← Chapters

အခန်း (၅၁၅)

Vol. 35 Ch. 515

အခန်း (၅၁၅)

Vol. 35 Ch. 515

ဒူးထောက်နေသော အလောင်းများ၊ မြေပေါ်တွင် လဲကျနေသော အလောင်းများ တစ်ဝက်တစ်ပျက် ရပ်နေသော အလောင်းများက မတ်တပ်ရပ်လာကြသည်။ သူတို့က ရေနစ်နေသည့်အလား သူတို့၏လက်ကို လေထဲတွင် မြှောက်၍ ဗလုံးဗထွေး အော်ဟစ်နေကြ၏။ သူတို့၏ပါးစပ်မှနေ၍ ထွက်လာသော စကားသံကတော့ "ငါဘယ်သူလဲ " ဟူသည့်စကားသာ ဖြစ်သည်။

ထိုအချိန်တွင် မုန့်ချီကတော့ သံသရာအရှင်သခင်၏ စကားသံကို ရုတ်တရက် ကြားလိုက်ရ၏။

"အပူအပင်မဲ့တောင်ကြားကို ရှာတွေ့ပြီ။ ကျန်းဝူအင်ပါယာ ကွင်းဆက်တာဝန်ရဲ့ တတိယအပိုင်း ပြီးဆုံးသွားပြီ။ ကျန်းဝူအင်ပါယာသေဆုံးမှုရဲ့ စတုတ္ထတာဝန် ... အပူအပင်မဲ့တောင်ကြားထဲမှာ ကျန်းဝူအင်ပါယာ ချန်ထားခဲ့တဲ့ အငွေ့အသက်တွေကို ရှာဖွေရမယ်…"

ယဲ့ယုချီက မုန့်ချီကို တိတ်တဆိတ် ညွှန်ကြားလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ပြင်ပအာရုံခံနိုင်စွမ်းတွေကို မသုံးနဲ့ ... မင်းက စိတ်ဝိညာဉ်စွမ်းအားကိုပဲသုံးပြီး မင်းရဲ့ပတ်ပတ်လည်ကို အာရုံခံကြည့်လိုက်…"

ထိုစကားကို ကြားသည့်အခါ မုန့်ချီက မျက်လုံးနှင့် နားတံခါးကို ပိတ်လိုက်သည်။ သူက ပတ်ပတ်လည်တွင် ရှိနေသော သဘာဝတရားကြီးနှင့် မျှတသွားအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်သိစိတ်က ပတ်ပတ်လည်သို့ ပျံ့နှံလာခဲ့၏။

သူ၏စိတ်ဝိညာဉ်စွမ်းအားက လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်သွားသည့်အချိန်တွင် သူ့ရှေ့၌ ရှိနေသော အရာအားလုံးက အသေးစိတ် ပေါ်လာခဲ့သည်။ သူ့ရှေ့တွင် ရှိနေသည်မှာ ဟယ်လာတိုင်းပြည်၏ တစ်ဝက်ခန့် ရှိနေသော ဧရာမတောင်ကြားကြီး တစ်ခု ဖြစ်သည်။ မြေပြင်ပေါ်တွင် ရှိနေသော အက်ကွဲကြောင်းမှနေ၍ ကြောက်စရာကောင်းသော အနက်ရောင်မီးတောက်များ အနက်ရောင် အငွေ့အသက်များလည်း စိမ့်ထွက်လာနေကြ၏။

ခြောက်ကပ်နေသော အလောင်းပေါင်း(၁)သောင်းကျော်လည်း ရှိနေပြီး သူတို့၏ စိတ်ဝိညာဉ်အကြွင်းအကျန်များ ရှိနေသေးသည်။ ခန္ဓာကိုယ်နှင့် အာရုံခံနိုင်စွမ်းကို မသုံးခဲ့သည့်အတွက် မုန့်ချီ၏ စိတ်ဝိညာဉ်စွမ်းအားက အစောပိုင်းတွင် သတိမထားမိခဲ့သော အရာများကိုလည်း တွေ့လိုက်ရသည်။

ထိုအချိန်တွင် ပတ်ပတ်လည်၌ မကောင်းသည့်အငွေ့အသက်များ ပြည့်နှက်နေသော စိတ်ဝိညာဉ်များက တောင်ကြားကြီးတစ်ခုလုံးတွင် ပြည့်နှက်နေကြောင်း ခံစားမိခဲ့သည်။ အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များက ရေဘဝဲလက်တံများကဲ့သို့ ဖြစ်နေပြီး အလောင်းတစ်ခုချင်းဆီကို ရောက်နေခဲ့၏။

"ဒီအလောင်းတွေက အေးစက်စိုစွတ်တဲ့ခံစားမှုကို ထုတ်ပေးနေတဲ့အရာတွေလား.။ သူတို့က ငါ ဘယ်သူလဲလို့ ဘာလို့ ရေရွတ်နေကြတာလဲ…"

မုန့်ချီက တစ်ယောက်တည်း မေးလိုက်မိသည်။သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ဓားလက်ကိုင်ကို ကိုင်ပြီး အလွန်သတိထားနေခဲ့၏။

ယဲ့ယုချီက ခေါင်းခါပြီး ပြောလိုက်သည်။

"ငါလည်း ဒီကိစ္စကို မသိသေးဘူး... "

