← Chapters

အခန်း (၅၅၈)

Vol. 38 Ch. 558

အခန်း (၅၅၈)

Vol. 38 Ch. 558

ကန္တာရထဲတွင် အနက်ရောင်ကျောက်တုံးများ မျက်စိတဆုံး မြင်နေရပြီး အဝါရောင်သဲများလည်း ပြည့်နှက်နေသည်။ သို့သော် သူတို့၏အပေါ်ဘက်တွင် မိုးရေစက်များ ဆင်းလာသည့်အလား အဝါရောင်မိုးရေစက်များ ပြည့်နှက်နေခဲ့၏။ တိတ်ဆိတ်ငြိမ်သက်မှုကလည်း အလွန်အမင်းကို ကြောက်စရာကောင်းနေသည်။

အဝါရောင်ဝတ်စုံနှင့် အနီရောင်ခြုံလွှာဝတ်ထားသော ကုံဝမ်က ပုခုံးပေါ်တွင် အနီရောင်ခြုံလွှာကို ခြုံထားခဲ့သည်။ သူ၏ညာဘက်လက်ထဲတွင် ကွင်း(၉)ကွင်း နဂါးတုတ်ကို ကိုင်ထားပြီး သူ၏ဘယ်ဖက်လက်ထဲတွင်တော့ အနက်ရောင်အငွေ့များ လွှမ်းခြုံနေသော အဖြူရောင် အရိုး(၃)ချောင်း ရှိနေ၏။ ထိုအရိုးများက လက်တစ်ဖက်နှင့် နံရိုးအရိုးများ ဖြစ်ကြပြီး အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ပြည့်နှက်နေသည်။

“တော်တော်အံ့သြဖို့ကောင်းတာပဲ…”

သူက အဝေးကို တည်ငြိမ်စွာ စိုက်ကြည့်နေရင်း မျက်ခုံးဖြူများက သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေသလို ထင်မှတ်ရ၏။ သူ့ကို ဗဟိုပြု၍ ပတ်ပတ်လည်တွင် သွေးသားအစအနများ ၊ ပျက်စီးနေသော အရိုးများ ရှိနေသည်။ မကောင်းဆိုးဝါးတစ်ကောင်က ဤနေရာကို ဖြတ်သန်းသွားသလို ထင်မှတ်ရသည်။

…………..

“လေဟာနယ်အလင်းတန်း အပိုင်းအစ၊ နတ်ဆိုးဓမ္မ ၊ ဟန်ကွမ်းနဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ကြားထဲမှာရှိတဲ့ ဆက်နွယ်မှု…”

ကုံဝမ်၏ ရှင်းပြမှုကို စဉ်းစားနေရင်း ယခုတစ်ကြိမ် အကျိုးအမြတ်က အလွန်ကြီးမားကြောင်း မုန့်ချီက ခံစားမိခဲ့သည်။ အစစ်အမှန် ကုံဝမ်က ဝင်္ကပါထဲတွင် ပိတ်မိနေပြီး ထိုစကားက မှန်ကန်နေသည်ဆိုလျှင် အနည်းဆုံးတော့ သူ၏ သံသယတချို့ကို ဖယ်ရှားနိုင်ပါလိမ့်မည်။ ထို့ပြင် အချင်းချင်း ဆက်နွယ်နေသော ဇာတ်လမ်းများကလည်း ဟာကွက်မရှိကြောင်း ပြသနေ၏။

အထူးသဖြင့် လေဟာနယ်အလင်းတန်း အပိုင်းအစနှင့် ပတ်သက်သော အရာများက သံသရာကမ္ဘာကြီး၏ လျို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန် သူ့ကို နောက်တစ်ဆင့်ပို၍ နီးကပ်လာစေခဲ့သည်။

ဤကမ္ဘာကြီးထဲတွင် ပြောပြ၍ မရနိုင်သော ကမ္ဘာပေါင်းများစွာ ရှိနေသေးသော်လည်း ထိုယူဆချက်ကတော့ အကြောင်းအရာတချို့ကို ရှင်းပြနိုင်ပေသည်။ အကယ်၍ သူကသာ ထိုကဲ့သို့ ကမ္ဘာကြီးများကို ‌ရောက်ရှိခဲ့မည်ဆိုလျှင် သူ၏ ဗဟုသုတကို အသုံးချ၍ ရနိုင်၏။

“ကျောင်းထိုင်…

ဆဋ္ဌမအလွှာမှာရှိတဲ့ ဝင်္ကပါက ထူးဆန်းပြီး ခန့်မှန်းလို့ မရနိုင်ဘူး။ အဲဒီအရာတွေက အရင်ဝင်္ကပါ (၅)ခုနဲ့သာ တသားတည်း ပေါင်းစပ်လိုက်မယ်ဆိုရင် တော်တော်လေးကို အန္တရာယ်များနိုင်တယ်။ သိုင်းသခင် အဆင့်ကို မရောက်သေးတဲ့သူတွေက ဝင်္ကပါထဲကို ဝင်လာလို့တောင် ရမှာ မဟုတ်ဘူး။ ကျောင်းထိုင်ကို ကယ်ဖို့က ကျွန်တော်ကိုယ်တိုင် လုပ်နိုင်မယ် မထင်ဘူး။ ကျောင်းထိုင်ဆီမှာ အကြံတစ်ခုခု ရှိလား…”

