အခန်း (၅၂၂)
Vol. 35 Ch. 522
ပြည့်စုံခြင်းတံခါးနှင့် ပတ်သက်သော တိကျသည့်အချက်အလက်များကတော့ ကံကြမ္မာအမှတ်(၁၀၀၀)ပေးရန် လိုအပ်သည်။ မုန့်ချီဆီတွင ်ကံကြမ္မာအမှတ် အလွန်များပြားနေသော်လည်း သူကတော့ ထိုအကြောင်းအရာအတွက် ကံကြမ္မာအမှတ်များကို ဖြုန်းတီးလိုခြင်း မရှိချေ။
သူက ထိုနေရာကိုသွားရှာပြီး ကိုယ်တိုင်စုံစမ်းရန်သာ ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက အဖြေမရှာနိုင်လျှင် သံသရာအရှင်သခင်ဆီသို့ ပြန်လာ၍ အကူအညီတောင်းနိုင်သေးသည်။ သူက အင်မော်တယ်ကမ္ဘာကြီးထဲမှ ထွက်လာပြီးသွားလျှင်လည်း လွတ်လပ်စွာ သွားလာနိုင်ပြီး ယခင်တုန်းကလို စောင့်နေရန် မလိုအပ်ပေ။
ချူချမ်းနင်က သော့များကိုပုတ်ကြည့်နေပြီး သူမက ထိုသိုလှောင်ခန်းများကို ဖွင့်သည့်အချိန်တွင် မည်ကဲ့သို့သော ရတနာမျိုး ရနိုင်ကြောင်း တွေးကြည့်နေမိခဲ့၏။ သူမ၏မျက်လုံးများက နူးညံ့သိမ်မွေ့နေပြီး ယခင်တုန်းကလို တောက်ပြောင်နေခြင်း မရှိချေ။
မည်ကဲ့သို့ ရှာရမလဲဟူသောအရာနှင့် ပတ်သက်ပြီး သူမကတော့ သံသရာအရှင်သခင်ဆီတွင် ကံကြမ္မာအမှတ်များ ဖြုန်းတီးခဲ့ခြင်း မရှိချေ။ သူမဆီတွင် အနောက်ပိုင်းနယ်မြေတစ်ခွင်လုံးမှ သတင်းကွန်ရက်တစ်ခု ရှိနေ၏။
မုန့်ချီက သော့(၂)ချောင်းနှင့် ပြည့်စုံခြင်းတံခါးကိုဖွင့်ရန် တံဆိပ်ပြားကို သိမ်းထားလိုက်သည်။ ထိုအချိန်တွင် သူ လိုအပ်သောအရာများကို စာရင်းထဲတွင် ရှာဖွေကြည့်နေခဲ့သည်။ မုန့်ချီက ကောင်းကင်ရွှေကျင့်စဉ်၏ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို ရရှိခဲ့ပြီးနောက် ဝေ့ကျင်းအဆင့်ကျင့်စဉ်များ လိုအပ်မှုမရှိတော့ပေ။
သူ့ဆီတွင် လုံလောက်သော ကျင့်စဉ်များ ရှိနေသော်လည်း သူ၏အကောင်းဆုံးနှင့် ပင်မသိုင်းပညာဖြစ်သည့် ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့ကတော့ အတော်လေး အားနည်းနေသေးသည်။
ဝေ့ကျင်းအဆင့် ဓားသိုင်းပညာထဲတွင် သူ့အတွက် အသုံးပြုနိုင်သည်မှာ ဗာရိုဓားသိုင်းပညာ၊ သံသရာမှော်သားရဲဓားသိုင်းပညာ၊ ကောင်းကင်နတ်သမီး ဓားသိုင်းပညာနှင့် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ အကူအညီကြောင့် အဆင့်မြှင့်တင်ထားနိုင်ခဲ့သော တုကူးဓား(၉)ကွက်၏ (၁၀)ကွက်မြောက် သိုင်းကွက်တို့သာ ရှိသည်။
ထို့ပြင် အရှေ့ပိုင်း ဓားသိုင်းပညာများကသာ အဆင့်မြင့်ပြီး နောက်ပိုင်း ဓားသိုင်းပညာ(၂)ခုကတော့ အတော်လေးကို အားနည်းလွန်းလှသည်။ အရှိန်အဝါဖျက်ဆီးရေး ဓားသိုင်းပညာက အခြေခံဓားနိယာမများကို နားလည်သွားပြီဟု ဆိုလိုနေသည်။ ထိုအရာက ဓားသိုင်းပညာတိုင်းနှင့် ပေါင်းစပ်နိုင်စွမ်းရှိ၏။
