← Chapters

အခန်း (၄၈၈)

Vol. 33 Ch. 488

အခန်း (၄၈၈)

Vol. 33 Ch. 488

အသက် (၅) နှစ် (၆) နှစ် အရွယ်ခန့်သာရှိသော ကလေးမလေးက အလွန်လှပပြီး ချစ်စရာကောင်းလွန်းလှသည်။ သူမ၏ပါးဖောင်းဖောင်းလေးက အလွန်ချစ်စရာကောင်းသည့်အတွက် တခြားလူများက သူမ၏ပါး (၂) ဖက်ကို ဖျစ်ညှစ်ပစ်လိုသည့်ဆန္ဒများပင် ပေါ်လာနိုင်၏။

သို့သော် လျှူရှုယူ၏ မျက်လုံးထဲတွင်တော့ ထိုကလေးမလေးက မကောင်းဆိုးဝါး တစ်ကောင်ဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် ရှိမနေသင့်သော ကြောက်စရာ သတ္တဝါတစ်ကောင် ဖြစ်သည်။

"နင် နင်..."

လျှူရှုယူက ဒယိမ်းဒယိုင် ဖြစ်သွားခဲ့၏။ သူမက ကူရှောင်စန်းကို လက်ညှိုးထိုးပြီး ပြောစရာစကားလုံးများ ဆက်ထွက်မလာခဲ့ပေ။

ကူရှောင်စန်းက ထိုကလေးမလေးကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဒေါ်လေးကိုလာပြီး နှုတ်ဆက်လိုက်ဦး…"

ထိုကလေးမလေးက ခေါင်းမော့ပြီး လျှူရှုယူကို ကြည့်လိုက်သည်။ သူမက ရုတ်တရက် ပြောလိုက်၏။

"မေမေ ဒီဒေါ်လေးက တော်တော်ခင်ဖို့ကောင်းတယ်…"

"ဟုတ်တာပေါ့ သူက သမီးရဲ့ဒေါ်လေးလေ…"

ကူရှောင်စန်းက အလေးအနက် အမူအရာနှင့် ရှင်းပြလိုက်သည်။

ကလေးမလေးက ငိုတော့မည့်အချိန်တွင် သူမက မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒါပေမယ့် ဖေဖေကတော့ သဘောမကောင်းဘူး…"

"ဒါကလည်း သမီးရဲ့ဖေဖေက သစ္စာမရှိလို့ပါ။ သူက မေမေတို့ကို စွန့်ပစ်သွားတာ…"

ကူရှောင်စန်းက အလေးအနက်ပုံစံနှင့် ဆက်၍ပြောနေသေး၏။

ကလေးမလေးက ခေါင်းညိတ်ပြလိုက်ပြီး လက်သီးဆုပ်လိုက်သည်။

"မေမေ …

သမီးက မေမေ့ကို ကာကွယ်ပေးမယ်။ သမီး အသက်ကြီးလာတဲ့အချိန်ကျရင် အဲဒီဖေဖေဆိုးကြီးကို အနိုင်ယူပစ်မယ်…"

လျှူရှုယူ၏ မျက်နှာလေးက နီရဲနေရာမှ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ နောက်တစ်ကြိမ် ပြန်၍ နီရဲလာခဲ့သည်။ ကလေးမလေးက သူမ အရှက်ရစေရန် တစ်စုံတစ်ခု လုပ်ဆောင်နေသလို ထင်မှတ်ရ၏။

ကူရှောင်စန်းက ကလေးမလေး၏ ခေါင်းကိုကိုင်ပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။

"သမီး ခဏသွားပြီး ဆော့နေလိုက်ဦး။ မေမေက ဒေါ်လေးနဲ့ ပြောစရာစကားရှိတယ်…"

ကလေးမလေးက ကန့်လန့်ကာနောက်သို့ ပြန်ဝင်သွားခဲ့ပြီး လျှူရှုယူ၏ ပစ္စည်းများနှင့် တစ်ယောက်တည်း တိတ်တဆိတ် ဆော့နေခဲ့သည်။

"နင်က သူ့ကို မသတ်ခဲ့ဘူးလား။ ဒါဆိုရင် ငါက..."

