← Chapters

အခန်း (၄၈၂)

Vol. 33 Ch. 482

အခန်း (၄၈၂)

Vol. 33 Ch. 482

မုန့်ချီက ကူချန်းချင်ကို အမတ်ကြီးဝမ်၏ ရဲတိုက်သို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ကျိုးနိုင်ငံ ဝမ်မိသားစုက စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဆိုလျှင်ပင် သူတို့က လူ့ကျင့်ဝတ်အခြေခံများကို လိုက်နာနေသေးသည်။ ထို့ပြင် ဝမ်ကိုက်အပေါ် သူ၏နားလည်မှုများအရ ပို့ဆောင်ရေးပစ္စည်းကို ဆုံးရှုံးသွားခဲ့သော ကူချန်းချင်က ထိုနေရာတွင် အန္တရာယ်မရှိနိုင်ပေ။

သူတို့က ရဲတိုက်ထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် ဝမ်ဝမ်းရှန်က သူတို့ကို ကိုယ်တိုင်လာရောက် နှုတ်ဆက်ခဲ့သည်။ သူက ဖြစ်ခဲ့သည့်အရာများကို အသေးစိတ် နားလည်သွားပြီးနောက် အစေခံများကို အမိန့်ပေးပြီး ကူချန်းချင်ကို ဧည့်သည်ခြံဝန်းထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ သူကတော့ ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေပြီး အခြေအနေကို သုံးသပ်နေခဲ့၏။

"ဒဏ္ဍာရီတွေ ၊ အင်မော်တယ်တွေ၊ ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်း သူတို့တွေ တစ်ခုပြီးတစ်ခု လော့ရန်မှာ ပေါ်လာကြတယ်။ သူတို့ရဲ့ပစ်မှတ်က ဘာလဲ…"

မုန့်ချီ နောက်တစ်ကြိမ် မမေးရသေးခင် သူက အကြိမ်ကြိမ် စဉ်းစားနေပုံရ၏။ ဒဏ္ဍာရီများက အိမ်ရှေ့မင်းသားကို ပွင့်ပွင့်လင်းလင်း လုပ်ကြံသတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်က နန်းတွင်းထဲတွင် ရှိနေသော အမတ်ကြီးများကြားထဲတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ကြည့်ရတာတော့ ပို့ဆောင်ရေးပစ္စည်းက တစ်စုံတစ်ခုနဲ့ ပတ်သက်နေတယ် ထင်တယ်။ တကယ်လို့ ကျွန်တော်တို့က အဲဒီပစ္စည်းရဲ့တန်ဖိုးနဲ့ တည်နေရာကို သတ်မှတ်နိုင်မယ်ဆိုရင်တော့ နောက်ကွယ်မှာ ရှိနေတဲ့ အကြံအစည်တွေအားလုံးကို ဖော်ထုတ်နိုင်လိမ့်မယ်…"

သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"အခုတော့ ပို့ဆောင်ရေးပစ္စည်းက ဖျက်ဆီးရေးဂိုဏ်း ၊ လော်အဖွဲ့အစည်းနဲ့ အင်မော်တယ်တွေဆီမှာ ရှိနေနိုင်တယ်။ ကျွန်တော်တို့က ပို့ဆောင်ရေးအဖွဲ့ကို ပစ္စည်းပို့ခိုင်းလိုက်တဲ့သူကိုပဲ အရင်ဆုံး စုံစမ်းသင့်တာ..."

ဝမ်ဝမ်းရှန်က မုန့်ချီ ရှေ့တွင် ဆက်၍လျှောက်နေသေး၏။

"တကယ်လို့ ပို့ဆောင်ရေးအဖွဲ့ကို ပစ္စည်းပို့ခိုင်းလိုက်တဲ့သူက အရာအားလုံးကို သိနေမယ်ဆိုရင် ပစ္စည်းပျောက်သွားတာကို သိတာနဲ့ သူတို့က ဒီသတင်းကို သေချာပေါက် ဖြန့်လိုက်မှာပဲ။ တကယ်လို့ သူတို့ဆီမှာရှိတဲ့ အစိတ်အပိုင်းက အမှားဖြစ်နေမယ်ဆိုရင်တောင် လော်အဖွဲ့အစည်း ၊ ဖျက်ဆီးရေးဂိုဏ်းနဲ့ အင်မော်တယ်တွေကလည်း အဲဒီအရာကို ရမှာမဟုတ်ဘူး။ တကယ်လို့ ငါတို့က အဲဒီအရာကိုရှာတွေ့မယ်ဆိုရင်တောင် အကူအညီမဖြစ်မှာ စိုးရတယ်..”

