← Chapters

ကျွန်တော်က လူပိန်းပါ

Vol. 6 Ch. 82

ကျွန်တော်က လူပိန်းပါ

Vol. 6 Ch. 82

"ဒီထုပ်တန်းက တကယ့် ရတနာပဲ!"

ချန်ရှီသည် သူ့ခြေချောင်းများကို ထုပ်တန်းတိုင်အောက်တွင် ထားကာ ခြေထောက်ကို မြှောက်လိုက်တာနဲ့ ထုပ်တန်းက သူ့လက်ပေါ်သို့ ပေါ့ပေါ့ပါးပါးလေး လွင့်ပျံလာသည်။ ထုပ်တန်းတိုင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ ၎င်းပေါ်ရှိ နဂါးရုပ်ကြီးက အလွန်ချောမွတ်နေသလို ခံစားလာရ၏။

အခုနတုန်းက အသွင်ပြောင်းထားသော နဂါးအစစ်ပုံရိပ်က အိပ်မက်တစ်ခု မက်ခဲ့ရသလိုပင်။

ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပဲ။

သူ ဤတောင်ကြီးကို ခုတ်လှဲပြီး ဘုံကျောင်းကို ဖျက်ဆီးရန် တိုင်ကို သယ်ယူလာရသည့် အကြောင်းရင်းမှာ တောင်တန်းအရှင်ဘုံကျောင်းထဲက အမွှေးတိုင် ရနံ့များကို ထုပ်တန်းက နှစ်ပေါင်း မရေမတွက်နိုင်အောင် စုပ်ယူထားရာ သေချာပေါက် အဘွားဟေးရှန်းရဲ့ မှော်စွမ်းအားကို ချိုးနှိမ်နိုင်မယ်လို့ ထင်ထားသောကြောင့် ဖြစ်သည်။

နောက်ဆုံး အခိုက်အတန့်တွင် သူသည် ဤထုပ်တန်းရှိ ထူးကဲသောစွမ်းအားကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် သူ့ကိုယ်ပိုင် ချီစွမ်းအင်ကို ၎င်းထဲသို့ သွန်းလောင်းခဲ့သည်။

ဒါပေမဲ့ အကျိုးသက်ရောက်မှုက ဒီလောက် ကောင်းသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိရုံသာ။ ဒီထူးကဲတဲ့ စွမ်းအားက အဘွားဟေးရှန်းက အပိုင်းပိုင်း ပိုင်းဖြတ်ပြီး ဘုံကျောင်းကိုတောင် ဖျက်ဆီးပစ်လိုက်သည်။

"ရတနာလေး.. ..."

ချန်ရှီ ရတနာကို မစွန့်လွှတ်ချင်ပေမယ့် တောင်တန်းအရှင်ဘုံကျောင်းရဲ့ နတ်ကွန်းရှေ့မှာ အမွှေးတိုင်တွေ ပူဇော်ရင်း သူပေးခဲ့တဲ့ ကတိကို တွေးလိုက်မိတဲ့အခါ စွန့်လွှတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

"ငါ ပြန်သွားပြီးရင်... အရှေ့ခန်းကိုပြင်ဖို့ ဘုံကျောင်းကို သွားရမယ် ဒီထုပ်တန်းကို ပြန်ထားရမယ်! ငါချေးပြီး ပြန်ပေးလိုက်ရင် နောက်တစ်ခါ ထပ်ချေးဖို့လည်း မခက်​လောက်​တော့ဘူး... နောက်ပိုင်း ဒီရတနာကို ထပ်ခါထပ်ခါ ချေးလိုက်ရင် ငါ့ဥစ္စာနဲ့ အတူတူပဲ ဖြစ်သွားပြီမလား"

ဒါကိုတွေးလိုက်တော့မှ ရုပ်ပိုင်းဆိုင်ရာရော စိတ်ရောကိုယ်ပါ သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူက မဟူရာတောင်က အဘွားဟေးရှန်းရဲ့ ဘုံကျောင်း အပျက်အစီးတွေပေါ်မှာ ရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

တောင်အောက်ခြေမှာ ပရမ်းပတာ ဖြစ်နေပြီလို့ မြင်နေရ၏။ အဘွားဟေးရှန်းရဲ့ ဘုံကျောင်းကို ထောက်ပံ့ဖို့ သူတို့ ဒီမှာ ရှိနေတာလား ဒါမှမဟုတ် ချန်ရှီကို ထောက်ပံ့ဖို့ ရှိနေတာလားဆိုတာတော့ မသဲကွဲသေး။

ဟေးကော်ကတော့ တောင်အောက်ခြေကို စောင့်ကြပ်နေပြီး လယ်ကွင်းများနှင့် လမ်းမများပေါ်တွင် ပြေးလွှားနေသော ကြွက်တိုင်းကို သတ်ပစ်သည်။

ဤမဟူရာတောင်နက်ပေါ်တွင် ကြွက်တွေ အများကြီး မျိုးပွားထားပုံပါပဲ။ ၎င်းတို့တွင် မရေမတွက်နိုင်သော တပည့်များနှင့် သားစဉ်မြေးဆက်များ ရှိကြရာ အဘွားဟေးရှန်း သေဆုံးသောအခါ သစ်ပင်များ ပြိုလဲကာ အကောင်ကြီးများကလည်း ပြန့်ကျဲကုန်သည်။

