← Chapters

အခန်း (၅၂၁)

Vol. 35 Ch. 521

အခန်း (၅၂၁)

Vol. 35 Ch. 521

ထိုအရာက ငရဲကြီး(၉)ထပ်၏ ထိပ်သီးပညာရှင် တစ်ယောက်ဖြစ်ခဲ့သော ငရဲအင်ပါယာ၏ လက်အရိုး ဖြစ်နေခဲ့သည် ။ ထိုလက်အရိုးက ငရဲအင်ပါယာ၏ အငွေ့အသက်များကို ဝါးမြိုခဲ့သည့် အချိန်ကတည်းကစပြီး မုန့်ချီက ထိုအရာကို ကြိုတင်မျှော်လင့်ထားခဲ့၏ ။

ထို့ကြောင့် သူက ရလဒ်ကို အံ့ဩနေခဲ့ခြင်း မရှိခဲ့သလို ခံစားချက် အလွန်ပြင်းထန်နေခြင်းလည်း မရှိချေ။ သူက ထိတ်လန့်သွားခြင်း မဟုတ်ဘဲ ဇဝေဇဝါဖြစ်နေခြင်းသာ ဖြစ်သည်။

ငရဲအင်ပါယာက ထောင်ချောက်ထဲမှ ထွက်လာပြီးနောက် သူက တစ်နေရာရာတွင် သေဆုံးသွားနိုင်သည် ။ အဘယ်ကြောင့်ဆိုသော် သူ၏သက်တမ်းက ကုန်ဆုံးသွားနိုင်သလို တစ်ခြားအကြောင်းပြချက်တစ်ခုခုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များက သူ့အလောင်းကို ရှာတွေ့ခဲ့ခြင်းပေလော။ အသက်ပြောင်းလဲခြင်းဂိုဏ်းက သူ၏အမွေအနှစ်များကို လက်ခံရရှိထားခြင်းပေလော ။

ထိပ်သီးအင်အားကြီး ပညာရှင်တစ်ယောက်၏ လက်အရိုးက အလွန်တန်ဖိုးရှိသည် ။ လောကသခင်က မိုးကြိုးနတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ရှေးဟောင်းမိုးကြိုးရေကန်ကို အသုံးပြုပြီး ပြိုင်ဘက်ကင်း ဓားမောက်တစ်ချောင်းကို သန့်စင်ခဲ့သည်။

ငရဲအင်ပါယာက မိုးကြိုးနတ်ဘုရားပြီးလျှင် ဒုတိယဖြစ်ပြီး ရှေးဟောင်းမိုးကြိုးရေကန်မရှိဘဲ လက်အရိုးတစ်ခုတည်း ရှိလျှင်ပင် ထိုလက်အရိုးနှင့် နတ်ဘုရားလက်နက်တစ်ခုအဖြစ် သန့်စင်နိုင်သည် ။

သို့သော် အဘိုးကြီးကျုံးက ထိုအရာကို ခိုးယူသွားခဲ့ပြီးနောက် ဘာကြောင့် အသက်ပြောင်းလဲခြင်းဂိုဏ်းက ဉာဏ်အလင်းပွင့်မှုအဆင့် တပည့်တစ်အုပ်နှင့် ဝေ့ကျင်းအဆင့် ဖုတ်ကောင်တစ်ကောင်ကိုသာ စေလွှတ်ခဲ့ရသနည်း။ ထိုအရာက လူသားအရင်းအမြစ်များ ဖြန့်ဝေမှုကို နှောင့်ယှက်နိုင်သည် ။

သို့သော် အဘိုးကြီးကျုံး ထွက်ပြေးသွားပြီးနောက် ဘာကြောင့် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များက ထိုအရာကို သတင်းမပို့ခဲ့ရသနည်း ။ လက်ရှိအချိန်တွင် တုန်းရန်စံအိမ်က ပညာရှင်များ နည်းပါးနေခြင်းပေလော။

ငရဲအင်ပါယာ၏ လက်အရိုးက မည်သည့်အရာဖြစ်ကြောင်း အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များက မသိခြင်းပေလော ။ သို့မဟုတ် သူတို့က ထိုအရာကို အကြောင်းပြချက် တစ်ခုခုကြောင့် တန်ဖိုးရှိသည်ဟု သတ်မှတ်နိုင်သော်လည်း အလေးအနက် မထားခြင်းပေလော ။

