အခန်း (၄၉၄)
Vol. 33 Ch. 494
ကျောက်စိမ်းဥယျာဉ်သစ်တောထဲတွင် ရှိနေသော မြစ်များ၊ ရေကန်များနှင့် သစ်တောများအားလုံးကို အလွန်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံလာခဲ့သည်။ မြူခိုးများ ပျောက်ကွယ်သွားသည့်အချိန်တွင် အရာအားလုံးက ပုံမှန် အခြေအနေ ပြန်ရောက်သွားသလို ထင်မှတ်ရ၏။
သို့သော် သေချာဂရုတစိုက်ကြည့်လိုက်မည် ဆိုလျှင်တော့ လေဟာနယ်ကြီးက လှိုင်းလုံးများကဲ့သို့ လှုပ်ရှားနေကြောင်း သတိထားမိကြပါလိမ့်မည်။ လူတိုင်း၏ မျက်စိရှေ့တွင် မြင်နေရသည်မှာ အစစ်အမှန် ဟုတ်သလိုလို မဟုတ်သလိုလိုခံစားနေကြရ၏။
မုန့်ချီကတော့ သူ၏အငွေ့အသက်ကို လူတစ်ယောက်ဆီတွင် ချန်ထားရန် တွေဝေနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်။ ထိုသို့ဆိုရာတွင် သူ၏လုံခြုံမှုအတွက် စုလီ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ရ၏။
အကယ်၍ သူ့ဆီ၌ စုလီ၏ အငွေ့အသက်ကို ဖျက်ပစ်နိုင်သော စွမ်းရည်မရှိလျှင် သူ၏အဆင့်အတန်းသေချာပေါက် ပေါ်သွားနိုင်သည်။ သစ်သီးပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်သော လူငယ်တိုင်းက စိန်ခေါ်မှုကနေ နောက်ဆုတ်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ ရွှမ်ကျန်းတို့နှင့် နှိုင်းယှဉ်လျှင် အားနည်းကြောင်း သိနေလျှင်ပင် သူတို့ကတော့ အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်နေကြသေး၏။ သူတို့က အတွင်းထဲတွင် ရွှမ်ကျန်း၊ ဒေါ်လေးပိုင်နှင့် သတ်ဖြတ်ရေးဓားကဲ့သို့သော ထိပ်တန်းပညာရှင်များနှင့် ရင်ဆိုင်ရနိုင်ချေ ရှိသည်။ သူတို့နှင့်သာ စောစောတွေ့ရမည်ဆိုလျှင် အစောကြီး ထွက်သွားရပါသည်။
သူတို့က ထိပ်ဆုံးကို ရောက်ရှိရန် ရည်မှန်းချက် မရှိကြပေ။ အကယ်၍ သူတို့ကသာ ပုန်းနေပြီး ဝင်္ကပါထဲမှ နောက်ဆုံးလူအနည်းငယ်ထဲတွင် ထွက်သွားနိုင်မည်ဆိုလျှင် အနိုင်ရခြင်းတစ်မျိုးဟု သတ်မှတ်နိုင်သည်။
ဘုရင်ကြီးကတော့ လှိုင်းလုံးများကဲ့သို့ ဝင်ရောက်သွားသော ထိုလူငယ်များကို ကြည့်ပြီး ပြုံးလိုက်မိ၏။
"အချိန်အများစုမှာတော့ ငါတို့က သူတို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ချက်ချင်း ကြည့်နေနိုင်တယ်။ တစ်ခြားအချိန်တွေမှာတော့ ဝင်္ကပါရဲ့သက်ရောက်မှု အားနည်းမသွားရအောင်လို့ တစ်ချို့နေရာတွေမှာရှိတဲ့ ညမြင်ကွင်းတွေ၊ မြူခိုးတွေကို ဝေဝါးနေအောင် လုပ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့လူတွေက အလစ်ချောင်း တိုက်ခိုက်မှုမှာ ကျွမ်းကျင်ပြီး ထိပ်တိုက်ရင်မဆိုင်နိုင်ကြဘူးလေ။ ငါတို့က သူတို့ကို မျှမျှတတ အခွင့်အရေး ပေးရမှာပေါ့…"
"ဒါပေမဲ့ အမတ်ကြီးတို့...