လျှူရှုယူက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ကူရှောင်စန်းကို စိုက်ကြည့်လိုက်၏။

လက်တစ်ဖက်နှင့် မေးထောက်ထားသော ကူရှောင်စန်း၏ပုံစံက အလွန်လှပပြီး ဉာဏ်နီဉာဏ်နက် များပုံရသည်။ သူမက မျက်မှောင်ကြုတ်၍ အပြုံးနှင့် ပြောလိုက်၏။

"စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေကြောင့် ငါက သူ့ကို မသေမရှင် ထားခဲ့တယ်လေ။ ဒါကြောင့် နင့်ရဲ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာတဲ့အချိန်မှာ နင်က နီမဏကာရအဖြစ်ကနေ မူလပုံစံအဖြစ်ကို ပြန်ပြောင်းသွားတယ်။ ဒါပေမဲ့ နင်က ရှုပ်ထွေးမနေဘူးလား။ ဆန်းကြယ်နတ်သမီး ဆက်ခံသူတစ်ယောက်ဖြစ်တဲ့ နင်က (၂)နှစ်ကြာသွားတဲ့အချိန်မှာတောင် ဘာလို့တံခါး (၆) ပေါက်အဆင့်ပဲ ရှိနေသေးတာလဲ"

"ဒါ ..ဒါဆိုရင် ငါက နီမဏကာရဆက်ပြီး ဖြစ်နေသေးတာပေါ့…"

လျှူရှုယူ၏ သံသယများ ပျောက်ကွယ်သွားပုံရသည်။ နီရဲနေသော သူမ၏ မျက်နှာလေးက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပြီး တည်ငြိမ်အေးချမ်းသွားခဲ့၏။

ဆန်းကြယ်နတ်သမီးဆက်ခံသူ တစ်ယောက် ဖြစ်သည့်အတွက် သူမက ဒေါသကို ထိန်းနိုင်သည်။ သို့သော် သူမကသာ ထိုကဲ့သို့ ဆက်၍ ပြုမူနေမည်ဆိုလျှင် အားနည်းသော သူမ၏စိတ်အခြေအနေကိုသာ အပြစ်တင်ရပါလိမ့်မည်။

ကူရှောင်စန်းက သူမကို လျစ်လျူရှုပြီး ပြောလိုက်၏။

"ညီမလေးလျှူ …

နင့်ကိုကြည့်ရတာတော့ ငါ့ကို ချက်ချင်း သေစေချင်နေသလိုပဲ။ သူကသာ တစ်ခုခုကို ရှာတွေ့သွားမယ်ဆိုရင် သူ ရှာတွေ့တဲ့အရာတွေကို ချက်ချင်း နှုတ်ပိတ်ပြီး အဲဒီအရူးစုမုန့်ဆီကို သတင်းပို့လိုက်လိမ့်မယ်…"

လျှူရှုယူက သူမ၏အမုန်းတရားများကို ဖုံးကွယ်ထားရန် စီစဉ်လိုက်ပြီး ချက်ချင်းပင် သူမ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။

"နင်က အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ…”

“တကယ်လို့ ငါက မလုပ်ချင်ခဲ့ဘူး ဆိုရင်တောင် နင့်အတွက်တော့ သဲလွန်စ ချန်ထားမှာ မဟုတ်ဘူးလေ။ ငါတို့က ဘယ်အချိန်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိသေးလား…"

ရင်းနှီးသော မိတ်ဆွေဟူသည့်စကားကို ပြောသည့်အချိန်တွင် ကူရှောင်စန်းကတော့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သလို ထင်ရသည်။

လျှူရှုယူ၏မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူမက နောက်တစ်ကြိမ် စိတ်လွတ်သွားသလိုထင်မှတ်ရသည်။

"ငါ့ရဲ့မူလခန္ဓာကိုယ်ကို နင်က အလစ်ချောင်းပြီး တိုက်ခိုက်လိုက်တဲ့အချိန်မှာလေ…"

လျှူရှုယူနှင့် ယုလုံကျိတို့က ရံဖန်ရံခါ အချင်းချင်း စာရေးနေသော အဝေးရောက် မိတ်ဆွေများသာ ဖြစ်သည်။ တစ်ယောက်က လော့ရန်တွင် ရှိနေပြီး တစ်ယောက်က နန် စီရင်စုတွင် ရှိနေ၏။ သူတို့က မည်ကဲ့သို့ ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာနိုင်မည်နည်း။

