← Chapters

အခန်း (၅၀၂)

Vol. 34 Ch. 502

အခန်း (၅၀၂)

Vol. 34 Ch. 502

အလွန်ကြီးကျယ်ခမ်းနားသော သံသရာအရှင်သခင်၏အသံ လွှမ်းခြုံလာသည့် အချိန်တွင် မုန့်ချီက အလွန်ထိတ်လန့်အံ့ဩသွားခဲ့ရသည်။

"အမှန်တရားနှင့် တရားမျှတမှု အလိုအရ ကောင်းကင်ဘိုးဘေး၊ ဘိုးဘေးလင်းပေါင် တာအိုသခင် ကျဲယင်၊ တာအိုသခင် ဟွန်တိတို့က လူသားကမ္ဘာကြီးဆီ သူတို့ရဲ့ တပည့်တွေကို စေလွှတ်ခဲ့ကြတယ်။ သူတို့က ရှန့်အင်ပါယာ စိုးမိုးတဲ့နယ်မြေထဲမှာ ရပ်တည်ဖို့ ဒါမှမဟုတ် ကျိုးအင်ပါယာ ကြီးထွားတိုးတက်လာဖို့အတွက် ကူညီပေးကြတယ်။ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေ အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ပြီး အင်မော်တယ်တွေ သူတော်စင်တွေကတောင် သေဆုံးနိုင်တယ်..”

“သွေးသံရဲရဲတိုက်ပွဲတွေက အထွဋ်အထိပ်ကို ရောက်လာခဲ့တဲ့အချိန်မှာ ကောင်းကင်ဘိုးဘေး၊ ဘိုးဘေးလင်းပေါင်နဲ့ တခြားသူတွေက လူသားကမ္ဘာကြီးထဲကို ကိုယ်တိုင် ရောက်လာခဲ့တယ်။ ဘိုးဘေးလင်းပေါင်က အကန့်အသတ်မဲ့ အင်မော်တယ်ဝင်္ကပါကို ရင်ဆိုင်နေတဲ့ တိုက်ပွဲအတွင်း ရောက်ရှိလာတယ်။ အင်မော်တယ်သတ်ဖြတ်ရေးဓား (၄) ချောင်းရဲ့အစွမ်းက ကမ္ဘာမြေကြီးကို သုတ်သင်ရှင်းလင်းဖို့နဲ့ ပြန်လည်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တယ်။ သူတော်စင်(၄)ပါးရဲ့ နှောင့်ယှက်မှုကြောင့် အဓိကလှုံ့ဆော်သူတွေ ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာမြေကြီးပျက်စီးမှုကလည်း အဆုံးသတ်ကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ခုံရုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အရာအားလုံး ပျောက်ကွယ်သွားတယ်။ ဒါကတော့ နတ်ဘုရားခေတ်ရဲ့ ဒဏ္ဍာရီပဲ…"

သံသရာအရှင်သခင်က နတ်ဘုရားခေတ်အကြောင်းကို သေသေချာချာ ပြောပြနေပြီး ကျန်းကျိဝေနှင့် တခြားသူများကတော့ ရှေးဟောင်းကပ်ဘေးများ၏ အခြေအနေကို ခန့်မှန်းကြည့်၍ပင် မရနိုင်ပေ။

"ငါက ဒီဒဏ္ဍာရီရဲ့ ပထမတစ်ပိုင်းကိုတော့ ရင်းနှီးတယ် ။ ကျန်တစ်ပိုင်းကိုတော့ မရင်းနှီးဘူး…"

မုန့်ချီက တစ်ယောက်တည်း တိတ်တဆိတ်တွေးနေခဲ့၏။

သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

"ဒီဒဏ္ဍာရီက ဒီကမ္ဘာကြီးထဲမှာ ရှိမနေတဲ့ တာအိုသခင်ဟုန်ကျွင်းအကြောင်းကို ပြောမထားဘူး။ အဲဒီနောက်မှာတော့ ကမ္ဘာမြေကြီးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။ အခုချိန်မှာ ဘယ်လိုများ ဖြစ်နေမှာလဲ…”

“ကောင်းကင်ဘိုးဘေး ၊ ဘိုးဘေးလင်းပေါင်နဲ့ ဘိုဘေးတိုတီ…"

ကျန်းကျိဝေက အလွန်ထိတ်လန့်အံ့ဩစွာ ရေရွတ်နေမိပြီး သူမကလည်း အလားတူ တာအိုဝါဒကို လေ့လာထားဖူးပုံရသည်။ ထိုအရာကတော့ တာအိုလမ်းစဉ် ဘိုးဘေး (၉) ယောက်ထဲတွင် အကြီးမြတ်ဆုံး (၃)ယောက်ဖြစ်၏။

သူတို့တစ်ယောက်ချင်းဆီက ရှေးဟောင်း ကောင်းကင်ဧကရာဇ်ပြီးလျှင် နယ်မြေအထွဋ်အထိပ်ပညာရှင်များ ဖြစ်ကြပြီး ကောင်းကင်ဘိုးဘေးကတော့ မူလစတင်ခြင်းနှင့် ဖန်တီးခြင်း၏ အရှင်သခင်လည်းဖြစ်သည်။

သူတို့၏တာဝန်က ထိုကဲ့သို့ ရှေးဟောင်းဒဏ္ဍာရီပညာရှင်များနှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြချေ။ သူတို့က ထိုပုံပြင် ဒဏ္ဍာရီများထဲတွင် ကိုယ်တိုင် ရောက်ရှိသွားတော့မည်ဖြစ်သည့်အတွက် မယုံကြည်နိုင်သလို ခံစားနေကြရသည်။

