← Chapters

အခန်း (၄၈၆)

Vol. 33 Ch. 486

အခန်း (၄၈၆)

Vol. 33 Ch. 486

ပျံသန်းနေသော အလင်းတန်းများ၏အလယ်တွင် (၂၅) စင်တီမီတာအရှည်ရှိသော လက်သည်းတစ်ချောင်းက မုန့်ချီဆီကို ပျံသန်းလာခဲ့သည်။ ထိုလက်သည်းတွင် အလှတရားများ ပေါင်းစပ်နေပြီး ကောင်းကင်တာအိုကြီးနှင့် ထူးခြားစွာ ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။ ရောင်စုံမီးတောက်များ လင်းလက်နေသော ထိုအရာက အလွန်ကြောက်စရာကောင်းသောအရှိန်နှင့် မုန့်ချီ၏ နောက်ကျောကို ရောက်လာခဲ့၏။

"ဖောက်…"

မုန့်ချီ၏ အကာအကွယ်ချီစွမ်းအင်များ ထိုးဖောက်ခံလိုက်ရသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက စာရွက်မျက်နှာပြင်တစ်ခုကို ထိုးဖောက်သွားသည့်အလား သူ့နောက်ကျောတွင် အပေါက်တစ်ခု ကျန်နေခဲ့၏။

လက်သည်းက သူ၏နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းထဲတွင် မီးတောက်များ စွဲကျန်နေခဲ့သည်။ ထိုအရာက သူ၏ ပင်မဝိညာဉ်ကို ပစ်မှတ်ထားသည့်အတွက် ယခုသူ့အသက်က သေအံ့ဆဲဆဲဖြစ်နေသည်ဟု ဆိုလိုနေသည်။ သူ၏ခန္ဓာကိုယ်ကလည်း ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး အသွေးအသားများက လေထဲသို့ လွင့်ပျံသွားခဲ့၏။

မုန့်ချီက (၁) ပေခန့်အကွာတွင် ပြန်ပေါ်လာခဲ့သည်။ သူ၏ရင်ဘတ်ထဲမှ ပြာမှုန့်လေးများ ထွက်လာခဲ့၏။ သူရထားသော ကပ်ဘေးရှောင်တိမ်းခြင်းအဆောင်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ပစ်မှတ်ကို ပျောက်ကွယ်သွားပြီးနောက် လက်သည်းကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့၏။

"နှလုံးထိုးဖောက်ခြင်း လက်သည်း…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ကို မည်သူက တိုက်ခိုက်လိုက်ကြောင်း သိနေသည်။ ထိုအရာကတော့ ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားဖြစ်၏။

ကပ်ဘေးရှောင်တိမ်းခြင်းအဆောင်သာ မရှိလျှင် သူက အလွန်အစွမ်းထက်သော နှလုံးထိုးဖောက်ခြင်း လက်သည်းကြောင့် သေချာပေါက် သေဆုံးသွားရပါလိမ့်မည်။ သို့သော် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကြောင့် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိမှုကို ရှောင်တိမ်းနိုင်ခဲ့၏။

"ကြည့်ရတာတော့ သူက ငါ့ကို ဆိုးဆိုးဝါးဝါး သေသွားစေချင်တယ် ထင်တယ်…"

မုန့်ချီက မိုးကြိုးနတ်ဘုရားကို စာရင်းထဲတွင် ထည့်ထားလိုက်သည်။

ထိုအရာက လက်တုန့်ပြန်ခြင်းသက်သက် မဟုတ်တော့ပေ။ အကယ်၍ သူက လက်တုန့်ပြန်ရန် လက်လျှော့လိုက်မည်ဆိုလျှင်ပင် ထိုလူက သူ့ကို အသက်ရှင်ခွင့် လုံးဝပေးလိမ့်မည် မဟုတ်ချေ။

ထိုအရာကို တွေးနေသည့်အချိန်တွင် လေထဲ၌ ခရမ်းရောင်မိုးကြိုးများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ လော့ရန်၏ ဝင်္ကပါကြီးက အသက်ဝင်လာခဲ့ပြီဖြစ်သည်။