မုန့်ချီက လက်အရိုး၏ စွမ်းအားများ ပျောက်ကွယ်သွားသည့်အချက်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိချေ။ ထို့ပြင် ကံကြမ္မာအမှတ် (၈၀၀ဝ) ဟူသည်မှာ သူ့အတွက် အလွန်များပြားလွန်းလှသည် ။ တခဏအတွင်း သူ့ခေါင်းထဲတွင် အကြံအနည်းငယ်ပေါ်လာခဲ့၏ ။

ဥပမာအနေနှင့်ပြောရလျှင် သူက နတ်ဆိုးသုတ်သင်ရေးအလံကို ဘိုးဘေးလင်းပေါင်ဆီသို့ ရောင်းချရန် သို့မဟုတ် အင်မော်တယ် အဖွဲ့အစည်းဆီသို့ ရောင်းချနိုင်သည် ။ အင်မော်တယ်အဖွဲ့အစည်းက သူ လိုအပ်သော ကံကြမ္မာအမှတ်များ ရရှိရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားပေးနိုင်၏ ။

အဖွဲ့ဝင်တိုင်းက ထိုအရာကို အသုံးပြုသည့်အချိန်တိုင်း သင့်တော်သည့်တန်ဖိုးတစ်ခု ပေးရနိုင်သည် ။ ထိုသို့ဆိုလျှင် မုန့်ချီက ကံကြမ္မာအမှတ် အမြောက်အများရနိုင်ပြီး အင်မော်တယ်အဖွဲ့အစည်းက တစ်ချို့သော တာဝန်များကို ရှောင်တိမ်းနိုင်သည် ။ ထို့ပြင် မုန့်ချီက ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားတော့မည့် အချိန်တွင် သို့မဟုတ် သေမင်းတမန်တာဝန်တစ်ခု ရှိနေသည့်အချိန်တွင် ထိုအလံကို ပြန်ယူ၍ ရနိုင်သေးသည် ။

သို့သော် ထိုအရာက ဆိုးကျိုးတစ်ခု ရှိနေ၏ ။ သူက ထိုအရာကို သယ်ဆောင်သွား၍ မရနိုင်သည့်အတွက် အရေးပေါ် အခြေအနေဖြစ်လာလျှင် အသုံးပြု၍ မရနိုင်တော့ပေ ။ သို့မဟုတ် သူက အင်မော်တယ်အဖွဲ့အစည်းဆီတွင် ငရဲအင်ပါယာ၏ လက်အရိုးကို မျှဝေနိုင်သေးသည် ။

အဖွဲ့သားအနည်းငယ်က ထိုပြဿနာကို ပူးပေါင်းဖြေရှင်းနိုင်ပြီး အနာဂတ်ရလဒ်များကို မျှဝေနိုင်သည် ။ အကယ်၍ သူတို့ကသာ နတ်ဘုရားလက်နက်တစ်ခုအဖြစ် သန့်စင်နိုင်မည်ဆိုလျှင် သူတို့က အပြန်အလှန် အသုံးပြုနိုင်၏ ။ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ လျင်မြန်စွာ ပေါ်လာခဲ့သည် ။

မုန့်ချီက သူ့အကြံများ ဖြစ်နိုင်ချေရှိမရှိ သံသရာအရှင်သခင်ကို စိတ်နှင့် မေးလိုက်သည်။ အကျိုးအမြတ်ရှိသော အကြောင်းအရာများစွာကို မြင်လိုက်ရပြီးနောက် မုန့်ချီကတော့ သူ့ကို ဉာဏ်ရည်ရှိသော အဆင့်မြင့်သတ္တဝါဟုသာ သတ်မှတ်ထားသည်။

မုန့်ချီက အကျိုးအမြတ်တစ်ခုကို မလိုချင်ခဲ့ပေ ။ သူက ထိုအစား တောင်းဆိုခြင်းသာ လုပ်ချင်ခဲ့၏ ။ မုန့်ချီခေါင်းထဲတွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည် ။

