← Chapters

အခန်း (၅၂၀)

Vol. 35 Ch. 520

အခန်း (၅၂၀)

Vol. 35 Ch. 520

ဘိုဘေးဒိုမူက ကျောက်စိမ်းဝါး သိုင်းကျမ်းကို အဆင်သင့်ပြင်ပေးလိုက်သည်။ သူမက ဓမ္မကာရအဆင့်သိုင်းကျမ်းပေါ်တွင် ရှိနေသော စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ဖယ်ရှားလိုက်ပြီး မုန့်ချီဆီကို ကျင့်စဉ်စာအုပ် ပေးလိုက်သည်။

သူ၏နဖူးပေါ်တွင် ဝါးကျင့်စဉ် စာအုပ်လေးကို တင်ရန် မလိုအပ်ဘဲ မုန့်ချီ၏ စိတ်ဝိညာဉ်စွမ်းအားက အပြင်ဘက်သို့ ထွက်လာပြီး သူကိုင်ထားသော စာအုပ်ထဲရှိ ကျင့်စဉ်များကို လေ့လာလိုက်သည်။

"ဘုန်း…"

သူ၏စိတ်ဝိညာဉ်က အလွန်လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်ထဲတွင် ထိုင်နေခဲ့သည်။ အချိန်နှင့် လေဟာနယ်က တစ်ခုတည်းအဖြစ် ပေါင်းစပ်နေပြီး အရာဝတ္ထုအဖြစ် ပြောင်းလဲ၍ တစ်ချိန်တည်းလိုလိုပင် ထာဝရရှင်သန်နိုင်သော အနေအထားကို ရောက်ရှိနေခဲ့၏။

သူ၏ပင်မဝိညာဉ်က မျက်လုံးပွင့်လာခဲ့သည်။ ပုံသဏ္ဍာန်ကင်းမဲ့ပြီး ထာဝရကဲ့သို့ ရှိနေသော ထိုအရာက ပုံသဏ္ဍာန်ဖြစ်ပေါ်လာနေသော်လည်း ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။

ဖရိုဖရဲအခြေအနေက ပျက်စီးသွားခဲ့ပြီးနောက် အရာအားလုံးကို ဖန်တီးလိုက်သကဲ့သို့ ယင်နှင့်ယန်အဖြစ် ကွဲပြားသွားခဲ့သည်။ သူတို့၏ပြောင်းလဲမှုများက အလွန်အံ့ဩဖွယ်ရာဖြစ်နေပြီး အလွန်အမင်းကို လျင်မြန်လွန်းလှသည်။

မုန့်ချီကတော့ သူတို့၏လျှို့ဝှက်ဆန်းကြယ်မှုများကို အနည်းငယ်လေးသာ နားလည်နိုင်ခဲ့၏။ သူကတော့ ပြည့်ပြည့်ဝဝ နားလည်နိုင်ရန်အတွက် ကောင်းကင်ရွှေကျင့်စဉ်၏ ဓမ္မကာရအဆင့်ကျင့်စဉ်ကို ရရှိရန် လိုအပ်သည်။ သို့သော် မုန့်ချီဆီတွင် ယင်နှင့်ယန်ကို ခွဲခြားပေးနိုင်သော ယင်ယန်တံဆိပ် ရှိနေသေးသည်။ သူတို့က မူလစကြဝဠာအဖြစ် ပြောင်းလဲသွားနိုင်ခဲ့၏။

ပြောင်းလဲမှုဖြစ်စဉ်က အလွန်သေသပ်လှပပြီး ကမ္ဘာကြီးများထဲတွင် အနှစ်သာရများကို ဖော်ပြထားသည်။ ထို့ကြောင့် မုန့်ချီက နားလည်မှုများထဲတွင် နစ်မြောသွားခဲ့သည်။

ပင်မဝိညာဉ်ထဲမှ လက်(၂)ဖက် ထွက်လာပြီး ကမ္ဘာကြီးပေါ်ရှိ အနှစ်သာရများနှင့် ပေါင်းစပ်သွား၏။ ပြောပြ၍မရနိုင်သော စကားလုံးများ အလယ်တွင် ထိုအရာက ဖရိုဖရဲဖြစ်လာပြီး နက်မှောင်တောက်ပနေခဲ့သည်။ ထိုပုံရိပ်များက လက်(၂)ဖက်အဖြစ် ပြောင်းလဲလာပြီး လှည့်ပတ်လှုပ်ရှားနေခဲ့၏။

