← Chapters

အခန်း (၅၂၅)

Vol. 35 Ch. 525

အခန်း (၅၂၅)

Vol. 35 Ch. 525

ဓားသေတ္တာ သယ်ဆောင်ထားသော လူငယ်လေးက တံခါးနားတွင် ထိုင်နေခဲ့သည် ။ သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းပြီး မသက်မသာ ခံစားနေရပုံပေါ်၏ ။ သူက ကြောက်စရာကောင်းသည့် အရာတစ်ခုခု ရောက်လာတော့မှာကို ကြိုတင်သိမြင်ထားပုံရသည် ။

မုန့်ချီကတော့ လူငယ်လေးဆီ သွားချင်စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည် ။ "ကောင်လေး...

ငါက မင်းရဲ့ပတ်ပတ်လည်မှာ အနက်ရောင်အငွေ့အသက်တွေ လွှမ်းခြုံနေတာကို မြင်ရတယ်..။ မင်းက ကံဆိုးမှုတစ်ခုကို ကြုံရတော့မယ်လို့ ငါ အာရုံခံမိတယ်..."

သူက ရောက်နေသည့်နေရာကို စဉ်းစားကြည့်လိုက်ပြီးနောက် ထိုကဲ့သို့ အတွေးမျိုးကို ဆန့်ကျင်ဆုံးဖြတ်လိုက်သည် ။ မသေချာသော အခြေအနေမျိုးတွင် သူ၏ရန်သူက မည်ကဲ့သို့လူမျိုးဖြစ်ကြောင်း မသိနိုင်ပေ ။

သူက ရှဲ့ရွှမ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည် ။

"မင်းက အစောပိုင်းမှာ တွေ့ခဲ့တဲ့ ဓားပျံကို စိတ်ဝင်စားနေသလိုပဲ စာသင်သားလေး ..."

သူက အခွင့်အရေးကို ရယူပြီး ဤနေရာတွင် ရှိနေသော အခြေအနေများကို အခြေခံအားဖြင့် နားလည်ခွင့်ရစေရန် ခေါင်းစဉ် ပြောင်းပေးလိုက်သည် ။

ကျန်းကျိဝေကတော့ စကားဝိုင်းထဲကို ဝင်ပြောခြင်းမရှိဘဲ အပြုံးနှင့် နားထောင်နေခဲ့၏ ။ မုန့်ချီနှင့် ယှဉ်လိုက်လျှင် သူမက လူမှုပေါင်းသင်းဆက်ဆံရာတွင် အတော်လေး လိုအပ်နေ‌သေးကြောင်း သိနေခဲ့သည် ။

မုန့်ချီကတော့ သူ၏စွမ်းရည်ကို အတော်လေးဂုဏ်ယူနေခဲ့သည် ။ မည်သို့ဖြစ်စေကာမူ သူ့ဆီတွင် မြေခွေးအိုကြီးများစွာ၏ လှည့်ကွက်များ ရှိနေပြီး ဝမ်စစ်ယွမ်နှင့် ကျန်းဟန်ချွန်ကဲ့သို့လူများကိုပင် ဆန့်ကျင်နိုင်သော လှည့်ကွက်များရှိသည် ။

သူက သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားနေခဲ့ပြီး ထိခိုက်မှုလည်း မရှိခဲ့ပေ ။ အကယ်၍ သူသာ တိုးတက်လာခြင်းမရှိလျှင် လမ်းမပေါ်တွင် လဲကျနေသော အရိုးစုအဖြစ် ပြောင်းလဲသွားပါလိမ့်မည် ။

စာသင်သားလေးကို မေးလိုက်သည့်အချိန်တွင် အတွင်းထဲ၌ ရှိနေသော လူပေါင်းများစွာက ရှဲ့ရွှမ်ကို လှည့်ကြည့်ခဲ့ကြသည် ။ ထိုကောင်လေးက အသက်ငယ်ငယ်လေးနှင့် စာသင်သားတစ်ယောက် ဖြစ်လာသည့်အတွက် သူတို့က အလွန်အံ့ဩနေကြပုံပေါ်၏ ။

လူတိုင်းက စိုက်ကြည့်နေကြသည့်အတွက် ရှဲ့ရွှမ်၏ ပါးနှစ်ဖက်က နီရဲလာခဲ့သည် ။ သူက ချောင်းဟန့်ပြီး ပြောလိုက်၏ ။

"ဘယ်သူကရော မိုင်(၁၀၀) လောက် အကွာမှာရှိတဲ့ လူတစ်ယောက်ကို ခေါင်းဖြတ်နိုင်တဲ့ ဓားအင်မော်တယ် တစ်ယောက် မဖြစ်ချင်လို့လဲ..။ ဒီကမ္ဘာကြီးထဲမှာ အဲဒီလောက် အစွမ်းထက်တဲ့ ဓားအင်မော်တယ် ဘယ်နှစ်ယောက်များ ရှိလို့လဲ... "

တာအိုသခင် အိုးရန်ကျန်းက တီးတိုးရေရွတ်လိုက်သည် ။

"နည်းလမ်းသိန်းပေါင်းများစွာကို ဓားချက်တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်တာက စကားပြောတာထက်တောင် ပိုနေသေးတယ်..။ တာအိုလမ်းစဉ်ကျင့်စဉ်တွေက ရှုပ်ထွေးပြီး အရမ်းကို များတယ်.။ တစ်ခုချင်းဆီမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေလည်း ရှိကြတယ်..။ ဒါပေမဲ့ ဓားချက်တစ်ချက်တည်းနဲ့ အဲဒီအရာတွေ အားလုံးကို ဘယ်လိုများ ဖျက်ဆီးနိုင်မှာလဲ... "

