျှင် လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းတို့၏ အကြံအစည်များက ကျရှုံးသွားနိုင်၏။

ဝါးခမောက်ဆောင်းထားသော လူက အလွန်သတိထားနေပုံရပြီး လမ်းသွယ်လမ်းကြားလေးထဲတွင် အကြိမ်ပေါင်းများစွာ ကွေ့ပတ်သွားလာနေခဲ့သည်။ မုန့်ချီ၏ ဖုံးကွယ်နိုင်သော စွမ်းရည်ကြောင့်သာ မဟုတ်လျှင် သူက ထိုလူကို မျက်ခြေပြတ်သွားလောက်ပါပြီ။

ထိုလူက ရုတ်တရက် ပြန်လှည့်သွားပြီး လက်ရုံးပို့ဆောင်ရေးအဖွဲ့၏ ဝင်ပေါက်ဆီကို ပြန်ရောက်လာခဲ့၏။ ထိုလမ်းကြား၏ ဝင်ပေါက်တွင် မြင်းလှည်းတစ်စီးစောင့်နေပြီး မြင်းက တိတ်တဆိတ် ဟီလိုက်သည်။ သူက မည်သည့်ခံစားချက်မျှမရှိဘဲ မြင်းလှည်းကို ဖြတ်ကျော်သွားခဲ့သည်။ ထို့နောက် ရုတ်တရက်ပြန်လှည့်လာပြီး မြင်းလှည်းထဲကို တရှိန်ထိုးပြေးဝင်သွားခဲ့၏။

"သူက မြင်းလှည်းထဲကို မဝင်ဘဲ လှည့်ပတ်သွားတယ်ဆိုတာ သူ့နောက်ကို နောက်ယောင်ခံ လိုက်လာတာရှိမရှိ မြင်းလှည်းထဲက လူကို စစ်ဆေးခိုင်းလိုက်တာလား…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။ ထိုသူများက အမှန်တကယ်ကို ဉာဏ်များလှသည်။

သူက ရုပ်ရည်နှင့် အငွေ့အသက်ကို ဆက်တိုက်ပြောင်းလဲနေသော်လည်း သက်လတ်ပိုင်းလူကြီးကတော့ နောက်တွင် တစ်စုံတစ်ယောက် လိုက်လာသည့်အလား အလွန်သတိထားနေခဲ့၏။ ခေါင်းထဲ၌ ထိုအတွေးပေါ်လာသည့်အချိန်တွင် သူ့ကို ကြည့်နေသော မျက်လုံးတစ်စုံကို ခံစားမိလိုက်သည်။ ထိုမျက်လုံးများက သူ့ကိုသာ စိုက်ကြည့်နေခြင်းဖြစ်၏။

မြင်းက ကျယ်လောင်စွာ ဟီလိုက်ပြီး မြို့နံရံ အပြင်ဘက်သို့ ဦးတည်နေသော လမ်းအတိုင်း ပြေးသွားခဲ့သည်။ မုန့်ချီကတော့ သူ့ကိုယ်သူဖုံးကွယ်ထားရန် စိုးရိမ်နေခြင်း မရှိတော့ချေ။ သူက မြင်းလှည်း၏နောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားခဲ့ပြီး ထိုခရီးသည်၏ အငွေ့အသက်ကို ဆက်လက်စစ်ဆေးနေခဲ့၏။

သူက တစ်ရှိန်ထိုး ပြေးထွက်လိုက်သည့် အချိန်တွင် (၁၀)မီတာခန့် အကွာအဝေးက လျင်မြန်စွာ နီးကပ်သွားခဲ့၏။ ထိုအချိန်တွင် သူတို့(၂)ယောက်၏ အကြည့်က နောက်တစ်ကြိမ် ဆုံသွားခဲ့သည်။

"ဘုန်း…"

သူတို့၏အငွေ့အသက်များက လျှပ်စီးကြောင်းတစ်ခု တိုက်ခိုက်လိုက်သလို ဖြစ်နေသည်။ မြင်းလှည်းထဲတွင် ရှိနေသူကလည်း မုန့်ချီ၏ အငွေ့အသက်ကို ပစ်မှတ်ထားနေပုံရ၏။ ထိုအရာကတော့ မျက်လုံးနှင့်နားကို ပိတ်လိုက်သလို ဖြစ်နေသည်။