မုန့်ချီက သူ၏ သဘောထားကို ပြသရန်အတွက် အကောင်းဆုံး ကြိုးစားခဲ့သည်။

သိုင်းသခင်များ၏ စွမ်းဆောင်ရည်က ဝင်္ကပါထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွား၍သာ ရနိုင်သည်။ သို့သော် ဟန်ကွမ်းနှင့် အလွန်လျို့ဝှက်ဆန်းကြယ်သော ဓမ္မကာရအဆင့် ပညာရှင်တို့ ဖန်တီးထားခဲ့သော ဝင်္ကပါကို ဖျက်ဆီးရန် သူတို့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သူတစ်ယောက် လိုအပ်သည်။

ဘုန်းတော်ကြီး ဗောဓိဓမ္မက စွမ်းအားများ ရရှိခဲ့သည်ကိုပင် သန့်စင်နယ်မြေ၏ သတ္တမအလွှာတွင် ထွက်လာခဲ့ရသည်။ ထူးခြားသော နည်းလမ်းများ၊ ကြောက်စရာကောင်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားခြင်းမရှိလျှင် ဝင်ရောက်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။

အရေးကြီးဆုံးအရာကတော့ ဝင်္ကပါထဲတွင် ပိတ်မိနေသည်မှာ အစစ်အမှန် ကုံဝမ် ဟုတ်မဟုတ် မုန့်ချီက မသေချာသေးပေ။ အကယ်၍ သူ့ဆီ၌ ကယ်တင်ရန် အစွမ်းရှိနေလျှင်ပင် သူကတော့ မလုပ်ရဲပေ။ ထို့ကြောင့် ပညာရှင်တစ်ယောက်၏ အကူအညီကို တောင်းဆိုခြင်းက ပိုကောင်းပေသည်။

ကုံဝမ်က ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“တကယ်လို့ ဒကာလေးက ကယ်ချင်တယ် ဆိုရင်တောင် ငါက မင်းကို တားဆီးမှာပါ။ ဆဋ္ဌမအလွှာမှာရှိတဲ့ အခက်အခဲက အောက်က(၅)လွှာထက် အဆပေါင်းများစွာ ပိုသာတယ်။ ပြီးတော့ တကယ်လို့ ဒါက လေဟာနယ်အလင်းတန်း အပိုင်းအစထဲမှာ ဖြစ်နေရင်တောင် မင်းက ရှေ့ကို ဆက်တိုးလာဖို့ ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးမှပဲ ရလိမ့်မယ်။ ငါ့ကို ကယ်ဖို့အတွက် မင်းအသက်ကို မထိခိုက်စေချင်ဘူး…”

သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

“တကယ်လို့ ဒကာလေးက ကရုဏာ ရှိမယ်ဆိုရင်တော့ ကျေးဇူးပြုပြီး စာပို့လုလင် တစ်ယောက်လိုပဲ လုပ်ဆောင်ပေးပါ။ ဒီနေရာကနေ ထွက်သွားတာနဲ့ ငါက မင်းကို သေချာပေါက် ဆုချပါ့မယ်…”

ဝင်္ကပါထဲတွင် ပိတ်မိနေသော ကုံဝမ်က သူ၏အစွမ်းများကို ပြသနိုင်ခြင်း မရှိသလို မည်သည့် ပစ္စည်းကိုမျှ ပေးနိုင်ခြင်း မရှိချေ။ အကယ်၍ ရှောင်လင်ကျောင်းတော်မှ တစ်ခုခုနှင့် ပါဝင်ပတ်သက်နေခြင်း မရှိလျှင် မုန့်ချီကို သင်ကြားပေးရန် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။ သူက သတင်းသွားပို့နိုင်ရန်အတွက် သင်ကြားပေးရန်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူက မုန့်ချီကို ထိုကဲ့သို့ ကတိတစ်ခုသာ ပေးနိုင်၏။

အကယ်၍ အတွင်းထဲ၌ ပိတ်မိနေသည်မှာ အစစ်အမှန် ကုံဝမ်သာဆိုလျှင် ဆုလာဘ်မရှိလျှင်လည်း မုန့်ချီက သူ့ကို ကူညီရန် အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။ ကုံဝမ်နှင့် သူ့ဆရာ၏ ပတ်သက်မှုကို ဖယ်လိုက်မည်ဆိုလျှင်ပင် ကုံဝမ်က ဒဏ္ဍာရီအဖွဲ့နှင့် ရန်ငြိုးရှိနေသည့် အချက်ကြောင့် ကြိုးစားရမည် ဖြစ်သည်။ ရန်သူ၏ရန်သူက မိတ်ဆွေ ဖြစ်နိုင်၏။