“သူတို့က သတင်းကို မဖြန့်သေးတာလည်း ဖြစ်နိုင်ချေရှိတယ်။ ကျွန်တော်တို့က သက်သေတွေအားလုံးကိုတော့ အလွယ်တကူ လက်လွှတ်လို့ မရဘူး…"

မုန့်ချီက သူ၏ထင်မြင်ချက်ကို ပြောလိုက်သည်။ ဥပမာအနေနှင့် ပြောရလျှင် သံသရာတာဝန်များအကြောင်း ရှာတွေ့သွားသူတိုင်းက သေဆုံးရမည်သာ ဖြစ်၏။ ထိုအရာကတော့ ပို့ဆောင်ရေးအဖွဲ့အတွက် အင်မော်တယ်များနှင့် ပူးပေါင်းပြီး ရှာဖွေခြင်းကလည်း အဖြေတစ်ခုဖြစ်နိုင်သည်။

"မင်းပြောတာဟုတ်တယ်။ ငါက ဒီကိစ္စကို စုံစမ်းဖို့ ယပ်တောင်(၆) လက်ကျောင်းကို အမိန့်ပေးလိုက်မယ်…"

ဝမ်ဝမ်းရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ထိုအရာကတော့ နန်းတွင်းအဖွဲ့အစည်းတစ်ခု၏ စွမ်းအားလည်း ဖြစ်၏။

"ဦးလေး …

လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့ရဲ့တည်နေရာကိုရော ရှာတွေ့ပြီလား…"

မုန့်ချီက မေးလိုက်သည်။

ဝမ်ဝမ်းရှန်က ခေါင်းခါပြလိုက်၏။

"ယပ်တောင် (၆) လက်ကျောင်းက အကောင်းဆုံး ကြိုးစားနေပြီး လော့ရန်မှာရှိတဲ့ အထက်တန်းလွှာမိသားစုတွေ၊ နယ်မြေခံတွေကို အသုံးချနေပေမယ့် ဘယ်နေရာမှာမှ မတွေ့ရဘူး။ သူတို့က လော့ရန်ကို လုံးဝရောက်မလာသလိုတောင် ထင်နေရတယ်။ သူတို့က လေထဲမှာ ပျောက်ကွယ်သွားတယ်ဆိုတော့ ငါတို့မထင်ထားတဲ့နေရာတစ်ခုမှာ ပုန်းအောင်းနေတာလည်း ဖြစ်နိုင်တယ်…”

“မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ရဲ့ အမွေအနှစ်တွေက အရမ်းကို ရှေးကျလွန်းတယ်။ ငါတို့လက်ရှိတိုင်းပြည်ထက်တောင် ပိုပြီးတော့ အသက်ကြီးတယ်လို့ ပြောလို့ရတယ်။ ဒီတော့ သူတို့မှာ ဖုံးကွယ်ထားနိုင်တဲ့ အဆင့်အတန်းမျိုးရှိတာ သာမန်ပါပဲ။ ဒါကတော့ အတွေ့အကြုံရှိတဲ့လူတစ်ယောက်ရဲ့ လွှမ်းမိုးနိုင်တဲ့ အခြေအနေတွေပဲ…"

"ဒါဆိုရင် ဒဏ္ဍာရီတွေရော..."

မုန့်ချီက တစ်ယောက်တည်း သက်ပြင်းချပြီး ပြောလိုက်၏။

"သူတို့လည်း အတူတူပဲ…"

ဝမ်ဝမ်းရှန်၏ အမူအရာက အနည်းငယ် တည်ငြိမ်နေပုံရသည်။

ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည့်အတွက် မုန့်ချီက ပြောလိုက်၏။

"ဦးလေး …

လက်ရုံးပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က ဦးလေးရဲ့မိတ်ဆွေဟောင်း မဟုတ်လား။ သူ့ရဲ့ခန္ဓာကိုယ်ကို တွေ့ခဲ့တဲ့အချိန်မှာ သဲလွန်စတစ်ခုခုများ တွေ့ခဲ့ရသေးလား…"

"ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင် အပျက်အစီးကို ကြည့်လိုက်မယ်ဆိုရင် သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကတော့ ကောင်းကင်ဖျက် မကောင်းဆိုးဝါး (၈)ယောက်ထဲက ပုံရိပ်ယောင်နတ်ဆိုးရဲ့လက်ချက်ပဲ။ အနီးအနားမှာ သတ်ဖြတ်ရေး(၆)သွယ် လက်ဝါးသိုင်းရဲ့ အငွေ့အသက်တွေကိုလည်း တွေ့ခဲ့ရတယ်။ ငါ့အထင်တော့ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားလည်း ပေါ်လာမယ်ထင်တယ်…"