ကျန်းကျိဝေကတော့ မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည် ။

"သူ့ဆီမှာ အဆောင်တွေ အများကြီး သယ်ဆောင်ထားတယ်.။ အဲဒီအရာတွေ အားလုံးက ချီစွမ်းအင်တွေကို ချုပ်နှောင်နိုင်တဲ့ တာအိုလမ်းစဉ် နတ်ဘုရားအဆောင်တွေပဲ.။ ကမ္ဘာတည်ထောင်ခြင်းနတ်ဆိုး ၊ လောကသခင်နှင့် နတ်ဆိုးဗုဒ္ဓလို ကံကြမ္မာရှိသူတွေသာ တကယ့်အစစ်အမှန်အဆုံးသတ်ကို မြင်ရနိုင်တယ်..။ သူတို့က သူတို့ရဲ့အမွေအနှစ်တွေအဖြစ် ဝင်္ကပါတွေ အဆောင်တွေကိုပဲ ချန်ထားခဲ့တယ်... ။ သူတို့ကိုယ်တိုင်ရဲ့ ကျင့်စဉ်နည်းလမ်းတွေကိုတော့ ဆုံးရှုံးသွားတယ်... ။ နင်က သူ့ဆီကနေ ဒီအချက်ကို စုံစမ်းမေးမြန်းသင့်တယ်.. "

ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည့်အတွက် မုန့်ချီက စကားဝိုင်းကို အလွယ်တကူ ထိန်းချုပ်ခဲ့ပြီး အိုးရန်ကျန်းနှင့် ရှဲ့ရွှမ်တို့ဆီမှ အချက်အလက်များကို တစ်ပိုင်းတစ ရယူနေခဲ့၏ ။

ယန္တရားပညာရှင်များ ရှိနေသော အမှောင်နန်းတော်နှင့် တာအိုလမ်းစဉ် ပင်မဂိုဏ်းကြီးများထဲမှာ တစ်ခုဖြစ်သော နတ်ဘုရားဂိုဏ်းတို့က ဤနေရာကို အုပ်စိုးထားကြသည် ။ အမှောင်နန်းတော်၏အစွမ်းက နန်းတွင်းထဲတွင်ပင် အရာရောက်ပြီး တူညီသောစီရင်စုများထဲတွင် ရှိနေသည် ။

နတ်ဘုရားဂိုဏ်းကတော့ လောကရေးရာအခြေအနေများမှ ပုန်းရှောင်နေခဲ့ကြသည် ။ သူတို့၏ အမွေအနှစ် (၂)ခုတည်းတွင် တစ်ခုက အဆောင်များဖြစ်ပြီး တစ်ခြားတစ်ခုကတော့ ဓားအင်မော်တယ် လျှို့ဝှက်နည်းလမ်းနှင့် ဆန်းကြယ်သော ကျင့်စဉ်များ ၊ ဓားပျံများ ဖြစ်ကြသည် ။

သူတို့က လူသားနှင့် အင်မော်တယ်များကြားထဲတွင် အလယ်အလတ်ဟု သတ်မှတ်နိုင်၏ ။ ထိုဂိုဏ်းက စီရင်စုနှင့် တိုင်းပြည်တစ်ခုချင်းဆီတိုင်းတွင် နန်းတော်များ ရှိနေပြီး သူတို့၏အကျိုးစီးပွားများကို စီမံခန့်ခွဲကြသည် ။ သူတို့က ဆေးတောင်တန်းများ ၊ မိုင်းတွင်းများနှင့် နတ်ဆိုးများ ၊ တစ္ဆေများကို ဖြေရှင်းရန် အမှောင်နန်းတော်ကို ကူညီကြသည် ။

မိုးခေါင်သည့် အခြေအနေမျိုးတွင်ပင် သူတို့က မိုးရွာ‌လာအောင် ဆုတောင်းပေးနိုင်ကြပြီး ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ကြသည် ။ အမှောင်နန်းတော်နှင့် တာအိုသခင်များက ပူးပေါင်းဆောင်ရွက်ပြီး ရေကြီးရေလျှံမှုများကိုလည်း ကာကွယ်ပေးနိုင်ကြ၏ ။

အနည်းငယ် ထူးချွန်ထက်မြက်သော ရှဲ့ရွှမ်ကတော့ ကလေးဘဝကတည်းက သူ့ရွာထဲတွင် ရှိသော ယန္တရားပညာရှင်များ၏ အနားတွင် ပြေးလွှားဆော့ကစားနေခဲ့သည် ။ နောက်ပိုင်းတွင်တော့ သူက မီးမြူခိုးတိုင်းပြည်ထဲတွင် ရှိနေသော အမှောင်နန်းတော်၏ ဂိုဏ်းခွဲတစ်ခုကို ပူးပေါင်းခဲ့ပြီး ယန္တရားပညာရပ်ကို သင်ကြားရန် အခွင့်အရေးရခဲ့သည် ။

ထူးချွန်ထက်မြက်သော သူ၏ စွမ်းဆောင်ရည်ကြောင့် သူက စာသင်သားတစ်ယောက် ဟူသော ဂုဏ်ပုဒ်ကို ရရှိပြီး သူ၏ကိုယ်ပိုင်အခွင့်အရေးရှိနေသော ယန္တရားပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည် ။ ထိုဂိုဏ်းခွဲက သူ့ကို ယခုနှစ် သူတော်စင် စမ်းသပ်မှုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ထောက်ခံပေးခဲ့သည့်အတွက် သူက အမှောင်နန်းတော်၏ ဌာနချုပ်ကို ဝင်ရောက်နိုင်ပြီး ပို၍ထူးခြားဆန်းကြယ်သော ယန္တရားပညာများကို သင်ယူနိုင်ပါလိမ့်မည် ။