ထိုအရာက သေချာရှာဖွေလိုက်မည်ဆိုလျှင် နေရာတိုင်းတွင် တိုးတက်လာနိုင်ပြီး အနှစ်သာရများကို ဖမ်းဆုပ်မိရန် ပို၍များပြားသော ဓားသိုင်းပညာများကို လေ့လာရန် လိုအပ်နေသေးသည်။
ဓားရှည်သိုင်းပညာနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် အဓိကတိုက်ခိုက်ရေးနည်းလမ်းဖြစ်သော ဓားမောက်သိုင်းပညာကတော့ ပို၍ပင် အားနည်းသွားပုံရသည်။သူ၏အဖိုးတန် ဓမ္မကာရအဆင့် သိုင်းကွက်ကောင်းကင်မိုးကြိုး(၅)သွယ်နှင့် တဟုန်ထိုးဓားသိုင်းပညာ၊ အနတ္တကျိန်စာဖျက် ဓားသိုင်းပညာတို့က အသုံးပြုသည်မှာ အတော်လေးကိုရှားပါးသည်။
ခရမ်းမိုးကြိုးဓား(၇)ချက်ကလည်း နောက်ဆုံးမိုးကြိုးတိုက်ခိုက်မှုတစ်ခုတည်းသာ ကျန်နေတော့၏။ မကြာသေးခင်ကမှ ဝေ့ကျင်းအဆင့်ကို ရောက်ရှိသွားခဲ့သော ကောင်းကင်ဓားကျင့်စဉ်ကလည်း ပင်မလမ်းညွှန်ချက်တစ်ခုကဲ့သို့သာ ဖြစ်နေသည်။
လက်ရှိအချိန်တွင် မုန့်ချီ အသုံးပြုနိုင်သည်မှာ ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာတစ်ခုတည်းသာရှိ၏။ အဆင့်မြှင့်တင်ထားသော ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့ကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လိုက်မည်ဆိုလျှင် တခြားသိုင်းကွက်များနှင့် ပေါင်းစပ်နိုင်ပြီး ရန်သူများကို ပစ်မှတ်ထားရန် ပို၍လွယ်ကူနိုင်သည်။ ထိုအရာများအားလုံးက ပညာရှင် တစ်ယောက်တွင် ရှိရမည့်အရာများလည်းဖြစ်၏။
သူက မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို အမှန်တကယ် ရရှိခဲ့ပြီး မိုးကြိုးသဘာဝ ဓားမောက်သိုင်းပညာကို လေ့လာနေခဲ့သည်။ ထိုအရာက သူ၏ကြိုးစားအားထုတ်မှုများကို ပြသနေပြီး သူက ထိုအရာများအားလုံးကို စွန့်လွှတ်လိုက်မည်ဆိုလျှင်တော့ လွှဲပြောင်းမှုများက အရာမထင်နိုင်တော့ပေ။
အဓိက ဓားမောက်သိုင်းပညာ(၂)ခုကို လေ့ကျင့်လိုက်ခြင်းက သေချာပေါက် အာရုံပြန့်လွင့်နိုင်ခြင်း မရှိနိုင်ပေ။ သူ ကြိုးစားအားထုတ်နေသော ဓားမောက်ဓားရှည် ပူးပေါင်းတိုက်ခိုက်မှုနှင့် ပတ်သက်လာမည်ဆိုလျှင်တော့ သူက ယင်ယန်ပြောင်းပြန် ဓားသိုင်းပုံစံကိုသာ လဲလှယ်နိုင်ခဲ့သည်။ ထိုအရာက အဆင့်နိမ့်ပြီး စွမ်းအားအမြောက်အများ မရှိသော်လည်း သူ၏ဓားမောက်နှင့်ဓားရှည် ပူးတွဲတိုက်ခိုက်မှုကို အဆင့်မြှင့်တင်ရန်အတွက် ခြေနင်းကျောက်တုံးတစ်ခုအဖြစ် အသုံးပြုနိုင်၏။
ထို့ပြင် ထိုနည်းလမ်းနှင့် ရင်းနှီးလာအောင်လည်း လုပ်ဆောင်ပေးနိုင်သည်။ ထို့ကြောင့် ထိုအရာက တိုက်ပွဲထဲတွင် ရှားရှားပါးပါးသာ အသုံးပြုနိုင်၏။ ယခုတစ်ကြိမ်တွင်တော့ သူက အလွန်အဆင့်မြင့်သော ဓားမောက်နှင့် ဓားရှည် ပူးတွဲတိုက်ခိုက်ရေး ပုံစံတစ်မျိုးကို လဲလှယ်ရန် လိုအပ်နေသည်။
"ဟုတ်တယ်။ ငါက အရာအားလုံးကို လွှမ်းမိုးနိုင်တဲ့ ဓားရှည်သိုင်းပညာတစ်ခု လိုအပ်တယ် ..."