ကျိုးဟမ်က အံ့ဩမှင်တက်နေပြီး သူ၏အကြောက်တရားများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ရွမ်ယုရှုကတော့ လုံးဝကို အံ့ဩနေခဲ့၏။ သူမ၏ ပါး(၂)ဖက်က လှုပ်ရှားနေပြီး ချီကျန်းရန်ကတော့ ယာယီတည်ငြိမ်သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းကျိဝေက တိတ်ဆိတ်မှုကိုဖြိုခွဲပြီး တိုးတိုးလေးရယ်လိုက်မိ၏။

"ငါတို့ရဲ့တာဝန်က တာအိုဘိုးဘေးတွေနဲ့တော့ မသက်ဆိုင်လောက်ပါဘူး။ ဒါပေမယ့် ငါက တာအိုသခင်ဟွမ်တိနဲ့ တာအိုသခင် ကျဲယင်တို့အကြောင်း ဘာမှသိထားတာ မရှိသေးဘူး။ သူတို့တွေကလည်း တာအိုဘိုးဘေး(၃)ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတော့ ရှေးဟောင်းတာအိုဘိုးဘေးတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်…"

"ငါက သူတို့တွေအကြောင်း လုံးဝမကြားဖူးဘူး…"

ရွမ်ယုရှုက သူမ၏မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် မှတ်ချက်ပေးလိုက်သည်။

မုန့်ချီက ချောင်းဟန့်လိုက်မိ၏။

"ငါသိသလောက် ပြောရမယ်ဆိုရင်တော့ တာအိုသခင်ကျဲယင်က ဗုဒ္ဓလမ်းစဉ် သူတော်စင်တွေထဲက တစ်ယောက်ပဲ။ သူက သာမန်လမ်းစဉ်ကနေ ဗုဒ္ဓတစ်ပါးဖြစ်လာခဲ့တာ။ တာအိုသခင်ဟွမ်တိကတော့ ရှေးဟောင်း ဗောဓိတစ်ပါးလို့ လူသိများတယ်…"

ထိုနာမည်(၂)ခုနှင့် ပတ်သက်ပြီး သူသိထားသည့်အရာများကတော့ သူ၏ယခင်ဘဝမှ အသိပညာများဖြစ်ပြီး ယခင်ကမ္ဘာကြီးထဲတွင် ထိုဒဏ္ဍာရီများအကြောင်း ရေးသားထားသော မှတ်တမ်းများကြောင့်ဖြစ်သည်။ ထို့ကြောင့် သူကတော့ ရှေးဟောင်းဗုဒ္ဓနာမည်ဟူသော အသိမျိုးသာရှိ၏။

"ဗုဒ္ဓလား … ရှေးဟောင်းဗုဒ္ဓလား…."

ကျိုးဟမ်ကတော့ အံ့ဩနေသည့် အမူအရာနှင့် တီးတိုးရေရွတ်လိုက်မိသည်။

ဗုဒ္ဓဟူသည်မှာ ဗုဒ္ဓလမ်းစဉ်တွင် ရှေးဟောင်းဒဏ္ဍာရီတစ်ပါးဖြစ်ပြီး တခြားပညာရှင်များ ပေါ်မလာသေးခင် အချိန်ကပင် ရှိနေခဲ့သည်။ သူနှင့်ပတ်သက်သော ပုံပြင်ဒဏ္ဍာရီများက အနောက်ပိုင်းနယ်မြေတွင် ခြေရာခံထားခဲ့၏။ ဂေါတမဗုဒ္ဓနှင့် သကျမုနိဗုဒ္ဓတို့ကတော့ (၃)ပြည်ထောင်တွင် နေထိုင်ကြသော ဗုဒ္ဓများဖြစ်ကြသည်။ ဂေါတမဗုဒ္ဓနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ဆာရာဂုရုဗုဒ္ဓကတော့ အနည်းငယ် မှိန်ဖျော့သွားသေး၏။

တခြားသော ဒဏ္ဍာရီပေါင်းမြောက်များစွာကပင် ဂေါတမဗုဒ္ဓထက် ပို၍ ရှေးကျနေသေး၏။ အလွန်ရှေးကျသော ဒဏ္ဍာရီများထဲတွင် ရှေးဟောင်းဗုဒ္ဓဟူသည်မှာ ဒီပင်္ကရာဗုဒ္ဓကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုအရာကတော့ ဗုဒ္ဓလမ်းစဉ်ကို မွေးဖွားခဲ့သော ဗုဒ္ဓဟုပင် ခေါ်ဆိုကြ၏။ သူကတော့ ရှေးဟောင်းဗုဒ္ဓဝါဒနှင့် ပတ်သက်၍ အလွန်နက်ရှိုင်းသော အရာများကို သိထားသည်။

နောက်ပိုင်းတွင်တော့ ရှေးဟောင်းအမွေအနှစ်များက ရှေးဟောင်းကာလနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး စုဆောင်းထားသည့် ကျမ်းစာများကလည်း အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းသွားကြသည်။ ရှေးဟောင်းပုံပြင်ဒဏ္ဍာရီများကတော့ အစစ်အမှန် အလွန်လျှို့ဝှက်ဆန်းကြယ်သော ဂုဏ်ပုဒ်အနေနှင့်သာ ကျန်ရှိနေခဲ့သည်။

ရှောင်လင်ကျောင်းတော်တွင် နှစ်ရှည်လများ ပျောက်ဆုံးနေသော ကျမ်းစာတစ်အုပ်ဖြစ်သည့် အဆင့်မြင့် သိမှတ်ဖွယ်ရာ ဓမ္မကျမ်းစာထဲတွင်တော့ တိကျသော အဖြေများ ရှိကောင်းရှိနေနိုင်၏။

"ဗုဒ္ဓလမ်းစဉ် ရှေးဟောင်းဒဏ္ဍာရီတွေက တာအိုသခင်အနေနဲ့လည်း ရှိနေတာလား…"