စက္ကန့်ပိုင်းခန့် ငြိမ်သက်စွာ ကုန်ဆုံးသွားပြန်သည်။ အလွန်ကြောက်စရာကောင်းသော အလောင်းများကလည်း မူလကဲ့သို့ ပြန်လည်အိပ်ပျော်သွားခဲ့၏။ ထိုအချိန်တွင် အလွန်နက်ရှိုင်းပြီး အေးချမ်းသောအရာများ ဖြစ်ပေါ်လာပြီး မည်သည့်အရာမျှမဖြစ်ခဲ့သလို ထင်မှတ်ရ၏။

မုန့်ချီက မျက်လုံးမှိတ်နေပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။ သူက အလောင်းနှင့် အနီးတစ်ဝိုက်တွင် ရှိနေသော ပတ်ဝန်းကျင် ခြေရာလက်ရာများကို စစ်ဆေးကြည့်နေခဲ့၏။

သူတို့၏ အရေပြားပေါ်တွင် စိုစွတ်မှုမရှိတော့ဘဲ ခြောက်ကပ်မဲမှောင်နေခဲ့သည်။ အဖြူရောင်အဝတ်များနှင့် အနက်ရောင်ချပ်ဝတ်အင်္ကျီများကလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီး နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့်အတွက် ပျက်စီးသလို ဖြစ်နေ၏။

"နည်းနည်းလေး ထိလိုက်တာနဲ့တောင် ချပ်ဝတ်အင်္ကျီတွေက ပျက်စီးသွားနိုင်တယ်... "

မုန့်ချီက ဇဝေဇဝါ ဖြစ်နေခဲ့၏။

ထိုအရာက သူတို့၏လက်နက်များ၊ အသုံးအဆောင်များ၊ စာအုပ်များနှင့် အတူတူသာဖြစ်သည်။ တချို့ကတော့ ခွဲခြား၍ပင် မရနိုင်သော အမှိုက်များ၊ အညစ်အကြေးများဖြင့် ပြောင်းလဲသွားခဲ့၏။ သူတို့က အသက်စွမ်းအင်များ ကုန်ဆုံးနေသော မြေဩဇာများကဲ့သို့ ဖြစ်နေသည်။

ရုတ်တရက်ဆိုသလို မုန့်ချီက အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။ သူက အလောင်းများ၏အနားတွင် စာရွက်အပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။ ထိုစာရွက်အပိုင်းအစပေါ်တွင် အနောက်ပိုင်းနယ်မြေ၏ ရှေးဟောင်းဘာသာစကားဖြင့် ရေးသားထားသည်။

သူက စာရွက်အပိုင်းအစကို ယူဆောင်ရန် လက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ ပို့ဆောင်လိုက်သည်။ ထိုအချိန်တွင် စာရွက်အပိုင်းအစက သူ့လက်ဖဝါးပေါ်သို့ ပျံသန်းလာခဲ့၏။

ရေခဲနတ်သမီး ယဲ့ယုချီကလည်း သူ့ဆီကို ပျံသန်းလာပြီး စာရွက်ထဲရှိ စကားလုံးများကို ကြည့်လိုက်သည်။ ခဏကြည့်လိုက်ပြီးနောက် သူမက တီးတိုးရေရွတ်လိုက်၏။

"တော်ဝင်အကြံပေးက ရူးသွားပြီ ...”

“ဒီစာရွက်ပေါ်မှာရှိတဲ့စာသားက အမြန်ရေးထားသလိုပဲ။ သူက အရှုပ်အထွေးတွေ ပရမ်းပတာ ဖြစ်နေတဲ့အချိန်မှာ ထွက်လာခဲ့ရတယ် ထင်တယ်…"

ယဲ့ယုချီက ပြောလိုက်၏။

သို့သော် စာရွက်ပေါ်တွင် စာကြောင်းတစ်ခုတည်းသာ ရှိနေ၏။ အခြားမည်သည့်အရာမျှမရှိကြောင်း နားလည်သွားပြီးနောက် မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် စစ်ဆေးကြည့်လိုက်ပြန်သည်။

ယဲ့ယုချီကလည်း မျက်လုံးမှိတ်လိုက်၏။ သူမက ညာလက်ကို မြှောက်လိုက်ရာ တူညီသော စာရွက်လေးတစ်ခုက နောက်ထပ်အလောင်းတစ်ခု၏ ဘေးမှနေ၍ သူမ၏လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့သည်။

"သူက တကယ့်ကိုရူးသွားပြီ ... တော်ဝင်အကြံပေး…"

သူတို့တွေ့သည့် တခြားစာရွက်များပေါ်တွင်လည်း အလားတူစကားလုံးများကိုသာ ရေးသားထားခဲ့သည်။

ထိုစာရွက်များက ယဲ့ယုချီ၏ လက်ဖဝါးပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်လာပြီး ကျဆင်းသွားခဲ့၏။ သူမက စာရွက်များကို ဆက်စပ်ကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ပိုမီတိုင်းပြည်မှာ နေထိုင်တဲ့သူတွေက ငရဲအင်ပါယာရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရတယ်။ သူက သူတို့ရဲ့အိမ်မက်တွေထဲမှာတော့ မကြာခဏ စကားလာပြောတတ်တယ် ။ သူတို့ကို အကြံပေးပြီး လျှို့ဝှက်သိုင်းကျမ်းတွေ၊ကျင့်စဉ်တွေကိုလည်း သင်ကြားပေးခဲ့တယ်။ သူတို့သေဆုံးသွားမယ်ဆိုရင်လည်း ထာဝရရှင်သန်ခြင်းကို ရရှိနိုင်ပြီလို့ ကတိပေးခဲ့တယ်။ ငါတို့အားလုံးက ငရဲအင်ပါယာရဲ့ လက်အောက်ငယ်သားတွေဆိုတာ သံသယမရှိခဲ့ကြဘူး ... "