နွေဦးရာသီတွင် လျှူရှုယူက သူမ၏မှတ်ဉာဏ်များကို ပြန်လည်မှတ်မိလာပြီးနောက် ယုလုံကျိက လော့ရန်ကို ရောက်လာခဲ့သည်။ ယုလုံကျိက ဉာဏ်ကောင်းပြီး ရက်ရောသော်လည်း လျှူရှုယူထက် ပို၍အသက်ကြီးနေသည့်အတွက် သူမက သူ့ကို အစ်မကြီးဟုသာ ခေါ်ခဲ့သည်။ ထိုအရာက လျှူရှုယူ သဘောကျသည့် အခေါ်အဝေါ်လည်း ဖြစ်၏။

ထို့ကြောင့် သူတို့က တဖြည်းဖြည်း ရင်းနှီးလာပြီး မကြာခဏဆိုသလို အချင်းချင်း စာရေးပို့ဆောင်၍ နောက်ဆုံးတွင်တော့ မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ ယခုတော့ ယုလုံကျိက ထိုအရာကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြောင်း လျှူရှုယူက သိသွားခဲ့သည်။

"အဲဒီအချိန်ကတည်းက နင်က ငါ့ကို အသုံးချဖို့ စဉ်းစားနေခဲ့တာလား။ နင်က အဲဒီအရာကို နှစ်ပေါင်းများစွာ ကြံစည်နေခဲ့တာပဲ…"

လျှူရှုယူ၏ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်နေခဲ့၏။

ကူရှောင်စန်းက ပြုံးလိုက်သည်။

"ဟုတ်တယ်။ ငါက ဟွမ်စီရင်စုထဲမှာ ရှန်ရှို့မေရဲ့နောက်ကို မလိုက်ခင်ကတည်းက ငါတို့ဂိုဏ်းက အစီအစဉ်စနေပြီ။ ဒါပေမဲ့ ငါတို့က ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးလူသားနဲ့ မျက်နှာတစ်ထောင် မကောင်းဆိုးဝါးလူသားတို့ကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ငါတို့က ပုံရိပ်ယောင်နတ်ဆိုးနဲ့ မီးအိမ်ကိုင် နတ်ဆရာတို့ကို ဖိတ်ခေါ်ပြီး စကားပြောခိုင်းခဲ့တယ်။ ဒါပေမဲ့ ငါက ကောင်းကင် (၉) သွယ်ကို မသွားရသေးခင် ဆန်းကြယ်နတ်သမီး ဆက်ခံသူရဲ့ နီမဏကာရကို အခွင့်ကောင်းယူဖို့ မစဉ်းစားထားပါဘူး။ အဲဒီအချိန်မှာ နင်က လျှူလောင် နီမဏကာရဆိုတာကို တွေ့လိုက်ရတယ်…”

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာတော့ ငါက ငါ့ရဲ့နောက်ကြောင်းကို နင်သိအောင်လို့ သဲလွန်စတချို့ ပေးခဲ့တယ်။ ပြီးတော့ ယုမိသားစုနဲ့ ပတ်သက်တဲ့ အစစ်အမှန် အခြေအနေတွေကိုလည်း ပြောပြဖို့ ကြိုးစားခဲ့တယ်။ ငါက အဲဒါကို အရံအနေနဲ့ အသုံးပြုခဲ့တာပါ။ ဒါပေမယ့် ငါက သူတော်စင်အင်ပါယာ တံဆိပ်တစ်ဝက်ကို မထင်မှတ်ထားဘဲ ဆုံးရှုံးလိုက်ရတယ်။ ငါ့ရဲ့အစီအစဉ်မှာတော့ ကောင်းကောင်းကြီး အသုံးချရမှာပေါ့…."

