← Chapters

နတ်တ​စ္ဆေပြောင်းလဲခြင်း

Vol. 6 Ch. 83

နတ်တ​စ္ဆေပြောင်းလဲခြင်း

Vol. 6 Ch. 83

သစ်ပင် အကိုင်းအခက်များ အဖြစ်မှ လက်အသွင်း ပြောင်းထားသော ဟွမ်ဖောရွာရဲ့ ကန့်ညောင် မိန်းကလေးသည် ဆွေ့အဆင့် နတ်ဆိုး နှစ်ကောင်ကြားက စကားပြောဆိုမှုကို ကြားရင်း ချီတုံချတုံ ဖြစ်နေသည်။

ချန်ယင်တု လူ့လောကတွင် ရှိနေစဉ်က ဆီစိမ်ထီးကို ကိုင်ဆောင်ထားရပြီး သူ၏နတ်ဆိုးသဘာဝကို နှိမ်နင်းရန်အတွက် ဆန်းကြယ်မြွေတောင်ကြီးနဲ့ ခွဲထားလို့ မရကြောင်း သူမ သိသည်။ ဆန်းကြယ်မြွေတောင်ကြီး ဖိနှိပ်ထားတာ မရှိဘဲ ဆင့်ခေါ်လိုက်လျှင် နတ်ဆိုးသဘာဝက ချက်ချင်း ကွဲထွက်ပြီး ဒီနေရာက လုံးဝ ပျက်စီးသွားမှာပဲ ဖြစ်သည်။

ကန့်ညောင်ဟာ မပျော့ညံ့သော်လည်း သူ့ရှေ့ရှိ ဘီလူးသုံးကောင်နှင့် ယှဉ်လျှင် အားနည်းလွန်းလှသည်။ ချန်ယင်တုကို ခေါ်ဖို့ စီစဉ်နေကြောင်း သူမ ကြားသိရသော်လည်း သူမ ဝင်မတားဝံ့ခဲ့ပေ။ ကံကောင်းထောက်မစွာနဲ့ ဤဘီလူးကြီးသုံးကောင်သည် အလွန်ဝေးဝေး မသွားဘဲ ချန်ယင်တုကို ရွာထဲမှာ မဆင့်ခေါ်ဖို့ စီစဥ်ထားကြလေသည်။

"အပြင်မှာ ဆင့်မခေါ်ရင်တောင် တစ်ခုခုကတော့ ဖြစ်သွားလိမ့်မယ်"

ကန့်ညောင်သည် သူမ မျက်တောင်မှိတ်ကာ ထိုသုံးယောက် ဟွမ်ဖောရွာမှ ထွက်ခွာသွားတာကို ကြည့်လိုက်သည်။ အဘွားရှား၊ တောင်ဆိတ်နဲ့ မုတ်ဆိတ်မွေးတို့ ရွာပြင်ကို ရောက်လာခဲ့ကြသည်။

"မသွားတော့နဲ့ အဘွား... အမြန်လေး ချန်ယင်တုကို ခေါ်လိုက်တော့!"

အဘွားက သူ့ကို မျက်လုံးပြူး​ပြပြီး "မင်း သာမန် သရဲတစ္ဆေတွေကို ဆင့်ခေါ်နေရတယ်လို့များ ထင်နေလား... အဘိုးကြီးချန်က သူ့ခန္ဓာကိုယ်ထဲက ရေမီးအဂ္ဂိရတ်ကို လေ့ကျင့်ပြီး မြေအောက်ကမ္ဘာကို ထွက်သွားတဲ့ အမတ ဖုတ်ကောင်တစ်ကောင်ပဲ... သူ့ကို ခေါ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... သူနဲ့ စကားပြောချင်ရင် ငါတို့ကိုယ်ငါတို့ မြေအောက်ကမ္ဘာကို ပို့ပေးမယ့် တွန်းအားကို သုံးရမှာ...."

သူမအတွေးများ အနည်းငယ် ရွေ့လျားသွားတာနဲ့ လရောင်အောက်တွင် အရိပ်များစွာက နေရာပေါင်းစုံမှ ရုတ်တရက် ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာသည်။ သူမ၏အရိပ်ငါးခု မတ်တတ်ထရပ်ကာ တစ္ဆေဘုရင်ငါးပါးအဖြစ် ပြောင်းလဲ၍ လက်ကိုဆုပ်လျက် အမိန့်နာခံ​နေတဲ့ ပုံစံ လုပ်လိုက်၏။

အဘွားရှားက အမိန့်ပေးတာနဲ့ တစ္ဆေဘုရင်ငါးပါးက ယဇ်ပလ္လင်ကို သယ်ဖို့ သံပြိုင် ဟောက်လိုက်ကြသည်။ မကြာမီတွင် တစ္ဆေဘုရင် ငါးပါးသည် ယဇ်ပလ္လင်ကို အောက်ခြေအဆင့်ကစ၍ အဆင့်သုံးဆင့်ခွဲကာ တည်ဆောက်လိုက်တာပါပဲ။ လေးထောင့်လေးမျက်နှာ၌ တောင်ကြီးငါးခုကို သရုပ်ဖော်ထားသည့် အလံများကိုလည်း ကိုင်ဆောင်ယူလာကြသည်။

