← Chapters

အခန်း (၅၆၀)

Vol. 38 Ch. 560

အခန်း (၅၆၀)

Vol. 38 Ch. 560

ဟောင်လင်းလ အမဲလိုက်ခွေး၏ လေဟာနယ်လက်စွပ်က လုံးဝကိုပြည့်နှက်နေသည်။ အတွင်းထဲတွင် ရှိနေသော ပစ္စည်းများကလည်း ရှုပ်ပွနေသည့်အတွက် မုန့်ချီက တစ်ကြိမ်လျှင် ပစ္စည်းတစ်ခုသာ ထုတ်နိုင်၏။

သူ၏လက်ဖဝါးပေါ်တွင် လေဟာနယ်လက်စွပ်ထဲမှ ထုတ်ထားခဲ့သော ကြာပန်းလေးတစ်ပွင့် ပေါ်လာခဲ့သည်။ ထိုကြာပန်းပွင့်လေးတွင် ပွင့်ချပ်(၇)လွှာရှိနေပြီး အလွန်မွှေးပျံ့သောရနံ့နှင့် လူတိုင်းကို လန်းဆန်းတက်ကြွစေသော ရနံ့တစ်ခု ပေးနိုင်သည်။

"ဒါကအသုံးပြုသူရဲ့ ပင်မဝိညာဉ်ကို ခုခံပေးနိုင်တဲ့ မှော်ရတနာတစ်ခုပဲ။ ဒါက အနိမ့်ဆုံးကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် ရှိနိုင်တယ်…"

ကျန်းကျိဝေက ထိုပစ္စည်းကို ချက်ချင်း မှတ်မိသွားသည့်အတွက် ဝင်ပြောပြလိုက်သည်။ သူမက ကျိကျန်းဓားစံအိမ်၏ ရတနာဂိုထောင်ထဲတွင် ထိုကဲ့သို့ အလားတူပုံစံရှိနေသော ပစ္စည်းတစ်ခုကို မြင်ခဲ့ဖူး၏။

"ဒါဆိုရင်တော့ အသုံးဝင်တဲ့ပစ္စည်းတစ်ခုပဲ…"

မုန့်ချီက ဝမ်းမြောက်ဝမ်းသာ ပြန်ဖြေလိုက်သည်။

လက်ရှိ သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အားနည်းချက်များ ရှိနေသေးသည်။ အထူးသဖြင့် နတ်ဘုရားကမ္ဘာကြီးထဲမှ တပ်မှူးဟန်နှင့် အခြားရန်သူများကို ရင်ဆိုင်သည့် အချိန်မျိုးတွင်ဖြစ်သည်။ တာဝန်လုပ်ဆောင်နေစဉ် အတောအတွင်း လျှို့ဝှက်ရတနာများက သူ၏ခုခံမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး အသက်ရှင်ရပ်တည်ရန် အခွင့်အရေးကို တိုးမြင့်လာစေနိုင်သည်။

အလွှာ(၇)လွှာရှိနေသော အဖြူရောင်ကြာပန်းပွင့်လေးနှင့်အတူ လေဟာနယ်လက်စွပ်ထဲမှာနေ၍ ထိုက်ရင်သံလုံးလေးတစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် တခြားသော ရှားပါးတွင်းထွက်ပစ္စည်း(၃)မျိုးလည်း ထွက်လာခဲ့သည်။ ထိုအရာက ဟောင်လင်းလ အမဲလိုက်ခွေး လေ့ကျင့်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများဖြစ်ပုံရသည်။

မုန့်ချီက သူတို့၏အသုံးဝင်မှုကို ရှာဖွေနေခြင်း မရှိဘဲ ကံကြမ္မာအမှတ်များ၊ တခြားပစ္စည်းများနှင့် အရောင်းအဝယ်လုပ်ရန်သာ စဉ်းစားထားခဲ့သည်။ မုန့်ချီက သူ၏လေဟာနယ်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အလွန်ထူးဆန်းသော ပုံပန်းသဏ္ဍာန်ရှိနေသည့် ပန်းပွင့်(၇)ပွင့်၊ (၈)ပွင့်ခန့်ကို ဆွဲထုတ်လိုက်ပြန်သည်။

ထိုအရာများအားလုံးက မတူညီသောအရာများဖြစ်နေပြီး အလွန်ထင်ရှားလှသည်။ သို့သော် မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ ချက်ချင်းပင် သတိထားမိခဲ့သည်။

"အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ဖန်တီးဖို့အတွက် အသုံးဝင်တဲ့ ဆေးအမယ်တွေ…."