“ကျောင်းထိုင်…

ကျွန်တော်က ဘယ်နေရာကို သွားရမှာလဲ…”

မုန့်ချီက မေးလိုက်သည်။

“မင်း သွားရမယ့်နေရာက နှစ်နေရာ ရှိတယ်။ ပထမတစ်ခုကတော့ လန်ကီကျောင်းဆောင်ပဲ။ ဆွေယွဲ့သီလရှင်ကျောင်းက သီလရှင်တွေက ကျောင်းဆောင်ထဲဝင်ဖို့ မင်းကို ကူညီပေးနိုင်တယ်။ ဒုတိယကတော့ ဟွာမေ့တောင်တန်းပဲ။ ဒကာကြီးလုက သိမ်မွေ့နူးညံ့ပေမယ့် သူ့ရဲ့ အစွမ်းက ကြောက်စရာကောင်းတယ်။ ပြီးတော့ ငါက သူနဲ့အတူ သိုင်းပညာကျင့်ကြံမှုတွေ အကြောင်းတွေကို အများကြီး ဆွေးနွေးခဲ့ဖူးတယ်။ သူ့ရဲ့အစွမ်းက သူ့ကို ကမ္ဘာကြီးက သိထားတာထက်တောင် ပိုပြီးတော့ သာနေသေးတယ်။ ဒကာကြီးဟန် ရှာတွေ့မှာကိုလည်း ငါတို့က စိုးရိမ်စရာ မလိုဘူး…”

ကုံဝမ်က တိတ်တဆိတ် ပြောလိုက်သည်။

“လန်ကီကျောင်းဆောင်ကို အကူအညီတောင်းတာက သင့်တော်ပါတယ်။ ဒါပေမဲ့ ဘာလို့ သူ့ဂိုဏ်းကို အကူအညီမတောင်းဘဲ ဆရာကြီးလုဆီက အကူအညီတောင်းရတာလဲ…”

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ ကုံဝမ်၏ ‌ရွေးချယ်မှုကြောင့် သူက ဇဝေဇဝါ ဖြစ်နေခဲ့၏။

သို့သော် ဓမ္မကာရအဆင့် ပညာရှင်များထဲတွင် ချုံဟယ်က အစွမ်းထက်ဆုံး ဖြစ်ခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော သူ့အစွမ်းကလည်း အသာစီး ရနိုင်၏။ ဆရာကြီးလုက မည်မျှ အစွမ်းထက်စေကာမူ ချုံဟယ်ထက် ပို၍အစွမ်းထက်နိုင်မည်လော။

လူတိုင်း၏မျက်စိရှေ့တွင် ဆရာကြီးလုက အတားအဆီးများကို ချိုးဖျက်ပြီး တခြား ဓမ္မကာရအဆင့်များထက် ခြေတစ်လှမ်း ပိုသာနေခြင်းပေလော။ သို့မဟုတ် ဗုဒ္ဓလမ်းစဉ်နှင့် တာအိုလမ်းစဉ်ကြားထဲတွင် ပဋိပက္ခများ ရှိနေခြင်းကြောင့်ပေလော။ သူ့ဂိုဏ်းထဲတွင် ဟန်ကွမ်း၏ နောက်လိုက်များ ရှိနေနိုင်သည့်အတွက်ကြောင့် ကုံဝမ်က သံသယဝင်နေခြင်းလည်း ဖြစ်နိုင်သည်။ သူကလည်း ဟန်ကွမ်းကဲ့သို့ ချုံဟယ်၏ အတွေ့အကြုံများကို ဆုံးဖြတ်ပြီးမှသာ ရွေးချယ်ရန် စဉ်းစားထားပုံ ရ၏။

“ရှောင်လင်ကျောင်းတော်ထဲမှာ ဒကာကြီးဟန်က ဘယ်သူတွေကို သိမ်းသွင်းထားလဲဆိုတာ ငါလည်း သေချာမသိဘူး။ ဒကာလေးစု…မင်းက ငါတို့ရဲ့အစီအစဉ်တွေ ပေါ်မသွားအောင် သူတို့ကို သတင်းမပေးတာ အချိန်ကြာလေ ပိုကောင်းလေပဲ…”

ကုံဝမ်က သူ့ကို သတိပေးလိုက်သည်။

သူ့ဆရာနှင့် ဆရာတူညီလေးတို့ကလွဲလျှင် ရှောင်လင်ကျောင်းတော်ထဲ၌ ယုံကြည်ရနိုင်သည့် ကိုယ်တော်တစ်ပါးမျှ မရှိချေ။ သူက သတိပေးချက်ကို လက်ခံပြီး ခေါင်းညိတ်ပြလိုက်၏။