"ကောက်ကျစ်လိုက်တာ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

ယခုတော့ သူက ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ လုပ်ရပ်ကို နားလည်သွားခဲ့ပြီဖြစ်၏။ သူက ဝင်္ကပါကို အသက်သွင်းလိုက်သည့်အချိန်တွင် သူကိုယ်တိုင်ကတော့ လွတ်မြောက်သွားနိုင်ပြီး တစ်ခြားသူများကတော့ ထွက်ပြေးရန် အခွင့်အရေး မရှိနိုင်တော့ပေ။

လော့ရန်တွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းနှင့် အထက်တန်းလွှာ မိသားစုများမှ ဝေ့ကျင်းအဆင့် ပညာရှင်များ ဤနေရာသို့ ရောက်လာမည်ဆိုလျှင် လော်အဖွဲ့အစည်းနှင့် အင်မော်တယ်များအားလုံး အသတ်ခံရမည်ဖြစ်သည်။

သူတို့အားလုံးက တိုက်ပွဲကို အာရုံစိုက်နေရသည့်အတွက် သူတို့ရင်ဆိုင်နေရသော အန္တရာယ်ကြီးကို မမြင်နိုင်ခဲ့ကြပေ။ သူတို့၏ ယုတ်မာရိုင်းစိုင်းမှုက ပြောစရာစကားလုံးပင် မရှိတော့ချေ။ ထို့ကြောင့်လည်း သူက ရက်အနည်းငယ် အတောအတွင်း သိုသိုသိပ်သိပ် နေထိုင်ခဲ့ခြင်းဖြစ်၏။ ထိုအရာက သူစောင့်ဆိုင်းနေသော ရှားပါးအခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

အကယ်၍ ထိုအရာများသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်ဆိုလျှင် အင်မော်တယ်များက ဒဏ္ဍာရီများထက် သာလွန်နေသော အစွမ်းထက်အဖွဲ့သားများကို ဆုံရှုံးသွားရပါလိမ့်မည်။ ထို့ပြင် လော်အဖွဲ့အစည်းက သခင်မစု၏ နည်းလမ်းများကို သိနေပြီး ကူရှောင်စန်းက ဆန်းကြယ်နတ်သမီးဆက်ခံသူကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက ခဲတစ်လုံးတည်းနှင့် ငှက်(၂)ကောင် ပစ်လိုက်ခြင်း ဖြစ်သည်။

ခရမ်းရောင်မိုးကြိုးများ ကောင်းကင်ပေါ်သို့ တက်လှမ်းသွားသည့်အချိန်တွင် မြေပြင်မှ မီတာ(၃၃၀)အကွာ၌ တိမ်တိုက်များ စုစည်းလာခဲ့၏။ အလယ်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဗုဒ္ဓ၏ ဦးခေါင်းတော်နောက်တွင် ဖြစ်နေသော ရောင်စဉ်တန်းများသဖွယ် ဖြစ်လာသည်။

အနီရောင်စံအိမ်၏ အတွင်းထဲတွင် စစ်မာရှီက ကျိုးဝူရန်နှင့်အတူ မျက်လုံးမှိတ်လိုက်ကြသည်။ ရွှေရောင်အလင်းတန်းများက သူ့ရှေ့တွင် မျက်နှာပြင်တစ်ခုအဖြစ် စုစည်းလာခဲ့ပြီး အလင်းတန်းပေါင်းစုံ တောက်ပနေခဲ့သည်။

သူမျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင် ညာလက်သီးကို ဆုပ်လိုက်ပြီး ကန့်လန့်ကာကို လက်သီးနှင့်ထိုးလိုက်၏။ ထိုမျက်နှာပြင်က လှုပ်ရှားသွားခဲ့ပြီး လက်သီးက အတွင်းထဲကို ဝင်သွားခဲ့သည်။

အလွန်သိပ်သည်းသော ကောင်းကင်ကြီးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်မှ ဧရာမလက်သီးကြီးတစ်လုံး ကျဆင်းလာခဲ့၏။ လက်(၅)ချောင်းက အစွမ်းထက်လွန်းလှပြီး ကျောက်စိမ်းတုံးလေးကဲ့သို့ ဆွတ်ဆွတ်ဖြူကာ ကြောက်စရာကောင်းသည့် အစွမ်းများ ရှိနေသည်။