မုန့်ချီကလည်း ချက်ချင်းဝမ်းသာသွားခဲ့သည်။

မုန့်ချီက အင်မော်တယ်ဆေးရည်ဖန်တီးရန် ဆေးအညွှန်း ပိုင်ဆိုင်ထားခဲ့သည်မှာ အတော်လေး ကြာခဲ့ပါပြီ။ အဓိကအမယ်ဖြစ်သော ချင်းဟွာသစ်သီးကိုလည်း ပိုင်ဆိုင်ထားခဲ့၏။ ထိုသို့ဆိုရာတွင် ထပ်မံပေါင်းစပ်ရသည့်ပစ္စည်းများက ဈေးကြီးလွန်းလှသည့်အတွက် သူနှင့်သူ့အဖွဲ့များက ယခုအချိန်အထိ သက်တမ်းရှည်ဆေးရည်ကို လုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။

မုန့်ချီက သူ့အတွက် ဆေးရည်တစ်ခုဖန်တီးရန် အစီအစဉ်ကို ဘေးဖယ်ထားခဲ့သည်။ လက်ရှိအချိန်တွင်တော့ ပစ္စည်းအများစု ရှိနေပြီဖြစ်သည့်အတွက် သူက ကျန်ရှိနေသော အရာများကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်နိုင်သည်။ သိပ်မကြာခင် သူက အင်မော်တယ်အဖွဲ့မှ ပေါင်ပုကျူး သို့မဟုတ် သံသရာအရှင်သခင်၏အကူအညီနှင့် အရှားပါးဆုံး ဆေးရည်တစ်ခုကို ရရှိနိုင်ပါလိမ့်မည်။

ဝေ့ကျင်းအဆင့် ပညာရှင်အများစုကသာ နှစ်(၆၀)၏ (၂)ဆ၊ (၃)ဆခန့် သက်တမ်းတိုးနိုင်မည်ဆိုလျှင် အတော်လေး ဝမ်းသာနေကြရပါလိမ့်မည်။ အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်က လူတစ်ယောက်၏အသက်ကို နောက်ထပ်နှစ်ပေါင်း (၆၀) သက်တမ်းတိုးပေးနိုင်၏။ ထိုအရာက အသက်ကြီးနေသော ပညာရှင်များအတွက်တော့ အဖိုးဖြတ်၍ မရနိုင်သော ရတနာတစ်ခုဖြစ်သည်။ အကယ်၍ မုန့်ချီကသာ သူ့အတွက် တစ်လုံး ယူထားချင်သော စိတ်ဆန္ဒမျိုး မရှိလျှင် ထိုအရာများကို သိမ်းဆည်းထားပြီး အကျိုးအမြတ်များစွာ ရနိုင်၏။

အလွန်အံ့ဩမှင်တက်သွားသည့်အတွက် မုန့်ချီက ကျန်ရှိနေသော အရာများကို ထုတ်ယူပြီး သူ လေ့ကျင့်ရန် လိုအပ်သော ပစ္စည်းများကို လဲလှယ်ရန် စဉ်းစားလိုက်သည်။ သူက ပြည့်စုံခြင်းတံခါးနှင့် အမှောင်နန်းတော်တို့၏ အပေးအယူတို့ကိုလည်း ပြည့်စုံအောင် လုပ်ပေးရန် လိုအပ်နေသေးသည်။

လက်ရှိအချိန်၌ သူ့ဆီတွင် လုံလောက်သော အရင်းအမြစ်များ ရှိနေပြီဖြစ်၏။ အကယ်၍ ထိုပစ္စည်းများကိုသာ အလွန်ဆိုးရွားသော သံသရာအရှင်သခင်၏ အပြင်ဘက်မှနေ၍ တခြားနည်းလမ်းများနှင့် ရနိုင်မည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။

မုန့်ချီက ထိုဆေးအမယ်များကို သိမ်းလိုက်ပြီးနောက် အလွန်ဝမ်းသာနေသည်ကို ကျန်းကျိဝေက မြင်နေရသည်။ သူမနှင့် သူမ၏ဆရာကလည်း ငယ်ရွယ်နေသေးသည့်အတွက် ထိုကဲ့သို့ သက်တော်ရှည်ဆေးရည်မျိုးကို မလိုအပ်သေးပေ။

လေဟာနယ်လက်စွပ်ထဲတွင် တစ်စုံတစ်ခုကို သတိထားမိပြီးနောက် မုန့်ချီ၏ မျက်နှာအမူအယာက ပြောင်းလဲသွားခဲ့သည်။ လေဟာနယ်လက်စွပ်၏ အတွင်းထဲတွင် အပိုင်းပိုင်းအစစ ပျက်စီးနေသော အလောင်းမှ အသားစများ ပြည့်နှက်နေခဲ့၏။ ထိုလူသားအပိုင်းအစများဆီမှ အငွေ့အသက်များစွာ ထွက်ပေါ်လာနေသည်။

ယခင် အသက်ရှင်ကျန်နေခဲ့သော စွမ်းအားများက သွေးစက်တစ်စက်ချင်းဆီအဖြစ် ပြောင်းလဲနေခဲ့၏။ အရေပြားနှင့်အကြောများ စသည့်အရာအားလုံးက လူသားတစ်ယောက်၏ အစိတ်အပိုင်းများ ဖြစ်နေသည်။