ယင်နှင့်ယန် မွေးဖွားလာပြီး ပြောပြ၍ မရနိုင်သော နည်းလမ်းများနှင့် ရောယှက်နေခဲ့သည် ။ သူတို့ကို ယင်နှင့်ယန်၏သဘာဝအဖြစ် သုံးသပ်၍ မရနိုင်သလို ထိုသိုင်းကွက်ကို ကာကွယ်ရန်လည်း လုံးဝမဖြစ်နိုင်ခဲ့ပေ။

ထိုလက်(၂)ဖက်ကို တွန်းထုတ်လိုက်သည့်အချိန်တွင် ရှေ့၌ ရှိနေသော ဖရိုဖရဲ အခြေအနေက ပျက်စီးသွားခဲ့ပြီး အရာအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။ များပြားလွန်းလှသော ယင်နှင့်ယန်စည်းမျဉ်းများလည်း ထွက်ပေါ်လာခဲ့၏။

အချိန်တော်တော်ကြာပြီးနောက် မုန့်ချီက မျက်လုံး(၂)ဖက်ကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ၏မျက်လုံးတစ်ဖက်က အဖြူရောင်ဖြစ်ပြီး တောက်ပသည်။ သန့်စင်ပြီး နက်မှောင်သော မျက်ဆံတစ်ခုရှိသည်။ တခြားမျက်လုံးကတော့ နက်မှောင်ပြီး အဖြူရောင်မျက်ဆံတစ်ခုရှိ၏။ သူက ဆန့်ကျင်ဘက် ယင်ယန်ငါး(၂)ကောင်ကဲ့သို့ ထင်ရ၏။

သူက နောက်တစ်ကြိမ် မျက်လုံးပိတ်ပြီး ပြန်ဖွင့်လိုက်သည့်အချိန်တွင် မျက်လုံးများက မူလအခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ယင်ယန်တံဆိပ်က အမှန်တကယ်လည်း ကမ္ဘာဦးတံဆိပ်(၉)မျိုးထဲမှ တစ်ခုဖြစ်၏။ ထိုအရာထဲတွင် စကြဝဠာ၏ စည်းမျဉ်းများ ရှိနေပြီး အဆုံးမဲ့တာအိုဝါဒ၏အုတ်မြစ်ကို ဖုံးကွယ်ပေးထားသည်။

မုန့်ချီကတော့ ထိုအရာ၏ အပေါ်ယံအချက်အလက်များကိုသာ နားလည်နိုင်ခဲ့သည်။ အပေါ်ယံနားလည်ထားမှုကပင် သူ၏ကိုယ်ပိုင်သိုင်းကွက်ဖြစ်သော ‘ ယင်နှင့်ယန် (၃)မျိုး ပေါင်းစပ်မှု၊ ဘယ်အရာက ယင်လဲ ဘယ်အရာကယန်လဲ ’ ဟူသည့်သိုင်းကွက်ကိုပင် ဖန်တီးနိုင်ခဲ့သည်။

ထို့ပြင် သူက ဓားသိုင်းကွက်ဖြစ်သော ယင်ယန်ပြောင်းပြန်ဓားသိုင်း တဟုန်ထိုးဓားသိုင်းပညာများကိုလည်း ပို၍အစွမ်းထက်လာအောင် လေ့ကျင့်နိုင်ခဲ့သည်။ ထိုကဲ့သို့ သိုင်းကွက်မျိုးက ယင်နှင့်ယန် နားလည်မှုအပေါ် ရှာဖွေအသုံးချရသည့်အတွက် ယင်ယန်တံဆိပ်အပေါ် မုန့်ချီ၏ နားလည်မှုက ထိုအရာများပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။

ကောင်းကင်ရွှေကျင့်စဉ်၏ ဝေ့ကျင်းအဆင့်သိုင်းကွက်တွင် အနှစ်သာရများစွာ ကျင့်စဉ်နည်းလမ်းများစွာ ပါဝင်နေပြီး အဓိကလိုအပ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ကြိုးစားပြီးမှ နားလည်မှုကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ထိုအရာကြောင့် မုန့်ချီက အတွင်းအပြင်ကမ္ဘာကြီးများကို ပေါင်းစပ်ပြီးသွားသည့် အချိန်တွင် ပြင်ပကမ္ဘာကြီးထဲရှိ စွမ်းအားများ ထွက်ပေါ်လာမှုကို လုံးဝနားလည်လာပြီး သိုင်းကျင့်စဉ်နှင့်ချီစွမ်းအင်လေ့ကျင့်မှုများက လုံးဝမတူညီကြောင်း နားလည်သွားခဲ့သည်။ ထို့နောက် သူက ကိုယ်တွင်းကမ္ဘာကြီးကို အပြင်နှင့် လုံးဝတစ်သားတည်းပေါင်းစပ်၍ မိုးနှင့်လျှပ်စီးကြောင်းများကို ဆင့်ခေါ်ခြင်းကဲ့သို့ စွမ်းရည်များကိုလည်း ဖန်တီးနိုင်သည်။

