← Chapters

အခန်း (၅၅၃)

Vol. 37 Ch. 553

အခန်း (၅၅၃)

Vol. 37 Ch. 553

အင်္ကျီပွပွဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးက လက်နောက်ပစ်၍ မတ်တပ်ရပ်နေသည်။ သူက ဘဝအဓိပ္ပယ်ကို စဉ်းစားနေသည့်အလား အနက်ရောင်အခိုးအငွေ့များကြားတွင် ဖြတ်သန်းနေပုံရ၏။

သူက ရုတ်တရက် မုန့်ချီကိုငုံ့ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက ညာဘက်လက်ဖဝါးကိုမြှောက်၍ မုန့်ချီဆီကို ဖြည်းညင်းစွာ ရိုက်ချလိုက်၏။ ထိုအရာက သူ့ကို ဖိနှိပ်လိုက်သည်။

သက်လတ်ပိုင်းလူကြီး၏ လက်ဖဝါးဖိအားကြောင့် မုန့်ချီနှင့် ပင်မချီစွမ်းအင်ပင်လယ်ကြီးက ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း ခံစားလိုက်ရသည်။ ကမ္ဘာမြေကြီး၏ အနှစ်သာရများ သိသိသာသာ ပြောင်းလဲသွားသည်ကို သူလည်း ဝိုးတဝါး ခံစားမိခဲ့သည်။

ယန်စွမ်းအား သေဆုံးခြင်းဖြစ်ပြီး ယင်စွမ်းအားက ရှင်သန်ခြင်းဖြစ်၏။ မကောင်းဆိုးဝါးလမ်းကြောင်းကို လျှောက်လှမ်းရန်က အဓိကအချက်ဖြစ်ပြီး သာမန်အဆင့်ကို ကျော်လွန်ရန်က ဒုတိယဖြစ်သည်။

မုန့်ချီကတော့ တံခါးပေါက်များအားလုံး ပွင့်နေသော်လည်း ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များနှင့် ဆက်သွယ်မှုပြန်ရစေရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သူ့ဆီတွင် ရှိနေသော အနှစ်သာရများကလည်း ရှုပ်ထွေးနေပြီး သူက အတွင်းပိုင်းကို ဖော်ထုတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

သတ်မှတ်ထားသော နယ်မြေအတွင်း လေဟာနယ်က စတင်ကျုံ့လာပြီး ကမ္ဘာကြီးထဲတွင်လည်း လေလှိုင်းများ ပြည့်နှက်လာသည်။ လေလှိုင်းများက တစ်လွှာပြီးတစ်လွှာ စုစည်းလာပြီး မုန့်ချီ ရပ်နေသော နေရာသို့ ပြန့်နှံ့လာခဲ့၏။ အလွန်ကြောက်စရာကောင်းသောပုံစံနှင့် သူ့ကို ခြိမ်းခြောက်နေခဲ့သည်။

လေလှိုင်းများက သူ ထွက်ပြေးနိုင်သော နေရာများကိုလည်း ကန့်သတ်ထားခဲ့၏။ လက်ဖဝါးက ဖြည်းညင်းစွာ လှုပ်ရှားလာသော်လည်း မုန့်ချီ၏ နဖူးတွင် ချွေးစေးများ ကျလာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်နေသလို ခံစားနေရသည်။ ထိုလက်ဖဝါးက မဖြစ်မနေ ကျော်လွှားရမည့် စိန်ခေါ်မှုတစ်ခုကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

လေးခွမှ ပစ်လွှတ်လိုက်သော လောက်စာလုံးကဲ့သို့ မုန့်ချီက ရှုပ်ထွေးနေသော အတွေးများကို တပြိုင်နက်တည်း ထိန်းချုပ်ရန် ကြိုးစားပြီး သူ၏ကိုယ်တွင်းကမ္ဘာကြီးကို လှုံ့ဆော်ရန် ကြိုးစားလိုက်သည်။ သူ၏တံခါးပေါက်များထဲတွင်လည်း ပုံရိပ်ယောင်များ ပေါ်လာပြီး ကိုယ်တွင်းအင်္ဂါထဲရှိ တံခါး(၉)ပေါက်နှင့် ပေါင်းစပ်သွားခဲ့သည်။