မုန့်ချီက စဉ်းစားနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။
"ငါက ကံကြမ္မာကွင်းဆက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါင်းစပ်ခြင်းနည်းလမ်းကို ဘာကြောင့်များ မကြိုးစားမိခဲ့တာလဲ။ သံသရာအရှင်သခင်က စိတ်ဝိညာဉ်လွှဲပြောင်းမှုအပြင် ကျမ်းစာလွှဲပြောင်းမှုတွေကိုလည်း လုပ်ဆောင်ပေးတယ် ကံကြမ္မာကွင်းဆက်ကတော့ ဗဏကာရဓားသိုင်း မဖြစ်နိုင်ဘူး ။ ခန္ဓာကိုယ်တစ်ခုလုံး ပေါင်းစည်းခြင်းက အစစ်အမှန်အနှစ်သာရကို နားလည်ဖို့ ကူညီပေးနိုင်လိမ့်မယ် ... ငါက ကံကြမ္မာအဖြစ်အပျက်တွေကနေတဆင့် တချို့ကောင်းကျိုးတွေကိုလည်း စုစည်းနိုင်တယ်။ ပြီးတော့ ကောင်းကင်ရွှေကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်နဲ့ ပတ်သက်ပြီး ကံကြမ္မာနဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေကိုလည်း ပိုပြီးတော့ နားလည်နိုင်လိမ့်မယ်။ ငါက အဲဒါကို တိုက်ရိုက်နားမလည်နိုင်ပေမယ့် ရေစက်ရှိတယ်ဆိုရင်တော့ နားလည်လာမှာပဲ .”
“အနတ္တရဲ့အဖြစ်အပျက်က ဘယ်လောက်ပဲ လျှို့ဝှက်ဆန်းကြယ်ပြီး ခြေရာခံလို့မရပါစေ နောက်ဆုံးမှာ ကံကြမ္မာကြိုးတွေက ပေါ်လာရတာပဲလေ .။ တကယ်လို့ ငါကသာ ကံကြမ္မာဓားချက်အကြောင်းကို သင်ယူနိုင်မယ်ဆိုရင် ငါက ဒီကစားပွဲရဲ့ရှေ့ကို ရောက်သွားနိုင်တယ်။ ငါက တစ်ချိန်လုံး စိုးရိမ်နေဖို့ မလိုတော့ဘူး။ ပြီးတော့ အဲဒီအရာနဲ့ပတ်သက်ပြီး အဖြေတစ်ခု ရှာနိုင်တယ် ...”
“ကောင်းကင်ဘိုးဘေးက ကံကြမ္မာအားလုံးရဲ့ မျိုးစေ့လို့ ပြောကြတယ် ...။ ကောင်းကင်ရွှေကျင့်စဉ်ထဲမှာ ပါဝင်တဲ့အရာတွေကလည်း ကံကြမ္မာသစ်သီးနဲ့ ပတ်သက်ပြီး နားလည်မှုတွေကို လုံးဝတသားတည်း ဖြစ်သွားစေနိုင်တယ်။ ဒါက အနတ္တရဲ့ အတိတ်လမ်းကြောင်းနဲ့ သွေဖယ်သွားပြီ ... "
ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာပြီး မုန့်ချီက ဆုံးဖြတ်ချက် ချလိုက်သည်။ သူဆီတွင် စိတ်ဝိညာဉ်လွှဲပြောင်းမှု၏ ပင်မလမ်းညွှန်ချက်ရှိနေပြီဖြစ်သည့်အတွက် ကံကြမ္မာကွင်းဆက်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ပေါင်းစပ်ရန် မူလတန်ဖိုး၏ နှစ်ဆဖြစ်သော ကံကြမ္မာအမှတ် (၂၄၀၀)သာ လိုအပ်သည်။
သူက လုပ်ချင်သည့်အရာကို လုပ်ခဲ့၏။ သူက စဉ်းစားမနေဘဲ အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီသို့ လျှောက်သွားခဲ့သည်။ တိုင်လုံးကြီးက ကျောက်စိမ်းနှင့် ဖန်တီးထားသလို ထင်မှတ်ရ၏။ မုန့်ချီ၏ရင်ထဲတွင်တော့ အလွန်စေးကပ်သော ရွှံနွံအိုင်ကြီးတစ်ခုထဲကို ဖြတ်သန်းသွားခဲ့ရသလို ခံစားခဲ့ရသည်။