သူတို့က အလင်းရောင်များနှင့် ပေါင်းစပ်ပြီး ကောင်းကင်ကြီးပေါ်မှ တိုက်ခိုက်လိုက်သည့်အတွက် ကမ္ဘာကြီးတစ်ခုလုံး မူလအခြေအနေကို ပြန်ရောက်သွားသလို ထင်မှတ်လိုက်ရ၏။ မည်သည့်အရာကို တိုက်ခိုက်စေကာမူ ထိုအရာက တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။ ကျောက်တုံးများကလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး ဖုန်မှုန့်များက အငွေ့ပျံသွားခဲ့၏။

သူ၏ပစ်မှတ်ကတော့ သူတို့အားလုံးထဲတွင် အစွမ်းထက်ဆုံးဖြစ်သော ဘိုးဘေးဒိုမူ ဖြစ်သည် ။ ဘိုးဘေးဒိုမူက ကူရှောင်စန်းကို တိုက်ခိုက်နေရာမှ ထိုလက်သီးချက်ကို ထူးဆန်းစွာ ရင်ဆိုင်လိုက်ရသည်။ သူမက သွေးကြောမှတ်များအားလုံးကို စုစည်းထားခဲ့၏။

ကောင်းကင်ပေါ်တွင် ကြယ်များ တလက်လက် တောက်ပနေပြီး အချင်းချင်း ဆက်သွယ်နေသည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲနေသည်။ ထိုအရာက လှပသောမြင်ကွင်းတစ်ခုကို ပုံဖော်နိုင်ခဲ့၏။

သူမ၏ ပတ်ပတ်လည်တွင် စကြဝဠာတစ်ခုလုံး ရှိနေပြီး သူမကတော့ ထိုအရာ၏ အလယ်တွင် ရှိနေသလို ထင်မှတ်ရသည်။ သူမက ကြယ်များ၏ မိခင်ကဲ့သို့ ဖြစ်နေခဲ့၏။ သူမလှုပ်ရှားလိုက်သည့် အချိန်တိုင်း ကြယ်တာရာ ကောင်းကင်ကြီးက အလင်းရောင်များ လင်းလက်တောက်ပနေခဲ့သည်။ ထိုအရာက ဒိုမူပုံရိပ်ယောင်ခန္ဓာဖြစ်၏။ အခြေအနေက ထိုသို့ဖြစ်လာမှတော့ သူမက အစွမ်းကုန်သုံးပြီး ထွက်ပြေးရန်ကြိုးစားရမည်ဖြစ်သည်။

ကြယ်များက ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားခဲ့ပြီး တဖြည်းဖြည်း ညအမှောင်က လင်းလက်လာခဲ့သည်။ အလွန်အံ့ဩစရာကောင်းသော အလင်းတန်းများကလည်း သူမ၏ညာဘက်လက်ဖဝါးထဲတွင် စုစည်းလာခဲ့၏။

"ဖျောင်းး…"

လှိုင်းလုံးများ ပျံ့နှံ့လာပြီး ကူရှောင်စန်းနှင့် တခြားသော ဝေ့ကျင်းအဆင့် ပညာရှင်များက အဝေးကို လွင့်သွားခဲ့သည်။

အကယ်၍ မုန့်ချီက ထိုစွမ်းအားကို ငှားယူပြီး နောက်ကို ဆုတ်သွားမည်ဆိုလျှင်ပင် သူလည်း အကောင်းအတိုင်း လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ရွှေရောင်အလင်းတန်းများ မှေးမှိန်သွားပြီး သူလည်း သွေးအန်လိုက်ရ၏။

ကြယ်များ ထွက်ပေါ်လာသည့်အချိန်တွင် မြေပြင်ပေါ်၌ (၁၀) ကိုက်ကျော် နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခု ပေါ်လာပြီး အတွင်းထဲတွင် မြေအောက်ရေများ ပြည့်နှက်နေသည်။

တိုက်ပွဲကို ထိန်းချုပ်ထားခြင်းနှင့် လော့ရန်တွင် ရှိနေသော ဝင်္ကပါ၏ ကျေးဇူးကြောင့် ထိုသို့တိုက်ခိုက်လိုက်သော်လည်း မြို့ကြီးကတော့ မူလအကောင်းအတိုင်း ရှိနေသေးသည်။ ထိုလက်သီးက ကြယ်များ ပြည့်နှက်နေသော လက်ဝါးကြီးကို လွှမ်းခြုံသွားသည်။ ထို့နောက် ဘိုးဘေးဒိုမူက ပြန်လှည့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

