အခန်း (၅၁၇)
Vol. 35 Ch. 517
ဒေါသထွက်နေသော ပိုမီတိုင်းပြည်၏ တော်ဝင်အကြံပေးကို ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ ကိုယ်တိုင်ကတော့ သမုဒ္ဒရာကြီးထဲတွင် လွင့်မျောနေသော ငါးဖမ်းလှေငယ်လေး တစ်စီးကဲ့သို့ ခံစားနေရသည်။ သူက မုန်တိုင်းများ၊ လှိုင်းလုံးကြီးများထဲတွင် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အချိန်မရွေး လှေမှောက်သွားနိုင်သည်။ သူက သဘာဝစွမ်းအင်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ကြိုးစားအားထုတ်မှုနှင့် ကံတရားကိုသာ အားကိုးနိုင်တော့မည်ဖြစ်သည်။
"အပိုတွေ မပြောနဲ့…"
ပိုမီနယ်မြေတစ်ခုလုံးတွင် ရှိနေသော အနီရောင်မြူခိုးများက လှုပ်ရှားလာပြီး အတွင်းထဲတွင် ရှိနေသော အေးစက်သည့် ခံစားမှုများကလည်း လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
သူတို့က အလွန်အစွမ်းထက်ပြီး ကြောက်စရာ ကောင်းလွန်းလှ၏။ မကြာခဏဆိုသလို လေထဲမှနေ၍ ငရဲဝိညာဉ်များ ပေါ်လာပြီး ရှေးဟောင်းမကောင်းဆိုးဝါးများကပင် တုန်လှုပ်သွားခဲ့ကြသည်။
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက တံခါးစောင့်နှင့် ပစ္စည်းများ အလဲအလှယ်လုပ်နေသည်။ သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏အရှိန်အဝါကို မြှင့်တင်လိုက်၏။ သူ၏ပတ်ပတ်လည်တွင် မကောင်းဆိုးဝါးကြယ်(၇)လုံး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်များ တောက်ပနေသည်။
"ဘာလို့ ဒီလိုဖြစ်စဉ်မျိုး ပေါ်လာရတာလဲ ... "
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက မေးလိုက်သည်။
တံခါးစောင့်က သူ၏အငွေ့အသက်ကို ထိန်းချုပ်ပြီး သက်ပြင်းချလိုက်၏။
"ငါက ဒီလိုလှုပ်ရှားမှုတွေကို ဒုတိယအကြိမ် ခံစားမိတာပဲ။ ဘာတွေဖြစ်နေလဲဆိုတာ ငါလည်း သေချာမသိဘူး…"
သူ့အသံက တည်ငြိမ်အေးစက်နေပြီး အသက်စွမ်းအင်များ မရှိသလို ထင်ရ၏။
"ဒုတိယတစ်ကြိမ်လား ... ပထမတစ်ကြိမ်က ဘယ်အချိန်တုန်းကလဲ ... "
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါး၏ ကြယ်အလင်းရောင်များက စိုစွတ်အေးစက်သော ခံစားမှုများ ကျူးကျော်လာခြင်းကို တားမြစ်ထားသည်။
တံခါးစောင့်က တိုးတိုးလေးရယ်လိုက်၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)လောက်တုန်းက ... အဲဒီအချိန်တုန်းက ငါ့ကိုဒီနေရာမှာ ချုပ်နှောင်ထားတဲ့အတွက် ငါလည်း ကိုယ့်သဘောနဲ့ ကိုယ် ထွက်မပြေးနိုင်ဘူး ...။ ငါက ယဲ့ယုချီနဲ့ပူးပေါင်းပြီး သူက ငါ့ရဲ့သံကြိုးတွေကို ဖြတ်တောက်ပေးနိုင်ဖို့ မျှော်လင့်နေခဲ့တာ ... "
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက ထိုကိစ္စကို သိချင်နေခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ သို့သော် လျှို့ဝှက်ချက်ကြီးတစ်ခုဟု တွေးခဲ့မိသည့်အတွက် လုံးဝမမေးခဲ့ပေ။ ယခုတော့ တံခါးစောင့်က အလိုလို ပြောလာသည့်အတွက် သူလည်း အခွင့်အရေးကို လက်လွတ်မခံနိုင်တော့ပေ။