"ဓမ္မကာရအဆင့် ပစ္စည်းတစ်ခုကို အပေးအယူလုပ်တယ် ၊ ငှားရမ်းတယ်ဆိုရင် မတူညီတဲ့ အဖွဲ့တွေကြားထဲမှာတောင် အခြေခံစည်းမျဉ်းတွေကို လိုက်နာရလိမ့်မယ်..။ တကယ်လို့ နှစ်ဖက်လုံးမှာ သံသရာခရီးသွားနဲ့ သံသရာခရီးသွားမဟုတ်တဲ့လူတွေ ပါဝင်နေရင်တော့ ဒီစည်းမျဉ်းတွေကို သုံးလို့မရဘူး ...။ အနည်းငယ် လက်ပြောင်းသွားပြီး ပစ္စည်းက သံသရာခရီးသွားတစ်ယောက်ရဲ့ လက်ထဲကို ပြန်ရောက်လာမယ်ဆိုရင် သံသရာခရီသွားရဲ့ဆန္ဒပေါ်မူတည်ပြီး တိုက်ရိုက်အလဲအလှယ် လုပ်လို့ပဲ ရနိုင်လိမ့်မယ်..။ ငရဲအင်ပါယာလက်အရိုးရဲ့ တန်ဖိုးက ယခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးဘူး.။ အဲဒါကို အများဆုံး လူ(၅)ယောက်ဆီကိုပဲ မျှဝေပေးလို့ရနိုင်မယ်... ။ အဲဒီလူတွေကို ယာယီအဖွဲ့တစ်ခုအဖြစ် သတ်မှတ်နိုင်လိမ့်မယ်... "

မုန့်ချီက မေးလိုက်သည်မှာ ကံကောင်းသွားသလို ခံစားလိုက်ရသည် ။ အကယ်၍ သူကသာ နတ်ဆိုးသုတ်သင်ရေးအလံကို ငှားလိုက်ပြီး အထူးတာဝန်တစ်ခု လုပ်ဆောင်ရမည်ဆိုလျှင် ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်ကို ရှင်းပစ်သည့် အချိန်၌ အတော်လေး ခက်ခဲသွားနိုင်၏ ။

ကန့်သတ်ချက်များက တစ်ချို့နေရာများတွင် အကျိုးအမြတ်ရှိသည် ။ မဟုတ်လျှင် အနည်းဆုံးတော့ သူက ဒဏ္ဍာရီအဖွဲ့သားများ၏ အလစ်ချောင်းတိုက်ခိုက်မှုကို ခံရမည်ဆိုလျှင် ခုခံနိုင်ခြင်း မရှိဘဲ အသတ်ခံရတော့မည် မဟုတ်ချေ ။

အဘယ့်ကြောင့်ဆိုသော် သူတို့ကလည်း ကောင်းကင်ဧကရာဇ် သို့မဟုတ် တစ်ခြားသော အကြီးအကဲများဆီမှ ဓမ္မကာရအဆင့် လက်နက်များ၊ နတ်ဘုရားလက်နက်များကို ငှားယူ၍ မရနိုင်ခြင်းကြောင့် ဖြစ်သည် ။

ယခုတော့ မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံနှင့် ပတ်သက်သည့်အရာများကို ခဏဘေးဖယ်ထားလိုက်သည် ။ ထိပ်သီးအင်အားစုများထဲမှ တစ်ခုဖြစ်သော ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်က ထူးခြားသောပစ္စည်းတစ်ခုကို သုံး၍သာ သတ်နိုင်သည် ။

အကယ်၍ သူက အနာဂတ်တွင် နောက်ထပ်နတ်ဘုရားလက်နက်တစ်ခု ရနိုင်မည်ဆိုလျှင်ပင် ထိုလက်နက်က နတ်ဆိုးသုတ်သင်ရေးအလံနှင့် တူညီနေခြင်းမရှိနိုင်ပေ ။

သေချာစဉ်းစားလိုက်ပြီးနောက် သူက အလံပေါ်တွင် သူ၏ဝိညာဉ်အမှတ်အသားကို ချန်ထားခဲ့လိုက်ပြီး လေဟာနယ်လက်စွပ်ထဲသို့ သိမ်းလိုက်သည်။ ငရဲအင်ပါယာ၏ လက်အရိုးကိုအေင်မော်တယ်အဖွဲ့သားများအစား သူ့အဖွဲ့သားများနှင့်သာ ဝေမျှအသုံးပြုရန် စဉ်းစားလိုက်သည်။

နတ်ဘုရားကမ္ဘာကြီး တာဝန်ပြီးဆုံးသွားပြီးနောက် သူတို့(၅)ယောက်က ကံကြမ္မာ အမှတ်(၈၀၀၀)ရရန် အခက်အခဲမရှိနိုင်ပေ။ လက်အရိုးကို သိမ်းလိုက်ပြီး သူ၏အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် မုန့်ချီက ကျိလော်ကျူးဆီမှရခဲ့သော လျှို့ဝှက်ရတနာများကို တွက်ချက်ခိုင်းလိုက်သည်။ သူက သူတို့၏လုပ်ဆောင်မှုကို သိချင်နေပြီး သူတို့ကိုရောင်းချ၍ရမရ ဆုံးဖြတ်ချင်နေခဲ့၏ ။

