← Chapters

အခန်း (၅၃၈)

Vol. 36 Ch. 538

အခန်း (၅၃၈)

Vol. 36 Ch. 538

ရှောင်လင်ကျောင်းတော်၏ ဗုဒ္ဓခန်းမထဲတွင် …

တိုက်အုပ်ကိုယ်တော်များနှင့် အကြီးအကဲများ ရောက်ရှိနေကြပြီး သူတို့၏ ပုခုံးပေါ်တွင် အနီရောင်ခြုံလွှာများကို ဝတ်ဆင်ထားကြသည်။ မျက်ခုံးဖြူနှင့် မုတ်ဆိတ်ဖြူရှိနေသော ကုံဝမ်က လက်ထဲတွင် ကွင်း(၉)ကွင်းပါသော တုတ်တစ်ချောင်းကို ကိုင်ထားသည်။

သူက နောက်ဘက်ကို ကြည့်ပြီး ပြောလိုက်၏။

"အောမီတော်ဖော် ..

တန်ဟန်မှာ နောက်ထပ် ဗုဒ္ဓအလင်းတန်းတစ်ခု ပေါ်လာပြန်ပြီ။ ဗုဒ္ဓရဲ့ အမွေအနှစ်တွေက မကောင်းဆိုးဝါးတွေရဲ့လက်ထဲကို ကျသွားလို့ မဖြစ်ဘူး။ ဒီတော့ ငါတို့က ရွေးချယ်ခွင့်မရှိတော့ပဲ ကမ္ဘာကြီးရဲ့အရေးကိစ္စကို ကိုယ်တိုင် ဝင်ပါမှ ဖြစ်တော့မယ်…."

သူ၏မျက်နှာပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာနေပြီး ထူးခြားသော အငွေ့အသက်မျိုးစုံလည်း ရှိနေခဲ့သည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး မည်သူမျှ မရှိသည့်အလား ပြောလိုက်၏။

"ဝူစစ်…

ညီလေး ကုံဟွေကို ခေါ်ပြီး တောင်အနောက်ဘက်မှာရှိတဲ့ ကျောင်းဆောင်ထဲမှာ အနတ္တဓားကို ကာကွယ်ပါ…"

သူက ဓားကို ကာကွယ်ရန် ကုံဟွေကို အမိန့်ပေးလိုက်သည်။

အမှန်အတိုင်းပြောရလျှင်တော့ ကုံဟွေ၏တာဝန်က ကျမ်းစာတိုက်ကို စောင့်ကြပ်ရပြီး နတ်ဘုရားလက်နက်များနှင့် ဂိုဏ်းကို ထိန်းချုပ်ရန် ဖြစ်၏။ ဝူစစ်က ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော်ဖြစ်သည်။ သူ၏ ဆံပင်မွှေးများ၊ မုတ်ဆိတ်မွှေးများ ကျဆင်းနေသည်မှာ သူ့ပုံစံက သစ်ပင်သေကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဆရာ…

ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်က တော်တော်လေးကို အရေးပါတော့ ဒီလိုမျိုးပဲ သတ်မှတ်ရမယ်။ ကျွန်တော်က နတ်ဘုရားလက်နက်ကို စောင့်ကြပ်ဖို့ လက်လွှတ်ပြီး ဆရာနဲ့အတူ လိုက်ခဲ့ချင်တယ်။ ဒါဆိုရင် ကျွန်တော်တို့က အသူရာတွေကို အခွင့်အရေး ပေးစရာမလိုတော့ဘူးပေါ့…"

ကုံဝမ်က ခေါင်းခါပြီး အပြုံးနှင့်ပြောလိုက်၏။

"တကယ်လို့ အဲဒီအရာက ငါ့လက်ထဲကို ရောက်မလာဘူးဆိုရင် ငါ့ရဲ့ကံကြမ္မာလို့ပဲ သတ်မှတ်ရမှာပေါ့။ ငါက လက်ခံနိုင်ပါတယ်။ ဂိုဏ်းထဲက တစ်ခြားသူတွေကို ဒီကိစ္စကြောင့် အန္တရာယ် မဖြစ်စေချင်ဘူး။ ဝမ်မိသားစုရဲ့ ရည်ရွယ်ချက်ကိုလည်း ခန့်မှန်းကြည့်ဖို့ တော်တော်ခက်တယ်။ ငါတို့အားလုံးက သတိထားဖို့ လိုလိမ့်မယ်.."

သူတို့စကားပြောနေစဉ် အတောအတွင်း သူကတော့ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်တိုက်ပွဲတွင် အနိုင်ရနိုင်မည်ဟု အတော်လေး ယုံကြည်ထားသည်။ သူက ကောင်းကင်မှတ်တမ်းတွင် အဆင့်(၃) ဟူသော နာမည်နှင့် အမှန်တကယ်ကို ထိုက်တန်ပြီး တစ်ချိန်တုန်းက ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သော အစွမ်းထက်ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။

"အော်မီတော်ဖော် ….

ဒါဆိုလည်း ဆရာ့ရဲ့ဆန္ဒကိုပဲ ကျွန်တော်တို့က လိုက်နာပါ့မယ်…"

ကုံဝမ်က ဆုံးဖြတ်ချက်ချပြီးသွားသည်ကို မြင်သည့်အခါ ဝူစစ်က ထပ်မံဖျောင်းဖျနေခြင်း မရှိတော့ချေ။

ကုံဝမ်က တိတ်ဆိတ်သောအသံနှင့် ပြောလိုက်၏။

"လူတွေအများကြီး လိုက်လာရင်လည်း အကျိုးမရှိဘူး ။ ညီလေးကုံကျန်းနဲ့ ညီလေးဝူကျင်း။ မင်းတို့က ငါနဲ့အတူ ဒီခရီးကို လိုက်ခဲ့ကြပါ…"

