← Chapters

အခန်း (၅၃၆)

Vol. 36 Ch. 536

အခန်း (၅၃၆)

Vol. 36 Ch. 536

"သူလည်း ပိုမီကပဲလား…"

ချမ်းကိုင်က မျက်မှောင်ကြုတ်နေရာမှ ပြေလျော့သွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းသာသွားသော အမူအရာများ ပေါ်လာခဲ့သည်။

"အဲဒီဆရာကြီးလား ..."

"ဟုတ်တယ် သူပဲ…"

သစ်သားတုံးပုံစံ ကျိုးချိုးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ခက်ခက်ခဲခဲ ကြိုးစားပြီး နောက်ဆုံးမှာတော့ ငါက သူ့ကို ဖိတ်ခေါ်နိုင်ခဲ့တယ်။ သူက ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာတဲ့နေရာကို ငါတို့နဲ့ အတူတူသွားပြီး ရှာဖွေဖို့အတွက် သဘောတူခဲ့တယ်…"

သူတို့က စကားပြောနေသည့်အချိန်တွင် မုန့်ချီ၏အမူအရာက သံသယဝင်နေသေးကြောင်း သူတို့က သတိထားမိခဲ့သည်။

ချမ်းကိုင်က အပြုံးနှင့် ပြောလိုက်၏။

"ညီလေးရှန်း ...

ချိုးရှန် အကူအညီတောင်းခဲ့တဲ့ ဆရာကြီးကလည်း ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ယောက်ပဲ...။ သူက တော်တော်လေးကို အစွမ်းထက်တယ်။ သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေကလည်း တော်တော်လေး နာမည်ကြီးတယ်..။ ငါတို့အားလုံးကတောင် သူ့ကို လေးလေးစားစား ဆက်ဆံရနိုင်တယ်.။ ဟား ဟား ဟား …သူလည်း ပိုမီကပဲလေ။ မင်းက သူ့ကို သိမလားတောင် မပြောတတ်ဘူး…"

"သူ့ရဲ့နာမည်နဲ့ သိုင်းလောကနာမည်ကို သိလား…"

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။ သူက ပိုမီတွင်နေထိုင်သော လူအနည်းငယ်ကိုသာ သိနေပြီး ထိုဆရာကြီး၏နာမည်ကို မှတ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"သူ့နာမည်က လုကျန်းလို့ခေါ်တယ်။ သူက ပိုမီမှာ နှစ်ပေါင်းများစွာ ပုန်းနေခဲ့တာ။ အရင်တုန်းကတော့ သူက နာမည်မကျော်ခဲ့ဘူး။အခုတော့ သူ့ကို ရသေ့ကြီး ယုရှန်လို့ လူသိများတယ်…"

ချမ်းကိုင်က အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ရသေ့ကြီး ယုရှန်လား ။ သူ့အချိန်တွေကို တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော်နေတဲ့ ရသေ့ကြီးတစ်ပါးပဲ..။ သူက ငါးပင်လယ်ထဲမှာ ဘာလာလုပ်တာလဲ…"

မုန့်ချီက ပြုံးလိုက်မိသည်။

"အခုအနောက်ပိုင်းနယ်မြေထဲမှာရှိတဲ့ အစွမ်းထက်ဂိုဏ်းတွေက ပညာရှင်တွေအပြင် တခြားပညာရှင်တွေလည်း ရောက်လာကြတယ်လေ။ ဒီတော့ ဒါက ပြိုင်ဘက်သိုင်းပညာရှင်တွေအတွက်တောင် အခွင့်ကောင်းကြီးတစ်ခု ဖြစ်သွားနိုင်တာပဲ။ တကယ်လို့ မင်းက ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့ ဗုဒ္ဓလက်ဝါးကျင့်စဉ်ကို လုံးဝရယူဖို့ မကြိုးစားဘူးဆိုရင်တောင် ဒါကဗုဒ္ဓရဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်နေနိုင်တယ်လေ။ ဒီလိုရတနာမျိုးနဲ့ပတ်သက်လာရင် ပိုပြီးရလေလေ ပိုပြီးကောင်းလေလေပဲ…"

"သူက ဘယ်လောက်အစွမ်းထက်လဲ ..."