သူက စွမ်းအားများကို အချိန်တော်တော်ကြာ စုစည်းလာခဲ့ပြီးနောက် သူ၏ တဟုန်ထိုးဓားသိုင်းပညာကို ပြင်ဆင်ထားခဲ့သည်။ သို့သော် အနှစ်သာရများက ပျောက်ကွယ်နေခဲ့၏။ ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရန် စိန်ခေါ်မှုတစ်ခုဖြစ်နေသော အခြေအနေမျိုးတွင်ပင် မုန့်ချီက တိုက်ခိုက်၍ မရနိုင်သော လက်သီးချက်နှင့် ရင်ဆိုင်လိုက်ရသည်။

ဝေ့ကျင်းအဆင့်ပညာရှင်ကလည်း သူ့လို အစွမ်းထက်သော ပင်မဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားပုံရပြီး ပုံရိပ်ယောင်များက တဖြည်းဖြည်း အစစ်အမှန်ဖြစ်လာ၍ ပြင်ပအပေါ် အနှောင့်အယှက်မရှိနိုင်သင့်ပေ။ ပြင်ပအနှောင့်အယှက်ရှိနေသည့်အချိန်တွင်တော့ သူ၏ကံကြမ္မာက မကောင်းနိုင်တော့ချေ။

“ငါက ဘာလုပ်သင့်လဲ…”

မုန့်ချီက ထိုစကားများကိုပင် ပြောဆိုနိုင်ခြင်းမရှိဘဲ တဖြည်းဖြည်း နီးကပ်လာသော လက်ဖဝါးချက်ကို ကြည့်နေခဲ့ရသည်။

ထိုလက်(၅)ချောင်းက တဖြည်းဖြည်းပို၍ ထင်ရှားလာခဲ့သည်။ သူက လှုပ်ရှားရန် ခက်ခဲနေပြီး လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သလို ခံစားနေရသည်။ သူ့အတွေးများကလည်း လွတ်လပ်စွာ သွားလာနေခဲ့၏။

“ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်သင့်တာလဲ….”

လျှပ်စီးများ၊ မီးတောက်များ၏ ကြားထဲတွင် သူ့ခေါင်းထဲ၌ အသုံးဝင်သော အကြံဉာဏ်တစ်ခု ပေါ်လာခဲ့သည်။

“ဟုတ်သားပဲ ဒီခံစားချက်တွေက ငရဲကြီး(၉)ထပ်ရဲ့ အတွင်းထဲကို ရောက်ခဲ့တုန်းက ခံစားချက်တွေလိုပဲ…”

သူက ဆုံးဖြတ်ချက်ကို စဉ်းစားနေရန် အချိန်မရှိဘဲ ပုံသဏ္ဍာန်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သူ၏အငွေ့အသက်များက ယင်စွမ်းအားများဖြင့် လွှမ်းမိုးသွားခဲ့ပြီး သူ၏မျက်နှာက မကောင်ဆိုးဝါးတစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် သူ၏သွေးကြောမှတ်များက လှုပ်ရှားသွားပြီး သူ့ကို ဆန့်ကျင်နေသော အနှစ်သာရများကို ပြန်လည်ခံစားမိလာခဲ့၏။ ထိုအစား သူတို့က လက်အိတ်တစ်ခုကဲ့သို့ သူ့လက်ထဲတွင် ကပ်နေခဲ့သည်။ အနီးနားတွင် ရှိနေသော ပင်မချီစွမ်းအင် ပင်လယ်ကြီးက ပျက်စီးသွားခဲ့သည်ကိုပင် သူ့ဓားနှင့် ထိုလက်ဝါးကို ရင်ဆိုင်ရန် ယုံကြည်ချက် ရှိနေသည်။

ဓားမောက်အလင်းတန်းက လေထဲတွင် တောက်ပလာပြီး အမှောင်ထုကြီးကို လင်းထိန်သွားစေခဲ့သည်။ ယင်နှင့် ယန်က နှစ်ပိုင်းကွဲသွားခဲ့ပြီး ရှုပ်ထွေးနေသော အပေါ်ပိုင်းအလွှာနှင့် အောက်ပိုင်းအလွှာတစ်ခု ပေါ်လာခဲ့သည်။

အလင်းရောင်များက နေရာတိုင်းတွင် ပြည့်နှက်လာပြီး ဖရိုဖရဲအခြေအနေက လင်းထိန်သွားခဲ့သည်။ ထို့ကြောင့် ဤကမ္ဘာကြီးထဲတွင် အလင်းတန်းများသာ ရှိနေတော့သည်။ ဓားမောက်အလင်းရောင်က ရှေ့သို့ ရောက်လာသည့်အချိန်တွင် လေထဲရှိ အလွှာများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ကျုံ့သွားသော လေဟာနယ်များကိုလည်း ဖျက်ဆီးလိုက်၏။

