← Chapters

အခန်း (၅၀၈)

Vol. 34 Ch. 508

အခန်း (၅၀၈)

Vol. 34 Ch. 508

ကလေးမ၏ အဖေကိုယ်တိုင်လည်း အတော်လေးကို မှင်တက်သွားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဝေ့ကျင်းအဆင့် ပညာရှင်အသစ်တစ်ယောက် အကြောင်းကို လုံးဝမကြားခဲ့ဖူးချေ။

ပိုမီတွင် လတ်တလော တစ်စုံတစ်ယောက်က လာရောက် ပုန်းအောင်းနေခြင်းပေလော။ သို့မဟုတ် ထိုသူက ဤနေရာ၏ အတွင်းပိုင်းတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးအိုကြီး တစ်ယောက်ပေလော။ သူက အလွန်သတိထားနေသည့်အတွက် အရှေ့ပိုင်းကုန်သွယ်မှုတွင်ပင် မကြာခဏ ပေါ်မလာခြင်းပေလော။

သူက ရင်ထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်ပြီး ချောင်းဟန့်လိုက်သည်။

"ဆရာကြီးတို့ …

ကျွန်တော်တို့က ဒီတစ်ကြိမ် ဆန်းကြယ်တွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ညီမျှတဲ့ ပစ္စည်း(၂၃)မျိုး ယူလာတယ်…"

ဆန်းကြယ်တွင်းထွက်ပစ္စည်းများက အလွန်အဖိုးတန်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ရှားရှားပါးပါး မြင်နေရခြင်းကြောင့်ဖြစ်သည်။ သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်များ၏ လေ့ကျင့်မှုနှင့် အဖိုးတန်လက်နက်များ ထုဆစ်ရာတွင် လိုအပ်သော ပစ္စည်းများလည်း ဖြစ်သည်။

မြင့်မားလှသော သူတို့၏ ဈေးနှုန်းနှင့် ကန့်သတ်ချက်ရှိသော တောင်းဆိုမှုများကြောင့် သူတို့က ကျယ်ပြန့်စွာ ရောင်းဝယ်ကြခြင်း မရှိချေ။ ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ကျိလော်ကျူးက ဘဝတစ်ဝက်စာခန့် ဓားပြတိုက်ပြီး သေမင်းပင်လယ်ကန္တာရ၏ တစ်ဝက်ခန့်ကို ကြာမြင့်စွာ သိမ်းပိုက်ထားခဲ့သော်လည်း ထိုကဲ့သို့ပစ္စည်း (၁၀)ခုကျော် မရှိချေ။

ထို့ပြင် ထိုပစ္စည်းများစွာက အသုံးပြု၍ မရနိုင်ဘဲ ဖလှယ်ရန်အတွက်သာ သိမ်းဆည်းထားရခြင်း ဖြစ်သည်။ ထို့ကြောင့် ကုန်သည်များက အစွမ်းထက်သောနောက်ခံများ၊ အင်အားစုကြီးများ၏ ထောက်ပံ့မှု မရှိဘဲ ထိုကဲ့သို့ ပစ္စည်း(၂၀)ကျော်ထက် ပိုယူမလာကြပေ။

လေတိုက်ခတ်မှုမရှိသော ပိုမီထဲတွင် အနီရောင်မြူခိုးများက လှုပ်ရှားသွားသည်။ ကလေးမလေးကတော့ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားသော မကောင်းဆိုးဝါးအိုကြီးများကို ခံစားမိနေခဲ့၏။ သူမ လှမ်းခေါ်လိုက်သည့်အချိန်တွင် မည်သူကမျှ တုံ့ပြန်ခဲ့ခြင်း မရှိချေ။

သူမ၏ အဖေက ဆက်ပြောလိုက်၏။

"ပထမဆုံးပစ္စည်းကတော့ ထုတ်ကုန်ပစ္စည်း မဟုတ်သလို တွင်းထွက်ပစ္စည်းလည်း မဟုတ်ပါဘူး။ အဲဒါကတော့ မြစ်အရှေ့ပိုင်းဝမ်မိသားစုရဲ့ တွက်ချက်ရေးကြေးပြားပါ.."

"မြစ်အရှေ့ပိုင်း ဝမ်မိသားစုရဲ့တွက်ချက်ရေးကြေးပြားလား…"

မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့သည်။

"ပိုမီလို အန္တရာယ်များတဲ့ နေရာမျိုးမှာ တွက်ချက်ရေးကြေးပြားက ဘာများအသုံးဝင်မှာလဲ။ အနီရောင်မြူခိုးတွေထဲမှာ ကံကြမ္မာကို တွက်ချက်မယ်ဆိုရင်လည်း တွက်ချက်မှုက မတိကျနိုင်ဘူး…"

"ဒါကတော့ သီးသန့်မှာကြားမှုပါ…”

“ဘယ်သူမှ မလိုချင်ကြဘူး မဟုတ်လား…"

အနီရောင်မြူခိုးများက လေထဲတွင် လှုပ်ရှားနေပြီး အက်ရှရှ လေသံတစ်ခု ထွက်ပေါ်လာသည်။ သူ့လေသံကတော့ မကောင်းဆိုးဝါး တစ်ယောက်၏ လေသံကဲ့သို့ ဖြစ်နေပြီး ရေဓာတ်ခမ်းခြောက်နေသော လူတစ်ယောက်၏ အသံကဲ့သို့ ဖြစ်နေသည်။

အလွန်ကြောက်စရာကောင်းသော အသံတစ်ခုက ခနဲ့လိုက်၏။

"ဂရုဏာမဲ့နတ်ဆိုး….