မုန့်ချီက ရေနွေးခွက်ကို ကိုင်ထားရင်း အပြုံးနှင့် မေးလိုက်သည်။

"ငါတို့က ဆရာကြီးလုနဲ့ တွေ့ခဲ့တဲ့အချိန်မှာ သူက အသူရာကျောင်းဆောင်က ကမ္ဘာဦးအသူရာတွေထဲက တစ်ယောက်ဖြစ်တဲ့ နဂါးဘုရင်နဲ့တောင် လက်ရည်တူ တိုက်ခိုက်နိုင်တာကို တွေ့ခဲ့ရတယ် ... "

ချမ်းကိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့လေသံထဲတွင် လေးစားမှုများ ပြည့်နှက်နေခဲ့၏။

အသူရာကျောင်းဆောင်မှ အသူရာအင်ပါယာမုန့်နန်၏ လက်အောက်တွင် ကမ္ဘာဦးအသူရာ(၄)ယောက်၊ အသူရာသခင် (၁၃)ယောက်နှင့် အသူရာ အယောက်(၂၀)တို့ ရှိကြသည်။

နဂါးဘုရင်ကတော့ ကျောင်းဆောင်၏ ထိပ်ဆုံးပညာရှင် တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး အနာဂတ်တွင် သိုင်းသခင်တစ်ယောက်ဖြစ်၍ ကမ္ဘာဦးအသူရာတစ်ယောက် ဖြစ်လာနိုင်သည်။ အကယ်၍ လုကျန်းကသာ နဂါးဘုရင်နှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်ဆိုလျှင် သေချာပေါက် လျှော့တွက်၍ မရနိုင်ပေ။

"တကယ်လို့ ဆရာကြီးလုကသာ ဒီခရီးစဉ်မှာ ပါလာမယ်ဆိုရင် သူ့ရဲ့ကံကြမ္မာက သေချာပေါက် သိုင်းသခင်အဆင့်ကို ရောက်သွားမှာပဲ ... "

ကျိုးချိုးရှန်က ခေါင်းညိတ်လိုက်ပြလိုက်ပြီး လုကျန်းကို ခေါ်ဆောင်နိုင်သည့်အတွက် အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။

မုန့်ချီက ပြောလိုက်၏။

"ပိုမီက အကျယ်ကြီးပဲ။ လူဦးရေကလည်း အရမ်းကိုများတယ်။ လူတွေက အချင်းချင်း မသိကြဘူးလေ။ ကျွန်တော်က သူနဲ့ လုံးဝမတွေ့ဖူးဘူး…"

ချမ်းကိုင်နှင့် ကျိုးချိူးရှန်တို့က တစ်ချိန်တည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုအချက်ကို နားလည်ကြသည်။ ပိုမီက ဥပဒေမရှိသော နယ်မြေတစ်ခုဖြစ်သည်။ အကယ်၍ တူညီသော အစွမ်းရှိနေသည့် ဝေ့ကျင်းအဆင့် ပညာရှင် (၂)ယောက်က အချင်းချင်း တွေ့လိုက်ရမည်ဆိုလျှင် အစွမ်းထက်သူက တစ်ဖက်လူကို သေချာပေါက် ဖိနှိပ်ကြပါလိမ့်မည်။

ရှန်းပေါင်က အသက်ရှင်နေသေးသည့်အတွက် သူက အခြားပညာရှင်များနှင့် မတွေ့သေးခြင်း သို့မဟုတ် အစွမ်းထက်သော ပညာရှင်တစ်ယောက် ဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။ ဒုတိယတစ်ခုက ဖြစ်နိုင်ချေ နည်းပါးသော်လည်း ရှန်းပေါင်က ဆရာကြီးလုကဲ့သို့ ပညာရှင်တစ်ယောက်နှင့် လုံးဝမတွေ့ဖူးသည်မှာ သာမာန်သာဖြစ်သည်။

ချမ်းကိုင်က စကားပြောတော့မည့်အချိန်တွင် သူ့နားထဲ၌ လှုပ်ရှားသံအနည်းငယ်ကို ကြားလိုက်ရသည်။ သူက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဆရာကြီးလု ရောက်လာပြီ ... "

ဆရာကြီးလုက မည်သူဖြစ်ကြောင်း မုန်ချီက မသိခဲ့ပေ။ လမ်းမပေါ်တွင် ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာ သွားလာနေကြ၏။ ချမ်းကိုင် ပြောသည့် စကားမဆုံးသေးခင် စားသောက်ဆိုင်ထဲသို့ ဝင်လာသည့်လူက လုကျန်းဖြစ်ကြောင်း နားလည်သွားခဲ့၏။

"သြော် ... ငါ သူ့ကိုသိတယ်…"

ကျိုးချိုးရှန်ကလည်း မတ်တပ်ရပ်လိုက်ပြီး ချမ်းကိုင်နှင့်အတူ တံခါးဖွင့်ပေးလိုက်သည်။ သူတို့(၂)ယောက်လုံးက လုကျန်း လှေကားပေါ်သို့ တက်လာသည့်အချိန်ထိ စောင့်နေပြီး တလေးတစား ပြောလိုက်သည်။

"ဆရာကြီးလု …ဒီနေရာက ပြဿနာမရှိဖို့ မျှော်လင့်ပါတယ် ..."