မဟူရာတောင်ပေါ်ရှိ နတ်ဆိုးမွေးမြူသူ အများစုသည် ချန်ရှီလက်ထဲတွင် သေဆုံးသွားကြပြီး ကျန်အများစုမှာ ဟေးကော် ပါးစပ်အောက်တွင် သေဆုံးသွားကြသည်။ သေးငယ်သော ကြွက်တွေရဲ့ အလေးချိန်မှာ ကျင်တစ်ဆယ်ကျော်ရှိပြီး အကောင်ကြီးများမှာ အလေးချိန် တစ်ရာ သို့မဟုတ် နှစ်ရာနီးပါး ရှိကြသည်။

"ဟေးကော်က သာမန်ခွေး​တွေလောက် မပျော့ဘူး"

ချန်ရှီ ပတ်ဝန်းကျင်ကို ကြည့်ပြီး သံသယများ တိုးလာသည်။

ဒီကောင်က ကြွက်တွေကို ကြောင်ခုတ်သလို အသာလေး လှဲသိပ်သွားသည်။ ခွေးတစ်ကောင်ဟာ ဒီလောက်ကြီးတဲ့ ကြွက်ကြီးနဲ့ တွေ့ရင် သတ္တိတောင် မရှိလောက်ပေ။ ဟေးကော်ကတော့ ကိုက်သတ်လိုက်ရုံပဲ။ ဒါ့အပြင် အဆိုပါ ကြွက်တချို့သည် လရောင်ကို စုပ်ယူထားကာ ဝိညာဉ်အသိဉာဏ် ဖွံ့ဖြိုးထားတာကြောင့် စကားပြောနိုင်သည်။

မိမိဘာသာ လေ့ကျင့်နိုင်ကာ မှော်ပညာကို သိနိုင်သော်လည်း ဟေးကော်က ၎င်းတို့ကို သတ်ပုတ်ကာ ကိုက်သတ်​နေဆဲ ဖြစ်သည်။

“ဟေးကော်ကို ကောက်ရခဲ့တာလို့ အဘိုး ပြောဖူးပေမယ့် ဘယ်က ​ကောက်ရတယ် ဆိုတာတော့ မပြော​ပြဖူးဘူး..”

ချန်ရှီ စဥ်းစားနေမိ၏။

"အဘိုးက အခု မရဏကမ္ဘာကို ရောက်သွားပြီ.... ဒီခွေးရဲ့ဇာစ်မြစ်ကို ဘယ်သူမှ မသိကြဘူး... ဒီကောင် တဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ ဖုံးကွယ်နိုင်စွမ်းတွေ နည်းပါးလာပြီ"

သူသည် အနီရောင် ထုပ်တန်းကို ကောက်ယူပြီး တောင်ပေါ်မှ ဆင်းလာခဲ့သည်။ တောင်ပေါ်ကို ဆင်းရင်းနဲ့ ရုတ်တရက် ခြေချော်ကျတော့မလို ဖြစ်သွားတာကြောင့် ကမန်းကတန်း ​ပြန်ငြိမ်သွားအောင် လုပ်ယူလိုက်ရသည်။

လမ်းလျှောက်တဲ့အခါ ခြေထောက်ကြွက်သားတွေကို တင်းတင်းကြပ်ကြပ် ဖိထားလို့သာ မဟုတ်ရင် လဲကျသွားနိုင်ပါ၏။

ချန်ရှီသည် တောင်ပေါ်ကနေ သတိထားပြီး ဆင်းလာခဲ့သည်။ ဖြတ်သွားတိုင်း ကြွက်သေကောင်များက ပြန့်ကျဲနေတာကို တွေ့ရသည်။ သူ့ဘယ်ဘက်လက် အနည်းငယ် ရွေ့လျားသွားစဥ် သွယ်လျသော ဓားစွမ်းအင်ဟာ သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းထဲမှ ပျံထွက်သွားပြီး ကြွက်သေကောင်ရဲ့ ဦးခေါင်းကို ထိုးကြိတ်သွားသည်။

ချက်ချင်းပဲ နောက်ထပ် ဓားစွမ်းအင်က ထွက်သွားပြီး ကြွက်အမြီးဖျားကို ဖြတ်ပစ်လိုက်သည်။ ကျစ်ဝူရှဲ့သတ်ဓားထဲတွင် ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော ဓားထိန်းနည်းများ မပါဝင်သော်လည်း ချန်ရှီက စိတ်နဲ့ ထိန်းချုပ်နိုင်သူမို့ အလွန်ပြင်းထန်သော သို့မဟုတ် နူးညံ့သိမ်မွေ့သော ဓားလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခြင်းက သဘာဝကျပါသည်။

