အခန်း (၄၉၈)
Vol. 34 Ch. 498
ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက သူ၏မိုးကြိုးဓားနှင့် ခုတ်ချလိုက်သည်။ တိုက်ခိုက်မှုက အဆုံးမဲ့ ဓားပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ပတ်ပတ်လည်ကို လွှမ်းခြုံသွားခဲ့၏။
"ချွမ်..."
ခရမ်းရောင်လျှပ်စီးကြောင်းများ ပေါက်ကွဲမှုကြောင့် ကျိုးဟမ်က နောက်သို့လွင့်သွားခဲ့ပြီး သူ့ပါးစပ်နှင့် နှာခေါင်းထဲမှနေ၍ သွေးများစီးကျလာခဲ့သည်။ သူက ဒေါ်လေးပိုင်နှင့် ရန်ချုံတို့၏ ဆက်တိုက် တိုက်ခိုက်မှုများကို အချိန်ကြာမြင့်စွာ ခုခံနေရသည့်အတွက် စွမ်းအားအတော်လေး ကုန်ဆုံးခဲ့ရသည်။ သူက အချိန်တိုလေးအတွင်း အထွဋ်အထိပ် အခြေအနေကို ပြန်ကောင်းနိုင်ခြင်း မရှိသေးပေ။
မိုးကြိုးနတ်ဘုရားက ဓားကွက်တစ်ကွက်တည်းနဲ့ ပိုးကောင်ငယ်လေး(၂)ကောင်ကို သုတ်သင်ပစ်ရန် ကြိုးစားနေခဲ့သည်။ ထိုအချိန်တွင် သူ့နောက်ဘက်မှနေ၍ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာက ကောင်းကင်(၉)သွယ်မှ ကျဆင်းလာသော ခရမ်းရောင် ကြယ်စင်တန်းတစ်ခု၊ ပြန်ကျသွားသော ဒီရေလှိုင်းများကဲ့သို့ ထင်မှတ်ရသည်။ ထိုအရာက ကောင်းကင် (၉)သွယ်ထိ ပျံ့နှံ့နိုင်သော နဂါးကြီးများအဖြစ် ပြောင်းလဲနေခဲ့၏။
"သေစမ်း... "
မိုးကြိုးနတ်ဘုရားက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် လေထဲကို ဒေါသတကြီး (၈)ကြိမ်တိတိ ခုတ်ချလိုက်သည်။ ထိုအချိန်ကျမှသာ သူ့စိတ်ထဲတွင် ပြေလျော့သွားခဲ့၏။ ခရမ်းရောင်မိုးကြိုးနဂါး (၉) ကောင်က သူတို့၏ လက်သည်းများကို ထုတ်လိုက်သည်။
"ဝုန်း..."
လေစီးကြောင်းများက ယင်နှင့်ယန်အဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့၏။ ခေါင်းပေါ်တွင်လည်း အလွန်ကြောက်စရာကောင်းသော မိုးကြိုးများ ထွက်ပေါ်လာပြီး ခရမ်းရောင်ကြယ်မြစ်ကြီးက ခရမ်းရောင်လျှပ်စီးနဂါးများကို ဝါးမြိုသွားခဲ့သည်။
"ချွမ်...."
ဓားမောက်နှင့် ဓားရှည်တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်မိကြပြီး သူ့ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ လျှပ်စီးကြောင်းများက သူ၏ အရေပြားများကို မည်းတူးသွားစေခဲ့သည်။
ချီကျန်းရန်က ဓားကို လေထဲသို့ ပစ်လွှတ်လိုက်၏။ သူ့ဓားက အနီရောင်တိမ်တိုက်များကို ထိုးဖောက်သွားခဲ့ပြီး မြူခိုးငွေ့များကို ပျက်စီးသွားစေခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ သတ်ဖြတ်ရေး ဆန္ဒများက ပို၍ပင် ပြင်းထန်လာခဲ့၏။ သူက ဓားကို မြှောက်တော့မည့်အချိန်တွင် ရွမ်ယုရှု၊ ကျိုးဟမ်နှင့် ချီကျန်းရန်တို့၏ အငွေ့အသက်များက ရှုပ်ထွေးနေသည်ကို သတိထားမိလိုက်၏။ ကြည့်ရသည်မှာ သူတို့က နောက်ထပ်သိုင်းကွက်တစ်ကွက်သာ ခံနိုင်ရည်ရှိတော့မည့်ပုံ ပေါ်သည်။
ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုကို ခံစားမိသွားပြီး ပြန်လှည့်ကြည့်လိုက်၏။ မုန့်ချီနှင့် သတ်ဖြတ်ခြင်း (၆)သွယ် မကောင်းဆိုးဝါး လူသားတို့ တိုက်ခိုက်နေသော နေရာကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ဝင်္ကပါက စတင်လှုပ်ရှားလာပြီး အချိန်မရွေးပျက်စီးတော့မည့် ပုံသဏ္ဍန်မျိုး ပေါ်လာခဲ့၏။