ဝမ်ဝမ်းရှန်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားလား…"

မုန့်ချီကတော့ ရေတွင်းထဲတွင် ရှိနေသော ဖားသူငယ်တစ်ကောင်ကဲ့သို့ ခံစားနေရသည်။ ကူချန်းချင်က ဖြစ်ခဲ့သည့်အရာများကို ရှင်းပြခဲ့သည့်အတွက် ဖျက်ဆီးရေးဂိုဏ်းမှ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားလည်း ထိုကိစ္စတွင် ပါဝင်နေကြောင်း သိခဲ့ရသည်။ သူ့ခေါင်းထဲတွင် ပေါ်လာသော အချက်အလက်များအရ ထိုအရာက အရေးမပါသော မကောင်းဆိုးဝါးလူသား တစ်ယောက် ဖြစ်မည်ဟုသာ တွေးခဲ့မိသည်။

ဝမ်ဝမ်းရှန်က ပြုံးလိုက်၏။

"မင်းက သူ့ကိုမသိတာ နားလည်ပေးလို့ ရပါတယ်။ ဘုန်းတော်ကြီးကုံဝမ်က မကောင်းဆိုးဝါးသခင်ကို ဖိနှိပ်ခဲ့တဲ့အချိန်မှာ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားကလည်း ဖျက်ဆီးရေးဂိုဏ်းကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တယ်။ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားတိုင်းက ကလန်ခေါင်းဆောင် ဖြစ်လာတာ မဟုတ်ပေမယ့် သတ်ဖြတ်ရေး(၆)သွယ် လက်ဝါးသိုင်းကို သင်ယူနိုင်တဲ့လူတိုင်းကတော့ အနာဂတ်ရဲ့ ကလန်ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တာပဲ…"

"ဒါဆိုရင်တော့ သူက တကယ့်ထိပ်သီးပညာရှင်တစ်ယောက်ပဲ…"

မုန့်ချီအတွက်တော့ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားက လော်အဖွဲ့အစည်းမှ နတ်ဘုရားမကဲ့သို့ ဖြစ်နေသည်။ သို့သော် လက်ရှိမျိုးဆက်၏ သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါးလူသားက ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်နိုင်သေးသည်။

မုန့်ချီက ဝမ်ဝမ်းရှန်ကို နှုတ်ဆက်စကားပြောလိုက်ပြီး အမတ်ကြီးစံအိမ်ထဲမှ ထွက်လာခဲ့၏။ သူကတော့ လက်ရှိအခြေအနေအတွက် သတ်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ပို့ဆောင်ရေးပစ္စည်း ပျောက်ဆုံးသွားသည့်အတွက် သူက မည်သည့်အရာမျှလုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ကောင်းကင်ကြီး ပြိုကျသွားမည်ဆိုလျှင်လည်း ထိုအရာက လော့ရန်၏ ပြဿနာသာ ဖြစ်သည်။

လွှတ်တော်ခန်းမနှင့် ယပ်တောင် (၆)လက်ကျောင်းက ပြဿနာများကို တာဝန်ယူနိုင်မည်ဖြစ်၏။ သူ့အဆင့်ကတော့ နိမ့်ကျနေသည့်အတွက် သူလုပ်နိုင်သောအရာ မရှိချေ။ ထိုအစား သူ၏ဘဝကြီးကို အပြစ်ကင်းစင်ရန်သာ ကြိုးစားရမည်ဖြစ်၏။

ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူ၏အမူအရာက ရုတ်တရက် လေးနက်သွားခဲ့၏။ အရာအားလုံးက သစ်သီးပွဲတော်နှင့် ပတ်သက်နေခြင်းပေလော။ ထိုအရာက ပင်မတာဝန် ပြီးဆုံးမှုကို တားဆီးနိုင်မည်လော။

အကယ်၍ သူက ထိုကိစ္စတွင် မပတ်သက်ချင်လျှင်ပင် ဘိုးဘေးကွမ်ချန်းနှင့် ဆက်သွယ်လိုက်မည်ဆိုလျှင်တော့ အန္တရာယ်များသော တာဝန်တစ်ခု မဖြစ်နိုင်တော့ပေ။ သူက ပို့ဆောင်ရေးပစ္စည်းနှင့် ပတ်သက်သောအရာကို ရှင်းလင်းပြီးသွားလျှင် စိတ်အေးလက်အေး နေနိုင်မည်ဖြစ်သည်။