ဤဓားသိုင်းဟာ အခြေခံ ဓားလှုပ်ရှားမှု ခြောက်ချက်သာ ရှိပြီး မှင်​တွေကို ဆေးကြောထားခဲ့သလို အဖြူရောင် နေရာများစွာလည်း ရှိသည်။ ဒါ့အပြင် လူများကို အနုပညာအယူအဆကို နားလည်နိုင်စေမည့် မှင်ဆေးရှုခင်းကဲ့သို့ ဆန်းကြယ်သော နေရာများစွာ ရှိသည်။

လူတော်တော်များများက ကျစ်ဝူရှဲ့သတ်ဓားကို လေ့ကျင့်ကြပေမယ့် ဓားသိုင်းထဲက နေရာလွတ်နဲ့ ဖန်တီးနိုင်တဲ့ အပိုင်းကိုတော့ သူတို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိကြပါဘူး။

ချန်ရှီ လမ်းတစ်လျှောက်လုံး စုဆောင်းလာသည်။ တောင်စောင်းသို့ ရောက်သောအခါတွင် ဘုန်းကြီးများ၊ လူငယ်၊ ယောက်ျား၊ မိန်းမ အများစုသည် သိမ်မွေ့သော ရုပ်ရည်နှင့် ကလေးဆန်သော အမူအရာဖြင့် ကြည့်နေကြတာ တွေ့လိုက်ရသည်။ ၎င်းတို့က ပုဂ္ဂလိကကျောင်းများက ဖြစ်နိုင်၏။

နှစ်ဖက်တွေ့ဆုံသောအခါတွင် ဘုန်းကြီးများသည် တောင်ပေါ် လမ်းဘေးတွင် လျင်မြန်စွာ ရပ်ကာ ပုဂ္ဂလိကကျောင်းဆရာများကလည်း နတ်သန္ဓေသားအား ထိန်းလျက် ကမောက်ကမ မပြုမူခဲ့ကြပေ။

ချန်ရှီသည် နှစ်ဖက်လုံး ငြိမ်သက်စွာ ခေါင်းညိတ်​ပြလိုက်ပြီး ကျင်တစ်ထောင်ကျော် အလေးချိန်ရှိသော ထုပ်တန်းတစ်ခုကို ထမ်းလျက် ဖြတ်သွားခဲ့သည်။ သူဖြတ်သွားပြီးနောက် ကိုယ်ပိုင်ကျောင်းဆရာက အခြားလူများကို ခေါ်ကာ တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားခဲ့သည်။

ချန်ရှီ သူ့ဓားကို ဆက်လက် ဝေ့ယမ်း၍ ကြွက်အမြီးများကို သိမ်းဆည်းနေ၏။ တောင်ခြေရင်းသို့ ရောက်ရှိလာတဲ့အခါ ဟေးကော်သည် ကြွက်အားလုံးကို သတ်ပစ်ကာ ၎င်းတို့ကို ဆွဲစုထားသည်။ ကြည့်လိုက် ဧရိယာ နှစ်ဧက သို့မဟုတ် သုံးဧကလောက်တောင် ကျယ်ဝန်းလေသည်။

ချန်ရှီ ရှေ့သို့လှမ်းကာ ကြွက်အမြီးဖျားကို ဖြတ်ပြီးနောက် ဟေးကော်နဲ့အတူ တောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ အကောင်းဆုံးအမြီးမှာ မုတ်ဆိတ်မွေးဖြူ ကြွက်အိုကြီးငါးပါးပါပဲ။ သူတို့အမြီးတွေဟာ တကယ့်ကို နူးညံ့ပြီး ကျောက်စိမ်းနဲ့ တူကြလေသည်။

ပုဂ္ဂလိကကျောင်းဆရာက ကျောင်းသားတွေနဲ့ ကျင့်ကြံသူတွေကို တောင်တစ်ဝိုက်မှာ လှည့်ပတ်နေသည်။ သူတို့က လှည့်သာ လှည့်ပတ်​နေပြီး စကားပြောဖို့ တွန့်ဆုတ်နေရှာသည်။

ချန်ရှီနဲ့ ဟေးကော်ကတော့ ကြွက်အမြီးများကို ဖယ်ကာ တောင်ပေါ်မှ ဆင်းသွားကြသည်။

"အချိန်ကုန်တာ အလကားတော့ ဖြစ်မသွားဘူး...ဒီကြွက်မြီးတွေကို ပိုက်ဆံအများကြီးနဲ့ ရောင်းလို့ရတယ်!"

ချန်ရှီဟာ အနီရောင်ထုပ်တန်းကို ထမ်းပြီး ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တဲကျန်းမြစ်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

အခုအချိန်က နောက်ကျနေပြီမို့ မမှောင်ခင် တံတားကို ဖြတ်ကျော်ရမှာ။ မဟုတ်ရင် ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေဟာ တဲကျန်းမြစ်ထဲက ထွက်လာပြီး လူတွေ စားဖို့ မြစ်ထဲကို ဆွဲချသွားလိမ့်မည်။ မြစ်ထဲက နတ်ဆိုးတွေဟာ ရေမျောက်တွေလို့ တချို့က ပြောကြသည်။ ရေနစ်တဲ့လူတွေရဲ့ နာကြည်းမှုတွေလို့ တချို့က ပြောကြပြီး တချို့က စာပေ ပညာရှင်တွေကို ပြန်ပေးဆွဲပြီး သူတို့ရဲ့ ယန်စွမ်းအင်ကို စုပ်ယူတဲ့ အဖြူရောင် သရဲတစ္ဆေတွေလို့လည်း တချို့က ပြောကြသေး၏။