မင်းတို့ရဲ့ အငွေ့အသက် ပေးလိုက်တဲ့ လူငယ်ရဲ့ ပတ်ဝန်းကျင်ကိုတော့ လွတ်လွတ်လပ်လပ် စစ်ဆေးလို့ ရပါတယ်။ အဲဒီနေရာတွေက မြူခိုးတွေနဲ့ ဝေဝါးနေမှာ မဟုတ်ပါဘူး…"
သူ၏ရှင်းပြမှုကြောင့် အမတ်ကြီးများက ကန့်ကွက်နေရန် အကြောင်းအရင်း မရှိကြပေ။
မင်းသား(၃) ယောက်ဖြစ်သော အိမ်ရှေ့မင်းသား၊ မင်းသားကျင်းနှင့် ကျိုးဟမ်တို့က အိမ်မက်နယ်မြေထဲကို နောက်ဆုံးမှ ဝင်သွားကြသည်။
မုန့်ချီကတော့ စိုစွတ်သော အလွှာများနှင့် လေးလံသော လှိုင်းလုံးများကို တစ်လွှာပြီးတစ်လွှာ ဖြတ်သန်းသွားရသလို ခံစားနေရ၏။ ထို့နောက် လှိုင်းလုံးများက ပျောက်ကွယ်သွားပြီ သူ၏မျက်စိရှေ့တွင် အဆုံးမဲ့ ရှိနေသော ချောက်ကြီး တစ်ခု ပေါ်လာခဲ့သည်။
သူက မော့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းထိအောင် ရောက်နေသော မျဉ်းကြောင်းလေးတစ်ခုကို မြင်လိုက်ရ၏။ ဘေးနှစ်ဖက်တွင်တော့ အစိမ်းရောင်ဖုံးလွှမ်းနေသော တောင်ထိပ်များ ရှိနေသည်။
ပိုးဖဲဝတ်ရုံဝတ်ဆင်ထားသော အထက်တန်းလွှာ မိသားစုမှ တပည့် (၅)ယောက် က ထိုတောင်ကြား၏အလယ်တွင် ရပ်နေကြသည်။ သူတို့က ပတ်ဝန်းကျင် အခြေအနေကို သေချာသိပုံမရမေုန့်ချီကို ချက်ချင်း သတိထားမိသွားကြ၏။
"သတ်ဖြတ်ရေးဓား စုမုန့်...။ ငါတို့က တကယ်ပဲ သူ့ကို တွေ့လိုက်ရတာပဲ…"
ထိုလူငယ်များဆီမှ တိတ်တဆိတ်အသံများ ထွက်ပေါ်လာပြီး သူတို့အားလုံးက သတိထားနေကြသည်။ သူတို့က နောက်ဆုတ်ချင်ကြသော်လည်း မုန့်ချီက သူတို့၏ နောက်သို့ လိုက်လံတိုက်ခိုက်မှာကို ကြောက်နေကြ၏။
မုန့်ချီက ညာဘက်လက်တွင် ဓားကို တင်းတင်း ဆုပ်ကိုင်ပြီး မည်သည့်ခံစားချက်မျှမရှိဘဲ သူတို့ဆီ လျှောက်သွားခဲ့သည်။ သူ၏ခြေလှမ်းတိုင်းက သူတို့၏ ရင်ထဲကို ဖိနှိပ်နေသလို ထင်မှတ်ရသည်။
သူတို့ကတော့ တစ်ကိုယ်လုံး တုန်လှုပ်နေကြ၏။ သတ်ဖြတ်ရေးဓားက သူတို့၏မျက်လုံးထဲတွင် တဖြည်းဖြည်း ပို၍အရပ်ရှည်လာသလို ခံစားနေရသည်။ သူ၏ ခြေလှမ်းက နှေးကွေးခြင်း မရှိသလို မြန်ဆန်ခြင်းမရှိချေ။ ဖိနှိပ်ထားသော အငွေ့အသက်များ ပိုင်ဆိုင်ထား၏ ။
ထိုအရာကို လူငယ်(၅) ယောက်က ခံနိုင်ရည် မရှိကြပေ။အကယ်၍ သူသာ နှေးကွေးသွားမည်ဆိုလျှင် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ဆွေးနွေး၍ရနိုင်သေးသည်။ သို့သော် သူက လျင်မြန်နေမည်ဟု သူတို့က တွေးထားခဲ့သည်။ ထို့ကြောင့် သေဆုံးသွားခြင်းက ပိုကောင်းပြီး လျင်မြန်စွာ ပြန်လည်ရှင်သန်လာနိုင်၏။
"ကြည့်ရတာတော့ မင်းရဲ့တပည့်တွေက အတွေ့အကြုံ နည်းနေသေးတယ်။ သူတို့က သတ်ဖြတ်ရေးဓားရဲ့ဖိအားနဲ့ ကြုံရချိန်မှာ တိုက်ခိုက်ချင်စိတ်ကို ဆုံးရှုံးသွားတာပဲ…"
ဘုရင်ကြီးက အဆင့်မြင့် အမတ်ကြီးတစ်ယောက်ဖြစ်သော စုန့်ရှိုရန်နှင့် တစ်ခြားအမတ်များကို အပြုံးနှင့် ကြည့်လိုက်သည်။
ထိုလူငယ်(၅) ယောက်က လော့ရန် စုန့်မိသားစုနှင့် လုံနန် ကျန်းမိသားစုမှ ထိပ်တန်းလူငယ်လေးများ ဖြစ်ကြ၏။
"သူတို့က မွေးလာတာ တော်တော်လေးနောက်ကျတယ်။ သူတို့တွေထဲမှာ အမြင့်ဆုံးအဆင့်က တံခါး(၈)ပေါက်ပဲ ရှိသေးတယ် ။ ဒီတော့ သူတို့က အချိန်မရွေး အဆင့်တက်သွားနိုင်တဲ့ သတ်ဖြတ်ရေးဓားကို ကြောက်နေတာ သာမာန်ပါပဲ…"
စုန့်ရှိုရန်က မုတ်ဆိတ်ကို လက်နှင့် သပ်ပြီး ပြောလိုက်သည်။ သူ့ဆီတွင် အထက်တန်းလွှာမိသားစုတစ်ခု၏ ဂုဏ်ကျက်သရေများ ပြည့်စုံနေခဲ့၏။
"မွေးလာတာ နောက်ကျတာလား…"
ဘုရင်ကြီးက ပြုံးလိုက်ပြီး သူ့စကားကို ပြန်လည်ချေပခဲ့ခြင်း မရှိချေ။ ထိုလူငယ်(၅)ယောက်လုံးက စုကျိယွမ်ထက် တစ်နှစ်၊နှစ်နှစ်ခန့်ပင်ပို၍ အသက်ကြီးနေပုံရသည်။
ကျန်းယွမ်လိက လုံနန် ကျန်းမိသားစု၏ တရားဝင်သား တစ်ယောက်ဖြစ်သည်။ သူက ပညာတတ်မိသားစုတစ်ခုမှ ဆင်းသက်လာခြင်းလည်း ဖြစ်၏။ သူ၏အမူအရာတွင် ခံစားချက်များ အားလုံးပျောက်ကွယ်နေပြီး အသံတိတ်တိတ်နှင့် ပြောလိုက်၏။
"ငါတို့က (၅)ယောက်ရှိပြီး ဒီနေရာက အရမ်းကျဉ်းတယ်။ ဒီတော့ ငါတို့တွေ ရှောင်တိမ်းဖို့အတွက် တော်တော်လေးခက်တယ်။ တကယ်လို့ ငါတို့ကသာ အစွမ်းကုန် တိုက်ခိုက်လိုက်မယ်ဆိုရင် မရှုံးနိုင်ဘူး။ တကယ်လို့ ငါတို့က အနိုင်မရနိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ထွက်ပြေးဖို့ အခွင့်အရေး တစ်ခုရှာနိုင်သေးတယ်။ အဲဒါက လိုက်လံသတ်ဖြတ်ခံရတာထက် ပိုပြီးတော့ ကောင်းသေးတာပေါ့…"
စုန့်မိသားစုမှ စုန်ချွမ်လုက ခေါင်းညိတ်၍ ပြောလိုက်၏။
"အစ်ကိုကြီး...