“ကျောင်းထိုင်…

ဟန်ကွမ်းက ဘယ်လိုအမျိုးအစား ဓမ္မကာရအဆင့်လဲဆိုတာ ပြောပြလို့ ရနိုင်မလား။ သူ အသုံးပြုနေတဲ့ အထူးနည်းလမ်းတွေများ ရှိလား။ တကယ်လို့ ကျွန်တော်တို့ အစီအစဉ်တွေ ပေါ်သွားမယ်ဆိုရင် ဆရာကြီးလုနဲ့ လန်ကီကျောင်းဆောင်က ကိုယ်တော်တွေက ဒါကို ကြိုပြီးသိထားမယ်ဆိုရင် အနိုင်ရမယ့် အခွင့်အရေး ပိုရတာပေါ့…”

ဓမ္မကာရပညာရှင် အသစ်တစ်ယောက်ဖြစ်သော ကုံဝမ်နှင့် တိုက်ခိုက်သည့်အချိန်တွင် ဟန်ကွမ်းက သေချာပေါက် အကောင်းဆုံး ကြိုးစားနိုင်သည်။ ထိုအရာက‌ ကောင်းကင်ဧကရာဇ်နှင့် ဆက်နွယ်နေနိုင်၏။

ကုံဝမ်က ထိုအရာကို သေချာ စဉ်းစားနေပုံရပြီး ချောချောမွေ့မွေ့ ပြောလိုက်သည်။ “ဒကာကြီးဟန်က ဖျက်ဆီးရေးဂိုဏ်းရဲ့ သုတ်သင်ရှင်လင်းရေး(၆)သွယ် နတ်ဆိုးခန္ဓာကို ဖန်တီးထားတယ် ထင်တယ်။ ငါ့ရဲ့လေ့လာမှုအရ သူ့ရဲ့ ဓမ္မကာရကလည်း အဲဒီခန္ဓာနဲ့ တော်တော်လေး ပတ်သက်နေတယ်…”

“နတ်ဆိုးခန္ဓာ ဖွဲ့စည်းမှု…”

ငရဲကြီးအင်ပါယာနှင့် ငရဲကြီး(၉)ထပ်က မကောင်းဆိုးဝါးဆန်သော သဘာဝများ ဖြစ်ကြပြီး နတ်ဆိုးသခင်နှင့် ကောင်းကင်သတ်ဖြတ်ရေးတာအိုသခင်တို့ပြီးလျှင် ဒုတိယ ဖြစ်သည်။ သူတို့ကို ကောင်းကင်ဖျက်ဆီးခြင်းနှင့် မြေပြင်သုတ်သင်ခြင်းဟု နာမည်ကျော်ကြား၏။

“ဘယ်လိုကွဲပြားမှုတွေရှိလဲ…”

မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်သည်။

ဟန်ကွမ်းက မကောင်းဆိုးဝါး လမ်းစဉ်(၉)သွယ်ထဲမှ လူတစ်ယောက်ဟု ဘိုးဘေးဒိုမူ ယဲ့ယုချီကဲ့သို့ အလွန်ထူးခြားသော လူတစ်ယောက်နှင့် ယက္ခပျံ ရန်ဝူဝိုတို့ကပင် သံသယ ဝင်နေကြသည်။ ထို့ကြောင့် ဟန်ကွမ်းက သူ၏ ကိုယ်ပိုင်ပုံရိပ်ယောင်ခန္ဓာကို ဖန်တီးရန်အတွက် သေချာပေါက် တူညီမှုတစ်ခုကို ယူဆောင်ထားနိုင်သည်။

ကုံဝမ်က တိုက်ရိုက်မဖြေဘဲ ပြန်ပြောလိုက်၏။

“သူ့ရဲ့လက်(၆)ဖက်… နတ်ဆိုးခန္ဓာကိုယ်မှာ လက်(၄)ဖက်ပဲ ရှိတယ်။ မူလတုန်းက ကရုဏာရှိပြီး ဖုံးကွယ်တတ်တဲ့ အမူအရာက ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်တဲ့ ခံစားမှုမျိုး ရှိတယ်။ အရေးကြီးဆုံးအရာကတော့ နတ်ဆိုးခန္ဓာက ရှင်ဘုရင် ဝတ်စုံကို ဝင်ဆင်ထားပြီး အနက်ရောင်ချပ်ဝတ်အစား သရဖူကို ဆောင်းထားတယ်။ သူ့ပုံစံက သုတ်သင်ရှင်းလင်းသူ တစ်ယောက်အစား သူက အုပ်ချုပ်သူတစ်ယောက်လို ဖြစ်နေတယ်။ ဒကာကြီးဟန်က သုတ်သင်ရှင်းလင်းရေး(၆)သွယ် နတ်ဆိုးခန္ဓာကို တခြားလမ်းသစ်တစ်ခုနဲ့ ပေါင်းစပ်ထားတာလည်း ဖြစ်နိုင်တယ်…”