သူက လူ(၂) ယောက်ကိုသာ ခေါ်ခဲ့သည်။ သို့သော် သူတို့က ရှောင်လင်ကျောင်းတော်၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား (၂၀) ရာခိုင်နှုန်းခန့် ဖြစ်နေသည်။ ကုံဝမ်ကဲ့သို့ ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက်ကို ဖယ်ထားလိုက်မည်ဆိုလျှင် ရှောင်လင်ကျောင်းတော်က သူတို့ဆီတွင် ရှိနေသော သိုင်းသခင်အရေအတွက်အရ ကမ္ဘာကြီးထဲတွင် ထိပ်တန်းအင်အားစု (၃) ခုထဲတွင် ရှိနိုင်သည်။

အပြင်လူများကတော့ သူတို့ဆီတွင် အနည်းဆုံး (၇) ယောက်ရှိမည်ဟု တွက်ချက်ထားကြ၏။ သာမာန်လူများကတော့ ရှောင်လင်ကျောင်းတော်၏ (၇)ယောက်ထဲတွင် (၆) ယောက်ကိုသာ ရင်းနှီးကြသည်။ ကျမ်းစာတိုက်မှ ကုံဟွေ ၊ ဓမ္မခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ကုံကျန်း၊ ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဝူစစ်၊ စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဝူကျင်း၊ ဓမ္မခြံဝန်း၏ အကြီးအကဲ ဝူဝမ်၊ ဗောဓိခြံဝန်း၏ အကြီးအကဲ ရွှမ်ပိုင်တို့ ဖြစ်ကြသည်။ နောက်ဆုံးကျန်နေသည့် တစ်ယောက်ကတော့ တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲ ကိုယ်တော်တစ်ယောက်ဖြစ်သည့် ကုံကျိ ဖြစ်မည်ဟု သံသယ ဝင်နေကြသည်။

တစ်ဖက်တွင် ကုံကျန်းက ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ဖြစ်နေပြီး ဝူကျင်းက ကောင်းကင်(၉) သွယ်ကို ရရှိ၍ သာမာန်သိုင်းသခင် အဆင့်ထက် ကျော်လွန်နေခဲ့သည်။ ကုံဝမ်က အရေအတွက်ထက် အရည်အသွေးကို အလေးထားကြောင်း သိသာထင်ရှား၏။

"အော်မီတော်ဖော်…

ဆရာဦးလေး ဝူကျင်းက စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော်လေ။ သူက ကျွန်တော်တို့ ကျောင်းဆောင်ကြီးရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် တာဝန်ရှိတယ်။ ဒါကြောင့် သူ့ရဲ့တာဝန်က ကျောင်းဆောင်ထဲမှာ နေဖို့ပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကျောင်းထိုင်နဲ့အတူ လိုက်ဖို့ ခွင့်ပြုပါ…"

ရွှမ်ပိုင်က မတ်တပ်ရပ်လိုက်သည်။ သူက အရင်ဆုံး တောင်းဆိုလိုက်၏။ သူက ကုံဝမ်၏ တိုက်ရိုက်လမ်းညွှန်ချက်ကို ရရှိခဲ့သော တပည့်တစ်ယောက် ဖြစ်နေသည်။ သူပြောသည့်စကားကလည်း မှန်ကန်နေ၏။

ကျောင်းဆောင်ထဲတွင် လူရှိနေသေးသ၍ စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော် တစ်ယောက်ဖြစ်သော ဝူကျင်းက ကျောင်းဆောင်ထဲတွင်သာ နေထိုင်သင့်သည်။

ကုံဝမ်က လက်ကာပြလိုက်၏။

"မင်းက ခုချိန်ထိ နောင်တမဲ့ လျှို့ဝှက်တံခါးကို မတွေ့သေးဘူး။ အခြေခံကလည်း မတည်ငြိမ်သေးဘူး။ မင်းက အချိန်တော်တော်ကြာ လေ့ကျင့်ပြီး ပြန်လည်ဝင်စားမှုကို ရှာဖွေဖို့အတွက် အချိန်အတော်လေး လိုအပ်နေသေးတယ်။ ညီလေး ကုံဟွေက ငါ့အနားမှာ ကူညီပေးနေတဲ့အတွက် ဘာမှ စိုးရိမ်မနေပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခြားတိုက်အုပ်ကိုယ်တော်တွေ၊ အကြီးအကဲတွေက တူလေးဝူကျင်းရဲ့ ပြိုင်ဘက် မဟုတ်ကြဘူးလေ။ စည်းကမ်းဆိုတာက နှလုံးသားထဲမှာပဲ ရှိပါတယ်။ လူဆီမှာရှိတာ မဟုတ်ဘူး။ ဒီတော့ တိုက်အုပ်ကိုယ်တော် ရှိတာမရှိတာက ပြဿနာ မဟုတ်ဘူး.."

သူက ရွှမ်ပိုင်၏ စကားကို ငြင်းဆန်လိုက်သည်။ ထို့ကြောင့် ရွှမ်ပိုင်လည်း ဘာမှ မတတ်နိုင်ဘဲ လက်ခံလိုက်ရ၏။

"ဗုဒ္ဓလက်ဝါးပေါ်လာဖို့ အချိန်တော်တော်လေး လိုသေးတယ်။ ဒီတော့ ငါတို့က ခရီးကို ဖြည်းဖြည်းပဲ သွားကြတာပေါ့။ ပြီးတော့ အချိန်ကြည့်ပြီး အစီအစဉ်တွေကို ရေးဆွဲကြမယ်။ ဒါဆိုရင်တော့ ငါတို့က တစ်ခြားသူတွေရဲ့ လက်ခုပ်ထဲက ရေ မဖြစ်တော့ဘူးပေါ့…"

…………………..