အစစ်အမှန်မဟုတ်သော အတွေးမျိုးကြောင့် ကျန်းကျိဝေတို့အားလုံးက တိတ်ဆိတ်သွားကြပြီး မယုံကြည်နိုင်သလို ခံစားနေရသည်။ သို့သော် မုန့်ချီက ထိုကဲ့သို့ လျှို့ဝှက်ချက်မျိုးကို သိနေသည့်အတွက် သူတို့ကတော့ သံသယမဝင်ခဲ့ကြပေ။ သူက ဗုဒ္ဓလမ်းစဉ်တွင် အနက်ရှိုင်းဆုံး လူတစ်ယောက်ဖြစ်ပြီး ရှောင်လင်ကျောင်းတော်မှ တပည့်တစ်ယောက်လည်း ဖြစ်ခဲ့သေးသည်။

"ဟုတ်လား…"

ကျန်းကျိဝေက နှုတ်ခမ်းကိုကိုက်ပြီး မုန့်ချီကို ကြည့်လိုက်မိသည်။

မုန့်ချီက ခဏကြာစဉ်းစားနေပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ငါက အဲဒီလိုကျမ်းစာမျိုးကို တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သေသေချာချာတော့ မဖတ်ဖူးဘူး…"

သူက ဝန်ခံလိုက်၏။

"ကောင်းတယ်။ ငါတို့က နောက်ပိုင်းကျမှပဲ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့ ရှေးဟောင်းဒဏ္ဍာရီတွေက ငါတို့ရဲ့တာဝန်မှာ တိုက်ရိုက် ပတ်သက်နေမှာ မဟုတ်ဘူးလို့ ထင်ပါတယ်…"

ကျန်းကျိဝေက ခေါင်းညိတ်၍ ပြောလိုက်သည်။

မုန့်ချီက ခဏရပ်လိုက်ပြီး နောက်တစ်ကြိမ် သတိထား၍ ပြောလိုက်၏။

"နတ်ဘုရားကမ္ဘာကြီးထဲမှာရှိတဲ့ ပညာရှင်တွေက နတ်ဘုရားချုပ်နှောင်ခြင်းကြိုးလို အလားတူမှော်ရတနာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်တွေ ၊ ပညာရှင်တွေရှိတယ်ဆိုတဲ့ သတင်းကြားခဲ့ဖူးတယ်။ ငါတို့က ဒီကိစ္စကို သေချာသတိထားဖို့ လိုမယ်…"

သူပြောပြလိုက်သော အရင်းအမြစ်ဟူသည်မှာ ဝေဝေဝါးဝါးသာ ဖြစ်သည်။ ထိုအရာများကတော့ အလွန်လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အင်မော်တယ်များဆီမှ ရောက်လာခြင်းဖြစ်ကြောင်း တခြားသူများက ယုံကြည်နေကြ၏။

ထို့ပြင် အင်မော်တယ်များက နတ်ဘုရားကမ္ဘာကြီးနှင့် ပတ်သက်သော အချက်အလက်များကို သိမ်းဆည်းထားမည်ဟု မုန့်ချီကလည်း ယုံကြည်နေခဲ့သည်။ သူက သံသရာကမ္ဘာကြီးထဲမှ ထွက်သွားပြီးနောက် အနာဂတ်တွင် အသုံးပြုနိုင်သော အချက်အလက်များရရှိစေရန် အဖွဲ့အစည်းဆီသို့ သွားရပါလိမ့်မည်။

ကျိုးဟမ်နှင့် တခြားအဖွဲ့ကတော့ မုန့်ချီ၏ သတိပေးချက်ကို သံသယဝင်မနေခဲ့ကြပေ။ သူက ခေါင်းညိတ်ပြီး တီးတိုးပြောလိုက်၏။

"ကြည့်ရတာတော့ တာဝန်မစခင် ရတနာတချို့ကိုတော့ ယူသွားဖို့လိုမယ်ထင်တယ်.."

အကယ်၍ သူတို့ကသာ ထူးချွန်ထက်မြက်သော စွမ်းရည်များ၊ အစွမ်းမြင့်မားသူများ၏ သတ်ပစ်ခြင်းကို ခံရမည်ဆိုလျှင် အခြေအနေက အတော်လေးဆိုးရွားပြီး ဝမ်းနည်းစရာကောင်းပါလိမ့်မည်။ သူတို့က ထင်မြင်ချက်များကို စဉ်းစားနေရင် ခဏတာ တိတ်ဆိတ်သွားခဲ့၏။ လက်ရှိအချိန်တွင် သူတို့က မည်သည့်အရာကို အသုံးပြုရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။

ကျန်းကျိဝေက သူမ၏အဖော်များ စဉ်းစားနေသည်ကို အပြုံးနှင့် ကြည့်နေပြီး ဝင်ရောက်နှောင့်ယှက်ခဲ့ခြင်းမရှိချေ။

"ငါက ဘုရင်ကြီးရဲ့ညီအဖြစ်ကနေ အိမ်ရှေ့မင်းသားဖြစ်သွားပြီဆိုတော့ ဆုလာဘ်တွေ အများကြီးရခဲ့တယ် ။ ဒါပေမယ့် အရင်တုန်းကလို လွတ်လပ်ပေါ့ပါးမှုတွေတော့ မရှိတော့ဘူး ။ ဒါကတော့ အိမ်ရှေ့မင်းသားရာထူးကြောင့် ပေးဆပ်လိုက်ရတဲ့အရာပဲ။ ငါက နောက်ထပ်တာဝန်အသစ် မစမချင်း လုံလောက်တဲ့ ကံကြမ္မာအမှတ်ရှိနိုင်မှာ မဟုတ်ဘူး။ ငါက ငါတို့လိုအပ်တဲ့ မှော်ရတနာတွေကို လဲလှယ်ဖို့အတွက် လက်ရှိ ငါ့ဆီမှာရှိနေတဲ့ ရတနာပစ္စည်းတွေကို ထိန်းသိမ်းထားဖို့ပဲရှိမယ်…"