သူ၏ လက်ရှိယန္တရားပညာအရ နွား ၊ မြင်းနှင့် ခြေတု၊လက်တုကဲ့သို့သော ပစ္စည်းအမျိုးမျိုးကို ဖန်တီးထုတ်လုပ်နိုင်သည် ။ သူ၏နည်းလမ်းများက တိုက်ခိုက်ရေးစွမ်းအားများ မရှိဘဲ သိုင်းပညာရှင်များလက်ထဲမှ သူ့ရွာ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးနိုင်ခြင်းမရှိချေ ။

တစ်ဖက်တွင်တော့ အိုးရန်ကျန်းက မီးမြူခိုးတောင်တန်းကို စောင့်ကြည့်ရန် နတ်ဘုရားဂိုဏ်းမှ စေလွှတ်ထားခြင်းဖြစ်ပြီး မကောင်းဆိုးဝါး ဝိညာဉ်များ ပေါ်ပေါက်လာခြင်းကို ကာကွယ်ရမည့် လူတစ်ယောက်ဖြစ်သည် ။

"ကျွန်တော် သူတော်စင် တစ်ယောက်ဖြစ်သွားပြီး ယုံကျိုးမှာရှိတဲ့ အမှောင်နန်းတော်ထဲမှာ လေ့လာခွင့်ရပြီဆိုတာနဲ့ ကျွန်တော်က ရုပ်သေးစက်ရုပ်တွေ ၊ ကျားစက်ရုပ်တွေ ၊ ခြေတုလက်တုကို အဆင့်မြှင့်ပေးနိုင်တဲ့ ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နိုင်လိမ့်မယ်..."

ရှဲ့ရွှမ်၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏ ။

"ဒီကလေးဆီမှာ အိပ်မက်တွေ ပြည့်နေတာပဲ... "

မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ အသစ်တစ်ခုကို တွေ့ကြုံနေရသလို ခံစားနေရသည်။

သူက ရယ်လိုက်မိပြီး အလျင်လိုနေခြင်းမရှိဘဲ ပြန်ဖြေလိုက်၏ ။

"မင်းရဲ့ရည်မှန်းချက်က သူတော်စင်တစ်ယောက်ဖြစ်ရုံပဲလား... ။ မင်းက အမတ်ကြီးတစ်ယောက်ရော မဖြစ်ချင်ဘူးလား ..."

အမတ်ကြီးဟူသော စကားက ရှဲ့ရွှမ်နှင့် အိုးရန်ကျန်းတို့၏ စကားလုံးထဲမှ သင်ယူနားလည်လာခဲ့ခြင်းဖြစ်သည် ။

"အမတ်ကြီးစာမေးပွဲက (၃)နှစ်မှ တစ်ကြိမ်ပဲလာတာ..။ အမှောင်နန်းတော်က အမတ်ကြီး ဂုဏ်ပုဒ်ကို လူဘယ်လောက်များများ ပေးနိုင်မှာလဲ... "

အိုးရန်ကျန်းက ခေါင်းခါပြလိုက်ပြီး ထိုအရာက အလွန်ခက်ခဲသော တာဝန်တစ်ခုဖြစ်ကြောင်း ပြောကြားလိုက်သည် ။

“အမတ်ကြီးဆိုတဲ့ ဂုဏ်ပုဒ်က စာမေးပွဲပြီးမှပဲ ပေးတာလား ..”

မုန့်ချီက သေချာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည် ။ သူက ရှဲ့ရွှမ်၏ မျက်နှာကို စိုက်ကြည့်နေသေး၏ ။

ကျန်းကျိဝေကလည်း ရှဲ့ရွှမ်ကို အလွန်စိတ်ဝင်စားနေခဲ့သည် ။ သူမက မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောသော်လည်း ခေါင်းထဲတွင် အတွေးများ ပေါ်လာခဲ့သည် ။

"တကယ်လို့ ကျွန်တော်က အမတ်ကြီးတစ်ယောက် မဖြစ်ချင်ဘူးဆိုရင် လိမ်တယ်လို့ ထင်လိမ့်မယ်... ။ ယန္တရားပညာရှင်တိုင်းက အစစ်အမှန် အမွေဆက်ခံမှုတွေကို ရယူပြီး သဘာဝကပ်ဘေးတွေကို တားဆီးဖို့အတွက် မီးတောက်တွေ ၊ ရေတွေ ထိန်းချုပ်နိုင်တဲ့ ယန္တရားတွေကို မဖန်တီးချင်တဲ့လူရှိဦးမှာလား..။ ဒါပေမဲ့ အမတ်ကြီးတစ်ယောက်ဖြစ်ဖို့ စာမေးပွဲက အရမ်းကို ပြင်းထန်လွန်းတယ်..။ တကယ်လို့ (၃)နှစ်မှာ တစ်ကြိမ် တိုင်းပြည်တစ်ပြည်က အမတ်ကြီး(၅)ယောက် မွေးထုတ်ပေးနိုင်တယ်ဆိုရင်တောင် တော်တော်လေး ထူးခြားနေပြီလို့ သတ်မှတ်နိုင်တယ်... ။ ကျွန်တော် လုပ်နိုင်မလားဆိုတာ သေချာမသိသေးဘူး... "