ဆုတောင်း(၃)မျိုး သိုင်းကွက်ကိုတော့ မုန့်ချီက ဝေ့ကျင်းအဆင့်သိုင်းကွက်ကို နားလည်ထားပြီးသားဖြစ်သည်။ ယခုသူ၏နားလည်မှုများက နက်ရှိုင်းလာပြီ ဖြစ်သည့်အတွက် လေ့ကျင့်ရန် ကောင်းမှု(၅)မျိုးထဲတွင် ကောင်းမှု(၃)မျိုးကိုရွေးချယ်ရန် လိုအပ်သည်။

"ငါက သံသရာအရှင်သခင်ဆီမှာ ကောင်းမှု(၅)မျိုးကို လဲလှယ်လို့ ရနိုင်မလား…"

မုန့်ချီက စဉ်းစားကြည့်နေမိသည်။

ဘိုးဘေးဒိုမူက သူ့အတွေးကို သတိထားမိသည့်အလား တိုးတိုးလေး ပြောလိုက်၏။

"ကောင်းမှု(၅)မျိုး ချီစွမ်းအင်တွေဖြစ်တဲ့ ပြီးပြည့်စုံခြင်း ၊ ကိုယ်ကျင့်တရား ၊ ချီးကျူးခြင်း၊ အမှန်တရားကို မြတ်နိုးခြင်းနှင့် မှောင်မိုက်ခြင်း တွေကတော့ ကမ္ဘာမြေကြီးထဲက လုပ်ရပ်တွေကနေပဲ ရရှိနိုင်တယ်။ တကယ်လို့ ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရာကနေ ရရှိလာနိုင်တဲ့ ချီစွမ်းအင်တွေဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာနိုင်တယ်…"

"ဒီတော့ ကျွန်တော်ကိုယ်တိုင် စုဆောင်းတာက ပိုပြီးတော့ကောင်းတယ်လို့ ပြောချင်တာလား…"

မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"စကြဝဠာကြီးက တော်တော်ဂရုဏာမဲ့တယ်။ သူ့ဆီကနေ ဘယ်လိုလုပ်ပြီး ဒီလိုဆုလာဘ်မျိုးကို မျှော်လင့်လို့ရမှာလဲ…"

ကမ္ဘာမြေကြီးဟူသည်မှာ သတ္တဝါတစ်ခုမဟုတ်ချေ။ ထို့ကြောင့် သူ့ကိုမည်ကဲ့သို့ ဆုလက်ဆောင်များ ထုတ်ပေးနိုင်မည်နည်း။

ဘိုးဘေးဒိုမူ၏လက်ထဲတွင် ကျောက်စိမ်းကျမ်းစာလေးတစ်ခု ပေါ်လာခဲ့သည်။

"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက အချင်းချင်း အမှီသဟဲပြုနေရတာ။ တာအို၊ ဓမ္မနဲ့ အနှစ်သာရအားလုံးက ကမ္ဘာမြေကြီးရဲ့နိယာမတွေပဲ။ သူတို့တွေက သေဆုံးနေတဲ့ မီးတောင်တစ်ခုလို့ ပြောလို့ရတယ်။ မင်းကသာ လက်ဝါးထဲမှာ အစွမ်းကုန်သုံးပြီး အလယ်ကို တိုက်ခိုက်လိုက်မယ်ဆိုလျှင် နောက်တစ်ကြိမ် ပေါက်ကွဲလာလိမ့်မယ်။ ဒီပေါက်ကွဲမှုက မင်း တိုက်ခိုက်လိုက်တဲ့ ဆုလာဘ်ပဲ…"

"တကယ်လို့ ကျွန်တော်က နံရံကို လက်သီးနဲ့ တစ်ကြိမ် ထိုးလိုက်မယ်ဆိုရင် နံရံက တူညီတဲ့စွမ်းအားကို ကျွန်တော့်ဆီ ပြန်ပို့ပေးလိုက်သလိုမျိုးလား…"