မကောင်းဆိုးဝါးဆန်စွာ ချောမောခန့်ငြားသော သက်လတ်ပိုင်းလူကြီးက နောက်တစ်ကြိမ် လက်နောက်ပစ်၍ မတ်တပ်ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မျက်ခုံးမှနေ၍ ခန္ဓာကိုယ်အောက်ပိုင်း ထိအောင် မျဉ်ကြောင်းလေးတစ်ခု ပေါ်လာခဲ့၏။ ထိုဒဏ်ရာက တဖြည်းဖြည်းပို၍ ကျယ်ပြန့်လာပြီး သူ့ခန္ဓာကိုယ်က ထက်ပိုင်းပြတ်သွားခဲ့သည်။

သူ့ပုံစံက အလွန်တည်ငြိမ်နေပုံရပြီး သူကတော့ တစ်ကိုယ်လုံး ပြတ်တောက်သွားခဲ့သည်ကိုပင် ဘာမျှဖြစ်ပုံမရချေ။ သူက ဝင်္ကပါတစ်ခု၏ ပုံရိပ်တစ်ခု မဟုတ်သည့်အလား မုန့်ချီကို ပြုံးကြည့်နေပြီး ရင်ထဲတွင် ရိုက်ခတ်နေသော အစစ်အမှန် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

သူ့အကြည့်ကြောင့် မုန့်ချီက တစ်ကိုယ်လုံးကြက်သီးမွှေညင်းထသွားခဲ့သည်။ ထိုလူပျောက်ကွယ်သွားသည့်အချိန်မှသာ သူလည်း သက်ပြင်းချလိုက်မိသည်။

………………….

လိပ်ခွံလေးက လေထဲတွင် ပျံသန်းလာပြီး မျက်နှာပြင်ပေါ်တွင် အဖြူအနက် အလင်းစက်လေးများ ပေါ်လာခဲ့သည်။ ထိုအရာက သဘာဝတရားကြီး၏ အစွမ်းကို တွက်ချက်ပြီး ဖုံးကွယ်နိုင်သော သူ၏အစွမ်းများကို ဖေါ်ထုတ်၍ ကမ္ဘာမြေကြီး၏ အနှစ်သာရကို ပြည့်စုံစေသည်။

ပါးကွ(၈)ကွက် ဝင်္ကပါတွင် မြေက ကမ္ဘာမြေကြီးကို ကိုယ်စားပြုပြီး လေလှိုင်းများက လေကို ကိုယ်စားပြုသည်။ မိုးကြိုးများက လျှပ်စီးကို ကိုယ်စား ပြုသည်။ ပြန့်ကျဲနေသော ရွှေရောင်ဓားအလင်းတန်းများက လည်ပတ်နေသော တြိဂံလေးများအဖြစ် ပြောင်းလဲပြီး ချုပ်နှောင်ကန့်သတ်လိုသော ဆန္ဒများ ပြည့်နှက်နေသည်။

ဓမ္မအနှစ်သာရများ မကောင်းဆိုးဝါး အငွေ့အသက်များနှင့် ကြောက်စရာကောင်းသည့် အရာများအားလုံးက ဝမ်စစ်ယွမ်၏မျက်နှာကို လွှမ်းခြုံလာတော့မလို ခံစားနေရသည်။

ထိုအချိန်တွင် ဆံပင်ဖြူနှင့် ဝမ်ပင်နင်က လက်ဖဝါးပေါ်တွင် တွက်ချက်ရေးကြေးပြားကို ကိုင်ထားသည်။ မျက်ဆံမရှိသော သူ၏မျက်လုံးထဲတွင် ဓမ္မအနှစ်သာရများ ပြည့်နှက်နေခဲ့၏။ တွက်ချက်ရေးကြေးပြားဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး သူ့မျက်လုံးထဲတွင် ရှိနေသော အရိပ်ကို ချုပ်နှောင်လိုက်သည်။

ဓမ္မကိုယ်တိုင်က လွှမ်းမိုးခံလိုက်ရပြီး သူ၏လှုပ်ရှားမှုများက ကြိုးနှင့်ဆွဲထားသည့် ရုပ်သေးတစ်ရုပ်အလား နှေးကွေးလာခဲ့၏။ ထိုအချိန်တွင် လိပ်နက်လေးက ဆက်လက်အသွင်ပြောင်းလာရန် အခွင့်အရေးတစ်ခု ပေးလိုက်သည်။