သူက အပြုံးနှင့်ပြောလိုက်ပြီး အဝေးကို လှည့်ကြည့်လိုက်မိသည် ။

ရှဲ့ရွှမ်၏ ရည်မှန်းချက်ကို ကြားသည့်အခါ အိုးရန်ကျန်းက သူ၏အခြေအနေကို ပြန်လည်သုံးသပ်လိုက်မိ၏။ သူကလည်း အနာဂတ်နှင့် ပတ်သက်ပြီး ဝမ်းနည်းနေသလို ခံစားနေခဲ့ရသည် ။

"မင်းလိုပဲ။ ငါကလည်း ဘယ်အချိန်ကျမှ အစစ်အမှန်အဆောင်တစ်ခုကို ဖန်တီးနိုင်ပြီး အစစ်အမှန် တာအိုသခင်တစ်ယောက် ဖြစ်လာမလဲဆိုတာ မသိသေးဘူး... "

သူက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည် ။

မုန့်ချီက အားရပါးရ ရယ်လိုက်ပြီး စိတ်ဓာတ်ကျနေသည့် သူတို့၏ ခံစားချက်များကို ဖယ်ရှားပေးလိုက်သည် ။

"မင်းတို့နှစ်ယောက်လုံးက ငယ်ငယ်လေးပဲ ရှိသေးတာကို ဘာလို့များ စိုးရိမ်နေကြတာလဲ..။ အနာဂတ်လမ်းကြောင်းက မင်းတို့ရဲ့ ခြေထောက်အောက်မှာပဲ ရှိတယ်..။ မင်းတို့က တစ်ကြိမ်ကို ခြေလှမ်းတစ်လှမ်းပဲ လှမ်းလို့ရတယ်..။ ရည်မှန်းချက်ကြီးတာ ကောင်းပေမဲ့ မင်းတို့ရဲ့ စိတ်ဓာတ်ကိုတော့ မထိခိုက်စေနဲ့... ။ တကယ်လို့ ဆန္ဒတွေ အကြောင်းပြောရမယ်ဆိုရင်တော့ ငါကိုယ်တိုင်ကလည်း ကျောင်းအုပ်တစ်ယောက် ဒါမှမဟုတ် နတ်ဘုရားပညာရှင်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်လို့ ရတာပဲလေ... "

အိုးရန်ကျန်းက မနေနိုင်တော့ဘဲ ပြောလိုက်သည် ။

"ကျောင်းအုပ်..၊ ကျောင်းအုပ် ဟုတ်လား..။ နတ်ဘုရားပညာရှင်လား... ။ အစ်ကို့ရဲ့ အသက်အရွယ်အရ ကျင့်ကြံမှုကို ပြောင်းလိုက်မယ်ဆိုရင်တောင် အရမ်းနောက်ကျသွားပြီ..။ပြီးတော့ ယန္တရားပညာကလည်း အသက်ကြီးလာရင် နည်းနည်းပဲ ဖန်တီးနိုင်တယ်..။ တကယ်လို့ အရမ်းကို ထူးချွန်ထက်မြက်နေတယ် ဆိုရင်တော့ အမတ်ကြီးတစ်ယောက် ဖြစ်လာဖို့ အရမ်းနောက်မကျသေးဘူး...။ ဒါပေမဲ့ အမတ်ကြီးတစ်ယောက် ဖြစ်လာပြီးသွားရင် ကျင့်စဉ်တွေက ယန္တရားခန္ဓာကိုယ် ၊ ပင်မဝိညာဉ်နဲ့ တစ်ခြားအရာတွေပါ ပတ်သက်နေလိမ့်မယ်... ၊ ဒီတော့ ဘဝတစ်ဝက်လောက် တစ်ခြားသူရဲ့ခန္ဓာကိုယ်ထဲမှာ နေဖို့က အရမ်းခက်တယ်... ။ သိုင်းပညာရှင်တွေက ဓားအင်မော်တယ်ကျင့်စဉ်ကိုပဲ လေ့ကျင့်တာ အကောင်းဆုံးပဲ... "

ရှဲ့ရွှမ်က ပြောလိုက်သည် ။

"ဒါပေမဲ့ ဓားကျင့်စဉ်တွေက တော်တော်လေး ထူးခြားတဲ့ စွမ်းအင်တွေ လိုအပ်တယ်... ၊ အဲဒါကြောင့် လူအနည်းငယ်လောက်ပဲ အောင်မြင်ကြတာ... "

သူတို့အတွက်တော့ နောင်တများ ပြည့်နှက်နေပုံရသည် ။ အကယ်၍ ဓားအင်မော်တယ် ကျင့်စဉ်များကသာ အမှောင်နန်းတော်ကဲ့သို့ လူအများ၏ရှေ့တွင် ဖြန့်ဝေပေးလိုက်မည် ဆိုလျှင် သူက အမှန်တကယ် ကြိုးစားကြည့်ချင်သည် ။ သူက အစစ်အမှန် စိတ်ဝင်စားမှုဖြစ်သော ယန္တရားပညာကိုလည်း လက်လျော့လိမ့်မည် မဟုတ်ချေ ။

မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏မျက်နှာပေါ်တွင် ခံစားချက်ပေါင်းများစွာ ပေါ်လာခဲ့၏ ။

"ငါ့ရဲ့ သိုင်းပညာလမ်းကြောင်းက လူသားနဲ့ကောင်းကင် ဆက်သွယ်မှုအဆင့်ကို လုံးဝမရောက်နိုင်ဘူးလား.."