သူမက မတ်တပ်ရပ်လိုက်ပြီး အလွန်လှပစွာ ဦးညွှတ်လိုက်သည်။

"တကယ်လို့ နင်ကသာ အဲဒါကို တမင်ရည်ရွယ်ပြီး လျှို့ဝှက်ချက်အနေနဲ့ မထားခဲ့ဘူးဆိုရင် ငါတို့က သတင်းကို ဖြန့်ပြီးတာ ကြာလိုက်ပြီ။ ဒါပေမဲ့ အင်မော်တယ်တွေကို ဖယ်ရှားဖို့က အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းတယ်။ အဲဒီမြေခွေးအိုကြီးတွေက သံသယရှိနေတဲ့အတွက် ငါတို့က သူတို့ကို မျှားခေါ်ဖို့ မအောင်မြင်ခဲ့ဘူး။ တကယ်လို့ နင်ကသာ ကောင်းကင် (၉) သွယ်က မိုးကြိုးနတ်ဘုရားကို မလှုံ့ဆော်ခဲ့ဘူးဆိုရင် ငါတို့ရဲ့ရည်မှန်းချက်က ပြည့်စုံနေလောက်မှာ...။ ဒါဆိုရင် လျှို့ဝှက်ချက်တွေကလည်း အလွယ်တကူ ပေါ်သွားနိုင်တယ်။ ဒါကြောင့် ငါက ဒီက ညီမလေးကို အထူးတလည်လာပြီး ကျေးဇူးတင်ရတာလေ…"

သူမ၏အသံကို နားထောင်ကြည့်ရသည်မှာ သခင်မစုက ဒဏ္ဍာရီများ၏ပတ်သက်မှုကို သိနေပုံရ၏။ လူသားဧကရာဇ် အုပ်စိုးစဉ် ကာလတွင် တည်ထောင်ခဲ့သော သခင်မစု ဂိုဏ်းတွင် ရှည်ကြာသော သမိုင်းတစ်ခု ရှိနေသည်။ သူတို့၏အစွမ်းက မြစ်အရှေ့ပိုင်း ဝမ်မိသားစုနှင့် တခြားဂိုဏ်းများထက် အနည်းငယ်လေးသာ ပို၍အားနည်း၏။

လျှူရှုယူ၏ မျက်နှာလေးက နောက်တစ်ကြိမ် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူမ၏လေသံက အနည်းငယ် ပို၍တိုးလာသည်။

"ငါက တခြားလူတွေကို သတိပေးလိုက်မှ မကြောက်ဘူးလား..”

“တောင်ပိုင်းစီရင်စုမှာရှိတဲ့ ယုမိသားစုဆိုတာက အခွံသက်သက်ပဲ။ ငါတို့က အဲဒါကို စွန့်ပစ်ဖို့ စီစဉ်ထားတာ ကြာနေပြီ။ တကယ်လို့ အင်မော်တယ်တွေကသာ သူတော်စင်တံဆိပ်တစ်ခြမ်းကို ယူမသွားခဲ့ဘူးဆိုရင် ယုမိသားစုက မြို့တော်ထဲကို ရောက်လာမှာတောင် မဟုတ်ဘူး။ ဒီတော့ နင်က အဲဒါကို သတိပေးလိုက်ရင်ရော ဘာထူးတော့မှာလဲ။ နင်က ဉာဏ်ကောင်းပါတယ်။ ဒါကြောင့်လည်း သားကောင်ပေါ်မလာခင် အချိန်ထိ နင့်ရဲ့လက်နက်ကို လုံးဝမသုံးခဲ့တာလေ…"

ကူရှောင်စန်းက စားပွဲခုံ၏နောက်မှ လျှောက်လာခဲ့၏။

သူမ၏အပြုံးကြောင့် လျှူရှုယူက တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။

"ဒါပေမဲ့ ယပ်တောင် (၆) လက်ကျောင်းက သူတော်စင်အင်ပါယာတံဆိပ်ကို ရသွားသေးတယ်"

လျှူရှုယူက အခြေအနေကို နားလည်သွားသလို ထင်မှတ်ရပြီး ဆက်မပြောတော့ပေ။

ကူရှောင်စန်းက မျက်ခုံးပင့်၍ ပြောလိုက်၏။

"သူတော်စင်အင်ပါယာတံဆိပ်က ငါတို့အတွက် အသုံးမဝင်ဘူး။ ဒါကြောင့် ငါတို့က တခြားသူတွေနဲ့ ပူးပေါင်းနေရတာ။ ပညာရှင်တစ်ယောက်ရဲ့အစွမ်းကို ခိုးယူနိုင်တဲ့သူတွေက သေချာပေါက် ယပ်တောင် (၆) လက်ကျောင်းထဲမှာ အစွမ်းထက်နိုင်တာပဲလေ။ ယပ်တောင် (၆) လက်ကျောင်းနဲ့ ဘုရင်ကြီးက သူတော်စင်အင်ပါယာတံဆိပ်ကို တန်ဖိုးမထားကြဘူး။ ဒါက အရမ်းကိုပြဿနာများတာ မဟုတ်ဘူးလား…”