ဝင်္ကပါက အချိန်မရွေး ပျက်စီးသွားနိုင်သည်ဟူသော အချက်ကို စဉ်းစားပြီး သူလည်း အံကြိတ်၍ ထွက်သွားခဲ့သည်။ ထိုပုရွက်ဆိတ်များကို သတ်ပစ်နိုင်ခြင်းက ကိစ္စမရှိပေ။ သူ၏ဘေးကင်းလုံခြုံမှုက အရေးကြီးဆုံးဖြစ်၏။
ထိုအရာကို မြင်သည့်အခါ ရွမ်ယုရှုက မျက်လုံးမှိတ်သွားပြီး သူမ၏ ခန္ဓာကိုယ်က သတိလစ်၍ လဲကျသွားခဲ့သည်။
"ဒါက ဘယ်လိုဓားသိုင်းပညာမျိုးလဲ…"
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားဆီမှ အသံထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
မုန့်ချီက အဝေးကို လှမ်းကြည့်လိုက်ရာ မိုးကြိုးနတ်ဘုရား ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။ ကျိုးဟမ်နှင့် ချီကျန်းရန်တို့ကတော့ ခက်ခက်ခဲခဲ မတ်တပ်ရပ်နိုင်သေးသည်။
သူက တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါကတော့ စကားလုံးမဲ့ ကျောက်တိုင်ပေါ်မှာ ငါ နားလည်ထားတဲ့အရာတွေကို စုစည်းထားတဲ့ ဓားသိုင်းပညာပဲ။ ငါက ငါရဲ့ကိုယ်တွင်းကမ္ဘာကြီးကို နားလည်လာတဲ့ အချိန်မှာ အဲဒီအရာက အလိုလို ပေါ်လာခဲ့တာ။ အဲဒါက ငါ့အတွက် အသင့်တော်ဆုံးပဲ။ ငါ့ရဲ့အဆင့်ထက် ကျော်လွန်နေတဲ့ ဓမ္မကာရအဆင့် သိုင်းကွက်တွေထက်တောင် ပိုပြီးတော့ အစွမ်းထက်နေတယ်။ အဲဒါကိုတော့ တဟုန်တိုး ဓားသိုင်းလို့ ခေါ်တယ်…"
ထိုအချိန်တွင် သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက စကားလုံးမဲ့ ကျောက်တိုင်ပေါ်ရှိ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးကို ပြန်လည် အမှတ်ရသွားခဲ့၏။ သူက ဓားမောက်ဒဏ်ရာကို ခံစားမိနေပြီး မချိပြုံးပြုံး၍ မတ်တပ်ရပ်လိုက်သည်။
"ထင်ထားတဲ့အတိုင်း အတူတူပါပဲလား…"
သူ၏ မျက်ခုံးပေါ်တွင် ရှိနေသော ဓားမောက်အမှတ်အသားက စတင်နက်ရှိုင်းလာပြီး တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်က အက်ကွဲလာခဲ့သည်။ ထိုအချိန်တွင် ကြယ်၊နေ၊ ရွှေကျီးကန်းနှင့် မဟူရာတွင်းနက်ကြီးများက မုန့်ချီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားသည့် လက္ခဏာများကိုသာ သူက မြင်လိုက်ရ၏။ လေလှိုင်းများ ထွက်ပေါ်လာပြီး တိမ်တိုက်များ လောင်ကျွမ်းနေခြင်းကိုတော့ သူလည်း မခံစားမိတော့ချေ။
"မင်းက ဒီအခွင့်အရေးကို အရယူပြီး အဆင့်တက်မှာ မဟုတ်ဘူးလား။ ဒါက တစ်ကြိမ်တည်းနဲ့ အဆင့်တက်သွားနိုင်တဲ့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုထက်တောင် ကျော်နေတယ်လေ…"
မုန့်ချီက ပြောလိုက်သည်။
"တစ်ခါတစ်ရံ မင်းက သူတို့ရဲ့တည်ရှိမှုကိုတောင် စိတ်မဝင်စားတော့ဘူးပဲ။ တကယ်လို့ မင်းသာ သိမယ်ဆိုရင် မင်းက အဲဒီအရာကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်လိမ့်မယ်။ မင်းရဲ့အုတ်မြစ်က ပိုပြီးတော့ ခိုင်မြဲလေလေ မင်းက ပိုပြီးတော့ အဆင့်တက်နိုင်လေလေပဲ။ ငါ့ရဲ့အတိတ်ဘဝအကြောင်းကို ဖော်ပြရမယ်ဆိုရင်တော့ ငါ့ဆီမှာ အတွေ့အကြုံတွေ ရှိနေပြီလို့ ပြောရလိမ့်မယ်…"