သူက အိမ်ရှေ့မင်းသား တစ်ယောက် ဖြစ်လာသည့်အတွက် အဖိုးတန် လက်နက်တစ်ခုနှင့် မှော်ရတနာတစ်ခုကို ပေးအပ်ထားသည်။ များပြားလွန်းလှသော အရင်းအမြစ်များနှင့် ဆေးရည်ဖန်တီးရန် အမယ်များကိုလည်း အသုံးပြု၍ ရနေ၏။

သို့သော် သူ၏လက်ရှိရပ်တည်ချက်နှင့် အခြေအနေက အမျိုးမျိုးသော အထက်တန်းလွှာ မိသားစုများ၏ စောင့်ကြည့်မှု အခြေအနေအောက်တွင် ရှိနေခဲ့၏။ ယခင်တုန်းက လွတ်လပ်မှုကို ရုတ်သိမ်းလိုက်ပြီး သူ၏ အဖိုးတန်လက်နက် ပျောက်ဆုံးသွားမည်ဆိုလျှင် လွှတ်တော်ခန်းမ၏ စုံစမ်းခြင်းကို ခံရနိုင်သည်။

ထို့ကြောင့် သူက ကံကြမ္မာအမှတ်များ လဲလှယ်ရန်အတွက် အဖိုးတန်ပစ္စည်းများ ၊ ဆေးရည်များကိုသာ သိမ်းဆည်းထား၍ ရနိုင်သည်။ ထို့ပြင် မင်းသားများက အရေးပေါ်အသုံးပြုရန်အတွက် သူ၏လက်အောက်ငယ်သားများဆီမှ ပစ္စည်းများကို ငှားရမ်းမည်လည်း မဟုတ်ချေ။ သူက တာဝန်ပြီးဆုံးသွားလျှင် သံသရာအရှင်သခင်ဆီမှ နောက်ထပ်ရတနာတစ်ခုခုကို လဲလှယ်၍ ရနိုင်သည်။

သူ၏စွမ်းရည်နှင့် ကျင့်စဉ်များကလည်း ဝေ့ကျင်းအဆင့်ကို ရောက်ခါနီးပြီ ဖြစ်သည့်အတွက် သဘာဝဆေးပင်များနှင့် အရင်းအမြစ်များကိုလည်း လိုအပ်နေသေးသည်။ မုန့်ချီက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကို မြှင့်တင်ရန် လိုအပ်သော ကောင်းကင်မိုးကြိုးစွမ်းအင်များက ဥပမာ ဖြစ်သည်။ သူက တတ်မြောက်ထားသော ဗာရိုဓားသိုင်းပညာကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ချင်သည်ဆိုလျှင် ရွှေကျီးကန်းတောင်ပံနှင့် နေကျောက်တုံး သဘာဝအရင်းအမြစ်များ လိုအပ်သည်။ သူက အစစ်အမှန်နေမီးတောက်များကိုလည်း အသုံးပြုရန် လိုအပ်၏။ ထိုမှသာ ဆက်လက်တိုးတက်လာနိုင်ပါလိမ့်မည်။

ချီကျန်းရန်က ကြယ်ကြွေဗဟိုကိုသုံးပြီး သူ၏ကျင့်စဉ်ကို မြှင့်တင်ရသည်မှာလည်း ဥပမာတစ်ခု ဖြစ်သည်။ ထိုအရာက မုန့်ချီ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် အတွက်လည်း လိုအပ်ချက်များ ရှိနိုင်သည်။ သူက စွမ်းအင်အရင်းအမြစ် မြောက်များစွာ လိုအပ်၏။

ဥပမာအနေနှင့် ပြောရလျှင် အစစ်အမှန်နေမီးတောက်၊ ကြယ်စွမ်းအား ကောင်းကင်မိုးကြိုး၊ ချီစွမ်းအားနှင့် အစရှိသည့်အရာများ ဖြစ်ကြသည်။ မတူညီသော စွမ်းအင်မျိုးစုံက မုန့်ချီ၏ကျင့်စဉ်များကို ကူညီပေးနိုင်ပြီး မတူညီသော သဘာဝတရားကြီးကို အာရုံခံ၍ လေ့ကျင့်ရန် ကူညီပေးနိုင်သည်။

ရွမ်ယုရှုက ပြောလိုက်၏။

"အတူတူပဲ။ ငါကလည်း အရင်တစ်ခေါက်ကတည်းက ကျေနပ်လောက်တဲ့ အရာတွေ မရခဲ့ဘူး။ ငါက နောက်ထပ်တာဝန်အတွက် မှော်ရတနာတွေ လဲလှယ်ဖို့ ကံကြမ္မာအမှတ်ကို ကိုယ်တိုင်ရှာရမယ်…"

ရွမ်ယုရှုကလည်း အခြေအနေကို နားလည်ထားသည်။ သူမကတော့ သိုင်းလောကမှနေ၍ အရင်းအမြစ်များကို ရှာဖွေနိုင်သော စွမ်းရည်မျိုးမရှိချေ။ သူမ၏ ကောင်းကင်ပြာတံဆိပ် ဆုံးရှုံးသွားသည့်အချိန်ကကဲ့သို့ သူမ၏မိသားစုက သူမ အသုံးပြုရန် တူညီသော စွမ်းရည်ရှိနေသည့် နောက်ထပ်ရတနာတစ်ခုကို လျင်မြန်စွာ ဖြည့်ဆည်းပေးပါလိမ့်မည်။

သူမအတွက်တော့ ပြင်ပကမ္ဘာကြီးထဲသို့ သွားရောက်ခြင်းက သူမ၏အိမ်ဂေဟာထဲတွင် နေထိုင်ခြင်းလောက် အကျိုးအမြတ် မရှိချေ။ ထိုသို့ဆိုရာတွင် သူမကတော့ လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကို နီးကပ်နေပြီ ဖြစ်သည့်အတွက် သူ့ကိုယ်သူ မြှင့်တင်ရန် လိုအပ်သည်ဟု ခံစားမိနေသည်။