ထိုအချိန်တွင် ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်မှ နောက်ထပ် လက်တစ်ဖက် ကျဆင်းလာခဲ့၏။ ရွှေရောင်နဂါး(၉)ကောင် ဝန်းရံနေသော ထိုလက်က ပိုက်ကွန်ကြီးတစ်ခုအဖြစ်ပြောင်းလဲနေပြီး သူမကို တိုက်ခိုက်လိုက်သည်။

ထိုလှုပ်ရှားမှုကို အခွင့်ကောင်းယူပြီး ကူရှောင်စန်းနှင့် တခြားဝေ့ကျင်းအဆင့် ပညာရှင်များကလည်း ပတ်ပတ်လည်သို့ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ စစ်မာရှီ၊ ကျိုးဝူရန်နှင့် တခြားထိပ်တန်းလူဆိုးထိန်းများ ရောက်လာပြီး တိုက်ခိုက်မှာကို သူတို့က စောင့်မနေနိုင်ကြပေ။

တိုက်ပွဲ၏ အလယ်သို့ ရောက်သွားသည့်အချိန်တွင် ကူရှောင်စန်းက သူ့ဆီကို တဟုန်ထိုးပြေးလာကြောင်း မုန့်ချီက မြင်လိုက်ရ၏။ ချက်ချင်းဆိုသလိုပင် သူက မျက်မှောင်ကြုတ်လိုက်မိပြီး နာကျင်မှုကို ဖိနှိပ်၍ သူ့ကိုယ်သူ ကာကွယ်ရန် ဓားမောက်ကို ဆွဲထုတ်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ ကူရှောင်စန်းက ပင့်သက်ရှိုက်လိုက်မိပြီး ဦးတည်ချက် ပြောင်းလဲ၍ သစ်တောထဲကို ပြေးဝင်သွားခဲ့သည်။ သူမက အပြုံးနှင့် ပြောလိုက်၏။

"ယောကျ်ား ….ငါ့ကိုမသွားစေချင်ဘူးလား။ ဒီကကိစ္စတွေ ပြီးသွားပြီဆိုရင် ငါတို့က ထာဝရအတူတူနေလို့ရပြီ…"

သူမ၏အသံက ဆည်းလည်းသံလေးပမာ ချိုသာလွန်းလှပြီး သေခြင်းတရားကို ရှောင်တိမ်းနေရသော်လည်း သက်သောင့်သက်သာ ဖြစ်နေသလို ထင်ရသည်။

"သူ့ပုံစံက တော်တော်လေးကို စိတ်အေးလက်အေး ရှိနေသလိုပဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏ အတွေးများကို နားမလည်ခဲ့ပေ။

ဘိုးဘေးဒိုမူက စစ်မာရှီကိုရင်ဆိုင်နေသည့်အချိန်တွင် သန့်စင်မှော်အရှင်ကတော့ ယုမိသားစု သခင်ကြီးနှင့် မြင်းလှည်းဆရာကို တိုက်ခိုက်မနေတော့ပေ။ သူက လေလှိုင်းများကို ပြောင်းလဲလိုက်ပြီး သူ၏ပင်မချီစွမ်းအင်များကို စုစည်း၍ ခန္ဓာကိုယ်အရွယ်အစားကို ကြီးမားလိုက်၏။

သူက ကမ္ဘာမြေကြီး၏ ကြားထဲတွင် ဧရာမလူသန်ကြီးတစ်ယောက်ပမာ ရပ်နေခဲ့သည်။ သူ၏လက်(၄)ဖက်တွင် အသွား(၂)ဖက်ပါ ဓား(၃)ချောင်းနှင့် တုတ်တစ်ချောင်းကို အသီးသီး ကိုင်ထား၏။ သူက တောင်တန်းကြီးများ၊ သမုဒ္ဒရာကြီးများကို ဖျက်ဆီးပစ်နိုင်သော အစွမ်းနှင့် နဂါး(၉) ကောင်ကို တိုက်ခိုက်လိုက်သည်။