ကံကြမ္မာချုပ်နှောင်မှုများက လက်ရှိ သူ၏အဆင့်တက်မှုကို တားမြစ်နိုင်ခြင်းမရှိပေ။ အကယ်၍ သူက စုကျိယွမ်၏ ခန္ဓာကိုယ်ကို ငှားယူလိုက်ရမည်ဆိုလျှင် ချုပ်နှောင်မှုက သူ၏ စိတ်အခြေအနေကိုသာ သက်ရောက်စေနိုင်သည်။ ထို့ကြောင့် သူက လေ့ကျင့်ရန် ပို၍အချိန်ပေးရနိုင်ပြီး အနာဂတ်တွင် လျှို့ဝှက်အန္တရာယ်များ ရှိလာနိုင်သည်။
ယခင်တစ်ခေါက် ထန်မိသားစုနှင့် အဖြစ်အပျက် အတောအတွင်း မုန့်ချီက ကံကြမ္မာနှင့် ပတ်သက်သောအရာကို သင်ယူရန် ကြိုးစားခဲ့သည်။ ယခုတော့ သူက လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားရန် ကြိုးစားနေခဲ့၏။ ထိုအချိန်ကျမှ သူ၏သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်လိုက်မည်ဆိုလျှင် နောင်တမရှိနိုင်တော့ပေ။ ထို့ကြောင့် သူက အထွဋ်အထိပ်ကို အမြန်ဆုံး ပြန်ရောက်လာနိုင်၏။
"မင်းမှာ နောက်ထပ်အခွင့်အရေး မရှိတော့မှာကို မကြောက်ဘူးလား…"
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက တဖြည်းဖြည်း နက်ရှိုင်းလာသော အက်ကွဲကြောင်းကြီးကို ကြည့်ပြီး ပြောလိုက်သည်။ သူကတော့ သူ၏ အတွင်းအင်္ဂါများကိုပင် မြင်နေရ၏။
"အခွင့်အရေးလား...."
မုန့်ချီက ပြုံးလိုက်မိသည်။
သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
"နန်းတွင်းစစ်ဆေးပွဲရဲ့ နံပါတ် (၁)ပညာရှင်…။ ငါက မင်းတို့လိုမကောင်းဆိုးဝါးတွေကို အကြိမ်ပေါင်းများစွာ သတ်လိုက်မယ်ဆိုရင်တောင် ပြစ်မှုတစ်ခု မဟုတ်နိုင်ဘူး။ မင်းတို့တွေက ငါ့ကို သတ်ဖို့အတွက် လှည့်ကွက်တွေ အများကြီး ဆင်ထားတာ မဟုတ်လား…"
သူ၏ မျက်စိရှေ့တွင် ရှိနေသော သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသား၏ အငွေ့အသက်များက စတင်ပြောင်းလဲလာခဲ့သည်။ ထိုမကောင်းဆိုးဝါးလူသားက တစ်ခြားလူတစ်ယောက် မဟုတ်ဘဲ နန်းတွင်းစစ်ဆေးပွဲတွင် နံပါတ်(၁) ရခဲ့သော ဖန်းချန်းမြောင် ဖြစ်သည်။
ဖန်းချန်းမြောင်၏ ဦးခေါင်းက ပွင့်ထွက်သွားသည့်အချိန်တွင် အလွန်အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။ သူက ပြုံးလိုက်ပြီး သူ၏ ပင်မဝိညာဉ်တစ်ခုတည်းသာ ကျန်နေတော့သည်။
"ဒါဆိုလည်း မင်းက ငါနဲ့အတူ ငရဲပြည်ကို သွားဖို့ တောင်းဆိုနိုင်တာပေါ့…"
သူ့ခန္ဓာကိုယ်က လုံးဝကို နှစ်ပိုင်းပြတ်သွားခဲ့ပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ့ဆီတွင် မည်သည့်အသက်စွမ်းအားမျှ မရှိတော့ချေ။
သူ့အလောင်းကို ကြည့်ပြီး မုန့်ချီက တစ်ယောက်တည်း တိတ်တဆိတ် တွေးလိုက်မိ၏။
"ဖျက်စီးရေးဂိုဏ်းနှင့် ဖန်းချန်းမြောင်တို့ဆီမှာ ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိမယ်ဆိုတာ သေချာတယ်။ သူတို့တွေ မတိုက်ခိုက်မချင်း သူတို့ရဲ့ အစစ်အမှန်စွမ်းအားကို မပြနိုင်ဘူး။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် အဲဒါကို သတိထားမိဖို့ ခက်ခဲတယ်…"