အစ်ကိုကြီးရဲ့ နေမင်းကောင်းကင်လောင်ကျွမ်းလက်ဝါးက တော်တော်လေးကောင်းတယ်။ ကျွန်တော့်ရဲ့ ဟိုတုသေခြင်းရှင်ခြင်း ဓားသိုင်းပညာကလည်း အားမနည်းဘူး။ ပြီးတော့ ကျွန်တော်တို့အားလုံးက ညီအစ်ကိုတွေပဲ။ ဒီတော့ သူ့ကို စိန်ခေါ်ဖို့ အခွင့်အရေးတစ်ခုရှာပြီး အခွင့်ကောင်းတစ်ခုကို ရှာဖွေကြမယ်…"
သူတို့ (၅)ယောက်က ဆုံးဖြတ်လိုက်သည့်အချိန်တွင် သူတို့၏ အရှိန်အဝါက မြင့်တက်လာပြီး မုန့်ချီဆီမှ ကျယ်လောင်သော ရယ်သံတစ်ခု ကြားလိုက်ရသည်။ သူ့အရှိန်က လျင်မြန်လာပြီး ခြေလှမ်းတိုင်းက မြေပြင်ပေါ်ကို ဆင်တစ်ကောင် နင်းလိုက်သလို လေးလံနေခဲ့၏။
မြေပြင်ပေါ်ကို သူ့ခြေထောက် နင်းလိုက်သည့်အချိန်တိုင်း မြေပြင်ကြီးက တုန်ခါနေခဲ့၏။ တခဏအတွင်း ထိုလူငယ်များ၏ အရှိန်အဝါက ပျောက်ကွယ်သွားခဲ့သည်။
စုန့်ချွမ်လုက ပင့်သက်ရှိုက်လိုက်ပြီး သူ့ဓားနှင့် အပေါ်တည့်တည့်ကို လှမ်းထိုးလိုက်သည်။ သူကတော့ စွမ်းအင်များ ပြည့်နက်နေပြီး မည်သည့်အရာကိုမျှ မကြောက်ခဲ့ပေ။ သူ၏ သတ်ဖြတ်ရေးဆန္ဒများက အတွင်းတစ်နေရာတွင် ပုန်းအောင်းနေပုံရပြီး မထင်မရှား ရှိနေသလို ထင်မှတ်ရ၏။
ကျန်းယွမ်လိနှင့် တစ်ခြားသူများကလည်း လေ့ကျင့်ထားသည့်အတိုင်း ဖြိုခွဲလိုက်ကြသည်။ တစ်ယောက်က နေလုံး ပုံသဏ္ဍာန် လက်ဝါးချက်နှင့် ရိုက်ချလိုက်ပြီး တစ်ခြားတစ်ယောက်ကတော့ ကောင်းကင်ကြီးကို ဖျက်စီးလိုက်သော ဓားတစ်ချောင်းကို ဝှေ့ယမ်းလိုက်၏။ သူတို့နှစ်ယောက်လုံးက မုန့်ချီ၏ ခန္ဓာကိုယ် အဓိကနေရာများကို ပစ်မှတ်ထားခဲ့ကြသည်။
"ချွမ်.."
မုန့်ချီက သူ၏ဓားမောက်ကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်လိုက်သည်။ ထို့နောက် အလွန်ကြောက်စရာကောင်းသော အရှိန်နှင့် ခုတ်ချလိုက်၏။
"ချွမ်... "
အလွန်ကြောက်စရာကောင်းသော ခုတ်ချက်ကြောင့် စုန့်ချွမ်လုတို့က ဓားကွက်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခြင်းပင် မရှိခဲ့ပေ။ သူ၏ထူးခြားသော လှုပ်ရှားမှုများအားလုံးက တားဆီးခံလိုက်ရ၏။ သူက တစ်ခြားသော သိုင်းကွက်များကို မသုံးရသေးခင် ဓားမောက်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအချိန်တွင် သူ၏လက်မနှင့် လက်ညှိုးကြားထဲတွင် ရှိနေသော အရေပြားက အက်ကွဲသွားခဲ့ပြီး လက်ထဲမှ ဓားလွှတ်ကျသွားခဲ့၏။ ထိုအချိန်၌ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူ့အကြီးအကဲများ ပြောခဲ့သော စကားတစ်ခုကို အမှတ်ရသွားခဲ့သည်။
"အစစ်အမှန် ဓားသိုင်းပညာက ဓားပေါ်မှာ မူတည်နေတာမဟုတ်ဘူး။ လေ့ကျင့်မှုပေါ်ပဲ မူတည်နေတာ…"
မုန့်ချီက ဓားချက်တစ်ချက်တည်းနှင့် စုန့်ချွမ်လု၏ ဓားကို ခုတ်ပစ်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ခြေထောက်နှင့် ကန်လိုက်သည်။ သူ၏ ဓားမောက်က နဂါးတစ်ကောင် ပျံသန်းလာသကဲ့သို့ ဖြစ်လာပြီး ကျန်းယွမ်လိနှင့် တစ်ခြားသူများရှိရာကို တိုက်ခိုက်လိုက်၏။
"ချွမ်...ချွမ်...ချွမ်...ချွမ်...”