ယုမိသားစု သခင်ကြီးနှင့် မြင်းလှည်းသမားကတော့ နောက်တစ်ကြိမ် တိုက်ခိုက်ရမည့်အစား တိုက်ပွဲထဲမှ ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။ သူတို့က မတူညီသော ကိုယ်ဖော့ပညာများကိုသုံးပြီး ပတ်ပတ်လည်သို့ ထွက်ပြေးရန် ရွေးချယ်လိုက်ကြခြင်းဖြစ်၏။

"ဘုန်း…"

ဓား(၂)လက်နှင့် တုတ်က နဂါးများကို ရင်ဆိုင်လိုက်မိပြီး မီးပွားလေးများ ထွက်လာခဲ့သည်။ ကောင်းကင်ကြီးက ပြိုကျသွားသည့်အလား အရာအားလုံးကလည်း မည်းမှောင်သွားခဲ့၏။

လက်ဖဝါးက ရှေ့သို့ အနည်းငယ်ရောက်လာသည့်အတွက် သူလည်း နောက်ကို ပြန်ဆုတ်သွားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သန့်စင်မှော်အရှင်က တစ်ကိုယ်လုံး ထုံကျင်သွားသည့်အလား သူ၏ မှာ်အလင်းတန်းများ မှေးမှိန်သွားခဲ့၏။ စွမ်းအားကွာဟမှုကြောင့် သူက ကျိုးဝူရန်၏တိုက်ခိုက်မှုကို ခုခံရန်ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ သူက နိယာမဖြစ်စဉ်ကို သုံးနေသည့်အတွက် ခေါင်းတစ်လုံးနှင့် လက်(၂)ဖက် အပိုရှိနေသော်လည်း ခုခံနိုင်ခြင်း မရှိခဲ့ချေ။

ရွှေရောင်နဂါး(၉)ကောင်က မှေးမှိန်သွားသည့် အချိန်တွင် သူတို့က လက်ဝါးပိုက်ကွန်ကြီးသဖွယ် ဘိုးဘေးဒိုမူကို ဖုံးအုပ်လိုက်သည်။ ဘိုးဘေးဒိုမူကို ထွက်ပြေးခွင့်မပေးခဲ့ပေ။ သူမက မျှော်လင့်ချက် အဆုံးသတ်ကို ရောက်လာခဲ့၏။

ယခု ဘိုးဘေးဒိုမူက စစ်မာရှီနှင့် ကျိုးဝူရန်တို့၏ တပြိုင်နက်တည်း တိုက်ခိုက်မှုကို ခံနေရသည့်အတွက် အန္တရာယ်များနေသည်။ သူမ၏ ရန်သူများကတော့ အကြီးမားဆုံး အန္တရာယ်ကြီးကို ဖယ်ရှားရန် ရွေးချယ်ခဲ့၏။

ထိုအချိန်တွင် ဘိုးဘေးဒိုမူက သူမ၏ခေါင်းပေါ်တွင် ရှိနေသော ရှေးဟောင်းသရဖူကို ထိလိုက်ရာ အလင်းတန်းတစ်ခု တောက်ပလာပြီး စစ်မာရှီ၏ လက်သီးကို ဝါးမြိုသွားခဲ့သည်။

အနီရောင်စံအိမ်၏ အတွင်းထဲတွင် ထိုအလင်းတန်းက အခန်းတစ်ခုလုံးကို လွှမ်းခြုံလာပြီး စစ်မာရှီဆီကို ရောက်လာခဲ့၏။

စစ်မာရှီ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေသော အလင်းတန်းများက သူမကိုဆက်၍ လွှမ်းခြုံထားသည်။ သူမက အံကြိတ်လိုက်သည့်အချိန်တွင် လက်ထဲ၌ ပစ္စည်းတစ်ခုကို ပေါ်လာခဲ့သည်။ ထိုအရာကတော့ စိန်ပွင့်များနှင့် အလှဆင်ထားသော သူတော်စင်အင်ပါယာ တံဆိပ်တစ်ခြမ်း ဖြစ်သည်။ သူမက အရေးပေါ် အခြေအနေအဖြစ် ထိုအရာကို သယ်ဆောင်ထားခဲ့၏။