အလွန်နက်ရှိုင်းပြီး ကြောက်စရာကောင်းသော သေဆုံးခြင်းစွမ်းအားများ လွှမ်းခြုံနေသည့် အုတ်ဂူတစ်ခု၏ အတွင်းထဲတွင် အဝါရောင်သေဆုံးခြင်း မြူခိုးများ လွှမ်းခြုံနေသော လူတစ်ယောက်ရှိသည်။ သူက အလွန်ကြီးမားသော အလောင်းစင်တစ်ခု၏ ရှေ့တွင် ရပ်နေခဲ့၏။

အလောင်းစင်က (၂) ပေခန့် အရှည်ရှိပြီး (၁) ခန့် အကျယ်ရှိသည်။ အတွင်းထဲတွင်တော့ အနက်ရောင်ပေါက်ချွန်းတစ်ခု ရှိနေ၏။ ထိုအရာက အလွန်ထူးခြားပုံရသည်။ သူ၏မျက်နှာပြင်ပေါ်တွင်တော့ ငရဲပြည်မှ ရုပ်ပုံများ၊ ငရဲကြီး (၉) ထပ်မှ ရုပ်ပုံများကို ရေးဆွဲထားသည်။

အလွန်ရှေးကျပြီး အစက်အပျောက်များ ပြည့်နက်နေသော မီးအိမ်များကလည်း ထိုအလောင်းစင်၏ (၂) ဖက်အစွန်းတွင် တပ်ထားပြီး အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည်။ သူတို့၏ အစိမ်းရောင်အလင်းတန်းများက မီးပွှားငယ်လေးများကဲ့သို့ ဖြစ်နေ၏။

"သခင်ကြီး။ ပစ်မှတ်ကစပြီး လှုပ်ရှားလာပြီ…"

အဝါရောင်သေဆုံးခြင်းမြူခိုးများ လွှမ်းခြုံနေသော လူက ရိုရိုသေသေ ပြောလိုက်၏။

အလောင်းစင်ထဲမှနေ၍ အလွန်ကြီးကျယ်ခမ်းနားသော အသံတစ်ခုထွက်ပေါ်လာသည်။

"အစီအစဉ်အတိုင်းပဲ လုပ်ကြ…"

သူ့အသံက ရေလှိုင်းများ စီးဆင်းသော အသံကဲ့သို့ ဖြစ်နေပုံရ၏။

……….

အချစ်ဘုန်းတော်ကြီး၏ မျက်ခုံးကြားထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေပုံရသည်။ ထိုအရာက သူ့ကို စိုက်ကြည့်နေသူများကို စိတ်ဝင်စားမှုနှင့် သနားစိတ်များ ထွက်ပေါ်လာစေနိုင်၏။ ထိုအရာကြောင့်လည်း သူ့ဆီတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုရှိနေခြင်း ဖြစ်သည်။

သူက ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားသော ကျန်းကျိဝေကို စိုက်ကြည့်လိုက်ပြီး နှစ်လိုဖွယ်အပြုံးနှင့် ပြောလိုက်၏။

"မင်းရဲ့လက်က မျှတပြီး အစွမ်းထက်ပေမဲ့ နူးညံ့သိမ်မွေ့သေးတယ်။ လူတစ်ယောက်ရဲ့လက်ကို ကြည့်လိုက်တာက လူတစ်ယောက်ကို ကြည့်နေတာနဲ့ အတူတူပဲ ။ မိန်းကလေး … မင်းလည်း ဘာမှ ကွဲပြားမှုမရှိဘူး။ မင်းကလည်း ငါနဲ့အတူ ဒီကမ္ဘာကြီးရဲ့ပျော်ရွှင်မှုတွေကိုအတူတူ မခံစားကြည့်ချင်ဘူးလား။ ပြီးတော့ ဗုဒ္ဓလမ်းစဉ်ရဲ့အထွဋ်အမြတ်လမ်းစဉ်ကို နားလည်ဖို့အတွက် ကမ္ဘာကြီးရဲ့ ပျော်ရွှင်မှုတွေကို မလေ့လာချင်ဘူးလား…"

သူအသံက တိတ်ဆိတ်ပြီး တိုးသော်လည်း ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ သူက နားထောင်နေသူများကို စိတ်သက်သာရာ ရသွားစေနိုင်သည့် အသံနှင့် ဆက်၍ ပြောနေခဲ့၏။

ထိုအချိန်တွင် အတွေးများက တဖြည်းဖြည်း ဝေဝါးလာကြောင်း ကျန်းကျိဝေက ခံစားမိလိုက်ရသည်။ ကျန်းကျိဝေက ထိုကဲ့သို့ ခံစားမှုထဲတွင် မျောပါသွားခဲ့ခြင်း မရှိဘဲ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ ဆန်းကြယ်နတ်သမီး၏ အင်မော်တယ်ကမ္ဘာကြီးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူက အနည်းငယ် အားနည်းနေသေး၏။

ကျန်းကျိဝေ၏ မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့နေပြီး သူမက လေသံထဲတွင် ဆက်လက်မျောပါနေကြောင်း မြင်လိုက်ရသည့်အခါ အချစ်ဘုန်းတော်ကြီးက သူ၏ နတ်ဘုရားလေသံနှင့် သူမကို ဆွဲဆောင်သည်မှာ အောင်မြင်သွားခဲ့သည်ဟု တွေးလိုက်မိသည်။

သူက ပြုံးလိုက်မိပြီး သူမဆီသို့ ပျံသန်းလာ၍ ပြောလိုက်၏။

"ယောကျ်ားနဲ့ မိန်းမဆိုတာက သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေအရ ကွဲပြားကြတယ်…"

အချစ်ဘုန်းတော်ကြီးကို မြင်တွေ့လိုက်ရပြီးနောက် ရွှယ်လျန်ကျိုးက ကျောက်ရုပ် ဖြစ်စေနိုင်သော မှော်ဂါထာတစ်ခုကို ကြုံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။ သူမက တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး လမ်းလျှောက်သွားရန် အခွင့်အရေးပင် မရခဲ့ပေ။

ရုတ်တရက်ဆိုသလို သူမက အလွန်နတ်ဆိုးဆန်သော သူ့အသံကို ကြားလိုက်ရပြီး ကျန်းကျိဝေက မှင်တက်သွားသည်ကို မြင်လိုက်ရသည်။ သူမက ပါးစပ်ဟပြီး ကျန်းကျိဝေကို နှိုးရန်ကြိုးစားချင်နေခဲ့၏။