"အနတ္တကျိန်စာဖျက်ဓားပညာရဲ့ (၅)ကွက်မြောက်သိုင်းကွက် ၊ ကံကြမ္မာကွင်းဆက် ခန္ဓာကိုယ်ထဲကို ပေါင်းစည်းခြင်း။ စိတ်ဝိညာဉ်လွှဲပြောင်းမှုက ရရှိနိုင်တယ် ..။ ကံကြမ္မာအမှတ် (၂၄၀၀) နှုတ်လိုက်ပြီ။ ခန္ဓာကိုယ်ထဲ ပေါင်းစည်းခြင်း စတင်ပြီ ... "
သံသရာအရှင်သခင်၏အသံက မုန့်ချီ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ထိုအချိန်တွင် အလွန်သိပ်သည်းသော မြူခိုးများက သူ့ဆီကို ကျရောက်လာခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက မည်းမှောင်သွားကြောင်း မုန့်ချီက ခံစားလိုက်ရသည်။
တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေးများက လေဟာနယ်ထဲတွင်လည်း ပျံ့နှံလာခဲ့သည်။ သူတို့အားလုံးက လှုပ်ရှားလာပြီး အလွန်ထူးခြားဆန်းကြယ်သော အနှစ်သာရများ၏ ပုံသဏ္ဍာန်နှင့် ကိုက်ညီနေခဲ့၏။
ထိုအချိန်တွင် ဓားမောက်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ကြယ်ပွင့်ကလေးများ ဆုံနေသည့် နေရာတချို့ကို ရုတ်တရက် ခုတ်ချလိုက်သည်။ ထိုကြိုးမျှင်လေးများက အကောင်းအဆိုး မည်သို့ဖြစ်နေစေကာမူ ဓားမောက်အလင်းတန်းပေါ်သို့ ကပ်ညှိလာကြသည်။ ကံကြမ္မာမရှိသော ထိုအစက်လေးများက အလွန်အားနည်းလာပြီး ဓားမောက်အလင်းတန်းတစ်ခု လှုပ်ရှားလိုက်ရုံနှင့် လုံးဝကို ပျောက်ကွယ်သွားခဲ့၏။
"မင်းကို သတ်လိုက်မယ်ဆိုရင် မင်းရဲ့ကံကြမ္မာကို ဆက်ခံရလိမ့်မယ် ။ မင်းရဲ့ကံကြမ္မာကို ဆက်ခံပြီး မင်းရဲ့အသက်ကို ယူမယ်…"
အရာအားလုံးက ပျောက်ကွယ်သွားပြီး မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင်တော့ လှုပ်ရှားနေသော ရောင်စုံကြိုးလေးများစွာ ပေါ်လာခဲ့သည်။ သူ့စိတ်ထဲတွင်လည်း ထန်မိသားစု၏အရေးကိစ္စများ၊ စုမိသားစု၏ အရေးကိစ္စများနှင့် ခန္ဓာကိုယ်၏ကံကြမ္မာများအားလုံး ပြည့်နှက်လာခဲ့သည်။ လက်ရှိသူ၏အခြေအနေက ခံစားချက်များစွာ ပြည့်နှက်နေခဲ့၏။
"ထင်ထားတဲ့အတိုင်းပဲ ။ ဒါက ဗဏကာရာ ဓားသိုင်းမဟုတ်ဘူး။ ဒါက အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ အရာမျိုးပဲ။ ရန်သူဆီမှာ ကံကြမ္မာများများရှိလေလေ အနိုင်ရဖို့ အခွင့်အလမ်း ပိုပြီးတော့ များလေလေပဲ။ ဒါပေမဲ့ ရန်သူကပဲ ထိခိုက်ရတာမဟုတ်ဘူး။ အစစ်အမှန်ကံကြမ္မာကွင်းဆက်မှာ သတ်ဖြတ်သူက အကြီးလေးဆုံး ကံကြမ္မာကို ဆက်ခံဖို့ လိုအပ်တယ်။ အခြားအရာတွေကို မလိုအပ်ဘူး ...”
“သံသရာအရှင်သခင်က ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ပေးလိုက်ပြီးနောက် မင်းသတ်လိုက်တဲ့ လူတိုင်းရဲ့ကံကြမ္မာတွေအားလုံးက မင်းဆီကို တွယ်ကပ်လာလိမ့်မယ်။ ဒါက တော်တော်လေးကို ပြဿနာများတယ်။ မင်းရဲ့ခန္ဓာကိုယ်နဲ့ တာအို(၂)မျိုးလုံးကသာ သေသေချာချာ ကိုင်တွယ်နိုင်ခြင်းမရှိရင် မင်းလည်း သေဆုံးသွားရလိမ့်မယ် .."