မုန့်ချီက ယခင်ဘဝတွင် သင်ကြားခဲ့ရသော ဗဟုသုတများကို ပြန်လည်စဉ်းစားမိခဲ့သည်။

မုန့်ချီက နားလည်ကြောင်း မြင်သည့်အခါ ဘိုးဘေးဒိုမူက ဆက်ပြောလိုက်၏။

"တာအိုအနှစ်သာရတွေနဲ့ ကမ္ဘာကြီးရဲ့စည်းမျဉ်းတွေ လှုပ်ရှားမှုတွေအပေါ်မှာ မင်းရဲ့အကျိုးသက်ရောက်မှုက မင်းတုံ့ပြန်လိုက်တဲ့အတိုင်း ပြန်ရလာလိမ့်မယ်။ သာမန်လူတစ်ယောက်မှာ စွမ်းအားနည်းနည်းပဲ ရှိတဲ့အတွက် သူ့ရဲ့အကျိုးသက်ရောက်မှုက ကန့်သတ်ချက်ရှိတယ်။ ဒါကြောင့် ပြန်ရလိုက်တဲ့အကျိုးတရားကလည်း အရမ်းကို အားနည်းပြီး ခံစားကြည့်လို့တောင် မရနိုင်ဘူး…"

"ကျွန်တော်နားလည်သွားပြီ…"

မုန့်ချီက လုံးဝကို နားလည်သွားခဲ့၏။

ဘိုးဘေးဒိုမူက သူ့ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။

"လူတစ်ယောက်ရဲ့လုပ်ရပ်က ကြီးမားတဲ့ တာအိုအနှစ်သာရတွေ ကမ္ဘာမြေကြီးရဲ့ အနှစ်သာရတွေ ဖြစ်ပေါ်လာစေမယ်ဆိုရင် ပြန်ရတဲ့အရာကလည်း ပိုပြီးတော့ကြီး ပိုပြီးတော့ အစွမ်းထက်လာနိုင်တယ်။ တကယ်လို့ တူညီတဲ့လုပ်ရပ်မျိုးကိုပဲ လုံးဝတုပနိုင်မယ်ဆိုရင်တော့ လူတစ်ယောက်က ကိုယ်တိုင်တာအိုနိယာမတွေ ၊ လှုပ်ရှားမှုနိယာမတွေ ဖြစ်သွားနိုင်တယ်။ ပြီးတော့ စကြဝဠာကြီးနဲ့ ပေါင်းစပ်နိုင်ပြီး သူ့ရဲ့တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်လိမ့်မယ်။ ပြီးတော့ အရမ်းထူးခြားတဲ့ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ဖြစ်လာနိုင်တယ်။ တာအိုလမ်းစဉ်က ကောင်းမှုပြည့်စုံ ခန္ဓာကိုယ်နှင့် ကောင်းကျိုးပြည့်စုံခန္ဓာကိုယ်တို့က အဲဒီလိုဥပမာတွေပဲ။ မင်းက ဗုဒ္ဓလမ်းစဉ်ကဆိုမှတော့ စွန့်လွှတ်ခြင်းခန္ဓာကိုယ် အကြောင်းကို သိတယ်မလား။ ဒါက စွန့်လွှတ်ခြင်းခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အတွက် အနှစ်သာရတွေကို သုံးရတဲ့နည်းလမ်းမျိုးပဲ…"

"ဟုတ်သားပဲ။ သူက ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ ပြီးတော့ အတွေ့အကြုံရှိတဲ့ သံသရာခရီးသွားတစ်ယောက်။ သူ့မှာ ဒီလိုအသိပညာတွေ ရှိနေတာပဲ…"

မုန့်ချီက ခေါင်းခါပြလိုက်သည်။ သူက ဘုန်းတော်ကြီးတစ်ဝက်ဟုသာ သတ်မှတ်နိုင်ခဲ့၏။ မျက်နှာဖုံးအောက်တွင် ရှိနေသော ဘိုးဘေးဒိုမူ၏ မျက်နှာအမူအရာကို သေချာမသိနိုင်ပေ။

"ဘုန်းတော်ကြီးတစ်ပါးက ဗုဒ္ဓရဲ့ရှေ့မှာ ဆုတစ်ခု တောင်းနိုင်တယ်။ အဲဒီဆုကို ရဖို့ဆိုရင် ကြီးမားတဲ့ တာအိုအနှစ်သာရတွေ လုပ်ဆောင်မှပဲ ရနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုတောင်းဆိုမှုက လိုတာထက် ပိုနေလို့လည်း မရဘူး။ တကယ်လို့ အဲဒီဆုတောင်းကို ပြည့်စုံအောင်မလုပ်နိုင်ရင် အဲ့ဒီဆန္ဒကြီးက ကိုယ့်အတွက် အဖုအထစ်တစ်ခု ဖြစ်သွားနိုင်ပြီး ဘာမှမရနိုင်တော့ဘူး။ တကယ်လို့ ဆုတောင်းက ပြင်းထန်လွန်းတယ်ဆိုရင်တော့ ရလဒ်ကလည်း လူတစ်ယောက် ခံနိုင်ရည်ထက်တောင် ပိုပြီးတော့ များနေနိုင်တယ်…”