"ပြီးတော့ အဲဒီကျင့်စဉ်က တစ်ခြားလူတစ်ယောက်ရဲ့ အငွေ့အသက်နဲ့ ရုပ်ရည်ကိုလည်း တုပနိုင်သေးတယ်။ ဒါက အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်နဲ့ တော်တော်လေး ကွဲပြားတယ်။ အဲဒါက ကျင့်စဉ်နည်းလမ်းတွေကို တုပတဲ့ ပုံစံမျိုးနဲ့လည်း မတူဘူး။ လှုပ်ရှားလိုက်ပြီ ဆိုတာနဲ့ သူ လျှို့ဝှက်ထားတဲ့ အငွေ့အသက်နှင့် ရုပ်ရည်က ပျောက်ကွယ်သွားနိုင်တယ်။ ပြိုင်ဘက်က အားနည်းတဲ့ အခြေအနေမျိုးမှာပဲ ဒါက အသုံးဝင်နိုင်တယ်။ ဒီမကောင်းဆိုးဝါးဝိညာဉ်က ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်…"
"ကျူးစီရင်စုမှာ ရှိတဲ့ ကုမိသားစု သခင်ကြီးက ပုံရိပ်ယောင်နတ်ဆိုးနဲ့ တွေ့ခဲ့တာလား။ ဒါကြောင့်လည်း ဖန်းချန်းမြောင်က ရန်ချုံကို လက်ခံဖို့အတွက် မြို့အပြင်ဘက်ကို ထွက်လာတာပဲ။ သူက ပုံရိပ်ယောင်နတ်ဆိုးအဖြစ် လက်ရုံးပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်ပြီးတဲ့နောက် သူရဲ့ တည်နေရာကို ဖုံးကွယ်ထားဖို့လည်း အဆင်ပြေသွားတယ်လေ…"
ထိုအရာကတော့ ဤတိုက်ပွဲပြီးဆုံးသွားပြီးနောက် သူ သုံးသပ်ထားသော အခြေအနေတစ်ရပ်၊ ကောက်ချက်တစ်ခု ဖြစ်သည်။ သေချာစဉ်းစားနေရင်းသူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖန်းချန်းမြောင် သယ်ဆောင်လာသော ပစ္စည်းများကို စတင်စစ်ဆေးကြည့်လိုက်သည်။ သူ့ဆီတွင် အဖိုးတန်ရတနာများကို ဖုံးကွယ်ရန် ခက်ခဲသည့်အတွက် သူက သိုင်းပြိုင်ပွဲ၏ထိပ်တန်းပညာရှင် တစ်ယောက်ဟူသော အဆင့်အတန်းကို အသုံးပြုပြီး လေဟာနယ်လက်စွပ်တစ်ခုကို ဝတ်ဆင်ခွင့် ပြုထားသည်။
မုန့်ချီကတော့ ဓားရှည်ပုံသဏ္ဍာန် သန့်စင်လက်နက်တစ်ခု၊ ပုစဉ်းတောင်ပံကဲ့သို့ ပါးလှပ်နေသော အနက်ရောင် လက်အိတ်တစ်စုံ၊ ငွေစ တစ်အိတ်၊ ယပ်တောင် (၆)လက်ကျောင်းမှ ငွေတံဆိပ်တစ်ခုကို တွေ့လိုက်ရ၏။
သူ၏ချီစွမ်းအင်များကို ဖိနှိပ်လိုက်ပြီးနောက် သူက ရွမ်ယုရှုနှင့် တစ်ခြားသူများဆီကို ပြေးထွက်သွားခဲ့သည်။ ကျိုးဟမ်နှင့်ချီကျန်းရန်တို့က ရွမ်ယုရှုကို အရင်ဆုံး ကူညီပေးနေကြသော်လည်း သူမကတော့ သတိလစ်နေသေး၏။
ကောင်းကင်ဖျက်စီး မြေပြင်ပြောင်းလဲ တေးသံကို တီးခတ်လိုက်ရခြင်းက အလွန်ပြင်းထန်လွန်းလှသည့်အတွက် သူမ၏အငွေ့အသက်က အတော်လေးကို အားနည်းနေခဲ့သည်။ ထိုတေးသံက အလွန်ခက်ခဲသည့်အတွက် စောင်းပညာ ပါရမီပါသော ရွမ်ယုရှုကပင် အခြေခံအဆင့်ကို နားလည်ရန် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။
သူမက ကောင်းကင်ပြာသံစဉ်ကိုသာ အသုံးပြုနိုင်၏။ ထို့ကြောင့် သူမက ကောင်းကင်ဖျက်စီး မြေပြင်ပြောင်းလဲ သံစဉ်၏ ပထမအပိုဒ်ကိုသာ တီးခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော အစွမ်းတစ်ခုဖြစ်ပြီး ဆိုးကျိုးကလည်း ရိုးရှင်းမှုမရှိကြောင်း ပြသနေသည်။
ထို့ပြင် ကောင်းကင်ဖျက်စီး မြေပြင်ပြောင်းလဲ ကျင့်စဉ်က ဆက်တိုက်တီးခတ်ရသော သံစဉ်တစ်ခုဖြစ်ပြီး လန်းဟွမ်မှော်တေးသွား(၁၂) သွယ်ကတော့ အပိုင်းလိုက် တီးခတ်နိုင်သည်။ ထို့ကြောင့် အလားတူ သံစဉ်များကဲ့သို့ စွမ်းအားများပြားမှု မရှိချေ။ ဒုတိယတစ်ခုကတော့ သူမ၏စွမ်းအား များများ မကုန်ခဲ့ပေ။