သူက သူတို့တွေ့ဆုံရမည့်နေရာနှင့် ပတ်သက်ပြီး သေချာမပြောခဲ့ပေ။ သို့သော် ငါးပင်လယ်ထဲတွင် လူအနည်းစုသာ ကျန်နေတော့သည့်အတွက် လုကျန်းက သူတို့ကိုရှာဖွေပြီး မေးခွန်းအနည်းငယ် မေးလိုက်သည်။

"အသူရာကျောင်းဆောင်က ရန်ပွဲတွေ တဖြည်းဖြည်းစိပ်လာတယ် ... ငါက အခွင့်အရေးကို လက်မလွှတ်ချင်တဲ့အတွက် အချိန်ဆွဲမနေချင်ဘူး…"

အိုမင်းပြီး အက်ရှရှလေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူကချမ်းကိုင်နှင့် ကျိုးချိုးရှန်တို့ တရိုတသေနှုတ်ဆက်သည်ကို အသိအမှတ်ပြုလိုက်ပြီး တစ်ဝက်ပွင့်နေသော တံခါးထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် သူက ရင်းနှီးသော်လည်း မရင်းနှီးသော အငွေ့အသက်တစ်ခုကို ချက်ချင်း ခံစားမိလိုက်၏။

"တကယ့်ကို ဆုံးဖြတ်ချက် ပြတ်သားတာပဲ…"

ချမ်းကိုင်က အပြုံးနှင့် ချီးကျူးလိုက်၏။

"ဆရာကြီးလု …

အတွင်းထဲမှာ ကျွန်တော်တို့ရဲ့မိတ်ဆွေတစ်ယောက်လည်း စောင့်နေတယ် ... သူလည်း ပိုမီကပဲလေ။ သူလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းထားတယ်…"

"ဟမ် သူလည်း ပိုမီကလား။ ငါက သူနဲ့ တွေ့ဖူးမလား မသိဘူး…"

အိုမင်းပြီး အက်ရှရှဖြစ်နေသော အသံက သာမန်ပုံစံနှင့်မှတ်ချက်ပေးလိုက်သည်။

ချမ်းကိုင်က ရယ်လိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်၏။

"ရှန်းပေါင် ...

ညီလေးရှန်း ဆရာကြီးလုလည်း လာပြီ…."

"ရှန်းပေါင်…"

တံခါးဆီကို လျှောက်လာသော လုကျန်းက ရုတ်တရက် ရပ်လိုက်မိသည်။

လုကျန်းက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နားကြီး၍ တြိဂံပုံစံမျက်လုံးများ ရှိနေသည်။ သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေခဲ့၏။ သူကတော့ မုန့်ချီ လွှတ်ပေးခဲ့သော တံခါးစောင့်ဖြစ်သည်။

သူ့ရှေ့တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးတစ်ယောက် ထိုင်နေသည်ကို လုကျန်းက မြင်လိုက်ရသည်။ သူ၏ရုပ်ရည်က သာမာန်သာ ဖြစ်သော်လည်း သူ့မျက်နှာက အနည်းငယ် ပြုံးနေသည်။

"ရှန်းပေါင် ... ဒါက ရှန်းပေါင်လား…"

သူက ပန်းချီဆွဲထားသော တံခါးကို ဖွင့်လိုက်သည့်အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် လေဟာနယ်ကို ဖိနှိပ်ထားခဲ့သော ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့အားလုံးက အလွန်ကြောက်လန့်သွားခဲ့သည်။

"ညီလေးရှန်း …ဒါက ဆရာကြီးလုလေ…"

ချမ်းကိုင်က မိတ်ဆက်ပေးလိုက်သည်။

သူက နောက်မှကြည့်နေရင်း တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိခဲ့၏။ လုကျန်းက တံခါးတွင် အံ့ဩမှင်တက်နေကြောင်း မြင်လိုက်ရသည်။ အရေးအကြောင်းများ ပြည့်နေသော သူ၏နဖူးပေါ်တွင်လည်း ချွေးများပြည့်နေခဲ့သည်။