"ဝေ့ကျင်းအဆင့် လူသား ပညာရှင်တွေလား…"

မုန့်ချီနှင့်ကျန်းကျိဝေတို့က တစ်ပြိုင်နက်တည်း တုန်လှုပ်စွာ ရေရွတ်လိုက်မိကြသည်။

ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာက ဟောင်လင်းလ အမဲလိုက်ခွေး၏လက်ထဲသို့ ကျရောက်သွားပြီး သူက သူတို့၏အလောင်းများကို တစ်ချိန်လုံး သယ်ဆောင်ထားခြင်းပေးလော။ ကျန်းကျိဝေက ထိုအသားစများမှ ထွက်ပေါ်လာသော ရနံ့များကို ရှူရှိုက်ကြည့်လိုက်သည်။

"ဒီအသွေးအသားတွေပေါ်မှာ နတ်ဆိုးရနံ့တွေ ရှိနေတယ်…"

သူမက ဝမ်းနည်းမှုများကို ဖယ်ရှားပြီး ပြောလိုက်သည်။

"သူတို့တွေက နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေရဲ့ စားစရာတွေဖြစ်မယ်…"

"ဟုတ်တယ်။ မိုးကြိုးနတ်ဘုရားက နတ်ဆိုးခွေးနဲ့ ပူးပေါင်းနေတယ်…."

မုန့်ချီက နတ်ဆိုးများနှင့် မကောင်းဆိုးဝါးမျိုးနွယ်စုများ၏ အမုန်းတရားများကို ပြန်လည်စဉ်းစားနေမိခဲ့သည်။ သူ့ရင်ထဲတွင်တော့ အေးစက်လာပြီး ရုတ်တရက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့၏။

သူက အင်မော်တယ်ဂိုဏ်း၏ စခန်းဆီသို့ သွားခဲ့စဉ်အတောအတွင်း ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်ခဲ့ဖူးသည်။ သူက မြေပြင်ပေါ်တွင် လဲကျနေသော ဝေ့ကျင်းအဆင့် ပညာရှင်များစွာ၏ အလောင်းများကို မြင်တွေ့ရပြီး သူတို့က အပိုင်းပိုင်းအစစ ပျက်စီးနေခဲ့သည်။

"ဒါက နတ်ဆိုးတွေ၊မကောင်းဆိုးဝါးတွေရဲ့ လုပ်ရပ်များလား…”

“ဗုဒ္ဓလက်ဝါး ပေါ်လာတာကဝေ့ကျင်းအဆင့် ပညာရှင်အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ ကောင်းကင်ပင်လယ်အရင်းအမြစ်က နတ်ဆိုးတွေကလည်း သတ်ဖြတ်ဖို့အတွက် ရောက်လာကြမှာပဲ…"

ကျန်းကျိဝေက သုံးသပ်ပြောလိုက်သည်။

တစ်ဖက်တွင်တော့ နတ်ဆိုးခွေးက ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားတစ်ယောက် ဖြစ်ပုံရသည်။ သူ၏လေဟာနယ်လက်စွပ်ထဲတွင် အဝတ်ဗလာနှင့် အလောင်းတစ်ဝက် ကျန်နေသေးပြီး အပိုင်းပိုင်းအစစ ဖျက်ဆီးထားသည်။ ပုံသဏ္ဍာန် ပျက်ယွင်းနေသော အစိတ်အပိုင်းများကြောင့် မုန့်ချီက ပျက်စီးနေသော သူ၏အဆင့်အတန်းကို ရှာဖွေ၍ မရနိုင်ပေ။

မုန့်ချီက ထိုအရာများကို မကောင်းဆိုးဝါးနတ်ဆိုးများ ဆက်လက်စားသုံးခွင့် မပေးနိုင်သည့်အတွက် သူ၏ဘယ်ဘက်လက်ထဲတွင် မီးတောက်များ ထွက်ပေါ်လာပြီး ထိုအလောင်းများကို လောင်ကျွမ်းပစ်လိုက်သည်။ မီးတောက်များက သူတို့ကို ငြိမ်းချမ်းမှုရသွားစေနိုင်၏။

မုန့်ချီက သူ၏ပစ္စည်းများကိုယူပြီး သူ့အဖော်နှင့်အတူ ထွက်သွားရန် ပြင်ဆင်လိုက်သည့်အချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားလိုက်ရ၏။

"ဘာဖြစ်လို့လဲ…"

ကျန်းကျိဝေက ဇဝေဇဝါ မေးလိုက်သည်။

"နတ်ဆိုးခွေးဆီမှာ ကုသရေးဆေးလုံးတွေ တစ်ခုမှ မတွေ့ဘူး…"