"နတ်ဆိုးဆင့်ခေါ်ရေးကျောက်တုံး… အလယ်အလတ် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာ...အဲဒီအရာက သာမန်ကောင်ကင်(၄)သွယ်‌ ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးတစ္ဆေတွေကို ထုတ်လွှတ်နိုင်တယ်..။ တကယ်လို့ ပိုင်ရှင်က အစွမ်းမလုံလောက်ဘူးဆိုရင် ရန်သူကို သတ်ပြီးသွားတာနဲ့ မကောင်းဆိုးဝါးတစ္ဆေတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး...။ ဒီရတနာက တုံ့ပြန်တိုက်ခိုက်လိမ့်မယ်...။ ဒါက ကံကြမ္မာအမှတ် (၃၅၀၀) တန်ကြေးရှိတယ်...။ ကံကြမ္မာအမှတ် (၂၀၀၀)နဲ့ လဲလို့ရမယ်..."

"သမ္မာဓိကိုးလုံး ပုတီး …အဆင့်နိမ့် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာ .။ နှစ်ပေါင်း(၁၀၀၀)ကျောင်းဆောင်ရဲ့ရှေ့မှာ ရှိတဲ့ ညောင်ပင်အောက်မှာ နတ်ဆိုးတစ်ကောင်က ဖန်တီးထားတယ်...။ သူက မိုးကြိုးကပ်ဘေးကြောင့် သေဆုံးသွားတဲ့အတွက် ဒီလက်နက်က တတိယကောင်းကင်ဝေ့ကျင်းအဆင့်ပဲ ရှိနိုင်တယ်..။ ပုတီးလုံး(၉)ခုက အတွေး(၉)ခုကို ကိုယ်စားပြုတယ်...။ တစ်ခုပဲ အသုံးပြုနိုင်တော့မယ်...။ အဲဒါကတော့ အကာအကွယ်အလင်းတန်း ပုတီးပဲ...။ ဒီပုတီးစေ့က ကံကြမ္မာ အမှတ်(၂၀၀၀)တန်ကြေးရှိတယ်...။ ကံကြမ္မာအမှတ် (၁၂၀၀)နဲ့ လဲလို့ရမယ်..."

မုန့်ချီက တွေဝေနေခဲ့၏။ နတ်ဆိုးဆင့်ခေါ်ရေးကျောက်တုံးက ပြိုင်ဘက်ကင်း ပညာရှင်အဆင့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည် ။ သို့သော် တုံ့ပြန်တိုက်ခိုက်မှုကလည်း အတော်လေး ဆိုးရွားလှ၏ ။ ထိုအရာက လွှင့်ပစ်ရန်လည်း အလွန်နှမြောစရာကောင်းပြီး အသုံးပြုရန်လည်း ခက်ခဲနေသည် ။

သူက သမ္မာဓိကိုးလုံးပုတီးကိုတော့ သိမ်းထားခဲ့သည် ။ အရေးပါသည့် အခြေအနေမျိုးတွင် သူက တစ်ချို့သော ပညာရှင်များကို တားဆီးရန်အတွက် ထိုအရာကို အသုံးပြုနိုင်၏ ။ ထိုသို့ဆိုလျှင် သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အသက်သေစေနိုင်လောက်သော ကပ်ဘေးတစ်ခုကို တားဆီးနိုင်ပါ့လိမ့်မည် ။

"မင်းက ဘာလို့ ငါ့ကို ကြည့်နေတာလဲ..."

ရှားပါးတွင်းထွက်ပစ္စည်းများနှင့် ဆိုကာပန်းပွင့်များကို ကြည့်နေသော ချူချမ်းနင်က မေးလိုက်သည် ။ ရုတ်တရက်ဆိုသလို သူမကို တစ်စုံတစ်ယောက်က ကြည့်နေကြောင်း ခံစားမိပြီး ပြန်လှည့်လာခြင်း ဖြစ်၏။ သူမ၏အာရုံက အလွန်ထက်မြက်သည် ။

မုန့်ချီက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည့်အတွက် သူ့အပြုံးကို မမြင်ရပေ ။ သူက ရယ်လိုက်၏ ။

"ဘိုးဘေး ….

ကျွန်တော်က ပစ္စည်းတစ်ခု ရောင်းချင်တယ် ..."