"ခင်ဗျားကို ဒီမှာ ဘယ်သူက ချုပ်နှောင်ထားတာလဲ ...။ ခင်ဗျား စောင့်နေတဲ့ တံခါးကရောဘာလဲ ... အစောပိုင်းမှာ လိုဏ်ဂူထဲကို ဝင်သွားခဲ့တဲ့ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တွေအားလုံး ဘာကြောင့်ပျောက်ကွယ်သွားရတာလဲ ... "
တံခါးစောင့်က ပင့်သက်ရှိုက်လိုက်မိပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
"ဒါကတော့ ငါ့ကိုယ့်ငါ နှစ်ပေါင်းများစွာ မေးခဲ့တဲ့ မေးခွန်းတစ်ခုပဲ။ ငါက ရူးသွပ်နေတဲ့ လူငယ်တာအိုသခင် တစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ငါ့ကို ဒီတံခါးနားမှာ ချုပ်ထားခဲ့ပြီး ဒီတံခါးကို သေချာစောင့်ကြည့်နေဖို့ ပြောခဲ့တယ်။ ပြီးတော့ ရေစက်ရှိတဲ့ လူတစ်ယောက်ကို စောင့်နေဖို့မှာခဲ့တယ်…”
“ပျောက်ကွယ်သွားတဲ့ လူတွေကတော့ ငါနဲ့ဘာမှမဆိုင်ဘူး။ လိုဏ်ဂူထဲမှာ လမ်းကြောင်းတွေနဲ့ ထောင်ချောက်တွေ အများကြီးရှိတယ်။ အဲဒီအရာတွေအားလုံးက မြေအောက်ထဲကို ဝင်သွားကြတာ။ နေရာအတော်များများမှာ မကောင်းဆိုးဝါး ချီစွမ်းအင်တွေ ကျန်နေသေးတယ်။ ပြီးတော့ မှော်ဝင်္ကပါတွေလည်း ရှိနေပုံရတယ်။ လူတစ်ယောက်က သေချာဂရုမစိုက်ဘူးဆိုရင် အလွယ်တကူ သေဆုံးသွားရမှာပဲ..”
“တံခါးလား ..ဒါက တံခါးမဟုတ်ဘူး။ မီးသွေးကိုသုံးပြီး နံရံပေါ်မှာ ကလေးတစ်ယောက် ရေးခြစ်ထားတဲ့ပုံစံမျိုးပဲ။ ငါက နှစ်ပေါင်း(၆၀)လောက် ရှာဖွေခဲ့ရပေမယ့် ဘာမှမတွေ့ခဲ့ရဘူး... "
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက အံ့ဩမှင်တက်သွားခဲ့သည်။
"အဲဒါတကယ်ပဲလား ..."
"ဟုတ်တယ်။ ငါ မင်းကို အခုချက်ချင်း ခေါ်သွားပေးမယ် ...။ ငါတို့က အပေးအယူကို ထပ်မဖြည့်တော့ဘူး…"
တံခါးစောင့်က သိပ်မကြာခင် လွတ်မြောက်တော့မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူက တခြားသူများ လမ်းမှန်ကို သိသွားမည့်အပေါ် ကြောက်လန့်နေခြင်း မရှိတော့ချေ။ မည်သို့ဖြစ်သည့်ကာမူ သူက လိုဏ်ဂူထဲတွင် ရှိနေသော အဖိုးတန်တွင်းထွက် အများစုကို စုဆောင်းထားပြီးသွားပြီဖြစ်ပြီး လေ့ကျင့်ရန်နှင့် သက်တမ်းရှည်ရန်အတွက် ပစ္စည်းများကို လဲလှယ်ပြီးသွားပြီဖြစ်သည်။
ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက သတိထားနေပြီး တံခါးစောင့်က လိုဏ်ဂူထဲတွင် ရှိနေသော ထောင်ချောက်များကိုသုံး၍ သူ့ကို ထိခိုက်အောင်လုပ်မည်ကို စိုးရိမ်နေခဲ့သည်။ ထိုသို့ဆိုရာတွင် သူက နောက်ကွယ်တွင် ရှိနေသော လျို့ဝှက်ဆန်းကြယ်သည့်တံခါးကို စိတ်ဝင်စားနေခဲ့၏။ ထိုနေရာတွင် အလွန်ကြီးမားသော စွန့်စားခန်းများ၊ အခွင့်အရေးများ ရှိနေလိမ့်မည်ဟု သူက ယုံကြည်နေခဲ့၏။
ထို့ကြောင့် သူက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လမ်းပြပါ…"
……..
