မြေခွေးမိန်းကလေး ဖေးဖေး
Vol. 6 Ch. 84
ရှောက်ကျင်ဟာ ချန်ရှီကို ပြန်လွှတ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေလိုက်သည်။ သူ့ဘေးမှာ သေတ္တာတစ်လုံးရှိ၏။ အထဲမှာ ချန်ရှီ သူ့ဆီရောင်းထားတဲ့ ကြွက်အမြီးသုံးရာကျော်ကို ထည့်ထားသည်။
သူ့အမူအရာက မှောင်မိုက်နေပြီး မသေချာမရေရာဖြင့်။
"ဒီပစ္စည်းတွေကို ကျွီရှန်အဆောက်အအုံမှာ အရင် သိမ်းထားသင့်တယ်...ပြီးရင် လျှော့ဈေးနဲ့ရောင်းမယ် နောက်နည်းနည်း ထပ်တင်ပြီး စျေးမြှင့်မယ်... မကြာခင်မှာ တစ်ယောက်ယောက်က ဒီအရာရဲ့ မှော်ဆန်တဲ့ အကျိုးကို ရှာတွေ့သွားရင် ဒီသတင်းက ပြန့်သွားမှာပဲ... အဲ့ကျရင် တစ်ယောက်ယောက်ကဒါကို ဈေးကြီးပေးဝယ်မှာ သေချာတယ်...ငါ့ဘက်က ကုန်ပစ္စည်းကို ထိန်းချုပ်ပြီး စျေးနှုန်းမြှင့်လိုက်တာနဲ့ ငွေအများကြီး ရလိမ့်မယ်..."
"ရှင်းရှန်၊ ရေနွားခရိုင်နဲ့ တခြားအနီးနားက ခရိုင်တွေနဲ့ မြို့တော်တွေမှာ သံဦးထုပ်တစ်သုတ်ကိုလည်း ကြိုတင် ဝယ်ထားလို့ရတယ်... ဒီဟာ ပျံ့သွားရင် အကုန်လုံး ထိတ်လန့်သွားမှာ သေချာတယ်... အဲဒီအခါမှာ သံဦးထုပ်တွေ ရှားပါးလာပြီး ငါ့ဆီမှာပဲ လာဝယ်လို့ရတော့မယ်... သံဦးထုပ်တွေက ပန်းပဲဆိုင်မှာ လုပ်ဖို့ အရမ်းကြာမှာ... လူတွေက ကိုယ့်ကိုကိုယ် ကာကွယ်ချင်ရင် ငါ့ဆီကနေ ပိုက်ဆံအများကြီး ပေးဝယ်လို့ရမယ်"
"ငါက စီးပွားရေးသမား သူရဲကောင်း မဟုတ်ဘူး... စီးပွားရေးသမား တစ်ယောက်ပဲ ငွေရှာတာက ငါ့ရဲ့ အဓိက လမ်းကြောင်း... ဒါပေမယ့်... လူတွေ အများကြီးကို သေစေလိမ့်မယ်!"
သူ ထိတ်လန့်စွာနဲ့ တိုးတိုးလေးပြောပြီး
"ဒါကြောင့် မိန်းကလေး ထောင်ပေါင်းများစွာ နာမည်ပျက်ရလိမ့်မယ်... ဒီအတွက်ကြောင့် လူပေါင်း ထောင်နဲ့ချီ သေရလိမ့်မယ် မိသားစုတွေ အများကြီး ပျက်စီးကုန်လိမ့်မယ် ဒီဟာကို ဖျက်ဆီးရလိမ့်မယ်... ကမ္ဘာကို မထိခိုက်စေဖို့ မီးရှို့ပစ်သင့်တယ်"
သူသည် မီးတောက်သုံးခုအဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်သည်။ ၎င်းကို သေတ္တာပေါ်မှာ ကပ်ထားသရွေ့ အဆောင်လက်ဖွဲ့သည် သေတ္တာနှင့် ၎င်း၏ အမြီးဖျားများကို အတူတကွ လောင်ကျွမ်းစေမှာပဲ ဖြစ်သည်။
"ငွေ ၃၆၀၀ ကျော်ကို ငွေ ၄၀၀၀၀ အထိ ပြောင်းလဲပစ်နိုင်တယ်... မြေကြီးပေါ်မှာ မီးရှို့ပစ်တာက စီးပွားရေး ကျင့်ဝတ်နဲ့ ဆန့်ကျင်နေပြီ.... မရှို့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပါလာဦးမယ်... မှန်ကန်တဲ့လမ်းကို မလိုက်ဘူးဆိုရင် ဘယ်လိုလုပ် စီးပွားရေးလုပ်မလဲ... စီးပွားရေးက နည်းမှန်လမ်းမှန် မဟုတ်ဘူးလား"