မုန့်ချီကတော့ ဓားသွားကို စိုက်ကြည့်နေမိခဲ့သည်။
ချူချမ်းနင်က သူမ၏သော့များကို သိမ်းလိုက်ပြီး မုန့်ချီ လဲလှယ်နေသည်ကို ကြည့်နေခဲ့သည်။ သို့သော် သူမကတော့ သူ၏စွမ်းအင်များ၊ လျှို့ဝှက်နည်းလမ်းများကို လုံးဝမမေးခဲ့ပေ။ ထိုအရာက သူမ၏အလုပ်လည်း မဟုတ်ချေ။
ရုတ်တရက်ဆိုသလို မုန့်ချီက သူမကိုစိုက်ကြည့်လိုက်ကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်လုံးများကတော့ လေဟာနယ်တွင်းနက်များကဲ့သို့ နက်ရှိုင်းလွန်းလှပြီး သူတို့ထဲတွင် သူမကို နှောင့်ယှက်နိုင်သောအရာများ ဖုံးကွယ်ထားသလို ထင်မှတ်ရသည်။
"ဘိုးဘေး ...
ဘိုးဘေးမှာ ကံကြမ္မာတွေ အများကြီးရှိနေတာပဲ…"
မုန့်ချီ၏အသံက အလွန်တည်ငြိမ်နေခဲ့သည်။
ချူချမ်းနင်က မှင်တက်သွားခဲ့၏။
"ဘယ်လို ... "
မုန့်ချီကတော့ စကားမပြောဘဲ ပြုံးရုံလေး ပြုံးလိုက်သည်။
သူ့ပုံစံက လမ်းမပေါ်တွင် ကံကြမ္မာဖတ်ပြနေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူမဆီတွင် ကံကြမ္မာအမြောက်များ ရှိနေကြောင်းသာ သူက မြင်နေရသော်လည်း ထိုကံကြမ္မာများက မည်သည့်အရာဖြစ်ကြောင်း သူလည်း မသိနိုင်ပေ။ မုန့်ချီက ဆက်မပြောတော့ဘဲ ဆက်လက်လဲလှယ်နေခဲ့၏။
ထိုအချိန်တွင် ချူချမ်းနင်က အံကြိတ်ပြီး ပြောလိုက်သည်။
"ကံကြမ္မာကျင့်စဉ် ပွင့်သွားပြီ .။ မင်းက ကောင်းကင်ရွှေကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုရတာ တော်တော်လေး ကောင်းတာပဲ။ ကံကြမ္မာအားလုံးရဲ့မျိုးစေ့က တော်တော်လေးကို ထူးခြားတယ် ... "
"တကယ် ကောင်းပါတယ်…"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
ထို့နောက် မုန့်ချီက ဆုံးဖြတ်ထားသည့်အတိုင်း ခရမ်းမိုးကြိုးဓား(၇)ချက်ကို ပြည့်စုံအောင် လဲလှယ်လိုက်သည်။ လျှို့ဝှက်ရတနာများအတွက်တော့ ယခုသူ့ဆီတွင် သမာဓိကိုးသွယ် ပုတီးရှိနေသည့်အတွက် အနာဂတ်တွင် မလိုအပ်သေးပေ။
သူတို့က နတ်ဘုရားကမ္ဘာကြီး၏ တာဝန်ပြီးဆုံးသွားသည့်အချိန်မှသာ ရရှိလာသော ကံကြမ္မာအမှတ်များအပေါ် မူတည်ပြီး လဲလှယ်ရမည်ဖြစ်သည်။ ထိုအတွေးမျိုးကြောင့် မုန့်ချီက အတော်လေးကို စိတ်ပျက်သွားမိသည်။
သူက ငွေတံဆိပ်လူဆိုးထိန်း တစ်ယောက်ဖြစ်ရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရပြီး တံခါးပေါက်များကို ဖွင့်လှစ်ရန် ပစ္စည်းများ၏ တန်ဖိုးများကလည်း များပြားလှခဲ့သည်။ မူလတုန်းကတော့ သူက တစ်လလျှင် ကံကြမ္မာအမှတ် (၃၀၀)နီးပါးခန့် ရသော်လည်း ယခုတော့ ကံကြမ္မာအမှတ်(၃၀)သာရတော့၏။