"အပိုတွေ မပြောနဲ့…"
ဒေါသတကြီး အော်ဟစ်သံနှင့် ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက ယဲ့ယုချီကို ဖိနှိပ်လိုက်သည်။
သို့သော် သူမ၏အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိဘဲ အမြဲလိုလို တည်ငြိမ်နေခဲ့၏။
"တကယ်လို့ ရှင်ကသာ လမ်းမှားကို မလျှောက်ခဲ့ဘူးဆိုရင် ဘာကြောင့် ရှင်ရဲ့ဝိညာဉ်က ဒီလိုမျိုးဖြစ်သွားပြီး မူလရည်ရွယ်ချက်တွေကို မေ့လျော့သွားခဲ့ရတာလဲ ..။ ဘာကြောင့် ရှင်က အပူအပင်မဲ့တောင်ကြားနဲ့ ပတ်သက်ပြီး အရာအားလုံးကို မေ့လျော့သွားတဲ့အပြင် အချိန်အကြာကြီးရှာဖွေခဲ့တာတောင် ဒီနေရာကို မဝင်နိုင်ခဲ့တာလဲ…"
မေးခွန်းများက မိုးကြိုးများသဖွယ် ကျရောက်လာပြီး အဘိုးအိုကို တည့်တည့်ထိမှန်သွားသည့်အတွက် သူ၏အသက်ရှူသံက လှုပ်ရှားလာခဲ့သည်။ သူက စကားမပြောနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
"အပိုတွေမပြောနဲ့ ...”
“ဒါက ဆိုကာပန်းပွင့်ရဲ့လွှမ်းမိုးမှုကြောင့်ဆိုတာ သိသာနေတာပဲ…"
"မဟုတ်ဘူး။ အဲဒါက ငရဲရေတွေ။ ငါက လေ့ကျင့်ဖို့အတွက် ငရဲရေတွေကို အသုံးပြုခဲ့တာ…"
မုန့်ချီ၏ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများက အပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ ဖိအားများကို ခုခံနေခဲ့သည်။ ပြင်ပကမ္ဘာကြီးမှ ငရဲအင်ပါယာကတော့ တော်ဝင်အကြံပေး ဖန်တီးထားခဲ့သော ဝိညာဉ်တစ်ကောင်သာ ဖြစ်သည်။
ထိုဝိညာဉ်က သီးသန့်တိုးတက်လာပြီး ပြန်လည်နိုးထလာ၍ သူ၏ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် ထိုဝိညာဉ်က သူ၏ယခင်မှတ်ဉာဏ်များကို မေ့လျော့နေခဲ့၏။
သူက အပူအပင်မဲ့တောင်ကြားကို ရှာဖွေရန် လိုအပ်သည်ဟုသာ သိနေပြီး ဘာကြောင့်ရှာဖွေရမလဲ ဟူသည်နှင့် မည်သို့ရှာရမလဲ ဟူသည့်အရာကို မသိခဲ့ပေ။ ထို့ကြောင့်လည်း ဘိုးဘေးဒိုမူက ငရဲအင်ပါယာ၏ပင်မဝိညာဉ်ကို ထွက်ပြေးခွင့်ပေးလိုက်ခြင်းဖြစ်သည်။ သူမက အလွန်အတွေ့အကြုံရင့်ကျက်နေပြီး ထိုအရာကို ကြိုတင်မျှော်လင့်ထားသည့်အတွက် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည်။
ယဲ့ယုချီ၏ နောက်တွင် ရှိနေသော ကြယ်များက နှင်းမုန်တိုင်းကြီးထဲတွင် လည်ပတ်နေသော နှင်းပွင့်လေးများကဲ့သို့ ဖြစ်နေသည်။ ဗလာနယ်မြေ၏ အလယ်တွင် ရှိနေသော ခံစားချက်များက ပို၍သိပ်သည်းလာခဲ့၏။
သူမက နောက်တစ်ကြိမ် အေးစက်စွာ ပြောလိုက်သည်။
"ဆိုကာပန်းပွင့်တွေမှာ ဒီလိုအစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘူး။ တကယ်လို့ အဲဒီအရာက ငရဲရေတွေဆိုရင်တော့ ရှင်က အရင်မှတ်ဉာဏ်တွေအားလုံးကို လုံးဝမေ့လျော့သွားရလိမ့်မယ်။ ဒါဆိုရင် ဘာလို့ အခုထိ မှတ်မိနေရသေးတာလဲ။ ရှင်က အမှားလုပ်တယ်ဆိုတာ ရှင်ကိုယ်တိုင်ခန့်မှန်းမိလိမ့်မယ် ..။ ဒါပေမယ့် ရှင်က အဲဒါကို ဝန်မခံချင်တဲ့အတွက် ဆန့်ကျင်နေတာ…"
"မဟုတ်ဘူး ...အဲဒီလိုမဟုတ်ဘူး…"