မုန့်ချီက တွေဝေနေခဲ့ခြင်း မရှိချေ။ သူက သူမကို စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး တိုက်လိုက်ပြီး ဆေးအာနိသင်များ ရရှိကာ သူမ၏သွေးလည်ပတ်မှု ကောင်းလာစေရန် ကူညီပေးလိုက်သည်။
ခဏကြာပြီးနောက် သူမက ဖြည်းညင်းစွာ သတိပြန်ရလာခဲ့သည်။ သူမ၏ အငွေ့အသက်က ယခုအချိန်ထိ ပြန်မကောင်းသေးသော်လည်း အနည်းဆုံးတော့ ကျဆင်းနေမှုက တဖြည်းဖြည်း ရပ်တန့်သွားခဲ့၏။
ရုတ်တရက်ဆိုသလို သူတို့က သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။
"သစ်သီးပွဲတော်က မထင်မှတ်ထားစွာ ပြီးဆုံးသွားခဲ့ပြီး မင်းတို့တွေက ခေါင်းစဉ်(၃)ခုလုံးမှာ အနိုင်ရသူတွေ ဖြစ်ခဲ့တယ်။ မင်းတို့ရဲ့တာဝန်က ပြီးဆုံးသွားပြီလို့ သတ်မှတ်နိုင်တယ်။ ငါက မင်းတို့ တစ်ယောက်ချင်းဆီကို ကံကြမ္မာအမှတ် (၁၅၀၀)ဆီပေးမယ်။ အဖွဲ့သားတွေ တစ်ယောက်မှ သေစေနိုင်လောက်တဲ့ ဒဏ်ရာမရှိတဲ့အပြင် မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တဲ့အတွက် သံသရာကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေအကြောင်း ပေါ်သွားလို့ မရနိုင်ဘူး။ (၇)ရက်ကြာပြီးမှပဲ မင်းတို့က ပြန်လာနိုင်တယ်…"
"သေစမ်း...သံသရာအရှင်သခင်က လာနောက်နေတာလား..."
မုန့်ချီက သံသရာအရှင်သခင်ကို ကျိန်ဆဲလိုက်မိသည်။ သူကတော့ အသက်ကို ထိခိုက်စေနိုင်သော ဒဏ်ရာရမထားသည်မှာ ကံကောင်းသွား၏။ ထိုကဲ့သို့ အရာမျိုးက ပထမဆုံး အကြိမ်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သူလည်း နားလည်သွားခဲ့သည်။ တစ်ခြားသော သံသရာကမ္ဘာကြီးထဲတွင် အလားတူအဖြစ်အပျက်မျိုး ဖြစ်မလာခဲ့ပေ။
သံသရာအရှင်သခင်က သံသရာခရီးသွားများကို ခေါ်ဆောင်သွားသည့်အချိန်တွင် တစ်စုံတစ်ခုကို စိုးရိမ်နေခြင်းပေလော။ သူတို့ပျောက်ကွယ်သွားခြင်းကို ဖုံးကွယ်ရန်အတွက် နည်းလမ်းများ မရှိခြင်းပေလော။ ထိုသို့ဆိုလျှင် သူတို့၏ကမ္ဘာကြီးက ထူးခြားသည်ဟု ဆိုနိုင်ခြင်းပေလော။ သို့မဟုတ် သံသရာအရှင်သခင်က တစ်စုံတစ်ခုကို လွှဲမှားစေလိုခြင်းပေလော။
ဓားအလင်းတန်းများက ရေလှိုင်းများကဲ့သို့ တောက်ပနေပြီး ကမ္ဘာမြေကြီးကလည်း အရောင်ပြောင်းလဲနေခဲ့သည်။ ဝင်္ကပါကြီး၏ လှုပ်ရှားမှုက ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။
စစ်မာရှီက အနီးအနားတွင် ရှိနေသော်လည်း တစ်ခြားဝေ့ကျင်းအဆင့်ပညာရှင်များက သူ့ကို တားဆီးထားပြီး သူ၏လမ်းကြောင်းကို ပိတ်ပင်ထားသည်။ ခဏကြာပြီးနောက် သူလည်း ကယ်တင်ရန် အခြေအနေမရှိတော့ချေ။
တစ်ဖက်တွင်တော့ စုယွဲ့နှင့် တစ်ခြားထိပ်တန်းလူဆိုးထိန်းများ အားလုံးက ရပ်နေကြရ၏။ သူတို့က မလှုပ်နိုင်ကြပေ။ ရေမျက်နှာပြင်တစ်ခုကဲ့သို့ ခဲနေသော ဝင်္ကပါကြီးက ဓားအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
