ပျက်စီးသွားသော ဘုံကျောင်း
Vol. 6 Ch. 81
"ချန်ရှီ!"
အဘွားဟေးရှန်း၏ ဘုံကျောင်းရှေ့တွင်တော့ အပြာရောင် မီးခိုးများနှင့် တိမ်များက လှိုင်းထနေကာ ဘုံကျောင်း တံခါးသည် ကြီးမားသော ပါးစပ်တစ်ခုလို လှုပ်ရှားလာခဲ့လေ၏။
"အဘွားက မင်းကို လိုက်မရှာပေမယ့် မင်းငါ့ကို သတ်ဖို့ လာခဲ့တာကိုတော့ မေ့ထားလိုက်လို့တော့ မရဘူး... ဒီနေ့ အဘွားက မင်းကို လမ်းပေါ်ရောက်အောင် လိုက်ပို့ပေးမယ်... မင်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖျက်ဆီးပစ်မယ်... ကလေးတို့ အဖွားအတွက် သတ်ပစ်လိုက်စမ်း!"
မီးခိုးရောင်ဝတ် ကြွက်များသည် တောင်များနှင့် လွင်ပြင်များတစ်လျှောက်မှ ပြေးထွက်လာကြကာ အဘွားဟေးရှန်း အမိန့်ကို နာခံသည့်အနေဖြင့် ကျစ်ဝူရှဲ့သတ်ဓားများကို အသက်သွင်းလိုက်ကြသည်။ ဓားများ၏ အသံကို အဝေးကပင် ကြားနေရသည်။
သူတို့သည် ချန်ရှီမြင်ဖူးသော လူသား ကျင့်ကြံသူများနဲ့ မတူပေ။ ၎င်းတို့ဟာ အရှေ့မှာ ကိုယ့်ကြွက်တွေရှိမရှိ မကြည့်တော့ဘဲ အားလုံးကို သတ်ပစ်မယ့်သူတွေ ဖြစ်သည်။
မီးခိုးရောင်ဝတ်ကြွက်များ ပြေးဆင်းလာသောအခါတွင် ၎င်းတို့ထဲမှ လေးငါးဦးသည် ၎င်းတို့ကြွက်ဘက်က ကိုယ်ပိုင် ကျစ်ဝူရှဲ့သတ်ဓား အောက်တွင်ပင် ကိုးယို့ကားယား သေဆုံးသွားကြတာ ချန်ရှီ မြင်လိုက်ရသည်။
ချန်ရှီ အကြာကြီး အသက်ရှုကြပ်သွားသည်။ မျောက်ဘုရင်ရဲ့ ရွှေတုတ်လို ကြီးမားသော တိုင်ကြီးက သူ့လက်ထဲတွင် ရှိနေပြီး ထိန်းချုပ်ခံထားရသည့်ပုံစံဖြင့် တည်ရှိနေ၏။
"တောင်တွေကို ခုတ်လှဲပြီး ဘုံကျောင်းတွေကို ဖျက်ဆီးချင်ရင် အားလုံးကို သတ်ပစ်ရမယ်!"
ချန်ရှီ ကြယ်ခုနစ်ပွင့်ပေါ်သို့ လှမ်းတက်လိုက်သည်။ ကြယ်မှုန်များ ပေါက်ကွဲသွားကာ သူတို့လက်ထဲမှ ဓားစွမ်းအင်ကို အလွယ်တကူ ရှောင်ထွက်လိုက်ပြီး သူ့ဓားစွမ်းအင်က နတ်ကွန်းထဲမှ ထွက်လာကာ ဆန့်ကျင်ဘက်က လူများကို လှန်ပစ်လိုက်သည်။
"နှေးတယ်! နှေးတယ်! နှေးတယ်!"
"မင်းတို့ အရမ်းနှေးတာပဲ!"