သူက သံသရာအရှင်သခင်အကြောင်း တွေးလိုက်မိသည့်အချိန်တွင် မုန်းတီးစွာ အံကြိတ်လိုက်မိသည်။ ခရမ်းမိုးကြိုးဓား(၇)ချက်က ကံကြမ္မာအမှတ်(၈၈၀၀) လိုအပ်၏။ သို့သော် မုန့်ချီက ကံကြမ္မာအမှတ်(၂၀၀၀)သုံးပြီး ပင်မလမ်းညွှန်ချက်နှင့် (၅)ကွက်မြောက် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို လဲလှယ်လိုက်သည်။ နောက်ဆုံးသော ကောင်းကင်ဖျက်မိုးကြိုး သိုင်းကွက်က ကံကြမ္မာအမှတ်(၂၄၀၀) တန်ကြေးရှိနေသည့်အတွက် ကံကြမ္မာအမှတ်(၄၄၀၀) ကုန်ဆုံးခဲ့ရသည်။
ဓားမောက်သိုင်းပညာများ ရရှိသွားသည့်အချိန်တွင် မုန့်ချီက ဓားမောက်နှင့်ဓားရှည် ပူးပေါင်းတိုက်ခိုက်သည့် သိုင်းကွက်ကို မရွေးချယ်ခင် သူ၏လမ်းညွှန်ချက်များကို သေချာစစ်ဆေးနေခဲ့သည်။ ထိုလှုပ်ရှားမှုများက သူ၏စွမ်းအင် သဘာဝနှင့် ကိုက်ညီရန် လိုအပ်ပြီး အဖိုးတန်လက်နက်များ၏ စွမ်းရည်နှင့်လည်း လိုက်ဖက်ရန် လိုအပ်သည်။
လက်ရှိအခြေအနေတွင် သူ့ဆီ၌ ကံကြမ္မာအမှတ် အမြောက်အများရှိနေသည့်အတွက် မည်သည့်သိုင်းကွက်က ကောင်းမွန်ကြောင်း အလွန်အမင်းစဉ်းစားနေရန် မလိုအပ်ပေ။ သူက ကံကြမ္မာအမှတ် (၃၀၀၀)ကုန်ကျသော ဝေ့ကျင်းအဆင့်သိုင်းကွက် တစ်ခုကို လျင်မြန်စွာ တွေ့လိုက်ရ၏။
ထိုသိုင်းကွက်တစ်ခုတည်းက ကံကြမ္မာအမှတ်(၃၀၀၀) ကုန်ဆုံးပြီး (၂၃)ချက် ဓားသိုင်းကွက်က ကံကြမ္မာအမှတ် (၄၀၀၀)သာရှိသည်။ ထိုကျဆင်းနေသိုင်းကွက်က (၂၃)ချက် ဓားသိုင်းကွက်ကဲ့သို့ တန်ပြန်သက်ရောက်မှုများ မရှိပေ။
"ကျဆင်းနေ ဓားသိုင်းကွက် ...
အလယ်အလတ် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခု။ ဓားရှည်နဲ့ ဓားမောက် ပူးတွဲတိုက်ခိုက်ရတယ်။ သူ့ရဲ့အစွမ်းက ကြောက်စရာကောင်းပြီး ဓားရှည်နဲ့ဓားမောက် ပူးပေါင်းတိုက်ခိုက်လိုက်မယ်ဆိုရင် နေလုံးကြီး ကျဆင်းလာသလို ခံစားရနိုင်တယ်။ အဲဒီအရာကို နေကျချိန်မြင်ကွင်း မြင်တွေ့ခဲ့တဲ့ ရှေးဟောင်းပညာရှင်တွေက ဖန်တီးခဲ့တယ်။ ဒါပေမယ့် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ဆုံးရှုံးသွားခဲ့ရတယ်။ သူတို့ရဲ့ မျိုးဆက်တွေက အရင်မှတ်တမ်းတွေကနေ ပြန်လည်ရယူထားခဲ့တဲ့အတွက် ကံကြမ္မာအမှတ်(၃၀၀၀)ပဲ တန်ကြေးရှိတယ်... "
ထိုအရာက ပျောက်ဆုံးနေခဲ့သည်မှာ အတော်လေးကြာခဲ့ပြီး သံသရာအရှင်သခင်ဆီတွင် မူလသိုင်းကျမ်းရှိမရှိ မုန့်ချီက ပြန်လည်ရှာဖွေကြည့်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ထိုအရာများကို ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းစာမျက်နှာထဲတွင် တွေ့လိုက်ရသည်။
ထိုသိုင်းကွက်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်လျှင် ထိုသိုင်းကွက်၏ အစွမ်းက အစစ်အမှန်နေလုံးကြီး ပျက်စီးသည့်အစွမ်းနှင့် တူညီနိုင်သည်ဟု ပြောကြ၏။