"ငါကတော့လိုတာ ဘာမှမရှိဘူး။ ငါကိုယ်တိုင်ကလည်း အလားတူပြဿနာမျိုးကို ကြုံနေရတာ…"

ချီကျန်းရန်နှင့် မုန့်ချီတို့ကလည်း တပြိုင်နက်တည်းနီးပါး ပြောလိုက်မိသည်။ သူတို့၏ လေသံထဲတွင် ယုံကြည်မှုများ၊ သေချာမှုများ ပြည့်နှက်နေပြီး သူတို့က (၁)နှစ်ခွဲအတွင်း လိုအပ်သည့် ကံကြမ္မာအမှတ်များရမရ သံသယမရှိကြချေ။

အဖွဲ့တွင် ရှိနေသော တခြားသူများ၏ အတွေးကို နားထောင်ပြီး ကျိုးဟမ်က ပြောလိုက်သည်။

"ငါက နောက်ထပ်တာဝန်မစခင် ငါ့ရဲ့အတွင်းအပြင် ကမ္ဘာကြီးတွေကို ပေါင်းစည်းပြီး ဝေ့ကျင်းအဆင့် ရောက်ဖို့ကို အဆင်သင့် ဖြစ်နေနိုင်တယ်။ ဒါက စကားလုံးမဲ့ ကျောက်တိုင်ရဲ့ အကူအညီကြောင့်လည်း ပါတယ်။ အခုချိန်မှာတော့ ငါက ဘာမှလဲဖို့ မလိုအပ်သေးဘူး။ ဒါပေမယ့် ငါ့ရဲ့အဖိုးတန်လက်နက်တစ်ခုကိုတော့ အဆင့်မြှင့်ချင်နေတယ်။ ငါ့ရဲ့လက်ရှိလက်နက်တွေက စွမ်းအားသိပ်ပြီး မကောင်းတော့ဘူး…"

လူတစ်ယောက်က ဝေ့ကျင်းအဆင့်ကို ရောက်ရှိရန်အတွက် ကိုယ်တွင်းကမ္ဘာကြီးကို ပြည့်ပြည့်ဝဝ အသက်သွင်းရန် အနည်းဆုံး(၃)နှစ်ခန့် အချိန်ပေးရနိုင်သည်။ ကျိုးဟမ်ကတော့ အစစ်အမှန်အင်ပါယာ တံဆိပ်ကို ထိန်းသိမ်းထားခဲ့ပြီး စကားလုံးမဲ့ကျောက်တိုင်၏ အကူအညီလည်းရခဲ့သည်။

ထို့ကြောင့် သူက (၁)နှစ်သို့ (၂)နှစ်အတွင်း အဆင့်တက်မည်ဟု ယုံကြည်ချက် ရှိနေခဲ့၏။ ကျိုးဟမ်က သူ၏ငါးနဂါးဓားကို ချလိုက်သည့်အချိန်တွင် အလင်းတိုင်လုံးဆီမှ အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ သူကတော့ အသစ်ရရှိထားခဲ့သော မြွေနဂါးဓားကို လုံးဝရွေးချယ်ခဲ့ခြင်းမရှိချေ။

ထိုအရာက လွှတ်တော်ခန်းမမှ အမတ်ကြီးများ သူ့ဆီကို လာလည်သည့်အချိန်တွင် ပြသနာတက်သွားနိုင်သည်။ သူကတော့ အဆင့်မြှင့်တင်နေသည့် စာရင်းများကို သေချာစိုက်ကြည့်နေပြီး စောစောစီးစီး ဆုံးဖြတ်ချက်ချလိုက်၏။ သူ့ဆီတွင် ရှိနေသော ဆေးရည်များ၏ အကူအညီနှင့် ကျိုးဟမ်က လေစွမ်းအားတစ်ခု၊ ဒြပ်ထုနှလုံးသားနှင့် နဂါးပုံသဏ္ဍာန်ကျောက်ခဲတစ်ခုကို လဲလှယ်လိုက်သည်။

ထိုအချိန်တွင် ဓား၏ပတ်ပတ်လည်၌ တလက်လက် တောက်ပနေသော အလင်းရောင်များ ထွက်ပေါ်လာနေသည်မှာ ထိတွေ့၍ မရနိုင်သော အိပ်မက်တစ်ခုထဲကို ရောက်နေသလိုဖြစ်နေသည်။ ငါးနဂါးဓားက ကျိုးဟမ်၏ ရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာပြီး ဓားထဲတွင် လျှို့ဝှက်စွမ်းအားများ ရှိနေသလို ထင်မှတ်ရ၏။

"ငါးနဂါးဓား … အဆင့်နိမ့် အဖိုးတန်လက်နက်…"