မင်းက ဒီတွက်ချက်ရေးကြေးပြားကို ဘာသုံးမလို့လဲ။ မင်းက လှည့်ကွက်တွေ မဆင်ဘူးလို့ ဘယ်သူကရော တွေးထားနိုင်မှာလဲ…"

တခြားသော ဝေ့ကျင်းအဆင့်ပညာရှင်များက စကားတစ်ခွန်းမျှ မပြောကြပေ။ သူတို့က မလိုလားအပ်သော ပြဿနာကို ရှာဖွေလိုခြင်းမရှိချေ။ အကယ်၍ သူတို့ကသာ တချိန်လုံး ငြင်းခုန်နေကြမည်ဆိုလျှင် သူတို့၏ရန်သူများက တွေ့သွားသည်မှာ ကြာလှပါပြီ။

"ဂရုဏာမဲ့နတ်ဆိုးဆိုတာက အရင်နှစ်တွေမှာ နာမည်ကျော်ကြားခဲ့တဲ့ ဂရုဏာမဲ့နတ်ဆိုးပဲ ဖြစ်နိုင်တယ်…"

မုန့်ချီက ခေါင်းညိတ်လိုက်မိသည်။ သူကလည်း ထိုတွက်ချက်ရေးကြေးပြားအတွက် ဆန္ဒမရှိချေ။

"ဟမ်.. ပိုမီမှာရှိနေတဲ့ ထူးခြားဖြစ်စဉ်တွေရဲ့နောက်မှာ ဘယ်လိုလှည့်ကွက်မျိုးတွေ ဖြစ်နိုင်မှာလဲ။ သူတို့ကရော ဒါကိုမကြိုးစားဘူးလို့ ဘယ်သူက ပြောနိုင်လို့လဲ…"

ဂရုဏာမဲ့နတ်ဆိုးက ခနဲ့သလို တုံ့ပြန်လိုက်သည်။

ပိုမီထဲတွင် ပုန်းအောင်းနေကြသော မကောင်းဆိုးဝါးများက ဆန်းကြယ်တွင်းထွက်ပစ္စည်းများနှင့် ဤနေရာ၏ ထူးခြားသောထွက်ကုန်များကို ရှာဖွေခြင်းအပြင် သေချာလေ့ကျင့်ရန်လည်း လိုအပ်ကြသေးသည်။ တစ်ဖက်တွင်တော့ ပိုမီရှိ ထူးဆန်းသော ဖြစ်စဉ်များ၏ အခြေခံက အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး မည်သူကရော မလိုချင်ဘဲ နေကြမည်နည်း။

ထိုပစ္စည်းများအပေါ် တိုက်ခိုက်နေကြခြင်း မရှိသည့်အတွက် ဂရုဏာမဲ့နတ်ဆိုးက စိတ်ဝိညာဉ်စုစည်းခြင်း သစ်သားအပိုင်းအစတစ်ခုနှင့် မြေအောက်လင်ဇီးတစ်ပွင့်ကိုယူပြီး ထိုတွက်ချက်ရေးကြေးပြားကို လဲလှယ်လိုက်သည်။

ကုန်သွယ်မှုတွင် အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်များကို တစ်ခုပြီးတစ်ခု ရောင်းချနေခြင်းဖြစ်သည်။ ထိုအထဲတွင် သာမန်မြင်တွေ့ရသော နေကျောက်တုံးများနှင့် ရှားပါးသော လေဟာနယ်တစ်ထောင်ကဲ့သို့ အရာမျိုးပင် ပါဝင်နေသည်။

မုန့်ချီက ထိုအရာများကို လိုချင်နေသော်လည်း သူ့ဆီတွင် လေ့ကျင့်မှုကို အစားထိုးနိုင်သော ပစ္စည်းများ ရှိနေပြီဖြစ်သည့်အတွက် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

"ဆရာကြီးတို့ …

ဒီအဖိုးတန်ပစ္စည်းကတော့ လက်တုံ့ပြန် ဝိညာဉ်ကျောက်တုံးပါ…"

ကလေးမလေး၏အဖေက အစိမ်းရောင်အလင်းတန်းများ တောက်ပနေသော ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။

ထိုကျောက်တုံးထဲတွင် မကောင်းဆိုးဝါးများကို ထိန်းသိမ်းထားသည့်အလား နာနာကျင်ကျင် အော်ဟစ်သံများကို ကြားနေရ၏။ ကျောက်တုံး၏ ပုံသဏ္ဍာန်ကလည်း ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ နေရာပေါင်းများစွာတွင် အနီရောင်မြူခိုးများ လှုပ်ရှားသွားခဲ့၏။