“အဲဒါက ကပ်ဆိုးတစ်ခုလို ပြောင်းလဲသွားပြီး နောက်ထပ်ရှေ့တက်ဖို့ မျှော်လင့်ချက်မရှိနိုင်ဘူး။ ရှေးတုန်းက ဗုဒ္ဓဆီမှာ ဆန္ဒ(၄၈)ခု ရှိခဲ့တယ်။ ပြီးတော့ အဆင့်တက်နိုင်လောက်အောင် ကြီးမားတဲ့အရာတွေ ပြန်ရခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်က အထွဋ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓသန့်စင်နယ်မြေတစ်ခု ဖြစ်လာခဲ့တယ်။ လူတစ်ယောက်ကသာ ဗုဒ္ဓကို လှိုက်လှိုက်လှဲလှဲ ယုံကြည်ကိုးကွယ်မယ်ဆိုရင် သေဆုံးသွားတာနဲ့ ပြည့်စုံတဲ့ ကမ္ဘာကြီးကို ပြန်ရောက်လာနိုင်တယ်…"

"အဲဒါက ဟကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးလား…"

မုန်းချီက အံ့ဩမှင်တက်နေမိခဲ့၏။ သူက ထိုကဲ့သို့ စကားလုံးမျိုးကို ဝတ္ထုများထဲတွင် ကြားခဲ့ဖူးသည်။ ထိုအရာက ကြီးမားသောဆန္ဒများ ပြည့်စုံရန်ကြိုးစားရခြင်း မဟုတ်ပေလော။

ရုတ်တရက်ဆိုသလို မုန့်ချီက လူတစ်ယောက်နှင့် အဖြစ်အပျက်တစ်ခုကို မှတ်မိသွားခဲ့၏။

"ဘိုဘေး ….

ကျွန်တော်က လန်ကီကျောင်းဆောင်ရဲ့ဆက်ခံသူ ဟုန်နန်ကို သေမင်းပင်လယ်ထဲမှာ တွေ့ခဲ့ဖူးတယ်။ သူက သေမင်းပင်လယ်ထဲမှာရှိတဲ့ ခရီးသွားတွေကို သဲမုန်တိုင်းထဲမှာ အကာအကွယ်ပေးနိုင်ဖို့အတွက် ကျောင်းဆောင်တွေ တည်ဆောက်ပြီး သူ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းနေတယ်။ ဒါကလည်း စွန့်လွှတ်ခြင်းခန္ဓာကိုယ်ကို လေ့ကျင့်နေတာများလား…"

ဘိုးဘေးဒိုမူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ လန်ကီကျောင်းဆောင်က စွန့်လွှတ်ခြင်းခန္ဓာကိုယ်ကို လေ့ကျင့်တဲ့ဗုဒ္ဓဂိုဏ်းတွေထဲ တစ်ခုပဲ။ ငါက သူတို့နဲ့လုံးဝမဆုံဖူးပေမယ့် လက်ရှိသူတို့ဆီမှာ ဗုဒ္ဓတစ်ပါးရှိတယ်ဆိုတာကိုတော့ သိတယ်။ သူတို့ရဲ့စွန့်လွှတ်မှုကြောင့် လန်ကီကျောင်းဆောင်က သန့်စင်တဲ့နယ်မြေတစ်ခု ဖြစ်လာပြီး ကမ္ဘာမြေကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်လို့ ပြောရလိမ့်မယ်..”

“ကမ္ဘာမြေကြီးရဲ့လှုပ်ရှားမှုတွေ ၊ တာအိုအနှစ်သာရရဲ့ စည်းမျဉ်းစည်းကမ်းတွေက နေရာတိုင်းမှာ ရှိနေတယ်။ အဲဒီအရာတွေက ငါတို့ရဲ့အတွင်းအားတွေ လေ့ကျင့်မှုတွေရဲ့အခြေခံတွေပဲ။ ဒါပေမဲ့ ငါတို့က အဲဒီအရာတွေကို တိုက်ရိုက်ခံစားကြည့်လို့ရလို့လား…"