သံသရာအရှင်သခင်၏ အသံကို ကြားလိုက်ရသည်။

"အဆင့်နိမ့် အဖိုးတန်လက်နက်ကနေ အဆင့်မြှင့်လိုက်တယ်။ သူရဲ့အဆင့်မြှင့်တင်မှုမှာ ဒြပ်ထုနှလုံးသားစွမ်းရည်နဲ့ နဂါးကျောက်တုံးကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့တယ်။ အခုဓားမှာ ဝိညာဉ်သဘာဝရှိနေပြီ။ မှော်စွမ်းအားတွေသာ ပေါင်းစပ်လိုက်မယ်ဆိုလျှင် သူတို့တွေက အင်မော်တယ်တွေကို သတ်ပစ်နိုင်တယ်။ အသုံးပြုသူက ပင်မဝိညာဉ်ကိုသုံးပြီး ရန်သူတွေကို ကျောက်ရုပ်ဖြစ်သွားအောင် လုပ်ဆောင်နိုင်သလို သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ဖျက်ဆီးနိုင်တယ်။ သဘာဝတရားကြီးနဲ့ အနှစ်သာရတွေကို ဖမ်းဆုပ်နိုင်တယ်။ သူ့ရဲ့စွမ်းရည်က အသုံးပြုသူကို ကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေ ပြည့်ပြည့်ဝဝ လှုံ့ဆော်စေနိုင်ပြီး အသုံးပြုသူက မတူညီတဲ့စွမ်းအားတွေကို ယင်မှ ယန် ချောမွေ့ရာမှ မာကြောရာအဖြစ် ပြောင်းလဲပေးနိုင်တယ်။ သူ့ရဲ့စွမ်းအားတွေထဲမှာ အံ့သြစရာကောင်းတဲ့အရာတွေ အများကြီး ပါဝင်နေတယ်။ လက်ရှိဓားရဲ့တန်ဖိုးက ကံကြမ္မာအမှတ်(၄၂၀၀) တန်ကြေးရှိတယ်…"

အဖိုးတန်လက်နက်နှင့် ပတ်သက်သော အရာများကို ပြောပြလိုက်ပြီးနောက် ထိုအရာက အလယ်အလတ်အဆင့်သာဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအရာက အနိမ့်ဆုံးအဆင့်နှင့် အလယ်အလတ်အဆင့်၏ ကွာခြားမှုကို ပြသလိုက်၏။

ထိုအကျိုးအမြတ်များ ရွတ်ပြသည်ကို ကြားသည့်အခါ ကျန်းကျိဝေနှင့်မုန့်ချီတို့ကလည်း အတော်လေး စိတ်ဝင်စားနေကြသည်။

"ပြည့်ပြည့်ဝဝ အဆင့်မြှင့်တင်မှုအတွက် ကံကြမ္မာအမှတ်(၁၈၀၀)လိုအပ်တယ်…"

သံသရာအရှင်သခင်က ဆက်ပြောလိုက်၏။

"ကံကြမ္မာအမှတ်(၄၁၅)မှတ် ကျန်သေးတယ်…"

ကျိုးဟမ်က ဓားကိုဝှေ့ယမ်းပြီး လက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။ ထိုဓားက သူ့လက်ထဲတွင် ကောင်းမွန်နေသည်ဟု ခံစားရပြီး သူလည်း ကျေနပ်နေခဲ့၏။

မုန့်ချီကတော့ ရင်ထဲတွင် ပြန်လည်မေးခွန်းထုတ်ခဲ့မိသည်။

"ငါ့ရဲ့အဖိုးတန်လက်နက်တွေကရော ဘယ်လိုဖြစ်မလဲ မသိဘူး…"

သူက ရှေ့ကို တက်လိုက်ပြီး အဖိုးတန်လက်နက်များဖြစ်သော သတ်ဖြတ်ရေးဓားနှင့် ကောင်းကင်ပြစ်ဒဏ်ဓားတို့ကို အလင်းတိုင်လုံးထဲ ထည့်လိုက်သည်။ သံသရာအရှင်သခင်၏သုံးသပ်မှုကတော့ မုန့်ချီ သိထားပြီးသားများသာဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်ဓားက အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ရေလှိုင်းမီးတောက်ဓားကတော့ အလယ်အလတ်အဆင့်ဖြစ်သည်။

ထိုအရာက အဆင့်မြင့်အဖိုးတန်လက်နက်တစ်ခုဖြစ်ရန် အနည်းငယ်သာ လိုတော့၏။ မြေခွေးဘုရင်နှင့် သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားတို့၏ သွေးကို စားသုံးခဲ့ပြီးနောက် သူ့တန်ဖိုးက ကံကြမ္မာအမှတ်(၈၀၀)ခန့် မြင့်တက်လာခဲ့သည်။

"ကောင်းကင်ပြစ်ဒဏ်ဓားက သူ့ရဲ့စွမ်းရည်အရ တော်တော်လေးကို အားနည်းနေပြီ။ ကြည့်ရတာတော့ အဆင့်မြှင့်သင့်တယ်ထင်တယ်…"

မုန့်ချီက တိတ်တဆိတ် စဉ်းစားပြီး ခေါင်းညိတ်ပြောလိုက်သည်။

"ငါကလည်း ငါ့ရဲ့လက်နက်ကို အဆင့်မြှင့်ဖို့ ဆန္ဒရှိတယ်…"

"ငါလည်း ရွှေနဂါးဓားကို အဆင့်မြှင့်ဖို့ဆန္ဒရှိတယ်။ ကျန်တဲ့အမှတ်တွေကတော့ စကားလုံးမဲ့ကျောက်တိုင်ကနေ ရရှိခဲ့တဲ့အရာတွေကို လေ့ကျင့်ဖို့အတွက် အချိန်ပဲ လဲလိုက်တော့မယ်။ ငါက သံသရာကမ္ဘာကြီးထဲကနေ ထွက်သွားတာနဲ့ လူသားနှင့်ကောင်းကင်တသားတည်းအဆင့်ကို ရောက်ဖို့ ကြိုးစားရမယ်။ ပြီးတော့ ငါ့ရဲ့ ခရမ်းကြယ်မြစ်ကျင့်စဉ်ကိုလည်း ပြည့်စုံအောင် ကြိုးစားရမယ်…"

ချီကျန်းရန်က ပြောလိုက်၏။

"ငါကတော့ တစ်ယောက်တည်း လေးလေးနက်နက် လေ့လာသင့်တယ်။ နောက်ထပ်(၁)နှစ်ခွဲအတွင်းငါ့ရဲ့စွမ်းအားတွေ ကျင့်စဉ်တွေကို ပေါင်းစပ်ဖို့ကြိုးစားပြီး ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ရမယ်။ ငါကတော့ ငါ့ရဲ့စွမ်းအားတွေကို တစ်ကြိမ်တည်းနဲ့ အဆင့်တက်အောင် မကြိုးစားတော့ဘူး။ အဲဒီအစား ငါက ဖြည်းဖြည်းချင်းဆီပဲ တက်လှမ်းတော့မယ်…"