ထို​အလံများပေါ်၌ အလင်းရောင်များ ထွန်းလင်းလာသောအခါ တောင်ကြီးငါးခု၊ ပင်လယ်လေးစင်းနှင့် ပုတ်ခတ်မှုလေးပါးရဲ့ အခိုးအငွေ့တို့သည် ယဇ်ပလ္လင်တစ်ဝိုက်က လေထုထဲတွင် ပေါ်လာသည်။

အလယ်ထပ်တွင် ကြယ်၂၈လုံးရဲ့ ကြယ်မီးပုံးများ ရှိသည်။ ကြယ်မီးပုံးများရဲ့ အမြင့်က ခုနစ်လက်မရှိပြီး ကြယ်နှစ်ဆယ့်ရှစ်လုံး အတွင်း၌ နတ်အသွင်သဏ္ဌာန်များ လွင့်မျောနေသည်။ ၎င်းက ဆန်းကြယ်သော ကြယ်အသွင်အစီအရင်ပဲ ဖြစ်သည်။

အပေါ်ဆုံးအလွှာတွင် စိမ်းပြာနဂါး၊ ကျားဖြူ၊ ကျူးချွဲ့နဲ့ ရွှမ်ဝူတို့ရဲ့ ဝိညာဉ်အလံများကို ချိတ်ဆွဲထား၏။ အလံများကို နတ်လေးပါးပုံစံများဖြင့် ချည်နှောင်ထားကာ အလင်းရောင်များ တောက်ပလာသောအခါတွင် နတ်လေးပါးကလည်း လေထဲတွင် အသက်ဝင်လာသည်။

အဘွားရှားက ယဇ်ပလ္လင်၏ တတိယထပ်တွင် ရပ်ကာ မှော်တူရိယာမျိုးစုံကို ကိုင်ထားသည်။

"အဘိုးကြီးချန်ဆီ သွားမယ်...ငါ့နောက်က လိုက်ခဲ့"

သူ့အစီအစဉ်ကို မြင်တော့ မုတ်ဆိတ်မွေးရှိတဲ့လူကြီးက မဆိုင်းမတွ ပြန်ပြောသည်။

"ကျုပ်မှာ ပြုစုစောင့်ရှောက်ဖို့ မြေခွေးမျိုးနွယ် ရှိသေးတယ်... မျိုးနွယ်စုတစ်ခုလုံးရဲ့ ဘဝတွေကို တစ်ခုတည်းနဲ့ ချည်နှောင်ထားရတာ... အဘွား ခင်ဗျားရဲ့နည်းလမ်းက စိတ်ချရပါ့မလား"

အဘွားရှားက ကဲ့ရဲ့ပြီး "လောင်ဟူ.... သတ္တိနည်းတယ်ဆို နည်းတယ် ဝန်ခံလိုက်.... မင်းလို သူရဲဘောကြောင်တဲ့လူက မြေခွေးမျိုးနွယ် အကြောင်း ထည့်ပြောနေသေးတယ်ပေါ့... ငါ့ဆုတောင်းပလ္လင်နဲ့ နောက်ပြန်ခေါ်တဲ့ နည်းလမ်းက နည်းနည်းတော့ မမှန်ပါဘူး... ဒါပေမဲ့ မင်း ငါ့ကို မယုံနိုင်သေးရင်လည်း မလိုက်ခဲ့နဲ့"

မုတ်ဆိတ်မွေးနှင့် တောင်ဆိတ်တို့လည်း ယဇ်ပလ္လင်ပေါ်သို့ တက်သွားခဲ့သည်။ အဘွားရှားက သူတို့နှစ်ယောက်ကို လက်ထဲမှာ အမွှေးတိုင်သုံးချောင်းစီ ကိုင်ခိုင်းထားသည်။

"ဘာလို့ နံ့သာသုံးချောင်း ကိုင်ထားရတာလဲ ဆိုရင်... ဒီတစ်ခါတော့ ငါတို့က မြေအောက်ကမ္ဘာကို သွားရမယ်... နောက်ဆုံးတော့ ငါတို့က လူသားတွေပဲ... သရဲနဲ့ နတ်တွေကို မလွဲမသွေ ဆွဲဆောင်မိလိမ့်မယ်... သတိမထားရင် မြေအောက်ကမ္ဘာမှာ သေကုန်လိမ့်မယ်"

မုတ်ဆိတ်မွေးရှိသူကြီးက တုန်တုန်ယင်ယင် ဖြစ်လာတာကြောင့် အမွှေးတိုင်ကို ကိုင်ထားတဲ့ လက်က မတည်မငြိမ် ဖြစ်လာသည်။

အဘွားရှား: "ဒါဆို ငါတို့ အရင်ဆုံး နတ်လို ပြောင်းထားမှ ဖြစ်မယ်...ပြီးရင် နတ်တစ္ဆေတွေ ဖြစ်လာရမယ်"

သူမသည် အစီအရင် တစ်ခုကို လက်ဖြင့်ဆွဲကာ ဂါထာတစ်မျိုးကိုလည်း ရွတ်ဖတ်နေသည်။ ချီကို သူမခန္ဓာကိုယ်အနှံ့ ရွှေ့လျား​စေကာ လက်တစ်ဖက်ကို တောင်ဆိတ်စိမ်းနဲ့ မုတ်ဆိတ်မွေးရဲ့ နဖူးကို အမြန်ထိလိုက်သည်။

"နတ်တစ္ဆေတွေကို ကြည့်ဖို့ မျက်လုံးဖွင့်!"