“နတ်ဆိုးဧကရာဇ် ပုံစံလား…”

ဟန်ကွမ်းက အမှန်တကယ်ကို ကောင်းကင်ဧကရာဇ်ဖြစ်ကြောင်း မုန့်ချီက တစ်ပိုင်းတစ်စသာ အတည်ပြုနိုင်ခဲ့သည်။ အကယ်၍ ဟန်ကွမ်းကသာ ရှောင်လင်ကျောင်းတော်မှ ထွက်ခွာသွားရန် ဆင်ခြေပေးမည်ဆိုလျှင် ကောင်းကင်ဧကရာဇ် နှစ်ကြိမ်ပေါ်လာခြင်းက လုံလောက်အောင် ပြနိုင်သည်။ သူက တခြားသူများကို လမ်းလွှဲသွားစေလို၍ ဖြစ်သည်။

ကြည့်ရသည်မှာ ထိုအရာက သူ့လက်အောက်တွင် ရှိနေသူများ ဖြစ်နိုင်၏။ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းရည်အရ မိုင်တစ်ထောင်ကိုပင် တခဏအတွင်း သွားလာနိုင်သည်။ သူက ထိုနေရာတွင် ခဏ ပေါ်လာသည်မှာ စိန်ခေါ်မှုတစ်ခုတော့ မဖြစ်နိုင်ပေ။

မုန့်ချီက ကုံဝမ် ရှင်းပြသည့် အကြောင်းအရာများနှင့် ဟန်ကွမ်း၏ ဓမ္မကာရစွမ်းရည်များကို သေချာနားထောင်နေခဲ့၏။ ကုံဝမ် ရှင်းပြပြီးသည့်အချိန်တွင် မုန့်ချီက သူ့ကို ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ကိစ္စက အတော်လေးကို အရေးပါ၏။ လက်ရှိအချိန်တွင် သူ့ဆီ၌ အတိတ်မှ အလွန်လျို့ဝှက်ဆန်းကြယ်သော ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်၏ ကူညီမှုလည်း ရှိနေသည်။ အကယ်၍ မုန့်ချီကသာ ထိုအရာကို လျို့ဝှက်ထားလိုက်မည်ဆိုလျှင် ဆုံးရှုံးမှုက အလွန်ကြီးနိုင်ပြီး အဖွဲ့အစည်းက ကျရှုံးမှုများ ဖြစ်နိုင်၏။ သူက ထိုကိစ္စကို ဘိုးဘေးလင်းပေါင်ဆီသို့ သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အမှန်တရားကို မည်မျှ ပြောပြရမည်ဖြစ်ကြောင်း သေချာစဉ်းစားရန် လိုအပ်၏။

…………………….

ငါးပင်လယ်ထဲတွင် ရှိနေသော သခင်မစု၏ နတ်သမီးနယ်မြေထဲတွင် ကမ္ဘာဦးသန့်စင်ရေးအဆောင်က အနှစ်သာရများ၏ ပြောင်းလဲမှုများကို ဖျက်ဆီးလိုက်ပြီး ဝင်္ကပါ၏ ဗဟိုထဲတွင် ပြည့်စုံခြင်းဝင်္ကပါ ဖန်တီး၍ အင်မော်တယ်ဟွင်ဟယ်ကို ကူညီပေးလိုက်သည်။

မကြာခဏ ဆိုသလို ဝင်္ကပါထဲတွင် ရွှေကျီးကန်းများနှင့် ခန္ဓာကိုယ်များ ထွက်ပေါ်လာနေခဲ့၏။ သူတို့က မိုးရေစက်များအဖြစ် ပြောင်းလဲပြီး တိတ်ဆိတ် ခြောက်ကပ်မှုကို စိုစွတ်လာစေခဲ့သည်။ သတ်ဖြတ်ရေးဝင်္ကပါထဲတွင် သက်တန့်များလည်း တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာခဲ့၏။

သိုင်းသခင်အဆင့်ကို မရောက်သေးဘဲ နတ်ဘုရားလက်နက် တပ်ဆင်ထားခြင်း မရှိသော လူတစ်ယောက်သာ ထိုနေရာကို ဝင်လာမည်ဆိုလျှင် စက္ကန့်ပိုင်းလေးအတွင်း အမှုန့်များ ဖြစ်သွားနိုင်သည်။

သို့သော် အလွန်လှပပြီး အံ့သြစရာကောင်းသော ဆန်းကြယ်နတ်သမီးက ဝင်္ကပါထဲတွင် သူမ၏နတ်ဘုရားလက်နက် ဝါးတုတ်တံလေးနှင့် တိုက်ခိုက်နေသည့်အတွက် သူတို့၏ တိုက်ပွဲက ပြင်းထန်နေခြင်း မရှိပေ။ သူမ၏ ပတ်ပတ်လည်ရှိ အရည်များ၏ လှုပ်ရှားမှုကလည်း သူမ၏သတ်ဖြတ်ချင်စိတ်များကို ဖယ်ရှားပေးနိုင်သည်။ သခင်မစု နတ်သမီးနယ်မြေ၏ အစွမ်းနှင့် အနှစ်သာရများ၏ အထောက်အပံ့ကြောင့် သူမက အသာစီး ရနေ၏။