သူက စိတ်ထဲတွင် မျှော်လင့်နေသည့်အတွက် ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာခဲ့၏။ သူက ချက်ချင်းပင် ခြေလှမ်းကို မြန်လိုက်ပြီး လန်းယာ့နယ်စားစံအိမ်ဆီသို့ လျှောက်သွားခဲ့သည်။ သိပ်မကြာခင် လူတစ်ယောက်က သူ့နောက်ကို ခြေရာခံလိုက်လာကြောင်း သတိထားမိခဲ့၏။

သူက ဘိုးဘေးကွမ်ချန်းကို ဆက်သွယ်တော့မည် ဖြစ်သည့်အတွက် ဂရုမစိုက်ဘဲ နေ၍ ရနိုင်မည်လော။ တစ်ဖက်လူက မည်မျှလှည့်စားစေကာမူ သူကတော့ ကြိုတင်အစီအစဉ်မရှိဘဲ ရွမ်မိသားစု၏ စံအိမ်ထဲသို့ သေချာပေါက် ဝင်လာရဲလိမ့်မည် မဟုတ်ချေ။ အပြင်လူများက အထက်တန်းလွှာမိသားစုများ၏ စံအိမ်အခင်းအကျင်းကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် အစားသရဲလေး၏ဦးလေးက ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက အစားသရဲလေးဆီကို လာလည်သည်မှာ ထူးဆန်းနေခြင်းတော့ မရှိချေ။ မည်သူကရော စံအိမ်ထဲထိ လိုက်လာရဲမည်နည်း။

သူက အစားသရဲလေးကို အကာအကွယ်ယူပြီး ရုပ်ရည်နှင့် အငွေ့အသက်ကို ပြောင်းလဲ၍ ရွမ်မိသားစုမှ အစေခံအဖွဲ့နှင့် အတူပူးပေါင်းပြီး စံအိမ်ထဲမှ ထွက်လာခဲ့သည်။ နောက်ပိုင်းတွင်တော့ သူက စံအိမ်ဆီသို့ တိတ်တဆိတ်ပြန်လာပြီး နောက်တစ်ကြိမ် ပွင့်ပွင့်လင်းလင်း ထွက်ခွာသွားနိုင်၏။

ထိုအရာကတော့ တစ်ဖက်လူ၏ သံသယကို ဖယ်ရှားပစ်နိုင်သည်။ ခြေလှမ်းအနည်းငယ်အတွင်း မုန့်ချီ၏ခေါင်းထဲ၌ အကြံအစည်တစ်ခု ပေါ်လာခဲ့၏။ သူ့မိတ်ဆွေများ၏ အကူအညီနှင့် အရာအားလုံးက အလွန်လွယ်ကူနေပြီး အဆင်ပြေနိုင်သည်။ အကယ်၍ သူကိုယ်တိုင် လုပ်ဆောင်ရမည်ဆိုလျှင်ပင် သူကတော့ နောက်ယောင်ခံသမားများကို မျက်ခြေဖြတ်ရန် ခက်ခဲနိုင်၏။

လန်းယာ့နယ်စားကြီးစံအိမ်က အတော်လေးကို ရှုပ်ထွေးပြီး အစေခံများ အစောင့်များက စံအိမ်ထဲမှ ဝင်ချည်ထွက်ချည် ဖြစ်နေကြသည်။ နေ့ခင်း (၂) နာရီ အတောအတွင်း လူ(၁၀) ယောက်ကျော် ဝင်လိုက်ထွက်လိုက် ရှိနေကြ၏။

ရဲတိုက်အတွက် ဈေးဝယ် တာဝန်ယူထားရသော အစေခံအဖွဲ့တစ်ဖွဲ့ ရှိသည်။ သူတို့အားလုံးကတော့ အချင်းချင်း တီးတိုးစကားပင် မပြောကြဘဲ အထက်တန်းလွှာ မိသားစုတစ်ခု၏ အစေခံဟူသော အဆင့်အတန်းကို ပြသနေကြ၏။

သူတို့က လူသူရှုပ်ထွေးသော လမ်းထဲသို့ ရောက်လာသည့်အချိန်တွင် တာဝန်အသီးသီးကို လူခွဲပြီး လုပ်ဆောင်နေကြ၏။ ထိုအချိန်တွင် ငွေအိတ် ကိုင်ထားသော မျက်နှာအဝါရောင်နှင့် အစေခံက လူအုပ်ကြီးထဲသို့ ရောက်ရှိသွားပြီး မြို့နံရံဆီသို့ စတင်ထွက်ခွာသွားခဲ့၏။