မြေခွေးတစ်ကောင်နှင့် ဆိတ်တစ်ကောင်ဟာ ၎င်းတို့၏နဖူးပေါ်က နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုအခိုက် ၎င်းတို့၏ မျက်ခုံးကြားတွင် မျက်လုံးတစ်လုံးစီ ရှိနေကြပြီး အမှောင်ထုထဲက အရာတွေကို ထိုမျက်လုံးများဖြင့် မြင်နေရသည်။

"အစွယ်ပေါက်!"

အဘွားရှားက မေးစေ့ပေါ်တွင် အမှတ်အသားတစ်ခုကို တံဆိပ်ခတ်လိုက်သည်။ တစ်ဆက်တည်း သူတို့နှစ်ဦး၏ သွားစွယ်များ ရုတ်တရက် ပေါက်လာတာ ခံစားလိုက်ရကာ တကယ် နတ်တစ္ဆေတွေလို ပြောင်းလဲလာ၏။ အဘွားရှားက နောက်ထပ် မန္တာန်တစ်ခု ရွတ်ဖတ်ကာ လူနှစ်ယောက်၏ ပုခုံးပေါ် ထပ်ပုတ်လိုက်သည်။

"ခေါင်းသုံးလုံး!"

မုတ်ဆိတ်မွေးနှင့် တောင်ဆိတ်စိမ်းတို့ရဲ့ ပုခုံးနှစ်ဖက်ပေါ်မှ အသွေးအသားများ ပေါက်ထွက်လာပြီး ဦးခေါင်းအပိုနှစ်လုံး ထွက်လာ၏။ အဘွားရှားက သူမရဲ့ အစီအရင်ကို ထပ်မံပြောင်းလဲလိုက်ပြီး လူနှစ်ယောက်ရဲ့ ပုခုံးနှစ်ဖက်ကို နှစ်ကြိမ်ဆက်တိုက် ရိုက်ကာ ဆိုပြန်သည်။

"လက်ခြောက်ဖက်!"

သူတို့၏ ပုခုံးနှင့် နံစောင်းများပေါ်ရှိ အသားများနှင့် အသွေးများသည် တဟုန်ထိုး ကြီးထွားလာကာ နောက်ထပ် လက်လေးချောင်းက ခဏအတွင်း မွေးဖွားလာခဲ့​လေသည်။ သူတို့သည် မြေအောက်ကမ္ဘာမှ ရက်စက်ကြမ်းကြုတ်သော နတ်တစ္ဆေများအသွင် ပြောင်းသွားခဲ့သည်။

အဘွားရှားက လေး၊ မြှား၊ ဓား၊ ထီး၊ ကြိုး၊ တံ ဆိပ်နဲ့ တခြားရတနာတွေကို ပြင်ထားသည်။

"မင်းတို့ မြေအောက်ကမ္ဘာထဲရောက်ရင် ငါ့အနားမှာပဲ နေပြီး ဘယ်မှလျှောက်မသွားနဲ့.... အဝေးကြီး ရောက်သွားရင် ငါ့ဝိညာဉ်အစီအရင်က ပျက်စီးသွားလိမ့်မယ်... မင်းတို့ရဲ့ဝိသေသလက္ခဏာကို တခြား နတ်တစ္ဆေတွေ ရှာတွေ့သွားရင် သေလမ်းတစ်လမ်းပဲ ကျန်ခဲ့လိမ့်မယ်!"

သူမသည် အရပ်ပုပု၊ ဗိုက်ဝိုင်းဝိုင်း၊ နဂါးခေါင်း၊ အလွန်ရှည်လျားသော လည်ပင်း၊ ဝမ်းဗိုက်အနောက်မှ ထွက်လာသော နဂါးအမြီးနှင့်တူသော ထူးဆန်းသော နံ့သာအိုးကို ထုတ်ယူလိုက်၏။ ၎င်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အပြင်ဘက်ကို ကြည့်သလို ပုံစံမျိုးနဲ့ ချောင်ဖုန်းနံ့သာအိုးပဲ ဖြစ်သည်။

အဘွားရှာက နံ့သာတစ်ချောင်းကို နဖူးပေါ်တင်ကာ နံ့သာပေါင်းထုပ်ကို တစ္ဆေဘုရင်ငါးပါးအား ပေးထားသည်။

"ငါတို့ သုံးယောက်လုံး မြေအောက်ကမ္ဘာကို သွားတော့မယ်.... အမွှေးနံ့သာ ယဇ်ပလ္လင်ကို စောင့်ရှောက်ထားကြ... နေ့ရော ညပါ စောင့်ရှောက်... မိုးကြိုးပစ်ပစ် မိုးရွာရွာ... နံ့သာအိုးပေါ်က မွှေးပျံ့တဲ့ နံ့သာပေါင်းတွေ မီးငြိမ်းသွားလို့ မဖြစ်ဘူး နားလည်လား"

တစ္ဆေဘုရင်ငါးပါးကလည်း လျင်မြန်စွာ ခေါင်းညိတ်သည်။

အဘွားရှားက စိုးရိမ်​​နေ​သေးပြီး "နောက်ရွာမှာ ချန်ရှီလို့ ခေါ်တဲ့ ကလေးလေး ရှိတယ်... သူ မင်းတို့​ကို မြင်ရတယ်.. မင်း ဘာလုပ်နေလဲလို့ မေးရင် သူ့ကို ဂရုမစိုက်နဲ့ ဒီကလေးက မကောင်းဆိုးဝါးလို ရည်ရွယ်ချက်တွေနဲ့ ပြည့်နေတာ!"