သူ၏အတွင်း အပြင် ပြောင်းလဲသွားပြီး ပင်မဝိညာဉ်များ တိုးတက်လာသည့် အချိန်ကတည်းကစပြီး လုကျန်းက သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖိအားတစ်ခု ရှိလာခဲ့သည့် အချိန်တိုင်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ချွေးများ စိုရွှဲလာတတ်၏။

ထူးခြားသော လုကျန်း၏ အပြုအမူကြောင့် ချမ်းကိုင်နှင့် ကျိုးချိုးရှန်တို့က စိတ်ရှုပ်ထွေးပြီး အံ့ဩနေကြသည်။

"ဘာဖြစ်လို့လဲ ဆရာကြီးလု…"

သူတို့က အသံတိုးတိုးနှင့် မေးလိုက်သည်။

လုကျန်းက ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာခဲ့ပေ။ နောက်ဆုံးတွင်တော့ သူက ခက်ခက်ခဲခဲအပြုံးနှင့် ပြောလိုက်၏။

"ကျွန်…ကျွန်တော်တို့က နောက်တစ်ကြိမ် ထပ်တွေ့ပြန်ပြီ အကြီးအကဲရှန်း ... ကမ္ဘာကြီးက တကယ့်ကို သေးသေးလေးပါပဲ…"

"အ .. အ .. အကြီးအကဲရှန်း ဟုတ်လား…"

နောက်ဆုံးတွင်တော့ လုကျန်းက ဘာကြောင့် အလွန်ကြောက်လန့်နေကြောင်း ချမ်းကိုင်နှင့် ကျိုးချိုးရှန်တို့က နားလည်သွားခဲ့သည်။ သူတို့က မုန့်ချီကို သံသယဝင်စွာ လှည့်ကြည့်နေမိကြ၏။

"ရှန်းပေါင်ဆိုတာ ဘယ်သူလဲ။ နဂါးဘုရင်ကို လက်ရည်တူတိုက်ခိုက်နိုင်တဲ့ မကောင်းဆိုးဝါးအိုကြီးကတောင် ဒီလောက်ကြောက်လန့်နေတာလား ..။ သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ.."

တခဏအတွင်း သူတို့၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ မုန့်ချီကိုကြည့်နေသော သူတို့၏မျက်လုံးထဲတွင်လည်း အကြောက်တရားများ ပြည့်နှက်နေခဲ့၏။

"သူက သူ့ရဲ့အဆင့်အတန်းကို ဘယ်လိုဖုံးကွယ်ရမယ်ဆိုတာ သိနေတာပဲ ... "

မုန့်ချီက စားပွဲခုံကို လက်နှင့်ပုတ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ပေါ်လာတာပဲ ... ငါမရှိလို့ ရမလား…"

လုကျန်းက အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော်က ကိုယ့်အစွမ်း ကိုယ်အထင်ကြီးနေတာပါ။ ကျွန်တော်က ဗုဒ္ဓလက်ဝါးကို သင်ယူဖို့ လုံးဝမျှော်လင့်မထားခဲ့ပါဘူး။ ကျွန်တော်က တခြားဗုဒ္ဓရတနာ တစ်ခု၊နှစ်ခုလောက်ကိုပဲ ရှာတွေ့ဖို့ မျှော်လင့်ထားခဲ့တာပါ…"

နောက်ဆုံးတွင်တော့ ချမ်းကိုင်က တည်ငြိမ်သွားခဲ့ပြီး ပြောလိုက်သည်။

"ဒါဆိုရင် ညီလေးရှန်းက မင်းရဲ့အဆင့်အတန်းကို ဖုံးကွယ်ထားခဲ့တာပေါ့ .။ ဒါဆိုရင်တော့ ငါတို့ရဲ့ရှာဖွေမှုက ပိုပြီးတော့ လုံခြုံသွားနိုင်ပြီ…"

"ဒေါက် ဒေါက် ဒေါက်…"

မုန့်ချီက စားပွဲကို လက်နှင့်ခေါက်နေပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

"ငါက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တယ်ဆိုတာ သိသွားပေမယ့် ငါ့ကို ဖိတ်ခေါ်ပြီးတော့ အောင်မြင်သွားပြီဆိုရင် သူတို့က ငါ သတ်ပစ်မှာကို မကြောက်ကြဘူးလား။ ကြည့်ရတာတော့ သူတို့မှာ အားကိုးထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်…”