အထူးသဖြင့် ယောင်္ကျားလေးတွေဟာ မိန်းကလေး သရဲတစ္ဆေတွေရဲ့ နှစ်သက်မှုကို အများဆုံး ခံရလေ့ရှိတယ်လို့လည်း ဆိုကြပြန်သည်။

ချန်ရှီကတော့ သူဟာ မြေပြင်တွင်ရှိနေပါက ရေထဲက နတ်ဆိုးများကို မကြောက်ပေ။ ရေထဲမှာ ဆိုရင်တော့ သူ့အစွမ်းကို အသုံးမပြုနိုင်တော့ဘဲ ရေမျောက်ဆီမှာ ရေနစ်ခံရမလား သို့မဟုတ် သရဲမတွေဆီမှာ အဖမ်းခံရမလား မသိနိုင်ချေ။

"အင်အားကြီးမားတဲ့ မိတ်ဆွေလေး!"

အနောက်မှ ထွက်ပေါ်လာသော ခြေသံများကြောင့် ချန်ရှီ ရပ်လိုက်သည်။ နောက်သို့ လှမ်းကြည့်လိုက်ရာ လူပေါင်းများစွာ၏ ခြေထောက်များဟာ သွေးတွေကြောင့် ချော်ထွက်သွားပြီး ကြိမ်ဖန်များစွာ လဲကျသွားတာကို တွေ့နေရ၏။

ဒါပေမဲ့ သူတို့အဝတ်တွေပေါ်ရှိ ဖုန်မှုန့်တွေကို သယ်ဆောင်ပြီး ချန်ရှီဆီကို ပြေးလာနေကြတုန်းပါပဲ။ ကိုယ်ပိုင်ကျောင်းက ဆရာသည် ချန်ရှီ အရှေ့က ဆယ်ပေတစ်နေရာသို့ အလျင်အမြန်ရပ်ကာ လက်နှစ်ဆုပ်လျက် ဦးညွှတ်လိုက်သည်။

"မိတ်ဆွေလေး​က နတ်ဆိုး အဘွားဟေးရှန်းကို သုတ်သင်ခဲ့တာလား"

ချန်ရှီ ငယ်သေးတာကို အံ့သြနေပေမယ့် ကျင့်ဝတ်ကို လိုက်နာနေတုန်းပါပဲ။ သူမေးပြီးတာနဲ့ ချန်ရှီက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် သူ့ကို ရိုက်သတ်လိုက်တာ!"

"ကျုပ်တို့ရဲ့ ကျေးဇူးရှင်!! ကျုပ်တို့ရဲ့ လေးစားမှုကို လက်ခံပေးပါ!"

ကိုယ်ပိုင်ကျောင်းဆရာက ဒူးထောက်ပြီး လေးနက်စွာ ဦးညွှတ်ပြလိုက်ရာ သူ့နောက်မှ ကျင့်ကြံသူတွေနဲ့ ကျောင်းသားတွေလည်း ဒူးထောက်ဦးညွှတ်ကြပါတော့သည်။

ချန်ရှီလည်း တုန်လှုပ်ချောက်ချားသွားသည်။ သူ့ပုခုံးပေါ်က ထုပ်တန်းကို ကမန်းကတန်း ချလိုက်ပြီး လူတိုင်းကို လက်နှစ်ဖက်ဖြင့် ပြန်လည် ဦးညွတ်လိုက်သည်။

"ဆရာကြီး ထပါ.. အားလုံးလည်း ထကြပါ... ကျွန်တော်ကအခုမှ ကလေးပဲ ရှိသေးတာ... ဆရာကြီးက ဦးညွှတ်လို့ ဘယ်ဖြစ်ပါ့မလဲ?"

"ကျုပ်တို့ရဲ့ ကျေးဇူးရှင်က ကျေးဇူးရှင်ပါပဲ... အဘွားဟေးရှန်း လက်အောက်က ကျုပ်တို့မှာ လူဦးရေ ၄၆၀၀ ရွာဆယ့်ရှစ်ရွာနဲ့ မြို့တစ်မြို့ရှိပါတယ်.... ကျုပ်တို့ အဘွားဟေးရှန်းဆီမှာ ကျွန်တွေလို ဖျက်ဆီးခံခဲ့ရတယ်... စိတ်ဆင်းရဲခဲ့ရတာလည်း ကြာပါပြီ"