မုန့်ချီက သူ၏လေဟာနယ်လက်စွပ်ထဲကို ထိုးပြလိုက်သည်။

"သူက လွတ်မြောက်ခြင်း သစ်သီးတစ်လုံးကို တခြားလူတစ်ယောက်အတွက် သိမ်းထားတာပဲ…"

လွတ်မြောက်ခြင်းသစ်သီးဟူသည်မှာ ကုသခြင်းဆေးများ ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်တစ်ခုဖြစ်ပြီး ထိုအရာကို တိုက်ရိုက်စားသုံးလိုက်မည်ဆိုလျှင် အသုံးပြုသူက အကျိုးအနည်းငယ်လေးသာ ရနိုင်သည်။ လုံလောက်သော ရှားပါးပစ္စည်းများ၊ ဆေးအမယ်များ ပေါင်းစပ်လိုက်မည်ဆိုလျှင် သူ့အတွက် သင့်တော်သော ဆေးလုံးများ၊ဆေးရည်များကို ဖော်စပ်နိုင်ပါလိမ့်မည်။

သူက အစောပိုင်းတွင်သိမ်းလိုက်သော ကြေးနီတုတ်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ထိုအရာက အပေါ်ယံတွင် ကြမ်းတမ်းသော်လည်း နတ်ဆိုးခွေးကိုင်ခဲ့သော လက်နက်ဖြစ်သည်။

ကျန်းကျိဝေကလည်း မုန့်ချီ၏ စကားကြောင့် ချက်ချင်း သတိဝင်လာခဲ့သည်။ အနည်းနှင့်အများ သူတို့အားလုံးက အတွေ့အကြုံရှိသော သံသရာခရီးသွားများ ဖြစ်၏။

"နင်ပြောတာမှန်တယ်။ နတ်ဆိုးခွေးက ဒဏ္ဍာရီထဲက လူတွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်…"

သူတို့က ထွက်မသွားခင် ထိုကိစ္စကို သေချာဆွေးနွေးနေခဲ့ကြသည်။ ထို့နောက် ကျန်းကျိဝေက သူမ၏အကြီးအကဲများနှင့် ပြန်တွေ့ရန် ထွက်ခွာသွားခဲ့ပြီး သူတို့၏စခန်းသို့ ပြန်သွားခဲ့သည်။

မုန့်ချီကတော့ ချူချမ်းနင်နှင့် တွေ့ဆုံရန် သဘောတူထားသည့်နေရာသို့ ရောက်လာခဲ့သည်။ လေထဲတွင် အညိုရောင်သဲများ၊ အနက်ရောင်ကျောက်စလေးများ လွင့်ပျံနေကြပြီး အစွမ်းထက်လေလှိုင်းများက ကျောက်တုံးများကို အညှာအတာကင်းမဲ့စွာ ရိုက်ခတ်နေကြသည်။

ပြင်းထန်သောလေလှိုင်းများနှင့်အတူ မျက်နှာဖုံးဝတ်ထားသော လူတစ်ယောက်က လေထဲတွင် ပျံသန်းနေခဲ့သည်။ မုန့်ချီက သူတို့ရွေးချယ်ထားသောနေရာကို ရောက်လာသည့်အချိန်တွင် ချူချမ်းနင်ကတော့ ဖြေစ်သည်။ သူမက သလင်းကျောက်ပုံသဏ္ဍာန် ဝတ်စုံကိုဝတ်ဆင်ထား၏။ သူမကတော့ စိတ်မရှည်နိုင်ဖြစ်နေပုံရသည်။

သူမ၏ပါး(၂)ဖက်ကလည်း နီရဲနေပြီး ရလာနိုင်သော အကျိုးအမြတ်များကို မျှော်လင့်နေပုံရသည်။ မုန့်ချီက အနားကို ရောက်လာကြောင်းမြင်သည့်အခါ သူမက ချက်ချင်းပြန်လှည့်ပြီး ပြောလိုက်၏။

"ငါက အခုအချိန်ထိ လမ်းမှားဘုန်းတော်ကြီးတွေရဲ့ တည်နေရာကို ရှာမတွေ့သေးဘူး.."

သူမက စိုးရိမ်တကြီး ပြောလိုက်သည်။

"ဝေ့ကျင်းအဆင့် ပညာရှင်တွေပဲ တန်ဟန်နဲ့ ငါးပင်လယ်ကြားထဲမှာရှိတဲ့ မြောက်ပိုင်းတောင်ကြားထဲကို သွားနိုင်ကြတာ…"

သူမနှင့် အရက်သမားရှဲ့တို့ တည်ထောင်ထားခဲ့သော သတင်းကွန်ရက်က ဝေ့ကျင်းအဆင့်ကို မရောက်သေးသော ပညာရှင်များနှင့် တည်ထောင်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့၏သတင်းကွန်ရက်က မျက်ကန်းများ၊ နားကန်းများကဲ့သို့ ဖြစ်နေကြ၏။

မုန့်ချီက ခေါင်းခါပြောလိုက်သည်။

"ကိစ္စမရှိပါဘူး…"