နာမကျန်းဖြစ်နေသော ဝမ်စစ်ယွမ်ကဲ့သို့မဟုတ်ဘဲ ဝမ်တီကျုံးကတော့ အလွန်ရင့်ကျက် တည်ငြိမ်သော အမူအရာမျိုး ရှိနေသည်။ သူက (၃)ပေခန့်ရှိသော အစိမ်းရောင်လှံရှည်နှင့် လေထဲကို (၃)ချက် တိတိထိုးလိုက်၏။ သူကတော့ မည်သည့်အစွမ်းမျှ မသုံးလိုက်သလို ထင်မှတ်ရသည်။

ထိုသို့ဆိုရာတွင် သူ၏တိုက်ခိုက်မှုတိုင်းက ဘုန်းတော်ကြီးဓမ္မ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေရန် လုံလောက်ပြီး ပတ်ပတ်လည်တွင် ရှိနေသော အရှိန်အဝါများကို ဖျက်ဆီးပစ်လိုက်နိုင်သည်။

ဝမ်စစ်ယွမ်၏ မျက်နှာက ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်ပြီး ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် လွင့်မျောနေသော တုတ်တံများကို တွက်ချက်ပြီး ကံကြမ္မာကို တွက်ချက်ကြည့်နေခဲ့၏။

လိပ်ခွံမှ ဖန်တီးထားသော ရွှေရောင်တွက်ချက်ရေးကြေးပြားများက ဖြည်းဖြည်းချင်း တစ်ခုတည်းအဖြစ် ပေါင်းစပ်လာခဲ့သည်။ သူက နတ်ဘုရားလက်နက်တစ်ခုဖြစ်သော လိပ်ခွံ၏အစွမ်းကို လှုံ့ဆော်နိုင်မည်ဟု တွေးနေမိ၏။ သို့သော် သူ၏အငွေ့အသက်များက ပထမကောင်းကင်လှေကားကို မဖြတ်ကျော်နိုင်သေးပေ။

မကြာခင်အတောအတွင်း ဝမ်မိသားစုနှင့် အချိန်တော်တော်ကြာ ပူးပေါင်းခဲ့ပြီးနောက် သွမ့်လေက အမြင်ကျယ်လာရပြီး ပို၍ဗဟုသုတပြည့်စုံလာသည်။ သူ့အစွမ်းက ဝမ်စစ်ယွမ်ထက် အဆပေါင်းများစွာ နိမ့်ကျနေသော်လည်း မည်သည့်အရာများ ဖြစ်နေကြောင်း နားလည်နေသေးသည်။

“သူက ဒီနတ်ဘုရားလက်နက်နဲ့ တော်တော်လေး လိုက်ဖက်ညီတယ်ထင်တယ်..”

“ဖျောက်”

ထိုအချိန်တွင် တိတ်ဆိတ်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဘုန်းတော်ကြီးဓမ္မ၏ ခန္ဓာကိုယ်ထဲမှနေ၍ စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင်တော့ များပြားလှသော တွက်ချက်ရေးအကွက်များက တစ်ခုတည်း ပေါင်းစည်းလာပြီး ရွှေရောင်စာရွက်လိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာက ဘုန်းတော်ကြီးဓမ္မကို တစ်လွှာပြီးတစ်လွှာ အထပ်ထပ်ပတ်ထားလိုက်သည်။ သွမ့်လွေက ထိုသိုင်းကျမ်းကို မမှတ်မိသော်လည်း သူ့ခေါင်းထဲတွင်တော့ စကားလုံးတစ်ခု ပေါ်လာခဲ့သည်။

“ချုပ်နှောင်ခြင်း”

ရွှေရောင်တွက်ချက်ရေးကြေးပြားများမှ ဖြစ်ပေါ်လာသော ကျမ်းစာက ကမ္ဘာမြေနှင့် ဆက်သွယ်ထားသည်။ ထိုအရာက မျက်နှာပြင်ပေါ်တွင် ထူးခြားသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့၏။

(၂) ပေနီးပါးခန့် မြင့်မားသော အနက်ရောင်ကျောက်တုံးကြီးကပင် လှိုင်းလုံးများ၏ သက်ရောက်မှုကို ခံလိုက်ရပြီး အမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာကတော့ ပိတ်လှောင်၍မပြီးခင် မကောင်းဆိုးဝါးဘုန်းတော်ကြီးဓမ္မ၏ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုလည်းဖြစ်သည်။ သို့သော် ကံဆိုးသွားခဲ့သည်မှာ အလွှာပေါင်းများစွာ၏ သက်ရောက်မှုကြောင့် သူ၏တိုက်ခိုက်မှုက မည်သူ့ကိုမျှ ဒဏ်ရာရရှိစေခဲ့ခြင်း မရှိချေ။