သူမက ထိုအရာကို ယုမိသားစုသခင်ကြီးဆီသို့ ပစ်ပေးလိုက်သည်။ ကျိုးဝူရန်က တွေဝေနေပြီးနောက် ထိုပစ္စည်း၏ လမ်းကြောင်းကို ပြောင်းလဲလိုက်၏။ ကျိုးဝူရန် အာရုံပျံ့သွားသည့်အချိန်တွင် ညာဘက်လက်ထဲ၌ ရှိနေသော သူ၏အစွမ်းကလည်း လှုပ်ရှားသွားခဲ့သည်။ ထိုအချိန်တွင် သူမက လေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လက်နှင့် နောက်ပြန်ရိုက်ချလိုက်သည်။

"ဘုန်း…"

ရွှေရောင်နဂါး(၉)ကောင်က မိုးရေစက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျိုးဝူရန်၏ ညာဘက်လက်ကလည်း နောက်သို့ တွန်းပို့ခံလိုက်ရသည်။ ဘိုးဘေးဒိုမူကတော့ ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံသန်းသွားခဲ့၏။

စစ်မာရှီက အလင်းတန်းကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့ပြီးနောက် တိမ်တိုက်များထဲကို ဘယ်လက်နှင့် ရိုက်ချလိုက်သည်။ သူက ဘိုးဘေးဒိုမူ၏ အဝတ်ကို လက်နှင့် လှမ်းဖမ်းလိုက်၏။ သူ့လက်ညှိုးထဲတွင် ပြောင်းလဲမှုများရှိနေပြီး ဖရိုဖရဲဖြစ်စဉ်များ ကျရောက်လာသလို ဖြစ်နေသည်။ ထိုအရာနှင့် တစ်စုံတစ်ယောက်ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့က သေဆုံးသွားနိုင်၏။

ထိုအချိန်တွင် ရောင်စုံသဲပွင့်လေးတစ်ခု ဘယ်ကမှန်းမသိ ပေါ်လာပြီး စစ်မာရှီ၏ ဘယ်ဘက်လက်ကို တိုက်ခိုက်လိုက်သည်။

မုန့်ချီကတော့ ထိုအရာ ရောက်လာသည့်နေရာကို မြင်လိုက်ရ၏။ မည်သို့ဖြစ်စေကာမူ အင်မော်တယ် အဖွဲ့သားများအားလုံး ပေါ်လာခဲ့ခြင်း မရှိသလို ဤနေရာ၌ ဘိုးဘေးကွမ်ချန်းလည်း မရှိသေးပေ။

သူတို့ကို ရှောင်တိမ်းရမည့်အစား စစ်မာရှီက တိုက်ရိုက်ခုခံလိုက်သည်။ ထိုအရာက သန့်စင်သော အဖြူရောင်အလင်းတန်းတစ်ခု မဟုတ်သော်လည်း အသွေးအသားများ ပေါ်နေခဲ့၏။ သူ၏ခန္ဓာကိုယ်ကတော့ မလှုပ်မယှက် ရှိနေသေးသည်။ အဆိုးဆုံးအချိန်တွင် တိမ်တိုက်များထဲ၌ အဝါရောင်နဂါးများက နောက်တစ်ကြိမ် ဖွဲ့စည်းလာခဲ့သည်။

ဘိုးဘေးဒိုမူက အံကြိတ်လိုက်ပြီး ထိုလက်ညှိုးကို ထိပ်တိုက်ရင်ဆိုင်ရန် ဘယ်လက်နှင့် ရိုက်ထုတ်လိုက်၏။ တချိန်တည်းတွင် သူမက ထွက်ပြေးရန် ခက်ခက်ခဲခဲ ကြိုးစားနေသေးသည်။ ကောင်းကင်ကြီးကပင် အလိုလို တွန့်ခေါက်လာသလို ထင်မှတ်ရ၏။ ဘိုးဘေးဒိုမူကတော့ နာနာကျင်ကျင် အော်သံနှင့်အတူ အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

တိုက်ပွဲ၏ နောက်ပိုင်းများက လေထဲတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဝင်္ကပါက ပြည့်ပြည့်ဝဝ အသက်ဝင်လာသည့် အချိန်တွင် မြေပြင်ကတော့ ဆိုးဆိုးဝါးဝါး သက်ရောက်ခံခဲ့ရခြင်း မရှိချေ။