အကြီးအကဲ၏ အညိုရောင်မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူ၏မြွေပုံသဏ္ဍာန်ဆံထိုးကလည်း ပျက်စီးသွားခဲ့ပြီး အဖြူရောင်ဆံပင်များက ပုခုံးပေါ်သို့ ကျရောက်လာခဲ့၏။ ထို့နောက် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ရှိနေသော မိန်းမပျိုကို ချက်ချင်း သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ပုံရသည်။
ယဲ့ယုချီက သူမ၏လက်ထဲတွင် ရှိနေသော တံဆိပ်ပြားလေးကို ဝှေ့ယမ်းလိုက်ပြီး ယုံကြည်ချက်ရှိရှိပြုံးလိုက်၏။
"သူက ရှင့်ကိုသတ်ဖို့ ဓားချက်တစ်ချက်ပဲလိုတယ်လို့ ပြောတယ် ... "
"ဓားချက်တစ်ချက်တည်းပဲလား…"
မုန့်ချီကတော့ထိုစကားကြောင့် အလွန်ထိတ်လန့်သွားခဲ့၏။
"မဖြစ်နိုင်ဘူး…"
အလွန်အေးစက်ပြီး စိုစွတ်သည့်ခံစားချက်ကြီးက ပိုမီနယ်မြေကြီးတစ်ခုလုံးကို နောက်တစ်ကြိမ် လွှမ်းခြုံသွားခဲ့ပြန်သည်။ ငရဲဝိညာဉ်များအားလုံးကလည်း လက်တံများကဲ့သို့ ဖြစ်လာပြီး အကြီးအကဲဆီကို ပျံသန်းသွားကြ၏။
နက်ရှိုင်းပြီး လေးလံသော ခံစားချက်များကြောင့် မုန့်ချီ၏ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အသုံးမဝင်ခဲ့ပေ။ အကြီးအကဲက လှုပ်ရှားလိုက်သည့် အချိန်တွင် တံဆိပ်ပြားလေးက လေထဲသို့ ပျံသန်းလာပြီး ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ကျောက်တုံးအခန်းနှင့် အပူအပင်မဲ့တောင်ကြားကြီးက ရုတ်တရက် အဖြူရောင် ပြောင်းလဲသွားခဲ့သည်။ သို့သော် မုန့်ချီကတော့ ဝေ့ကျင်းအဆင့် ပညာရှင် ဖြစ်နေပြီး တံခါးပေါက်များ အားလုံးပွင့်နေပြီးသား ဖြစ်သည်။ သူက ထိုဓားအလင်းတန်း၏ လမ်းကြောင်းကို အနည်းငယ် ခံစားမိခဲ့၏။
ထိုအရာက အစွမ်းထက်ခြင်း မရှိသလို မှော်စွမ်းအားများလည်း မရှိခဲ့ချေ။ ထိုအရာက ဗုဒ္ဓလမ်းစဉ်နှင့် ဖြစ်တည်မှုများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး စိုစွတ်မည်းမှောင်သည့် အလွှာများကို ဖြတ်သန်းလာခဲ့သည်။ ထိုအရာက ငရဲဝိညာဉ်များ ဆုံတွေ့တော့မည်ဟု ထင်ရသောနေရာကို ခုတ်ချလိုက်၏။
"ဘုန်း…"
လေဟာနယ်ဆက်ကြောင်းက ပြတ်တောက်သွားခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော ငရဲဝိညာဉ်များက ထိန်းချုပ်မှုကင်းလွတ်၍ စတင်အော်ဟစ်နေကြသည်။
ပထမတွင်တော့ တိုက်ခိုက်မှုအစွမ်းက တော်ဝင်အကြံပေးအတွက် မည်သည့်အရာမျှမဖြစ်နိုင်ပေ။ သို့သော် ငရဲဝိညာဉ်များ ထိန်းချုပ်မှု ပို၍လွတ်ကင်းလာလေလေ သူတို့က အချင်းချင်းလွှမ်းမိုးလာပြီး ဆက်ကြောင်းများက တစ်ခုပြီးတစ်ခု ပြိုလဲလာသည်ကို မြင်သည့်အခါ မုန့်ချီလည်း အံ့သြသွားမိခဲ့သည်။
ထိုအရာများကတော့ ကွင်းဆက်သက်ရောက်မှုကဲ့သို့ဖြစ်နေပြီး သူ၏ယခင်ဘဝတွင်သာ တွေ့ခဲ့ဖူးသည်။ သူတို့ကသာ မှန်ကန်သော အစီအစဉ်အတိုင်း အသုံးပြုပြီး မှန်ကန်သောနေရာတွင် ချလိုက်မယ်ဆိုလျှင် သံကြိုးတစ်ခုလုံးက တချက်တည်း ထိလိုက်ရုံနှင့် ပြိုကျသွားနိုင်၏။