“ဒါပေမယ့် စစ်မာရှီနဲ့ ကျိုးဝူရန်တို့က ဘိုးဘေးဒိုမူကို မတိုက်ခိုက်ဘဲ နင့်ကို ဖမ်းလိုက်မှာ မစိုးရိမ်ခဲ့ဘူးလား…"

လျှူရှုယူ၏အသံက တဖြည်းဖြည်း ပို၍တိတ်ဆိတ်လာခဲ့သည်။

ကူရှောင်စန်းက နှုတ်ခမ်းကို လက်နှင့်အုပ်ပြီး တိုးတိုးလေး ရယ်လိုက်၏။

"လော့ရန်ကို ဘယ်သူက အန္တရာယ်ပေးနိုင်တာလဲ။ ဘိုးဘေးဒိုမူလား ငါတို့လား။ တကယ်လို့ ငါတို့မအောင်မြင်ဘူးဆိုရင် ငါတို့ရဲ့သူတော်စင်အင်ပါယာတံဆိပ်ကို ပေးလိုက်ရရုံပဲရှိမယ်။ ပြီးတော့ ငါတို့က အဖမ်းခံလိုက်ရုံပဲ။ ငါတို့သာ အသက်ရှင်နေသေးသရွေ့ ငါတို့က ထွက်သွားလို့ရနေသေးတယ်…."

လျှူရှုယူက တိတ်တဆိတ် နားထောင်နေသော်လည်း ကူရှောင်စန်း၏ စကားလုံးများက နားလည်ရန် ခက်ခဲသည်ဟု ခံစားမိလာခဲ့၏။ သို့သော် ကူရှောင်စန်းက ထွက်သွားရန် သူမ၏အကူအညီကို သေချာပေါက် ရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေသေးသည်။

ကူရှောင်စန်း၏အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး လျှူရှုယူ၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်၏။

"နင့်ကို ကျေးဇူးတင်တဲ့အပြင် ငါ့ဆီမှာ နင်နဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်…"

လျှူရှုယူက စိုးရိမ်ထိတ်လန့်သွားပြီး ဇဝေဇဝါ ဖြစ်နေခဲ့၏။ အလွန်အသေးစိတ်ကျသော ကူရှောင်စန်း၏ အစီအစဉ်များကြောင့် သူမ၏ခေါင်းထဲတွင် အစွမ်းထက်ပြီး ဉာဏ်နီဉာဏ်နက်များသော နတ်ဆိုးမတစ်ယောက်၏ပုံရိပ် ပေါ်လာခဲ့သည်။ ထို့ကြောင့် လျှူရှုယူ၏ အရှိန်အဝါနှင့် စိတ်အခြေအနေက လုံးဝကို ဖိနှိပ်ခံလိုက်ရ၏။

ထို့ကြောင့် သူမက မေးလိုက်သည်။

"အဲဒါက ဘာလဲ…."

ကူရှောင်စန်းက ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်၏။ သူမ၏ပုံစံက အလွန်လှပလွန်းလှသည့်အတွက် မိန်းကလေးအချင်းချင်းပင် ဆွဲဆောင်ခံရနိုင်သည်။

"ဆန်းကြယ်နတ်သမီးက အသက်ရှင်နေသေးတယ်ဆိုမှတော့ ဆန်းကြယ်နတ်သမီးဆက်ခံသူကလည်း ထာဝရဆက်ခံသူပဲ ဖြစ်နေလိမ့်မယ်။ နင့်ရဲ့သေဆုံးမှုက သခင်မစုအတွက် ဘာပြဿနာမှ မရှိဘူး။ ငါတို့က အင်မော်တယ်တွေရဲ့ နတ်ဆိုးကို သယ်ဆောင်ထားနိုင်တဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို ရှာနိုင်တယ်။ အရင်တုန်းကလည်း ငါတို့က အဲဒီအရာမျိုး လုပ်ခဲ့ဖူးတာပဲ..”