မုန့်ချီနှင့် တခြားသူများကတော့ ခက်ခက်ခဲခဲ ရုန်းကန်နေရသော်လည်း သစ်တောကြီး ပျက်စီးသွားသည်ကိုသာ မသက်မသာ ကြည့်နေခဲ့ရ၏။ ဘိုးဘေးဒိုမူက ထွက်ပြေးရန် ကြိုးစားနေသည့်အချိန်တွင် သန့်စင်မှော်အရှင်ကို လျစ်လျူရှုခံထားရသည်။ သူကတော့ ပြောင်းလဲမှုများဆက်တိုက်ပြုလုပ်ပြီး ငါးတစ်ကောင်အဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့၏။

ကျိုးဝူရန်က သူတော်စင်အင်ပါယာတံဆိပ်ကို ကိုင်ထားသည့်အချိန်တွင် ထိပ်တန်းလူဆိုးထိန်းများက ဝင်္ကပါထဲကို ရောက်လာခဲ့၏။ စုယွဲ့က အရင်ဆုံး ရောက်လာခဲ့သည်။ သူက ဒေါသထွက်နေပြီး မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့၏။ ဖြစ်ခဲ့သည့်အရာများကို သူလည်း မယုံနိုင်ခဲ့ပေ။

ဤနေရာက စုမိသားစု၏ ရဲတိုက်အနားတွင် မဟုတ်သည့်အပြင် ထိုလူများက အသံမထွက်စေရန် အကောင်းဆုံး တိုက်ခိုက်နေသည့်အတွက် ဤနေရာတွင် ဖြစ်နေသည့်အရာများကို သူလည်းမသိခဲ့ပေ။

လျှူရှန့်မင်၊ ကီယုကျန်းနှင့် တခြားသော ထိပ်တန်းလူဆိုးထိန်း(၂)ယောက်လည်း ရောက်လာကြ၏။ တစ်ယောက်က ငယ်ရွယ်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များရှိသည်။ သူ၏နောက်ကျောတွင် ဓားရှည်တစ်လက်နှင့် ခါးတွင် လက်သည်း(၄)ချောင်း နဂါးတံဆိပ်တစ်ခု ရှိနေသည်။

တခြားတစ်ယောက်ကတော့ အရပ်ရှည်ရှည်နှင့်အဖြူအနက် ဆံပင်များ ရှိသည်။ သူ၏ ခါးတွင် အလယ်အလတ်အရွယ်အစား ဓားမောက်တစ်ချောင်းကို ချိတ်ထားပြီး အနီရောင်သွားတစ်ချောင်းလည်း ချိတ်ထားသေးသည်။ သူတို့ကတော့ နဂါးပျံလူဆိုးထိန်းနှင့် သွေးသွား လူဆိုးထိန်းတို့ဖြစ်ကြ၏။

ပထမတစ်ယောက်ကတော့ ကျိုးမင်ချယ်ဖြစ်ပြီး သူကတော့ ကျိုးမိသားစုမှ သိုင်းသခင် တစ်ယောက်ဖြစ်သည်။ ဒုတိယတစ်ယောက်ကတော့ ယွမ်လိဟောင်ဖြစ်ပြီး ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်၏။ သစ်သီးပွဲတော်၏ ကျေးဇူးကြောင့် နယ်မြေတစ်ခုလုံးကို ကင်းလှည့်နေသော ထိပ်တန်းလူဆိုးထိန်း(၃)ယောက် ရှိနေသည်။

"သူတို့က အင်မော်တယ်အဖွဲ့သားတွေနဲ့ လော်အဖွဲ့အစည်းက လူတွေပဲ သူတို့နောက်ကို လိုက်ကြ…"

စစ်မာရှီက အမိန့်ပေးလိုက်သည်။

"စုမိသားစုက ချက်ချင်းပြန်လာရမယ်။ သူတို့ကို စုံစမ်းမေးမြန်းဖို့ စောင့်နေပါ…"

စုယွဲ့က မုန့်ချီ၊ စုကျိဟွာနှင့် ပြန်နိုးလာသော စုကျိယွဲ့တို့ကို တိတ်တဆိတ် ခေါ်သွားခဲ့သည်။

သူက လမ်းတွင် မေးနေခဲ့၏။

"ဘာတွေ ဖြစ်ခဲ့တာလဲ…"