သို့သော် အချစ်ဘုန်းတော်ကြီးကတော့ ထိုအရာကို ကြိုတင်ခန့်မှန်းထားပုံရပြီး သူမကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က အလွန်အေးစက်ပြီး သူ့နှုတ်ခမ်းထောင့်က ပြုံးနေခဲ့၏။

ရွှယ်လျန်ကျိုးက ချက်ချင်း ဆိုသလို စကားပြောရန် ခွန်အားပင် ဆုံးရှုံးသွားခဲ့ရသည်။ သူက သူမ၏ထိန်းချုပ်သူတစ်ယောက်ဖြစ်ပြီး သူမ၏ နာကျင်မှုနှင့် ပျော်ရွှင်မှုကို ချုပ်ကိုင်ထားသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူမက သူနှင့် ရင်ဆိုင်လိုခြင်း မရှိချေ။

သူမက မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားစေကာမူ အလွန်နက်ရှိုင်းသော အိမ်မက်ဆိုးထဲမှ ထွက်ပြေးနိုင်ခြင်း မရှိချေ။ ရုတ်တရက် ဆိုသလို သူတို့၏ ပတ်ပတ်လည်တွင် အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ကြီးက မည်းမှောင်သွားခဲ့ပြီး ထိုကမ္ဘာကြီးထဲတွင် တစ်ခုတည်းသာ ရှိနေသလို ထင်မှတ်ရသည်။ ကောင်းကင်ကြီးပေါ်တွင်လည်း ဓားအလင်းတန်းတစ်ခုတည်းသာ ရှိနေခဲ့၏။

သာမာန်ဓားချီစွမ်းအင်တစ်ခုကပင် လေထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ဓားချီစွမ်းအင်ရဲ့ မူမမှန်သော အစွမ်းများကို ခံစားမိနိုင်၏။ ထိုဓားအလင်းရောင်ထဲတွင် သန့်စင်မှုနှင့် တောက်ပမှုသာ ရှိနေခဲ့၏။ ဓားကပင် ရောက်မလာသေးခင် သူ၏ အလင်းတန်းက မျက်နှာဆီသို့ ရောက်လာခဲ့သည်။

အချစ်ဘုန်းတော်ကြီး၏ မျက်ခုံးကြားထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ပင်မဝိညာဉ်က ထိတ်လန့်သွားခဲ့၏။ သူ လက်မြှောက်သည်မှာပင် အတော်လေးကို နှေးကွေးသွားခဲ့သည်။ သူကတော့ မည်သည့်အရာမျှ လှုပ်ရှားခြင်းမရှိဘဲ သူ့ဆီကို ရောက်လာသော ဓားအလင်းတန်းကို စိုက်ကြည့်နေမိခဲ့သည်။

"ငါက သူ့ရဲ့ထောင်ခြောက်ထဲကို ကျသွားခဲ့တာပဲ။ အနန္တဓား… "

သူက တစ်ခြားအရာများကို စိုးရိမ်နေခြင်း မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်များအားလုံးကို ဖွင့်လိုက်၏။

ထိုအချိန်တွင် အလင်းတန်းကဲ့သို့ ပန်းရောင်အလင်းစက်လေးများ ထွက်ပေါ်လာပြီး သူ၏နောက်ဘက်တွင် ဂရုဏာမျက်နှာနှင့် ရွှေရောင်ဗုဒ္ဓ ပုံရိပ်ယောင်ခန္ဓာတစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်ခန္ဓာက မိန်းမပျိုတစ်ယောက်ကို ဖက်ထားသည့် ခန္ဓာမျိုးဖြစ်ပြီး ထိုပုံရိပ်ယောင်ခန္ဓာက အလွန်ထင်ရှားလွန်းလှသည့်အတွက် လက်နှင့် ထိတွေ့ကိုင်ကြည့်၍ပင် ရနိုင်သည်။

မိန်းမပျို၏ အသားအရည်ကတော့ အလွန်ကြည်လင်တောက်ပနေပြီး နှင်းများထက်ပင် ပို၍ စွတ်စွတ်ဖြူနေသေး၏။ သူမ၏ ဦးခေါင်းမှ ခြေထောက်ထိအောင် တစ်ကိုယ်လုံး အဝတ်အစားမပါပေ။ အလွန်ဆွဲဆောင်မှုရှိသော သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများကလည်း အထင်းသားပေါ်နေခဲ့၏။

သူမက အလွန်လှပလွန်းလှသည့်အတွက် ကြည့်လိုက်မိသည်နှင့်ပင် လူတစ်ယောက်ကို သွေးဆူလာစေနိုင်သည်။ သို့သော် သူမကတော့ ဗုဒ္ဓ၏လက်ပေါ်တွင် ထိုင်နေပြီး ဆက်တိုက်ပြောင်းလဲနေသော ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သူမက ဗုဒ္ဓပုံရိပ်ယောင်ခန္ဓာနှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး ခန္ဓာကိုယ်ချင်း နှီးနှောဖလှယ်နေသည့် ပုံသဏ္ဍာန်မျိုးဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအား ပြည့်ဝသော မိန်းမပျိုများနှင့် အချစ်ဘုန်းတော်ကြီး၏ စုပ်ယူခြင်းကို မခံရသေးသော မိန်းမပျိုများကသာ သူမကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ ထိုအရာမှတဆင့် သူက အနှစ်သာရများကို ပေါင်းစပ်နိုင်ပြီး ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ပါလိမ့်မည်။

ဗုဒ္ဓပုံရိပ်ယောင်က ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်ပြီး မိန်းမပျိုနှင့် ဆက်ဆံနေသည့် အနေအထားကို ပြောင်းလဲလိုက်သည်။ လက်(၂) ဖက်က မိန်းမပျို၏ နောက်ကျောဘက်မှ နေ၍ သိုင်းဖက်ထားခဲ့၏။

"ပျော်ရွှင်မှုနှင့် တဏှာရမ္မက်တွေက လေထဲမှာ ပျောက်ကွယ်သွားနိုင်တယ်။ ခန္ဓာကိုယ် နှီးနှောဖလှယ်မှုတွေကလည်း ဘာမှမဟုတ်ဘူး…"

အချစ်ဘုန်းတော်ကြီးက လက်(၂) ဖက်ကို မြှောက်လိုက်ပြီး လက်အုပ်ချီလိုက်သည်။

ထို့နောက် လက်(၂) ဖက်ကို ရှေ့သို့ တွန်းပို့လိုက်၏။ ထိုအခါ ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာအားလုံးက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ အလွန်သန့်စင်သော ဓားအလင်းတန်း ပျောက်ကွယ်သွားသည့်အချိန်တွင် အချစ်ဘုန်းတော်ကြီးက ကျန်းကျိဝေ၏ဓားကို လက်ဝါး(၂)ဖက်နှင့် ညှပ်ထားခဲ့သည်။

"ချွမ်... ချွမ်....ချွမ်...."