“တကယ်လို့ ကျိုးချိုးရှန်က ဒဏ္ဍာရီအဖွဲ့က ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ဖြစ်နေမယ်ဆိုရင်တော့ အဲဒါက အဓိပ္ပါယ်ရှိတယ်။ ငါ့ဆီမှာ ပြည့်စုံခြင်းတံခါး ရှိနေပေမယ့် ငါက အခုအချိန်ထိ အင်မော်တယ်ယွင်ဟယ်နဲ့ မဆက်သွယ်ရသေးဘူး။ သူက ဗုဒ္ဓလက်ဝါးကို စိတ်ဝင်စားလား၊ ငါ့ကိုရော ယုံကြည်လားဆိုတာ ဘာမှမသိရသေးဘူး။ ပြီးတော့ ပင်မလမ်းညွှန်ချက် မွေးဖွားလာတဲ့အတွက် ကောင်းကင်ဧကရာဇ်ကလည်း သေချာပေါက် ပေါ်လာလိမ့်မယ်။ သူက တစ်နေရာမှာ ပုန်းနေနိုင်ပြီး ကျိုးချိုးရှန်နဲ့ တခြားလူတွေက သူ့ကိုယ်စား စုံစမ်းနေလိမ့်မယ်…"

မုန့်ချီက သူတို့၏ ဝှက်ဖဲအသီးသီးကို နှိုင်းယှဉ်နေပြီး သူတို့၏အစောပိုင်း ဆုံးဖြတ်ချက်များ၊ ရင်ထဲတွင် ပေါ်လာသော လောဘများကို ဖယ်ရှားလိုက်သည်။သူက ချမ်းကိုင်၊လုကျန်းနှင့် ကျိုးချိုးရှန်တို့ မထိုင်ရသေးခင် မတ်တပ်ရပ်လိုက်သည်။

"သေချာစဉ်းစားပြီးသွားပြီ ... ငါက မင်းတို့နဲ့ မပူးပေါင်းတော့ဘူး…"

သူက အပြုံးနှင့် ပြောလိုက်၏။

ထိုအရာက ထောင်ချောက်တစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူက ပူးပေါင်း၍ မရနိုင်ပေ။ သူက သူ့အသက်ကို ကံတရားပေါ်တွင် မှီခိုနိုင်၍ မရနိုင်ပေ။ သူ့စိတ်ကို လောဘက လွှမ်းမိုးသွား၍ မရနိုင်ချေ။

ထို့ပြင် ယခုသူက ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားကို မှတ်မိသွားပြီ ဖြစ်သည့်အတွက် သူ့ကို တိတ်တဆိတ် စောင့်ကြည့်ရန် လိုအပ်ပြီး အင်မော်တယ်များနှင့် ဆက်သွယ်ရန် လိုအပ်သည်။ ထို့နောက် ဒဏ္ဍာရီအဖွဲ့များ စုစည်းလာမည့်အချိန်ကို စောင့်နေပြီး သူတို့ကို တိုက်ခိုက်၍ ရနိုင်၏။ ဘာကြောင့် သူက ထိုလူများနှင့် ပူးပေါင်းနေရမည်နည်း။

သူက လက်နောက်ပစ်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့၏။ သူက အစောပိုင်းတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော အခြေအနေတစ်ခု ပေးထားခဲ့သည့်အတွက် ချမ်းကိုင်၊ ကျိုးချိုးရှန်တို့က သူ့ကိုမတားရဲဘဲ ထွက်မသွားရန်တောင်းဆိုခြင်းသာ လုပ်နိုင်ကြသည်။

လုကျန်းက ပင့်သက်ရှည်ကြီး ချလိုက်မိ၏။ သူ့အတွက်တော့ ရှန်းပေါင်နှင့်အတူ ရှာဖွေမှု မလုပ်ရသည်မှာ အကောင်းဆုံး ဖြစ်သည်။ မုန့်ချီက လုကျန်းကို အပြုံးနှင့် စိုက်ကြည့်လိုက်ပြီး ဖြတ်ကျော်သွားခဲ့၏။

မုန့်ချီ လှေကားမှ ဆင်းသွားသည့်အသံကို ကြားသည့်အချိန်မှသာ ချမ်းကိုင်က လုကျန်းကို ပြန်လှည့်ကြည့်လိုက်သည်။

"ဆရာကြီးလု …

အကြီးအကဲရှန်းဆိုတာက ဘယ်သူလဲ…"