သူ့စကားကို ကြားသည့်အချိန်တွင် ခရီးသည်ပေါင်းများစွားက ရယ်လိုက်မိကြသည် ။ သိုင်းပညာရှင်များက သာမန်လူများ ဖြစ်နေသည်မှာ အမှန်တရားတစ်ခုဖြစ်သည် ။

အိုးရန်ကျန်းက ရယ်ချင်စိတ်ကို ထိန်းထားပြီး ‌ပြောလိုက်၏ ။

"အစ်ကိုစုနဲ့ မိန်းကလေးကျန်းတို့က ဒီလိုရည်မှန်းချက်မျိုး ရှိနေပြီး ခက်ခက်ခဲခဲ ကြိုးစားနေတာ တကယ်လေးစားဖို့ကောင်းပါတယ်...။ ဒါပေမဲ့ သိုင်းပညာရှင်တွေက လူသားနဲ့ကောင်းကင်ဆက်သွယ်မှု အဆင့်ကို ရောက်ရှိနိုင်ဖို့ အချိန်ဘယ်လောက်ပေးရမှာလဲ...။ ရှေးအချိန်ကို ပြန်မရောက်သရွေ့ မဖြစ်နိုင်တော့ဘူး…”

“ရှေးအချိန်တုန်းက လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်ခဲ့တဲ့ ပညာရှင်တွေ ရှိခဲ့တာလား..."

ထိုမေးခွန်းကို မေးလိုက်သူကတော့ မုန့်ချီမဟုတ်ဘဲ ရှဲ့ရွှမ်ဖြစ်သည် ။

အမှောင်နန်းတော်မှ ခရီးသွားများစွာကလည်း သံသယဝင်နေပုံရသည် ။

"ငါ့ရဲ့လက်ရှိဂိုဏ်းက ပြည့်စုံခြင်းဂိုဏ်း..။ ငါတို့ဆီမှာ အရှည်ကြာဆုံး သမိုင်းကြောင်းတွေ ရှိနေသလို အင်မော်တယ် အတက်အကျများစွာကိုလည်း ကြုံတွေ့ခဲ့ရတယ်..။ အမှောင်နန်းတော်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂)သောင်း လောက်ကမှ ပင်လယ်ကြီးကို ဖြတ်ပြီး ဒီနေရာကို ရောက်လာခဲ့တာ... ။ ငါတို့မှာ ရှေ့အချိန်ကတည်းက မှတ်တမ်းတွေ ရှိနေသေးတယ်.. "

အိုးရန်ကျန်းက ဂုဏ်ယူနေသော အမူအရာနှင့် ပြောလိုက်သည် ။

"ပြည့်စုံခြင်းဂိုဏ်းလား... "

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်လိုက်မိကြ၏ ။ သူတို့က ပြည့်စုံခြင်းအင်မော်တယ်နှင့် ပြည့်စုံခြင်းတံခါးအကြောင်းကို စဉ်းစား‌နေမိကြသည် ။

"သူတို့ဂိုဏ်းမှာ ရှေးဟောင်းမှတ်တမ်းတွေ ရှိနေသေးတာလား ..”

အကယ်၍ ထိုအရာကသာ အမှန်ဆိုလျှင် သူက ဂိုဏ်းကို သွားရောက်လည်ပတ်ရန် အခွင်အရေးတစ်ခု ရှာဖွေရမည် ဖြစ်သည် ...။

“အမှောင်နန်းတော်က ပင်လယ်ကြီးကို ဖြတ်ပြီး ဒီနေရာကို ရောက်လာခဲ့သည့် အချိန်က နတ်ဆိုးဗုဒ္ဓရဲ့ ပဋိပက္ခတွေနဲ့ တိုက်ဆိုင်နေသလိုပဲ... "

ကျန်းကျိဝေက ရုတ်တရက် ပြောလိုက်၏။

"သူတို့ကလည်း ပြည့်စုံခြင်းတံခါးကနေဖြတ်ပြီး ဝင်လာခဲ့တာလား... ။ နတ်ဆိုးဗုဒ္ဓကို ရှောင်တိမ်းဖို့လား... "

မုန့်ချီကလည်း ခန့်မှန်းကြည့်နေခဲ့သည် ။

"ဒါဆိုရင် ဒီနေရာက ဘာနေရာလဲ...။ ကောင်ကင်နယ်မြေ အရင်းအမြစ်လို သီးခြားနယ်မြေ တစ်ခုလား...။ ဒါပေမဲ့ ဒါက ပိုပြီးတော့ ကျယ်ပြန့်တဲ့ ကမ္ဘာကြီး တစ်ခုပဲ... "

အိုးရန်ကျန်းက လျို့ဝှက်ချက်တစ်ခု မဟုတ်သည့်အတွက် သူသိထားသည့် အရာများအကြောင်းကို သေချာ ပြောပြနေခဲ့၏ ။

"တကယ်လို့ ကမ္ဘာကြီးထဲမှာ ပြောင်းလဲမှုတွေသာ မရှိခဲ့ဘူးဆိုရင် ကျင့်ကြံ‌သူနဲ့ တပည့်တွေက ဘာကြောင့် ဒီလောက်နည်းနေမှာလဲ...။ ကောင်းကင်ဧကရာဇ်ရဲ့ အချိန်မတိုင်ခင် ငါ့ဂိုဏ်းမှာ အစစ်အမှန်အင်မော်တယ်တွေ အများကြီးပဲ... ။ ငါတို့က အင်မော်တယ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ တကယ့်အစစ်အမှန် နတ်ဘုရားဂိုဏ်းတစ်ခုပဲ..”