ဓားအလင်းရောင်များ ထွက်ပေါ်လာပြီး ဗုဒ္ဓပုံရိပ်ယောင်၏ လက်ဝါးပေါ်တွင်လည်း ဓားအမှတ်အသားများ ကျန်နေခဲ့၏။

အချစ်ဘုန်းတော်ကြီးက ဓားကို ဖယ်ရှားလိုက်ပြီး ကျန်းကျိဝေ၏ နောက်ထပ်တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ သူ့အဆင့်က မြင့်မားသော်လည်း ကျန်းကျိဝေ၏ အနန္တဓားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အတော်လေးကို အရေးနိမ့်နေသေးသည်။

"အဲဒါသူပဲ။ ပျက်သုဉ်းခြင်းဓားနတ်သမီး…"

အချစ်ဘုန်းတော်ကြီး၏ ဒေါသများက ဝမ်းသာမှုကြောင့် ပေါ်လာသော တဏှာရမ္မက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဓားနတ်သမီးက သက်တူရွယ်တူများထဲတွင် အလွန်အမင်းကို လှပပြီး အစွမ်းထက်ကြောင်း သူလည်းကြားခဲ့ဖူး၏။

တစ်ခြားသူများကတော့ သူ့လို ကံကောင်းလိမ့်မည် မဟုတ်ချေ။ သူကတော့ ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာသောနေရာကို မသွားခဲ့ပေ။ သူတို့က ပြန်ရောက်လာရန် အချိန်အတော်လေး ပေးရနိုင်သေး၏။ ထို့ကြောင့် ဤနေရာတွင် သူ့ကို တားဆီးနိုင်သော ပညာရှင် တစ်ယောက်မျှ မရှိနိုင်ချေ။

စုဝူမင်က အမှန်တကယ် ကြောက်စရာကောင်းသော်လည်း သူက ကြောက်နေစရာ မလိုအပ်ပေ။ မည်သို့ဖြစ်စေကာမူ နှင်းတောင်ဓားဂိုဏ်းမှ အစွမ်းထက်ပညာရှင်များကပင် သူ့ကို နှစ်ပေါင်းများစွာ လိုက်လံတိုက်ခိုက်နေခဲ့သည်။ သူက လေဟာနယ်ကို ဖြတ်သန်းနိုင်သော ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက် မဟုတ်ချေ။ အချစ်ဘုန်းတော်ကြီးက မည်သည့်အရာကို ကြောက်နေရမည်နည်း။

အကယ်၍ သူက အောင်မြင်သွားပြီဆိုလျှင် သေမင်းပင်လယ်ထဲ၌ ပုန်းနေနိုင်သလို နတ်ဘုရားမြှုပ်နှံခြင်း ပင်လယ်ထဲတွင်လည်း ပုန်းနေနိုင်သေးသည်။ စုဝူမင်က ဘဝတစ်လျှောက်လုံး ထိုနေရာ(၂) ခုတွင် သူ့ကို စောင့်နေရန် လုံးဝမဖြစ်နိုင်ပေ။

ထိုအရာက မကောင်းဆိုးဝါး လမ်းစဉ်(၉) သွယ်ကို လျှောက်လှမ်းသူများနှင့် အထက်တန်းလွှာ မိသားစုများ၊ နန်းတွင်း၊ ဂိုဏ်းများမှ ပညာရှင်များ၏ ကွဲပြားခြားနားချက်လည်း ဖြစ်သည်။ သူတို့ကတော့ ဤကမ္ဘာကြီး၏ စည်းမျဉ်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေကြ၏။

သို့သော် အချစ်ဘုန်းတော်ကြီး၏ စိတ်ထဲတွင် အလွန်ပြင်းပြသော ဆန္ဒများ ထွက်ပေါ်လာနေသည်မှာ သိသာထင်ရှားနေသည်။ မဟုတ်လျှင် ပျော်ရွှင်ခြင်းကျောင်းဆောင်၏ ကျောင်းထိုင်ကိုယ်တော်က စုဝူမင်ကဲ့သို့ ဓမ္မကာရအဆင့်ကို ရှောက်ရှိတော့မည့် လူတစ်ယောက်ကို ရန်စရဲမည် မဟုတ်ချေ။

ကျန်းကျိဝေ၏ ဓားချက်က အောင်မြင်ခဲ့ခြင်း မရှိသည့်အတွက် သူမက စဉ်းစားနေခြင်းမရှိဘဲ နောက်တစ်ကြိမ် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ပြန်သည်။ သူမ၏ ဓားအလင်းရောင်က လေထဲသို့ မြှောက်တက်သွားခဲ့ပြီး သူမက ဖျက်စီးခြင်း ပင်လယ်သိုင်းကွက်ကို အသုံးပြုလိုက်၏။

ဓားဆန္ဒများက လေဟာနယ်ထဲတွင် ပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့ပြီး လေလှိုင်းများက (၂) ပိုင်း ကွဲသွားခဲ့သည်။ သူမ၏တိုက်ခိုက်မှုကို ခုခံရန် လုံးဝမဖြစ်နိုင်ပေ။

အချစ်ဘုန်းတော်ကြီး၏ နောက်တွင် ရှိနေသော ဗုဒ္ဓပုံရိပ်ယောင်က နောက်တစ်ကြိမ် ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ သူ၏လက်ဖဝါးက အချစ်ဘုန်းတော်ကြီး၏ နောက်ကျောကို ရိုက်ချလိုက်ပြီး သူ၏ညာဘက်လက်ကို အသက်သွင်းပေးလိုက်သည်။