ထိုစာရွက်ပေါ်တွင် ငရဲအင်ပါယာအပေါ် ပိုမီ နယ်ခံတစ်ယောက်၏ ကိုးကွယ်ယုံကြည်မှုနောက်ကြောင်းကို သေချာရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

မုန့်ချီကတော့ ထိုအရာများကို စဉ်းစားနေရင်း လေထဲကို ငေးကြည့်နေမိခဲ့၏။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

"ကျန်းဝူအင်ပါယာက ပိုမီနဲ့ ဆက်စပ်နေတဲ့ ငရဲကမ္ဘာကြီးကို ပိတ်လှောင်ထားခဲ့တာလား။ ငရဲအင်ပါယာက ပိတ်လှောင်မှုကနေ လွတ်မြောက်လာပြီး သာမန်ပညာရှင်တွေကို အိမ်မက်ထဲမှာ စကားလာပြောခဲ့တာလား။ အဲဒါလည်း မဖြစ်နိုင်ဘူး…"

မုန့်ချီက အလွန်ထိတ်လန့်စွာ သုံးသပ်လိုက်မိသည်။

"ဒါဆိုရင် ငရဲပြည်က ဆက်ပြီး ရှိနေဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ အဲဒါက နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီလေ။ ဒီနေ့အချိန်မှာ ဘယ်သူကမှ အဲဒီလိုအစွမ်းတွေ၊ ဒေါသတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး။ ဒဏ္ဍာရီပညာရှင်တွေရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တွေက အရမ်းကို ရှေးကျပြီး လက်ရှိခေတ်မှာတော့ အကြွင်းမဲ့အာဏာမျိုးတောင် ရှိနေနိုင်တယ်။ သူတို့ရဲ့သိုင်းပညာတွေ၊ ရှေးဟောင်းကျင့်စဉ်တွေအားလုံးက ညှိုးခြောက်ပြီး ပျက်စီးသွားခဲ့ပြီလေ…"

ယဲ့ယုချီက စာမျက်နှာများကို လှန်ကြည့်နေရင်း အဓိကအချက်ကို စိုက်ကြည့်နေခဲ့၏။

"ငရဲအင်ပါယာက ငါတို့ရဲ့အိမ်မက်တွေထဲမှာ လာပြီး အကြံပေးခဲ့တယ် ..။ ပညာရှင်တွေ အများကြီး စွန့်စားခဲ့ပြီး နောက်ဆုံးမှာတော့ ငါတို့က သူ့ရဲ့တိုင်းပြည်ကိုသွားဖို့ လမ်းကြောင်းတစ်ခုကို တွေ့ခဲ့ရတယ်။ အခုအချိန်ကစပြီး ငါတို့က ငရဲအင်ပါယာရောက်လာဖို့ကို ပြင်ဆင်ဖို့ လိုအပ်တယ်…”

“ငါတို့က အလုပ်လုပ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေတာ (၉)နှစ်တောင်ကြာသွားပြီ ...။ ဒီနေ့တော့ ငရဲအင်ပါယာက ငါတို့ဆီ ရောက်လာတော့မှာကို ဂုဏ်ယူဝင့်ကြွားစွာ ကြိုဆိုရတော့မယ်။ ငရဲအင်ပါယာက သူကိုယ်တိုင် ရောက်လာပြီး အခွင့်အာဏာတွေလည်း ပြည့်ပြည့်ဝဝ ရလိမ့်မယ်။ သူက သူ့ရဲ့တိုင်းပြည်ကို ထာဝရပြန်လာနိုင်လိမ့်မယ် ...။ ပြီးတော့ သူအုပ်ချုပ်နေစဉ် အတောအတွင်း ငါတို့တွေကလည်း ထာဝရရှင်သန်ခြင်းကို ရရှိနိုင်ကြလိမ့်မယ်။ ငရဲအင်ပါယာရဲ့ အထွဋ်အမြတ်ဝိညာဉ်ကြောင့် ငါ့ရဲ့လက်တွေကတောင် တုန်ယင်နေခဲ့ပြီ ..။ ငါကတော့ အင်ပါယာရဲ့တိုင်းပြည်ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာ။ ငါက သူ့ရဲ့ကြီးကျယ်ခမ်းနားမှုကို ဆုတောင်းပေးနေတာ ... "

"မဟုတ်သေးဘူး ..။ သူက ဘာတွေလုပ်နေတာလဲ။ သူ ရူးသွားပြီ ..”

“တော်ဝင်အကြံပေးက ရူးသွားပြီ ..။ တော်ဝင်အကြံပေးက ငရဲပြည်ကို ဖွင့်လှစ်ဖို့ ယဇ်ပူဇော်နေစဉ် အတောအတွင်း ရူးသွပ်သွားခဲ့ပြီ ..”