အကယ်၍ မုန့်ချီက သူ၏အာရုံကိုသာ အဓိကအလေးထားနေမည်ဆိုလျှင် မြင်းလှည်းက သူ၏အာရုံခံနိုင်စွမ်းအတွင်းမှ ပျောက်ကွယ်သွားကြောင်း သတိထားမိပါလိမ့်မည်။ သူ၏စိတ်ဝိညာဉ်ပင်လယ်ကြီးကလည်း ဝေဝေဝါးဝါး ဖြစ်နေခဲ့၏။

မုန့်ချီက လမ်းတစ်ဖက်သို့ ပြန်ဆုတ်သွားခဲ့ပြီး မြင်းပေါင်းများစွာက မြင်းလှည်းနှင့်အတူ တဟုန်ထိုး ပြေးထွက်သွားကြောင်းသာ မြင်လိုက်ရသည်။ ယခုအချိန်တွင် သူတို့ကို ရှာဖွေရမည်မှာ ပို၍ကြီးမားသော စိန်ခေါ်မှုဖြစ်နိုင်၏။

"အဲဒါက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့် ရှိနေတဲ့ ပညာရှင်တစ်ယောက်ပဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

အစောပိုင်း အငွေ့အသက် ပြိုင်ဆိုင်မှုတွင် သူက တစ်ဖက်လူ၏အစွမ်းကို သိခွင့်ရခဲ့သည်။ သူ့ဒဏ်ရာကြောင့်သာ မဟုတ်လျှင် သူ့လက်ထဲမှ ထွက်ပြေးရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သို့သော် မြင်းလှည်းပေါ်တွင် ရှိနေသောလူက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုခဲ့၏။ အကယ်၍ သူက အထွဋ်အထိပ်အခြေအနေ၌ ရှိနေခဲ့လျှင်ပင် သူတို့ကို စစ်ဆေးနိုင်ဦးမည် မဟုတ်ချေ။

"အဲဒီအငွေ့အသက်တွေအရ မြင်းလှည်းပေါ်မှာရှိတဲ့ လူက ရန်ချုံမဟုတ်ဘူး။ ဘယ်သူများ ဖြစ်နိုင်မလဲ…"

မုန့်ချီက ခေါင်းပေါက်မတတ် စဉ်းစားနေသော်လည်း အဖြေမရခဲ့ပေ။ လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်နေသော လူငယ်မှတ်တမ်းမှ ပညာရှင်များကို လက်ချိုးရေတွက်၍ရသော်လည်း ထိုအရာက သူကိုယ်တိုင်၊ ရန်ချုံ၊ လျှူစု၊ အသူရာကျောင်းဆောင်မှ လော်ဟို၊ သန့်စင်နေမင်းဂိုဏ်းမှ တျန်းစစ်၊ အဆင့်မြင့်ခရမ်းရောင်ဓား ကွေကျိတို့ မဟုတ်ကြချေ။

ထို့ကြောင့် ထိုစာရင်း၏ အပြင်ဘက်တွင် မည်ကဲ့သို့သော ပညာရှင်မျိုး ရှိနေကြောင်း သူလည်းမသိချေ။ ယခင်မျိုးဆက်များကို လွှမ်းမိုးလာနိုင်သော လူငယ်ပေါင်းမြောက်များစွာ ရှိနေပြီး သူတို့က တစ်ဆင့်ထက်တစ်ဆင့် ပို၍ အစွမ်းထက်လာကြ၏။

ကြည့်ရသည်မှာ မုန့်ချီက သူ၏လမ်းကြောင်းအတွက် အကြံဉာဏ်တောင်းနေသော သိုင်းသင်တန်းကျောင်းဆရာကဲ့သို့ ဖြစ်နေသည်။ အဆင့်နိမ့် မကောင်းဆိုးဝါး ဝိညာဉ်များက လူသတ်ခြင်းကို မွေ့လျော်ပြီး အလောင်းများကို ဖျက်ဆီးတတ်၏။

မုန့်ချီက သေသေချာချာစဉ်းစားကြည့်လိုက်ပြီးနောက် ခန့်မှန်းမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက လက်ရုံးပို့ဆောင်ရေးအဖွဲ့ကို ရှောင်သွားလိုက်ပြီး သူနှင့်ကူချန်းချင်တို့ သဘောတူထားသော ခြံဝင်းငယ်လေးတစ်ခုဆီသို့ ဦးတည်လာခဲ့သည်။