ထိုအရာကို စိတ်ဝင်စားနေသော မကောင်းဆိုးဝါးအိုကြီး အတော်များများရှိနေခဲ့သည်။ ပိုမီက ငရဲဝိညာဉ်များ ကင်းလှည့်နေသော မြေအောက်ကမ္ဘာကြီးတစ်ခု ဖြစ်နေသည့်အတွက် ဤနေရာကို အခြေခံသောပစ္စည်းများက မကောင်းဆိုးဝါးသဘာဝများ ရှိနေသည်။

ထိုအရာကလည်း မူလနေထိုင်သူများအားလုံးက ငရဲဝိညာဉ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန့်မှန်း၍မရစွာ ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်သည်။ သူတို့ကို အခွင့်ကောင်းယူချင်သော ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ချင်းဆီက သူတို့လို အခြေအနေမျိုးသာ ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် အလားတူအခြေအနေကို လေ့ကျင့်ထားနိုင်သော မကောင်းဆိုးဝါးများ လက်တုံ့ပြန်ဝိညာဉ်များများ မရှိချေ။

"ငရဲပုလဲမြက်တစ်ခုနဲ့ အပေးအယူလုပ်မယ်…"

"ငါက ငရဲပုလဲမြက်အပြင် နှစ်(၃၀၀)သက်တမ်းရှိ ဝိညာဉ်နီဂျင်ဆင်းပေးမယ်…"

"ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးအိုကြီး …

ခင်ဗျားက အဲဒါအတွက် ကျုပ်နဲ့တိုက်ခိုက်ချင်တာလား…"

"ငါက တစ္ဆေမျက်နှာကျောက်စိမ်းကိုပါ ထပ်ပြီး ပေါင်းပေးမယ်…"

တစ္ဆေမျက်နှာ ကျောက်စိမ်းဟူသော စကားလုံးကို ကြားသည့်အချိန်တွင် မုန့်ချီ၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ ထိုအရာက သူ အသုံးပြုနိုင်သော ရတနာတစ်ခုဖြစ်ပြီး သူ၏ပြောင်းလဲမှု(၅)သွယ်ထဲမှ တစ်ခုကို ပြည့်စုံရန် ကူညီပေးနိုင်သည်။ ထိုအရာက ငရဲဝိညာဉ်ပြောင်းလဲမှုလည်းဖြစ်၏။

ကလေးမလေးကတော့ လှုပ်ရှားနေသော မြူခိုးများကို စိုက်ကြည့်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များထဲမှ ထွက်လာသောအသံကို နားထောင်နေခဲ့သည်။ သူတို့အားလုံးကတော့ အသက်ဝင်လာသလို ထင်မှတ်ရ၏။

ထိုအချိန်တွင် အရိပ်များ၊ တစ္ဆေသရဲများ၏ ငိုကြွေးသံများ၊ သွေးရောင်အလင်းတန်းမျိုးစုံကိုလည်း မြင်လာရသည်။ ထိုမကောင်းဆိုးဝါးအိုကြီးများက မည်မျှကြောက်စရာကောင်းကြောင်း သူမ၏ ရင်ထဲတွင် တွေးမိနေခဲ့၏။

ထိုအချိန်တွင် သူမကတော့ အလွန်တည်ငြိမ်သော အသံတစ်ခုကို ကြားလိုက်ရသည်။

"ကျုပ်ဆီမှာ တစ္ဆေမျက်နှာကျောက်စိမ်းနဲ့ လဲလှယ်ဖို့အတွက် ငရဲသံတစ်ချောင်းရှိတယ်…"

သူမက အသံကြားသည့်နေရာကို တိတ်တဆိတ်လှည့်ကြည့်လိုက်ရာ အနီရောင်မြူခိုးများက အနည်းငယ် လှုပ်ရှားသွားကြောင်း မြင်လိုက်ရသည်။ ထိုနေရာတွင် ရှိနေသော လူတစ်ယောက်၏ အရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုအသံကတော့ နောက်ဆုံးဝေ့ကျင်းအဆင့် ပညာရှင်၏ အသံဖြစ်၏။ ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးက တိတ်ဆိတ်သွားကြသည်။ မုန့်ချီက သူ၏ အပေးအယူကို ဝင်ရောက်နှောင့်ယှက်လိုက်သည့်အတွက် ကလေးမလေး၏ အဖေက မကျေမနပ် ဖြစ်နေခဲ့သည်။ မဟုတ်လျှင် လက်တုံ့ပြန်ဝိညာဉ်ကျောက်တုံး၏ တန်ဖိုးက ပို၍ပင်မြင့်တက်သွားနိုင်သေး၏။ သို့သော် သူကတော့ စကားမပြောရဲဘဲ တိတ်ဆိတ်နေခဲ့သည်။

တစ္ဆေမျက်နှာကျောက်စိမ်း ရှိနေသော မကောင်းဆိုးဝါးအိုကြီးက တည်ငြိမ်စွာ ပြောလိုက်၏။

"လက်တုံ့ပြန်ဝိညာဉ်ကျောက်စိမ်းနဲ့ ယှဉ်လိုက်ရင် ငရဲသံက တော်တော်လေးကို နိမ့်ကျတယ်။ ဒါပေမယ့် အသုံးပြုဖို့အတွက် လုံလောက်ပါတယ်။ ငါက အဲဒါနဲ့ အပေးအယူလုပ်မယ်…."