ဓားအလင်းတန်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ခြင်း မရှိသော်လည်း ပြီးပြည့်စုံသော အခွင့်အရေးများကို ပိုင်ဆိုင်ထားသည်။ ထိုအရာက အကြီးအကဲ၏ အားနည်းချက်ကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့၏။
"ဘုန်း…"
ကွင်းဆက်သက်ရောက်မှုက ဆက်လက်ဖြစ်ပေါ်လာပြီး အကြီးအကဲက တည်ငြိမ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သော်လည်း နောက်ထပ်ခုခံနိုင်ခြင်း မရှိတော့ပေ။ ပို၍များပြားသော ငရဲဝိညာဉ်များက ထိန်းချုပ်မှု ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏မူလအခြေအနေကို ရောက်ရှိသွားခဲ့သည်။
သူတို့အားလုံးက လေထဲတွင် ပျောက်ကွယ်သွားပုံရပြီး စိတ်သက်သာရာ ရသွားကြပုံပေါ်သည်။
"ဘုန်း…"
အေးစက်ပြီး စိုစွတ်နေသော ခံစားမှုများကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ပိတ်လှောင်ထားသည့် အစွမ်းများ မရှိတော့လျှင် ကမ္ဘာမြေကြီးတစ်ခုလုံး ပြိုလဲသွားရပါလိမ့်မည်။ ရေခဲစီးကြောင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ကျောက်စိမ်းအခေါင်း၏ရှေ့တွင် ရပ်နေသော အကြီးအကဲက အံ့ဩမှင်တက်နေကြောင်း မုန့်ချီက မြင်လိုက်ရသည်။
သူက မှင်တက်နေသောအမူအရာနှင့် တစ်ယောက်တည်း ပြောနေခဲ့၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ လက်ရှိအချိန်မှာ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်က ဒီမှာရှိတဲ့ တံဆိပ်ကို ဖျက်ဆီးဖို့ ဘယ်လိုများ ဖြစ်နိုင်ရတာလဲ..။ သူ့ရဲ့အစွမ်းက အထဲကိုတောင် ထိုးဖောက်ရောက်လာနိုင်သေးတယ်။ ငါ့ရဲ့စိတ်ဝိညာဉ် သတ္တဝါတွေအားလုံးက ဘာလို့ဒီလောက်တောင် ပျက်စီးလွယ်ရတာလဲ…"
သူ၏အငွေ့အသက်များက ယခင်တုန်းကကဲ့သို့ အစွမ်းထက်ခြင်း မရှိတော့သော်လည်း ယဲ့ယုချီ၏အဆင့်ထက် အဆပေါင်းများစွာ မြင့်မားနေသေးသည်။ သူ၏စကားလုံးတစ်ခုချင်းဆီတိုင်းက မကောင်းဆိုးဝါးဝိညာဉ်များကို ခေါ်ဆောင်နေသည့်အလား ဖြစ်နေသည့်အတွက် မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်ရန် အကောင်းဆုံး အသုံးချနေရ၏။
ထိုခဏအတွင်း အကြီးအကဲ၏ အရေပြားက အလွန်လျင်မြန်စွာ ပျက်စီးယိုယွင်းလာခဲ့ပြီး ပင်မဝိညာဉ်၏ အငွေ့အသက်ကလည်း လျင်မြန်စွာ ပျက်စီးလာခဲ့သည်။ သူက သက်တမ်းကုန်ဆုံးသွားသည့်အတွက် သေဆုံးသွားခြင်း ဖြစ်ကြောင်း မုန့်ချီက ချက်ချင်းနားလည်သွားခဲ့၏။
သူက ဘုန်းတော်ကြီးဓမ္မနှင့် မျိုးဆက်တစ်ခုတည်းဖြစ်ပြီး လျှို့ဝှက်ရတနာ၊ ငရဲဝိညာဉ်များနှင့် အဖိုးတန်လက်နက်၏ ထောက်ပံ့မှုသာမရှိလျှင် ချက်ချင်းသေဆုံးသွားနိုင်သည်။ သို့သော် အစွမ်းထက်သော ဓမ္မကာရအဆင့်ပညာရှင်များ၏ ခန္ဓာကိုယ်ကတော့ ထူးခြားသော အခြေအနေမျိုး မဟုတ်ဘဲ ပျက်စီးယိုယွင်းသွားလိမ့်မည် မဟုတ်ချေ။