ရုတ်တရက်ဆိုသလို ကျန်းကျိဝေက အသွင်ပြောင်းလာသော သခင်မစု နတ်သမီးနယ်မြေ၏ အစွန်သို့ ရောက်လာပြီး သူမ၏ ဓားသိုင်းပညာကို ဆက်သွယ်လိုက်သည်။ သူမက ကမ္ဘာမြေကြီး၏ စွမ်းအားဗဟိုကို အသုံးချလိုက်၏။ သို့သော် ထိုအရာက သူမ၏အစွမ်းထက် ကျော်လွန်နေခဲ့သည်။

သူမက ဓားသိုင်းပညာတွင် တိကျသော ထိန်းချုပ်နိုင်စွမ်း ရှိနေသော်လည်း အနည်းငယ်လေးသာ လှုပ်ရှားသွားစေခဲ့သည်။ အကယ်၍ ထိုနေရာက အိပ်မက်နယ်မြေတစ်ခု ဖြစ်နေခဲ့ပြီး လက်ရှိမျိုးဆက် ဆန်းကြယ်နတ်သမီးက သခင်မစု နတ်သမီးနယ်မြေ၏ အငွေ့အသက် အနည်းငယ်ကို ဖန်တီးလိုက်မည်ဆိုလျှင် ထိုအရာက လုံးဝပြည့်စုံနေသည်ဟု ခံစားရသည်။သူ့အဆင့်ကလည်း ကျန်းကျိဝေထက် အဆပေါင်းများစွာ ပို၍ မြင့်မားသည်။

ကျန်းကျိဝေကတော့ အတော်လေးကို အခက်တွေ့နေပုံရသည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့၏။ သူမ၏ ဓားသိုင်းပညာက ဂုဏ်ယူဝင့်ကြွားနိုင်သော်လည်း ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ မရှိချေ။ သက်ရှိများအားလုံးကို တန်းတူအနေဖြင့်သာ သတ်မှတ်နိုင်ခဲ့၏။ အလွန်တည်ငြိမ်သော သူမ၏ မျက်လုံးများကလည်း ‌‌ရေကန်တစ်ခုကဲ့သို့ ဖြစ်နေသည်။

“ကမ္ဘာမြေကြီးမှာ နှလုံးသား ကင်းမဲ့တယ်။ နတ်ဆိုးတွေ အင်မော်တယ်တွေရဲ့ ကြားထဲမှာလည်း ကွဲပြားမှု မရှိဘူး။ သက်ရှိတွေအားလုံးက တစ်ခုတည်းပဲ…”

သူမ၏လှုပ်ရှားမှုက ဓားအလင်းရောင်များကို ပတ်ပတ်လည်သို့ ပျံ့နှံ့သွားစေခဲ့ပြီး ကမ္ဘာမြေကြီးပေါ်ကို အပြာရောင်အလင်းတန်းတစ်ခု ကျရောက်လာသလို ဖြစ်နေသည်။ သိပ်မကြာခင် သူမက ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုကို အသုံးပြုနိုင်ခဲ့၏။

သူမက ဓားသိုင်းပညာကို သုံးလိုက်ပြီး သိုင်းကွက်များကို လှုပ်ရှားလိုက်သည်နှင့်အမျှ သူမ၏အငွေ့အသက်က တဖြည်းဖြည်း ပို၍ မြင့်တက်လာခဲ့သည်။ သူမ၏ လှုပ်ရှားမှုကတည်း တဖြည်းဖြည်း ပို၍ ထူးခြားလာ၏။ သူမ၏အာရုံခံစွမ်းရည်များက ကန့်သတ်ချက်သို့ ရောက်သွားသည့်အချိန်တွင် သူမက နောက်ထပ်အသစ်တစ်ခု လုပ်ရန် ဖျက်ဆီးရပါလိမ့်မည်။

ကျန်းကျိဝေ၏ အငွေ့အသက်က အလွန်ထူးခြားသော်လည်း လက်ရှိ ရှိနေသော အရာအားလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်နေ၏။ ထိုအချိန်တွင် အပြာရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်သွားခဲ့၏။

ထိုအရာ ရောက်မလာခင် မည်သည့်အငွေ့အသက်မျှ မရှိဘဲ သီးခြား ဖြစ်တည်နေသလို ထင်မှတ်ရသည်။ ကျန်းကျိ‌ဝေက ဓားအလင်းတန်းအတိုင်း လိုက်သွားပြီး သူ၏ ဦးတည်ချက်အတိုင်း ခုတ်ချလိုက်သည်။ ထိုဓားအလင်းတန်းက မြေပြင်ပေါ်ကို ကျရောက်သွားပြီး ခွဲခြား၍ မရနိုင်သော အခြေအနေတစ်ခု ထွက်ပေါ်လာခဲ့၏။

“အထွဋ်အမြတ် ဥပေက္ခာဓားသိုင်း….