မုန့်ချီက သူ့ကို အမှန်အတိုင်း ပြောပြလိုက်သည်။

"ယုမိသားစုဆိုတာ လော်အဖွဲ့အစည်းရဲ့ ဟန်ဆောင်မှုတစ်ခုပဲ။ အင်မော်တယ်တွေက သူတို့ကိုတွေ့သွားပြီး တံဆိပ်ပြား လာလုတာ…"

"မင်းက သူတို့ကို ကူညီပေးခဲ့တာလား…"

စုယွဲ့က မေးလိုက်သည်။

"ဟုတ်တယ်။ နတ်ဆိုးမလော် ပေါ်လာတဲ့အတွက် အခြေအနေက တော်တော်လေး ရှုပ်ထွေးသွားတယ်။ တကယ်လို့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘူးဆိုရင် နှုတ်ပိတ်ခံရမှာပေါ့…"

မုန့်ချီကတော့ အင်မော်တယ်များကိုကူညီသည်ဟူသော သံသယကို ရှောင်တိမ်းလိုက်သည်။

သူတို့ပြန်ရောက်လာသည့်အချိန်တွင် အဘွားပိုင်နှင့် ကီဟွေလျှံတို့ကတော့ ဖြစ်ခဲ့သည့်အရာများကို သိပြီးသွားပြီဖြစ်သည်။ သူတို့က မျက်နှာပျက်နေကြ၏။ စုလီက လက်နောက်ပစ်ပြီး အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

သူတို့ကိုမြင်သည့်အခါ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဒီလိုပြဿနာဖြစ်ရတာ ငါ့အပြစ်ကြောင့်ပဲ။ မျိုးဆက်ပေါင်းများစွာအတွင်း ယုမိသားစုရဲ့ အစစ်အမှန်နောက်ကြောင်းကို ဘယ်သူမှ မသိကြဘူး။ ငါတို့လည်း မသိခဲ့ဘူး။ ဒါပေမယ့် ဘာမှ အရမ်းကြီးစိုးရိမ်မနေပါနဲ့ ။ နောက်ပိုင်းကျရင် လူဆိုးထိန်းတွေနဲ့ ပူးပေါင်းပေးလိုက်ပါ…"

သူက ခံစားချက်များကို ထိန်းချုပ်ထားသည့်အတွက် မုန့်ချီက မည်သည့်အရာကိုမျှ သတိမထားမိခဲ့ပေ။ သူကတော့ ဒဏ်ရာများကို ကုသမည်ဟု ဆင်ခြေပေးပြီး ထွက်လာခဲ့၏။ သူက ခန်းမထဲမှ ထွက်လာပြီးနောက် ဘေးဘက် ခြံဝန်းတစ်ခုထဲကို ဦးတည်လာခဲ့သည်။

ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအရာကတော့ ခြံဝင်းထဲတွင် အင်မော်တယ် တစ်ယောက် ပုန်းအောင်းနေပြီး အကူအညီလိုအပ်နေသည်ဟူသော လျှို့ဝှက် သင်္ကေတတစ်ခုဖြစ်၏။

မုန့်ချီ၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက လျှောက်သွားပြီး လက်ဝါးကိုသုံး၍ ကျောက်တုံးပေါ်တွင် ရှိနေသော အမှတ်အသားကို ဖျက်လိုက်၏။ အစေခံများကို မောင်းထုတ်လိုက်ပြီး သူ့ကို စောင့်ကြည့်နေသူမရှိကြောင်း သေချာသွားပြီးနောက် သူက သစ်တုံးကြီးနားကို ကပ်သွားခဲ့၏။

"အင်မော်တယ်လမ်းကြား…"

သူက အသံတိုးတိုးနှင့်ပြောပြီး တံခါးကို တွန်းဖွင့်လိုက်၏ ။

တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် အမှောင်ထဲမှ လူတစ်ယောက် ထွက်လာခဲ့၏။ သူမက အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ရှိနေပြီး အနက်ရောင်ဆံနွယ်များ ရှိကာ ဘိုးဘေးဒိုမူ မျက်နှာဖုံး ဝတ်ထားသည်။

"ငါက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတယ်…"

သူမက တည်ငြိမ်စွာ ပြောလိုက်၏။

Translated by Hein Htet.

All Chapters