တစ္ဆေဘုရင်ငါးပါးက မှတ်ထားလိုက်သည်။

အဘွားက အဆင်သင့် ဖြစ်တာနဲ့ မှော်စွမ်းအင်ကို ချက်ချင်း ဖွင့်လိုက်သည်။

သူမရဲ့ အသွင်အပြင်က မြန်မြန်ဆန်ဆန်နဲ့ ပိုလှလာသည်။ အသက်အရွယ်က နုပျိုလာပြီး အရပ်လည်း ရှည်လာတာကာ အချိန်တိုလေးအတွင်းမှာပင် သူမသည် ငါးပေ ခြောက်ပေခန့်ရှိသော မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘရိုကိတ်နှင့် ပိုးဖဲကြိုးများက တဖျပ်ဖျပ်ခတ်လျက်။ လှုပ်ရှားမှုများက ကျက်သရေရှိပြီး ဟန်ပန်အမူအရာများ ပြေပြစ်ကာ အကြည့်များက ချစ်ခင်ဖွယ် ကောင်းလှသည်။

သူမ၏ဆံပင်များက လေနဲ့အတူ လွင့်နေသည်။ ဆံနွယ်တစ်မျှင်ချင်းစီ၏ အဆုံးတွင် လှပသောဦးခေါင်း၊ နူးညံ့သိမ်မွေ့သော၊ နွေးထွေးသော၊ စွဲမက်ဖွယ်ကောင်းသော၊ ချစ်စရာကောင်းသော အပြုံး၊ နိမ့်ပါးသော အသံဖြင့် ညည်းတွားသံများဖြင့် ပြီးပြည့်စုံလှသည်။

ဦးခေါင်းတိုင်းသည် အလွန်လှပသော်လည်း ဆံပင်များစွာရှိသော လှပသော အမျိုးသမီးများ၏ ဦးခေါင်းတွေ ပေါင်းစပ်လိုက်တဲ့အခါ ၎င်းက အလွန်အမင်း အလွန် လှပခြင်း မရှိ​တော့ပေ။

"ဒီအဘွားကြီး သေပြီးရင် မကောင်းဆိုးဝါး ဖြစ်လာမှာ... သူမရဲ့သေဆုံးမှုကလည်း အရမ်း ကြောက်စရာ ကောင်းနေလိမ့်မယ်!"

အဘွားရှား နတ်တစ္ဆေ အသွင်ပြောင်းခြင်း ပြီးသွားသောအခါ သူမက ခြေထောက်ကို ဆောင့်နင်းပြီး ယဇ်ပလ္လင်၏ တန်ခိုးကို အသက်သွင်းခဲ့သည်။ သူတို့သုံးယောက်သည် ဆွဲထုတ်ခံလိုက်ရသော စွမ်းအားဖြင့် လွင့်မြောသွားပြီး မြေအောက်ကမ္ဘာထဲသို့ ပြုတ်ကျသွားကြသည်။

တောင်ဆိတ်နဲ့ မုတ်ဆိတ်မွေးတို့ နောက်သို့လှည့်ကြည့်သောအခါ ပုလ္လင်ပေါ်က အမွှေးတိုင်းမီဟာ အလွန်ကြီးမားလာလေ၏။ ၎င်းက သူတို့ခေါင်းပေါ်ရှိ ဧရာမတောင် သို့မဟုတ် သားရဲတစ်ကောင်ကဲ့သို့ ကောင်းကင်နှင့်မြေပြင်ကြား၌ ရပ်နေသော နံ့သာပေါင်း မီးရှူးတန်ဆောင်အဖြစ် ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။

အဘွားရှား: "သုံးရက် ငါ့ရဲ့အစီအရင်က သုံးရက်အထိ ​တောင့်ခံထားနိုင်တယ်! သုံးရက်အတွင်း အဘိုးကြီးချန်ကို ရှာမတွေ့ရင် ချက်ချင်း ပြန်သွားရမယ်!"