သူက စိတ်ရှည်လက်ရှည် ပြောလိုက်သည်။

"ကျွန်တော်က ဘိုးဘေးဆရာကြီးနဲ့ စကားပြောစရာရှိတယ်။ ပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခုကို ဆွေးနွေးစရာရှိတယ်…"

"ဘာကိစ္စလဲ ငါ့မှာ ဘာကိစ္စမှတော့မရှိဘူး…"

ချူချမ်းနင်က ပြန်ဖြေလိုက်သည်။ မုန့်ချီ၏စကားကြောင့် သူမက အနည်းငယ် စိတ်ပျက်သွားခဲ့၏။ ထိုသို့ဆိုရာတွင် မုန့်ချီက ထိုကဲ့သို့ တောင်းဆိုမှုတစ်ခု လုပ်ခဲ့သည့်အတွက် ချူချမ်းနင်ကလည်း အလျင်လိုမှုကို ခံစားမိနေသည်။

"တော်တော်အရေးကြီးတာလား…."

သူမက တည်ငြိမ်သောလေသံနှင့် ပြောလိုက်၏။

"အရေးအကြီးဆုံးလို့ ပြောလို့ရတယ်…"

မုန့်ချီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

ချူချမ်းနင်က စိတ်ဝင်စားသွားပြီး သတိပြန်ဝင်လာခဲ့၏။

"ဒါဆိုလည်း ရတယ်။ စိမ်းပြာကောင်းကင်နယ်မြေကို ပြန်သွားကြစို့။ တကယ်လို့ သူက အဲဒီမှာ မရှိဘူးဆိုရင် ငါက သူ့ကို အမြန်ပြန်ခေါ်ဖို့ သူ ချန်ထားခဲ့တဲ့အဆောင်ကို မီးရှို့လိုက်မယ်…"

"ဒါဆိုအဆင်ပြေတယ်…"

မုန့်ချီက ပြန်ဖြေလိုက်သည်။ သူတို့က ဘိုးဘေးလင်းပေါင်၏ တည်နေရာကို ရှာဖွေရန် ခက်ခဲနေမှာကို စိုးရိမ်နေခဲ့၏။

အင်မော်တယ်များက သိုင်းပညာရှင်များစွာ စုစည်းထားပြီး အတွေ့အကြုံရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့က စိမ်းပြာကောင်းကင်နယ်မြေထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် မုန့်ချီ၏နားထဲ၌ သံသရာအရှင်သခင်၏အသံကို ကြားလိုက်ရသည်။

"ပြည့်စုံခြင်းတံခါးကို အာရုံခံမိတယ်။ မင်းက ဒီနယ်မြေထဲက ထွက်မသွားမချင်း အဲဒီပစ္စည်းကို သုံးလို့မရနိုင်ဘူး…"

"ဒါက ..."

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်မိသည်။

“သံသရာအရှင်သခင်က တော်တော်လေးကို ကောက်ကျစ်တာပဲ…”

သူတို့ဝင်သွားပြီးသည့်အချိန်တွင် ဘိုးဘေးလင်းပေါင် မရှိကြောင်း တွေ့လိုက်ရသည်။ ချူချမ်းနင်က သူတို့၏ခေါင်းဆောင်ကို ဆင့်ခေါ်ရန် အဆောင်တစ်ခု ယူလိုက်၏။

မုန့်ချီကတော့ အင်မော်တယ်လမ်းကြားထဲသို့သွားပြီး မိုးကြိုးနတ်ဘုရား၊ ဟောင်လင်းလ အမဲလိုက်ခွေးနှင့် ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားတို့ဆီမှ ရခဲ့သောပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သူက ပထမဆုံး အင်မော်တယ်လမ်းကြားကို ကွေ့ပတ်သွားခဲ့ပြီး ချူချမ်းနင်ဆီမှတစ်ဆင့် ရောင်းချရန် ပေးထားသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။

“ချူချမ်းနင်က တော်တော်လေးကို ချမ်းသာချင်နေတာပဲ။ ဒါပေမယ့် သူက လောဘမရှိတဲ့ အရူးတစ်ယောက်လိုတောင် ပြောဖို့ခက်တယ်..”