နောက်ဆုံးတွင်တော့ ထိုအလင်းတန်းက ဘုရင်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။ မျက်စိတမှိတ်အတွင်း ဘုရင်ကြီးက အသက်(၃၀)ကျော် ထပ်မံအိုမင်းသွားခဲ့သည်။ ဆံပင်များက ခေါင်းပေါ်မှ ကျဆင်းလာပြီး သွားများလည်း အတူတူသာဖြစ်၏။ အရေးအကြောင်းများက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် အတွင်းထဲတွင် ခြင်အောင်း၍ပင် ရနိုင်သည်။ သူ၏ မြင်ကွင်းများက တဖြည်းဖြည်း ဝေဝါးသွားခဲ့၏။ အခုတော့ သူက သေမင်းတံခါးနှင့် နီးကပ်လာနေပြီဖြစ်သည်။
သူက ဘဝတစ်လျှောက်လုံး သူ၏ရည်မှန်းချက်များကို တွေးနေမိ၏။ ထိုအရာက တော်ဝင်မိသားစုကို ပြန်လည်ရှင်သန်လာစေရန် ဖြစ်သည်။ အကယ်၍ သူက အထက်တန်းလွှာမိသားစုများကို ထိခိုက်စေလိုခြင်း မရှိလျှင်ပင် အနည်းဆုံးတော့ သူတို့၏ ထိန်းချုပ်မှုမှ လွတ်မြောက်ချင်ခဲ့၏။ သူက တိတ်ဆိတ်နေခဲ့ပြီး သူ၏ ရည်မှန်းချက်အပေါ် ဆုံးဖြတ်ချက် ပြတ်သားနေခဲ့သည်။
ယနေ့နောက်ဆုံးတွင်တော့ သူက မျှော်လင့်ချက်တစ်ချို့ကို တွေ့ခဲ့ရ၏။ မင်းသားချီက အောင်မြင်ရမည်ဖြစ်သည်။
ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်အချိန်တွင် နေရာတိုင်းတွင် စတင်ပျက်စီးလာခဲ့၏။ ဝင်္ကပါက ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး အလုံးစုံကို ပျက်စီးတော့မည့်အခြေအနေကို ရောက်လာခဲ့သည်။ ထိုအရာက ပညာရှင်များ ထွက်ပြေးခြင်းကို ထိန်းသိမ်းနိုင်ခြင်း မရှိတော့ချေ။
ကောင်းကင်ဧကရာဇ်က ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာပြီး ဝင်္ကပါထဲမှ ထွက်လာသည်ကို ဘုရင်ကြီးက ကြည့်နေရ၏။ သူက လေထဲမှ ဆင်းသက်လာပြီး နန်းတော်ရှိရာကို ဓားနှင့် ခုတ်ချလိုက်သည်။ အချိန်စွမ်းအားတစ်ခုက ဓားမောက်ထဲတွင် ပေါင်းစပ်နေပြီး ထိုဓားမောက်က အချိန်ကာလတစ်ခုကို ဖြတ်ကျော်လာသလို ထင်မှတ်ရ၏။
ထိုအရာက လူများကို အိုမင်းသွားစေနိုင်ပြီး အရာဝတ္တုများကို ပုပ်သိုးဆွေးမြေ့သွားစေနိုင်သည်။ သက်ရှိအားလုံးမှ ဖြစ်ပေါ်လာတာ နဂါးကြီးကလည်း ရှုံးနိမ့်စွာ ညှိုးခြောက်သွားခဲ့ပြီး ချက်ချင်းပင် ပျက်စီးသွားခဲ့၏။ နန်းတော်ကြီးကို ကာကွယ်ပေးထားသော လော့ရန်ဝင်္ကပါကြီးကလည်း အက်ကွဲသွားခဲ့ပြီး ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
ကျိုးဝူရန်၏ မျက်ခုံးအလယ်တွင် ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာ၏။ သူက ထိုအရာကို ဖယ်ရှားနေရင်း တစ်ချိန်တည်းလိုလိုပင် စွမ်းအားများကို စုပ်ယူနေရသည်။
ထိုအရာက အရေးကြီးဆုံး အခြေအနေ ဖြစ်၏။ သူ၏ညာဘက်လက်မှနေ၍ အင်ပါယာဓားက ပျံသန်းလာပြီး ဝင်္ကပါဆီမှ စွမ်းအားများကို စုပ်ယူလိုက်သည်။ သူက လူသားဧကရာဇ်တစ်ယောက်၏ အရှိန်အဝါကို ဖယ်ထုတ်လိုက်ပြီး သူ့ရှေ့တွင် တောက်ပနေသော ဓားမောက်ကို တားဆီးနိုင်ရုံသာရှိ၏။ သက်ရှိအားလုံး၏ အငွေ့အသက်များ ပျောက်ကွယ်သွားပြီးနောက် ဝင်္ကပါကြီးကလည်း ပျက်စီးသွားခဲ့သည်။