မုန့်ချီက စဉ်းစားနေခဲ့သည်။

"ကျွန်တော်က သူတို့ရဲ့ပြင်ပပုံသဏ္ဍာန်ကနေ သူတို့တည်ရှိတာကို ခံစားနိုင်တယ်။ ဒါပေမယ့် သူတို့ကို တိုက်ရိုက်အာရုံမခံနိုင်ဘူး ။ ဒါကြောင့် ကမ္ဘာမြေကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတဲ့ လန်ကီကျောင်းဆောင်က နေရာတိုင်းမှာ ရှိနေတယ်လို့ ဆိုလိုတာပဲ…"

"နေရာတိုင်းမှာရှိတယ်ဆိုတဲ့ ကံကြမ္မာက စကြဝဠာထဲမှာ ရှိတဲ့လူတိုင်းကို ဆိုလိုနေတာ။ တကယ်လို့ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်သာ မဟုတ်ရင် သူတို့ခွင့်မပြုဘဲ ဘယ်သူမှ ဝင်သွားလို့မရနိုင်ဘူး…"

ဆရာကြီးလုက ဟွာမေ့တောင်တန်းမှဖြစ်သည့်အတွက် လန်ကီကျောင်းဆောင်၏ လျှို့ဝှက်ချက်များက ဘိုးဘေးဒိုမူအတွက် အထူးအဆန်း မဟုတ်တော့ပေ။

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိ၏။ သူကတော့ သဘာဝတရားကြီး၏ ဆန်းကြယ်မှုများကို ခံစားမိနေပြီး နေရာတိုင်းတွင် ရှိနေသော လူပေါင်းများစွာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကြားလိုက်ရသည့်အခါ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည် ။

ကျိဝေ ရောက်လာပြီးနောက် သူတို့က ဟုန်နန်ကို အတူတူ သွားရှာနိုင်ကြသည်။ သူက စွန့်လွှတ်ခြင်းခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့ခြင်းမရှိလျှင်ပင် သူက တခြားသူများ၏ကျင့်စဉ်နှင့် နည်းလမ်းများကို နားလည်သွားနိုင်သည်။ နောက်ပိုင်းတွင် သူက လန်ကီကျောင်းဆောင်သို့ အချိန်မရွေး ဝင်သွားနိုင်၏။

သူက ထိုကဲ့သို့ တွေးနေသည့်အချိန်တွင် ဘိုးဘေးဒိုမူက သူ့ကို ကျောက်စိမ်းစာရွက်လေး တစ်ခု ကမ်းပေးလိုက်သည်ကို မုန့်ချီက သတိမထားမိခဲ့ပေ။

"ဒါက ဘာကြီးလဲ…"

မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်မိ၏။

ဘိုးဘေးဒိုမူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အင်မော်တယ်တွေရဲ့ကျင့်စဉ်တွေ လှုပ်ရှားမှုတွေအကြောင်းကို ဖော်ပြထားတဲ့စာအုပ်ပဲ။ မင်းလေ့ကျင့်ထားတဲ့ကျင့်စဉ်က အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်လေ။ သူ့မှာ ဖျက်ဆီးလို့မရနိုင်တဲ့ တာအိုလမ်းကြောင်းရှိတယ်။ဒီတော့ များများတွေ့လေလေ များများသင်ယူလေလေ မင်းရဲ့ပုံပြောင်းအတုခိုးမှုက ပိုပြီးတော့ တိုးတက်လာနိုင်လေလေပဲ။မင်းက အရေးကြီးတဲ့ အခြေအနေမျိုးမှာ တခြားအဖွဲ့သားတွေအဖြစ် ဟန်ဆောင်ပြီး ကူညီပေးနိုင်တယ်။ ဒါက တော်တော်လေး အရေးပါတယ်…”

ကျောက်စိမ်းစာလိပ်ထဲတွင် လွန်ရှုပ်ထွေးသောကျင့်စဉ်များကို မြင်လိုက်ရသည့်အခါ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး အင်မော်တယ်များနှင့် ပူးပေါင်းရသည့်အတွက် ကျေနပ်သွားခဲ့သည်။ အကယ်၍ သူကသာ ဤနေရာတွင ်ထိုကျင့်စဉ်များ မရခဲ့လျှင် မတူညီသောသွေးကြောမှတ်များကို လေ့လာရန်အတွက် မတူညီသော နေရာပေါင်းစုံတွင် လိုက်လံရှာဖွေရမည်ဖြစ်သည်။ ထိုမှသာ သူ၏ခန္ဓာကိုယ်က ိုအလိုက်သင့်ပြောင်းလဲနိုင်မည်ဖြစ်ပြီး အင်မော်တယ် တစ်ယောက်သဖွယ် ဖန်တီးနိုင်မည်ဖြစ်သည်။