ထိုအရာက ရွှေခန္ဓာများ ဖန်တီးထားခဲ့သော ဗုဒ္ဓကိုယ်တော်များအတွက်လည်း အတူတူသာ ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲ၏ ခန္ဓာကိုယ် ပုပ်သိုးပျက်စီးသွားသည်ကို မြင်သည့်အခါ မုန့်ချီက အလွန်အမင်း အံ့ဩနေခဲ့ခြင်း မရှိချေ။
"သူက လမ်းမှန်ကို ရှာတွေ့သွားတာလား ... "
အကြီးအကဲက သူ၏အငွေ့အသက်များ ပျောက်ကွယ်မသွားခင် ယဲ့ယုချီကို စိုက်ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ မင်းဆက်(၁၀)ဆက်လုံးက မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြတယ်။ သူတို့က အချိန်ပိုပြီး လိုအပ်ခဲ့ရုံသက်သက်ပဲ ... "
ယဲ့ယုချီက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
"သူ့မှာလည်း သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းရှိတယ် ..။ သူက မှန်ကန်တယ်ဆိုတာ မသေချာပေမယ့် ရှင် မှားနေတယ်ဆိုတာကိုတော့ သေချာပြောနိုင်တယ်.."
အကြီးအကဲက တိုးတိုးလေး သက်ပြင်းချလိုက်မိပြီး သူ၏အငွေ့အသက်များက အတွင်းထဲကို ဝင်ရောက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း သွေးစများ အသားစများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အတွင်းထဲမှနေ၍ အနီရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။
သိုင်းကွက်တစ်ကွက်တည်းသာ လိုအပ်ခဲ့၏။ ထိုသိုင်းကွက်ကို ဆရာကြီးလု သို့မဟုတ် ဘိုးဘေးလင်းပေါင်က တိုက်ခိုက်ခဲ့ခြင်း ဟုတ်မဟုတ် မုန့်ချီက သေချာမသိခဲ့ပေ။ သို့သော် သူကတော့ အံ့ဩမှင်တက်နေခဲ့၏။ ထိုသိုင်းကွက်က အလွန်ကြောက်စရာကောင်းလှပြီး စိတ်ကူးယဉ်ဆန်လွန်းလှသည်။
"ငါလည်း လိုချင်တယ်…"
အဝါရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့် အချိန်တွင် ကျောက်စိမ်း ခေါင်းတလားကြီးကလည်း ရွှံများအဖြစ် ပျက်စီးသွားခဲ့သည်။ မြေပြင်ပေါ်တွင် အဝါရောင်ပုလဲလုံးလေးတစ်လုံးသာ ကျန်နေခဲ့၏။
ထိုပုလဲလုံးလေးက အပြင်ဘက်တွင်တော့ အေးစက်ပြီး ခြောက်ကပ်နေပုံရသော်လည်း အတွင်းထဲတွင်တော့ အသက်စွမ်းအားများ ပြည့်နှက်နေသည်။ ထို့ကြောင့် မုန့်ချီက စုပ်ယူထားခဲ့သော ရတနာများစွာကို မှတ်မိသွားခဲ့၏။ ထိုပုတီးစေ့ကို ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်မှ ဖန်တီးထားခြင်း ဖြစ်သည်။
ပထမတွင် မုန့်ချီက အံ့သြသွားခဲ့သော်လည်း ဘိုးဘေးဒိုမူကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။ ထိုအရာက သူမ၏အကျိုးအမြတ်လည်းဖြစ်သည်။ မဟုတ်လျှင် အသတ်ခံရမှာက သူကိုယ်တိုင်ဖြစ်သွားနိုင်၏။
သူ၏မဆင်မခြင်လုပ်ရပ်ကြောင့် အဘိုးကြီးကျုံး၏ ရတနာကို ရယူနိုင်ခြင်း မရှိကြောင်း ပြန်လည်စဉ်းစားမိသည့်အခါ မုန့်ချီက သူ၏ကံဆိုးမှုအတွက်သာ သက်ပြင်းချလိုက်မိသည်။ ကျန်းဟန်ချွန်၏သေဆုံးမှုအရ လေဟာနယ်လက်စွပ်များ ပျက်စီးမသွားနိုင်ဟု တွေးခဲ့မိသည်။ သို့မဟုတ် ဒဏ္ဍာရီများက အတွင်းထဲတွင် လျှို့ဝှက်ကျင့်စဉ်များကို သိမ်းဆည်းထားခြင်းမရှိကြပေ။