သူ၏လက်ဖဝါးပေါ်တွင် အစိမ်းရင့်ရောင်ကျောက်တုံးတစ်ခုရှိနေခဲ့၏။ ထိုကျောက်တုံးပေါ်တွင် ရက်စက်ကြမ်းကြုတ်ပြီး ရှုံ့တွနေသည့် မျက်နှာတစ်ခု ရှိနေသည် ။

"မင်းက လျှို့ဝှက်ရတနာ တစ်ခုတောင် ရခဲ့တာလား..."

တိမ်တိုက်ပြာဘိုးဘေးက မချိတင်ကဲ ပြောလိုက်မိသည် ။ သူမက အရက်သမားရှဲ့နှင့် တစ်ခြားသူများကို စုစည်းပြီး ကျိလော်ကျူးကို လုပ်ကြံသတ်ဖြတ်ရန် မတွေးမိခဲ့သည့်အတွက် အတော်လေး နောင်တရနေခဲ့၏ ။ ဘာကြောင့် သူမက ငိုကြွေးခြင်းအကြီးအကဲ၏ လက်တုံ့ပြန်ခြင်းကို ကြောက်လန့်နေရသနည်း ။

သူမက ချက်ချင်းပင် ဝမ်းနည်းသွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး သုံးသပ်ကြည့်လိုက်သည် ။ ထို့နောက် သူမက ပညာရှင်တစ်ယောက်၏ လေသံနှင့် ပြောလိုက်၏ ။

"သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် အဲဒါက သိပ်ပြီးတန်ဖိုးမရှိဘူး... ။ ငါက အများဆုံး (၂၂၀၀)ပဲ ပေးနိုင်မယ်..”

“ခင်ဗျားက ဘာလို့များ ကျွန်တော့်ကို ဓားပြမတိုက်ရတာလဲ..."

မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိ၏။

သူက ခေါင်းခါပြလိုက်သည် ။

"ဘိုးဘေးက ပထမကောင်းကင်လှေကားကို အောင်မြင်သွားပြီလေ... ။ မကောင်းဆိုးဝါးတစ္ဆေတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကို ဘာလို့ကြောက်နေရမှာလဲ ...။ ဘိုးဘေးက ကံကြမ္မာအမှတ် (၃၂၀၀) နဲ့ ဒါကို ယူလို့ရမယ်..."

"ဟုတ်တယ်...။ ငါက ပထမကောင်းကင်လှေကားကို အောင်မြင်သွားပြီဆိုမှတော့ ဒီလို လျှို့ဝှက်ရတနာမျိုးက ငါ့အတွက် သိပ်ပြီး အဓိပ္ပာယ်မရှိတော့ဘူး..။ ငါက ကံကြမ္မာအမှတ်ကို သိမ်းထားတာ ပိုပြီးကောင်းမယ်...။ ငါက မင်းကို ကံကြမ္မာ အမှတ် (၂၄၀၀)ပဲ ပေးနိုင်မယ်... ။ ဒါက နောက်ဆုံးဈေးနှုန်းပဲ ... "

မုန့်ချီက ရယ်လိုက်၏။

"အတွင်းထဲမှာ မကောင်းဆိုးဝါးတစ္ဆေတွေ ရှိနေတယ်... ။ ဘိုးဘေးက သူတို့တွေကို အကူအညီအဖြစ်လည်း အသုံးပြုလို့ ရနိုင်သေးတယ်...။ ဘိုးဘေးက တိုက်ခိုက်နိုင်တယ်... ။ ခြိမ်းခြောက်နိုင်တယ်..။ သူတို့ကို ထိန်းချုပ်ပြီး ကျိန်စာတိုက်နိုင်သေးတယ်...။ သာမန်တိုက်ခိုက်ရေး ၊ ခုခံရေးလက်နက်တွေက ဒါကို ယှဉ်နိုင်မှာလား..။ ကျွန်တော်က အနည်းဆုံး ကံကြမ္မာအမှတ် (၃၀၀၀) ပဲ ထားပေးနိုင်မယ် ...”

“ဒါပေမဲ့ အဲဒါကလည်း ပြောရခက်တယ်...။ ငါက သနားကြင်နာတဲ့အနေနဲ့ မင်းကို ကံကြမ္မာအမှတ် (၂၆၀၀)ပဲ ပေးနိုင်မယ်..."