တိုက်ခိုက်မှု တစ်ခုချင်းဆီတိုင်းက မုန့်ချီဆီကို ကျရောက်လာသော်လည်း ရွှေရောင်အလင်းတန်းများက ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။ ဓားမောက်ကတော့ တုတ်ရှည်တစ်ချောင်းကဲ့သို့ ကြောက်စရာကောင်းသော အစွမ်းမျိုးနှင့် သူတို့ကို ဖယ်ရှားပစ်လိုက်၏။ နောက်ပိုင်းတွင်တော့ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး လူငယ်(၅) ယောက်က တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားခဲ့၏။
သူတို့ကို မိသားစုအကြီးအကဲများက ခေါ်ဆောင်သွားခဲ့သည်။ မုန့်ချီက မိနစ်အနည်းငယ်လေးအတွင်း တိုက်ပွဲကို အဆုံးသတ်ခဲ့ပြီး အလွန်လျင်မြန်လွန်းလှသည့်အတွက် အမတ်ကြီးများကပင် သူတို့ကို တစ်စုံတစ်ရာ ကူညီပေးရန် အချိန်မရခဲ့ပေ။
"မင်းတို့က ကိုယ့်အစွမ်းကိုယ် သေချာသိသင့်တယ်."
စုန့်ရှိုရန်က အရှက်ရနေသော စုန့်ချွမ်လုကို စိုက်ကြည့်လိုက်၏။
စုန့်ချွမ်လုကတော့ နီရဲနေသော မျက်နှာအမူအရာနှင့် ခေါင်းငုံ့နေပြီး ပြန်မော့မကြည့်ခဲ့ပေ။ တစ်ခြားသော ကြည့်နေသူများကတော့ ပင့်သက်ရှိုက်လိုက်ရ၏။ သတ်ဖြတ်ရေးဓားက ထိုလူငယ်များကို ရင်ဆိုင်ရန် စွမ်းအား တစ်ဝက်ပင် မသုံးခဲ့ရပေ။
မုန့်ချီက သူ၏ဓားမောက်ကို ကိုင်ပြီး တောင်ကြားထဲမှ ထွက်လာခဲ့၏။ ထိုအချိန်တွင် သစ်တောထဲမှနေ၍ သူ့ဆီကို လျှောက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအရာက ဒေါ်လေးပိုင် ဖြစ်၏။
"ခစ်…ခစ်…ခစ် …စောစောပေါ်လာရမဲ့အစား အခွင့်အရေးကိုစောင့်ပြီး ပေါ်လာတာက ပိုပြီး ဉာဏ်ကောင်းတယ်လေ…"
သူမ၏ အငွေ့အသက်များက မြင့်တက်လာခဲ့၏။ အလွန် ကြမ်းတမ်းခက်ထန်သော အငွေ့အသက်များကလည်း တောင်တန်းကြီးများ ၊ ချိုင့်ဝှမ်းကြီးများကဲ့သို့ ဖြစ်နေသည်။ သူမကတော့ အလွန်ကြောက်စရာကောင်းသော မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ချုပ်နှောင်ထားသည့်အလား ကိုယ်အလေးချိန်က လေးလံလာကြောင်း ခံစားလာမိသည်။ သူ၏လှုပ်ရှားမှုတိုင်းက လိုအပ်သည်ထက် ပို၍ စွမ်းအားများ ကုန်ဆုံးနေခဲ့သည်။
ပထမတွင်တော့ သူက ဒေါ်လေးပိုင်ကို ရှောင်တိမ်းပြီး တစ်ခြားပြိုင်ဘက်များကို ရှင်းလင်းပစ်ရန် စဉ်းစားနေခဲ့သည်။ ထို့နောက် ရွမ်ယုရှုတို့နှင့် တွေ့ဆုံပြီးမှ သူ့ကို တိုက်ခိုက်ရန် စဉ်းစားထားခဲ့၏။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သူက အောင်မြင်ရန် (၇၀) (၈၀)ရာခိုင်နှုန်းခန့် ရှိနေသေးသည်။ သို့သော် ဘဝကြီးက ကိုယ်သတ်မှတ်ထားသည့်အတိုင်း ဖြစ်လာခဲ့ခြင်း မရှိချေ။
"သူတို့က မကြာခင် တွေ့တော့မယ်ဆိုတာ ကျွန်တော် သိနေတယ်…"
ကျန်းယွမ်လိက သူ၏ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး အိမ်မက်နယ်မြေထဲရှိ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။
သတ်ဖြတ်ရေးဓားက ဒေါ်လေးပိုင်နှင့် တွေ့နေရသည့်အချိန်တွင် သူ၏ ခံစားချက်များကပင် လှုပ်ရှားလာခဲ့ရ၏။ သတ်ဖြတ်ရေးဓားက လူငယ်မှတ်တမ်းတွင် အတော်ဆုံး တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်သော်လည်း သူက ဒေါ်လေးပိုင်နှင့် အဆင့်တူညီနေခြင်း မရှိချေ။