“ဒါက ပိုမီတိုင်းပြည်ကြီးကို ကံဆိုးမိုးမှောင်ကျစေခဲ့တာလား…"

မုန့်ချီက သူရရှိထားသော အချက်အလက်များကို စဉ်းစားနေရင်း တစ်ယောက်တည်း ရေရွတ်နေမိခဲ့သည်။ သူပြောလိုက်သော စကားလုံးများကို မည်သူကမျှသတိထားမိခြင်း မရှိချေ။

ယဲ့ယုချီက သူ့ကို စိုက်ကြည့်လိုက်၏။

"ငရဲပြည်ကို ဖွင့်လှစ်ဖို့လို့ မင်း ပြောလိုက်တာလား ... "

"ကျွန်တော်က သတိမထားမိဘဲ ပြောလိုက်မိတာပါ.."

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး ထိုကိစ္စကိုဖြေလျှော့လိုက်သည်။ ကျန်းဝူအင်ပါယာက ဤနေရာတွင် ရှိခဲ့ကြောင်း မည်သူကမျှသူ့ကို အတည်မပြုနိုင်ခဲ့ပေ။

သူကရှင်းပြလိုက်၏။

"ကျွန်တော်တို့ ရှာတွေ့ထားတဲ့အရာတွေအရ လက်ရှိအချိန်မှာ ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်းဝင်္ကဘာက အတွင်းဘက်ကို ပြောင်းပြန်သွားနေတယ် ..။ ပိုမီမှာရှိတဲ့ပညာရှင်တွေကလည်း ငရဲအင်ပါယာရောက်လာဖို့ကို ဆုတောင်းနေကြတာလေ။ ဒါကြောင့် အပူအပင်မဲ့တောင်ကြားထဲမှာ ငရဲပြည်ကို ပိတ်လှောင်ထားတယ်လို့ ကျွန်တော်က သုံးသပ်မိတာပါ ... "

"အလယ်ခေတ်ကို ရောက်လာတဲ့အချိန်မှာ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ပတ်သက်တဲ့ အရာအားလုံးက မှေးမှိန်သွားခဲ့တယ်…."

ယဲ့ယုချီက ပြောလိုက်သည်။

သူမ၏ပုံစံကလည်း ငရဲပြည်ကို ပိတ်လှောင်ထားသည်ဟူသော သာမန်ယုံကြည်မှုများကို စိတ်ဝင်စားခြင်း မရှိချေ။ ပိတ်လှောင်ထားသော ရှေးဟောင်းဒဏ္ဍာရီပညာရှင်များက အသူရာအင်ပါယာနှင့် တူညီသော အဆင့်အတန်းရှိနေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

ယဲ့ယုချီက လက်ထဲတွင် ရှိနေသော သဲလွန်စအပိုင်းအစများကို စုစည်းကြည့်၍ တီးတိုးရေရွတ်လိုက်၏။

"ဆိုကာပန်းပွင့်တွေက မူးယစ်စေတဲ့ အာနိသင်မျိုးရှိတယ် ...။ ဒါကအသိဉာဏ်ပျောက် ဆေးလုံးရဲ့ပါဝင်ပစ္စည်းတစ်ခုပဲ ..။ အဲဒီအရာက သူတို့ရဲ့အတိတ်မှတ်ဉာဏ်တွေကို ရှင်းပစ်နိုင်ပြီး ဝမ်းနည်းမှုတွေကိုလည်း ပြေပျောက်စေတယ်။ အဘွားမုန့်ရဲ့ငရဲရေတွေကတော့ သူတို့ရဲ့အရင်ဘဝမှတ်ဉာဏ်တွေကို ထုတ်လွှတ်ဖို့အတွက် ကူညီပေးနိုင်တယ် ... "

"ဒါဆိုရင် အဘွားမုန့်ရဲ့‌ဆေးရည်နဲ့ ငရဲရေပေါ့…"

သူက အမှန်တရားတစ်ခုကို ချက်ချင်း နားလည်သွားခဲ့သည်။ ဘိုးဘေး၏သုံးသပ်မှုအရ အပူအပင်မဲ့တောင်ကြားက ငရဲပြည်နှင့် ပတ်သက်နေရန် လုံးဝမဖြစ်နိုင်ကြောင်း ပြသနေခဲ့၏။

"ဒါက အရမ်းကို ရှေးကျတဲ့ပညာရှင်တွေရဲ့ လျှို့ဝှက်ချက်တွေပဲ ..."

သူက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ငရဲအင်ပါယာက တဖြည်းဖြည်း ပို၍အစွမ်းထက်လာခြင်းကြောင့် ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားဆီသို့ ရောက်လာသည်ဟူသော အချက်ကို မုန့်ချီက သံသယဝင်နေမိသည်။ သို့သော် လက်ရှိအချိန်တွင် မည်သည့်အရာကိုမျှလည်း ထပ်မံသိထားရခြင်း မရှိချေ။

ယဲ့ယုချီက ထပ်မံ၍ ဆုံးဖြတ်လိုက်၏။

"ငါတို့က အတွင်းထဲကို ရှာဖွေသင့်တယ် ..."