အဖိုးတန်ဓားကတော့ ရှောင်တိမ်းပြီး လှုပ်ရှားနေခဲ့၏။ ထိုအရာက ဝိညာဉ်သဘာဝ ပိုင်ဆိုင်ထားသော်လည်း မည်သူကမျှ ထိန်းချုပ်နေခြင်း မရှိချေ။ နောက်ဆုံးတွင်တော့ ကောင်းကင်ဧကရာဇ်၏ ဓားချက်ကြောင့် ထိုအရာက ပျက်စီးသွားခဲ့၏။
ထိုအခါ ကျိုးဝူရန်၏ ဘယ်ဘက်လက်ထဲတွင် ရှိနေသော နဂါး(၉)ကောင် တံဆိပ်က ပျံသန်းလာပြီး အစစ်အမှန် နဂါး(၉) ကောင် ပုံသဏ္ဍန် ပေါ်လာခဲ့သည်။ သူတို့က လေထဲသို့ ပျံသန်းလာပြီး လှုပ်ရှားလာကြ၏။ ထိုနဂါးများနှင့် အင်ပါယာဓားက ဝင်္ကပါကို ထိန်းချုပ်လိုက်သည်။ ခက်ခက်ခဲခဲ ကြိုးစားလိုက်ပြီးနောက် သူတို့က ကောင်းကင်ဧကရာဇ်ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့၏။
အခြေအနေကိုကြည့်ပြီး ကွေ့ချင်းယုက သူ၏ဓားကို ရုပ်သိမ်း၍ အဝေးတစ်နေရာနှင့် ဆက်သွယ်လိုက်သည်။ အထက်တန်းလွှာမိသားစုမှ တစ်ခြားပညာရှင်များကတော့ စစ်မာရှီနှင့် ထိပ်တန်းလူဆိုးထိန်း အနည်းငယ်ကို တားဆီးထားကြသည်။
ဝင်္ကပါတစ်ခုလုံးနှင့် ကျောက်စိမ်းသစ်တောတစ်ခုလုံးက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။ မြေအောက်ရေများကလည်း မြေအောက်အက်ကွဲကြောင်းမှ နေ၍ ပန်းထွက်လာကြ၏။ ထိုမြင်ကွင်းတစ်ခုလုံးက ကမ္ဘာပျက်ချိန်ကို ရောက်တော့မည့်အလား ထင်မှတ်ရသည်။
တိစီရင်စု .. ပင်ကျင်းမြို့၏အပေါ်ဘက်တွင်တော့ အလွန်ချောမောခန့်ညားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က မျက်လုံးမှိတ်၍ ထိုင်နေခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင်တော့ ခရမ်းရောင်တိမ်တိုက်များ ပြည့်နက်နေခဲ့၏။
"ချွမ်... "
ကွေ့ချင်းယု၏ လက်ထဲတွင် ရှိနေသော ဓားက ခရမ်းရောင်တိမ်တိုက်များကို ဖြတ်ကျော်သွားခဲ့ပြီး ဝိညာဉ်သဘာဝ ရှိနေသည့်အလား နန်းတော်ရှိရာကို ခုတ်ချလိုက်သည်။
လော့ရန်တွင် ရှိနေသော ဝင်္ကပါတစ်စိတ်တစ်ပိုင်းက သူ့ဓားနှင့် ရင်ဆိုင်လိုက်မိပြီး ချက်ချင်းပင် ပျက်စီးသွားခဲ့၏။ အင်ပါယာဓားကတော့ ကောင်းကင်ဧကရာဇ်ကို ခုခံရန် အတော်လေး ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
ကျိုးဝူရန်၏ မျက်ခုံးကြားထဲတွင် ရှိနေသော ရွှေရောင်လျှပ်စီးကြောင်းနှင့် ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း တဖြည်းဖြည်း မှေးမှိန်လာပြီး ဓားကို တားဆီးရန်အစွမ်းများ ဆုံးရှုံးလာရ၏။ သူက နန်းတော်ကို တိုက်ခိုက်မည့် ထိုဓားချက်ကို မနည်းခုခံနေရသည်။
ထိုအချိန်တွင် ထိတွေ့၍မရသော လူတစ်ယောက် ရှိနေသည့်အလား သူ့နောက်တွင် ရှိနေသော လေဟာနယ်က လှုပ်ရှားသွားခဲ့၏။
"လူသားတွေရဲ့ကမ္ဘာကြီးက အကျဉ်းထောင်တစ်ခုလိုပဲ။ သက်ရှိတွေအားလုံးက ဒုက္ခတွေ ခံစားနေရတယ်။ ပြန်လည်ဝင်စားခြင်းသံသရာက အဆုံးမရှိနိုင်ဘူး။ ဒုက္ခဆိုတာကတော့ ထာဝရ ရှိနေမှာပဲ။ လူသားတွေအပေါ် ဂရုဏာထားပါ။ နတ်ဘုရားတွေကို ဆုတောင်းပါ။ အဂတိသခင်မ လေဟာနယ်မြို့တော်…"
အလွန်ကြည်လင်သော လက်ချောင်းလေးတစ်ခုပေါ်လာပြီး သူ၏ မျက်လုံးထဲတွင် ကြီးလာခဲ့သည်။ ထို့နောက် ဓားကို ခရမ်းရောင်တိမ်တိုက်များထဲတွင် လွှမ်းခြုံထားလိုက်၏။
"အဂတိသခင်မ .. လေဟာနယ် မြို့တော် ".