"သတ်ဖြတ်ရေးဓားက အစောပိုင်းတွင် ရှင်းပစ်ခံရမည်လော…"
ထိုအရာက ပွဲကြည့်သူအများစု၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။ အိမ်မက်နယ်မြေ၏ တစ်ခြားတစ်ဖက်တွင် ဖြစ်ပျက်နေသော တစ်ခြားတိုက်ပွဲများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ပညာရှင်များ၏ တိုက်ပွဲက ပို၍ စိတ်ဝင်စားစရာကောင်း၏။
ဒေါ်လေးပိုင်က အားရပါးရ ရယ်လိုက်သည်။
"ငါက မင်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ စောင့်နေတာ တော်တော်လေးကြာပြီ.... "
သူမက သူ့ဆီကို အရှိန်နှင့် ပြေးလာပြီး ကြောက်စရာကောင်းသော လက်သီးနှင့် ထိုးလိုက်၏။ သူမက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် သူမ၏အစွမ်းက တောင်ထိပ်ကြီးများကိုပင် ပျက်စီးသွားစေနိုင်သလို ထင်မှတ်ရသည်။
ထိုကဲ့သို့ ဖိနှိပ်လာသော ခံစားမှုကြောင့် မုန့်ချီက အသက်ရှုရပ်မတတ် ခံစားလိုက်ရသည်။ ပို၍ကြောက်စရာကောင်းနေသည်မှာ သူမ၏ နောက်ဘက်တွင် ရှိနေသော မြေပြင်ကြီးက အရာအားလုံးကို ဖုံးလွှမ်းထားနိုင်သော လှောင်အိမ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် မုန့်ချီက ကိုယ်ဖော့ပညာသုံး၍ ရှောင်တိမ်းရန် ခက်ခဲနေပြီး အရှိန်ကို အသုံးပြု၍ တိုက်ခိုက်ရသော သိုင်းကွက်များလည်း အသုံးပြု၍ မရပေ။ သူက သူမနှင့် ထိတ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့၏။
"ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့…"
မုန့်ချီက အော်ဟစ်လိုက်ပြီး သူ၏လေသံထဲတွင် မိုးခြိမ်းသံများ ပါဝင်နေခဲ့သည်။ ထိုကဲ့သို့ တုန်ခါမှုနှင့်အတူ သူက အချုပ်အနှောင်များထဲမှ ရုန်းထွက်လိုက်ပြီး ရိုးရှင်းသော ဓားမောက်သိုင်းပညာကိုသာ ထုတ်သုံးလိုက်၏။
သို့သော် ခုတ်ချက်တိုင်းက ယခင်တုန်းကထက် ပို၍လေးလံနေပြီး အဝေးမိုးကုတ်စက်ဝိုင်းမှနေ၍ ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာနေသည်။
သူက ဒေါ်လေးပိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်လိုက်၏။ သူ့ဆီမှ ကြွက်သားများလည်း ထွက်ပေါ်လာနေပြီး အဝတ်အစားများအောက်တွင် ရုန်းကြွလာသည်မှာ လူသားအရေခွံဖုံးထားသော မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။
"ချွမ်...ချွမ်...ချွမ်.. "
အသံများက မရပ်မနား ထွက်ပေါ်လာခဲ့၏။ ထိုအသံက ပုန်းအောင်းနေကြသော အထက်တန်းလွှာမိသားစုမှ လူငယ်လေးများကို စိတ်လှုပ်ရှားစေပြီး သူတို့ကို ထိတ်လန့်တကြား ထွက်ပြေးသွားစေနိုင်သည်။
ထို့သို့ဆိုရာတွင် မုန့်ချီကတော့ နောက်ကို ခြေတစ်လှမ်းမျှ ဆုတ်သွားခြင်းမရှိဘဲ ဒေါ်လေးပိုင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။ သူ၏ ခွန်အားက သူမနှင့် ယှဉ်နိုင်ပုံရ၏။
"ဘယ်အချိန်တုန်းကများ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ပညာရှင်တစ်ယောက်က လူသားနှင့် ကောင်းကင် တစ်သားတည်း အဆင့်ကနေ အဆင့်တက်သွားတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ကို ရင်ဆိုင်နိုင်ရတာလဲ…"
စုန့်ချွမ်လုကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ မုန့်ချီက လူသားအရေခြုံထားသော မကောင်းဆိုးဝါး တစ်ကောင်ဖြစ်၏။