သူက အဖိုးတန်အစိမ်းရောင် ကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်သည်။ ထိုကျောက်တုံးပေါ်တွင် ရှုံ့မဲ့နေသော လူသားတစ်ယောက်၏ မျက်နှာပုံစံရှိနေ၏။ ထိုအရာကို ကြည့်လိုက်မိရုံနှင့် ကလေးမလေးကတော့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားသလို ခံစားလိုက်ရသည်။

မုန့်ချီက ငရဲသံကို ထုတ်လိုက်၏။ ထိုအရာကတော့ အနက်ရောင်လက်ဖဝါးအရွယ် သတ္တုအပိုင်းအစတစ်ခု ဖြစ်သည်။ ထိုသတ္တု၏ မျက်နှာပြင်ပေါ်တွင် ရှိနေသော အပေါက်ငယ်လေးများထဲတွင် ရေစက်များ ပြည့်နှက်နေခဲ့၏။ သူတို့ကိုကြောက်စရာကောင်းသော လေလှိုင်းများနှင့်လွှမ်းခြုံထားသည်။ အပေါက်တစ်ခုချင်းဆီက နက်မှောင်နေပြီး အတွင်းထဲမှနေ၍ တစ္ဆေငိုကြွေးသံများ ထွက်ပေါ်နေခဲ့၏။

ရုတ်တရက်ဆိုသလို အစိမ်းရောင်နတ်ဆိုးတစ်ခုက ကွင်းပြင်၏ အလယ်တွင် ပေါ်လာခဲ့သည်။ သူက ငရဲသံကို သယ်ဆောင်ပြီး တစ္ဆေမျက်နှာကျောက်စိမ်း ထုတ်ပေးလိုက်သော အဘိုးအိုဆီကို ရောက်သွားခဲ့၏။

ကျောက်စိမ်းက မုန့်ချီ၏အနားကို ရောက်သွားခြင်းမရှိပဲ ကြားထဲတွင် အနီရောင်မြူခိုးအလွှာတစ်ခု ခြားနေသေး၏။ သူက ထွက်လာခြင်းမရှိဘဲ သူလိုအပ်သည့်အရာကို ယူဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက အပေးအယူလုပ်ရန် ကုန်သည်၏ အကူအညီကိုလိုအပ်ပုံ ရ၏။

"တ...တ..တစ္ဆေ!"

ကလေးမလေးက တစ္ဆေသရဲတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်အတွက် အလွန်ကြောက်လန့်သွားပြီး စိတ်လှုပ်ရှားနေပုံရ၏။

ထိုအချိန်တွင် အနီရောင်မြူခိုးများ၏ နောက်ကွယ်တွင် ရှိနေသော မျက်လုံးများစွာက သူ့ကို စိုက်ကြည့်နေကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ သူက တစ္ဆေမျက်နှာကျောက်စိမ်းကို ရယူရန် မည်သည့်နည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း သူတို့က စောင့်ကြည့်ခန့်မှန်းနေကြ၏။

ထိုအရာက သူ့အစွမ်းကို စစ်ဆေးကြည့်နိုင်ပြီး အလဲအလှယ်လုပ်ပြီးသွားလျှင် ပြန်လည်လုယူ၍လည်း ရနိုင်သည်။ မုန့်ချီကတော့ သူ၏ တံခါးပေါက်ထဲတွင် ရှိနေသော နေလုံးကြီးကို အသက်သွင်းလိုက်ပြီး ပစ္စည်းများထဲမှနေ၍ ရေလှိုင်းမီးတောက်ဓားကို ရုတ်တရက် ထုတ်ယူလိုက်သည်။

သူက နေလုံးပုံရိပ်ယောင်ခန္ဓာ ပုံသဏ္ဍာန် ပြောင်းလဲလိုက်ပြီး သူ၏ အရှိန်အဝါကို မြှင့်တင်လိုက်၏။ နေလုံးကြီးက ကြောက်စရာကောင်းစွာ လောင်ကျွမ်းနေပြီး ထိုမကောင်းဆိုးဝါးအိုကြီးများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော် သူတို့က အတွေ့အကြုံရှိသော မြေခွေးအိုကြီးများဖြစ်ကြပြီး ထိတ်လန့်ခြင်း၏ နောက်ကွယ်တွင် သံသယများစွာပေါ်လာခဲ့သည်။

သူတို့က ထိုအတွေ့အကြုံတစ်ခုတည်းအပေါ် အခြေခံပြီး ပြည့်ပြည့်ဝဝသုံးသပ်၍ မရနိုင်ပေ။ သူက လက်ဖြန့်လိုက်သည့်အချိန်တွင် နေလုံးကြီးက လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့၏။ လေဟာနယ်တွင်းပေါက်ကြီးလည်း ပေါ်လာပြီး လက်ဖဝါးပေါ်တွင်ရှိသော နေလုံးကြီးက မတူညီသော ကမ္ဘာကြီးတစ်ခုဆီကို ဦးတည်နေသည့်အလား မှေးမှိန်နေခဲ့၏။