လည်ပတ်နေသော ပါးကွ (၈)ကွက် ဝင်္ကပါကို စိုက်ကြည့်ပြီး သွမ့်လွေကတော့ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်၏အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

သူ့ခေါင်းထဲတွင် ထိုအတွေးများ ပေါ်လာသည့် အချိန်တွင် ဝမ်စစ်ယွမ်၏ ချောင်းဆိုးသံကိုကြားလိုက်ရသည်။

“ဆက်သွားမယ်…”

ဝမ်စစ်ယွမ်က ချောင်းဆိုးနေရင်း ဆက်ပြောလိုက်သည်။ သူက ဝမ်စစ်ယွမ်၏ စိုရိမ်မှုကို ပထမဦးဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းလည်း ဖြစ်၏။

……………

မုန့်ချီက အပေါ်သို့ မြန်မြန်ဆန်ဆန် တက်သွားပြီး မကောင်းဆိုးဝါးလူသား ပျောက်ကွယ်သွားသော နေရာကို ဖြတ်ကျော်လာခဲ့သည်။ သူက ပြင်ပမကောင်းဆိုးဝါးဝင်္ကပါထဲမှ မြန်မြန်ထွက်သွားချင်နေ၏။ မဟုတ်လျှင် နောက်ထပ်ပေါ်လာမည့်အရာကို မည်သူက ပြောနိုင်မည်နည်း။

သူက (၂) ပေခန့်မြင့်သော အနက်ရောင် ကျောက်တုံးကြီးဆီသို့ ရောက်လာသည့် အချိန်တွင် သူ့ရှေ့၌ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။ ထိုအလင်းတန်းက တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

မုန့်ချီက ထိုအရာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိရာ မြေပြင်ပေါ်တွင် ပါးကွ(၈)ကွက် ဝင်္ကပါတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာများက အသက်ကင်းမဲ့နေပြီး မည်သည့်အစွမ်းမျှ ရှိမနေသလို ဖြစ်နေသည်။

အနက်ရောင်ကျောက်တုံးကြီးကို ကျောပေးထားသော မုန့်ချီက အရာအားလုံးကို နားမလည်နိုင်တော့ပေ။ ဘာကြောင့် ဤနေရာတွင် ပါးကွ(၈)ကွက် စက်ဝိုင်းတစ်ခုပေါ်လာရသနည်း။ ထိုအရာများက သာမန်ပါးကွ (၈)ကွက် ဝင်္ကပါများပေလော၊ ထိုအရာက ဝင်္ကပါ၏ တုန့်ပြန်မှုကြောင့်လော သို့မဟုတ် တတိယအဆင့်ကို ကျော်လွှားနိုင်သည့်အတွက် ဆုလာဘ်တစ်ခုပေလော။ ထိုပါးကွ(၈)ကွက် စက်ဝိုင်းများက တောင်ထိပ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သယ်ဆောင်ထားခြင်းများ ဖြစ်နိုင်မည်လော ။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက နောက်ထပ် အချိန်မဆွဲရဲတော့ပဲ ထိုဝင်္ကပါကို မှတ်ထားလိုက်ပြီးနောက် ချက်ချင်း ရှေ့ကို တက်သွားခဲ့သည်။ တောင်တက်လမ်းတွင် လေများ တိုက်ခတ်နေပြီး မက်စောက်နေသော်လည်း မုန့်ချီအတွက်တော့ အခက်အခဲမရှိချေ။

သိပ်မကြာခင် သူက ပြင်ပမကောင်းဆိုးဝါးဝင်္ကပါထဲမှ ထွက်လာနိုင်ပြီး မလှမ်းမကမ်းတွင် လဲလျောင်းနေပုံရသော အနက်ရောင် ဗောဓိမျိုးစေ့လေးတစ်ခုကို တွေ့လိုက်ရသည်။

“မကောင်းဆိုးဝါး ဗောဓိမျိုးစေ့….”