ချူချမ်းနင်က ပြန်ပြောလိုက်သည် ။

"ဒါဆိုလည်း ထားလိုက်ပါတော့။ ကံကြမ္မာအမှတ် (၂၈၀၀) ထက် နည်းမယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်ပဲ စွန့်စားပြီး သုံးလိုက်တော့မယ်... "

မုန့်ချီက လက်ကို ပြန်ရုတ်လိုက်သည် ။

ချူချမ်းနင်က ရှေ့တိုးလာခဲ့၏။

"ကောင်းပြီလေ ...။ ကံကြမ္မာ အမှတ် (၂၈၀၀) နဲ့ပဲ ယူပေးလိုက်မယ်..."

မုန့်ချီက ပြုံးလိုက်ပြီး အပေးအယူပြီးဆုံးသွားခဲ့သည် ။ ထို့နောက် သူက ကျိလော်ကျူး၏ ဓားရှည်နှင့် ရှားပါးတွင်းထွက်ပစ္စည်း အနည်းငယ် ၊ ဆိုကာပန်းပွင့်များကို အလယ်တွင် ရှိနေသော ကျောက်စိမ်း‌တိုင်လုံးထဲသို့ ထည့်လိုက်သည် ။

"ဒေါသချုပ်နှောင် မကောင်းဆိုးဝါးဓား … အဆင့်နိမ့် အဖိုးတန် လက်နက် ...။ ဓားထဲမှာ ငရဲဝိညာဉ်တစ်ကောင် ပိတ်မိနေပြီး ငရဲသံနှင့်တစ်ခြားပစ္စည်းတွေကို သုံးပြီး ထုလုပ်ထားတယ်... ။ နဂိုတုန်းကတော့ ဒီလက်နက်က အလယ်အလတ်အဆင့်ပဲ ...။ ဒါပေမဲ့ အစစ်အမှန် နေမီးတောက်တွေနဲ့ အစိမ်းရောင်မိုးကြိုး တိုက်ခိုက်တာကို ခံခဲ့ရတယ် ...။ ဒါကြောင့် အဆင့်နိမ့်သွားပြီး အဆင့်မြင့်ဝိညာဉ် (၁၀၀) ကျော်ကို သုံးမှ ပြန်ကောင်းနိုင်မယ် ...။ ဒါမှမဟုတ် ကံကြမ္မာအမှတ် (၁၂၀၀) ကို သုံးလို့ရမယ် ...။ အခု ကံကြမ္မာအမှတ်(၂၃၀၀) တန်ကြေးရှိတယ် ..။ ကံကြမ္မာ အမှတ် (၁၅၀၀) နဲ့လဲလို့ရမယ် ....”

“ရွှေသဲအဆီအနှစ် …

ရွှေသဲအမျိုးအစား နတ်ဘုရားကျင့်စဉ် ဒါမှမဟုတ် အလားတူအဖိုးတန်လက်နက်ကို သန့်စင်ဖို့ အသုံးပြုနိုင်တယ် ...။ ကံကြမ္မာ အမှတ် (၁၄၀၀) တန်ကြေးရှိတယ် ...။ ကံကြမ္မာအမှတ် (၈၀၀) နဲ့လဲလို့ရတယ်...။

တစ်ဝက်တစ်ပျက် ဖန်တီးထားတဲ့ လေဟာနယ်ကြိုး .. သန့်စင်လက်နက်အဆင့် ...။ အဲဒီအရာက ကျုံ့နိုင်တယ်...။ ကံကြမ္မာအမှတ် (၈၀၀) တန်ကြေးရှိတယ်...။ ကံကြမ္မာအမှတ် (၈၀) နဲ့လဲလို့ရမယ် ..”

“ရှာပါးငရဲရေတွေ စုပ်ယူထားတဲ့ ဆိုကာ ပန်းပွင့်..။ အပူအပင်မဲ့ဆေးရည်‌ သန့်စင်ဖို့ အသုံးပြုလို့ရမယ် ...။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကတောင် အဲဒီအရာကို သောက်နိုင်ပြီး သူ့ရဲ့အရင်ဘဝ မှတ်ဉာဏ်တွေကို မေ့လျော့သွားနိုင်တယ် ...။ နတ်ဆိုးသုတ်သင်ရေးမြူခိုးတွေရဲ့ ဖိနှိပ်ထားမှုကြောင့် အချိန်ကြာလာတာနှင့်အမျှ ညှိုးခြောက်သွားလိမ့်မယ်..။ အဲဒီအရာက အချိန်အကြာကြီး ထိန်းသိမ်းမထားနိုင်ဘူး..။ ဒီတော့အပူအပင်မဲ့ဆေးရည် သန့်စင်ဖို့အတွက်လည်း မလုံလောက်ဘူး... ။ ဒါက သန့်စင်လက်နက် အဆင့်ပဲရှိတယ်။ တစ်ခုကို ကံကြမ္မာ အမှတ် (၉၀၀) တန်ကြေးရှိတယ် ..။ အမှတ် (၉၀) နဲ့ပဲလဲလို့ရမယ် ...။ စုစုပေါင်း (၅၉)ခုရှိတယ် ..."