မုန့်ချီက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ကျောက်စိမ်းတိုင်လုံး ရှိနေသော လမ်းကြောင်း၏အလယ်သို့ ပျံသန်းသွားခဲ့၏။ ထိုနေရာတွင် သူရရှိထားသော အကျိုးအမြတ်များကိုထုတ်ပြီး သံသရာအရှင်သခင်ဆီတွင် စစ်ဆေးကြည့်လိုက်သည်။

"ခရမ်းရောင်လျှပ်စီးဓား …

အလယ်အလတ်အဆင့် အဖိုးတန်လက်နက် ၊ ကံကြမ္မာအမှတ် (၄၇၀၀) ကံကြမ္မာအမှတ် (၂၅၀၀) နဲ့လဲလို့ရမယ်။

ရွှေတုတ်…

အဆင့်နိမ့် အဖိုးတန်လက်နက် လက်နက်ကို ဖန်တီးတဲ့အချိန်မှာ ထင်ရှားမှုမရှိဘူး။ ဒီလက်နက်က ကံကြမ္မာအမှတ် (၂၈၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ်(၁၅၀၀)နဲ့လဲလို့ရမယ်…”

“ရေနက်မိုးကြိုး …

ဝေ့ကျင်းအဆင့် မှော်ရတနာတစ်ခု ပဉ္စမကောင်းကင်အထိ သုံးလို့ရမယ်။ ရတနာကို အသက်သွင်းလိုက်တဲ့အချိန် ပစ်မှတ်ကို အကြိမ်ကြိမ် တိုက်ခိုက်နိုင်တဲ့ လျှပ်စီးကြောင်းတစ်ခု ဆင့်ခေါ်နိုင်တယ်။ နောက်ဆုံးကျရင် အသွေးအသားနဲ့ စိတ်ဝိညာဉ်တောင် လုံးဝမကျန်နိုင်ဘူး။ ဒီလျှို့ဝှက်ရတနာက ကံကြမ္မာအမှတ် (၅၀၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ်(၂၈၀၀)နဲ့ လဲလို့ရမယ်…”

“ပွင့်ချပ်(၇)လွှာရှိတဲ့ကြာပန်းဖြူ …

ဝေ့ကျင်းအဆင့် မှော်ရတနာတစ်ခု။ ပဉ္စမကောင်းကင်အဆင့်။ အထွဋ်အမြတ်ကြာပန်းက လှည့်စားမှုတွေအားလုံးကို လုပ်ဆောင်နိုင်ပြီး အသုံးပြုသူရဲ့ ပင်မဝိညာဉ်ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်တယ်။ ဒီမှော်ရတနာရဲ့တန်ဖိုးက ကံကြမ္မာအမှတ် (၅၂၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ် (၃၀၀၀) နဲ့လဲလို့ရမယ်…”

“ဂုရုသက်သာခြင်းဆေးလုံး ….

အသုံးပြုသူရဲ့ပင်မဝိညာဉ်ကို ပြန်လည်ရှင်သန်လာစေနိုင်တဲ့ ကုသရေးစွမ်းရည်ရှိတဲ့ ဆေးရည်တစ်မျိုး၊ ဆေးရည်ကိုသုံးပြီး (၁)နာရီအတွင်း ဒဏ်ရာအများစုကို သက်သာသွားစေနိုင်တယ်။ ဒီဆေးရည်က ကံကြမ္မာအမှတ်(၄၀၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ် (၃၀၀၀)နဲ့ လဲလို့ရမယ်….”

“ခရမ်းရောင်ကံကြမ္မာပုလဲလုံး…

ဒုတိယကောင်းကင်ဝေ့ကျင်းအဆင့် မှော်ရတနာတစ်ခု။ ဒီမှော်ရတနာက အသုံးပြုသူရဲ့ ကံတရားကို တိုးမြင့်ပေးနိုင်ပြီး ကြောက်စရာကောင်းတဲ့ ကံကြမ္မာတွေကို ဖယ်ရှားပစ်နိုင်တယ်။ ဒီကံကြမ္မာမှော်ရတနာက ကံကြမ္မာအမှတ် (၂၄၀၀) တန်ကြေးရှိပြီး ကံကြမ္မာအမှတ် (၁၃၀၀) နဲ့လဲလှယ်နိုင်တယ်..”

“ကံကြမ္မာကောင်းကင်ဓား ..

အဆင့်နိမ့် အဖိုးတန်လက်နက် ဒီဓားက အသုံးပြုသူရဲ့ ကံကြမ္မာကို တိုးမြင့်လာစေနိုင်ပြီး သူရဲ့အရှင်သခင်က လွတ်လပ်စွာ အသုံးပြုနိုင်တယ်။ ဒီလက်နက်က ကံကြမ္မာအမှတ် (၂၆၀၀) တန်ကြေးရှိပြီး ကံကြမ္မာအမှတ် (၁၅၀၀)နဲ့ လဲလှယ်နိုင်မယ်…"

နောက်ဆုံးတွင်တော့ မုန့်ချီက သိမ်းထားခဲ့သော ရှားပါးတွင်းထွက်ပစ္စည်းများ၊ မှော်ဆေးပင်များအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ ဂုရုသက်သာခြင်းဆေးလုံးနှင့် ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ကျိုးချိုးရှန် ပိုင်ဆိုင်သော မှော်ရတနာ (၂)ခုကလည်း အတော်လေးကို အကျိုးအမြတ်များလွန်းလှသည်။