“ရှေးအချိန်တုန်းက ဘဘာဝဝိညာဉ်တွေ၊ အနှစ်သာရတွေကို သန့်စင်ပြီး ခန္ဓာကိုယ်တွေကို လေ့ကျင့်နိုင်တဲ့သူတွေ ရှိကြတယ်..။ သဘာဝစွမ်းအားတွေကို ဝါးမြိုပြီး စိတ်ထဲမှာ ဓာတ်ကြီး(၅)ပါး စွမ်းအားတွေကို လေ့ကျင့်နိုင်ကြတယ်.။ သူတို့က သိုင်းပညာရှင်တွေနဲ့ တူညီမှုတွေ အများကြီး ရှိနေကြတယ်... ။ ဒါပေမဲ့ လူသားနဲ့ကောင်းကင် ဆက်သွယ်မှု လမ်းကြောင်းက ဘယ်အရာကို ပြောချင်တာလဲ..."

မုန့်ချီက နားထောင်နေရင်း အနည်းငယ် လှုပ်ရှားသွားခဲ့သည် ။ ပြည့်စုံခြင်းတံခါး၏ တစ်ဖက်တွင်တော့ ချီစွမ်းအင် ကျင့်ကြံမှုကို သိုင်းပညာပြသမှုအဖြစ် လက်ခံထားပြီး ထိုကဲ့သို့ ရည်ညွှန်းထားခဲ့သည် ။ ထိုအရာက အိုးရန်ကျန်း ပြောပြသော ချီစွမ်းအင်ကျင်ကြံသူများနှင့် အတော်လေးကို ကွဲပြား၏ ။ သို့သော်သူ၏ ရှင်းလင်းမှုက မူလအဓိပ္ပာယ်နှင့် အတော်လေးကို နီးစပ်နေသည် ။

“ရှေးဟောင်းချီစွမ်းအင်ကျင့်ကြံသူ …”

သူက ကျန်းကျိဝေကိုကြည့်ပြီး အသံတိုးတိုးနှင့် ရယ်လိုက်၏ ။

သူမကလည်း ပြုံးချင်နေသည့် ခံစားချက်ကို ထိန်းချုပ်ထားလိုက်ပြီး စိတ်လိုလက်ရ ပြောလိုက်သည် ။

"ဒါဆိုရင်တော့ နင်က ရှေးဟောင်းမှော်သားရဲလေးတစ်ကောင်ပေါ့... "

မုန့်ချီက သူ၏အစစ်အမှန်စွမ်းအားကို ပြသလိုက်သည့်အချိန်တွင် သူ၏ကြွက်သားများက ဖောင်းကြွလာပြီး ခန္ဓာကိုယ်အရွယ်အစား ကြီးမားလာသည်နှင့်အမျှ အဝတ်အစားများက ပေါက်ကွဲသွားတတ်သည် ။ သူ့အစွမ်းနှင့် ကြောက်စရာကောင်းသော အရှိန်အဝါက ရန်သူများအပေါ် ဖိအားများ ပေးနိုင်သည် ။ သူက အမှန်တကယ်ကို ရှေးဟောင်းမှော်သားရဲတစ်ကောင်၏ အငွေ့အသက်များ ရှိနေသည် ။

“ကံဆိုးသွားတာကတော့ နတ်ဆိုးဗုဒ္ဓက ကမ္ဘာကြီးကို ဖျက်ဆီးလိုက်ပြီးသည့်အချိန်မှာ ချီစွမ်းအင်ကျင့်ကြံမှု အမွေအနှစ်တွေက အဆုံးသတ်သွားခဲ့တာပဲ ..”

မုန့်ချီနှင့် ကျန်းကျိဝေတို့ကို ကြည့်နေရင်း အိုးရန်ကျန်းက သနားနေပုံရသည် ။

အလွန်ထူးခြားသော ထိုလူငယ်နှစ်ယောက်က ရုပ်ရည်ချောမောသော်လည်း သူတို့က သိုင်းပညာကျင့်ကြံသည့် နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်မှာ အမှားတစ်ခုဖြစ်သည်။ အကယ်၍သာ သူတို့က အမှောင်နန်းတော်နှင့် နတ်ဘုရားဂိုဏ်းမှ လူများနှင့် ရင်ဆိုင်တွေ့ရမည်ဆိုလျှင် အနိုင်ကျင့်ခံရပါလိမ့်မည် ။

မုန့်ချီက ဓားပြတိုက်ခံရနိုင်ပြီး ကျန်းကျိဝေကတော့ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခေါ်ဆောင်သွားခံရနိုင်၏ ။ ကမ္ဘာကြီးက လုံခြုံပြီး လူတိုင်းက ပျော်ရွှင်ဝမ်းသာနေကြသည်ကိုပင် အပေါ်ပိုင်းလူများက အခွင့်အာဏာများ ပိုင်ဆိုင်ထားခဲ့ပြီး သာမန်လူများ၏ဘဝကို စိတ်ရှိတိုင်း နင်းချေ ဖျက်ဆီးပစ်နိုင်သည် ။

သိုင်းပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော ခရီးသွားများစွာက အံ့ဩမှင်တက်နေကြပုံပေါ်သည် ။ အိုးရန်ကျန်းက စကားလုံးများက သူတို့၏ မျှော်လင့်ချက်များကို ငြိမ်းသတ်ပစ်လိုက်သလို ထင်မှတ်ရ၏ ။

အဆုံးတွင်တော့ သူတို့အားလုံးက သူတို့၏ရွာကို ကာကွယ်ရန် သာမန်ရဲမက်များသာ ဖြစ်လာနိုင်သည် ။ သူတို့၏ သိုင်းပညာများက ဓားကျင့်စဉ်များ လေ့ကျင့်ခြင်းမှ ဆင်းသက်လာကြခြင်း ဖြစ်သည် ။