မုန့်ချီက အံ့ဩမှင်တက်နေခဲ့၏ ။ သူက ဝေ့ကျင်းအဆင့်ကို မရောက်ခင် ဆိုကာပန်းပွင့်ကို ရခဲ့မည်ဆိုလျှင်တော့ မည်သို့ဖြစ်သွားမည်နည်း ။

သူက ချုချမ်းနင်ကို ရုတ်တရက်လှည့်ပြောလိုက်၏။

"ဘိုဘေး …

ကျွန်တော်က သန့်စင်လက်နက်အဆင့် ပစ္စည်းတွေကို ဉာဏ်အလင်းပွင့်မှုအဆင့် အဖွဲ့သားတွေဆီ ရောင်းချလို့ရနိုင်လား..."

တိမ်တိုက်ပြာဘိုဘေးက ထိုအရာကို လုပ်ခဲ့ဖူးသည့်အသံနှင့် ပြောလိုက်သည် ။

"တကယ်လို့ မင်းက သူတို့ဆီကို ကံကြမ္မာအမှတ် (၅၀၀) နဲ့ရောင်းလိုက်မယ် ဆိုရင်တောင် အဆုံးမှာတော့ ကံကြမ္မာအမှတ် (၅၀) ပဲရလိမ့်မယ် ...။ သံသရာအရှင်သခင်က ကျန်တဲ့ကံကြမ္မာအမှတ်တွေ အားလုံးကို ယူသွားလိမ့်မယ် ...”

“ဒီလောက်တော့ လောဘမကြီးသင့်ဘူးလေ ..."

မုန့်ချီက ထိုအရာများအားလုံးကို လဲလှယ်လိုက်ရ၏ ။ ထို့နောက် နတ်ဆိုးဆင့်ခေါ်ရေး ကျောက်တုံးကို လဲ‌၍ရခဲ့သော ကံကြမ္မာအမှတ်များ ပေါင်းလိုက်သည့်အချိန်တွင် သူ့ဆီ၌ စုစုပေါင်း ကံကြမ္မာအမှတ် (၁၂၆၄၅) ရှိသည် ။

မုန့်ချီရသွားသော ကံကြမ္မာအမှတ်များကို ကြည့်ပြီး ချူချမ်းနင်က ဝမ်းနည်းသွားသလို ခံစားနေရ၏ ။ သူမက ထိုအရာများအားလုံးကို လုယူချင်ခဲ့သည် ။ သူမလို လူတစ်ယောက်ကပင် တစ်ကြိမ်းတည်းနှင့် ကံကြမ္မာ အမှတ် (၁)သောင်းကျော် မရနိုင်ပေ ။

"ဘာလဲရင် ကောင်းဦးမလဲ..."

မုန့်ချီက နောက်ထပ်ပစ္စည်းတစ်ခုကို တွေးမိသွားသည့်အတွက် လေဟာနယ်လက်စွပ်ကို ထုတ်လိုက်သည် ။

"ဘာ၊ ဘာရှိသေးတာလဲ ..."

ချုချမ်းနင်က တုန်ရီနေသောအသံနှင့် ပြောလိုက်သည် ။

သူထုတ်လိုက်သည်မှာ ကျိလော်ကျူးနှင့် အန်ကုံရှဲ့တို့၏ ကြေးသော့များနှင့် ရွှေမဟုတ် ၊ ကျောက်တုံးမဟုတ်၊သစ်သားမဟုတ် ၊ ပိုးသားမဟုတ်သော ထူးဆန်းသည့် တံဆိပ်ပြားလေးဖြစ်သည် ။

"သိုလှောင်ခန်းသော့ …

တိကျတဲ့လိပ်စာလိုအပ်တယ် ကံကြမ္မာအမှတ်(၂၀၀) ...

ခြံဝန်းသော့ ..

တိကျတဲ့လိပ်စာလိုအပ်တယ် ...။ ကံကြမ္မာအမှတ် (၂၀၀) ..."