ဂုရုသက်သာခြင်းဆေးလုံး၏ အကျိုးသက်ရောက်မှုက တည်ငြိမ်ခြင်းအမှောင်ဆေးလုံးနှင့် ယှဉ်လိုက်လျှင် အနည်းငယ် နိမ့်ကျသော်လည်း အသက်ကိုပင် ကယ်နိုင်သော အကျိုးသက်ရောက်မှုရှိသည်။ ခရမ်းရောင်ကံကြမ္မာပုလဲလုံးနှင့် ကံကြမ္မာကောင်းကင်ဓားတို့ကတော့ အသုံးပြုသူ၏ ကံကြမ္မာနှင့် ကံတရားအပေါ် သက်ရောက်စေနိုင်သော ပစ္စည်း(၂)ခုဖြစ်သည်။

ထိုပစ္စည်း(၂)ခုလုံး၏ အကျိုးအာနိသင်များက ဆုတောင်း(၃)မျိုးလက်သီးသိုင်းကို လေ့ကျင့်သည့်အချိန်တွင် မုန့်ချီ လိုအပ်နေသော ကံကြမ္မာစွမ်းအင်များ ပေးနိုင်သည်။ ထို့ပြင် ထိုပစ္စည်းများက သူ့အတွက် အလွန်အဖိုးတန်သည်ဟု သတ်မှတ်နိုင်သည်။ သူကတော့ လိုအပ်နေသည့်အချိန်တွင် ထိုအရာများကို ရရှိခဲ့သည့်အတွက် အတော်လေးအကျိုးအမြတ်ရှိသွားပြီဟု သတ်မှတ်နိုင်သည်။

မုန့်ချီက မည်သည့်ပစ္စည်းများကို ယူထားသင့်ကြောင်း စဉ်းစားနေသည့်အချိန်တွင် ချူချမ်းနင်က လှမ်းခေါ်လိုက်၏။

"ဘိုးဘေး ပြန်ရောက်လာပြီ…"

မုန့်ချီက ပစ္စည်းများကို အလျင်အမြန် သိမ်းလိုက်ပြီး နောက်မှသာ ဆုံးဖြတ်ရန် စဉ်းစားလိုက်သည်။

မုန့်ချီက စိမ်းပြာနန်းတော်ထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်က စောင့်နေပြီး မေးလိုက်၏။

"ဘာကိစ္စလဲ…"

မုန့်ချီက ချူချမ်းနင်ကို ကြည့်လိုက်သည်။

"ဘိုးဘေးဆရာကြီး …

ကျေးဇူးပြုပြီး အထဲမှာ သွားပြောလို့ရမလား…"

မုန့်ချီက သူ့ကို စိတ်ဝိညာဉ်စွမ်းအားနှင့် ပြောလိုက်သည်။

သူတို့က စိမ်းပြာကောင်းကင်နယ်မြေ၏ လျှို့ဝှက်အခန်းထဲသို့ ဝင်သွားကြပြီး ဘိုးဘေးက သူ့ကို နောက်ထပ်မမေးခဲ့ပေ။ သူက မုန့်ချီ သတင်းပို့မည့် အကြောင်းအရာကိုသာ စောင့်ကြည့်နားထောင်နေခဲ့၏။

မုန့်ချီက စကားလုံးများကို ပြင်ဆင်နေပြီး ခေါင်းဆောင်ကို သတင်းပို့လိုက်သည်။

"ဘိုးဘေးဆရာကြီး …

လက်ရှိ ရှောင်လင်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်ကုံဝမ်က အတုဖြစ်မယ်လို့ ယုံကြည်ရတဲ့ အကြောင်းပြချက်တွေရှိတယ်။ သူက မကောင်းဆိုးဝါးသခင် ဟန်ကွမ်း ဖြစ်နိုင်သလို ရုပ်ဖျက်ထားတဲ့ ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ်လည်း ဖြစ်နိုင်တယ်.."

ဘိုးဘေးလင်းပေါင်က နှစ်ပေါင်း(၂၀၀)၊ (၃၀၀)နီးပါးခန့် အသက်ရှင်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ကပ်ဘေးပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း သူ့ကို အံ့ဩထိတ်လန့်စေနိုင်သော အရာမရှိချေ။ ယခုတော့ အခန်းလေးထဲတွင် အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဘိုးဘေးက မုန့်ချီ၏စကားကို စဉ်းစားပြီး ပြောလိုက်သည်။

"တကယ်လို့ ဟန်ကွမ်းကသာ ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ် တကယ်ဖြစ်နေမယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကုံဝမ်နဲ့ ပက်သက်ပြီး လေ့လာထားတဲ့ အရာတွေမှာလည်း ကွဲလွဲမှုတွေရှိနေတယ်…"

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး အမှန်တရားကို ပြောပြလိုက်သည်။ လက်ရှိအချိန်တွင် ကုံဝမ်ကို အတည်ပြုနိုင်သည့်အတွက် သူ့စကားက မှန်ကန်နေ‌ကြောင်း သက်သေပြနေ၏။