ထိုအချိန်တွင် သူတို့၏ ပတ်ပတ်လည်၌ လက်ဝါးသံတစ်ခု ကြားလိုက်ရ၏။ ကွဲပြားသွားသည်မှာ ချီစွမ်းအင်များက ရွှေရောင်လက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သို့်သော် ချီစွမ်းအင်များက ငါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားနေသည့်အချိန်တွင် ထူးဆန်းမှုများ ပါဝင်နေခဲ့၏။

ထိုအရာကို ရှူရှိုက်မိလိုက်သည့်အချိန်တွင် ကျန်းကျိဝေ၏ ဓားထဲသို့ ထိုးဖောက်သွားပြီး သူမ၏ ရင်ဘတ်ကို ရိုက်လိုက်မိသည်။ ထိုလက်ဖဝါးက အရာအားလုံးကို ထိုးဖောက်နိုင်သော လက်ဖဝါးဖြစ်၏။ ထိုအရာက ပျော်ရွှင်ခြင်းကျောင်းဆောင်၏ နာမည်ကျော် သိုင်းပညာတစ်ခုလည်း ဖြစ်သည်။

သူက သိုင်းကွက်တစ်ကွက်တည်းနှင့်အောင်မြင်သွားသည်ကို မြင်လိုက်ရသည့်အခါ အချစ်ဘုန်းတော်ကြီးက ပို၍ဝမ်းသာသွားခဲ့၏။ လက်ဖဝါး၏ အရှိန်အဝါက စိတ်ကူးယဉ်ပုံစံအဖြစ် ပြောင်းလဲနေသည့်အတွက် ကျန်းကျိဝေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။

ရုတ်တရက်ဆိုသလို ကျန်းကျိဝေ၏ ဓားအလင်းတန်းက လွှင့်ပါးသွားခဲ့ပြီး တစ်စုံတစ်ခု၏ ဖြတ်ချမှုကို ခံလိုက်ရသည့်အလား အောက်စိုက်သွားခဲ့သည်။ အလွန်လေးလံသော အရှိန်အဝါကို သယ်ဆောင်ထားသည့် လက်ဖဝါးက ရွှေရောင်လက်တစ်ဖက်အဖြစ် ပေါ်လာပြီး ပြောင်းလဲမှု အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုလက်က သာမာန်သာဖြစ်ပြီး တောက်ပြောင်နေသော်လည်း ရှေ့ကို ဆက်၍ရောက်လာနေပြီး ကျန်းကျိဝေ၏ ဓားက ထိုအရာကို တားဆီးနိုင်ခဲ့သည်။

"ချွင်...."

ကျန်းကျိဝေနှင့် အချစ်ဘုန်းတော်ကြီးတို့ ရင်ဆိုင်လိုက်ရသောအစွမ်းကြောင့် နောက်ကို တပြိုင်နက်တည်း လွှင့်သွားခဲ့ကြသည်။

"သူက ငါ့ရဲ့လက်ဝါးကို ဘာလို့အလွယ်တကူ တားဆီးနိုင်ခဲ့ရတာလဲ…"

အချစ်ဘုန်းတော်ကြီးက အတော်လေးကို ထိတ်လန့်သွားခဲ့၏။ ထိုအချိန်တွင် သူ၏ ခေါင်းထဲ၌ လင်းလက်သွားခဲ့ပြီး တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။

"အနာဂတ်ဖြတ်တောက်ခြင်း…

အထွဋ်အမြတ်ဓားသိုင်းပညာရဲ့ သတ်ဖြတ်ရေးဓားသိုင်းပညာ(၉) ခုထဲက တစ်ခုလား ။ တာအိုကို ဖြတ်တောက်ခြင်းနဲ့ အစစ်အမှန်ကို ရှာဖွေခြင်း။ ကိုယ်တိုင်၊ တစ်ခြားသူ၊ အနာဂတ် ၊ အတိတ်နှင့် လက်ရှိ တည်ရှိမှု…"

အဓိက သတ်ဖြတ်ရေးနည်းလမ်း(၉)သွယ်က ထိုအရာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုဓားသိုင်းကို အသုံးပြုလိုက်ခြင်းက အချစ်ဘုန်းတော်ကြီး၏ လက်ဖဝါးထဲတွင် ရှိနေသော ပြောင်းလဲမှုများအားလုံးကို ချက်ချင်း အဆုံးသတ်သွားစေခဲ့ပြီး သူ၏ အနာဂတ်ကို ပျက်စီးသွားစေခဲ့သည်။

ကျန်းကျိဝေက ကိုယ့်ကိုယ်ကိုယ် ခုခံရန်အတွက် တိုက်ခိုက်မှု တစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုရာတွင် သူမ၏လုပ်ရပ်က အလွန်ထူးခြားပြီး ကွက်တိဖြစ်နေခဲ့၏။

“သူက ဝေ့ကျင်းအဆင့်ကို ရောက်နေရုံလေးနဲ့ ဓမ္မကာရအဆင့် ဓားသိုင်းပညာတစ်ခုရဲ့ ဒုတိယသိုင်းကွက်ကို ဘယ်လိုဖြစ်ပြီး နားလည်နေရတာလဲ…”

ထိုအချိန်တွင် ကျန်းကျိဝေက ဓားသိုင်းပညာနှင့် ပတ်သက်ပြီး မည်မျှပါရမီပါကြောင်း အချစ်ဘုန်းတော်ကြီးက နားလည်သွားခဲ့သည်။ သို့သော် သူက ထိုကဲ့သို့ ထူးခြားလွန်းလှသော မိန်းမပျိုတစ်ယောက်ကို သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း တွေးလိုက်မိသည့်အခါ ဆန္ဒရမက်များသာ တက်ကြွနေခဲ့၏။