"တော်တော်ကြောက်စရာကောင်းတာပဲ…"
မုန့်ချီက နဖူးပေါ်တွင် ကျဆင်းလာသော ချွေးများကို သုတ်လိုက်မိသည်။ ထို့နောက် သူက သူ၏စွမ်းရည်၊ အဖိုးတန်လက်နက်များနှင့် ကိုက်ညီသော ဓားမောက်နှင့်ဓားရှည် ပူးတွဲသိုင်းကွက်များကို လဲလှယ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက ရင်ကွဲပက်လက်ပုံစံနှင့် သူ၏ကံကြမ္မာအမှတ်များကို ပြန်ကြည့်လိုက်သည်။
သူကိုယ်တိုင်ပင် မသိလိုက်ခင် ကံကြမ္မာအမှတ် (၁)သောင်းနီးပါး အသုံးပြုခဲ့မိ၏။ သူ့ဆီတွင် ကံကြမ္မာအမှတ် (၂၀၀၀)ကျော် ကျန်နေသေးသည်။ ခဏကြာစဉ်းစားပြီးနောက် မုန့်ချီက ချူချမ်းနင်ဆီကို လှည့်၍မေးလိုက်သည်။
"ဘိုးဘေး ... အင်မော်တယ်တွေဆီမှာ ဆေးရည်တွေ ရနိုင်လား ... "
မူလတုန်းကတော့ သူက ကျောက်စိမ်းတိုင်လုံးထဲတွင် စစ်ဆေးကြည့်ခဲ့သော်လည်း သူလိုအပ်သောအရာကို ရှာမတွေ့ခဲ့ပေ။ သူက လျင်မြန်စွာ တိုးတက်လာရန်အတွက် မလိုအပ်သော တွင်းထွက်ပစ္စည်းများကို ရောင်းချခဲ့ခြင်းမရှိချ။ သူက ထိုအရာကို ပြည့်စုံသွားသည့်အချိန်မှသာ လဲရန် ဆုံးဖြတ်ထားခဲ့သည်။ သူက ကံကြမ္မာအမှတ် မလိုအပ်သေးသည့် အချိန်တွင်တော့ အင်မော်တယ်အဖွဲ့သားများကိုသာ ရွေးချယ်ပါလိမ့်မည်။
"ရတယ် ။ အဲဒီအရာကို စိမ်းပြာနန်းတော်ထဲမှာ ရောင်းတယ်။ ပေါင်ပုကျူး သန့်စင်ထားတဲ့ ဆေးရည်တွေအားလုံးကို အင်မော်တယ်တွေအတွက် ရောင်းချပေးတယ်။ အဖွဲ့ဝင်တိုင်းက သံသယအရှင်သခင်ထက် (၃၀)ရာခိုင်နှုန်း သက်သာတဲ့ဈေးနှုန်းနဲ့ လဲလှယ်လို့ရနိုင်တယ် ..."
တိမ်တိုက်ပြာဘိုးဘေးက သူ့ကို ပြောပြလိုက်သည်။
"အခုအချိန်မှာ တည်ငြိမ်ခြင်း အမှောင်ဆေးလုံးက နင့်အတွက် အကောင်းဆုံးပဲ ...။ အဲဒီအရာက ဒီလိုအဆင့်မျိုးမှာ အကောင်းဆုံး ကုသရေး ဆေးရည်တစ်ခုလို့ ပြောလို့ရတယ်။ အမှတ်(၁၃၀၀)ပဲကုန်တယ် ... "
မုန့်ချီက တည်ငြိမ်ခြင်း အမှောင်ဆေးလုံးနှင့် ပတ်သက်သော ဖော်ပြချက်များကို သံသရာအရှင်သခင်ဆီတွင် စစ်ဆေးကြည့်လိုက်ရာ ကျေနပ်သွားခဲ့သည်။ ထို့နောက် သူက မေးလိုက်၏။
"ဒါဆိုရင် အထွတ်အမြတ် တာအိုသခင်ဝတ်စုံကရော။ ကျွန်တော်က အကာအကွယ်အတွက် မလိုအပ်တဲ့အရာတစ်ခု လိုအပ်တယ်။ ဒါပေမယ့် အဲဒါက ကျုံ့နိုင် ဆန့်နိုင်ပြီး အလွယ်တကူ မပျက်စီးဖို့တော့ လိုတယ်…"
မုန့်ချီက ထိုမေးခွန်းကိုမေးရန် ခက်ခဲနေခဲ့သည်။
ချူချမ်းနင်က ရယ်လိုက်၏။
"အဲဒါလည်း ရှိတယ်။ သန့်စင်မှော်အရှင်က ယွင်ကျုံးကျိကို (၇)ခုတောင် သန့်စင်ခိုင်းထားတာ။ အဲဒီအရာကို စိမ်းပြာနန်းတော်ထဲမှာ လဲလှယ်လို့ရနိုင်မယ်.။ ကံကြမ္မာအမှတ်(၇၀၀)ပဲကုန်မယ်...”