ထို့နောက် သူမက ရှေ့ကို လေဟုန်စီး၍ ပျံသန်းသွားခဲ့သည်။ သူမ၏ ပတ်ပတ်လည်တွင်တော့ ရေခဲမြူခိုးများ လွှမ်းခြုံနေသည့်အတွက် သူမက အစစ်အမှန်နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။

မုန့်ချီက သူမ၏နောက်မှ ကပ်လိုက်သွားပြီး အမှောင်ထုကြီးရှိရာကို လွင့်မျောသွားခဲ့၏။ လေထဲတွင်တော့ မြူခိုးများ လွှမ်းခြုံထားနေပြီး သူတို့က အတွင်းပိုင်းထဲကို ဝင်သွားလေလေ စိုစွတ်သော လေလှိုင်းများက သိပ်သည်းလာလေလေ ဖြစ်သည်။

သူက ဘယ်လက်ထဲတွင် ရေခဲမီးတောက်ဓားကို ကိုင်ထားပြီး ညာဘက်လက်ထဲတွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားသည်။ သူက ထိုဓားများကို အသုံးချပြီး စောင့်ဆိုင်းနေသည့် အန္တရာယ်များကို ကြိုတင်စစ်ဆေး၍ ရနိုင်၏။

သူတို့ပျံသန်းသွားခဲ့သည်မှာ အချိန်အတော်လေး ကြာသွားခဲ့သည်။ သူတို့က အနက်ရောင်မြူခိုးတချို့ကို ဖြတ်၍ ပျံသန်းသွားတော့မည့်အချိန်တွင် ယဲ့ယုချီက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ သူမက မုန့်ချီကို လေထဲမှဆင်းရန် ချက်ချင်း အချက်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ ဘိုးဘေး…"

မုန့်ချီက ဇဝေဇဝါ အမူအယာနှင့် မေးလိုက်မိ၏။

ယဲ့ယုချီက ပြန်ဖြေလိုက်သည်။

"ငါတို့က သတိထားတဲ့အနေနဲ့ မြူခိုးတွေထဲကနေ လမ်းလျှောက်သွားတာ ပိုကောင်းမယ်…"

သူတို့က သတိထားနေပြီး အနက်ရောင်မြူခိုးများထဲသို့ လျှောက်သွားခဲ့၏။ ချက်ချင်းဆိုသလိုပင် တဖျစ်ဖျစ်မြည်သံများကို ကြားလိုက်ရသည်။ သူတို့ကို လွှမ်းခြုံနေသော အကာအကွယ် အငွေ့အသက်များကလည်း အက်ဆစ်မြူခိုးများ၏ တိုက်စားခြင်းကို ခံလိုက်ရ၏။

သူတို့က အကာအကွယ် အငွေ့အသက်များကို လှုံ့ဆော်နေသည့်အချိန်တွင် ရွှေရောင်အလင်းတန်းများက တဖြည်းဖြည်း တောက်ပလာနေခဲ့သည်။ သူတို့က ရှေ့ကို ဆက်သွားလာနေသည်နှင့်အမျှ မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ရန် တဖြည်းဖြည်း ခက်ခဲလာနေသည်။သူက စွမ်းအားထိန်းချုပ်မှုပင် ဆုံးရှုံးလာခဲ့ရ၏။

သဘာဝတရားကြီး၏ စွမ်းအားများက နက်မှောင်တောက်ပပြီး သူနှင့်ဝေးကွာလာပုံရသည်။ တဖြည်းဖြည်း သေဆုံးခြင်းနှင့် မကောင်းဆိုးဝါး အငွေ့အသက်များသာ ပြည့်နှက်လာခဲ့၏။

အမှောင်ထုကြီးက သူ၏စိတ်ဝိညာဉ်သိစိတ်ကို တားမြစ်ထားသည့်အတွက် သူလည်း ကြောက်လန့်မှုများကို ခံစားလိုက်ရပြီး လေထဲတွင် အသက်ရှူမှုကို ရပ်တန့်လိုက်သည်။ သူကတော့ ရှူရှိုက်နေသော လေထုထဲတွင် အဆိပ်များပါမှာကို စိုးရိမ်နေမိခဲ့သည်။

စက္ကန့်ပိုင်းလေးအတွင်း သူ၏ကိုယ်တွင်းကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ခံစားလိုက်မိ၏။ သူက ပျံသန်းနေလျှင်ပင် လေထဲမှ ပြုတ်ကျလာရပါလိမ့်မည်။

သူက ရှေ့တည့်တည့်ကို ကြည့်လိုက်ရာ သူ့ရှေ့တွင် အလွန်ကြီးမားသော ချောက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အောက်ဖက်တွင်တော့ အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခု ရှိနေပြီး အမှောင်ထဲတွင် မည်သည့်အရာကိုမျှမမြင်ရပေ။

သူ၏အနက်နှင့် အကွာအဝေးကိုတော့ ခံစားမိနိုင်သည်။ သူကတော့ ထိုအနက်ရောင်တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာနေသော မြူခိုးများကိုသာ မြင်နေရ၏။ သူတို့၏ရှေ့တွင် ရှိနေသော ဧရာမချောက်ကြီးက အတော်လေးကို ကျယ်ပြန့်လှသည်။