လုကျန်းက မုန့်ချီ၏အကြည့်ကို ပြန်စဉ်းစားမိလိုက်သည့်အချိန်တွင် ကြက်သီးမွေးညင်းထသွားပြီး တွေဝေစွာ ပြောလိုက်၏။

"ငါလည်း သေချာမသိဘူး။ ဒါပေမယ့် သူက တော်တော်လေးကို ကြောက်စရာကောင်းတယ်။ ငါတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး ... "

ရှန်းပေါင်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်က ပုန်းအောင်းနေသော ဓမ္မကာရအဆင့်ပညာရှင် သို့မဟုတ် တချို့သော နတ်ဘုရားလက်နက်များကြောင့် ဖြစ်နိုင်သော်လည်း သူက ထိုအငွေ့အသက်နှင့် ယှဉ်ပြိုင်၍မရကြောင်း လုကျန်းက သိနေခဲ့သည်။

"ကျွန်တော်တို့ နားလည်ပါပြီ…"

ကျိုးချိုးရှန်က တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။

လမ်းပေါ်တွင် ရှိနေသော လမ်းသွားလမ်းလာများက တဖြည်းဖြည်းနည်းပါးသွားပြီး စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များကလည်း ပိတ်သွားကြသည်။ ဖွင့်လှစ်နိုင်သော ဆိုင်များကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များကို စားစရာ၊သောက်စရာများ ရောင်းချရန် ကျန်နေခဲ့ခြင်း ဖြစ်သည်။

မုန့်ချီက လမ်းပေါ်တွင် လျှောက်သွားနေရင်း သတင်းအချက်အလက်များ အတော်လေး စုဆောင်းနိုင်ခဲ့၏။ ညသန်းခေါင်ရောက်သည့်အချိန်တွင် သူက ကွမ်လင်းလမ်းထဲတွင် ရှိနေသော ခြံဝန်းထဲသို့ ပြန်လာသည့်အခါ ကျန်းကျိဝေက တံခါးအပြင်ဘက်တွင် စောင့်နေကြောင်း တွေ့လိုက်ရသည်။

သူက သူမဆီသို့ လျှောက်သွားပြီး သူတို့က ပုခုံးချင်းယှဉ်၍ လျှောက်သွားကြသည်။ ကျန်းကျိဝေက စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"ငါ့ဂိုဏ်းက ရှင်သန်ခြင်းသစ်ပင် ဆရာဦးလေးနဲ့ နန်းမင်မီးတောက်သူတော်စင် ဦးလေးရှုတို့ကိုပဲ လွှတ်လိုက်တယ်။ နောက်ပိုင်းကျရင် ဘယ်အကြီးအကဲကို အကူအညီအနေနဲ့ လွှတ်ဦးမလဲဆိုတာ ငါလည်း သေချာမသိဘူး…"

သူမက ကျိကျန်းဓားစံအိမ်မှ ရရှိထားသော အချက်အလက်များ၊ ငါးပင်လယ်နှင့် တန်ဟန်တွင် ဗုဒ္ဓအလင်းတိုင်လုံးများ ထွက်ပေါ်လာသည့် တည်နေရာများကို မုန့်ချီ သိအောင် ပြောပြလိုက်သည်။ ထို့ပြင် ဤနေရာသို့ စေလွှတ်လိုက်သော ဂိုဏ်းအသီးသီးနှင့် မိသားစုများမှ ဝေ့ကျင်းအဆင့် ပညာရှင်များ အကြောင်းကိုလည်း ပြောပြလိုက်သည်။

မုန့်ချီကတော့ ချမ်းကိုင်နှင့် တွေ့ဆုံခဲ့သည့်အကြောင်းကို ပြောခဲ့ပြီး ကျိုးချိုးရှန်က ဒဏ္ဍာရီအဖွဲ့မှ ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားဖြစ်နိုင်သည်ဟူသော ချီကျန်းရန်၏ သုံးသပ်မှုကိုလည်း သတိပေးခဲ့သည်။

သူမက ခေါင်းညိတ်ပြလိုက်၏။

"ငါက စောင့်ကြည့်ထားဖို့ ငါ့ဂိုဏ်းကို ပြောလိုက်မယ်။ ဒဏ္ဍာရီတွေ ရောက်လာမှတော့ နင်က ဘာလုပ်ရမလဲဆိုတာ သေချာစဉ်းစားထားသင့်တယ်။ တကယ်လို့ နင်က ရန်စပြီး တိုက်ခိုက်တာမျိုးတွေ ရှိလာမယ်ဆိုရင်တောင် ရှောင်တိမ်းတာ အကောင်းဆုံးပဲ။ တကယ်လို့ နင်က သူတို့နဲ့ပူးပေါင်းချင်တယ်ဆိုရင်တော့ ဘာလုပ်သင့်လဲဆိုတာ စဉ်းစားသင့်တယ်…"