"ဒီလောက် နှေးနေတာ လူတစ်ယောက်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
ချန်ရှီ ရှေ့သို့ လျှောက်လှမ်းကာ သံတိုင်နှင့်အတူ ကခုန်နေ၏။ ကျယ်လောင်စွာ မိုးခြိမ်းသံနှင့် ဓားစွမ်းအင်တို့က ကြွက်တစ်ကောင်၏ ခေါင်းပေါ်သို့ ပြုတ်ကျသွားသည်။
ထူးဆန်းသည်မှာ ဤမီးခိုးရောင်ဝတ် ကြွက်များသည် ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ ကျစ်ဝူရှဲ့သတ်ဓားကို သင်ယူထားခဲ့လို့ လူသားတွေလို ဓားပညာက အလွန်ကောင်းမွန်သော်လည်း သူ့မျက်လုံးများတွင် ၎င်းတို့က နှေးကွေးလွန်းလှသည်။ သူသည် အချို့သော ဓားသွားများကို အလွယ်လေးတောင် ရှောင်သွားနိုင်၏။
ဆန့်ကျင်ဘက် အနေနဲ့ သူ့ဓားစွမ်းအင်က အလွန်လျင်မြန်သည်။ ဓားအလင်းများ လွင့်ထွက်သွားသည့်အခါတိုင်း ၎င်းတို့ဟာ ဘယ်သော အခါမှ လက်လွတ်နိုင်မှာ မဟုတ်ဘဲ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အမြဲ သတ်ပစ်နိုင်သည်။ ကျစ်ဝူရှဲ့သတ်ဓားရဲ့ ဓားစွမ်းအင်ကို ထိန်းချုပ်ဖို့က သူ့ကိုယ်ပိုင် အတွေးများကို အသုံးချလိုက်ရုံသာ။
ဒါက ဓားစွမ်းအင်ရဲ့ ဦးတည်ရာကို သူ့စိတ်ဝိညာဥ်က လွှမ်းမိုးနိုင်တယ်ဆိုတာ ခံစားမိတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမဲ့ ဒီမီးခိုးရောင်ဝတ်ထားတဲ့ ကြွက်တွေ အတွက်ကတော့ သူ့ရဲ့ဓားစွမ်းအင်က တကယ်ကို လှည့်ဖျားပြီး ကွေးညွှတ်နိုင်တာကြောင့် သူတို့ကို မသိစိတ်မှ ကြောက်လန့်သွားစေသည်။
ချန်ရှီသည် ကျစ်ဝူရှဲ့သတ်ဓားကို တစ်ခုတည်းသာ သင်ယူခဲ့ဖူးတာ ဖြစ်သည်။ အဲဒါကလည်း လီထျန်းချင် ပေးခဲ့သော ကောင်းကင်နှလုံးချီကျင့်စဥ် စာအုပ်ဟောင်းမှ ဖြစ်လေ၏။
သူ့လက်ထဲ ရောက်မှ အခုလို ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းမှာ သူ့တွင် နတ်သန္ဓေသားမရှိ၍ သူ၏ မှော်စွမ်းအားကို မစုဆောင်းနိုင်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် သူသည် အရိုး၊ နှလုံး၊ သွေး၊ အသား၊ အရေပြားနှင့် စိတ်ကို ထိန်းထားနိုင်စေရန် ပေသို့ ခုနစ်ချက်ကိုသာ ဆက်လက် လေ့ကျင့်နိုင်ခဲ့သည်။
စိတ်ဝိညာဉ်က အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု မရှိပုံရသော်လည်း ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သောအခါတွင် ဓားစွမ်းအင်ရဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ မူလက ရိုးရှင်းသော ကျစ်ဝူရှဲ့သတ်ဓားဟာ အခု မှန်းဆ၍ မရလောက်အောင်ပင် သက်ရောက်မှု ရှိနေပြီ ဖြစ်သည်။
ဤကြွက်များ၏ ဓားစွမ်းအင်သည် နှေးကွေးလွန်းလှသည်။ သို့သော်လည်း နတ်သန္ဓေသားနယ်ပယ်ရှိ တခြားသူများအတွက်မူ ထိုကြွက်များ၏ ဓားစွမ်းအင်က နှေးကွေးလိမ့်မည် မဟုတ်ချေ။
ချန်ရှီကိုယ်တိုင်က အရမ်းမြန်နေတာမမို့ သူတို့ကိုနှေးတယ်လို့ ထင်နေတာပင်။ ချန်ရှီသည် ထုပ်တန်းတိုင်ကို တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး လှဲချကာ မိုးကြိုးငါးလုံး၊ မိုးခြိမ်းသံ ငါးခု၊ မိုးကြိုးနှလုံးလက်ဝါး၊ မိုးကြိုးနတ်ဘုရား ဆယ်ပါး စတာတွေကို အကြမ်း ဝေ့ယမ်းပစ်လိုက်ရာ ခဏလေး အတွင်းမှာပင် သူသည် တောင်ခြေမှ တောင်ပေါ်ကို တစ်ဝက်တစ်ပျက် ရောက်နေပြီ။
ကြွက်ခေါင်းအိုများသည် အောက်ဘက်မှ ခုန်တက်လာကြ၏။ မုတ်ဆိတ်ဖြူ ကြွက်ကြီးငါးကောင်ဟာ သတ်လိုသောစိတ် အပြည့်ဖြင့် ကြည့်နေစဉ် ၎င်းတို့နောက်တွင် တိမ်မည်းများက စုဝေးနေလေသည်။ ဧကဒါဇင်များစွာကို ဖုံးလွှမ်းထားသည့် တိမ်တိုက်က တောင်ထိပ်ကို ဖုံးလွှမ်းနေသည်။
ရုတ်တရက် မုတ်ဆိတ်ဖြူနဲ့ ကြွက်ကြီးတစ်ယောက်က ချန်ရှီဆီသို့ သူ့လက်ကို ညွှန်ပြလိုက်တဲ့အခါ ဓားစွမ်းအင်က ရွှေအမြုတေထဲကနေ ပြေးထွက်လာခဲ့လေသည်။
ဤဓားစွမ်းအင်သည် မမြင်နိုင်သော ဓားစွမ်းအင် မဟုတ်တဲ့ မြင်သာထင်သာရှိသော ဓားစွမ်းအင် ဖြစ်သည်။ ၎င်းသည် ဆံချည်မျှင်လေးလို ပါးလွှာသော သွေးရောင်အလင်း ဖြစ်ပြီး ရာနှင့်ချီတာကြောင့် ကာကွယ်ရတာ ခက်ခဲစေသည်။