"နင်က ငါ့ရဲ့လက်ဝါးပြောင်းလဲမှုတွေအားလုံးကို ရပ်တန့်ပြီး သူ့ရဲ့အနာဂတ်ကို ဖျက်စီးလိုက်လည်း ဘာမှမဖြစ်ဘူး။ ငါက မင်းနဲ့ ထိပ်တိုက်တိုက်ခိုက်နိုင်ပြီး ငါ့ရဲ့အဆင့်နဲ့ ဖိနှိပ်လို့ရတယ်…"

သူ့နောက်တွင် ရှိနေသော ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ဆီမှ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ကြာပန်းပွင့်လေးများကလည်း လေထဲတွင် စတင်ပွင့်လန်းလာခဲ့၏။

အချစ်ဘုန်းတော်ကြီးက သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ကျန်းကျိဝေဆီသို့ ပျံသန်းသွားခဲ့သည်။ ယခုတစ်ကြိမ် သူ၏လက်ဖဝါးထဲတွင် ပြောင်းလဲမှုများများ မရှိသော်လည်း သူ့အစွမ်းက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကပင် လှုပ်ရှားသွားခဲ့ရ၏။ ထိုအရာကတော့ ပျော်ရွှင်ခြင်းဗုဒ္ဓ၏ စွမ်းအားဖြစ်သော မူလညည်းသံဖြစ်သည်။

"ချွမ်....."

ကျန်းကျိဝေက အနာဂတ်ဖြတ်တောက်ခြင်း သိုင်းကွက်ကိုသုံးပြီး သူ၏လက်ဝါးကို နောက်တစ်ကြိမ် တားဆီးလိုက်ပြန်သည်။ သို့သော် ထိုအစွမ်းက သူမ၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သွားစေမည်မှာ သေချာ၏။ သူမ၏နှာခေါင်း နှင့် ပါးစပ်မှနေ၍ သွေးများ စီးကျလာခဲ့သည်။

…………

အင်မော်တယ် ယွင်ဟယ်နှင့် အသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် မုန့်ချီက ဤနေရာတွင် သူကုန်ဆုံးခဲ့သော အချိန်ကို တွက်ကြည့်ပြီး တံခါးရှေ့ကို ပြန်လျှောက်လာခဲ့သည်။ သူ တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။ ထိုအရာက သူတို့သဘောတူထားသည့်အတိုင်း လေဟာနယ်လက်စွပ်ထဲမှ ပျော်ရွှင်ခြင်းတံခါးကို ကျန်းကျိဝေ ထုတ်ပေးရမည့် အချိန်ဖြစ်သည်။

"အပြင်ဘက်မှာ တစ်ခုခုများ ဖြစ်နေတာလား…"

မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။

သူက အင်မော်တယ်ယွင်ဟယ်ကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်များကို ဖွင့်လိုက်သည်။ သူ၏ရွှေကျီးကန်းများ၊ ကြယ်များ ၊ လ နှင့် တစ်ခြားသော ပုံရိပ်ယောင်အားလုံးက ခန္ဓာကိုယ်ထဲတွင် စတင်လည်ပတ်လာပြီး စကြဝဠာတစ်ခု ဖြစ်လာခဲ့သည်။

ထိုစကြဝဠာကြီးက အတိတ်ကို ပြန်သွားခဲ့ပြီး မူလကမ္ဘာကြီးဖြစ်ပေါ်လာစေခဲ့၏။ သူက အင်မော်တယ် ယွင်ဟယ်နှင့် တွေ့ဆုံခဲ့သည့်အချိန်တွင် စုမုန့်ဟူသော အဆင့်အတန်းကို အသုံးပြုခဲ့သည်။

………….

"ချွမ်.. ချွမ်...ချွမ်....."

လေထဲမှ နေ၍ ဓားနှင့် လက်ဝါး တိုက်ခိုက်သည့်အသံများ ထွက်ပေါ်လာနေပြီး ကျန်းကျိဝေက နောက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆုတ်ခွာသွားနေရသည်။ သူမ၏ တံခါး(၇) ပေါက်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။

သူမက အချစ်ဘုန်းတော်ကြီး၏ ပုံရိပ်ယောင်ခန္ဓာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီး သူ၏ လက်ဝါးချက်များကို ရင်ဆိုင်ရန် မနည်းကြိုးစားနေခဲ့ရသည်။ ကျန်းကျိဝေ၏ လက်(၂)ဖက်ကလည်း တည်ငြိမ်မှုမရှိတော့ချေ။

ကျိကျန်းဓားစံအိမ်မှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ ပြန်ရောက်လာမှာကို စိုးရိမ်သည့်အတွက် အချစ်ဘုန်းတော်ကြီးက ရွှယ်လျန်ကျိုးကို လှမ်းပြောလိုက်သည်။

" အချစ်ကလေးကျိုး …

ဘာလုပ်နေတာလဲ ။ ငါ့ကို လာပြီး ကူညီမပေးဘူးလား…"

ရွှယ်လျန်ကျိုးက တုန်လှုပ်သွားခဲ့ပြီး ခေါင်းခါပြလိုက်၏။ သူမက သူ့ဓားနှင့် သူ့ကို ချိန်လိုက်သည်။ အချစ်ဘုန်းတော်ကြီးက ပျော်ရွှင်ခြင်းဗုဒ္ဓ၏ မူလညည်းသံကို အသုံးပြုပြီး ကျန်းကျိဝေကို တိုက်ခိုက်နေသည့်အချိန်တွင် သူက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ရွှယ်လျန်ကျိုးကိုလည်း ဖိနှိပ်ထားသေးသည်။

ရွှယ်လျန်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျဉ်သွားခဲ့ပြီး ဦးနှောက်ထဲတွင်လည်း ဝေဝါးသွားသလို ခံစားလိုက်ရ၏။ အချစ်ဘုန်းတော်ကြီး၏ သနားစဖွယ် မျက်လုံးများကို ကြည့်ပြီး သူမက သူ့ဆန္ဒကို ရင်ဆိုင်ရန် ခက်ခဲသွားခဲ့သည်။