အမှောင်နန်းတော်မှ ပို့ဆောင်ရေးလှည်းက အချိန်တော်တော်ကြာ ခရီးသွားလာနေခဲ့ပြီး ရုတ်တရက် ရပ်တန့်၍ တံခါးဖွင့်လိုက်၏ ။ လူပေါင်းများစွာက အခန်းထဲကို ဝင်လာခဲ့သည်။

ပထမဆုံးလူကတော့ အင်္ကျီလက်ကျယ် ဝတ်ထားသော လူတစ်ယောက်ဖြစ်ပြီး သူက အမှောင်နန်းတော်မှ အဖွဲ့သားတစ်ယောက် ဖြစ်ပုံရသည် ။ သူ့ဆီတွင် မုတ်ဆိတ်ဖြူများ ရှိနေ၏ ။ သူ့နောက်မှနေ၍ ခွေးစက်ရုပ်များစွာ လိုက်လာနေသည် ။

ဒုတိယ ဝင်လာသူကတော့ အသက် (၄၀) ခန့် မိန်းမပျို တစ်ယောက်ဖြစ်ပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည် ။ သူမ၏ အငွေ့အသက်က အလွန်ထက်မြက်နေပြီး သူမ၏မျက်လုံးထဲတွင် ဓားများ ရှိနေသလို ထင်မှတ်ရ၏ ။

အိုးရန်ကျန်းက ဓားချက်တစ်ချက်တည်းနှင့် ဓားသိုင်းကွက် တစ်သိန်းကို ဖျက်ဆီးနိုင်သည်ဟု ပြောသည့် အချိန်ကတည်းကစပြီး တစ်ချိန်လုံး တိတ်ဆိတ်‌နေသော ဓားသေတ္တာနှင့် လူငယ်လေးက စိတ်အေးသွားပုံရသည် ။ သူစောင့်နေသောလူ ရောက်လာသလို ထင်မှတ်ရ၏ ။

"သခင်ကြီးချန်း…."

လူအုပ်ကြီးထဲတွင် ရှိနေသော လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မတ်တပ်ရပ်၍ အရိုအသေ ပေးလိုက်သည် ။ ထို့ကြောင့် ထိုလူက မည်သူဖြစ်ကြောင်း ခရီးသွားများ နားလည်သွားကြ၏ ။

ရှဲ့ရွှမ်နှင့် အိုးရန်ကျန်းတို့ အပါအဝင် လူတိုင်းက မတ်တပ်ရပ်ပြီး သူ့ကို တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ်လိုက်ကြသည် ။ မုန့်ချီနှင့် ကျန်းကျိဝေတို့ကလည်း မတ်တပ်ရပ်လိုက်ပြီး လူသစ်တစ်ယောက်ကဲ့သို့ အရိုအသေပေးလိုက်၏ ။

သခင်ကြီးချန်းဟုခေါ်သော သက်လတ်ပိုင်းလူကြီးက အခန်းထဲကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏ ။ သူကတော့ ဓားသေတ္တာသယ်ဆောင်ထားသော လူငယ်လေးကို ကြည့်ပြီး စိုးရိမ်နေပုံ မရချေ ။

" ဘာတွေဖြစ်နေတာလဲ ... "

အိုးရန်ကျန်းက မုန့်ချီနှင့် ကျန်းကျိဝေတို့ကို တိုးတိုးလေးပြောလိုက်သည် ။

"ဒါက ယုံကျိုးမြို့က အမတ်ကြီးချန်းဝမ်လေ..။ သူက ယန္တရားပညာကို တော်တော်လေး ကျွမ်းကျင်တဲ့ မြို့စားတစ်ယောက်ပဲ..။ သူက ဘယ်ဘက်လက်နဲ့ ကောင်းကင်ဖျက်ဆီးရေး အမြှောက်တစ်ခုတောင် ဖန်တီးနိုင်တယ်...။ သူက တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်... "

အိုးရန်ကျန်းက မိတ်ဆက်ပေးနေသည့်အချိန်တွင် လူငယ်လေးက ပြောလိုက်သည် ။

"ဒော်လေးလင်း ၊ သခင်ကြီးချန်း …

ကျွန်တော်က တောင်ပင်လယ်ထဲမှာ ဓားစက်လုံးတစ်ခုကို လေ့လာခွင့်ရခဲ့တယ်..။ အဲဒါက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တဲ့အတွက် ကျွန်တော်က ထိန်းသိမ်းထားဖို့ တော်တော်လေး ခက်ခဲတယ်...။ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတဲ့အတွက် ကျွန်တော်က ဒေါ်လေးတို့နှစ်ယောက်ကို ဖိတ်ခေါ်ဖို့ ယုံကျိုးကို သတင်းပို့လိုက်တာပါ..."

လင်းရှင်းကျန်းရှိုက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏ ။

"အဲဒီဓားစက်လုံးက ဘယ်နေရာမှာလဲ..."

လူငယ်လေးက ကျောက်စိမ်းများနှင့် တန်ဆာဆင်ထားသော ဓားသေတ္တာကို သယ်ဆောင်ထားခဲ့သည် ။ ထိုသေတ္တာကို အဆောင်များနှင့် တစ်ထပ်ပြီး တစ်ထပ် ပိတ်ဆို့ထားခဲ့၏ ။ သူက ထိုသေတ္တာကို သူတို့ဆီသို့ လှမ်းပေးလိုက်သည့်အချိန်တွင် အတွင်းမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏ ။

မည်သူမှ မထင်မှတ်ထားသည့် တခဏအတွင်း ထိုအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည် ။ အနီရောင်အလင်းတန်းက အဆောင်များ၏ လက်ထဲမှ လွတ်မြောက်လာပြီး သေတ္တာထဲမှ ထွက်လာခဲ့၏ ။ သူ၏ ဓားချီစွမ်းအင်များက အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းလှသည် ။

လင်းရှင်းကျန်းရှိုက ပါးစပ်ဟလိုက်ရာ အဖြူရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင်ဓားအလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည် ။

"ချွမ်."