“ဒါပေမယ့် နင့်မှာတော့ အသက်တစ်ခုပဲ ရှိတယ်။ တကယ်လို့ နင်သာ ငါ့လက်ထဲမှာ သေသွားမယ်ဆိုရင် နင်က လေဟာနယ်မြို့တော်ကို ထာဝရပြန်သွားရလိမ့်မယ်။ နောက်တစ်ကြိမ် အသက်ရှင်မှာ မဟုတ်တော့ဘူး။ နင်က ဘဝကို ပျော်ပျော်ရွှင်ရွှင်နေဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး။ နင်က အဲဒါကို ဆန္ဒရှိရဲ့လား…"

"နင်က ဘာကိုဆိုလိုချင်တာလဲ…"

လျှူရှုယူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

ကူရှောင်စန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးလိုက်သည်။

“ညီမလေးလျှူက ပျော်ရွှင်စရာ မကောင်းတဲ့အချိန်တွေကို မေ့ပစ်ပြီး ငါ့ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်တာပါ။ ငါနဲ့ပူးပေါင်းလိုက်ပါ။ ငါတို့က အနာဂတ်မှာ အချင်းချင်း ကူညီပေးနိုင်တယ်…."

အချင်းချင်း ကူညီပေးသည်ဟူသော စကားလုံးကို လျှူရှုယူက သိနေခဲ့သည်။ သူမက ကူရှောင်စန်းအတွက် တစ်စုံတစ်ခု လုပ်ပေးရမည်ဟု ဆိုလိုနေ၏။ သူမက ကူရှောင်စန်းကို တိုက်ခိုက်ရမည့်အကြောင်း စဉ်းစားလိုက်လျှင်လည်း အတော်လေး တုန်လှုပ်နေခဲ့သည်။

ကူရှောင်စန်းက ကန့်လန့်ကာနောက်ကွယ်တွင် ရှိနေသော ကလေးမလေးကို လက်ညှိုးထိုးပြလိုက်၏။

"ငါ့ရဲ့အကူအညီရှိနေရင် နင်က သူ့ရဲ့အင်မော်တယ်အငွေ့အသက်တွေကို ဖြည်းဖြည်းချင်း ယူနိုင်ပြီး နင့်ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်တယ်။ ငါက နင့်ရဲ့အဆင့်အတန်းကို ပြောင်းလဲပေးနိုင်တယ်။ ပြီးတော့ နင့်ကို တာဝန် (၃)ခုထက်ပိုပြီး လုံးဝမခိုင်းဘူး။ အဲဒီတာဝန်တွေက သခင်မစုရဲ့ လွှဲပြောင်းမှုတွေကိုလည်း အန္တရာယ်မဖြစ်စေရဘူး။ ဒီတောင်းဆိုမှုက ငါတို့ (၂) ယောက်လုံးအတွက် အကျိုးရှိတယ် မဟုတ်ဘူးလား…”

ကူရှောင်စန်း၏ စကားကြောင့် လျှူရှုယူက အနည်းငယ် စိတ်ဝင်စားသွားခဲ့၏။ ပိုဆိုးသည်မှာ ကူရှောင်စန်းက သူမထက်ပို၍ စွမ်းအားမြင့်မားနေခဲ့သည်။ ကူရှောင်စန်းက မြေခွေးတစ်ကောင်၏ ပုံရိပ်နှင့် သူမကို အောင်အောင်မြင်မြင် ဖိနှိပ်ထားနိုင်ခဲ့သည့်အတွက် သူမက ကြောက်စရာကောင်းသော ပြိုင်ဖက်ကင်း နတ်ဆိုးမတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

လျှူရှုယူက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

“ငါက နင့်ကို ဘာလို့ယုံကြည်ပေးရမှာလဲ…"

ကူရှောင်စန်း၏ မျက်လုံးများက ဝိုင်းစက်သွားပြီး သူမက တိုးတိုးလေး ရယ်လိုက်သည်။ သူမက အဝါရောင်စာရွက်တစ်ခုကို ထုတ်လိုက်၏။

"ငါတို့က စာချုပ်ချုပ်ကြတာပေါ့။ ငါတို့ရဲ့မျက်မြင်သက်သေအဖြစ် အဆင့်မြင့်တဲ့ လူတစ်ယောက်ကို တောင်းဆိုလို့ရတယ်…."