သူတို့ခြေထောက်တွေဟာ မြေပြင်ကိုတောင် မထိ​တော့ဘဲ လေနဲ့အတူ အလွန်မြန်ဆန်စွာ လွင့်မျောသွားကြသည်။

ချန်ရှီသည် နံနက်ခင်းတွင် အိပ်ရာကထကာ ထမင်းချက်သည်။ ခါတိုင်းကဲ့သို့ ကန့်ညောင် ပူဇော်ပြီးနောက် ရွာအပြင်ဘက် မနီးမဝေးတွင် ယဇ်ပလ္လင်တစ်ခုကို လှမ်းတွေ့လိုက်သည်။ ယဇ်ပလ္လင်တစ်ဝိုက်တွင် တစ္ဆေဘုရင်ငါးပါး မတ်တပ်ရပ်နေ၏။

သေချာကြည့်လိုက်တော့ သူတို့၏ မျက်နှာများသည် အတန်ငယ် ရင်းနှီးနေသလို ခံစားလာရသည်။ ပြီးမှ ၎င်းတို့က အဘွားရှား မိသားစုမှာ ကြီးပြင်းလာတဲ့ တစ္ဆေတွေဆိုတာ သတိရသွားသည်။

ဤတစ္ဆေဘုရင်ငါးပါးသည် မူလက အထီးကျန်သော သရဲတစ္ဆေများသာ ဖြစ်လေသည်။ အဘွားရှားက တစ္ဆေငါးပါး သယ်ယူခြင်းပညာကို လေ့ကျင့်လိုသောကြောင့် ၎င်းတို့အား သူမ၏ကိုယ်ပိုင်ကျွန် အဖြစ် သိမ်းယူကာ လေ့ကျင့်ပေးခဲ့ရာကနေ ပိုမိုအားကောင်းလာခဲ့တာပဲ ဖြစ်သည်။

ချန်ရှီ အနီးသို့ ချဉ်းကပ်လာပြီး ယဇ်ပလ္လင်ဆီသို့ လှမ်းကြည့်လိုက်သည်။

"မင်းတို့ ဘာလုပ်နေတာလဲ?"

"ငါတို့ဘာမှ မပြောဘူး!" တစ္ဆေဘုရင်ငါးပါးသည် အလွန်ခေါင်းမာသည်။

ချန်ရှီက ခြေဖျားထောက်ကာ ပြုံးပြလိုက်သည်။

"အားလုံး ညီအကိုတွေပဲကို... နည်းနည်းလောက် ပေးကြည့်လေ!"

တစ္ဆေဘုရင်ငါးပါးသည် သူ့ရှေ့မှာ အလျင်စလိုရပ်ကာ ယစ်ပုလ္လင်ကို မမြင်ရအောင် တားထားသည်။ သို့နှင့် ချန်ရှီလည်း အမွှေးတိုင်တစ်ထုပ်ကို ထုတ်ပြီး လက်လွှဲပေးလိုက်ပြီး။

"အစ်ကိုတို့.... ဒါ ခရိုင်က ဝယ်လာခဲ့တာနော် အရမ်းအားကြီးတယ်"

တစ္ဆေဘုရင်များ ချီတုံချတုံနှင့် အမွှေးတိုင်ကို ယူလိုသောလည်း တစ္ဆေဘုရင်ကြီးက ပြန်အော်ပြောလေ၏။

"အစားနဲ့တော့ အဘွားကို အာမခံရဲဘူး"

ကျန်တစ္ဆေဘုရင်များသည် ချက်ချင်းပင် ပြင်းထန်စွာ ငြင်းဆန်လိုက်ကြသည်။ ချန်ရှီလည်း စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

"အဘွားရှားက တစ်ခုခု ထပ်ဆော့နေပြန်ပြီ... ​​ငါ့ကိုတောင် မခေါ်ဘူး"

ကန့်ညောင်ကို ကန်တော့ပြီးနောက် ကျူးရှို့ချိုင်ကိုလည်း အမွှေးတိုင်လေး ထွန်းပေးလိုက်သည်။ ပူဇော်ပြီးနောက်တွင် ရွာထဲမှ ပန်းရံဆရာနှစ်ယောက်ကို ချန်ယန်တောင်ပေါ်ရှိ ဘုံကျောင်းဆီသို့ တည့်တည့်မတ်မတ် ခေါ်သွားခဲ့သည်။

ဘုံကျောင်းသို့ ရောက်သောအခါ အိမ်ရှေ့ခန်းမကို ပြုပြင်ရန် အမိန့်ပေးကာ ပစ္စည်းများ နှင့် လုပ်အားအတွက် ငွေအလုံအလောက် ပေးလိုက်သည်။

"ကျွန်တော် ပင်မခန်းမကို သေသေချာချာ ကျက်သရေရှိအောင် ဆွဲထားတာမို့ မဝင်သွားပါနဲ့"

သူတစ်ယောက်တည်းသာ ပင်မခန်းမဆောင်သို့ ဝင်လာခဲ့သည်။ ပင်မခန်းမအတွင်းရှိ ထူးကဲသော စွမ်းအားများက နတ်ကွန်းထဲသို့ ဝင်ရောက်သွားကာ တစ်စုံတစ်ခု အသွင်သဏ္ဌာန် ပုံဖော်လို့နေသည်။ ဒါက ချန်ရှီကို အံ့အားသင့်စေသည့် အချက်ပင်။ နတ်ကွန်းက ထူးကဲသော စွမ်းအားဖြင့် နတ်သဏ္ဌာန် အသွင်အပြင်ကို ပုံဖော်နေတာပဲ ဖြစ်သည်။

တောင်တန်းအရှင်ဘုံကျောင်းဟာ အမြဲတမ်း ထူးကဲသော တန်ခိုးရှိသော်လည်း နတ်သဏ္ဌာန်မရှိခဲ့ပေ။ အခုမှဘာလို့ နတ်ဘုရားရဲ့ သဏ္ဌာန်ကို ပြန်လည်ဖန်တီးနေရသလဲ။ သေချာပေါက် သူကိုယ်တိုင်ကလွဲလို့ တခြားဘယ်သူမှ မကြာခဏ မရောက်ဖြစ်ပါဘူး။