ချန်ရှီကလည်း ထုပ်တန်းတိုင်ထဲက အလင်းတန်းများကို ဝေ့ယမ်းကာ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ သွေးနီရောင် ဆံချည်မျှင်များကို ချက်ချင်း ကွဲအက်သွားစေခဲ့သည်။ သူသည် ချီစွမ်းအင်နှင့် ချီသွေးများကို မြင့်တက်လာစေတဲ့အခါ ရုတ်တရက် အရပ်ရှည်လာပြီး ကလေးမှ အရွယ်ရောက်ပြီးသား လူလုနီးပါးအထိ ကြီးထွားလာခဲ့သည်။
အနီရောင်တိုင်ကြီးသည် မြေပြင်မှ လွင့်ပျံသွားလေရာ၊ မိုးခြိမ်းသံ၊ မီးတောက်နှင့် လျှပ်စီးကြောင်းတို့က ဆက်လက် တောက်လောင် ဖြာထွက်သွားသည်။ သူသည် အနီရောင်တိုင်၏အဆုံးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ပြင်းထန်စွာ ပြေးတက်သွား၏။ တိုင်ကို သူ့ရှေ့က ကြွက်အိုတွေထဲက ငါးကောင်မြောက် အငယ်ဆုံးဆီသို့ တည့်တည့် တွန်းထုတ်လိုက်သည်။ သူ့ခွန်အားနှင့် အရှိန်က အဆမတန်တိုးလာနေပြီ။
တစ်ချိန်တည်းမှာပင် သူတို့နတ်ကွန်းထဲက ထွက်လာသော အလွန်သိမ်မွေ့သော ဓားစွမ်းအင်များ အချင်းချင်း တိုက်မိသွားသည်။ မုတ်ဆိတ်ဖြူနဲ့ ကြွက်အိုကြီးတစ်ကောင်က သူ့ကို ထိသွားတဲ့ အနီရောင် တိုင်ကြီးကို ပိတ်ဆို့ဖို့ လက်ကို မြှောက်ထားလိုက်သည်။
"ချန်ရှီ... မင်းမှာ ရွှေအမြုတေ မရှိဘူး၊ မင်းမှာ နတ်သန္ဓေသားတောင် မရှိဘူး... တောင်တွေကို ခုတ်လှဲပြီး ဘုံကျောင်းကို ဖျက်ဆီးဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ?"
၎င်းသည် တိုင်ကို ပိတ်ဆို့ထားသော်လည်း တိုင်မှ ထွက်လာသော စွမ်းအားသည် အလွန်အားပြင်းသဖြင့် ၎င်းအား ဆက်လက် ဆုတ်ခွာသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများက အနီရောင် တိုင်ကြီးထဲမှ လှိမ့်ထွက်ကာ ၎င်းတို့အနီးတစ်ဝိုက်ကို ဖုံးအုပ်သွား၏။ ကြွက်အိုကြီးမှာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းထားနိုင်တော့ဘဲ ပြင်းထန်စွာ တုန်ခါသွားကာ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာခဲ့သည်။
၎င်းတို့နောက်တွင် မုတ်ဆိတ်ဖြူနှင့် နောက်ထပ် ကြွက်နှစ်ကောင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုင်ကို ဖိထားရန် ၎င်းတို့၏ လက်ဖဝါးများကို ဆန့်တန်းထားသည်။ ရွှေအမြုတေနယ်ပယ်က ကြွက်အိုသုံးကောင်ဟာ ထုပ်တန်းတိုင်ရဲ့ စွမ်းအင်ကို တားဆီးရန် အတူတကွ ပူးပေါင်းလိုက်ကြသည်။
ကြွက်အိုကြီး သုံးကောင် ထိတ်လန့်တကြား ဖြစ်လာသည်။
"ငါ့မှာ နတ်သန္ဓေသား မရှိဘူး.... ငါ့ခွန်အားကို ငါ့စိတ်ထဲကပဲ ထိန်းချုပ်တယ်...."
ချန်ရှီသည် သူ့ဘယ်လက်ကို နောက်ကျောနောက်သို့ အနည်းငယ် ရွှေ့လိုက်တာနဲ့ ဓားစွမ်းအင်သည် သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းမှ ပြေးထွက်လာသည်။
သို့သော် မုတ်ဆိတ်ဖြူ ကြွက်အိုကြီး သုံးဦးစလုံးတွက် ၎င်းတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် ရွှေအမြုတေများ ရှိထားကြသည်။ ၎င်းတို့ ဦးခေါင်းထက်တွင်ရှိ ရွှေအမြုတေများသည် မမြင်နိုင်သော စွမ်းအား နယ်ပယ်တစ်ခု ဖြစ်လာ သော်လည်း ရွှံ့ထဲက ထွက်လာရသလိုမျိုး အရှိန်က နှေးကွေးလွန်းသည်။
မုတ်ဆိတ်ဖြူကြီး သုံးယောက်လုံး သက်ပြင်းချရင်း ဒုတိယဓားစွမ်းအင်ကို ပိတ်ဆို့ထားလိုက်သည်။ လေထဲတွင် လှိုင်းခတ်သွားကာ ရာနှင့်ချီသော ဓားစွမ်းအင်များ ဖြစ်သွားသည်။
ဒုတိယ ဓားစွမ်းအင်က အကွာအဝေး အတွင်းမှာပဲ ထိုးဖောက် ကာကွယ်ထားနိုင်သည်။
ထို့နောက် ချန်ရှီဆီက တတိယဓားစွမ်းအင် ပြေးဝင်သွားပြန်သည်။ ၎င်းက ဒုတိယဓားစွမ်းအင်ကို ကာကွယ်ခဲ့သော မုတ်ဆိတ်ဖြူ ကြွက်အိုကြီးတစ်ဦး ရှေ့သို့ ရောက်ရှိလာကြသည်။
အနီးတစ်ဝိုက်တွင် ကျိုးပဲ့နေသော ဓားစွမ်းအင်များ ပိုများပြားလာသည်။
ဗုန်း! ဗုန်း! ဗုန်း!