သက်ကြီးကျင့်ကြံသူ တစ်ပါးက “အစောပိုင်းနှစ်တွေမှာ နတ်ဆိုးတွေကို သတ်ဖို့ကြိုးစားတယ်.... အဲဒီနတ်ဆိုးကို သတ်ဖို့ တောင်နက်ကို သွားခဲ့ပေမယ့် လူ​ပေါင်း မရေမတွက်နိုင်အောင် အသတ်ခံလိုက်ရတယ်... သူမကို လာရိုက်ဖို့ လူတွေကို ဖိတ်ခေါ်ထားပေမယ့် သူမကပဲ သတ်ပစ်ခဲ့တယ်!အဲဒီနတ်ဆိုးက မှော်ပညာကို ကျွမ်းကျင်တယ် သူ့ရဲ့ခေါင်းကဆို တွင်းနက်ကြီးလိုပဲ... အကုန်လုံးကို ဝါးမြိုသွားနိုင်တယ်....သူ့နောက်ကို မလိုက်တဲ့လူတွေကို ကိုက်စားပစ်တယ် မဟုတ်ရင်လည်း ကြွက်တွေကို အစာကျွေးပစ်တာ...ကျုပ်တို့ အရမ်း ထိခိုက်နစ်နာထားပေမယ့် ဘယ်လိုမှ မခုခံနိုင်ဘူး... အစိုးရကလည်း ဘာမှ မလုပ်တတ်ဘူး... ကံကောင်းထောက်မချင်တော့ ကျုပ်တို့ ကျေးဇူးရှင် မိတ်ဆွေလေးက ကျုပ်တို့အပေါ် ကြင်နာ ဖြောင့်မတ်ပြီး ဒီတိရစ္ဆာန်ကို သတ်ပစ်ပေးခဲ့တယ်လေ...."

ထိုအချိန်တွင် လူတိုင်းသည် ဒေါသစိတ်များနှင့်သာ ပြည့်နှက်နေပြီး အဘွားဟေးရှန်းရဲ့ မကောင်းမှုများအတွက် အားပါးတရ ဆူပူကြိမ်းမောင်း​နေခဲ့သည်။

အဘွားဟေးရှန်းက ဒေါသတကြီးနဲ့ လူကြိုက်မများသော အရာတစ်ခုကို ပြုလုပ်ခဲ့ပုံရသည်။ ထိုစဥ် ကျောင်းဆရာက ထပ်ပြောလာ၏။

"ကျေးဇူးရှင်ရဲ့ နာမည်ကို ချန်ထားခဲ့ပေးလို့ရမလား... နိမ့်ကျတဲ့ ကျုပ်တို့က ကျေးဇူးရှင်ရဲ့ ဖြောင့်မတ်မှုကို နောင်လာနောင်သားတွေ သိအောင် ကျေးဇူးရှင်အတွက် နတ်ကွန်းတစ်ခု ဆောက်ပြီး နေ့ညမပြတ် ပူဇော်ချင်လို့ပါ...."

ချန်ရှီမျက်နှာအရောင်လေး အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် လူများစွာတို့ကလည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဂါဝရပြုကုန်ပြန်၏။

“ကျေးဇူးရှင်ကို နေ့ရောညပါ ကန်တော့နိုင်ဖို့ ကျေးဇူးပြုပြီး နာမည် ချန်ထားခဲ့ပေးပါ!"

ချန်ရှီအမူအရာမှာ အလွန်ပြောင်းလဲသွားသော်လည်း သူကပါ ဒူးထောက်၍ အကြိမ်ပေါင်းများစွာ ပြန်ဂါဝရပြုလိုက်သည်။

"ကျွန်​တော့်ကို မကိုးကွယ်ပါနဲ့! သည်းမခံနိုင်​တော့ဘူး... ကျွန်တော် အဘွားဟေးရှန်းကို လာတာက ဒါကြောင့် မဟုတ်ဘူး.... ကျွန်တော့်ဘာသာ သူငယ်ချင်းကို သေလမ်းပို့မိလို့ အဘွားဟေးရှန်းကို လက်စားလာချေတာ.... ခင်ဗျားတို့အတွက် လက်စားချေတာ ဆိုပြီး နှစ်သိမ့်စရာ မလိုပါဘူး...ဆက်ကန်တော့နေရင်တော့ ခင်ဗျားတို့က ခေါင်းနည်းနည်း ယူရလိမ့်မယ်!"

တဒုန်းဒုန်းနဲ့ ဦးတိုက်သံများ ချက်ချင်း ရပ်သွားသည်။ ဒါကို​ကြားတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ပူဇော်ကိုးကွယ်မယ့်အကြောင်း ထပ်မပြောရဲတော့ပေ။ ချန်ရှီ ထရပ်လိုက်ပြီး သူ့နဖူးပေါ်က အညစ်အကြေးတွေကို သုတ်လိုက်သည်။

"နောက်ကျနေပြီ... နတ်ဆိုးတွေဆီက တိုက်ခိုက် မခံရခင် ကျေးဇူးပြုပြီး ပြန်သွားပါတော့... ကျွန်တော်လည်း အိမ်ပြန်တော့မယ်... မနက်ဖြန် မနက်ကျရင် အရေးကြီးတာတွေ လုပ်စရာရှိတယ်... နှုတ်ဆက်လိုက်ပါတယ်"

ကျောင်းဆရာက “ကျေးဇူးရှင်က ကျုပ်တို့အပေါ် ကျေးဇူးရှိပါတယ်.... ကျုပ်တို့ရဲ့ အမွှေးတိုင်ကို ဘာလို့ လက်မခံတာလဲ...”