ထိုအစေခံကတော့ မုန့်ချီ ဖြစ်သည်။ ဒဏ္ဍာရီ၊ အင်မော်တယ်၊ လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်းနှင့် ပတ်သက်သော အကြောင်းအရာများကို ရွမ်ယုရှုဆီသို့ ပြောပြလိုက်ပြီးနောက် သူမက သူ့ကို အစေခံအဖွဲ့တစ်ဖွဲ့ထဲတွင် ဖုံးကွယ်ရန် ကူညီပေးပြီး စံအိမ်ထဲမှ ထွက်ခွာသွားရန် ကူညီပေးခဲ့သည်။

သူက မြို့နံရံအပြင်ဘက် မထင်မရှားနေရာတစ်ခုတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး ရွမ်မိသားစု စံအိမ်ဆီသို့ အလျင်အမြန် ပြန်လာခဲ့သည်။ ထို့နောက် သူ၏မူလအဝတ်အစားကို ပြောင်းလဲပြီး စံအိမ်ထဲမှ ထွက်လာခဲ့၏။ ထိုဖြစ်စဉ်တစ်ခုလုံးကို မည်သူကမျှ သတိမထားမိခဲ့ပေ။

မိသားစုစံအိမ်သို့ ရောက်လာခဲ့သည့်အချိန်တွင် မုန့်ချီက စုယွဲ့ကို တွေ့လိုက်ရ၏။

"မနက်ဖြန်ညနေ အနီရောင်စံအိမ်ထဲမှာ စုံစမ်းရေးမှူးချုပ်က မင်းကို တွေ့လိမ့်မယ်။ အဲဒီနေရာမှာ ဘုရင်ကြီးကိုယ်တိုင်လည်း ရှိနေမယ်။ သူကိုယ်တိုင် မင်းကို ငွေတံဆိပ်ပေးလိမ့်မယ်…”

သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

မုန့်ချီက စုံစမ်းရေးမှူးချုပ်နှင့် ရှင်ဘုရင်ကြီးကို စိတ်ဝင်စားနေသော်လည်း သူတို့ထက် နိမ့်ကျနေသလို မခံစားရပေ။ သူက ငွေတံဆိပ်လူဆိုးထိန်းတစ်ယောက် ဖြစ်လာနိုင်ပြီး ဝေ့ကျင်းအဆင့် ပစ္စည်းတစ်ခုကို ရယူနိုင်ကြောင်း စဉ်းစားမိသည့်အချိန်တွင် ချက်ချင်း ပြုံးလိုက်မိသည်။

သူက အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဦးလေး (၅) …

လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းရဲ့သတင်းတွေကို ကြားခဲ့သေးလား…"

"မကြားခဲ့ဘူး…"

စုယွဲ့က မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။

"တိုင်းပြည်ထဲမှာ ပြောင်းလဲမှုတွေ ပေါ်လာပြီးတဲ့နောက် မကောင်းဆိုးဝါးတွေက အထက်တန်းလွှာမိသားစုတချို့ရဲ့ အသွင်ယူထားတယ်လို့ ငါတို့ယပ်တောင် (၆)လက်ကျောင်းက သံသယဝင်နေတယ်။ အခုတော့ ငါတို့ထင်မြင်ခဲ့တဲ့အရာတွေက မှန်နေတယ ်ထင်တယ်။ ငါတို့က အဲဒီအကြောင်းအရာတွေအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ မျှော်လင့်ရတာပဲ…"

"အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်…"

မုန့်ချီကလည်း မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ကို အမြစ်ပြတ် ပျက်စီးစေချင်ခဲ့သည်။ သူကတော့ မကောင်းဆိုးဝါးများအားလုံး၏ ရန်သူဖြစ်ပြီး ထိုအဖွဲ့အစည်း တော်တော်များများကို ရန်စမိခဲ့သည်။

နောက်တစ်နေ့ လေ့ကျင့်ပြီးသွားသည့်အချိန်တွင် မုန့်ချီက အခန်းထဲမှ ထွက်လာခဲ့၏။ သူက မြို့နံရံအပြင်ဘက် စည်းကားနေသော နေရာများကို ဖြတ်ကျော်သွားသည့် အချိန်တွင် ဘိုးဘေးကွမ်ချန်း၏ တုန့်ပြန်မှုကို တွေ့လိုက်ရသည်။ ထိုအထဲတွင် သူတို့တွေ့ဆုံမည့်နေရာနှင့် အချိန်လည်း ပါဝင်နေခဲ့၏။