သူမ၏ခေါင်းထဲတွင် မှတ်ဉာဏ်များစွာ ပြန်ပေါ်လာခဲ့ပြီး အတိတ်တုန်းက ပျော်ရွှင်မှုနှင့် နာကျင်မှုများ အားလုံးပေါ်လာခဲ့၏။ သူက ပြန်လှည့်လာပြီး ကျန်းကျိဝေကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် ကျန်းကျိဝေက တိုက်ပွဲကို တစ်ယောက်တည်း တိုက်ခိုက်ရန် ကြိုးစားနေခြင်း မရှိတော့ချေ။ သူမ၏လေဟာနယ်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး အချစ်ဘုန်းတော်ကြီး၏ မျက်နှာဆီကို ပစ်လွှတ်လိုက်၏။

"ဟုတ်တယ်။ သူ့ဆီမှာ လျှိုဝှက်ရတနာတစ်ခု ရှိနေတာပဲ…"

အချစ်ဘုန်းတော်ကြီးက အချိန်တော်တော်ကြာ သတိထားနေခဲ့သည်။

သူ၏ ဗုဒ္ဓကျင့်စဉ်များက လှုပ်ရှားလာပြီး သူ၏ပတ်ပတ်လည်တွင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူ၏လက်မောင်းကလည်း ကြီးမားလာပြီး ထိုပစ္စည်းကို အဝေးသို့ ရိုက်ထုတ်ပစ်ချင်ခဲ့၏။

ထိုပစ္စည်းက လေးထောင့်ပုံသဏ္ဍာန်ဖြစ်ပြီး အင်းကွက်များ ရေးထိုးထားသည်။

"ဒါက တံခါးတစ်ခုလား…"

သူက အလွန်ဗဟုသုတ ပြည့်စုံသော လူတစ်ယောက်ဖြစ်သော်လည်း တံခါးတစ်ခုအဖြစ် အသုံးပြုနိုင်သော လျှို့ဝှက်ရတနာကို လုံးဝမမြင်ဖူးချေ။

"ဒါက ခုခံရုံ သက်သက်ပဲလား…"

အချစ်ဘုန်းတော်ကြီးနှင့်အတူ ရွှေရောင်ဗုဒ္ဓ၏လက်ဖဝါးကလည်း တံခါးကို ရိုက်ချလိုက်သည်။

တံခါးက အက်ကွဲကြောင်း တစ်ခုပွင့်လာသော်လည်း အချစ်ဘုန်းတော်ကြီး၏ လက်ဖဝါးက မည်သည့်အရာကိုမျှ မခံစားရပေ။ ထိုတံခါးက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။

ထိုအချိန်တွင် အမှောင်ထဲမှနေ၍ ဓားအလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ ထိုအရာက အရာအားလုံးကို ဖျက်စီးပစ်ခဲ့ပြီး ကမ္ဘာမြေကြီး၏ အစွမ်းများကို သယ်ဆောင်လာခဲ့၏။

"တော်တော်ကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာပဲ…"

သူက ပျော်ရွှင်ခြင်းဓားသိုင်း၏ ဓားမောက်ပုံစံကို အသုံးပြုရန် စောင့်နေသည့်အချိန်တွင် သူ့ကို တစ်စုံတစ်ခုက ချုပ်နှောင်ထားခဲ့ကြောင်း နားလည်သွားခဲ့သည်။ သူက လှုပ်ရှား၍ မရနိုင်ကြောင်း တွေ့လိုက်ရ၏။

"ဒါ....ဒါက ဘယ်လိုဖြစ်ရတာလဲ။ လုံးဝမဖြစ်နိုင်ဘူး…"

ဓားမောက်အလင်းတန်းက အချစ်ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ခေါင်းမှ ခြေထောက်အထိ လွှမ်းခြုံသွားခဲ့သည်။ သူက ထိုအလင်းတန်းကို ခုခံရန် လုံးဝမဖြစ်နိုင်တော့ပေ။ သူက မျက်လုံးပြူးနေပြီး အခြေအနေအလှည့်အပြောင်းကို ယုံကြည်ပေးရန် ခက်ခဲနေခဲ့၏။

"ဘုတ်.. "

ခန္ဓာကိုယ်တစ်ပိုင်းဆီက သွေးများဖြာကျလာပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။

ရွှယ်လျန်ကျိုးက မူလရပ်နေသောနေရာတွင် ရပ်နေပြီး ထက်ပိုင်းပြတ်သွားသော အချစ်ဘုန်းတော်ကြီးကို စိုက်ကြည့်နေမိခဲ့၏။ အရာအားလုံးက သူမအတွက်တော့ အိမ်မက်မက်နေသလို ခံစားနေရ၏။

ထိုအရာက သူမကိုယ်တိုင် လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခြင်း မရှိသော မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင် ဖြစ်သည်။ သူက ယခုလို သေဆုံးသွားခဲ့ခြင်းပေလော။ သူမကို အိမ်မက်ဆိုးပင်လယ်ထဲသို့ ကျရောက်သွားစေခဲ့သော ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးက ယခုလို သေဆုံးသွားခဲ့ခြင်းပေလော။

“ဒါက နာနာကျင်ကျင် သေဆုံးသွားခဲ့ရတာပဲ…”

သူမက ခေါင်းမော့ကြည့်လိုက်ရာ အစိမ်းရောင်လျှပ်စီးကြောင်းများ တောက်ပနေသော ဓားမောက်တစ်လက်ကို မြင်လိုက်ရသည်။ ဓားမောက်ပေါ်တွင် စွန်းထင်နေသော သွေးများကလည်း ချက်ချင်းပင် မည်းတူးပြီး ပျောက်ကွယ်သွားခဲ့၏။

သူမက မော့ကြည့်လိုက်သည့်အချိန်တွင် လေထဲ၌ ရှိနေသော ချောမောခန့်ညားသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

သူက မယုံကြည်နိုင်ဖြစ်နေသော အလောင်းကိုကြည့်ပြီး မိန်းမပျိုကို မေးလိုက်၏။

"ဒီကိုယ်တော်က ဘယ်သူလဲ ။ သူက အတော်လေးအစွမ်းထက်တယ်ထင်တယ်.."

Translated by Hein Htet

All Chapters