ထိုအသံနှင့်အတူ လေထဲတွင် အဖြူရောင် ကြာပန်းများ ထွက်ပေါ်လာခဲ့သည်။
"ဓမ္မဘုရင် တူရှီ…"
တိစီရင်စု ပင်ကျင်းမြို့၏တစ်နေရာတွင် ရှိနေသော ကွေ့ချင်းဟယ်၏ မျက်လုံးများက ခရမ်းရောင်မိုးကြိုးများနှင့် တောက်ပလာခဲ့သည်။ လော့ရန်၏ အပေါ်ဘက်တွင် ရှိနေသော ဓားကလည်း အနှစ်သာရများ ထွက်ပေါ်လာသည့်အလား ဝင်္ကပါကို ဖျက်စီးပစ်နိုင်၏။
သို့သော် ဓမ္မဘုရင်ကတော့ အနည်းပယ်လေးပင် အားနည်းနေခြင်းမရှိပေ။ ထို့ကြောင့် သူတို့ (၂) ယောက်လုံးက သူမသာ ကိုယ်မသာ အခြေအနေ ရောက်နေခဲ့၏။
"ဗုန်း..."
မိုးကြိုးများက အလွန်ကြောက်စရာကောင်းလွန်းလှပြီး လေထဲတွင် ပျံ့နှံ့လာသည်။ ခရမ်းရွှေရောင် လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာခဲ့၏။
ကျိုးဝူရန်၏ မျက်ခုံးအလယ်တွင် ရှိနေသော ဝင်္ကပါကြီးက သူ၏အရေပြားထဲသို့ စိမ့်ဝင်သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှနေ၍ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အလွန်ကြောက်လန့်နေသော အငွေ့အသက်များလည်း ထွက်ပေါ်လာပြီး သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။
စုပ်ယူခံလိုက်ရသည့်အတွက် ခရမ်းရွှေရောင် လျှပ်စီးကြောင်းများက ရုတ်တရက် ပြောင်းလဲသွားသည်။ ပထမတော့ ထိုအရာက ခရမ်းရောင်သန့်စင်နေပြီး ထို့နောက် မူလစကြဝဠာ၏ပုံစံ ပြောင်းလဲသွား၏။
"ဗုန်း..."
မူလစကြဝဠာဆီမှ လျှပ်စီးကြောင်းများက ကျိုးဝူရန်ကို တိုက်ခိုက်လိုက်သည် ။
"ဂျိမ်းးး..."
မူလစကြဝဠာကြီးက ထိုက်ကျိနန်းတော်၏ အနီးအနားတွင် ရှိနေသော စံအိမ်ကြီး တစ်ခုလုံးကို ဝါးမြိုခဲ့သည်။ ရွှေရောင်အလင်းတန်းများက ယာယီမှေးမှိန်သွားခဲ့ပြီး အရာအားလုံးကို ဝါးမြိုသွားခဲ့၏။
လေထဲတွင်တော့ ကျိုးဝူရန်၏အသံကို ကျယ်လောင်စွာ ကြားလိုက်ရပြီး နောက်ထပ် မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ပေ။
……….
"သွားတော့....."
ဘိုးဘေးဒိုမူက မတ်တပ်ရပ်လိုက်ပြီး သန့်စင်မှော်အရှင်ကို သတိပေးလိုက်၏။ သူမ၏ အသံထဲတွင် မည်သည့်ခံစားချက်မျှ ပါဝင်နေခြင်း မရှိချေ။ လေထဲတွင် တိုက်ခိုက်နေသော တိုက်ပွဲက ဆိုးဆိုးဝါးဝါး ပြီးဆုံးသွားခဲ့၏။
ထိုအချိန်တွင် လက်ချောင်းလေးတစ်ခုက ဇဝေဇဝါ ရပ်တန့်သွားခဲ့ပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ အလွန်အားနည်းနေသော ဘုရင်ကြီးကလည်း ဝေဝါးနေသော သိစိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုများကို ခံစားမိခဲ့၏။ သူ၏ မျက်လုံးထောင့်မှနေ၍ မျက်ရည်များ စီးကျလာပြီး ဝမ်းနည်းပူဆွေးစွာ သေဆုံးသွားခဲ့ရသည်။
စစ်မာရှီနှင့် အစီအစဉ်ကို သိနေသည့် ထိပ်တန်းလူဆိုးထိန်းများစွာကလည်း တားဆီးခံလိုက်ရပြီး ခုခံ၍ မရနိုင်တော့ပေ။ ထိုအချိန်တွင် ပညာရှင်များ အားလုံးကတော့ အံ့သြမှင်တက်နေကြပြီး မည်သည့်အရာများဖြစ်နေကြာင်း နားမလည်နိုင်ကြတော့ချေ။
Translated by Hein Htet