စုန့်ရှိုရန်က သူ့ကို စိုက်ကြည့်ပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
"သတ်ဖြတ်ရေးဓားက သူရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းလို့မရဘူး။ သူက သတ်ဖြတ်ရေးဓားကို မြေစွမ်းအားတွေနဲ့ ချုပ်နှောင်ထားတဲ့အတွက် တစ်ခြား ကိုယ်ဖော့ပညာတွေကိုလည်း သုံးလို့မရဘူး။ ဒီတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်…"
ထိုအရာကတော့ စုန့်ချွမ်လု လက်မခံနိုင်သော အရာတစ်ခုဖြစ်သည်။
စုန့်ရှိုရန်၏ မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေခဲ့၏။
"သူ့ရဲ့ကျင့်စဉ်နည်းလမ်းက ခွန်အားပေါ် အခြေခံထားတယ်။ သူ့ရဲ့ လက်ရှိတိုက်ခိုက်မှုက သာမာန် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကိုတောင် ယှဉ်နိုင်တယ်။ သူက ဒေါ်လေးပိုင်ထက် နိမ့်ကျနေတာမျိုး မရှိဘူး။ ပြီးတော့ လူသားနှင့် ကောင်းကင် တစ်သားတည်း အဆင့်ကို ရောက်ပြီးသွားတဲ့အချိန်မှာ သူက သဘာဝစွမ်းအားတစ်ချို့ကိုလည်း ငှားယူနိုင်သေးတယ်…"
သူက ရပ်ပြီး ထပ်ပြောလိုက်၏။
"အရေးကြီးဆုံးအရာကတော့ သူရဲ့တိုက်ခိုက်မှု တစ်ခုချင်းဆီတိုင်းက ဒေါ်လေးပိုင်ရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားနေတာ။ သူက ခွန်အားနိမ့်ကျမယ်ဆိုရင်တောင် တစ်ခြားအရာတွေနဲ့ ပြန်ပြီးတော့ ဖြည့်ဆည်းနိုင်တယ်။ သူက နည်းနည်းလေးတောင် အရေးနိမ့်နေတာမျိုး မရှိဘူး။ ဒါက သူရဲ့လှုပ်ရှားမှုနှင့် အဆင့်အပေါ် အသာစီး ရနေတာပဲ…"
"ဟုတ်တယ်။. ဒေါ်လေးပိုင်ရဲ့ အဆင့်နဲ့ စွမ်းအားအရ တိုက်ပွဲ ကြာလာနဲ့အမျှ သူရဲ့ရက်စက်ကြမ်းကြုတ်မှုက ပိုပြီးတော့ မြှင့်လာနိုင်တယ်။ သတ်ဖြတ်ရေးဓားရဲ့ အခြေအနေက တဖြည်းဖြည်း ပို၍ခက်ခဲလာတော့မှာပဲ။ တိုက်ပွဲရဲ့ရလဒ်က တဖြည်းဖြည်း မြင်သာလာပါလိမ့်မယ်…"
ထိုအရာကို နားလည်သွားခဲ့ချိန်တွင် စုန့်ချွမ်လုက နောက်တစ်ကြိမ်တိုက်ပွဲကို အာရုံစိုက်ကြည့်လိုက်ပြီး မုန့်ချီ၏ ဓားသိုင်းလှုပ်ရှားမှုများကို သေချာစိုက်ကြည့်နေခဲ့သည်။ မုန့်ချီ၏ တိုက်ခိုက်မှု တစ်ခုချင်းဆီတိုင်းက ရိုးရှင်းသော်လည်း အနှစ်သာရများ ပြည့်နှက်နေကြောင်း သူက မြင်နေရ၏။
ထိုအရာများက လေဟာနယ်ကို တုန်လှုပ်သွားစေနိုင်သော မိုးကြိုးများ ထွက်ပေါ်လာစေနိုင်ပြီး ဒေါ်လေးပိုင်၏ လက်သီးကို တည့်တည့်ရင်ဆိုင်လိုက်မိသည်။ သူမက အဖိုးတန်လက်အိတ်ကိုသာ ဝတ်ဆင်ထားခြင်း မရှိလျှင် မုန့်ချီက အနိုင်ရသွားနိုင်၏။
စုန့်မိသားစုထဲတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ကျင့်စဉ်နည်းလမ်းက ဟိုတုသေခြင်းရှင်ခြင်း ဓားသိုင်းနှင့် ဂရုဏာဓားမောက်သိုင်းတို့ ဖြစ်ကြသည်။ ထို့ကြောင့် စုန့်ချွမ်လုက ဓားမောက်သိုင်းပညာများနှင့် အတော်လေး ရင်းနှီးခဲ့၏။ တိုက်ပွဲကို ကြည့်နေလေလေ သူကတော့ ပို၍ပင် စိတ်ဝင်စားလာလေလေ ခံစားနေရ၏။ မိသားစုအကြီးအကဲ တစ်ယောက်က သူ၏ဓားမောက်သိုင်းပညာကို ဟန်ရေးပြနေပြီး သူတို့နားလည်လာအောင် ကူညီပေးနေသလို ခံစားနေရသည်။
"ချွမ်...ချွမ်...ချွမ်...ချွမ်.."