လျှူရှုယူက လှည့်စားသည်ဟု ခံစားနေရသော်လည်း လက်မှတ်ထိုးလိုက်သည်။ ထိုစာချုပ်က အတင်းအကျပ် အသက်ဝင်လာခဲ့၏။

ထို့နောက် ကူရှောင်စန်းက လက် (၂) ဖက်နှင့် သူမ၏ပါးပြင်လေးကို အုပ်ထားပြီး တစ်ယောက်တည်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"တခြားသူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ သူတို့ရဲ့အဆင့်အတန်းကို ဖုံးကွယ်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေတယ်။ ဒါပေမဲ့ ငါကတော့ ဆန်းကြယ်နတ်သမီးဆက်ခံသူကို ငါ့ရဲ့သူလျှိုအနေနဲ့ ထားနိုင်တယ်။ တကယ်လို့ ငါ့ယောကျ်ားသာ သိမယ်ဆိုရင် သူက မှင်တက်သွားနိုင်တယ်။ တဖြည်းဖြည်းနဲ့ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်ကို ရောက်လာပြီပဲ…"

သူမ၏လေသံထဲတွင် သနားကြင်နာမှုများ ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းတွင် မကောင်းဆိုးဝါးဆန်နေသည်။ သူမက လျှူရှုယူကို ခြိမ်းခြောက်နေခဲ့၏။

လျှူရှုယူက ရှုပ်ထွေးနေသော်လည်း သူမ၏ယောကျ်ားက မည်သူဖြစ်ကြောင်း မမေးရဲခဲ့ပေ။ ကူရှောင်စန်းနှင့် လျှူရှုယူတို့က အင်မော်တယ်အငွေ့အသက်များ စုပ်ယူရန် ကိစ္စကို သဘောတူလိုက်ပြီးနောက် ကူရှောင်စန်းက ကလေးမလေးကို လျှူရှုယူ၏အခန်းထဲမှ ထွက်လာခိုင်းလိုက်သည်။

သူမက အပြင်သို့ ထွက်သွားသည့်အချိန်တွင် သူမ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ သူမကတော့ အဓိပ္ပါယ်မရှိသော စကားလုံးများကို ပြောခဲ့ခြင်းသာ ဖြစ်သည်။ သူမ၏ပုံစံက လူသူကင်းမဲ့သော တောင်ကြားထဲတွင် ရှိနေသော သစ်ခွပန်းလေးတစ်ခုကဲ့သို့ ဖြစ်နေ၏။

…………

စုလီ၏သတိပေးမှုကြောင့် မုန့်ချီက လော့ရန်တွင် ကြုံတွေ့ခဲ့ရသော အရာများကို ပြန်လည်စဉ်းစားမိခဲ့သည်။ ထိုအခါ သူ၏စွန့်စားခန်း အများစုက သူတော်စင် အင်ပါယာတံဆိပ်ကြောင့် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ အကယ်၍ သူသာ ရောက်နေသည့်နေရာ၌ နေလိုက်မည်ဆိုလျှင် ချီကျန်းရန်၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့ကဲ့သို့ သစ်သီးပွဲတော်ကို တိတ်တဆိတ် စောင့်နေ၍ရသည်။

ထို့ကြောင့် သူလည်း ပြဿနာမဖြစ်စေရန် လေ့ကျင့်မှုကိုသာ အာရုံစိုက်လိုက်၏။ နောက်တစ်နေ့မနက်တွင် မုန့်ချီနှင့် ဘိုးဘေးဒိုမူတို့က လေ့ကျင့်မှုအကြောင်း စကားပြောနေစဉ် အစေခံတစ်ယောက် ရောက်လာကြောင်း တွေ့လိုက်ရ၏။

"ဒုတိယသခင်လေး လူတစ်ယောက် လာရှာတယ်…"

အိမ်တော်ထိန်းက သူ့ကို တလေးတစား သတင်းပို့လိုက်သည်။

"ဘယ်သူလဲ။ သူက ဒီနေရာကို ဘယ်လိုတွေ့သွားတာလဲ…"

အစေခံက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

"သူက ကျွန်တော့်ကို မပြောခဲ့ဘူး။ သူက လက်ရုံးပို့ဆောင်ရေးဌာနရဲ့အပြင်ဘက်မှာ သခင်လေးနဲ့တွေ့မယ်လို့ပဲ ပြောသွားတယ်…"

"လက်ရုံးပို့ဆောင်ရေးအဖွဲ့လား…"

ပျောက်ကွယ်သွားသော မြင်းလှည်းက သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"သူတို့က ငါ့ကိုလာရှာတာလား…."