အထွဋ်အမြတ် ဓားသိုင်းပညာရဲ့ သတ်ဖြတ်ရေးသိုင်းကွက် (၉)ကွက်ထဲက အဓိကသိုင်းကွက်…”

ကျန်းကျိဝေက ဝေ့ကျင်းအဆင့်ကို တက်ရောက်လာပြီးနောက် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်ရန် နောက်တစ်ကြိမ် အခွင့်အရေး ရရှိခဲ့သည်။ ထိုအချိန်တွင် သူမက အနာဂတ်ဖြတ်တောက်ခြင်းနှင့် အထွဋ်အထိပ် ဥပေက္ခာ ဓားသိုင်း၏ အခြေခံကို နားလည်လာခဲ့၏။

သို့သော် အထွဋ်အထိပ် ဥပေက္ခာဓားသိုင်းက အလွန်အားကုန်သော သိုင်းကွက်တစ်ခု ဖြစ်သည်။ သူမက ထိုအရာကို နားလည်ရုံလေးသာဖြစ်ပြီး အရှိန်အဝါကို စုစည်းရန် လိုအပ်နေသေးသည်။ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာမြေကြီး၏ အစွမ်းများကို အသုံးချရန်လည်း လိုအပ်၏။ အကယ်၍ သူမကသာ တိုက်ပွဲထဲတွင် ထိုအရာကို အသုံးချရမည်ဆိုလျှင် ကောင်းမွန်စွာ လုပ်‌ဆောင်နိုင်မည် မဟုတ်ချေ။ ဓားအလင်းတန်းတွင် သိသာထင်ရှားသော အစွမ်းလည်း မရှိနိုင်ပေ။ ထိုအရာက အားနည်းခြင်း မရှိသလို သန့်စင်ခြင်းလည်း မရှိချေ။

ထိုအရာက သခင်မစု နတ်သမီးနယ်မြေကို ချိုးဖောက်သွားရမည့်အစား သူမနှင့် ပေါင်းစပ်သွားသလို ထင်မှတ်ရသည်။ ပတ်ပတ်လည်တွင် ဆူညံသံများ ထွက်ပေါ်လာပြီး အချင်းချင်း ပေါင်းစပ်သွားခဲ့၏။ သခင်မစု နတ်သမီးနယ်မြေ လုပ်ဆောင်ရာတွင် အတားအဆီး အနည်းငယ် ပေါ်လာခဲ့သည်။

ကျန်းကျိဝေက ထိုအလင်းတန်းကို အသုံးချပြီး ဓားအလင်းတန်းတစ်ခုအဖြစ် အသုံးပြု၍ ထွက်ပြေးလိုက်၏။

“ကောင်းတယ်။ ငါက အထွဋ်အမြတ် ဥပေက္ခာဓားသိုင်းကို အသုံးပြုနိုင်သွားပြီ။ ငါက (၂၃)ချက် ဓားသိုင်းကွက်ကိုလည်း သုံးလို့ ရသွားပြီ…”

ငါးပင်လယ်၏ စိုစွတ်နေသော လေထုက သူမ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမက ယင်ယန် ခွဲခွာခြင်း လေဟာနယ်၏ အရိပ်အယောင်ကို ရှာဖွေနေသည့်အချိန်တွင် လေထဲ၌ လွင့်မျောနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအရာက ဆန်းကြယ်နတ်သမီး နီမဏကာရ ဖြစ်၏။ ဆန်းကြယ်နတ်သမီး နီမဏကာရကလည်း သူမကို မြင်တွေ့နေရသည်။

…………..

ယင်ယန်ခွဲခွာခြင်း လေဟာနယ်ထဲတွင် မိုးကြိုးနတ်ဘုရားက မုန့်ချီ ပျောက်ကွယ်သွားသော နေရာတွင် ဝင်္ကပါတစ်ခု ချထားခဲ့၏။ သူက ထိုဝင်္ကပါကို ဟောင်လင်းလ အမဲလိုက်ခွေး၏ လက်စွပ်ထဲမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။ ဝင်္ကပါက သတ်ဖြတ်ရန် စွမ်းအားအနည်းငယ်လေးသာ ရှိသည်။

ထိုအရာက မုန့်ချီ ပြန်ရောက်လာလျှင် ပုန်းအောင်းခြင်းကို တားဆီးထားရန်သာ ရည်ရွယ်ထား၏။ ထိုအချိန်တွင် သူ၏လျှို့ဝှက်ရတနာနှင့် သတ်ဖြတ်ရေး တိုက်ကွက်များက မုန့်ချီကို ပစ်မှတ်ထားလိုက်လျှင် လွတ်မြောက်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။