နောက်ထပ် ဓားစွမ်းအင်လေးခုသည် လျှပ်စီးလက်သလို သူတို့ဆီသို့ ပြေးလာလေပြီ။ နောက်ဓားစွမ်းအင်က အရှေ့ကို ပြေးသွားတဲ့ ဓားစွမ်းအင်နဲ့ ခြေတစ်လှမ်းမျှသာ ကွာ၏။
အချိန်နှောင်းသွားသော်လည်း ချန်ရှီသည် သူ့ဘယ်ဘက်လက်က ဓားဖြင့် ရှေ့သို့ ခုနစ်ကြိမ်ထိုးသွင်းလိုက်ရာ ခဏအကြာတွင် ဓားစွမ်းအင်က အဆက်မပြတ် ချိတ်ဆက်ကာ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူ သုံးဦး၏ ရွှေရောင်စွမ်းအင် နယ်ပယ်ထဲကို ထိုးဖောက်ဝ င်ရောက်သွားခဲ့သည်။
မုတ်ဆိတ်ဖြူ ကြွက်အိုကြီးက သူ့လည်ချောင်းကို ကိုင်ဖို့ လက်ကို မြှောက်လိုက်ပေမယ့် ခေါင်းက လည်ပင်းကနေ ပြုတ်ထွက်သွားလေပြီ။ သူ့ရဲ့ ရွှေအမြုတေ အစွမ်းသတ္တိ နယ်ပယ်က ပြိုကျသွားပြီး ဓားစွမ်းအင် ခြောက်ခုက ချက်ချင်း ရှေ့သို့ ဆက်ပြေးသွားသည်။
ကျန်မုတ်ဆိတ်ဖြူ ကြွက်နှစ်ကောင်သည် ကျိုးပေါက်လာသော ဓားစွမ်းအင်ကို ရှောင်ရှားရန် နောက်သို့ ခုန်ဆင်းလိုက်သည်နှင့် တပြိုင်နက်တွင် ရွှေအမြုတေကို ချန်ရှီကို ဖိချလိုက်ဖို့ ပြင်သည်။
သူတို့ ခုန်ပျံလိုက်စဉ်မှာပဲ ချန်ရှီက ခုန်တက်လာပြီး နှစ်ပေကျော်ရှည်တဲ့ ထုပ်တန်းရဲ့ အဆုံးကို ကိုင်လျက် မြှားတစ်စင်း လေထဲကို ဖြတ်သွားသလို အဘွားဟေးရှန်းရဲ့ ဘုံကျောင်းဆီ ဦးတည် ပစ်ခတ်လိုက်လေတော့သည်။
"ငါဟာ ငါ့အတွင်း စွမ်းအင်၊ ချီသွေးနဲ့ စိတ်ဝိညာဉ်ကို သန့်စင်စေပြီး ရွှေအမြုတေကို ဖွဲ့စည်းတယ်"
ထို့နောက် ချန်ရှီသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပြေးလွှားနေသော မြင်းတစ်ကောင်လို ခြေထောက်များဖြင့် ရှေ့သို့ ဆက်ပြေးသွားသည်။ ရွှေအမြုတေနှစ်ခုရဲ့ အစွမ်းက သူ့ကို မထိန်းထားနိုင်ခဲ့ပေ။
"ငါကဘာလို့ တောင်ကို မဖြိုချနိုင်ရမှာလဲ.... ဘာလို့ ဘုံကျောင်းကို မဖျက်ဆီးနိုင်ရမှာလဲ"
သူ့လက်သီးဖြင့် ထိုးလိုက်ရာ သူ့ရှေ့မှ မုတ်ဆိတ်ဖြူ ကြွက်ကြီးနှစ်ကောင်သည် ချန်ရှီရဲ့လက်သီးများ ပြေးလာတာကို တွေ့လိုက်သောအခါတွင် တုန်လှုပ်ချောက်ချားသွားသည်။ အကြောင်းမှာ လက်သီးထဲတွင် မိုးကြိုးများ ဖြာထွက်နေလို့ပါပဲ။
ခက်ခက်ခဲခဲ ဖမ်းထားဖို့ သူတို့လက်ကို မြှောက်လိုက်တဲ့အခိုက် လက်မောင်းရိုးတွေကို မိုးကြိုးက ရိုက်ခတ်သွားရာ ကြွက်လက်ချောင်းငါးချောင်းဟာ ကြောက်စရာကောင်းတဲ့ အင်အားကြောင့် ကွဲအက်သွားလေတော့သည်။ ဒီလက်သီးက ကွဲအက်နေတဲ့ လက်အရိုးတွေကို ဖောက်ကာ သူတို့မျက်နှာကိုပါ ထိသွား၏။
"နှစ်ယောက်လုံးက ရွှေအမြုတေ နယ်ပယ်မှာ ရှိတယ်ဆိုတိုင်း ငါ့ကိုလျှော့တွက်နေရင်တော့ သေလမ်း ပို့ပေးလိုက်မယ်!"