ကျိလော်ကျူးနှင့် တူညီနေသော သော့ကလွဲလျှင် အန်ကုံရှဲ့၏သော့များအားလုံးက တူညီသောသုံးသပ်မှုသာရှိသည် ။

မုန့်ချီက ခဏကြာစဉ်းစားပြီး တိကျသောလိပ်စာကို မမေးခဲ့ပေ ။ အဘယ်ကြောင့်ဆိုသော် အန်ကုံရှဲ့၏ ပစ္စည်းများထဲတွင် သန့်စင်လက်နက်များ ရှိနေနိုင်၏။ ထိုကဲ့သို့ ပစ္စည်းများလည်း ရှိချင်မှ ရှိလိမ့်မည် ။ သူက အလောင်းအစား လုပ်တတ်သော လူတစ်ယောက် မဟုတ်သည့်အတွက် မလိုအပ်သော ကံကြမ္မာအမှတ်များကို မသုံးချင်တော့ပေ ။ ထို့ကြောင့်လည်း သူက လုံးဝ မစမ်းသပ်ခြင်းဖြစ်၏ ။

"လျှို့ဝှက်ခြံဝန်းသော့…

တိကျတဲ့လိပ်စာ လိုအပ်တယ်..။ ကံကြမ္မာအမှတ်(၅၀၀) ။ ပစ္စည်းတစ်ခုကို ဖွင့်ဖို့အတွက် တံဆိပ်တစ်ခု ...။ အသေးစိတ် သိချင်တယ်ဆိုရင် ကံကြမ္မာအမှတ် (၁၀၀၀) လိုအပ်တယ်... "

မုန့်ချီက တွက်ချက်ကြည့်လိုက်ရာ စုစုပေါင်း ကံကြမ္မာအမှတ် (၁၅၀၀) လိုအပ်သည် ။

ထိုပစ္စည်းက ထိုအမှတ်ထက် ပို၍တန်ဖိုးရှိသည်ဟု တွေးမိခဲ့၏ ။ ထို့ကြောင့် သူက ခဏကြာစဉ်းစားပြီး ချူချမ်းနင်ကို အပြုံးနှင့် ပြောလိုက်သည် ။

"တိမ်တိုက်ပြာဘိုးဘေး …

ဒီသော့တွေက အန်ကုံရှဲ့ဆီကရထားတာ။ သော့တစ်ချောင်းချင်းဆီက သူ့ရဲ့ရတနာနယ်‌မြေတစ်ခုဆီကို ဖွင့်နိုင်တယ်.။ သူကသေမင်းပင်လယ်ထဲမှာ တစ်ကိုယ်တော်ဓားပြလို့ နာမည်ကျော်တယ်..။ ဒီတော့ သူ့ဆီမှာ ရတနာတွေ အများကြီး ရှိနိုင်တယ် ...။ ဒါက ဘိုးဘေးရဲ့အဆင့်နဲ့ မကိုက်ညီပေမဲ့ ဘိုဘေးက ကံကြမ္မာအမှတ် အများကြီး ရရင် ရနိုင်တယ် ...။ သွားဖို့ စိတ်ဝင်စားလား ..."

တိမ်တိုက်ပြာဘိုးဘေးက ခဏကြာစဉ်းစားပြီး ပြောလိုက်သည် ။

"ငါက မင်းကို ကံကြမ္မာအမှတ်(၈၀၀) ပေးနိုင်မယ် ...။ ဒီထက်တော့ ပိုမရဘူး.."

"သဘောတူတယ်..."

မုန့်ချီက လက်ခံလိုက်သည် ။

ချူချမ်းနင်က ကံကြမ္မာအမှတ်(၆၀၀) မကမ်းလှမ်းမိသည့်အတွက် နောင်တရသွားခဲ့၏ ။

ချူချမ်းနင်က ကံကြမ္မာအမှတ်အများဆုံး ကမ်းလှမ်းလိုက်သည့်အတွက် မုန့်ချီက အချက်အလက်များကို လဲလှယ်ရန် ရွေးချယ်လိုက်သည် ။

"ဖွင့်ရမဲ့ တံဆိပ်ပြားက ငါးပင်လယ်၊ ကွမ်လင်းလမ်းထဲမှာရှိတဲ့ ပြည့်စုံခြင်း တံခါးပဲ…”

“ပြည့်စုံခြင်းတံခါးလား…

တော်တော်ကို အဆင့်မြင့်တဲ့ နာမည်မျိုးပဲ... "

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့မိသည် ။

Translated by Hein Htet

All Chapters