ထိုတာဝန်ပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီက အနီးအနား၌ ရှိနေသော သီးသန့်ခြံဝင်းတစ်ခုထဲတွင် ပုန်းအောင်းနေပြီး ကူချန်းချင်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။

ထိုကိစ္စက အမှန်တကယ်ကို အရေးပါသည်။ သူက ထွက်သွားရန် ရွေးချယ်ခဲ့ခြင်းမရှိဘဲ အမှတ်အသားကိုမြင်ပြီး ကူချန်းချင် လာရှာသည့်အချိန်ထိ စောင့်နေခဲ့၏။ သူကတော့ မထင်မှတ်ထားသော အရာများကို မဖြစ်ချင်ခဲ့ပေ။

မြေခွေးဘုရင်ကို စောင့်ဆိုင်းနေခဲ့ရသည့် အတွေ့အကြုံကြောင့် သူ၏ခံစားချက်များက သက်ရောက်ခြင်း မရှိချေ။ သူကတော့ အနည်းငယ်လေးပင် စိုးရိမ်နေခြင်း မရှိသလို စိတ်ဓာတ်ကျနေခြင်လည်း မရှိပေ။ သူက ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသလို ခံစားနေရပြီး ထိုနေရာတွင် သစ်ပင်ကြီးတစ်ခု၏အမြစ်ကဲ့သို့ဖြစ်လာ၏။

နံနက်ခင်းနေရောင်ခြည်က ထူးထူးခြားခြားကို တောက်ပလွန်းလှပြီး အိပ်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။ ထိုအချိန်တွင် မလှမ်းမကမ်းမှနေ၍ သစ်ပင်ခေါက်သံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် အရိပ်တစ်ခုကလည်း အနားသို့ ကပ်လာခဲ့၏။

အမှတ်အသားကို မြင်သည့်အချိန်တွင် သူက ခဏရပ်လိုက်ပြီး ခြေလှမ်းကို မြန်လိုက်သည်။ သူ၏ပုခုံးက ရုတ်တရက် လေးလံသွားသလို ခံစားလိုက်ရပြီးနောက် တစ်နေရာသို့ ဆွဲခေါ်ခံလိုက်ရသည့်အတွက် မျှခြေပျောက်ကွယ်သွားသည်။

"ငါပါ…"

ကူချန်းချင်၏ နားထဲတွင် အလွန်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည့်အတွက် သူ့ဓားကို ဆွဲမထုတ်တော့ပေ။

"မင်းက အဆင်ပြေရဲ့လား…"

"ရှောင်မုန့် …

ပို့ဆောင်ရေးပစ္စည်းက အခိုးခံလိုက်ရပြီ…"

သူတို့(၂)ယောက်လုံး တပြိုင်တည်း ပြောလိုက်မိ၏။

"ဘယ်လို…"

မုန့်ချီလည်း အံ့ဩသွားခဲ့သည်။

ကူချန်းချင်၏ လက်ထဲတွင် ရှိနေသော ပို့ဆောင်ရေးပစ္စည်းက အခိုးခံလိုက်ရလိမ့်မည်ဟု သူလည်း မထင်မှတ်ထားခဲ့ချေ။ သူကတော့ အလွန်ထိတ်လန့်သွားခဲ့သည့်အတွက် အသက်ရှူသံများပင် မြန်လာခဲ့သည်။ အစောပိုင်းတွေ လှုပ်ရှားနေသော ခံစားချက်များကလည်း ချက်ချင်းပင် ခြေရာလက်ရာမရှိ ပျောက်သွားခဲ့၏။

"တစ်ယောက်ယောက်က ငါ့နောက်ကို လိုက်လာတယ်။ သူက ငါ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်…"

မုန့်ချီက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

အကယ်၍ ကူချန်းချင်၏ သတင်းနှင့် တိကျသော အာရုံခံနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် သူက ထိုလူကို သတိထားမိလိမ့်မည်မဟုတ်ချေ။

"မင်းက ဒဏ်ရာမရခဲ့ဘူးလား ။ ဘယ်လိုဖြစ်ပြီး အခိုးခံလိုက်ရတာလဲ…"

သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ မေးလိုက်သည်။

"ငါက အဖွဲ့ခေါင်းဆောင်ပြန်လာလားဆိုတာ သိချင်တဲ့အတွက် ပို့ဆောင်ရေးအဖွဲ့နားကို ရောက်သွားခဲ့တယ် ။ အဲဒီအချိန်ကျမှပဲ သူသေသွားတာကို ကြားလိုက်ရတာ…"