ချန်ရှီ စကားမဆုံးခင်မှာ သူ့ပေါင်က ကြွက်သားတွေ တင်းကျပ်လာလေသည်။ ခြေရင်းမှ အရွတ်ကြီးတွေက ပြင်းထန်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်လာတာကြောင့် သူ့ခြေထောက်တွေကို ပိုထူလာစေပါ၏။ ညာဘက်ခြေထောက်ကို မြွေပွေးတစ်ကောင်လို လှန်ကာ ညာခြေကို ဓားလိုသုံးပြီး ကြွက်အိုကြီးတစ်ဦး၏ လည်ပင်းကို ခုတ်ချပစ်ခဲ့သည်။
မုတ်ဆိတ်ဖြူ ကြွက်အိုးကြီးသည်လည်း ပထမဆုံးအကြိမ်အဖြစ် သူ့ခန္ဓာကိုယ်က အလွန်နုနယ်လွန်းတယ်လို့ ခံစားမိခဲ့သည်။ သူသည် ရွှေအမြုတေကို ဒုတိယနန်းတော်အထိ သန့်စင်ထားပြီး တစ်နှစ်ပတ်လုံး သွေး၊ အရိုးနှင့် ခြင်ဆီထဲရှိ အညစ်အကြေးများကို သတိရှိရှိ သန့်စင်ပေးကာ အတွင်းအင်္ဂါများကို လေ့ကျင့်ပေးခဲ့သည်။
ဒါပေမဲ့ သူ့ဦးနှောက်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ဝိညာဉ်က သေသွားပြီမို့လို့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ စဉ်းစားဖို့ အချိန်မရှိလိုက်ချေ။
ချန်ရှီသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ရိုင်းစိုင်းစွာ ပြေးသွားသည်။ သူက အဘွားဟေးရှန်း ဘုံကျောင်းထဲသို့ ပြေးဝင်နေသော ထုပ်တန်းတိုင် အလင်းတန်းဆီသို့ ပြေးသွားခဲ့သည်။
ထုပ်တန်းတိုင် ဘုံးကျောင်း ရှေ့တည့်တည့်ကို တိုက်မိတော့မယ့် အခိုက်မှာပဲ အနက်ရောင် စွမ်းအင်များက ဘုံကျောင်းထဲက လွင့်ထွက်လာကာ ထုပ်တန်းကို ပိတ်ဆို့ထားလိုက်သည်။ အဘွားဟေးရှန်းဟာ ကန့်ညောင်သဏ္ဌာန်ကို ဆုံးရှုံးခဲ့ရသော်လည်း သူမ၏ ထူးကဲသော စွမ်းအားက ပြင်းထန်လွန်းဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားမုတ်ဆိတ်ဖြူ ကြွက်အိုကြီး နှစ်ကောင်သည်လည်း အပြေးအလွှား ရောက်လာကြကာ ထုပ်တန်းတိုင် ဘုံကျောင်းအတွင်းသို့ မဝင်ရောက်နိုင်စေရန် ကြိုးစားနေကြသည်။
ဟူး--
ချန်ရှီက ခေါင်းအနောက်ဘက်ရှိ ဖဲကြိုးနီကို လှမ်းဆွဲလိုက်ကာ မုတ်ဆိတ်ဖြူ ကြွက်အိုနှစ်ကောင်ကို ကျော်ဖြတ်၍ ရုတ်တရက် ရှေ့သို့ ခုန်ဆင်းသွားသည်။
ထိုအချိန်တွင် အဘွားဟေးရှန်း၏ မှော်စွမ်းအားဖြင့် ဖွဲ့စည်းထားသော အနက်ရောင်လေသည် ထူထဲသော လေနံရံတစ်ခုအသွင် ဖြစ်ပေါ်လာ၏။ သို့နှင့် ထုပ်တန်းသည် လေထုနံရံထဲသို့ ထိုးထည့်လိုက်ကာ ချက်ချင်းပင် ပိတ်ဆို့ခံလိုက်ရသည်။
ဤအခိုက်အတန့်တွင် ချန်ရှီသည်လည်း ရှေ့သို့ထွက်လာကာ ထုပ်တန်းအဆုံးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူညာဖက်ခြေချောင်းထိပ်ကို မြေပြင်ပေါ်၌ စိုက်လျက် ခါးကို လှည့်ပစ်လိုက်သည်။
ခါးစည်းကြိုးက လှည့်သွားသည်နှင့် ရုတ်တရက် ခါးစည်းကြိုးပေါ်က ရွှေရောင်အလင်းတန်းများ ထွန်းတောက်လာကာ ချန်ရှီ ရေးဆွဲထားသော မိုးကြိုးအဆောင်လက်ဖွဲ့ အားလုံးဟာ အသံကျယ်ကြီးဖြင့် နေရာအနှံ့ ရိုက်ခတ်သွားသည်။ အဘွားဟေးရှန်း ဘုံကျောင်း၏ တံခါးလည်း ကွဲအက်သွားပြီး အနက်ရောင် လေထုနံရံလည်း လွင့်မျောသွားခဲ့သည်။