အကယ်၍ သူကသာ သူ့စွမ်းအားတစ်မျိုးတည်းနှင့် ထိုကိစ္စတွေကို ပါဝင်ပက်သက်ရန် ကြိုးစားလိုက်မည်ဆိုလျှင် သူ၏အကျိုးအမြတ်များကို သေချာပြန်လည်သုံးသပ်ရန် လိုအပ်သည်။ မုန့်ချီ၏လက်ရှိအဆင့်အရ သူက ထိုအရာနှင့် အလွန်ဝေးကွာနေသေး၏။

"ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်နဲ့ ဗုဒ္ဓရတနာတွေက ငါ့အစွမ်းထက် ကျော်နေတယ်..။ ငါတို့က တခြားသူတွေကို တောင်းဆိုလို့ပဲရနိုင်မယ်…."

မုန့်ချီက တိတ်တဆိတ် ပြောလိုက်သည်။

သူက အင်မော်တယ်များနှင့် ထိုအရာများကို ဆွေးနွေးရန် လိုအပ်ပြီး သူတို့က ဤနေရာတွင် မည်သည့်ပညာရှင်များ စေလွှတ်ထားကြောင်း ရှာဖွေရန် လိုအပ်သည်။ ထို့နောက် သူတို့၏အစီအစဉ်ကို မေးမြန်းပြီး သူတို့နှင့်ပူးပေါင်းရန် ကြိုးစားသင့်၏။ ထိုအရာကတော့ တစ်ကိုယ်တည်း သွားလာနေခြင်းနှင့်စာလျှင် သူ့ကို ကာကွယ်ပေးနိုင်သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။

အင်မော်တယ်များက ပင်မလမ်းညွှန်ချက်များကို ရရှိသွားမည်ဆိုလျှင် ထိုအရာကို သူကိုယ်တိုင် ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် သူကလည်း တတ်နိုင်သမျှ ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူ၏ကူညီပေးမှုက အလွန်အန္တရာယ်များသည်ဟု တွေးမည်ဆိုလျှင် သူကတော့ သူ၏လုံခြုံမှုကို ဂရုစိုက်ပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကို သတ်ပစ်ရန်သာ အကူအညီပေး၍ရနိုင်သည်။

ထို့နောက် သူက သူတို့နှင့် ဝေးဝေးနေသည်မှာ အကောင်းဆုံးဖြစ်၏။ သူ့အတွက်တော့ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်က အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ်တို့၏ ဓမ္မကာရသိုင်းကွက်များလောက် စိတ်ဝင်စားမှုမရှိချေ။

ကျန်းကျိဝေ ပြန်ဖြေသည်ကို စောင့်မနေဘဲ သူက ဆက်ပြောလိုက်၏။

"ငါက ပြည့်စုံခြင်းတံခါးထဲကို နောက်တစ်ကြိမ် ဝင်သွားပြီး အင်မော်တယ်ယွင်ဟယ်နဲ့ ဒီကိစ္စကိုသေချာဆွေးနွေးရဦးမယ် ... "

မင်းကွမ်နှင့်မင်းရှုတို့က အင်မော်တယ်ယွင်ဟယ်ကို ဖိတ်ခေါ်ခိုင်းလိုက်သည်မှာ ကနဦးခြေလှမ်းသာ ဖြစ်သည်။ အင်မော်တယ်ယွင်ဟယ်က ပြင်ပကမ္ဘာကြီး၏ ကိစ္စများကို အမှောင်ထဲတွင် ကူညီပေးရန် မဖြစ်နိုင်ပေ။ မည်သို့ဖြစ်သည့်ကာမူ ပင်မလမ်းညွှန်ချက်ဟူသည်မှာ သူပြောလိုက်သောအရာဖြစ်သည်။

ထို့ကြောင့် သူက တံခါးဆီကို ရောက်သည့်အချိန်တွင် အင်မော်တယ်ယွင်ဟယ်နှင့် တိုက်ရိုက်စကားပြောရန် ပြင်ဆင်လိုက်၏။ ကျန်းကျိဝေက မုန့်ချီနှင့်အတူ လမ်းပေါ်တွင် လျှောက်နေရင်း စကားနည်းနည်းသာ ပြောခဲ့သည်။