မိုးကြိုးနတ်ဘုရားက သူ၏ မိုးကြိုးဓားကို သယ်ဆောင်ပြီး ဝင်္ကပါ၏ ဆန့်ကျင်ဘက်ကို ခေါင်းမော့ကြည့်နေ၏။ ယခုတစ်ကြိမ် သူ၏ရည်ရွယ်ချက် ပြည့်တော့မည် ဖြစ်သည့်အတွက် အတော်လေး ဝမ်းသာနေခဲ့သည်။

“မင်းက စောစော ပြန်လာတာပဲဖြစ်ဖြစ်၊ နောက်ကျပြီးမှ ပြန်လာတာပဲဖြစ်ဖြစ်၊ သေချာပေါက် သေရမှာပဲ…”

ထိုအတွေး ပေါ်လာသည့်အချိန်၌ သူ့ခေါင်းပေါ်တွင် အလွန်တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

မုန့်ချီက ဝင်္ကပါထဲ၌ ပေါ်ထွက်လာ၏။

“ဒီလောက်တောင် အလေးမထားတာလား။ သူက ပုန်းနေဖို့တောင် စိတ်ကူးမရှိဘူးလား…”

မိုးကြိုးနတ်ဘုရားက အတော်လေး အံ့အားသင့်သွားခဲ့၏။ သူက လျှို့ဝှက်ရတနာများနှင့် သူ၏မိုးကြိုးဓားမောက်ကြီးကို ကိုင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ ထိုအချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိခဲ့သည်။ သူ၏အငွေ့အသက်များက အစစ်အမှန်ထက် အဆပေါင်းများစွာ ပို၍ အားနည်းနေသည်။

“ဒါက အတုပဲ…”

ဝင်္ကပါ၏ အလင်းတန်းများက ပုန်းအောင်းနေသော မုန့်ချီကို ချုပ်နှောင်လိုက်သည်။ ထိုအချိန်တွင် သူ၏ပုံရိပ်က ပေါ်လာရ၏။ ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီးနောက် မိုးကြိုးနတ်ဘုရားက တိုက်ခိုက်တော့မည့်အချိန်တွင် မုန့်ချီ၏ အငွေ့အသက်များက ရုတ်တရက် ဝေဝါးပြီး ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရပြန်သည်။

ထို့နောက် မုန့်ချီ၏ မျက်လုံးများထဲမှနေ၍ ကြယ်နှစ်ပွင့်ကဲ့သို့ အလင်းတန်းများ ထွက်လာကြောင်း မြင်လိုက်ရသည်။ မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို သာမန်ပုံစံဖြင့် တိုက်ခိုက်လိုက်ပြီး ဓားမောက်အလင်းတန်းများ၊ လျှပ်စီးကြောင်းများပင် ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

သို့သော် ထိုအချိန်တွင် မိုးကြိုးနတ်ဘုရားက တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသလို ခံစားလိုက်ရ၏။ တိုက်ခိုက်မှုက အဝေးမှ ရောက်လာသလို ထင်ရသော်လည်း ဓားမောက်က သူ့ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသလို ခံစားလိုက်ရသည်။ သူက တခဏအတွင်း အရာအားလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရပြီး အေးစက်သော လေလှိုင်းများကို ခံစားလိုက်ရ၏။

“တော်တော်ထူးဆန်းတာပဲ…”

သူက လျှို့ဝှက်ရတနာကို အသက်သွင်းလိုက်မိသော်လည်း အရာအားလုံးက ရှိနေသေးသည်။ သူ၏လျှို့ဝှက်ရတနာနှင့် ကြားထဲတွင် ရှိနေသော ကံကြမ္မာဆက်သွယ်မှုကလည်း ပျောက်ကွယ်သွားပုံရ၏။

“ဒါ...ဒါက...”

မိုးကြိုးနတ်ဘုရားက ချက်ချင်း မျက်လုံးပြူးသွားခဲ့သည်။

မုန့်ချီက သူ၏ဓားမောက်ကို ပြန်သိမ်းလိုက်ကြောင်း မြင်လိုက်ရ၏။ မုန့်ချီ၏ အစိမ်းရောင် ဝတ်စုံလေးက လေထဲတွင် လှုပ်ရှားနေရင်း သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“ခင်ဗျားက သေပြီးသွားပြီ…”

“ငါက သေပြီးသွားပြီလား…”

မိုးကြိုးနတ်ဘုရားက အံ့သြမှင်သက်သွားပြီး သူ၏မြင်ကွင်းများက ချက်ချင်း မည်းမှောင်သွားခဲ့၏။ သူက မြေပေါ်သို့ လဲကျသွားခဲ့ပြီး အငွေ့အသက်များ အားလုံးက ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့သည်။ သူ၏တည်ရှိမှုကိုပင် ခံစားမိခြင်း မရှိတော့ပေ။

Translated by Hein Htet

All Chapters