တစ်ချိန်တည်းလိုလိုပင် မုန့်ချီက တူညီသောနည်းလမ်းကိုသုံးပြီး လန်းယာ့နယ်စားဖြုံးကွယ်ထားခဲ့သည်။ သူက အနားတွင် ရှိနေသော သီးသန့်ခြံဝန်းတစ်ခုတည်းသို့ ရောက်လာခဲ့၏။ သူက အနက်ရောင် ဝတ်စုံကိုပြောင်းလဲပြီး မျက်နှာဖုံးတစ်ခု ဝတ်ဆင်၍ စာကြည့်ခန်းထဲကို ဝင်လာခဲ့သည်။

စာကြည့်ခန်းထဲတွင်တော့ လူတစ်ယောက် မတ်တပ်ရပ်နေခဲ့၏။ သူက တံခါးကို ကျောပေးထားသည်။ သူက အရပ်ရှည်ရှည်နှင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး ဆံပင်များက နက်မှောင်တောက်ပနေသည်။ သူ၏အငွေ့အသက်က အလွန်ထူးခြားလွန်းလှပြီး ဖျက်ဆီးရေးစွမ်းအားများ ပြည့်နှက်နေခဲ့၏။

သူက ပြန်လှည့်ပြီး ပြောလိုက်၏။

"မင်းကို ဒီမျက်နှာဖုံးနဲ့ မြင်လိုက်ရတဲ့အချိန်တိုင်း ငါက မသက်မသာ ခံစားရတယ်…"

ထိုလူကတော့ ဘိုးဘေးကွမ်ချန်း မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မုန့်ချီကတော့ ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ထိုမျက်နှာဖုံး (၂) ခုက အချင်းချင်း ကြည့်နေကြပြီး ထူးခြားသော ခံစားမှုတစ်ခု ပေးစွမ်းနိုင်၏။

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး အဓိကအချက်ကိုသာ ပြောလိုက်သည်။

"ဘိုးဘေး …

လက်ရုံးပို့ဆောင်ရေးအဖွဲ့ဆီက ပို့ဆောင်ရေးပစ္စည်းကို ခိုးယူခဲ့တာလား…"

"ဟုတ်တယ်…”

ဘိုးဘေးကွမ်ချန်းက ဝန်ခံလိုက်သည်။

"ဒါက ငါတို့ပင်မတာဝန်ရဲ့ အဓိကအစိတ်အပိုင်းပဲ။ ဒါက မင်းရဲ့တာဝန်နဲ့ ပတ်သက်နေတာလား…"

"ဒါဆိုရင် တကယ့်ကို ပင်မတာဝန်ကြောင့်ပဲ…"

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

သူက လေးလေးနက်နက် ပြောလိုက်၏။

"အခုချိန်မှာတော့ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် ဒီကိစ္စမှာ အဖွဲ့အစည်းတွေ အများကြီး ပါဝင်နေတယ်။ သူတို့က ပိုပြီးတော့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်…”

“ဒါက သစ်သီးပွဲတော်အပေါ် သက်ရောက်မှုရှိမှာကိုလည်း စိုးရိမ်ရတယ်။ ဒါကြောင့် ကျွန်တော်က ဘိုးဘေးကို လာပြီးမေးကြည့်တာ..."

"အခုချိန်မှာ ငါတို့ရဲ့တာဝန်က ဒဏ္ဍာရီတွေနဲ့ မပတ်သက်သေးဘူးဆိုရင်တောင်..."

ဘိုးဘေးကွမ်ချန်းက အဖြစ်အပျက်တစ်ခုကို တွေးမိသွားသည့်အလား သူ့လေသံက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

သဘောတူညီမှုရှိသော ပုံမှန်အခြေအနေမျိုး မဟုတ်သည့်အတွက် သူ၏ပင်မတာဝန် အကြောင်းကို မုန့်ချီ သိအောင် ပြောပြ၍မရချေ။ သူတို့ (၂) ယောက်လုံးက အင်မော်တယ်အဖွဲ့သားများ ဖြစ်နေသော်လည်း စည်းကမ်းများ ရှိနေသေး၏။ ထိုအရာကတော့ သံသရာခရီးသွားတစ်ယောက်၏ တာဝန်လည်းဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူတို့၏တာဝန်များက အချင်းချင်း ပဋိပက္ခဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေတစ်ခု ရှိနေသေးသည်။

မုန့်ချီက တစ်စုံတစ်ခုကို သတိထားမိသွားပြီး ချက်ချင်း ပြောလိုက်၏။

"ဘိုးဘေး …ခန့်မှန်းချက်တစ်ခုခုများ ရှိလား…"

"မင်းက ပို့ဆောင်ရေးပစ္စည်းရဲ့ အသုံးဝင်မှုကိုသိလား…"

ဘိုးဘေးကွမ်ချန်းက သူ့ကို ပြန်ဖြေရမည့်အစား မေးခွန်းတစ်ခုသာ မေးခဲ့သည်။

"အဲဒါကြောင့်ပဲ ကျွန်တော် ဒီကိုရောက်လာခဲ့တာ..."