ချန်ရှီက ခေါင်းယမ်းပြီး ပြောသည်။

"အဘိုးက အကျင့်စာရိတ္တနဲ့ ချည်နှောင်မခံဖို့ ပြောတယ်.... ကောင်းတာ တစ်ခုခုလုပ်ရင် ကျွန်တော်က လူကောင်းလို့ပြောရင် ကျွန်တော့်ဘက်က ကျေးဇူးတင်လိမ့်မယ် ကျေနပ်လက်ခံလိမ့်မယ်... အဲ့အချိန်ကစပြီး လူကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်စံနှုန်းအတိုင်း ကျွန်တော့်ကို လူတိုင်းက မေးကြမယ်... တခြားသူတွေနဲ့ မဖြစ်မနေ နှိုင်းယှဥ်ခံရမယ်... ကိုယ့်အကျိုးစီးပွားအတွက် တိုက်ရမယ်...အဲ့ကျရင် ကျွန်တော်က လူကောင်းလို့တောင် ပြောလို့မရတော့ဘူး... ကြောင်သူတော် ဖြစ်လာတော့မယ်... ဒီလိုကိစ္စမျိုး ကြုံလာရတဲ့အခါ ရှင်းရှင်းလင်းလင်း သိထားမှရလိမ့်မယ်တဲ့"

အဘိုးကလည်း ကိုယ်ကျင့်တရား အရည်အသွေးကို နှိမ့်ချပြီး ဆိုးသွမ်းတဲ့ ဘဝကို ပျော်မွေ့ဖို့ ဆုံးမဖူးသည်။ ကိုယ့်ကိုကိုယ် ကိုယ်ကျင့်တရားတွေကြားမှာ ဖိအားမပေးထားဖို့ သတိပေးခဲ့သေးသည်။

ချန်ရှီ လူတိုင်းကို လေးနက်စွာ လှည့်ပြောလိုက်သည်။

"ကျွန်တော်က လူကောင်းမဟုတ်ဘူး... လက်စားချေဖို့ ဒီကိုလာခဲ့တာ ကျွန်​တော့်ကို လူကောင်းတစ်ယောက်လို့ မထင်နဲ့.. ကျွန်​တော့်အတွက် နတ်ကွန်းလည်း မဆောက်နဲ့... ယဇ်ပူဇော်စရာတွေ မပေးနဲ့ ကျွန်တော် သိလို့ကတော့ အဲ့နတ်ကွန်းကို လာဖြိုချပစ်လိုက်မယ်..."

ကျောင်းဆရာလည်း ရှက်ရွံ့စွာနဲ့ ချန်ရှီ ထုပ်တန်းကို ထမ်းလျက် ခွေးတစ်ကောင်နဲ့ ထွက်သွားတာကိုသာ အကြာကြီး လှမ်းကြည့်နေမိလေသည်။ အချိန်အတော် ကြာပြီးနောက်မှ သူ့အာရုံတွေ ပြန်ပေါ်လာ၏။

"ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားဟေးရှန်းကို သတ်ဖို့ တောင်တွေထဲကို တစ်ယောက်တည်း လာရဲ​တဲ့ သတ္တိရှိတယ်... မင်းရဲ့ ရဲစွမ်းသတ္တိက ကမ္ဘာမှာ ဘယ်သူမှ ယှဉ်လို့မရလောက်ဘူး!"

ကျောင်းဆရာက သက်ပြင်းချလိုက်ပြီး။

"သူ့ရဲ့ ထူးဆန်းတဲ့ စိတ်ထားကြောင့် ငါတို့ရဲ့ နံ့သာပေါင်းနဲ့ မပူဇော်ရဲတာ နှမြောစရာပဲ..."

သူ တောင်ပေါ်ကို ရောက်ပြီး ချန်ရှီရဲ့ သတ်ဖြတ်မှု နောက်ကွယ်မှာ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းကို ကြည့်ရှုခဲ့သည်။ မဟူရာတောင်ပေါ်က အဘွားဟေးရှန်း ဘုံကျောင်းကို ရောက်တဲ့အခါ မြေပြင်ပေါ်ရှိ အပျက်အစီးများနှင့် အနက်ရောင် ကန့်ညောင် ရုပ်တုကို တွေ့ရတော့ ပိုလို့တောင် တုန်လှုပ်သွား၏။

ချန်ရှီ ကြွက်ကြီးများကို သတ်ပြီး အဘွားဟေးရှန်း ဘုံကျောင်းဘက်ကနေ ဆင်းလာတာတွေ့ရတော့ ကျေးဇူးရှင်က ချန်ရှီ ဆိုတာ မယုံနိုင်သေးချေ။ အစက တောင်ထိပ်တွင် သခင်တစ်ယောက်ကို တွေ့ရမယ်လို့ ထင်ထားပေမယ့် မတွေ့ရသောကြောင့် အဘွားဟေးရှန်းကို သတ်လိုက်သော သူက ချန်ရှီ ဖြစ်ကြောင်း သူယုံကြည်ခဲ့သည်။