"အဲ့ဒီကျောက်တုံးနဲ့များ ဆိုင်​​နေတာလား"

ချန်ရှီ အံ့အားသင့်စွာဖြင့် စာအုပ်သေတ္တာထဲမှ ကျောက်တုံးကို ထုတ်ယူလိုက်သည်။ ယခု ကျောက်သေတ္တာကြီးက ထူးဆန်းနေပြီးသားမလို့ အတွင်းထဲမှ တစ်စုံတစ်ရာ ထွက်လာနိုင်ချေရှိသည်။

"နတ်ကွန်းမှာ ဖွဲ့စည်းထားတဲ့ဟာက တောင်တန်းအရှင် ဖြစ်နိုင်ပါ့မလား.... ဘာပဲဖြစ်ဖြစ် နတ်ဝိညာဥ် ဖွဲ့ပြီးရင်တော့ သိရမှာပါ!"

သူသည် ဘုံကျောင်းတံခါးကို ပိတ်ပြီး ကျက်သရေရှိသော ကမ္ပည်းပြားကို ချိတ်ဆွဲကာ အဆောင်လက်ဖွဲ့လည်း ကပ်ထားခဲ့သည်။ ဘုံကျောင်းအနီးသို့ တစ်စုံတစ်ယောက် ရောက်လာပါက စိတ်ဝိညာဉ်ကို ထိခိုက်စေလိမ့်မည်။

ပန်းရံဆရာတွေ ဘုံကျောင်းကို စော်ကားမိသွားမှာ စိုးရိမ်တဲ့အတွက် ဒီအဆောင်လက်ဖွဲ့ကို ချိတ်ဆွဲထားရခြင်းပဲ ဖြစ်သည်။

"ငါတို့ ရှောက်ကျင်ကို အကြာကြီး စောင့်ခိုင်းထားလို့တော့ မဖြစ်ဘူး!"

ချန်ရှီ ဟေးကော်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် လူတစ်ဦးနှင့် ခွေးတစ်ကောင်သည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ သုံးကာ ရှင်းရှန်ခရိုင်သို့ ဦးတည် ထွက်ခွာသွားခဲ့သည်။ ခရိုင်​မြို့ကိုရောက်ပြီး ကျွီရှန်အဆောက်အအုံထဲ ဝင်လိုက်ကြတာနဲ့ မနက်မိုးစင်စင် လင်းလေပြီ။

ရှောက်ကျင်နဲ့ ကျောင်းဆရာ တစ်ယောက်က သူ့ကို အသင့်ထိုင်စောင့်နေကြသည်။

ရှောက်ကျင်: "ကျေးလက်ကနေ မိုင်ရာနဲ့ချီပြီး ပြေးလာခဲ့ရတာဆိုတော့ နောက်ကျတာက ပုံမှန်ပါပဲ... လာခဲ့ ငါ မိတ်ဆက်ပေးပါရစေ ဒါက ဝမ်ချိုင်ကျောင်းတော်က ကျောင်းဆရာ ဖုလိန်ရှန်းတဲ့.... လူကြီးမင်းဖု ဒါက ချန်ရှီပါ"

ချန်ရှီလည်း ကျောင်းဆရာ ဖုလိန်ရှန်းကို ဂါဝရပြုလိုက်သည်။ ဖုလိန်ရှန်း ထိုင်ခုံပေါ်တွင် ထိုင်လျက် အနည်းငယ် ခေါင်းညိတ်ပြလာ၏။

"ဒါကို အလုပ်သင် အခမ်းအနား တစ်ခုအနေနဲ့ သဘောထားလိုက်ပါ့မယ် ကျေးဇူးပြုပြီး ထပါ..."

ချန်ရှီကလည်း ပြုံးပြီး "လူကြီးမင်း... ဒီခရိုင်စာမေးပွဲမှာ ကျွန်တော့်ကို ပိုဂရုစိုက်​ပေးပါဦး"

သူက ပြောပြီး ဆယ်ချောင်းလောက် တန်ဖိုးရှိတဲ့ ငွေစက္ကူတစ်ရွက်ကို ပေးလိုက်သည်။ ဖုလိန်ရှန်းမှာ အနည်းငယ် ရှက်ရွံ့ဟန်သွားဖြင့် ရှောက်ကျင်ကို တစ်ချက်ကြည့်လေ၏။

"ဒါကို မြန်မြန်ဖယ်ထားလိုက်ပါ... ဒီတစ်ခါတော့ ငါက သခင်လေးရှောက် ဖိတ်ခေါ်လို့ ရောက်လာခဲ့တာ... မင်းရဲ့ ကျေးဇူးတွေကို ငါ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ?"