ဓားမောက်နှင့် လက်သီးတို့က အလွန်ကြောက်စရာကောင်းသော အစွမ်းနှင့်အတူ ရင်ဆိုင်မိနေကြ၏။
ဒေါ်လေးပိုင်ကတော့ အနည်းငယ်လေးသာ လှုပ်ရှားပြီး မြေပေါ်တွင် မတုန်မလှုပ် ရပ်နေသေးသည်။ တစ်ဖက်တွင်တော့ မုန့်ချီက ပြောင်းလဲမှုများစွာ လုပ်ဆောင်နေရ၏။ သူမ၏အငွေ့အသက်က အလွန်နက်ရှိုင်းလွန်းလှပြီး သူ၏တိုက်ခိုက်မှုကို ကာကွယ်ရန် ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက် ကန့်လန့်ဖြတ်ခံလိုက်သည်။
သူမနှင့်အတူ တောင်တန်းကြီးများ ရွေ့လျားသွားသလို ခံစားနေရ၏။ အချိန်ကြာလာသော်လည်း သူမ၏အစွမ်းက အားနည်းသွားပုံ မရချေ။ မုန့်ချီ၏ ဓားမောက်က အဝေးမိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းသွားခဲ့ပြီး လေဟာနယ်၏ အရှိန်အဝါများကိုပင် လွှမ်းခြုံထားခဲ့သည်။
"ချွမ်.... "
ဖိနှိပ်နိုင်သော အငွေ့အသက်များအောက်တွင် ဓားမောက်နှင့် လက်သီးတို့က အချင်းချင်း ပစ်မှတ်ထားနေပုံရ၏။ သူ၏တိုက်ခိုက်မှုမှနေ၍ လေလှိုင်းများ ထွက်ပေါ်လာပြီး ချီစွမ်းအင်များ ပြည့်နှက်လာခဲ့သည်။
ထိုအချိန်တွင် ဒေါ်လေးပိုင်နှင့် မုန့်ချီတို့က လေးလေးနက်နက် စဉ်းစားပြီး တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားကြ၏။ သူတို့က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
အချိန်ကြာမြင့်စွာ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့၏ ကြားထဲ၌ အနိုင်ရသူ ပေါ်လာနိုင်ကြောင်း သူတို့က သိနေသည်။ အကယ်၍ သူတို့၏အဖော်များ ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့လည်း အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် သူတို့က လူခွဲပြီး အဖွဲ့အသီးသီးနှင့် ဆုံပြီးမှ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
အိမ်မက်နယ်မြေ၏ အပြင်ဘက်မှ ကြည့်နေသူများကတော့ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိသည်။
မုန့်ချီက ပြေးနေသည့်အချိန်တွင် သူ့ကို လွှမ်းခြုံထားသော မြူခိုးအလွှာများကို မြင်လိုက်ရပြီး ခေါင်းပေါ်တွင် ရှိနေသော ကောင်းကင်ကြီးက မည်းမှောင်နေသည်။ သူက စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာနိုင်သော အလစ်ချောင်းတိုက်ခိုက်မှုများကို သတိထားနေခဲ့၏။
ထိုအချိန်တွင် အလွန်အန္တရာယ်များသော အငွေ့အသက်တစ်ခုကို ခံစားလိုက်မိ၏။ ထိုအရာကတော့ ရန်လိုခြင်း ခံစားချက်မှ အခြေခံခြင်းမဟုတ်ဘဲ အစစ်အမှန် သတ်ဖြတ်လိုစိတ်ဖြစ်သည်။
သတ်ဖြတ်ရေးဓားက မြူခိုးများထဲတွင် ပျောက်ကွယ်သွားကြောင်း မြင်သည့်အခါ အိမ်မက်နယ်မြေ၏ အပြင်ဘက်တွင် ရှိနေသော လူအုပ်ကြီးကလည်း အာရုံလွှဲသွားကြသည်။
ဘုရင်ကြီးကတော့ ထိုင်ခုံကို မှီထားရင်း ကောင်းကင်ကြီးကို ကြည့်၍ သူ၏ အမူအရာက တည်ငြိမ်နေခဲ့၏။
……………………
မြောက်ပိုင်းကျိုးအင်ပါယာ ချန်းလဲ့…
မြင်းလှည်းတစ်စီးထဲတွင် ကောင်းလန်က အရက်ခွက်တစ်ခွက်ကို ကိုင်ပြီး ရေကန်မျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေသော လှိုင်းလုံးများကို ကြည့်နေခဲ့သည်။
"ငါ့ကို ဘယ်သူက ဖိတ်ခေါ်ခဲ့တာလဲ။ ဘာလို့ သူ့ဆီမှာ သူမရဲ့ပိုင်ဆိုင်မှုတွေ ရှိနေရတာလဲ…"
သူ၏ အမူအရာက အေးစက်နေပြီး မျက်လုံးအကြည့်က အထင်သေးမှုများ ပြည့်နေသည်။
ထိုအချိန်တွင် ရေကန်ဘေးရှိ သစ်တောထဲမှ လူတစ်ယောက် ထွက်လာပြီး သူ့ပုံစံက အင်မော်တယ် တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ့ကို စစ်ဆေးကြည့်ရန် ခက်ခဲနိုင်သည်။
ကောင်းလန်က အနည်းငယ် စိတ်လှုပ်ရှားသွားပုံ ရ၏။
"မင်းက မသေသေးဘူးလား.. "
သူက မတ်တပ်မရပ်ခဲ့သလို သူ့ဆီကို လျှောက်သွားခဲ့ခြင်းလည်း မရှိပေ။ သူ့အနားတွင်တော့ မျက်နှာဖုံးအုပ်ထားသော မိန်းမပျိုတစ်ယောက် ရှိနေ၏။
မျက်နှာဖုံးထားသော မိန်းမပျိုက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။
"ငါက ကံကြမ္မာကြောင့် ရောက်လာခဲ့တာ။ ပြီးတော့ တူညီတဲ့ အကြောင်းပြချက်ကြောင့် ထွက်သွားရမှာပဲ။ သူ သေသွားခဲ့တာတော့ အမှန်ပါပဲ .."
ကောင်းလန်က အတော်လေး မျက်နှာပျက်သွားခဲ့ပြီး သူ၏ခံစားချက်များကို ချက်ချင်း ဖယ်ရှားလိုက်သည်။ သူက ခနဲ့သလို အမူအရာဖြင့် ပြန်ပြောလိုက်၏။
"ကြည့်ရတာတော့ ရွှေယွဲ့သီလရှင်ကျောင်းရဲ့ လက်ရင်းတပည့်ကလည်း ဆန်းကြယ်နတ်သမီး နီမဏကာရ ဖြစ်နေတာပဲ.."