ထိုအရာက မုန့်ချီ သူနှင့်လာတွေ့ရသည့် အဓိက အကြောင်းပြချက်လည်း ဖြစ်သည်။

ဘိုးဘေးကွမ်ချန်းက ယာယီတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

"ဒါက သက်ရှိတွေအားလုံးရဲ့အသက်ကို တိတ်တဆိတ် ခိုးယူနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်မယ်လို့ ငါတို့က သံသယရှိနေတယ်။ ဒါက သူတော်စင်အင်ပါယာရဲ့ တံဆိပ်ပြားလို့ ထင်တာပဲ။ အခု လော့ရန်မှာရှိတဲ့ ဝင်္ကပါကတော့ အဆုံးမဲ့ပင်လယ်ကြီးတစ်ခုလို မျိုးရိုးစဉ်ဆက်စွမ်းအားတွေကို စုဆောင်းထားတယ်…"

"သက်ရှိတွေအားလုံးရဲ့အသက်ကို ခိုးယူဖို့လား…"

မုန့်ချီက အတော်လေး ထူးဆန်းနေသလို ခံစားနေရသည်။

"လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းက အဲဒီအသက်တွေကို ဘာကြောင့်ခိုးယူမှာလဲ"

ဖျက်ဆီးရေးဂိုဏ်းတွင် ထိုကဲ့သို့ အကျိုးသက်ရောက်မှုရှိသော ကျင့်စဉ်နည်းလမ်းမျိုး မရှိခဲ့ပေ။ သက်ရှိအားလုံး၏အစွမ်းကို ငှားယူနိုင်သော အနှစ်သာရမျိုး ပိုင်ဆိုင်ထားသော်လည်း ထိုအရာက သက်ရှိအားလုံး၏အသက်ကို ခိုးယူခြင်းနှင့် လုံးဝကို ကွဲပြားသည်။

တစ်ခုက အင်မော်တယ်လမ်းစဉ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တစ်ခုကတော့ လူသားများဆီမှ ဖြစ်သည်။ ထိုအရာက အကြောင်းပြချက် အမျိုးမျိုးနှင့် ရှုံးနိမ့်သွားနိုင်၏။ သူတို့က နောက်ကျောဓားနှင့် အထိုးခံရမှာကို စိုးရိမ်နေခြင်းပေလော။

နန်းတော်ကို တည်ထောင်ခဲ့သူများက နန်းတွင်းအင်အားစုနှင့် အင်မော်တယ်များ၏ အစွမ်းကို ပေါင်းစည်းထားခြင်း မရှိသရွေ့ ကိစ္စမရှိချေ။ ကြည့်ရသည်မှာတော့ ထိုအရာက သူတို့အတွက် လုံးဝမဖြစ်နိုင်သလို ထင်မှတ်ရ၏။

ပြဿနာကို စဉ်းစားနေသည့် အချိန်တွင် သူ၏အမူအရာက ပြောင်းလဲသွားသည်။ သူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။

"ဒါဆိုရင် သူတို့က မင်းသားတစ်ယောက်ကို တိတ်တဆိတ် ကူညီပေးနေတယ်လို့ ဆိုလိုနေတာလား…"

သက်ရှိအားလုံး၏အသက်ကို ခိုးယူခြင်းဟူသော ကံကြမ္မာက ဘုရင်ဖြစ်ရန် အခွင့်အရေးကို တိုးမြင့်လာစေနိုင်သည်။ ထိုအရာက လူသားလမ်းစဉ်ကျင့်ကြံမှု နည်းလမ်းများအတွက် သိသိသာသာ အကျိုးသက်ရောက်မှုရှိနိုင်ပြီး အစစ်အမှန် အင်ပါယာတံဆိပ်နှင့် တူညီသော အကျိုးသက်ရောက်မှုမျိုး ရှိသည်။ ခိုးယူသည်ဟူသော အသုံးအနှုန်းကတော့ အသုံးပြုသူ၏ အဆင့်အတန်းကို ကြေညာလိုက်ခြင်း ဖြစ်ပုံရသည်။

ဘိုးဘေးကွမ်ချန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဒီကိစ္စမှာ သစ်သီးပွဲတော်က သေချာ‌ပေါက် ပါဝင်ပတ်သက်နေလိမ့်မယ်။ ဒါပေမဲ့ မင်းတာဝန်ရဲ့အခက်အခဲကတော့ တိုးလာမှာ မဟုတ်ဘူး။ အဲဒါက ငါတို့တာဝန်ပဲလေ.."