သူ၏စွမ်းရည်နှင့် စွမ်းအားများအပေါ် ချီကျန်းရန်၏ နားလည်မှုများက အလွန်ထူးခြားသည်။ ထို့ကြောင့် သူ၏ တိုးတက်မှုကလည်း အတော်လေးကို ကောင်းမွန်သည်ဟု ဆိုနိုင်၏။ မုန့်ချီ ကျန်းကျိဝေတို့နှင့် ယှဉ်လိုက်လျှင် သူက နိမ့်ကျနေကြောင်း ကိုယ့်ကိုယ်ကိုယ် နားလည်ထားသည်။ သူနှင့် ထိုပါရမီရှင် (၂)ယောက်၏ ကြားထဲတွင် အလွန်ကြီးမားသော ကွာဟမှုတစ်ခုရှိနေကြောင်း သူက နားလည်ထား၏။ သူကတော့ ဖြည်းဖြည်းချင်း တက်လှမ်းရန်သာ အကောင်းဆုံး ကြိုးစားရပါလိမ့်မည်။

"တကယ်လို့ တစ်ကြိမ်တည်းနဲ့ အဆင့်တက်ဖို့ တွန်းအားမရှိဘူးဆိုရင်တော့ ပထမဆုံး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ပြည့်ပြည့်ဝဝရောက်ရှိဖို့ ကြိုးစားသင့်တယ် ပြီးမှဝေ့ကျင်းအဆင့်ကို တက်လှမ်းဖို့က နောက်ထပ်တာဝန်တစ်ခုပေါ့…"

မုန့်ချီကလည်း ထောက်ခံလိုက်သည်။

"အစ်ကိုချီက ဆုံးဖြတ်ပြီးသွားပြီပဲ။ ကျွန်တော်တို့က တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ ခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးယှဉ်ပြိုင်ပါ…"

မုန့်ချီက အတွေးနှင့် ပြောလိုက်သည်။

ချီကျန်းရန်က ရွှေနဂါးဓား အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သော ပစ္စည်းများကိုစဉ်းစားရန် လိုအပ်နေသေးသည်။ သူက နဂါးကြေးခွံတစ်ခု လဲလှယ်လိုက်၏။ ထိုအရာကတော့ ငယ်ရွယ်သော ဦးချိုမဲ့ နဂါးတစ်ကောင်၏ ကြေးခွံဖြစ်သည်။ တခြားသော အကူအညီများအားလုံးကလည်း ဓားအဆင့်မြှင့်တင်ရန်အတွက် အသုံးပြုလိုက်၏။ သူက စုစုပေါင်းကံကြမ္မာအမှတ်(၁၄၀၀) ကုန်ဆုံးသွားခဲ့သည်။

ထို့နောက် ငွေရောင်အလင်းတန်းများ ကြားထဲတွင် မီးပွားများ ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် ရေခဲမြူများ လွှမ်းခြုံနေခဲ့၏။ နောက်ဆုံးတွင်တော့ တာဝန်ပြီးဆုံးသွားခဲ့ပြီး ရွှေနဂါးဓားက အသစ်တဖန် ပြောင်းလဲသွားသည်။

"ရေခဲဦးချိုမဲ့နဂါးကနေ ဖန်တီးထားတဲ့ ရွှေနဂါးဓား…"

သံသရာအရှင်သခင်၏ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။

"ဒါက အကြိမ်ပေါင်းများစွာ သန့်စင်ထားတဲ့ လက်နက်တစ်ခုပဲ။ ဒီဓားကို ရေခဲဦးချိုမဲ့နဂါးရဲ့ ကြေးခွံတစ်ခုနဲ့ ပေါင်းစပ်ထားတယ်။ ဓားရဲ့သဘာဝစွမ်းအားတွေထဲမှာ မိုးကြိုးအနှစ်သာရနဲ့ ရေခဲစွမ်းအားတွေကို ပေါင်းစပ်ထားတယ်။ ဒီဓားက မကောင်းဆိုးဝါးတွေအားလုံးကို ဖယ်ရှားပစ်နိုင်ပြီး ရန်သူတွေရဲ့ စိတ်ဝိညာဉ်တွေ ၊ နှလုံးသားတွေကို တုန်လှုပ်သွားစေနိုင်တယ်။ ဓားကိုင်ထားသူက လက်ထဲမှာ ရေခဲစွမ်းအားတွေကို ခံစားမိနိုင်ပြီး သံတွေ၊ ကျောက်တုံးတွေကိုတောင် အေးအေးဆေးဆေး ဖြတ်ပစ်နိုင်တယ်။ တိုက်ခိုက်တာကို ခံလိုက်ရတဲ့ ရန်သူရဲ့သွေးက တခဏအတွင်း အေးခဲသွားနိုင်တယ်။ အထွဋ်အထိပ် အခြေအနေမှာ ဓားဆီကနေ ရေခဲမြူခိုးတွေ ထွက်ပေါ်လာနိုင်ပြီး မီတာ(၃၀)ခန့်ထိ ပျံ့နှံ့သွားနိုင်တယ်။ မြစ်ရေပြင်ကိုတောင် အေးခဲသွားစေနိုင်ပြီး ပတ်ဝန်းကျင် ရာသီဥတုကိုတောင် ပြောင်းလဲသွားစေနိုင်တယ်။ အံ့ဩစရာတွေ အများကြီးကို ယူဆောင်ထားပြီး ဝိညာဉ်သဘာဝ အများအပြားရှိနေတယ်။ လက်ရှိအချိန်မှာ ဒီဓားက ကံကြမ္မာအမှတ်(၃၃၀၀)တန်ကြေးရှိတယ်…"