သူတို့က တခြားသူများ အာရုံစိုက်သည့်နေရာမှ ရှောင်ထွက်ရန်ကြိုးစားပြီး ပြည့်စုံခြင်းတံခါးကိုထုတ်ရန် အခွင့်အရေးတစ်ခု ရှာဖွေလိုက်သည်။ မုန့်ချီက ကွေ့ပတ်ပြီး အဘိုးကြီးချောင်၏ စားသောက်ဆိုင်ဆီသို့ တမင်တကာ ရောက်သွားခဲ့၏။ သူက ထိုနေရာတွင် အရက်သမားရှဲ့ဆီမှတစ်ဆင့် အင်မော်တယ်များကို ဆက်သွယ်ရန် စီစဉ်ထားသည်။

မုန့်ချီက လမ်းပေါ်သို့ လျှောက်လာသည့်အချိန်တွင် အရာအားလုံးက တိတ်ဆိတ်ခြောက်ကပ်နေကြောင်း တွေ့လိုက်ရသည်။ သူက အဘိုးကြီး ချောင်၏ စားသောက်ဆိုင်သို့ ရောက်မလာခင် အလွန်ထိတ်လန့်သွားခဲ့၏။ စားသောက်ဆိုင်ထဲတွင် ရှိနေသော အရာအားလုံးက ပျက်စီးနေပြီး ပစ္စည်းတစ်ခုမျှ အကောင်းအတိုင်း မကျန်ခဲ့‌ပေ။

မြေပြင်ပေါ်တွင်တော့ (၃)လက်မခန့်ရှိသော အပေါက်တစ်ခုဖြစ်နေပြီး အဘိုးကြီးချောင်၏ စားသောက်ဆိုင်က လေလှိုင်းတစ်ခုတည်းနဲ့ပင် ပျက်စီးသွားနိုင်သည်။ အရေးအကြီးဆုံးအရာကတော့ အရက်သမားရှဲ့၏ ခြေရာလက်ရာများကို မတွေ့ရပေ။

"ဒါက ဝေ့ကျင်းအဆင့်ပညာရှင်တွေရဲ့ တိုက်ပွဲရလဒ်ပဲ ... "

ကျန်းကျိဝေက သူမ၏သုံးသပ်ချက်ကို ပြောလိုက်သည်။

မုန့်ချီက စားသောက်ဆိုင် အနီးအနားတွင် အရက်သမားရှဲ့ကို ရှာဖွေနေခဲ့သော်လည်း မှတ်စုများ၊ ခြေရာလက်ရာများ မကျန်ခဲ့ပေ။ သူ့ရင်ထဲတွင်တော့ ချက်ချင်း လေးလံသွားခဲ့၏။

"ဘာတွေဖြစ်နေတာလဲ ‌ဒါက အသူရာကျောင်းဆောင်ရဲ့ ရန်စမှုလား ... ဒါမှမဟုတ် သူ့ရဲ့အကြောင်းတွေ ပေါ်သွားတာလား…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က လမ်းပေါ်မှ ထွက်လာပြီး ထိုနေရာတွင် ကြာကြာမနေရဲပေ။ သူတို့၏နောက်မှ လိုက်လာသူ တစ်ယောက်မျှမရှိကြောင်း အတည်ပြုပြီးမှသာ သူတို့က ပြည့်စုံခြင်းတံခါးကို ထုတ်လိုက်သည်။ သူတို့အကူအညီလိုသည့်အချိန်တွင် အင်မော်တယ်ယွင်ဟယ်က အကူအညီပေးရန် သဘောတူညီချက် လုပ်ဆောင်ရမည် ဖြစ်သည်။

ကျန်းကျိဝေက မုန့်ချီ တံခါးထဲသို့ ဝင်သွားမည့်အချိန်ကို စောင့်နေပြီး ထိုအရာကို လေဟာနယ်လက်စွပ်ထဲသို့ သိမ်းလိုက်၏။ ထို့နောက် သူမက ထွက်သွားခဲ့သည်။ သူမက ကောင်းကင်ပေါ်သို့ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအရာက ရွှေရောင်အလင်းတန်းတစ်ခုဖြစ်နေပြီး ကြည်လင်အေးမြသည့် အငွေ့အသက်များ သယ်ဆောင်ထား၏။

"ဗုဒ္ဓအလင်းတန်း နောက်ထပ်အငွေ့အသက်တစ်ခုလား…"

Translated by Hein Htet.

All Chapters