သူ့ကိုတွေ့ဖို့ လူတွေကို အလျင်အမြန် ခေါ်ခဲ့ပေမယ့် ချန်ရှီကတော့ သူတို့ရဲ့ ကျေးဇူး​နေရာကို ယူဖို့ ငြင်းဆိုသည်။

ကျောင်းသားတစ်ယောက်က “ဆရာ သူက အဘွားဟေးရှန်းကိူ လက်စားချေချင်ရုံပဲ... ကျွန်​တော်တို့အတွက် မဟုတ်ဘူးလို့ ပြောတယ်...အဲ့တော့ ကျွန့တော်တို့က သူ့ကို ကျေးဇူးတင်သင့်သေးလား”

"ကျေးဇူးတင်သင့်တယ်"

ကျောင်းဆရာက ခေါင်းညိတ်ကာ။

"အဘွားဟေးရှန်းကို ဖယ်ရှားလိုက်တာက ရွာ ၁၈ ရွာနဲ့ မြို့တစ်မြို့က လူပေါင်း ၄၆၀၀ အတွက် အကျိုးရှိခဲ့တာပဲ မဟုတ်ဘူးလား"

ကျောင်းသားက ခေါင်းညိတ်သည်။

ကျောင်းဆရာက "ငါတို့ လစဉ်လတိုင်း ပူဇော်စရာ မလိုဘူး.. အဘွားဟေးရှန်းဆီကို နှစ်တိုင်း ယောက်ျားလေးတွေ မိန်းကလေးတွေလည်း ယဇ်ပူဇော်စရာ မလို​တော့ဘူး... ဒါ နတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကနေ လွတ်သွားပြီလို့ ဆိုလိုတာပဲ မဟုတ်ဘူးလား?"

လူတိုင်းက ခေါင်းညိတ်ပြန်သည်။

ကျောင်းဆရာက "ဆိုရိုးစကားအတိုင်း အမျိုးကောင်းသားရဲ့ အကျင့်က သူ့နှလုံးသားနဲ့ မဆိုင်ပါဘူး... အမျိုးကောင်းသားက နှလုံးသား မရှိပေမယ့် အမျိုးကောင်းသားရဲ့ အကျင့်ကို ကျင့်ဆဲပဲ... သူဘာကြောင့် ဒီကို ရောက်နေတာလဲ ဆိုတာကို ကြည့်ဖို့ မလိုပါဘူး သူလုပ်တဲ့အရာတွေက ကောင်းလား ဆိုးလားဆိုတာ သိဖို့ပဲ လိုတယ်....သူ သူတစ်ပါးကို ဒီနည်းနဲ့ ဆက်ဆံခဲ့တာကလည်း ရွှေလိုအဖိုးတန်တဲ့ အဓိပ္ပာယ်ပဲ"

လူတိုင်းက ဟုတ်ကြောင်း ထောက်ခံကြ၏။

ကျောင်းသား: “ဒါဆို ကျွန်​တော်တို့က သူ့အတွက် ဘုံကျောင်း ဆောက်ဖို့ လိုသေးလား”

"မလိုပါဘူး သူက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ... ငါတို့ကို နတ်ကွန်းမဆောက်စေချင်ဘူး....ငါတို့ လုပ်လိုက်ရင် ကျေးဇူးရှင်ကို စိတ်မချမ်းသာအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်..."

ကျောင်းဆရာက လူတိုင်းကို ကိုယ့်ရွာကို အမြန်ပြန်ကြဖို့ အချက်ပြလိုက်သည်။

"ငါတို့ရဲ့ ကျေးဇူးရှင်က အကူအညီလိုရင် ငါတို့က ​ပြန်ဖေးမပြီး ကြင်နာမှုကို ပြန်ဆပ်ကြမယ်.... အခုတော့ နောက်ကျနေပြီ အမြန်ဆုံး ပြန်ကြရအောင်!"

တစ်ဖက်တွင်မူ ချန်ရှီသည် တောင်တန်းအရှင်ဘုံကျောင်းကို ပြန်ရောက်လာကာ အနီရောင်ထုပ်တန်းကို ချလိုက်သည်။ ဘုံကျောင်းကို ဦးညွှတ်ကာ တောင်ပေါ်မှ ချက်ချင်း ထွက်ခွာ၍ အိမ်သို့ပြန်လာခဲ့သည်။

သူအိမ်ပြန်ရောက်တာနဲ့ ကောင်းကင်မှာ နေက မျက်လုံးတွေကို မှိတ်ထားပြီး လက ပိုတောက်ပလာတာကို မြင်လိုက်ရသည်။ ယခုအချိန်တွင် လသည် နေ့ဘက်တွင်ပါ တက်လာပေမယ့် ပုံမှန်လို ဖြစ်လာပြီး သူလည်း တဖြည်းဖြည်း ကျင့်သားရနေပါပြီ။

လကလည်း အလားတူပင်။

နေ့ခင်းဘက်မှာတော့ တစ်ဝက်လောက်ပွင့်နေပုံရပေမယ့် ညဘက်မှာတော့ မျက်လုံးတွေက ဝိုင်းစက် ပြူးကျယ်သွားပါသည်။ ရွာအပြင်ဘက်တွင် ရာနှင့်ချီသော နတ်ဆိုးများက ညအမှောင်ထုထဲ၌ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေကြသည်။