ထိုမကောင်းဆိုးဝါးအိုကြီးပြသလိုက်သော စွမ်းရည်ကိုမြင်သည့်အခါ ကလေးမလေးကတော့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ မြေပြင်ပေါ်တွင် ရှိနေသော တစ္ဆေမျက်နှာကျောက်စိမ်းကလည်း မမြင်ရသော ကြိုးနှင့် ဆွဲယူသည့်အလား မြူခိုးထဲကို ရောက်သွားခဲ့၏။

ထိုဖြစ်စဉ်တစ်ခုလုံးက အလွန်အံ့ဩစရာကောင်းသည်ဟု ဆိုနိုင်သည်။ သူ၏ နည်းလမ်းကိုပြောပြရန် လုံးဝမဖြစ်နိုင်ပေ။

"ဒီပစ္စည်းကို အလေးချိန်မရှိတဲ့ပုံစံမျိုး ယူသွားတယ်ဆိုတော့ သူက ဒီနေရာမှာ ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးအိုကြီးတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်.."

ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကလေးမလေး၏ အဖေက ပင့်သက်ရှိုက်လိုက်မိသည်။

မြူခိုးများ၏ နောက်ကွယ်မှနေ၍ မုန့်ချီကို စိုက်ကြည့်နေသော မျက်လုံးများအားလုံးက သူ့ကို နားမလည်နိုင်သည့်အလား ပျောက်ကွယ်သွားခဲ့ကြ၏။

အရှေ့ပိုင်းကုန်သွယ်မှုက တဖြည်းဖြည်း ပြီးဆုံးကာနီးလာသည်။ ကလေးမလေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ ယခုတစ်ကြိမ် ခရီးလမ်းတွင် သူမ၏ ကလေးဘဝ အိပ်မက်ဆိုးပေါင်းများစွာကို ရင်ဆိုင်နေခဲ့ရသော်လည်း သူမကတော့ မကောင်းဆိုးဝါးအိုကြီးပေါင်းများစွာကို မြင်တွေ့နိုင်သည့် ဆန္ဒတစ်ခုပြည့်သွားခဲ့သည်။

တချိန်တည်းတွင် သူမက ကြောက်လန့်နေခဲ့သည့်အတွက် ကုန်သွယ်မှုမြန်မြန် အဆုံးသတ်ပြီး ပိုမီမှထွက်သွားရန် မျှော်လင့်နေခဲ့သည်။ ထိုအချိန်တွင် သူမဆီကို ရောက်လာသော ရေခဲလှိုင်းတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။ သူမက ငရဲရဲမက်များနှင့် တွေ့ခဲ့ရသည့်အချိန်ကကဲ့သို့ တူညီသောခံစားချက်ကို တစ်ထပ်တည်းရရှိခဲ့သည်။ ငရဲရဲမက်များက နောက်တစ်ကြိမ် ကင်းလှည့်နေခြင်းပေလော။

သူက ခန့်မှန်းကြည့်နေသည့်အချိန်တွင် အနီရောင်မြူခိုးထဲမှ လှုပ်ရှားမှုများကို သတိထားမိခဲ့သည်။ မြူခိုးများက (၂)ခြမ်း ကွဲသွားပြီး သူတို့၏တည်ငြိမ်မှုကို ဖယ်ရှားလိုက်သည်။

သူမ၏ ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါးအိုကြီးများ၏ အငွေ့အသက်များကလည်း ပျောက်ကွယ်သွားခဲ့၏။ အရာအားလုံးက ထူးဆန်းပြီး ကြောက်စရာကောင်းသည့် အခြေအနေတစ်ရပ် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အနီရောင်ခေါင်းဆောင်း ဝတ်ဆင်ထားသော မျက်လုံးသေနှင့် အရပ်ရှည်ရှည် လူတစ်ယောက်က မြူခိုးထဲမှ ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မြူခိုးများ လွှမ်းခြုံနေပြီး သူ့ခြေထောက်တွင် သံကြိုးများ ရှိနေသည့်အတွက် လှုပ်ရှားလိုက်သည့် အချိန်တိုင်း တချွင်ချွင်မြည်သံများ ထွက်ပေါ်နေခဲ့သည်။

သူကတော့ မည်သူ့ကိုမျှမကြည့်ဘဲ အတည့်တိုင်း လျှောက်လာခဲ့သည်။ သူ လျှောက်လှမ်းလာသည့် နေရာတိုင်း ကျောက်ခဲများက ပျက်စီးသွားခဲ့သည်။ သူက မုန့်ချီရှိရာကို တည့်တည့််လျှောက်လာနေခြင်းဖြစ်၏။

"ဒါက ငရဲရဲမက်တွေရဲ့ခေါင်းဆောင်လား..။ သူလျှောက်လာတဲ့ ဦးတည်ချက်က မှားနေတာ မဟုတ်လား…"

ကုန်သည်ဖွဲတဲ့အဖွဲ့ထဲတွင ်ရှိနေသော ဝေ့ကျင်းအဆင့်ပညာရှင်ပေါင်းများစွာက ဆွေးနွေးနိုင်ခြင်း မရှိတော့ချေ။