ချန်ရှီသည် သူ့ရဲ့ စွမ်းအင်နဲ့ ချီသွေးတွေကို စုပ်ယူ၍ သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေကို သူ့ရဲ့ ညာဘက်လက်သီးကို ရွေ့လိုက်သည်။ ရွှေအမြုတေ စွမ်းအင်က သူ့လက်ထဲမှတစ်ဆင့် ထုပ်တန်းတိုင်ထဲကို ဖောက်ဝင်သွားခဲ့သည်။ ၎င်းက တဝုန်းဝုန်း အသံများနဲ့အတူ အဘွားဟေးရှန်း ဘုံကျောင်းဝင်းရဲ့ ရှည်လျားတဲ့ ရင်ပြင်ကို ဖြတ်ပြီး ပင်မခန်းမဆီကို ပြေးဝင်သွားခဲ့သည်။
မုတ်ဆိတ်ဖြူ ကြွက်အိုနှစ်ကောင်မှာ ထုပ်တန်းနောက်သို့ ပြေးလိုက်သွားရန် အာရုံမရတော့ဘဲ ချန်ရှီကို သတ်ဖို့သာ လုပ်ကြတော့သည်။ ကြွက်နှစ်ကောင်က တိုက်ခိုက်တဲ့ နေရာမှာတော့ ကိုယ်ခံပညာကို ကျွမ်းကျင်သော သခင်များကဲ့သို့ပင်။ တိုက်ခိုက်မှုအတွင်း ၎င်းတို့၏ လက်၊ ခြေ၊ တံတောင်၊ ဒူးနှင့် အမြီးများ အားလုံးကို လက်နက်အဖြစ် ပြောင်းလဲကာ ချန်ရှီကို တိုက်ခိုက်ခဲ့သည်။
အန္တရာယ် အရှိဆုံးအရာမှာ ၎င်းတို့၏ အမြီးသည် ခြောက်ပေရှည်သော ကြာပွတ်တွေလို ဝေ့ယမ်းရင်း လေထုကို အက်ကွဲသွားစေတာပါပဲ။ အမြီးရှည်ကြီး ကျလာတဲ့အခါတိုင်း၊ ကျောက်တုံးဖြစ်ဖြစ်၊ အုတ်ခဲပဲဖြစ်ဖြစ် တို့ဟူးလေးလို ကျိုးပဲ့ပျက်စီးကြသည်။
သူတို့ရဲ့ နတ်သန္ဓေသားများဟာ သူတို့၏ဦးခေါင်း နောက်ဘက်ရှိ နတ်ကွန်းထဲတွင် ထိုင်လျက် ရွှေအမြုတေကို ထုတ်လွှတ်ကာ မိုးကြိုးကဲ့သို့ လေထဲတွင် ပျံသန်းနေကြသည်။ ရွှေအမြုတေရဲ့ အပြင်ဘက်နံရံဟာ တစ်ပေခန့်ရှည်ပြီး ဆံချည်မျှင်လို ပါးလွှာသော ရွှေသွေးရောင် အလင်းတန်းများ ရှိသည်။
လူကိုစား၊ သွေးကိုသောက်၊ လရောင်ကို စုပ်ယူကြသောကြောင့် ရွှေအမြုတေ ရောနှောကာ ညစ်ညမ်းသွားလေသည်။ ဒါကြောင့် ဓားစွမ်းအင်မှာလည်း မသန့်ရှင်းဘဲ သွေးရောင်များဖြင့် တောက်ပနေခြင်းပင်။ ရွှေအမြုတေကို ဝန်းရံထားသော အလင်းတန်းများက အချင်း လေးပေမှ ငါးပေအထိရှိပြီး အလင်းအလွှာတစ်ခုစီကြား ပေဝက်အကွာအဝေး ရှိသည်။
ရွှေအမြုတေက လေထဲတွင် လှိမ့်ကာ ပြေးလွှားနေသည်။ ၎င်းက တစ်ခါတစ်ရံ မြေပြင်နှင့် နီးကပ်စွာ ပျံသန်းရင်း ချန်ရှီနောက်သို့ လှည့်ပတ် ပျံသန်းသွားတတ်သည်။ သွေးစွန်းသော အလင်းရောင် ဖြတ်သွားတိုင်း နံရံများ၊ ကြမ်းပြင်များနှင့် တိုင်များပေါ်တွင် အလင်းရောင်စများ ထိုးဖောက်ထားသော အပေါက်ငယ်များ ပေါ်လာတတ်သည်။
ဘုံကျောင်းဝင်းထဲမှာ အမြီးရှည် ဒါမှမဟုတ် ရွှေရောင်အဆင်းရှိတဲ့ အမြုတေတွေ ကျောက်တုံးရုပ်တုတွေကြား ဖြတ်သွားတဲ့အခါတိုင်း ကွဲအက်သွားပြီး ကျောက်စရစ်ခဲတွေက နေရာအနှံ့ ပျံ့လွင့်နေ၏။
ချန်ရှီသည် ပေသို့ခုနှစ်ချက်ဖြင့် ကြယ်ပွင့်များပေါ်၌ ခြေလှမ်းကို လှမ်းပြီး အလွန်လျင်မြန်စွာ ပြေးသွားကာ ဘုံကျောင်းအတွင်းထဲသို့ ပြေးဝင်ရင်း ရွှေအမြုတေများကို ရှောင်တိမ်းသွားခဲ့သည်။
သူ့နောက်တွင် မုတ်ဆိတ်ဖြူနှင့် အသက်ကြီးသူ နှစ်ယောက်သည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ရွေ့လျားလာနေကြပါသည်။ ၎င်းတို့နောက်က အမြီးရှည်တစ်ချောင်းစီဟာ လေထဲတွင် ပျံဝဲကာ ချန်ရှီခေါင်းထိပ်ကို ထိသွားလေသည်။
ကံကောင်းထောက်မစွာနဲ့ သံဦးထုပ်တစ်လုံးက ရှိနေခဲ့သည်။ မဟုတ်ရင်တော့ အမြီးက သူ့ခေါင်းကို မထိုးဖောက်နိုင်ရင်တောင်မှ ခဏလောက်တော့ အိပ်ပျော်သွားပါလိမ့်မည်။ အခုတော့ သံဦးထုပ်က အတားအဆီး ဖြစ်သွားခဲ့သည်။