ဟွမ်ဖောရွာရဲ့ ကန့်ညောင်က ဒဏ်ရာရသွားတာကြောင့် မြင့်မြတ်သော သစ်ပင်ကြီးက ဟင်းလင်းပြင်ကြီး ဖြစ်နေသည်။ နတ်ဆိုးများသည် ဒါကို အခွင့်ကောင်းယူပြီး ရွာထဲသို့ ဖောက်ထွင်းဝင်ရောက်ချင်ကြသည်။ ကန့်ညောင်က ဒဏ်ရာရသွားသော်လည်း ဤနတ်ဆိုးများသည် အကြိမ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပြီး အစိတ်စိတ် အမွှာမွှာ ရိုက်နှက်ပစ်နိုင်သေး၏။

ချန်ရှီ အိမ်ပြန်ရောက်ပြီးတာနဲ့ သူ့အတွက်သူ ဆေးပြုတ်လိုက်သည်။ ဟေးကော်က သူဒီနေ့ ကြွက်တွေ အရမ်းစားထားတာကြောင့် ဗိုက်တင်းနေပြီ ဖြစ်သဖြင့် ညဘက်မှာ ညစာမကျွေးတော့ဖို့ ပြောခဲ့ပါသည်။

ချန်ရှီ တစ်ညလုံး မအိပ်ဝံ့ဘဲ အလင်းသုံးပါး ကျင့်စဥ်ကို နှိုးဆွပြီး ကြယ်ခုနစ်လုံးပေါ် နင်းကာ လုံ့လစိုက်ထုတ်ခဲ့သည်။ ယနေ့တွင် သူသည် မီးခိုးရောင်ဝတ် ကြွက်များနှင့် သက်ကြီးရွယ်အို ကြွက် အများအပြားကို သတ်ခဲ့သည်။ အဘွားဟေးရှန်းကိုပါ လတ်စတုံးခဲ့တာမို့ ညဘက် နေမကောင်းဖြစ်မှာ စိုးရိမ်ခဲ့သည်။

သူ့ရင်ဘတ်ပေါ်ရှိ စိမ်း​ပြားရောင် တစ္ဆေလက်သည်းက ထူးခြားမှုမရှိခဲ့ပေ။ ချန်ရှီလည်း အံ့သြမိသွားသည်။ သူညတစ်ညကိုတော့ ဘေးကင်းစွာ ကုန်ဆုံးနိုင်ပြီလေ။

ချန်ရှီ အံ့အားသင့်သွားသလို အိမ်ရှေ့က သစ်ပင်ကြီးအောက်မှာ ရပ်နေတဲ့ အဘွားရှားလည်း အံ့သြသွားသည်။ သစ်ပင်အောက်မှ တောင်ဆိတ်ကလည်း ချန်ရှီအခန်းကို လှမ်းကြည့်နေ၏။

"အဘွား....ချန်ရှီ ဝိညာဉ်တွေကို စားပြီးရင် နေမကောင်းဖြစ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.... သူယုတ်မာတွေ အများကြီးကို သတ်ပြီး ဝိညာဉ်တွေ အများကြီး စားခဲ့တယ်လေ ဘာလို့ မဖျားတာလဲ"

အဘွားရှားရဲ့ မျက်နှာမှာ ညှိုးငယ်နေတာကြောင့် အဘွားအိုတစ်ဦးလို အရေးအကြောင်းတွေက ပေါ်နေသည်။

"ငါဘယ်လိုလုပ်သိမှာလဲ သူလူတွေကို သတ်ပြီး သူတို့ရဲ့ ဝိညာဉ်တွေကို စားသောက်​ပြီးရင် အဲဒီညမှာ ဖျားလိမ့်မယ်လို့ ချန်ယင်တုက ငါ့ကို ပြောတာပဲ... ဘယ်​နေရာက မှားသွားလဲ ဘယ်သူက သိမှာလဲ..."

မုတ်ဆိတ်မွေးရှိသူ လူကြီးက သူ့​မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဝင်ပြောလိုက်သည်။

"စိတ်ဝိညာဉ်ကို စားတာက တခြားနတ်ဆိုး... ဖျားနာစေတာက စိမ်းပြာရောင် တစ္ဆေလက်သည်းမလား... နှစ်ခုလုံးက တစ်ကောင်တည်း မဟုတ်ဘူး... ဒါက အဓိက အကြောင်းရင်း ​ဖြစ်နိုင်လား"

"ဖြစ်နိုင်တယ်!"

တောင်ဆိတ်: "ဒါပေမဲ့ ချန်ယင်တုကို ဆက်သွယ်ကြည့်ပြီး မေးလိုက်တာက ပိုလုံခြုံမယ်ထင်တယ်... အဘွား ချန်ယင်တုကို ခေါ်လို့ရမလား"

အဘွားရှားက တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်သည်။

"စမ်းကြည့်လို့ ရပါတယ် ခဏစောင့်...."

All Chapters