ထို့ကြောင့်လည်း သံသရာခရီးသွားများက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို မရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း သူ၏ခုခံမှုက အလွန်အစွမ်းထက်ပြီး လှည့်စားရာဖုံးကွယ်ရာတွင် အထူးကျွမ်းကျင်သော်လည်း တိုက်ခိုက်ရန်အတွက် သိုင်းကွက်များ မရှိချေ။

ဝေ့ကျင်းအဆင့်တွင် လေ့ကျင့်ရန်အတွက် အရင်းအမြစ် အမြောက်အများ လိုအပ်၏။ အင်မော်တယ်များနှင့် သူက (၁၀)ဆ အဆ(၁၀၀) အဆ(၁၀၀၀)ခန့်ပင် ပို၍ကြိုးစားရနိုင်ပြီး ကျင့်စဉ်တိုးတက်မှုက အလွန်အမင်းကို နှေးကွေးနိုင်သည်။ နောက်ဆုံးတွင်တော့ သက်တမ်းကုန်ဆုံးပြီး သံသရာတာဝန်များထဲတွင် သေဆုံးသွားနိုင်၏။

မုန့်ချီက ဦးညွှတ်ပြီး အင်မော်တယ်များကိုကျေးဇူးတင်လိုက်သည်။ ဘိုးဘေးဒိုမူက သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

"ရက်အနည်းငယ်ကြာရင် သူတို့က မင်းကို တရားဝင်အဖွဲ့သားတစ်ယောက်အတွက် တာဝန်တစ်ခုပေးကောင်းပေးနိုင်တယ်…"

"ဘယ်လိုတာဝန်မျိုးလဲ…"

မုန့်ချီက သတိထား၍ မေးလိုက်သည်။

ဘိုးဘေးဒိုမူက စိမ်းပြာနန်းတော်ကို လက်ညှိုးထိုးပြလိုက်၏။

"စိမ်းပြာကောင်းကင်နယ်မြေမှာ ဝင်ပေါက်(၉)ပေါက် ရှိတယ်။ တစ်ခုကတော့ စိမ်းပြာနန်းတော်ရဲ့ အတွင်းပိုင်းမှာရှိနေတဲ့ တခြားကမ္ဘာကြီးဆီကို ဦးတည်နေတယ်။ အဲဒီကမ္ဘာကြီးထဲမှာ စိမ်းပြာနန်းတော်က စွမ်းအားနဲ့လျှို့ဝှက်ဆန်းကြယ်မှုရဲ့သင်္ကေတပဲ အဲဒီကမ္ဘာကြီးထဲမှာ ငါတို့ထောက်ပံ့ပေးထားတဲ့ အင်အားစုက ပြဿနာနည်းနည်း ကြုံနေရတယ်။ သူတို့ဘာသာဖြေရှင်းနိုင်မလားဆိုတာတော့ ငါတို့သေချာမသိဘူး။ ငါတို့က လူအင်အားလိုတဲ့အချိန်ကျရင် မင်းကိုသတင်းပို့မယ်.."

မုန့်ချီက ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် သူကဘိုးဘေးဒိုမူကို နှုတ်ဆက်လိုက်ပြီး အင်မော်တယ်လမ်းကြောင်းဆီသို့ ပျံသန်းသွားခဲ့၏။ သူ့ဆီတွင် သံသရာအရှင်သခင် စစ်ဆေးရန် လိုအပ်နေသော ပစ္စည်းများစွာ ရှိနေပြီး ကံကြမ္မာအမှတ်များနှင့် လဲလှယ်ရန် လိုအပ်သော ပစ္စည်းများစွာလည်းရှိနေသည်။

အင်မော်တယ်လမ်းကြောင်း၏ အလယ်တွင်ရှိနေသော ကျောက်စိမ်းတိုင်လုံးနားတွင် မုန့်ချီက တိမ်တိုက်ပြာဘိုးဘေး ချူချမ်းနင်ကို မြင်လိုက်ရသည်။

သူမက ဝင်ပြောလိုက်၏။

"ဘိုးဘေးက တော်တော်ထူးခြားတာပဲ။ နင်က တစ်ခုခုရခဲ့သေးလား…"

သူမက ကျိလော်ကျူးကို မုန့်ချီသတ်လိုက်သည့်အကြောင်း ပြောချင်နေခြင်းဖြစ်သည်။ သေမင်းပင်လယ်ထဲတွင် ရှိနေသော လူတိုင်းက ကျိလော်ကျူး၏ ကြွယ်ဝချမ်းသာမှုကို သိနေကြ၏။