ဆန်းကြယ်နတ်သမီးက ပြန်လှည့်လာပြီး ရေကန်နံဘေးကို လျှောက်သွားခဲ့သည်။
"ဆန်းကြယ်နတ်သမီး ဆက်ခံမှုနဲ့ ပတ်သက်တဲ့ အုတ်မြစ်တွေက အလယ်ခေတ်ကတည်းက လွှမ်းမိုးမှုတွေ အများကြီး ရှိခဲ့တယ်။ အဲဒါက မကောင်းဆိုးဝါး ဝိညာဉ်မှ မဟုတ်တာ …"
ကောင်းလန်က စကားမပြောဘဲ သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေခဲ့သည်။ သူက သူမ၏အနားသို့ ဘေးချင်းကပ် လျှောက်သွားခဲ့၏။ သူတို့ (၂) ယောက်က တိတ်ဆိတ်နေကြပြီး ရေကန်ကို တစ်ပတ်လျှောက်မိသွားခြင်းကိုပင် သတိမထားမိခဲ့ကြပေ။
သူမက စိတ်မဝင်စားချင်ယောင်ဆောင်ပြီး မေးလိုက်၏။
"နင့်ရဲ့ သူတော်စင်အင်ပါယာတံဆိပ်က ဘယ်မှာလဲ…"
"အဲဒါကို အလဲအလှယ်လာလုပ်တဲ့အတွက် ငါက ပုံရိပ်ယောင်နတ်ဆိုးကို ပေးလိုက်ပြီ။ အဲဒါက ငါ့လက်ထဲမှာလည်း အသုံးမဝင်ဘူးလေ…"
သူက ပြန်ဖြေလိုက်၏။
ဖြစ်ခဲ့သည့်အရာများကို စဉ်းစားပြီး သူလည်း ခနဲ့သလို ပြောလိုက်မိသည်။
"အခုတော့ ငါက အဲဒါကို စဉ်းစားမိသွားပြီ။ ငါက သူ့ကို ကျေးဇူးတင်ရဦးမှာပေါ့။ အဲဒီပစ္စည်းကြောင့်သာ မဟုတ်ရင် ငါ့ရဲ့လမ်းကြောင်းကို တိတ်တဆိတ်အတည်ပြုနိုင်ပြီး ဒီလိုထောင်ခြောက်ထဲကနေ လွတ်မြောက်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“သူတော်စင်အင်ပါယာ တံဆိပ်တစ်ခုတည်းကို ပိုင်ဆိုင်ထားတာက သူရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ မလုံလောက်သေးဘူး…"
ဆန်းကြယ်နတ်သမီးက ရေကန်ကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ ကောင်းလန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့လေသံက အလွန်အေးစက်နေခဲ့၏။
"ငါ့ဆီမှာ သူ့ရဲ့ အငွေ့အသက်တွေ ရှိနေသေးတယ်။ ပုံရိပ်ယောင်နတ်ဆိုးက မမေးခဲ့တဲ့အတွက် ငါလည်း အဲဒီအကြောင်းကို တမင်မပြောခဲ့ဘူး…"
သူမက စကားတစ်ခွန်းမျှ ထပ်မပြောခဲ့သလို ကောင်းလန်ကလည်း တိတ်ဆိတ်သွားခဲ့သည်။ သူတို့နှစ်ယောက်က ဆက်၍ လမ်းလျှောက်နေကြပြီး ရေကန်ကို နောက်တစ်ကြိမ် တစ်ပတ် ပတ်ပြီးသွားပြီးနောက် လူခွဲသွားကြသည်။ သူတို့က နောက်ပြန်လှည့်ကြည့်လာခြင်းပင် မရှိကြပေ။
………………
နန်းတော်ထဲတွင်တော့ ကျိုးဝူရန်က သူ့ရှေ့တွင် အဖိုးတန်ကျောက်များ ကပ်ထားသော တံဆိပ်ပြားလေးတစ်ခုကို ဆုပ်ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီမှ အလွန်ထူးခြားဆန်းကြယ်သော အလင်းတန်းများ တောက်ပလာနေပြီး သူ၏ အငွေ့အသက်များက အလွန်ကြောက်စရာကောင်းနေသည်။
တံခါးအပြင်ဘက်တွင်တော့ ခရမ်းသိမ်းငှက် လူဆိုးထိန်း လျှူရှန့်မင်က တိတ်တဆိတ် ရပ်နေခဲ့၏။ သူက အတွင်းထဲတွင် ဖြစ်ပျက်နေသော အရာများကို စောင့်ကြည့်ပြီး ထိုက်ကျိနန်းတော်ဆီကို လျှောက်သွားခဲ့၏။
သူက တံခါးနားကို ရောက်သည့်အချိန်တွင် နန်းတော်တံခါးကို တွန်းဖွင့်လိုက်ရာ နဂါး(၉) ကောင်ရှိနေသော ပလ္လင်ကြီးအနားတွင် အပြာရောင်မီးအိမ်တစ်ခု ကိုင်ထားသော ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော် သူ့မျက်လုံးထဲတွင်တော့ ပလ္လင်ပေါ်၌ ထိုင်နေသည်မှာ အဖြူဝတ် မိန်းမပျိုတစ်ယောက်ဖြစ်သည်။
သူမဆီမှ သန့်စင်ပြီး မြင့်မြတ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခဲ့၏။ သူမ၏ ရုပ်ရည်က နူးညံ့သိမ်မွေ့သည်။ သူမ၏ လက်နှစ်ဖက်က ကျောက်စိမ်းများကဲ့သို့ ဖြူဖွေးနေပြီး ရွှေရောင်ပလ္လင်လက်ရန်းပေါ်သို့ လက်တင်ထားခဲ့၏။ သူမ၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာ ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခဲ့သည်။
Translated by Hein Htet.