ချန်ရှီက ငွေကို ပြန်ဖယ်ထားလိုက်သည်။ သူတို့ သုံးယောက် ခဏလောက် စကားစမြည် ပြောကြပြီးနောက် ဖုလိန်ရှန်းက သူ့လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး မတ်တပ်ထရပ်သည်။

"ချန်ရှီ... မင်းအားရင် ဝမ်ချိုင်ကျောင်းတော်ကို လာကြည့်လှည့်"

"ဟုတ်ကဲ့... နေ့လည်ဆို ဆရာ့ဆီ ထပ်လာခဲ့ပါ့မယ်"

သူထွက်သွားပြီးနောက် ချန်ရှီ ရှောက်ကျင်ကို ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်သည်။ ရှောက်ကျင်က အပြုံးတစ်ခုနဲ့ လက်ဝေ့ယမ်းပြ၏။

"ဒါက အသေးအမွှားလေးပါ"

ချန်ရှီ ကြွက်အမြီးဖျားများကို ထုတ်ယူပြလိုက်သည်။

"အစ်ကိုရှောက်... ကျွန်တော်လည်း ဒီရက်ပိုင်း ရတနာတစ်ခု ရထားတယ် အစ်ကိုရှောက် ကြည့်ကြည့်လိုက်!"

ရှောက်ကျင်လည်း ကြွက်အမြီးဖျားကို ကောက်ကိုင်ကြည့်လိုက်သည်။ အသားက ကျောက်စိမ်းလို ကြည်လင်ပြီး ဖောက်ထွင်း မြင်ရသည်။ ဆုပ်ကိုင်ထားတဲ့အခါ အနည်းငယ် ပျော့နေသေးသည်။ ဒါက ဘာမှန်း မပြောနိုင်တဲ့အတွက် ချန်ရှီကိုသာ မေးရတော့သည်။

"ဒါက ဘာလဲ"

ချန်ရှီက သုံးနိုင်တဲ့ ဖြစ်စဉ်ကို ရှင်းပြလိုက်သည်။

"ကြွက်ကြီးက သေသွားပေမယ့် အမြီးဖျားနဲ့ခေါင်းကို ထိလိုက်ရုံနဲ့ လူတွေကို ခဏ​လေး အိပ်ပျော်သွားစေနိုင်တယ်... အိပ်မပျော်တာကို ကုသပေးနိုင်တာမျိုး ဖြစ်နိုင်တယ်... စျေးကောင်းကောင်းနဲ့ ရောင်းနိုင်မလားလို့ တွေးမိတာနဲ့ ယူလာလိုက်တာ"

ချန်ရှီလည်း စိတ်ပူသွားသည်။ ကြွက်အမြီးဖျားက အဖိုးတန်သလားဆိုတာ သူတကယ် မသိချေ။ ရှောက်ကျင်ရဲ့ မျက်နှာကလည်း အနည်းငယ် ပြောင်းလဲသွားကာ ရုတ်တရက် ထရပ်လိုက်သည်။ သူက ဘီလူးတစ်ကောင်ကို မြင်နေသကဲ့သို့ ထိုအမြီးထိပ်ကို ကြည့်ရင်း သူ့အမူအရာမှာ မသေချာမရေရာသလို ဖြစ်လာ၏။

ချန်ရှီလည်း အံ့သြသွားသည်။ သူဘာကြောင့် ဒီလောက်ကြီးကျယ်တဲ့ တုံ့ပြန်မှုကို ပြသလိုက်တာလဲ။

"ညီလေးချန်ရှီ... မင်း ဒီပစ္စည်းကို တကယ်မသိတာလား"

ရှောက်ကျင် ခဏအတွင်း ပြန်ငြိမ်သက်သွားသည်။ သူက နောက်တစ်ကြိမ် ထိုင်ကာ ခေါင်းယမ်းလိုက်ပြန်၏။

"ဒီဟာက အိပ်မပျော်တာကို ကုသပေးတာလောက် မရိုးရှင်းဘူး... ဒါ့ထက် ပိုအန္တရာယ်များတယ်... ရှောင်ထောင်း...ရှောင်ထောင်း ဝင်လာခဲ့!"

ချောမောလှပသော မိန်းကလေးတစ်ယောက် ဝင်လာသည်။

"သခင်လေး... ဘာအမိန့်ရှိလဲ"

ရှောက်ကျင်လည်း ကြွက်အမြီးဖျားကို ကောက်ကိုင်လိုက်ပြီး ရှောင်ထောင်းရဲ့ ခေါင်းကို အကြိမ်အနည်းငယ် ပွတ်သပ်ပေးလိုက်တဲ့အခါ ရှောင်ထောင်းလည်း မြေပြင်ပေါ်တွင် လှဲ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား​လေသည်။

ရှောက်ကျင် ချန်ရှီကို လှည့်ကြည့်ပြီး။

"နားလည်​ပြီလား"

ချန်ရှီက ခေါင်းခါပြီး "ဒါက အိပ်မပျော်တာကို ကုသတဲ့နည်းပဲမလား....နေဦး! ဒီလိုနည်းနဲ့ ပစ္စည်းကို လုယက်လို့ရတယ်လို့ ပြောချင်တာလား"

ရှောက်ကျင်: "မင်းက ငယ်သေးတယ်... ဒီအရာရဲ့ အံ့ဖွယ်သုံးနည်းကို နားမလည်သေးဘူး.... ဒီဟာက ပန်းကောက်ဖို့ သုံးလို့ရတယ်... ဒီပစ္စည်းသာ ပျံ့သွားရင် မိန်းကလေးတွေ ဘယ်လောက်တောင် နာမည်ပျက်လိုက်မလဲ မသိဘူး!"