သို့သော် ထိုမျိုးစေ့က လေတိုက်ခတ်လျှင်ပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ သွားနိုင်ပုံရသည်။

“တကယ်လို့ ဒီမျိုးစေ့ကသာ အကောင်းအတိုင်း ရှိနေဦးမယ်ဆိုရင် အစောပိုင်းမှာ တွေ့ခဲ့တဲ့ ပြင်ပမကောင်းဆိုးဝါးနှစ်ကောင်ရဲ့အစွမ်းကိုကြည့်ပြီး ဝင်္ကပါက အားနည်းမှာ မဟုတ်ဘူး…”

မုန့်ချီက ခေါင်းညိတ်လိုက်မိသည်။

အကယ်၍ မကောင်းဆိုးဝါးဗောဓိမျိုးစေ့ကသာ ပျက်စီးနေခြင်းမရှိလျှင် သူက ကျရှုံးသွားမည် ဖြစ်ကြောင်း သေချာနေ၏။ သူက မူလအစွမ်း၏ (၁၀)ပုံ တစ်ပုံကိုပင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ သူက ယာယီရပ်တန့်လိုက်ပြီး အစောပိုင်းတွင် မြင်တွေ့လိုက်သော ပါးကွ(၈)ကွက်ဝင်္ကပါများကို စဉ်းစားနေခဲ့သည်။

ထိုအရာကို သူ၏ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်ခြင်းနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့ကို အသုံးပြုပြီး စဉ်းစားကြည့်နေခဲ့၏။ တခါတရံ အတွေးများက လျင်မြန်မှု မရှိနိုင်ပေ။ သဲလွန်စများကို အလွယ်တကူ လျစ်လျှူရှုလိုက်လျှင် အလေးမဲ့နေထိုင်မှုကသာ လွှမ်းမိုးသွားနိုင်သည်။ ပြောရမည်ဆိုလျှင် လူတစ်ယောက်က အလျင်အမြန်လုပ်လိုက်ရုံနှင့် သူ၏ဦးတည်ချက်ကို တိတိကျကျရောက်မသွားနိုင်ပေ။

……………

“ကြည့်ရတာတော့ ဒီဗောဓိမျိုးစေ့ထဲမှာ ဗုဒ္ဓရဲ့အနှစ်သာရတွေ ရှိနေမယ်ထင်တယ်။ ဒါပေမဲ့ သူကတော့ မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားတာတော့ ကံဆိုးသွားတာပဲ..”

ဝမ်စစ်ယွမ်က ခဲ့စားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ ပြင်ပမကောင်းဆိုးဝါးဝင်္ကပါထဲမှ ထွက်လာပြီးနောက် သူက အနည်းငယ် စိတ်သက်သာရာရသွားပုံပေါ်သည်။

သူက ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်သည့်အချိန်တွင် သူ့အသံက သွမ့်လွေ၏ နားထဲသို့ ပြန့်လွင့်လာခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာပြီး သူ့လည်ပင်းတွင် ရှိနေသော လက်ကိုင်ပဝါက နီရဲသွားခဲ့သည်။

လိပ်ခွံလေးက သူ့ခေါင်းပေါ်တွင် လွင့်မျောနေသေးပြီး သူ၏စွမ်းအားများကို စတင်ထုတ်လွှတ်ပေးနေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ပေါ်တွင် မှေးမှိန်သော အလင်းတန်းတစ်ခု ထုတ်ပေးနေပြီး သူ့ကိုပြန်ကောင်းလာရန် ကူညီပေးနေ၏။

သွမ့်လွေက ထိုကဲ့သို့ အဖိုးတန်သော ဗောဓိမျိုးစေ့ကို မရသည့်အတွက် တော်တော်လေး မကျေမနပ် ဖြစ်နေသည်။ အလွန်လောဘကြီးပြီး မောက်မာသော သွမ့်လွေက ထိုအရာကိုမရဘဲ လက်ခံနိုင်မည်လော။

“အပေါ်ကို ဆက်တက်သွားမယ်ဆိုရင်တော့ ကြာပန်းနီ ကံကြမ္မာမီးတောက် ရှိတယ်၊ မင်းက အဲဒီအရာကို ဖြတ်ကျော်သွားဖို့အတွက် လှည့်ကွက်တွေသုံးနိုင်တယ်၊ ဒါပေမဲ့ နောက်မှာရှိတဲ့ ကံကြမ္မာဝင်္ကပါကိုတော့ မင်းလည်း သေချာဂရုစိုက်ရမယ်…

ချောင်းဆိုးမှု ရပ်တန့်သွားပြီးနောက် ဝမ်စစ်ယွမ်က ပြောလိုက်သည်။ သူက ကျန်(၃)ယောက်ကို လှည့်ကြည့်လိုက်၏။ သူ့ရှေ့တွင် အနီရောင်ကြာပန်းများ ပွင့်လန်းနေပြီး တိတ်တဆိတ် လောင်ကျွမ်းနေကြသည်။