မုန့်ချီက ငရဲရဲမက်များအားလုံးကို သတိလက်လွတ် ရှောင်တိမ်းလိုက်မိသည့်အချိန်တွင် ထိုရဲမက်များ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြောင်း သတိထားမိခဲ့သည်။ ထိုအချိန်တွင် သူ၏အားနည်းချက်များ ပေါ်သွားသလို ဖြစ်နေပြီး သူကတော့ မိုးကြိုးပစ်ခံရသလို ခံစားနေရ၏။

"ဒါက သာမန်ငရဲရဲမက် မဟုတ်ဘူး…"

သူက မျက်မှောင်ကြုတ်ပြီး မျက်ခုံးပင့်လိုက်မိ၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါးအိုကြီး ဒါဇင်ပေါင်းများစွာက လုံးဝထွက်မလာကြပေ။ သူတို့တွေ တစ်ယောက်မျှသူ့ကို အကူအညီမပေးကြပေ။

ထိုအချိန်တွင် ဤနေရာတစ်ခုလုံး လင်းထိန်နေသော အနီရောင်အလင်းတန်းကြီးတစ်ခုကို လူတိုင်းက မြင်တွေ့လိုက်ရ၏။ ထိုအရာကတော့ နေရာတိုင်းတွင် လှိုင်းလုံးများကဲ့သို့ အလင်းတန်းများလည်း ထွက်ပေါ်လာစေခဲ့သည်။ ဓားအလင်းရောင်က နောက်ဆုတ်သွားခဲ့ပြီး အနီရောင်မြူခိုးများထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအရာများက လင်းလက်တောက်ပနေသည့်အချိန်တွင် မြူခိုးများကို ထိုးဖောက်လာခဲ့၏။ အလင်းရောင်များက အဆုံးမဲ့ပြောင်းလဲမှုများရှိနေပြီး တခြားသူများကတော့ နားမလည်နိုင်ကြပေ။ သူတို့က ထိုအရာကို မည်သို့ကာကွယ်ရမှန်း မသိသလို မည်သည့်နေရာတွင် ကာကွယ်ရမှန်းလည်း မသိကြပေ။

မကောင်းဆိုးဝါးအိုကြီးများက အလွန်ထိတ်လန့်အံ့ဩစွာ မျက်မှောင်ကြုတ်လိုက်မိကြသည်။ သူတို့က ထိုဓားသိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်နိုင်ခြင်းမရှိကြောင်း သိနေကြ၏။

အလင်းတန်းများက နေရောင်ခြည်ကဲ့သို့ ဖြစ်နေပြီး အကာအကွယ်မရှိသည့်အတွက် ပုန်းအောင်းနေရန်လည်း မဖြစ်နိုင်ကြပေ။ သူတို့က ထိုဓား၏လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်နိုင်ခြင်း မရှိကြောင်း မကောင်းဆိုးဝါးအိုကြီးများက နားလည်သွားခဲ့ပြီး သန့်စင်သောခွန်အားသက်သက်ဖြင့်သာ တားဆီး၍ရနိုင်ကြောင်း သိသွားသည် ။

ထိုအလင်းတန်းက နေ့ခင်းကြောင်တောင် နေရောင်ခြည် ကျရောက်လာသလို ဖြစ်နေပြီး အကာအကွယ်မရှိလျှင် ပုန်းအောင်းနေ၍ မရနိုင်ပေ။ နေလုံးကြီးက ခေါင်းပေါ်သို့ မြင့်တက်လာပြီး မကောင်းဆိုးဝါးဝိညာဉ်များအားလုံးကို နောက်ဆုတ်သွားစေခဲ့သည်။

ခြစ်ခြစ်တောက် ပူလောင်နေသောအပူချိန်က ပျက်စီးနေသော ကျောက်တုံးများကို အရည်ပျော်ကျသွားစေခဲ့ပြီး နေလုံးကြီးက ထူးဆန်းသော ငရဲရဲမက်များကို ဝါးမြိုသွားခဲ့သည်။

ငရဲရဲမက်များက နာနာကျင်ကျင် အော်ဟစ်နေကြပြီး အဆုံးမဲ့အလင်းရောင်များ၏ လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ ဓားအလင်းတန်းက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်သွားခဲ့ပြီး လောင်ကျွမ်းနေသော အလင်းရောင်အောက်တွင် တဖြည်းဖြည်း အရည်ပျော်ကျသွားခဲ့သည်။

"ဒါဆိုရင် ဒါက ထိပ်တန်းဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းပဲ.."

ကလေးမလေးက ထိတ်လန့်ပြီး မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။ သူမ၏ မျက်စိရှေ့တွင် အစစ်အမှန်နေလုံးကြီးတစ်လုံးကို မြင်နေရသလို ခံစားနေရသည် ။

ဓားအလင်းတန်းက အမှန်တကယ်ကို နေလုံးကြီးပမာ ဖြစ်နေခဲ့သည်။ သူမ၏ဦးလေးနှင့် မိသားစုအကြီးအကဲများအားလုံးက ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း မည်သူကမျှ သူတို့၏အစွမ်းကို ပြည့်ပြည့်ဝဝပြသခဲ့ခြင်းမရှိချေ။