စုလီနှင့် စုယွဲ့တို့ (၂) ယောက်လုံးက ခြံဝန်းထဲတွင် ရှိနေကြောင်း စဉ်းစားမိသည့်အတွက် သူက တံခါးကို သော့ပိတ်ပြီး ထွက်လာခဲ့သည်။

တံခါးဝတွင် မြင်းလှည်းတစ်စီး ရပ်နေ၏။ ထိုအရာက မုန့်ချီ ခြေရာပျောက်သွားခဲ့သော မြင်းလှည်း ဖြစ်သည်။ ထိုအချိန်တွင် သူက မြင်းလှည်းနှင့် အတော်လှမ်းလှမ်းတွင် ရှိနေခဲ့၏။ မြင်ကွင်းထဲမှ ပျောက်သွားပြီးနောက် သူက လမ်းပေါ်တွင် ရှာဖွေရန် အချိန်တော်တော်လေး ပေးလိုက်ရသည်။ သို့သော် သူက မြင်းလှည်းပေါင်းများစွာနှင့် ဖြတ်သွားဖြတ်လာများကို မြင်လိုက်ရသည့်အချိန်တွင် ပစ်မှတ်ကို ချက်ချင်းရှာဖွေရန် ခက်ခဲသွားခဲ့၏။ ထို့ပြင် ရန်သူ မြင်းလှည်းထဲမှ ထွက်ပြေးလွတ်မြောက်သွားနိုင်သည့် အချိန်ကာလကို စဉ်းစားကြည့်လိုက်ပြီး နောက်မှလိုက်ရန် လက်လျှော့လိုက်ခြင်း ဖြစ်၏။

မြင်းလှည်းပေါ်တွင်တော့ အရပ်ရှည်ရှည် လူငယ် တစ်ယောက်ရှိနေပြီး ခါးတွင် ဓားတစ်လက် ချိတ်ထားသည်။ သူ၏ရုပ်ရည်က ထူးခြားမှုမရှိသော်လည်း အတော်လေးကို ချောမောခန့်ညားပြီး စွမ်းရည်များ ပြည့်ဝနေ၏။ သူက တိတ်တဆိတ် ရပ်နေသော်လည်း ကမ္ဘာမြေကြီး၊ မြင်းလှည်း၊ ကျောက်တုံးထိုင်ခုံ၊ မြစ် စသည့်အရာအားလုံးနှင့် ပေါင်းစပ်ထားသလို ထင်မှတ်ရ၏။

"ငါတို့က အချင်းချင်း တွေ့ခဲ့ဖူးတယ်…"

မုန့်ချီက သူ့ဆီကို ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။

လူငယ်က ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြုံးပြလိုက်သည်။

"ငါ့နာမည် ကွေကျီလို‌့ခေါ်တယ်။ ငါက မင်းကိုလေးစားနေတာ တော်တော်လေးကြာပြီ…"

"ကွေကျီ...။ အဆင့်မြင့်ခရမ်းရောင်ဓား ကွေကျီလား။ ပို့ဆောင်လိုက်တဲ့ပစ္စည်းက ပေကျင်း ကွေမိသားစုကလား..."

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

"ငါက ရှက်မိပါတယ်။ ငါက ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပါပဲ"

မုန့်ချီက နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။

ကွေကျီက ပြုံးလိုက်၏။

"ငါ့မိသားစုထဲမှာရှိတဲ့ အကြီးအကဲတွေက မနေ့ညတုန်းကတိုက်ပွဲကို အရမ်းစိတ်ဝင်စားနေတယ်။ ဒါကြောင့် သူတို့က သခင်လေးစုနဲ့ စကားပြောဖို့အတွက် ငါတို့ရဲ့အိမ်တော်ကို ဖိတ်ခေါ်ချင်နေတယ်..."

Translated by Hein Htet.

All Chapters