…………

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ကံကြမ္မာမီးတောက်ထဲသို့ဝင်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအရာများ ပြီးဆုံးသွားလျှင် သူက ချက်ချင်းပြန်သွားပြီး ကံကြမ္မာကွင်းဆက် ဓားသိုင်းကိုသုံး၍ မိုးကြိုးနတ်ဘုရားကို သတ်ပစ်နိုင်သည်။ ထို့နောက် သူက တခြားသော သံသရာအဆောင်ကို အသုံးပြုပြီး သံသရာမြေကွက်လပ်ထဲသို့ ပြန်လာ၍ သံသရာအရှင်သခင်၏ ကုသမှုကို ခံယူနိုင်သည်။ သူက အချိန်ကိုက် လုပ်ဆောင်ရန်သာ လိုအပ်၏။

သူက မီးပင်လယ်ကြီးအတွင်းသို့ ဝင်ရောက်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ မျက်နှာပြင်ပေါ်တွင်လည်း အနက်ရောင်အငွေ့တစ်ခု ဝင်ရောက်လာပြီး မီးတောက်များက တောက်လောင်လာခဲ့သည်။

သူ သတ်လိုက်သော ရန်သူများ၏ ပုံရိပ်နှင့် သူရင်ဆိုင်ခဲ့ရသော အကြောင်းအရာများအားလုံးက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ အနီရောင်ကြာပန်းများ လောင်ကျွမ်းမှုနှင့်အတူ ထိုပုံရိပ်များက တဖြည်းဖြည်းပို၍ ရှင်းလင်းလာပုံရ၏။

ကံကြမ္မာမီးတောက်များက မုန့်ချီ၏ ရွှေရောင်အလင်းတန်းများကို ရင်ဆိုင်မိလိုက်သည့် အချိန်တွင် ကြောက်စရာကောင်းစွာ တောက်လောင်နေသော်လည်း အလင်းတန်းကို ဖျက်ဆီးရန် ခက်ခဲသည်။ အနီရောင်ကြာပန်းပွင့်များက ဆက်လက်ပွင့်လန်းလာနေပြီး ကံကြမ္မာမီးတောက်များက ပို၍ကြောက်စရာကောင်းစွာ တောက်လောင်လာခဲ့သည်။

မုန့်ချီ၏ ရွှေရောင်အလင်းတန်းများကတော့ သန့်စင်ပြီး ယိမ်းယိုင်သွားခြင်း မရှိချေ။ မုန့်ချီက ဗုဒ္ဓအမွေအနှစ်များ ရထားသလို ခံစားနေရသည်။ သူက ကြာပန်းပွင့်များကိုနင်းပြီး ငရဲပြည်ကို သွားနေသလိုဖြစ်နေသည်။

“ဒါဆိုရင် ဝင်္ကပါဗဟိုက ပျက်စီးသွားတာ သေချာနေပြီ….”

သူက စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်က အနီရောင်ကြာပန်းများထဲတွင် နစ်မြုပ်သွားခဲ့ပြီး ထိုမီးတောက်များက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ကံကြမ္မာစွမ်းအားများကလည်း ကုန်ဆုံးသွားခဲ့၏။

ကံကြမ္မာမီးတောက်များထဲမှ ထွက်လာပြီးနောက် မုန့်ချီက ညှိုးခြောက်နေသော အနီရောင်ကြာပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်ကတော့ တလက်လက် တောက်ပနေသော ကြယ်များရှိနေသည့် အမှောင်နယ်မြေကြီးတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။

“ကံကြမ္မာကွင်းဆက်ဝင်္ကပါ…”

သူက အံ့ဩမှင်တက်သွားခဲ့ပြီး ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာခဲ့လေသည်။

……………..

ရှေးဟောင်းအုတ်ဂူကြီးတစ်ခုထဲတွင် အလွန်တည်ငြိမ်အေးဆေးနေသည်။ အုတ်ဂူဟောင်းကြီး၏ အလယ်ထဲတွင်တော့ အလွန်ကြီးမားသော အနက်ရောင်အခေါင်းကြီးတစ်ခုရှိသည်။

ထိုအခေါင်းကြီးက အလွန်လေးနက်ပြီး ငရဲကြီး (၉)ထပ်မှ မြင်ကွင်းများကို ဖေါ်ပြထားသည့်ပန်းချီများ ပြည့်နှက်နေသည်။ ဟောင်းနွမ်းပြီး အစက်အပြောက်များ ဖြစ်နေသော မီးအိမ်က အလောင်း၏ ဘေးတစ်ဖက်ဆီတွင် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာနေခဲ့သည်။ သူတို့က တစ်စုံတစ်ခုကို ဖိနှိပ်ရန် အသုံးပြုပုံရသည်။