မုန့်ချီက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူက ပြုံးလိုက်ပြီး ကျိလော်ကျူး၏ မကောင်းဆိုးဝါးဓားနှင့် ဆန်းကြယ်တွင်းထွက်ပစ္စည်းများ ဆိုကာပန်းပွင့်ရာပေါင်းများစွာကို ထုတ်လိုက်သည်။

"အများကြီးပါလား…"

တိမ်တိုက်ပြာဘိုးဘေးကအလွန်ထိတ်လန့်သွားခဲ့၏။ သူမက အံ့သြပြီး အားကျနေခဲ့သည်။ သူမက မုန့်ချီအရှေ့တွင် လွင့်မျောနေသေ ာပစ္စည်းများကိုကြည့်ပြီး မျက်လုံးက အကြည့်မခွာနိုင် ဖြစ်နေခဲ့၏။

"ငါက ကျိလော်ကျူးကို လုပ်ကြံလိုက်ရမှာ…."

သူမက အဆင့်မတက်ခင ်ကျိလော်ကျူထက် ပို၍အားနည်းခဲ့သည်။ မုန့်ချီကသာ မထင်မှတ်ထားသော အချိန်နှင့်နေရာတွင် တိုက်ခိုက်ခဲ့ခြင်း မဟုတ်လျှင် ကျိလော်ကျူး၏ သတိထားမှုများအရ အောင်မြင်ရန် မဖြစ်နိုင်ပေ။

တိမ်တိုက်ပြာဘိုးဘေးက ထိုပစ္စည်းများကို စိုက်ကြည့်နေသည့်အချိန်တွင် မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံနှင့် အဘိုးကြီးကျုံးဆီမှ ရခဲ့သော လက်ကောက်ဝတ်အရိုးတို့ကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။

"နတ်ဆိုးသုတ်သင်ရေးအလံ…

ပျက်စီးနေတဲ့နတ်ဘုရားလက်နက်၊ အနက်ရောင်ကျန်းဝူအင်ပါယာရဲ့ပစ္စည်းတစ်ခု သူမွေးဖွားလာတဲ့ အချိန်ကတည်းက ဆန်းကြယ်ရေတစ်မျိုးကိုသုံးပြီး ဖန်တီးထားခဲ့တယ်။ အဲဒါက မြူခိုးတွေကို အမိန့်ပေးနိုင်ပြီး မကောင်းဆိုးဝါးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်။ ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဆိုတော့ဝေ့ကျင်းအဆင့် အစွမ်းမျိုးနဲ့ (၃)နှစ်တိတိအသုံးပြုနိုင်တယ်။ ဒါက သူ့ရဲ့စွမ်းအား(၅၀)ရာခိုင်နှုန်းကို(၂)ကြိမ်တိတိ အသုံးပြုနိုင်တယ်။ လက်ရှိအချိန်မှာ ကံကြမ္မာအမှတ်(၁၂၀၀၀)တန် ကြေးရှိတယ် မူလအခြေအနေအတိုင်း ပြန်ပြင်ချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၇)သောင်းလိုအပ်တယ်။ တကယ်လို့ အသုံးပြုတဲ့သူက ပထမကောင်းကင်လှေကားကို မဖြတ်ကျော်ရသေးဘူးဆိုရင် လက်နက်အဖြစ် မသတ်မှတ်နိုင်ဘူး …”

“ငရဲအင်ပါယာရဲ့လက်အရိုး …

နတ်ဘုရားလက်နက်အဆင့်ပစ္စည်းတစ်ခု။ အဲဒါက ငရဲ(၈)ထပ်မှာရှိတဲ့ မကောင်းဆိုးဝါးကိုယ်ပွား ငရဲအင်ပါယာရဲ့လက်အရိုးဘဲ။ ဒါပေမယ့် ထူးဆန်းတဲ့ အကြောင်းပြချက်တွေကြောင့် သူ့ရဲ့မူလစွမ်းအားတွေကို ဆုံးရှုံးသွားပြီ ။ ထူးခြားဆန်းကြယ်တဲ့သူ့ရဲ့အစွမ်းကိုလည်း မပြသနိုင်တော့ဘူး။ လက်ရှိတန်ဖိုးကတော့ မသိရဘူး ..”

“ထူးဆန်းတဲ့ အကြောင်းပြချက်ကို ဖော်ထုတ်ချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ်(၈၀၀၀) လိုအပ်တယ်…"

"ဒါက တကယ့်ကို ငရဲအင်ပါယာရဲ့လက်အရိုးပဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိလေသည်။

Translated by Hein Htet.

All Chapters