ချန်ရှီ နားလည်ပုံပေါက်ပေမယ့် သူမေးချင်တာကို မေးလိုက်သေးသည်။

"ဒီပစ္စည်းက အဖိုးတန်သေးလား"

ရှောက်တင် ခဏတုံ့ဆိုင်းသွားပြီး :"တန်ဖိုးရှိမယ်... ဆိုင်သေးသေးလေးတစ်ဆိုင်က ဒီပစ္စည်းကို ပြောင်ပြောင်တင်းတင်း ရောင်းပြရင် တစ်ယောက်ကို ငွေစတစ်ရာနဲ့ ပေးရောင်းရင်တောင် ရောင်းကုန်လိမ့်မယ်.... တစ်ခုက လုယက်ဖို့၊ နောက်တစ်မျိုးက ပန်းတွေကို စုဆောင်းဖို့၊ တတိယကတော့ လူသတ်ဖို့ အကုန်လုံး အရမ်းအသုံးဝင်တယ်.... ရက်အနည်းငယ်ကြာရင် ခရိုင်ကလူတွေ အားလုံး အထိတ်တလန့် ဖြစ်သွားကြလိမ့်မယ်"

ချန်ရှီလည်း လန့်သွားပြီး။

"ဒါဆို ကျွန်တော် မရောင်းဘူး!"

ရှောက်ကျင်က ခေါင်းခါသည်။

"ဆိုင်က စုဆောင်းရဦးမယ် အရင်သိမ်းထားပေးမယ်... တခြား သင့်တော်တဲ့ အသုံးအဆောင်တွေ ရှိလား နောင်ကျရင် ငါတို့ ဒီအကြောင်း ဆက်ပြောကြမယ် မင်းမှာ အမြီးဘယ်လောက်ရှိလဲ"

ချန်ရှီ: "အစ်ကိုရှောက် ဒီဟာကို မကောင်းမှုလုပ်ဖို့ မသုံးဘူးမလား?"

"ငါ မကောင်းတာ မလုပ်ပါဘူး"

ချန်ရှီသည် စာအုပ်သေတ္တာထဲမှ ကြွက်အမြီးများကို ထုတ်ယူပြလိုက်သည်။ စာအုပ်သေတ္တာထဲတွင် ကြွက်အမြီးက သုံးလေးရာအထိ ရှိနေတာကြောင့် ရှောက်ကျင်ပင် တုန်လှုပ်သွားရ၏။ ချန်ရှီက အကောင်းဆုံးငါးကောင်ကို သီးသန့် ဖယ်ပြသည်။

"ဒါက ရွှေအမြုတေအဆင့်က ကြွက်ငါးကောင်ရဲ့ အမြီးဖျားပဲ... အကျိုးသက်ရောက်မှုက ပိုကောင်းနိုင်တယ်... ကျင့်ကြံမှု အားနည်းပြီး အသားပိုညံ့တဲ့ ကြွက်အမြီးတွေလည်း ရှိတယ်"

"ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ငါက​ ငွေ၁၂စ နဲ့ လက်ခံပေးမယ်... မင်းဘယ်လိုထင်လဲ"

ချန်ရှီ ညင်သာစွာပဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုစဥ် ရှောက်ထောင်းက မြေပြင်မှထကာ သံသယစိတ်ဖြင့် မေးလာသည်။

"သခင်လေး....ကျွန်မ ဘာလို့ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတာလဲ... ဘာဖြစ်သွားတာလဲ"

ရှောက်ကျင်က သူမခေါင်းကို ထပ်မံ ပွတ်လိုက်ပြန်ရာ ကောင်မလေးလည်း မတ်တပ်ရပ်လျက် အိပ်ပျော်သွားခဲ့သည်။ ရှောက်ကျင် သက်ပြင်းချရင်း။

"ဒီအရာက တကယ်ကို ဘီလူးတစ်ကောင်ပဲ.. လူတွေရဲ့ နှလုံးသားထဲက မကောင်းတဲ့ အတွေးတွေကို နှိုးဆွပေးနိုင်မှာ သေချာတယ်... ငါ ဒီအရာကို ရခဲ့ရင်တောင် ဆိုးညစ်တဲ့ မီးတောက်ကိုတော့ မဖန်တီးပါဘူး"

သူက ကြွက်မြီးအဖျားများကို ရေတွက်ပြီးနောက် ငွေစက္ကူတွေကို ချန်ရှီလက်ထဲ ထည့်ပေးလိုက်သည်။

"ရတနာတွေ ရှိသေးရင် ဆိုင်ကို လာခဲ့... ဆိုးရွားလွန်းရင်တော့ ဖျက်စီးပစ်လိုက်တာ ပိုကောင်းမယ်"

ချန်ရှီ အစကတော့ ကျောက်သေတ္တာပေါက်စကို ထုတ်ပြဖို့ စီစဉ်ထားသော်လည်း ရှောက်ကျင်က ကြွက်အမြီးဖျားနဲ့ ဘာလုပ်မလဲ မသိရသေးသောကြောင့် မထုတ်တော့ဘဲ “သူဘာလုပ်မလဲ အရင် ​စောင့်ကြည့်ရအောင်” ဟုသာ တွေးလိုက်သည်။

All Chapters