မုန့်ချီကတော့ အမှောင်ထုကြီးထဲတွင် ရှေ့(၁၀)မီတာခန့် အကွာကိုပင် မမြင်နိုင်ပေ။ သူ၏ကိုယ်ဖော့ပညာကလည်း ထိုကဲ့သို့ အကွာအဝေးမျိုးကို ကျော်လွှားရန် မဖြစ်နိုင်ပေ။ သူ့ဆီတွင် တစ်ဖက်၌ ရှိနေသော တောင်နံရံကို လှမ်းချိတ်ရန် ချိတ်တစ်ခုမရှိလျှင် အဆင်မပြေနိုင်ချေ။

"ဒါက ငရဲကြီး(၉)ထပ်ရဲ့ ပင်မနေရာဖြစ်မယ်လို့ ခန့်မှန်းမိတယ် ... "

မုန့်ချီ၏အနားမှနေ၍ ယဲ့ယုချီ၏အသံကို ကြားလိုက်ရသည်။

"ငရဲကြီး(၉)ထပ်ရဲ့ပင်မနယ်မြေလား ... "

မုန့်ချီက အလွန်ရှုပ်ထွေးသော အမူအယာနှင့် မေးလိုက်မိသည်။

အမှောင်ထုကြီးထဲတွင် ရှိနေသော သူ့ဆီ၌ သံသယများ ပြည့်နှက်လာခဲ့၏။ သူကတော့ အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသော အနက်ရောင်မြူခိုးများ၊ အလွန်အစွမ်းထက်ပြီး ခြောက်ကပ်နေသော အလောင်းများ ထွက်ပေါ်လာမှာကို သတိထားနေခဲ့သည်။

ယဲ့ယုချီကတော့ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိဘဲ ဆက်ပြောလိုက်၏။

"ဟုတ်တယ် .။ ငရဲကြီး(၉)ထပ်ရဲ့အလယ်ဗဟိုပဲ။ ရှေးဟောင်းကျမ်းစာတွေထဲမှာ ငရဲကြီး(၉)ထပ်နဲ့ ပတ်သက်တဲ့ နတ်ဆိုးအငွေ့အသက်တွေကို ဖော်ပြထားတယ်။ ဒါပေမယ့် သူ့ရဲ့ဗဟိုထဲမှာ နယ်မြေအနည်းငယ်ပဲ ရှိတယ်။ သူ့ရဲ့လေထုနဲ့ ပတ်ဝန်းကျင်အခြေအနေက ငါတို့နေထိုင်တဲ့ လူသားကမ္ဘာကြီးနဲ့ အတော်လေးကို ကွဲပြားတယ်။ ဓမ္မကာရအဆင့်ပညာရှင်တွေပဲ အန္တရာယ်မတွေ့ဘဲ သွားလို့ရနိုင်မယ်.."

"သူ့ရဲ့သဘာဝတရားကြီးကို ပြောင်းလဲလိုက်တာလား .။ ဒါကြောင့် ငါတို့ရဲ့ သဘာဝစွမ်းအင်တွေကလည်း ပြတ်တောက်သွားခဲ့တာပဲ ... ဓမ္မကာရအဆင့် ပညာရှင်တွေကသာ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ငါတို့လို သာမန်လူသားတွေက ခုခံလို့မရနိုင်ဘူးလား…"

နောက်ဆုံးတွင်တော့ မုန့်ချီက နားလည်သွားခဲ့သည်။

ယဲ့ယုချီက အလွန်လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများ ဖုံးလွှမ်းနေသည့် ချောက်ကြီးကို စိုက်ကြည့်နေမိသည်။ သူမက ခဏကြာ စစ်ဆေးနေပြီးနောက် ရှားရှားပါးပါးအပြုံးနှင့် ပြောလိုက်၏။

"ဒီချောက်ကြီးက ဓားတစ်ချောင်းရဲ့တိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာတာ ..။ ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားက ဒေါသတကြီး တိုက်ခိုက်လိုက်တာ ဖြစ်တဲ့အတွက် မြေပြင်ကြီးက အရည်ပျော်ကျသွားခဲ့တယ်။ ငရဲကြီး(၉)ထပ်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အရာဝတ္ထုတွေကိုတောင် ထိုးဖောက်သွားနိုင်ခဲ့တယ် ...”

“ကျန်းဝူအင်ပါယာရဲ့ တိုက်ခိုက်မှုများလား…"

သူ၏ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။

မုန့်ချီကတော့ အံ့ဩမှုများကို ဖုံးကွယ်ရန် နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။

"ဒါဆိုရင် ဒီနေရာကနေ နတ်ဆိုးတွေ၊ ငရဲဝိညာဉ်တွေ ထွက်လာနိုင်သေးလား ... "

"ငရဲကြီး(၉)ထပ်က လူသားကမ္ဘာကြီးကို ရှုံးနိမ့်သွားပြီလေ ။ စွမ်းအားတွေကပဲ ကူးလူးသွားလာနိုင်တော့တာ။ နယ်မြေ(၂)ခုကြားထဲမှာ လမ်းကြောင်းတစ်ခု မရှိသ၍ ငရဲကြီး(၉)ထပ်က နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေက လူသားကမ္ဘာကြီးကို ခြေချနိုင်မှာ မဟုတ်တော့ဘူး…"