ထိုအချိန်တွင် သူမဆီ၌ မှတ်ဉာဏ်တစ်ခုပေါ်လာပြီး သူမက တိုးတိုးလေး ရယ်လိုက်မိသည်။
"ငါ့ရဲ့ပုံရိပ်က ပျက်စီးသွားပြီ ... အနည်းဆုံးတော့ ချူချမ်းနင်ရဲ့ စိတ်ထဲမှာပေါ့…"
မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိ၏။
ထိုအချိန်တွင် သူက အလယ်ကျောက်စိမ်းတိုင်လုံး၏ အောက်တွင် စာတစ်စောင်ကို တွေ့လိုက်ရသည်။ သူက ထိုစာကို ဖတ်ကြည့်လိုက်ရာ သူ၏လက်အောက်ခံအဖွဲ့ဆီမှ စာဖြစ်ကြောင်း လျင်မြန်စွာ နားလည်သွားခဲ့၏။
"အင်မော်တယ်တွေက သံသရာမြေကွက်လပ်ထဲမှာ ပစ္စည်းတွေ ပို့နိုင်တဲ့အပြင် သံသရာမြေကွက်လပ်ထဲက ပစ္စည်းတွေကိုလည်း အင်မော်တယ်တွေဆီကနေ ယူနိုင်သေးတာလား ... "
မုန့်ချီက ထိုစာကို ဖွင့်ဖတ်ကြည့်လိုက်သည်။ သူတို့ပထမဆုံး ပူးပေါင်းခဲ့သည့် အချိန်ကတည်းကစပြီး သူ၏လက်အောက်ခံအဖွဲ့က သံသရာတာဝန်(၃)ခု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူတို့ကတော့ မုန့်ချီကဲ့သို့ ခရီးစဉ်များကို တစ်ယောက်မျှမကြုံရသေးပေ။
သူတို့၏အစွမ်းက သာမန်အရှိန်နှင့်သာ တိုးတက်လာနေပြီး အခက်အခဲများကလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ သူတို့က အဖွဲ့လိုက် ယှဉ်ပြိုင်ရသည့် အတွေ့အကြုံများ မရှိသေးဘဲ လူသစ်(၂)ယောက် သေဆုံးသွားခဲ့၏။
လက်ရှိအချိန်တွင် အဖွဲ့ထဲ၌ လူ(၅)ယောက်ရှိနေပြီး ယခုမှ တံခါး(၆)ပေါက်ပွင့်နေသော ထိုက်ယွဲ့ဂိုဏ်းမှ မင်းရန်လုံ၊ တံခါး(၄)ပေါက် ပွင့်နေသော ဝူရှို့ရှန် ၊ ယွမ်ရန်နှင့် ဝမ်လင်းယုတို့အပြင် တံခါး(၄)ပေါက်ပွင့်နေသော ဝူရှင်းဟုခေါ်သည့် ဓားသမား တစ်ယောက်လည်း ရှိနေသည်။
သူတို့က မုန့်ချီ၊ ရွမ်ယုရှုတို့နှင့် ဆွေးနွေးရန် မကြာခဏ စာရေးတတ်ပြီး သူတို့က အသေးစိတ် စာပြန်ပေးတတ်သည်။ အထူးသဖြင့် မတူညီသော သံသရာတာဝန်များနှင့် ပတ်သက်သောအရာများ၊ လေ့ကျင့်ရေး ပြဿနာများအကြောင်း ဖြစ်ကြသည်။ ထိုစာကိုတော့ ယွမ်ရန်က ရေးထားခြင်းဖြစ်ပြီး တချို့သော မေးခွန်းများအတွက် သူက အကြံတောင်းထားခြင်းဖြစ်သည်။
သူက အနာဂတ်တွင် ရင်ဆိုင်ရနိုင်သည့် တာဝန်များအကြောင်း ဆွေးနွေးရန်အတွက် မြောက်ပိုင်းသို့ သွားလာပြီး ကျင်းအင်ပါယာထဲတွင် သူ့အဖော်များနှင့် တိတ်တဆိတ် တွေ့ဆုံရန်လည်း ပြောပြထားသည်။ အကယ်၍ အကြီးအကဲများက စိတ်ဝင်စားလျှင် နှစ်ဝက်ကြာပြီးနောက် မြစ်အရှေ့ပိုင်းတွင် သူတို့နှင့် တွေ့နိုင်ကြောင်း ပြောပြထား၏။
"သူတို့က သံသရာကမ္ဘာကြီးထဲမှာ ဆက်သွယ်ရာကနေ အပြင်ဘက်မှာ တွေ့ဆုံကြတော့မှာပဲ ..."
မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
ထိုစာကို သိမ်းလိုက်ပြီးနောက် မုန့်ချီက ချူချမ်းနင်နှင့်အတူ စိမ်းပြာနန်းတော်ဆီသို့ ထွက်လာခဲ့သည်။ သူက တည်ငြိမ်ခြင်း အမှောင်ဆေးလုံးနှင့် ချင်းယွမ်တာအိုသခင် ဝတ်စုံတို့ကို ထိုနေရာတွင် လဲလှယ်လိုက်သည်။
ထို့နောက် ဘိုးဘေးဒိုမူ ထွက်သွားခဲ့သည့်အတွက် သူက နတ်ဘုရားကမ္ဘာကြီးနှင့် ပတ်သက်သော ကိစ္စများကို ချူချမ်းနင်ဆီ မေးမြန်းခဲ့လေသည်။
Translated by Hein Htet.