ချီကျန်းရန်က ကျန်ရှိနေသော ကံကြမ္မာအမှတ်များနှင့် (၃)လလေ့ကျင့်ရန် အချိန်လဲလှယ်လိုက်သည်။ ထို့ကြောင့် သူ့ဆီတွင် ကံကြမ္မာအမှတ်(၁၄၅)မှတ်သာ ကျန်နေတော့၏။

"ငါ့ဆီမှာတော့ လတ်တလော သုံးလို့ရတဲ့ ဂီတကျင့်စဉ်တွေ ရှိနေသေးတယ် ငါက ဘာမှမလိုဘူး အချိန်ပဲလိုတယ်…"

ရွမ်ယုရှုက ပြောလိုက်သည်။

"ငါကတော့ အချိန်များများလဲချင်တယ်။ (၆) လဆိုရင် လူသားနှင့်ကောင်းကင်တသားတည်းအဆင့်ကိုရောက်ဖို့ လုံလောက်ပါတယ်။ အဲဒီနောက်မှာတော့ စကားလုံးမဲ့ကျောက်တိုင်ကနေ နားလည်ထားတဲ့အရာတွေကို ပြန်လေ့ကျင့်ပြီး အမြန်ဆုံး နောက်ထပ်အဆင့်တက်ဖို့အတွက် စဉ်းစားရမယ်။ ကျန်တဲ့ကံကြမ္မာအမှတ်ကိုတော့ မှော်ရတနာလဲဖို့အတွက် ချန်ထားလိုက်မယ်…"

ရွမ်ယုရှုက စောင်းနှင့်ပတ်သက်ပြီး ပါရမီရှိသည်။ သူမက လူသားနှင့် ကောင်းကင်တသားတည်းအဆင့်ကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်သော ပါရမီရှိ၏။ စကားလုံးမဲ့ကျောက်တိုင် မရှိလျှင်ပင် သူမက ရည်မှန်းချက်ပြည့်မြောက်ရန် လအနည်းငယ်သာ လိုအပ်သည်။

လက်ရှိအချိန်တွင် တော်ဝင်မိသားစု၏ အဆင့်အတန်းက ရွမ်ကလန်ကို စကားလုံးမဲ့ကျောက်တိုင် ထိန်းသိမ်းခြင်းမှ တားဆီးနိုင်ရန် ခက်ခဲလှသည်။ အထက်တန်းလွှာ မိသားစုများက ထိုအရာကို လဲလှယ်ရန်အတွက် တူညီသောတန်ဖိုးရှိနေသည့် အမွေအနှစ်တစ်ခုပေးရန်သာ လိုအပ်သည်။

"ဟုတ်တယ် ငါကလည်း အချိန်ပိုပြီး လိုအပ်တယ်။ ငါက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို လေ့ကျင့်ဖို့(၃)လလိုမယ်၊ ပြီးတော့ ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာနဲ့ ဗာရိုဓားသိုင်းပညာတို့ကိုလည်း ကျွမ်းကျင်အောင် ကြိုးစားရဦးမယ်။ ကျန်တဲ့ ငါ့ရဲ့အမှတ်တွေကိုတော့ ကောင်းကင်ပြစ်ဒဏ်ဓား အဆင့်မြှင့်ဖို့အတွက်သုံးရမယ်…"

မုန့်ချီက ခေါင်းညိတ်၍ စဉ်းစားလိုက်သည်။

သံသရာကမ္ဘာကြီးက အေးအေးဆေးဆေး လေ့ကျင့်နိုင်သော နေရာများထဲမှ တစ်နေရာဖြစ်သည်။ ဤနေရာတွင် ရှိနေသော ချီစွမ်းအင်များက အလွန်အစွမ်းထက်ပြီး နေကျောက်တုံးကဲ့သို့ ရရှိနိုင်သော အရင်းအမြစ်များကလည်း ပေါများလှ၏။

"ဒါဆိုလည်း တခြားနေရာတွေကလွဲရင် ဘာလို့ဒီနေရာမှာ လေ့ကျင့်ကြမှာလဲ…"

ကျန်းကျိဝေက ဇဝေဇဝါဖြစ်သွားခဲ့၏။

မုန့်ချီ၏ လက်ရှိအခြေအနေအရ သူက မည်သည့်အကူအညီမျှမလိုအပ်ပဲ ဒုတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်ရှိရန် သေချာလှသည် ။ ကျန်းကျိဝေကလည်း တူညီသော ရွေးချယ်မှုကိုသာ လုပ်ဆောင်လိုက်၏။ ထိုအရာက တံခါးပိတ် လေ့ကျင့်ခြင်းသာ ဖြစ်သည်။

သူတို့ဆီတွင် တည်ငြိမ်မှုနှင့် ကြိုးစားအားထုတ်မှုနည်းပါးလျှင်ပင် မုန့်ချီက ပထမကောင်းကင် ဝေ့ကျင်းအဆင့်ကို (၁)နှစ်အတွင်း ဖြတ်ကျော်နိုင်သည်။ နောက်ထပ် (၁)နှစ်လဲလိုက်ခြင်းက သူ၏တိုးတက်မှုကို ပို၍သေချာသွားစေနိုင်၏။

ထိုသို့ဆိုရာတွင် တွေ့ကြုံနေရသော အတွေ့အကြုံများနှင့် လူတစ်ယောက်၏ အကျင့်စရိုက်များက တံခါးပိတ်လေ့ကျင့်ခြင်း ၊ တစ်ယောက်တည်း လေ့ကျင့်ခြင်းမှတစ်ဆင့် ပို၍အဆင့်မြင့်စွာ တိုးတက်သွားနိုင်သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ငါ့မှာလည်း ငါ့ရဲ့နည်းလမ်းတွေ အမြဲတမ်းရှိပါတယ်…"

Translated by Hein Htet.

All Chapters