ယဲ့ယုချီကတော့ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"သေမင်းတမန်တာဝန်ရဲ့အတွေ့အကြုံတွေနဲ့ သံသရာကမ္ဘာကြီးတွေရဲ့ စိန်ခေါ်မှုတွေ ရှိနေရင်တောင် သံသရာခရီးသွားတွေက အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီး၊ နတ်ဘုရားကမ္ဘာကြီးနဲ့ ငရဲ(၉)ထပ် ကမ္ဘာကြီးတွေရဲ့ အလုပ်လုပ်ပုံကို နားလည်နိုင်ဖို့ ခက်ခဲတယ် .။ ငါတို့က နံရံချိတ်တစ်ခုကို အသုံးပြုမယ်ဆိုရင်တော့ အဲဒီမြူခိုးတွေကို ကျော်လွှားနိုင်လိမ့်မယ် ...ဒါဆိုရင်တော့ အဆင်ပြေနိုင်တယ်… "

ယဲ့ယုချီက အကြံပေးလိုက်သည်။

ထိုအချိန်တွင ်မုန့်ချီက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။

"ခဏလေး...ကျွန်တော် တစ်ခုစဉ်းစားမိတယ် မိန်းကလေးယဲ့ ..။ ကျွန်တော်က အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နဲ့ အရင်ဆုံး စမ်းသပ်ကြည့်မယ် ..”

“ငါက ငရဲကြီး(၉)ထပ်ရဲ့သဘာဝနဲ့ ကိုက်ညီတဲ့ ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး ပျံသန်းနိုင်မလား စမ်းသပ်ကြည့်ရမယ် ... "

သူက အံ့ဩနေခဲ့၏။

ထိုအကြံပေးချက်ကို ယဲ့ယုချီကလည်း လက်ခံလိုက်သည်။ သူတို့က အနက်ရောင်မြူခိုးများထဲမှ ပြန်ဆုတ်လာခဲ့သည်။ မုန့်ချီက တစ္ဆေမျက်နှာကျောက်စိမ်းကို ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

အစောပိုင်းတွင် သူက ငရဲဝိညာဉ်များ၏ ပုံသဏ္ဍာန်ကို နားလည်ထားခဲ့သည်။ ထိုကျောက်စိမ်း၏ ရည်ရွယ်ချက်ကတော့ သူ၏ပြောင်းလဲမှုတွင် မလိုလားအပ်သော အရာများကို ရှောင်တိမ်းရန်ဖြစ်သည်။

မုန့်ချီက ကျောက်စိမ်းကို လက်ထဲတွင် ပွတ်လိုက်ပြီး သူ၏ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။ သူက ကျောက်စိမ်းထဲမှနေ၍ ကြောက်စရာကောင်းသော အငွေ့အသက်များကို စုပ်ယူလိုက်၏။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော တံခါးပေါက်အသီးသီးသို့ ရောက်ရှိလာပြီး သူ၏ချီစွမ်းအင်များက တဖြည်းဖြည်းသိပ်သည်းလာခဲ့သည်။

သိပ်မကြာခင် တံခါးပေါက်များအားလုံးထဲတွင် ပြည့်နှက်လာပြီး တစ္ဆေတစ်ကောင်၏ ပုံရိပ်တစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။ သူတို့က အေးစက်ပြီး ကြောက်စရာကောင်း၏။ မုန့်ချီက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ သူ့ပုံစံက ပြောင်းလဲသွားခဲ့သည်။

သူ၏မျက်နှာက အစိမ်းရောင်ဖြစ်နေပြီး အရေပြားက အလောင်းတစ်ခုကဲ့သို့ အေးစက်နေသည်။ အသက်စွမ်းအင်များအားလုံးက သူ့ဆီတွင်မရှိဘဲ သူ့ခန္ဓာကိုယ်က ဖြူဖပ်ဖြူရော်အငွေ့အသက်များသာ လွှမ်းခြုံနေ၏။ ထိုအရာက ငရဲဝိညာဉ်များ၏ ပုံသဏ္ဍာန်ဖြစ်သည်။

သူက လေထဲသို့ ပျံသန်းလာပြီး အနက်ရောင်မြူခိုးများထဲတွင် ဖြတ်သန်းသွားခဲ့၏။ ထိုအချိန်တွင် သဘာဝစွမ်းအားများက သူ့ခန္ဓာကိုယ်၏ ဆင့်ခေါ်မှုကို တုန့်ပြန်နိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။ သူက သဘာဝစွမ်းအားများကို နောက်တစ်ကြိမ် အသုံးပြုနိုင်ခဲ့၏။

ထို့ကြောင့်လည်း အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က သံသရာအရှင်သခင်၏ စာရင်းထဲတွင် ထိပ်ဆုံးကျင့်စဉ်တစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။ မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။

"ဒါက နယ်မြေစုံ တိုက်ခိုက်ရေးစက်တစ်ခုလို့တောင် ခေါ်ရတော့မယ် ... "

မုန့်ချီက ယဲ့ယုချီ၏ပုခုံးကိုကိုင်ပြီး လေထဲသို့ ပျံသန်းသွားခဲ့သည်။ သူတို့က ဧရာမချောက်ကြီးကိုကျော်ပြီး လေဟုန်စီးသွားခဲ့၏။ အနက်ရောင်မြူခိုးများကို ကျော်လွန်ပြီးမှသာ မူလပုံစံကို ပြန်ပြောင်းလိုက်သည်။ သူတို့၏ရှေ့တွင်တော့ အနက်ရောင်နယ်မြေများကိုဖြတ်ပြီး လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုလမ်းကြောင်းထဲတွင်တော့ ရှေးအချိန်မှ ပစ္စည်းများနှင့် ပြည့်နှက်နေခဲ့၏။ လမ်းကြောင်း၏ ဘေးတွင်လည်း ဆိုကာပန်းပွင့်များနှင့် ပြည့်နက်နေပြီး လိုဏ်ဂူထဲတွင် အနီရောင်ပွင့်ချပ်လေးများ ပြည့်နှက်နေသည်။