ခဏတာ တိုက်ပွဲပြီးဆုံးသွားပြီး အရှေ့ပိုင်းကုန်သွယ်မှု အဆုံးသတ်သွားပြီးနောက် မုန့်ချီကို မည်သူကမျှစမ်းသပ်လိုခြင်း မရှိကြတော့ချေ။ မကောင်းဆိုးဝါးအိုကြီးများက ထွက်သွားရန် ပြင်ဆင်နေသည့်အချိန်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော လူသစ်၏အသံကိုသူတို့၏နားထဲတွင် ကြားလိုက်ရသည်။

"တံခါးစောင့်…"

မကောင်းဆိုးဝါးအိုကြီးများက သူတို့၏ခြေလှမ်းများကို ခဏတာရပ်လိုက်ကြပြီး ကိုယ့်လမ်း ကိုယ် လျှောက်သွားခဲ့ကြသည်။

ကုန်သည်များကကျောက်တုံးကြီး၏အဝေးသို့ ရောက်သွားသည့်အချိန်တွင် အနီရောင်အလင်းတန်းများ လွှမ်းခြုံနေသော လူတစ်ယောက်က အနီရောင်မြူခိုးထဲမှ ထွက်လာခဲ့၏။

"တံခါးစောင့်က ငါ့ကိုရှာနေတာလား ဘာအတွက်လဲ…"

ထိုလူ၏အသံက အသက်ကြီးသေးပုံ မရချေ။

"ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါး .. မိတ်ဆွေ … တံခါးစောင့်က ခင်ဗျားဆီကနေ သတင်းတစ်ခုမေးဖို့ ကျုပ်ကို လွှတ်လိုက်တာ။ ခင်ဗျားက မကြာသေးခင်အတောအတွင်း မကောင်းဆိုးဝါးသုတ်သင်ရေးဓားနဲ့တွေ့ခဲ့သေးလား.."

မုန့်ချီက သူ့ဓားကို သယ်ဆောင်ပြီး အပြင်ဘက်ကို ထွက်လာခဲ့သည်။

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက လူစိမ်းကို စိုက်ကြည့်ပြီး ရယ်လိုက်၏။

"ဘယ်သူကများ စည်းမျဉ်းစည်းကမ်းတွေကို မသိလဲမှတ်တယ်။ ဟွာမေ့တောင်တန်းက သူတို့ရဲ့အတွင်းရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်ကို စေလွှတ်လိုက်တာပဲ။ မင်းက တော်တော်လေး ငယ်သေးတယ်…"

ဆရာကြီးလုက သူ့အတွေးနှင့် ကြိုးစားအားထုတ်မှုများအားလုံးကို ဓားသိုင်းပညာတစ်ခုတည်းအပေါ် အလေးထားခဲ့သည်။ သို့သော် သူက တခြားသော ကျင့်စဉ်များကို နားမလည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ ထိုအစား သူကိုယ်တိုင် မလေ့ကျင့်ခြင်းသာဖြစ်ပြီး ဟွာမေ့တောင်တန်းထဲတွင် ထိုကဲ့သို့ပညာရှင်များစွာ စုစည်းထားခဲ့၏။ ထို့ကြောင့် မုန့်ချီ၏ပုံရိပ်ယောင်ခန္ဓာနှင့် ဓားသိုင်းပညာက ထူးဆန်းနေခြင်း မရှိသလို ခံစားမိနေခြင်း ဖြစ်သည်။

"ငါက တံခါးစောင့်ဆီကနေ အကျိုးအမြတ်တွေ ယူပြီးသွားပြီဆိုမှတော့ ငါသိထားတဲ့အရာတွေကို ဘာမှမဖုံးကွယ်ချင်ဘူး။ နောက်ဆုံးတစ်ကြိမ် ရန်ကျန်းချန်နဲ့တွေ့ခဲ့တာက လွန်ခဲ့တဲ့ (၇)ရက်လောက်ကပဲ။ သူ့ကို အရှေ့ဘက်မှာရှိတဲ့ (၅)ခုမြောက် ချောက်ထဲမှာ တွေ့ခဲ့တယ်။ အဲဒါကတော့ အတိတ်တုန်းက ပိုမီရဲ့မြို့တော်ပဲ…"

ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးက တိတ်တဆိတ်ပြောပြလိုက်သည်။

"အဲဒီအချိန်မှာ ရန်ကျန်းချန်က ဂရုဏာမဲ့နတ်ဆိုးနဲ့ တွေ့နေတာကို တွေ့လိုက်တယ်။ သူက သူတို့ရဲ့အဖွဲ့အစည်းနဲ့ ပူးပေါင်းနေမှာ စိုးရတယ်…"

" အဖွဲ့အစည်းလား…"

မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်မိသည်။

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက ပြုံးလိုက်၏။

"သူတို့က တခြားသူတွေကို ဖုံးကွယ်ထားနိုင်ပေမယ့် ငါ့ကိုတော့ ဖုံးကွယ်မထားနိုင်ဘူး။ ပိုမီမှာ ပုန်းအောင်းနေတဲ့ ဝေ့ကျင်းအဆင့်ပညာရှင်တွေထဲမှာ လုပ်ကြံရေးသမားတွေ အများကြီးရှိတယ် ။ သူတို့တွေထဲမှာ အစွမ်းထက်ဆုံး လူတစ်ယောက်က သူတို့အားလုံးကို စုစည်းပြီး အစွမ်းထက် အဖွဲ့အစည်းကြီးတစ်ခု တည်ထောင်ချင်နေတယ်။ တကယ်လို့ သူတို့က ပင်မသိုင်းဂိုဏ်းကြီးတွေ ထိပ်တန်းအထက်တန်းလွှာ မိသားစုတွေကို မယှဉ်နိုင်ဘူးဆိုရင်တောင် ဟယ်လာထက်တော့ အားနည်းမှာ မဟုတ်ဘူး…"