ရွှေနှင့်သံ ရင်ဆိုင်သည့်အသံမျိုး ထွက်ပေါ်လာခဲ့၏ ။

အလွန်သန့်စင်သော အဖြူရောင်ဓားအလင်းတန်းက နောက်ပြန်လွင့်သွားခဲ့ပြီး အနီရောင်ဓားအလင်းတန်းကတော့ ဦးတည်ချက်ပြောင်း‌‌၍ ချန်းဝမ်ဆီကို ဦးတည်လာခဲ့သည် ။ မည်သူမျှ မသိလိုက်ခင် အနက်ရောင်သတ္တုရုပ်သေးတစ်ခုက ချန်းဝမ်၏ရှေ့တွင် ပေါ်လာပြီး အနီရောင်အလင်းတန်းကို တားဆီးလိုက်သည် ။ ရုပ်သေးစက်ရုပ်၏ ခေါင်းက ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားခဲ့၏ ။

ရက်စက်ကြမ်းကြုတ်သော အနီရောင်အလင်းတန်းကတော့ ဓားအိမ်ထဲမှ ရောက်လာသော အစိမ်းရောင်အလင်းတန်းကို ရှောင်တိမ်းလိုက်ပြီး ဘေးဘက်သို့ ခုတ်ချလိုက်သည် ။

အခန်းထဲတွင် ခရီးသွားများစွာ ရှိနေသည်ကို စဉ်းစားမိသည့်အတွက် ချန်းဝမ်က ကောင်းကင်ဖျက်ဆီးရေးအမြှောက်ကို သုံးရန် တွေဝေနေခဲ့သည် ။ တွေဝေနေသည့်အတွက် သူ၏လှုပ်ရှားမှုများက အနည်းငယ်နှေးကွေးသွားခဲ့ပြီး အနီရောင်အလင်းတန်းက ပြတင်းပေါက်နားတွင် ရပ်နေသော ခရီးသည် တစ်ယောက်ဆီကို ရောက်သွားကြောင်းမြင်လိုက်ရသည် ။

"သတိထား…"

ပြတင်းပေါက်နားတွင် ရှိနေသော ခရီးသည်က သာမန်အငွေ့အသက်မျှသာ ရှိနေသည်။ သူတို့ထဲက တစ်ယောက်ကတော့ အသက် (၁၆) (၁၇) အရွယ် ယန္တရားပညာရှင် တစ်ယောက်ဖြစ်ပြီး တစ်ခြားတစ်ယောက်ကတော့ လူငယ်တာအိုသခင် တစ်ယောက်ဖြစ်သည် ။

တစ်ခြားသော ခရီးသည်များအားလုံးက ထိတ်လန့်ကြောက်ရွံ့‌ နေကြသည့်အချိန်တွင် အလွန်ကြောက်စရာကောင်းသော ဓားအလင်းတန်းက ရှဲ့ရွှမ်ဆီကို လျင်မြန်စွာ ရောက်လာခဲ့၏ ။

ချန်းဝမ်က သူ၏ရုပ်သေးစက်ရုပ်ကို လှုပ်ရှားလိုက်ပြီး လင်းရှင်းကျန်းရှိုက သူ၏ဓားအလင်းတန်းကို လှုပ်ရှား၍ အနီရောင်အလင်းတန်းကို တားဆီးရန် နှစ်ယောက်လုံး ကြိုးစားလိုက်ကြသည် ။ သို့သော် သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပေါ်နေခဲ့၏ ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ထိုအရာကို တားဆီးနိုင်ခြင်း မရှိကြောင်း သိနေသောကြောင့် ဖြစ်သည် ။

ထိုအချိန်တွင် သူတို့၏ မြင်ကွင်းထဲ၌ လက်တစ်ဖက် ပေါ်လာခဲ့၏ ။ ထိုလက်တစ်ဖက်က သာမန်သာ ဖြစ်သော်လည်း အစွမ်းထက်သည် ။ ထိုလက်က လက်ညှိုးလေးကို မြှောက်လိုက်ပြီး အနီရောင်အလင်းတန်းကို လက်ညှိုးနှင့် တောက်ချလိုက်၏ ။

"ချွမ်."

ထိုလက်ညှိုးက အနီရောင်အလင်းတန်းကို အဝေးသို့ လွင့်သွားစေခဲ့ပြီး သူ၏ရက်စက်ကြမ်းကြုတ်မှုများကို ပျောက်ကွယ်သွားစေခဲ့၏ ။ ထိုအရာက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး အနီရောင်ဓားစက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည် ။

"ဒါ...ဒါက..."

အခန်းထဲတွင် ရှိနေ‌သော လူတိုင်းက အံ့ဩမှင်တက်သွားကြသည် ။

အဖြုရောင်ဓားအလင်းတန်းက လေထဲတွင် လွင့်မျောနေပြီး စက်ရုပ်ရုပ်သေးကလည်း ခြေရာပျောက်သွားသည့်အတွက် အလွန်ထူးဆန်းသောအမူအရာနှင့် ရပ်သွားခဲ့လေသည် ။

Translated by Hein Htet.

All Chapters