ဆုလာဘ်ရရန် အခွင့်အရေး မရှိသည့်အတွက် မုန့်ချီက ယဲ့ယုချီနှင့်အတူ လမ်းကြောင်းထဲသို့ မဝင်ဘဲ ဆိုကာပန်းပွင့်အနည်းငယ်ကို ခူးယူလိုက်သည်။ သူတို့က လမ်းကြောင်းကို ဖြတ်သန်းသွားသည့်အချိန်တွင် မီးခိုးရောင်နှင့် အဖြူရောင်နံရံများကို တွေ့လိုက်ရသည်။

ထိုလမ်းကြောင်းကို ကျောက်တုံးများနှင့် ဖန်တီးထားခြင်းဖြစ်၏။ ထိုသို့ဆိုရာတွင် နက်မှောင်နေသည့် အတွင်းထဲ၌ အရိပ်များ တောက်ပနေသေးသည်။ သူတို့က ခဏကြာ ဆက်လျှောက်လာရင်း မုန့်ချီကတော့ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သူ့ဓားက သူ့ရှေ့ကို ရောက်လာခဲ့သည်။

သူတို့၏ရှေ့တွင်တော့ ကရုဏာမဲ့နတ်ဆိုးနှင့် သတ်ဖြတ်ရေးယက္ခတို့၏ ဝိညာဉ်ခန္ဓာများ ရပ်နေခဲ့၏။ သူတို့(၂)ယောက်လုံးက ပွင့်နေသော ကျောက်တုံးတံခါး၏ တစ်ဖက်တစ်ချက်ဆီတွင် ရပ်နေခဲ့သည်။ သေဆုံးသွားခဲ့သော‌‌ မကောင်းဆိုးဝါးများကတော့ ခြောက်ကပ်နေသော အလောင်းများအဖြစ် ပြောင်းလဲနေခဲ့သည်။

သူတို့ထဲမှ တစ်ခုဆီတွင်တော့ အလွန်ကြီးမားသော အက်ကွဲကြောင်းကြီးများ ရှိနေ၏။ သူတို့က အရိပ်များထဲသို့ စိုက်ကြည့်နေခဲ့ပြီး ‘ငါ ဘယ်သူလဲ ’ဟူသော စကားလုံးကိုသာ အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။

မုန့်ချီက ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး သူ့ရှေ့တွင် ရှိနေသော ဝိညာဉ်ခန္ဓာများကို စိုက်ကြည့်နေခဲ့၏။ ယခုသူ့ဆီတွင် အကြောက်တရားများသာ ကျန်နေပြီး သူကတော့ သတ်ဖြတ်ရေးယက္ခ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရတနာများ၊ ပစ္စည်းများကိုသာ အနည်းငယ် နှမြောနေမိခဲ့သည်။

သူတို့၏မှော်အာနိသင်များက ပျောက်ကွယ်သွားပြီး ကြောက်စရာကောင်းသော အငွေ့အသက်များက တိုက်စားသွားခဲ့သည်။ လိုဏ်ဂူထဲတွင် ရှိနေသော ကြောက်စရာအငွေ့အသက်များကတော့ ပို၍ထင်ရှားလာခဲ့၏။ ထိုသို့ဆိုရာတွင် သူတို့၏ဆိုးသွမ်းသော သဘာဝကို ဖယ်ရှားနိုင်ခြင်းမရှိသေးပေ။

ထိုအရာကလည်း သူတို့ဝင်လာခဲ့သည်မှာ ရှင်သန်ခြင်းတံခါးဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအချိန်တွင် အနက်ရောင်လူရိပ်တစ်ခုက သူတို့၏ရှေ့တွင် လျင်မြန်စွာ ပျံသန်းလာပြီး ပွင့်နေသောကျောက်တံခါးထဲသို့ အရှိန်နှင့် ဝင်သွားခဲ့သည်။

သူကတော့ ဘုရင်တစ်ပါးကဲ့သို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် မြွေပုံသဏ္ဍာန်ဆံထိုးတစ်ခုထိုးထားသည်။ ထိုအရာကတော့ အစောပိုင်းတွင် ဘိုးဘေးဒိုမူ သတ်ခဲ့သော ငရဲအင်ပါယာဖြစ်၏။

ထိုအရာကို ပြန်လည်ရင်ဆိုင်ရသည့်အချိန်တွင် တူညီသော အမူအယာနှင့်အတူ တခြားသောကျောက်တုံးတံခါးမှနေ၍ သူတို့၏အဝေးကို ပျံသန်းသွားခဲ့သည်။ သူက ရှေ့တွင် ရှိနေသော တံခါးကို တွန်းဖွင့်သွားခဲ့ပြီး ကြောက်စရာကောင်းသောအပြုံးနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြန်လှည့်ကြည့်နေခဲ့သည်။

Translated by Hein Htet.

All Chapters