"ငါသိပြီ ။ ဒါဆို မင်းက လက်ရှိဖမ်းချုပ်ခံထားရတဲ့ ကုံဝမ်ကို တွေ့ခဲ့တာလား…"

ဘိုးဘေးလင်းပေါင်က တီးတိုးရေရွတ်လိုက်သည်။

မုန့်ချီက ထိုအချက်များ ပြောခြင်းကို ရှောင်တိမ်းနေကြောင်း ဘိုးဘေးက သိနေခဲ့သည်။ သူက စားပွဲခုံကို တဒေါက်ဒေါက်ခေါက်နေရင်း မုန့်ချီ၏စကားကို ဆက်လက်နားထောင်နေခဲ့၏။

"တကယ်လို့ လက်ရှိအဖမ်းခံရတာက အစစ်အမှန်ကုံဝမ်သာဆိုရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ဓမ္မကာရက ... "

သူ၏လက်ချောင်းလေးများက ရပ်တန့်သွားခဲ့ပြီး လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသည်။

"သူ ဘယ်သူလဲဆိုတာ ငါသိပြီထင်တယ်…"

သူက လေးကန်စွာ သက်ပြင်းချလိုက်မိသည်။

"ဘယ်သူလဲ ဘိုးဘေး…"

မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။

“ဘိုးဘေးဆရာကြီးက သူရဲ့အဆင့်အတန်းကို ခန့်မှန်းနိုင်တာပဲ…”

"ချူချမ်းနင် အဖမ်းခံနေရစဉ်အတောအတွင်း သူ့ကို တိုက်ခိုက်လိုက်တဲ့ တိုက်ကွက်ကို ငါက ရင်းနှီးနေတယ်လို့ ခံစားမိခဲ့တယ်။ အခုသေချာစဉ်းစားကြည့်လိုက်တော့ အဲဒါက ထိုက်လီရဲ့သိုင်းပညာဖြစ်တဲ့ ငါးရောင်ခြယ်လက်ဝါးဖြစ်မယ်ထင်တယ်…"

ဘိုးဘေးက ပြောလိုက်သည်။

"ထိုက်လီ ... ဒေါင်း.. ဒေါင်း .. ဒေါင်း နတ်ဆိုးဘုရင်လား…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ရ၏။

"ဓာတ်ကြီး(၅)ပါး အစစ်အမှန်ခန္ဓာ ရရှိခဲ့တဲ့ ဒေါင်းနတ်ဆိုးဘုရင်ထိုက်လီလား…"

"ငါက ငါးရောင်ခြယ်လက်ဝါးကို အဆုံးသတ် ရောက်အောင် တိုက်ခိုက်နိုင်တဲ့ အခွင့်ကောင်းတစ်ခု ရခဲ့ဖူးတယ်။ အခုတော့ သူက ဟန်ကွမ်းနဲ့ပူးပေါင်းနေလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး…"

ဘိုးဘေးက မှတ်ချက်ပေးလိုက်၏။

ချက်ချင်းဆိုသလိုပင် မုန့်ချီက မကောင်းဆိုးဝါး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သော ကျန်းကွမ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို အမှတ်ရသွားခဲ့သည်။ ရှောင်လင်ကျောင်း၏ တောင်အနောက်ဘက်တွင် ဖမ်းချုပ်ထားသော မကောင်းဆိုးဝါးများ၏ အခြေအနေကိုလည်း ပြန်လည်နားလည်သွားခဲ့၏။ ကြည့်ရသည်မှာ ယခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိလာသလို ထင်ရသည်။

……………..

လူတစ်ယောက်က လက်နောက်ပစ်ပြီး ရပ်နေခဲ့၏။ သူ၏ဆံပင်များက အရောင်(၅)ရောင် ဖြစ်နေပြီး သူပုံစံက အလွန်အရပ်ရှည်ပြီး မောက်မာလွန်းလှသည်။ သူကတော့ ဧည့်သည်ကို နောက်ကျောပေးထားခဲ့၏။

"မင်းနဲ့မင်းရဲ့ လက်အောက်ငယ်သားတွေက ချူချမ်းနင်ကို ကယ်တင်ခွင့်ပေးလိုက်ပြီ.."

သူက အပြုံးနှင့် ပြောလိုက်သည်။

"တကယ်လို့ သူတို့မှာသာ ဦးနှောက်ရှိမယ်ဆိုရင် အင်မော်တယ်တွေက ငါးရောင်ခြယ်လက်ဝါးကနေတစ်ဆင့် ငါ့ရဲ့အဆင့်အတန်းကို ခန့်မှန်းမိသွားလောက်ပြီ..”

“ဒီတော့ ငါတို့က အစီအစဉ် ပြောင်းဖို့လိုတာပေါ့။ ငါတို့က ဖုံးကွယ်ထားတဲ့အရာတွေအားလုံးကို ပြောင်းလဲရလိမ့်မယ်.."

Translated by Hein Htet.

All Chapters