အကယ်၍ ငိုကြွေးခြင်းအကြီးအကဲကဲ့သို့ ဝေ့ကျင်းအဆင့်ပညာရှင်များသာ ထိန်းချုပ်မထားလျှင် ဟယ်လာက ပိုမီကို အုပ်ချုပ်ရန် လုံးဝမဖြစ်နိုင်ပေ။ ထိုသတင်းကတော့ မုန့်ချီထင်ထားသည်နှင့် ဆန့်ကျင်နေသည့်အတွက် သူလည်းစ ိတ်သက်သာရာရသွားခဲ့သည်။

သူကြောက်သည်မှာ ရန်ကျန်းချန်က တစ်ယောက်တည်း သွားလာလှုပ်ရှားနေမှာကိုသာ ဖြစ်သည်။ ထိုသတင်းကို နောက်တကြိမ် အတည်ပြုလိုက်ပြီးနောက် သူက မသိချင်ယောင်ဆောင်ပြီး မေးလိုက်၏။

"တံခါးစောင့်ရဲ့အဆင့်အတန်းကဘာလဲ ။ သူက ဘာကိုစောင့်နေရတာလဲ…"

"ဒါတော့ ငါလည်းမသိဘူး။ ငါက ပိုမီမှာ ပထမဆုံးလာပုန်းတဲ့အချိန် တံခါးစောင့်က အဲဒီလိုဏ်ဂူထဲမှာနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ တံခါးစောင့်က ဘာကိုစောင့်နေလဲဆိုတာကို စစ်ဆေးဖူးတဲ့ ပြိုင်ဘက်ကင်းပညာရှင် တစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့တွေက လိုဏ်ဂူထဲကနေ နောက်တစ်ကြိမ် လုံးဝပြန်ထွက်မလာနိုင်ခဲ့ဘူး…"

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက ပြောလိုက်သည်။

"ကြည့်ရတာတော့ အဲဒီနေရာက ပိုမီနယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားတဲ့ လမ်းကြောင်းတွေ ရှိနေတဲ့အတွက် လမ်းပျောက်သွားတာလည်း ဖြစ်နိုင်တယ်…"

"ဒါက တော်တော်နားလည်ဖို့ ခက်တဲ့ဟာသတစ်ခုပဲ…."

မုန့်ချီက တိတ်တဆိတ် လှောင်ပြောင်လိုက်မိသည်။

မုန့်ချီက ပြန်လှည့်ပြီး မေးလိုက်၏ ။

"ဒါဆိုရင် အစောပိုင်းက ငရဲဝိညာဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ အဲဒီငရဲဝိညာဉ်တွေက အရှေ့ဘက်နဲ့ အနောက်ဘက်ကိုမသွားဘဲ ကျုပ်ဆီကို တည့်တည့်ရောက်လာတာ။ ခင်ဗျားတို့တွေ တစ်ယောက်မှ အံ့သြမနေကြဘူး…"

"ဒါကြောင့်လည်း မင်းက ပိုမီရဲ့စည်းမျဉ်းတွေကို မသိဘူးလို့ ငါတို့က အတည်ပြုနိုင်တာလေ။ ဂရုဏာမဲ့နတ်ဆိုး ဒါမှမဟုတ် သတ်ဖြတ်ရေးယက္ခက အစောပိုင်းရောက်လာတဲ့ ငရဲဝိညာဉ်ကို လွှတ်လိုက်တာ ဖြစ်နိုင်တယ်။ သူတို့တွေက အဲဒီအဖွဲ့အစည်းကို ပူးပေါင်းလိုက်တဲ့အချိန်မှာ ကင်းလှည့်နေတဲ့ ငရဲဝိညာဉ်တွေ အပေါ်ကိုတောင် တော်တော်လေး နားလည်လာခဲ့တယ်…"

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"ဒါကတော့ ငါသိသလောက်အကုန်ပဲ…"

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက လူစိမ်းများ၏အရှေ့တွင် အချိန်ကြာကြာမနေချင်ခဲ့ပေ။ မည်သို့ဖြစ်စေကာမူ ရန်သူပေါင်းများစွာက သူ့နောက်ကို လိုက်နေခဲ့၏။ ထို့ကြောင့် သူလည်း အနီရောင်မြူခိုးများထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ပထမတွင်တော့ မုန့်ချီက သူ လဲလှယ်ထားခဲ့သော ပစ္စည်းကို စစ်ဆေးကြည့်ခဲ့ပြီး သူလည်း အတွင်းပိုင်းထဲကို ခုန်ဝင်၍ အရှေ့ဘက်ကို ထွက်ခွာသွားခဲ့သည်။

Translated by Hein Htet.

All Chapters