ချန်ရှီခြေရာတွေက ရုတ်တရက် ပြောင်းလဲသွားသည်။ ထျန်းရွှမ်ကြယ်မှ ထျန်းရှူးကြယ်သို့ ရွှေ့သွားသည်။ ကြယ်သုံးလုံးပေါ် အတိအကျ နင်းဖြတ်ကာ ပြေးနေ၏။ ထျန်းကျီးကြယ်ကို လှမ်းနင်းလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ထျန်းရွှမ်ကြယ် အဆင့်သို့ ရောက်လုနီးပါးဖြစ်ကာ ဘယ်ခြေက ကောင်းကင်အထက်တွင် လျှောက်လှမ်းနေသကဲ့သို့ အမြင့်သို့ ရောက်သွားလေသည်။
ကြယ်အလင်းမှုန်သည် သူ့ခြေဖဝါးအောက်တွင် ပေါက်ကွဲသွားပြီး ထျန်းရှူးကြယ်ထဲက စာလုံးများ အတွင်းသို့ စီးဝင်သွားသည်။
ချန်ရှီသည် မုတ်ဆိတ်ဖြူ ကြွက်အိုတစ်ကောင်နဲ့ ခေါင်းချင်းဆိုင်လုနီးပါး ဖြစ်သွားသည်။ ချန်ရှီ လက်နှစ်ဖက်ကို ဆန့်၍ ကြွက်နားရွက်များကို ရိုက်ချလိုက်သော် ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုအောက်တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးကြီး၏ မျက်လုံးများက အထဲမှ ခုန်ထွက်လာလုနီးပါး ဖြစ်သွားခဲ့သည်။
ချန်ရှီ ကြယ်များပေါ်မှ ခုန်ဆင်းကာ အဘွားဘုံကျောင်းရဲ့ ပင်မဆောင်ဆီသို့ ပြေးဝင်သွား၏။ ဤအခိုက်တွင် ထုပ်တန်းတိုင်ဟာ ပင်မခန်းမထဲသို့ ကျယ်လောင်သော အသံကို သယ်ဆောင်လျက် ဘုံကျောင်းအထက်က အဘွားဟေးရှန်း ရုပ်တုဆီသို့ တည့်တည့် ဦးတည်သွားနေပြီ။
အနက်ရောင်ရုပ်တု တစ်ဝိုက်တွင် အစိမ်းရောင်လေနှင့် အနက်ရောင်မီးခိုးငွေ့များ လွင့်ပျံလာကာ အနက်ရောင် ရုပ်တုကြီးကို အတွင်း၌ အကန့်အသတ်မရှိ ဝှက်ထားသကဲ့သို့ ဖုံးအုပ်ပစ်လိုက်လေသည်။
အနက်ရောင်ရုပ်ထုကို အစိတ်စိတ် အမွှာမွှာ ထိုးခွင်းတော့မယ့် ထုပ်တန်းတိုင်သည် အနက်ရောင်ရုပ်တုကြီး၏ မျက်နှာထဲ ရုတ်တရက် နစ်မြုပ်သွား၏။ ရုပ်တုရဲ့ ဦးခေါင်းတစ်ခုလုံးတွင် အခွံတစ်ခုသာ ကျန်တော့သလိုမျိုး ဦးခေါင်းမှာ နက်မှောင်သော အပေါက်များနှင့်သာ ပြည့်နေပါသည်။
တွင်းနက်၏ မျက်နှာပြင်ပေါ်တွင် ဆန်စေ့လို တောက်ပြောင်နေသော သွားများ ရှိသည်။ သွားတွေက အလွန်ကောင်းမွန်ပြီး တွင်းနက်မျက်နှာပြင် တစ်လျှောက်မှ အတွင်းပိုင်းအထိ ပျံ့နှံ့သွားရာ ကြည့်ရတာ လုံးဝ မလှချေ။ ဒါက အောက်ခြေမရှိသော တွင်းလိုမျိုး ကြီးမားသော ပါးစပ်သာ ဖြစ်သည်။
မဟူရာတောင်ကနေ ဖြတ်သွားသော ကျင့်ကြံသူများက အဘွားဟေးရှန်းဟာ တခြား ကန့်ညောင်တွေလို မဟုတ်ဘဲ နတ်ဆိုးနှင့် ပိုတူတယ်လို့ ဆိုကြတာ အံ့သြစရာတော့ မဟုတ်ပေ။
ထုပ်တန်းတိုင်က ထိုပါးစပ်ကြီးထဲသို့ ကျသွားချေပြီ။ ချန်ရှီ ရေးဆွဲထားသော မိုးခြိမ်းသံ အဆောင်ဆွဲချက်တွေက အဘွားဟေးရှန်းကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပါ။
သူမ ထုပ်တန်းကို လုံးလုံးမျိုချခါနီးတွင် ချန်ရှီ ခန်းမ အပြင်ဘက်သို့ ပြေးသွားပြီး လက်ဖဝါးကို ဆန့်ထုတ်ကာ ထုပ်တန်းအဆုံးကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် သူ၏ ချီစွမ်းအင်အားလုံးကို ထုပ်တန်းထဲသို့ အပြင်းအထန် လောင်းထည့်ပစ်လိုက်သည်။
"မလုပ်နဲ့....."