ထိုအချိန်တွင် သွေးရောင်မြူခိုးများ လွှမ်းခြုံနေသော လူတစ်ယောက်က အတွင်းထဲသို့ ဝင်လာပြီး ရိုရိုသေသေ ပြောလိုက်သည်။

“ခေါင်းဆောင် …

ကျွန်တော်တို့က ကုံဝမ်ရဲ့တည်နေရာကို သိရပြီ…။ သူ့ကို ကျောက်စိမ်းတံခါးတောင်ကြားမှာ တွေ့လိုက်ရတယ်။ သူက သိပ်မကြာခင် အနောက်ပိုင်းနယ်မြေထဲကို ဝင်လာမယ်လို့ ယုံကြည်ပါတယ်…"

အခေါင်းထဲမှနေ၍ အလွန်တည်ငြိမ်အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါက ယင်ကို ယန်အဖြစ် ပြောင်းလဲနိုင်ဖို့ အသက်ရှင်နေတဲ့ ဓမ္မကာရအဆင့်ပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လိုအပ်တယ်၊ ပြီးတော့ ငရဲအင်ပါယာရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ရရှိဖို့လိုတယ်၊ ငါ့ကို စိတ်မပျက်စေနဲ့…”

“စိတ်မပူပါနဲ့ ကလန်ခေါင်းဆောင်။ သူက အရင်တုန်းက ကုံဝမ် မဟုတ်တော့ပါဘူး၊ သူက ကမ္ဘာကြီးထဲကနေ ပျောက်ကွယ်နေတာ တော်တော်ကြာနေပြီ၊ သူက မကောင်းဆိုးဝါးသခင်ကို ဖိနှိပ်ခဲ့တဲ့ အချိန်ကတည်းကစပြီး နောက်ထပ်တိုက်ပွဲတစ်ခုမှ မတိုက်ခိုက်တော့ဘူး၊ သူက ရွှမ်တျန်းဂိုဏ်းနဲ့ တာ့ကျန်းအဖွဲ့အစည်းမှာ ရှိတဲ့ တပည့်တွေကိုတောင် အချိန်မီမကယ်နိုင်ခဲ့တဲ့အတွက် သူ့ရှေ့မှာ သေသွားခဲ့တယ်လေ၊ သူက ဓမ္မကာရအဆင့်လို့ ခေါ်ထိုက်သေးရဲ့လား…”

“သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပြီးတဲ့နောက် စွမ်းအားတွေ ကျဆင်းသွားတာ သေချာတယ်၊ သူ့မှာ အရင်တုန်းကလို အစွမ်းတွေ မရှိလောက်တော့ဘူး။ ဒါက သိုင်းလောကမှာ နှစ်ပေါင်းများစွာ ပြန့်နှံ့နေတဲ့ သတင်းတွေပါပဲ…”

အဝါရောင်သွေးမြူခိုးများ လွှမ်းခြုံနေသောလူက ခနဲ့သလို ပြောလိုက်သည်။

“ဗုဒ္ဓလက်ဝါးက ဗုဒ္ဓလမ်းစဉ်ကို ပေါင်းစည်းမှုနဲ့ သက်ဆိုင်နေတယ်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူက ရောက်လာရမှာပဲ၊ ဒါက သူ့ရဲ့ သင်္ချိုင်းနယ်မြေလို့ ပြောလို့ရတယ်…”

သူက နေရာတွင်ထိုင်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“တိုင်ရှန်အကြီးအကဲ (၃)ယောက်က ဒီကိစ္စကို ကိုယ်တိုင်တာဝန်ယူလိမ့်မယ်။ သူတို့က ငရဲအင်ပါယာရဲ့ အရိုးတွေကို တစ်ခုဆီ သယ်ဆောင်သွားကြတယ်၊ သူတို့ကသာ လမ်းစဉ်(၃)သွယ် ဝင်္ကပါကို ဖန်တီးလိုက်မယ်ဆိုရင် ငါတို့ရဲ့အစီအစဉ်တွေ အောင်မြင်လိမ့်မယ်…”

သူက တိတ်တဆိတ် ထပ်ဖြည့်ပြောလိုက်သည်။

“တကယ်လို့ ဒီအကြောင်းကို တစ်စုံတစ်ယောက်ကသာ မတော်တဆ တွေ့မသွားဘူးဆိုရင် ပိုပြီးတော့တောင် အဆင်ပြေနိုင်သေးတယ်…”

Translated by Hein Htet.

All Chapters