အကယ်၍ ထိုသို့ဆိုလျှင်ပင် လေဟာနယ်လက်စွပ်ကို ဖွင့်လှစ်လိုက်ခြင်းက အရာအားလုံးကိုချက်ချင်း ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် မုန့်ချီက အဘိုးကြီးကျုံး၏ ပစ္စည်းများကို အရင်ဆုံး မယူခဲ့ခြင်းဖြစ်သည်။ သူ့ကို မျှော်လင့်ချက်တစ်ခု ပေးခဲ့၏။
သူက စိတ်ပိုင်းဆိုင်ရာ ပျော့ပျောင်းသွားပြီး စုံစမ်းမေးမြန်းနိုင်ရန် မျှော်လင့်နေခဲ့သည်။ အဆုံးတွင်တော့ သူက လေဟာနယ်လက်စွပ်ပေါ်တွင် ဖျက်ဆီးရေးအစွမ်းတစ်ခုကို ပေါင်းထည့်ပေးခဲ့ပြီး လက်စွပ်ကလည်း သူနှင့်အတူပျက်စီးသွားခဲ့၏။
ယဲ့ယုချီ၏မျက်နှာလေးက ကြည်လင်ရှင်းသန့်နေသည်။ သူမက အဝါရောင်ပုလဲလုံးလေးကိုကြည့်ပြီး ပြောလိုက်၏။
"ငါက ဒီပစ္စည်းကိုလိုချင်တယ် ..။ တကယ်လို့ မင်းက ငါ့ကို ဒီပစ္စည်းပေးမယ်ဆိုရင် ကျန်တဲ့အရာတွေအားလုံး မင်းကိုပေးမယ် ။ သူတို့တွေက တန်ဖိုးမရှိဘူးဆိုရင် ငါက တစ်ခုခုပြန်ပြီး လုပ်ပေးမယ်…"
"ဟူးးးး ... ဘယ်လိုပဲဖြစ်ဖြစ် သူက ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ သူ့မှာ ရိုးသားပွင့်လင်းပြီး ဖြောင့်မတ်မှန်ကန်တဲ့စိတ်မျိုး ရှိတယ်။ သူက လိမ်ညာနေမှာ မဟုတ်ဘူး.."
မုန့်ချီက စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။
ယဲ့ယုချီက အဝါရောင်ပုလဲလုံးလေးကို ယူဆောင်လိုက်သည့်အချိန်တွင် မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။
"နတ်သမီးယဲ့ ...
ကူညီပေးလိုက်တဲ့လူက ဆရာကြီးလုလား ။ ဒါမှမဟုတ် ..."
သူက ဘိုးဘေးလင်းပေါင်ကို ပြောချင်နေခြင်း ဖြစ်သည်။ ယဲ့ယုချီက ညင်သာစွာ ခေါင်းညိတ်ပြောလိုက်၏။
"အဲဒါက ငါ့ရဲ့ခဲအိုပါ…"
သူမ၏လက်ထဲတွင် ကိုင်ထားသော တံဆိပ်ပြားလေးကိုကြည့်ပြီး မုန့်ချီ၏ရင်ထဲတွင် အားကျမှုများ ပြည့်နှက်လာခဲ့သည်။
"ဓမ္မကာရအဆင့်ပညာရှင် တစ်ယောက်က အချိန်မရွေး ကူညီပေးနိုင်တာ တော်တော်ကောင်းတာပဲ ... "
တစ်ချိန်တည်းတွင် ပင်ကျင်း၌ ရှိနေသော ကွေချင်းဟယ်ကလည်း သူ့ဓားကိုအသုံးပြုပြီး ကူညီပေးနိုင်ကြောင်း အမှတ်ရသွားခဲ့၏။
"အချို့သိမ်းဆည်းခံပစ္စည်းတွေမှာတော့ ဓမ္မကာရအဆင့် ပညာရှင်တွေက နေ့စဉ်လေ့ကျင့်ဖို့ လိုအပ်သလို သူတို့ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ဆက်သွယ်ဖို့လည်း လိုအပ်တယ် ။ သူက အဲဒီအရာကို ရက်အနည်းငယ်ကြာ ငှားပြီးသွားပြီဆိုရင် ပြန်လည်လေ့ကျင့်ဖို့အတွက် ပြဿနာများသလို အချိန်အတော်လေးပေးရတယ်။ သာမာန်ဓမ္မကာရအဆင့်ပညာရှင်တွေကတော့ တစ်ခုလောက်ပဲ လေ့ကျင့်နိုင်ကြတယ် ... ဒါပေမယ့် ငါ့ရဲ့ခဲအိုကတော့ အနည်းဆုံး(၂)ခု လေ့ကျင့်နိုင်တယ်…"
ယဲ့ယုချီကတော့ သူမ၏လက်ထဲတွင် ကိုင်ထားသော တံဆိပ်ပြားလေးကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"တကယ်လို့ သူတို့တွေက ရှေးဟောင်းပညာရှင်တွေဖြစ်နေမယ်ဆိုရင်တော့ သူတို့က အကူညီပေးဖို့ ပစ္စည်းတိုင်းကို အသုံးပြုနိုင်ကြတယ်။ ဘယ်လိုအရေအတွက်ပဲဖြစ်ဖြစ် လေ့ကျင့်ဖို့ မလိုအပ်ဘူး.."