အနက်ရောင်ရုပ်တုသည် ရုတ်တရက် အရပ်ခြောက်ပေခန့် မြင့်လာတဲ့အထိ မတ်တတ်ထရပ်လာသည်။ ၎င်း၏လက်မောင်းနက်များက ရှစ်ပေ သို့မဟုတ် ကိုးပေခန့်အထိ ရှည်လျား၏။ လက်ချောင်းရှစ်ချောင်းရှိသည့် ပင့်ကူတစ်ကောင်လို သွယ်လျသော လက်ချောင်းများက ချန်ရှီကို ပြင်းပြင်းထန်ထန် ဖိချေပစ်ချင်နေသည်။
"မလုပ်နဲ့!"
သူမ ကျယ်လောင်တဲ့ အော်သံကို ထုတ်လွှတ်လိုက်ပြီး ချန်ရှီလည်ပင်းကို လက်ဖဝါးတစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အခြားလက်ဖဝါးအချို့က ချန်ရှီရဲ့ ခေါင်း၊ ခြေကျင်းဝတ်များနှင့် လက်ကောက်ဝတ်များကို ဖမ်းချုပ်ကာ ဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။
ရုတ်တရတ် ထုပ်တန်းပေါ်မှာ ခြယ်သထားသော ရွှေနဂါးကြီး ခုန်ပျံထွက်သွားသည်။
နဂါးဟောက်သံက ဘုံကျောင်းတစ်ခုလုံးကို တုန်ခါသွားစေနိုင်တဲ့အထိ ကျယ်လောင်လွန်း၏။ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတဲ့အခါ အနက်ရောင် ရုပ်တုရဲ့ တွင်းနက်လို ဦးခေါင်းက အပိုင်းပိုင်း ကွဲထွက်သွားလေသည်။
နဂါးဟောက်သံသည် အလွန်ပင်ပင်းနေသော မုတ်ဆိတ်ဖြူ ကြွက်များကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။ ချန်ရှီလည်း မျက်လုံးများကို လှိမ့်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မော့ကြည့်လိုက်တော့ ပျံသန်းနေသော ရွှေနဂါးကြီးအောက်တွင် ဘုံကျောင်းကြီး တဖြည်းဖြည်း ပြိုကျနေတာကို မြင်လိုက်ရသည်။
ခဏအကြာတွင် အဘွားဟေးရှန်း ဘုံကျောင်းသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပေသည်။ အပျက်အစီးများပေါ်တွင်တော့ ရွှေနဂါးကြီးက ကုပ်တွယ်ထားလျက် ရှိ၏။ ၎င်းက ချိုင့်ဝှမ်းကို လှုပ်ခါသွားစေတဲ့ တန်ခိုးအာဏာ အားလုံးကို ဖြိုခွင်းကာ ထုပ်တန်းထဲ ပြန်ဝင်သွားလေသည်။
ဦးခေါင်းမပါသော အနက်ရောင်ရုပ်တုသည် လက်ရှစ်ချောင်းဖြင့် ချန်ရှီကို ကိုင်ဆောင်ထားဆဲပင်။ နောက်အခိုက်အတန့်မှာတော့ ရုတ်တရက် ရုပ်တုတစ်ခုလုံး မြေမှုန့်တွေလို ပြိုကျသွားခဲ့သည်။
ချန်ရှီ ဆင်းသက်ပြီးတာနဲ့ ချက်ချင်း လှည့်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူ့ဓားစွမ်းအင်က နတ်ကွန်းကနေ ပျံထွက်သွားကာ မြေပြင်ပေါ်မှာ သတိလစ်နေတဲ့ မုတ်ဆိတ်ဖြူ ကြွက်အိုကြီးများကို နှစ်ခြမ်းခွဲပစ်လေသည်။
ထို့နောက် ချန်ရှီ သက်ပြင်းတစ်ချက် ချလိုက်သည်။
အမြစ်မဖြတ်ဘဲ တောင်တွေကို ဘယ်လို ဖြိုချပြီး ဘုံကျောင်းတွေကို ဘယ်လို ဖျက်ဆီးမလဲ။