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက အိမ်ရှေ့မင်းသား၏ လုပ်ရပ်ပေလော။ အိမ်ရှေ့မင်းသားက ဗုဒ္ဓလမ်းစဉ်ကို လိုက်နာနေရင်း မကောင်းဆိုးဝါးဝိညာဉ်များ၏ ကျင့်စဉ်များကို တိတ်တဆိတ် လိုက်နာနေခြင်းပေလော။ သို့မဟုတ် မင်းသား (၃) က ရည်မှန်းချက်ကြီးမားပြီး ထိုကဲ့သို့ မဆင်မခြင် လုပ်ဆောင်နေခြင်းပေလော။

သို့မဟုတ် တော်ဝင်မိသားစုထဲတွင်ရှိနေသော တခြားတစ်ယောက်ယောက်က ပဋိပက္ခများဖန်တီးပြီး ထိုနေရာမှ အကျိုးအမြတ် ရယူလိုခြင်းပေလော။ အကယ်၍ လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းတို့ကသာ သူတို့၏စံအိမ်ထဲ၌ ပုန်းအောင်းနေလျှင် မည်သည့်သဲလွန်စမျှ တွေ့ရလိမ့်မည် မဟုတ်ချေ။ သူကိုယ်တိုင်ကပင် မင်းသားဝေ၏ စံအိမ်ထဲတွင် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

"သနားစရာကောင်းလိုက်တဲ့ အစ်ကိုကျိုး..."

မုန့်ချီက ကျိုးဟမ်အတွက် စဉ်းစားပြီး ရယ်လိုက်မိသည်။

"မင်းက တတိယတာဝန်ပြီးသွားတာနဲ့ တရားဝင်အဖွဲ့သားတစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီ။ မင်းအတွက် အကျိုးအမြတ်တွေ အများကြီးစောင့်နေတယ်.."

ဘိုးဘေးကွမ်ချန်းက သူ့ကို သတိပေးလိုက်သည်။

ထိုအရာကတော့ ရန်ဝူလျန့်ကို သတ်လိုက်သည်မှာ အလွန်လျှို့ဝှက်သည်။ ထို့ကြောင့် ဘိုးဘေးကွမ်ချန်းကတော့ သူ့တာဝန်ပြီးဆုံးသွားကြောင်း မသိသေးပေ။

"ဒီကိစ္စကို ဖြေရှင်းပြီးသွားရင် ကျွန်တော်က လာခဲ့ပါ့မယ်…"

မုန့်ချီက ထိုနေရာမှ ထွက်သွားပြီးသည်နှင့် ပုံမှန်အဝတ်အစားများ ပြန်လဲလိုက်ပြီး သက်ပြင်းချလိုက်မိသည်။

နေ့လယ်ခင်း နေရောင်ခြည်အောက်တွင် သူက တစ်ယောက်တည်း တိတ်တဆိတ် ပြုံးလိုက်မိ၏။

"ငါ့ဆီမှာ သတင်းပေါင်းစုံနဲ့ အကူအညီတွေ ရှိနေသေးတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါက အမှောင်ထဲကို ရောက်နေသလို ဖြစ်နေမှာပဲ။ ဘယ်သူကပဲ ပြဿနာရှာရှာ ဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ ငါ့ကိုတော့ ပြဿနာလာမရှာနဲ့…"

ရွမ်မိသားစု၏စံအိမ်သို့ ပြန်ရောက်လာပြီးနောက် သူက အကြောင်းအရာအားလုံးကို ရွမ်ယုရှုဆီသို့ ပြောပြလိုက်သည်။

"ဒီတာဝန်မှာ အဖွဲ့တွေ အများကြီး သေချာပေါက် ပတ်သက်နေနိုင်တယ်…"

သူမကလည်း စောင်းတီးနေရင်း တီးတိုးပြန်ပြောလိုက်သည်။

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့်အလား ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။ သူက ရုတ်တရက် မေးလိုက်သည်။

"လော့ရန် ကျိုးမိသားစုက ဝေ့ကျင်းအဆင့် ပညာရှင်တွေက မြေပြင်မှတ်တမ်းထဲကို လုံးဝရောက်မလာခဲ့ဘူး။ တော်ဝင်မိသားစုထဲမှာ ဘယ်လိုပညာရှင်မျိုးတွေ ရှိနေလဲဆိုတာ နင်သိလား..."

Translated by Hein Htet.

All Chapters