မုန့်ချီကတော့ လော်အဖွဲ့အစည်း၊ ရှောင်လင်ကျောင်းတော်မှ ဓမ္မကာရအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ရမည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။ သို့သော် နတ်ဆိုးမကူရှောင်စန်းဆီတွင်လည်း ထိုကဲ့သို့ ပစ္စည်းမျိုး ရှိနေနိုင်သည်။
ယဲ့ယုချီက မှေးမှိန်နေသော တံဆိပ်ပြားလေးကိုကိုင်ပြီး ပြောလိုက်သည်။
"နောက်ထပ်သေမင်းတမန် တာဝန်ပြီးဆုံးသွားပြီးရင် မင်းတို့က ရှေးဟောင်းနယ်မြေတွေကို ခရီးသွားလာကြရလိမ့်မယ်။ အတွင်းထဲမှာ သေဆုံးနေတဲ့ ဓမ္မကာရအဆင့် ပညာရှင်တချို့ရှိနိုင်တယ်။ ဒါပေမယ့် သူတို့တွေက အသက်ဆက်ရှင်ဖို့ တန်ဖိုးတစ်ခု ပေးရနိုင်ပြီး ဆိုးဆိုးဝါးဝါး အားနည်းနေနိုင်တယ်။ ဓမ္မကာရဆိုတဲ့ စကားလုံးကြောင့် ကြောက်မသွားနဲ့ ... "
"ဟုတ်ကဲ့ပါ ဘိုးဘေး…"
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့်လည်း ဘိုးဘေးဒိုမူက အလွန်တည်ငြိမ်နေခြင်းဖြစ်ပြီး သူမက အလားတူ အတွေ့အကြုံများကို ကြုံခဲ့ဖူးပုံရသည်။
သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
"ပိုမီရဲ့တော်ဝင်အကြံပေးက လမ်းမှားကို လျှောက်နေတယ်ဆိုတာ ဆရာကြီးလုပြောတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆရာကြီးလုရဲ့အကျင့်စရိုက်အရ သိုင်းကွက်တစ်ကွက်ပဲ လိုအပ်တယ်ဆိုတာ ပြောမှာမဟုတ်ဘူး…"
ဆရာကြီးလုက အလွန်တည်ငြိမ်ပြီး နှိမ့်ချတတ်သည်။ သူက အာရုံနှစ်ပြီး အလေးထားတတ်၏။ သူက အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော စကားမျိုး ပြောတတ်သည့် လူတစ်ယောက် မဟုတ်ချေ။ အကယ်၍ စုဝူမင်ဆိုလျှင်တော့ သူလည်း ထိုကဲ့သို့မေးခွန်းမျိုးကို မေးလိမ့်မည် မဟုတ်ချေ။
ယဲ့ယုချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါက ငါ့ရဲ့ခန့်မှန်းမှုသက်သက်ပါပဲ။ ပြဿနာရှိလို့လား.."
"မရှိပါဘူး…"
သူက ရူးသွပ်သော မေးခွန်းတစ်ခုကို မေးမိကြောင်း နားလည်သွားခဲ့၏။
ထို့နောက် သူက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး ရတနာတစ်ခုကို ရှာဖွေရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးက တံခါးထဲတွင် လိပ်နှင့်မြွေပန်းချီ ဆုံတွေ့နေသော နေရာကို စိုက်ကြည့်လိုက်မိ၏။ သူက လိပ်နက်ကျောက်စိမ်းပြားလေးကို လက်နှင့် ထိကြည့်လိုက်ပြီးနောက် အရွယ်အစားက မှန်ကန်နေကြောင်း နားလည်သွားခဲ့သည်။
Translated by Hein Htet.