ကူချန်းချင်က စိတ်ဓာတ်ကျနေပုံရသည်။

"ငါက ပြန်ပုန်းနေရမလား ၊ မပုန်းရဘူးလား တွေဝေနေတဲ့အချိန်မှာ ငါ့ရဲ့ခံစားချက်တွေကိုလည်း မထိန်းချုပ်နိုင်ဘူး။ အဲဒီအချိန်မှာ ငါပုန်းနေတဲ့နေရာက မတော်တဆ ပေါ်သွားခဲ့တယ်။ တရားခံက ငါ့ကိုရှာတွေ့သွားပြီး ငါ့ကို သတိလစ်အောင် လုပ်ခဲ့တယ်။ ပြီးတော့ ပို့ဆောင်ရေးပစ္စည်းကိုလည်း ယူသွားခဲ့တယ်။ ငါ့ရဲ့သွေးကြောတွေ ပြန်ပွင့်လာတဲ့အချိန်မှာ ငါ့ကြောင့် အဖွဲ့ထိခိုက်မှာကို စိုးရိမ်နေတဲ့အတွက် တစ်ယောက်တည်း ထွက်သွားခဲ့တယ်…."

"မင်းက အသက်ရှင်နေသေးတယ်ဆိုတော့ မကောင်းဆိုးဝါးတွေရဲ့လုပ်ရပ်တော့ မဖြစ်နိုင်ဘူး။ မင်းက သူ့ရဲ့မျက်နှာကို မှတ်မိလား။ ဒါမှမဟုတ် ထူးခြားတဲ့တစ်ခုခုကို မှတ်မိလား…"

မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။

ကူချန်းချင်က ခေါင်းခါပြလိုက်သည်။

"သူက မျက်နှာဖုံးတစ်ခုနဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ထားတယ်…."

"ဘယ်လိုမျက်နှာဖုံးမျိုးလဲ…"

ကူချန်းချင်က မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

"အဲဒါက ကလေးတွေ ကစားနေတဲ့ ဘိုးဘေးကွမ်ချန်း မျက်နှာဖုံးလိုမျိုးပဲ။ ဟုတ်တယ် အဲဒါပဲ။ ဘိုးဘေးကွမ်ချန်းမျက်နှာဖုံး…"

"ဘိုးဘေးကွမ်ချမ်းလား … သေစမ်း ငါ သူ့ကိုမမှတ်မိခဲ့ဘူး။ ငါတို့က အဖွဲ့တစ်ဖွဲ့ထဲမှာ ရှိနေခဲ့တာပဲ…"

မုန့်ချီက နဖူးပေါ်မှ ကျဆင်းလာသော ချွေးများကို သုတ်လိုက်သည်။

"ချန်းချင် …

အရင်ဆုံး ငါက မင်းနေလို့ရမယ့်နေရာတစ်ခုကို ပို့ပေးမယ်။ အခုတော့ မင်းက ထွက်မလာနဲ့ဦး…."

"ပြဿနာမရှိဘူး…"

ကူချန်းချင်က အကြံပေးချက်ကို သဘောတူ၍ ပြန်ဖြေလိုက်သည်။

သူတို့(၂)ယောက် လမ်းကြားလေးထဲမှ ထွက်သွားသည့်အချိန်တွင် အမှောင်ထဲမှနေ၍ လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူ၏ခါးတွင် ရွှေမျက်လုံးတစ်ခုကို ချိတ်ထားခဲ့၏။

"ဒါဆိုရင် ပို့ဆောင်ရေးပစ္စည်းက သူနဲ့အတူမရှိတာ အမှန်ပဲပေါ့…"

ထိုသူကတော့ အချိန်တော်တော်ကြာ ပျောက်ကွယ်သွားခဲ့ခြင်း မရှိဘဲ လေဟာနယ်ထဲတွင် ဝဲကတော့တစ်ခု ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူ့ကိုကြည့်ပြီး သံသယဝင်စွာ ရေရွတ်လိုက်၏။

"ဘာလို့ သူက ငါ့ကို ကိုယ်တိုင်လာဖို့ အမိန့်ပေးရတာလဲ။ ယပ်တောင်(၆)လက်ကျောင်းက ဒီကိစ္စကို ကိုင်တွယ်နိုင်တယ် မဟုတ်ဘူးလား.."

Translated by Hein Htet.

All Chapters