သူ့နှလုံးသားထဲမှာတော့ ကောင်းကင်နဲ့ လူသားကြားက စစ်ပွဲတစ်ခု ဖြစ်နေကာ ချီတုံချတုံ ဖြစ်နေခဲ့တယ်။ ထိုအချိန်တွင် ရှောင်ထောင်း ဝင်လာပြီး စားပွဲနှင့် ကုလားထိုင်များကို သုတ်ပေးရင်း သူ မလှုပ်မယှက် ဖြစ်နေတာကို မြင်တော့ ပြုံးကာ မေးလိုက်သည်။
ရှောက်ကျင်လည်း စိတ်ပျက်သွားတာကြောင့် အမြီးဖျားရဲ့ လုပ်ဆောင်ချက်ကို ရှင်းပြပြီး ချီတုံချတုံနဲ့ သူ့အတွင်းစိတ်ထဲက ရုန်းကန်မှုတွေကို ထုတ်ဖော်ပြလိုက်သည်။
"ငါ ငယ်ငယ်လေးကတည်းက စီးပွားရေးလုပ်ခဲ့တာ..ယ စီးပွားရေးကျင့်ဝတ်ကို မလိုက်နာချင်ဘူး အမှားအယွင်း မလုပ်ချင်သလို အိမ်နီးနားချင်းတွေကို ထိခိုက် နစ်နာစေတာမျိုးလည်း မလုပ်ချင်ဘူး... လူကြီးလူကောင်း တစ်ယောက်ရဲ့ ပိုက်ဆံကို နှစ်သက်ပြီး မှန်ကန်တဲ့လမ်းကို လိုက်ချင်တယ်"
ရှောက်ကျင်က သေတ္တာထဲက အမြီးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ကျွန်မ အခုနတုန်းက နှစ်ခါလောက် အိပ်ပျော်သွားတယ်... အဲဒါက ဘာဖြစ်တာလဲ သခင်လေး တစ်ခုခုလုပ်ဖို့ အခွင့်အရေးကို မယူခဲ့ဘူးလား?"
ရှောက်ကျင် မျက်နှာ နီရဲလာပြီး ခေါင်းယမ်းလိုက်သည်။
.
"လူတစ်ယောက် အန္တရာယ် ရှိနေတာကို ဘယ်လိုလုပ် အသုံးချနိုင်မှာလဲ... ဒီဟာကို လျှော့မတွက်နဲ့ ကျေးလက်က ကြွက်ဝိညာဥ်က လူရဲ့ ဦးခေါင်းပေါ် အမြီးဖျားကို ဖိလိုက်တာနဲ့ အဲ့လူက သူ့လက်ခြေတွေကို စားသောက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်တယ်...."
ရှောင်ထောင်းက ခဏလောက်စဉ်းစားပြီး "မနေ့က ဟွာထိုခန်းမနားက ဖြတ်သွားတော့ ဝက်သတ်သလိုမျိုး အော်ဟစ်ဆူညံနေတဲ့ အသံတွေ အထဲကနေ ထွက်လာတာ ကြားလိုက်တယ်... မေးကြည့်မှ လူတစ်ယောက်က နတ်ဆိုးဝင်ပူးတာတဲ့.... တစ္ဆေမျက်နှာနဲ့တူတဲ့ အနာတွေက ကျောကုန်းမှာ ပေါက်နေတာလို့လည်း ပြောတယ်.... သမားတော်က လျှော်မှုန့်နဲ့ ပြုတ်ထားတဲ့ အရည်တွေကို လိမ်းပေးလိုက်တော့ ပထမတော့ အိပ်ပျော်သွားတယ်...ဒါပေမယ့် တစ္ဆေမျက်နှာကို ဓားနဲ့ လှီးဖြတ်လိုက်တော့ အော်ဟစ်ပြီး နိုးလာတာတဲ့...."
ရှောက်ကျင်က ခေါင်းယမ်းပြီး "အဲဒီလူက ကျေးလက်ကို သွားရမှာ... ကျေးလက်က အရမ်းအန္တရာယ်များပြီး လူတိုင်း အဲဒီကို မသွားနိုင်ဘူး"
ရှောင်ထောင်းက ပြုံးပြီးပြောလိုက်သည်။
"ဟွာထိုခန်းမက လူတွေ နာကျင်တာတောင် ပြန်မထနိုင်ဘဲ အိပ်ပျော်သွားအောင် လုပ်ပေးနိုင်တဲ့ တစ်ခုခုရှိရင် အဲဒီလူက အရမ်းအော်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးနေတာ... ဒီကြွက်တွေရဲ့ အမြီးဖျားကို သခင်လေးက အဲဒီရည်ရွယ်ချက်နဲ့ ဝယ်ခဲ့တာ မဟုတ်လား ... သူတို့ကို အဲဒီလို ရောင်းလိုက်ရင် ရတယ်လေ... မီးရှို့ဖို့ မလိုပါဘူး"
ရှောက်ကျင် အံ့အားသင့်သွားပြီး ရုတ်တရက် ထခုန်ကာ အလွန်ပျော်ရွှင်စွာ အော်လိုက်သည်။
"ရှောင်ထောင်း ရှောင်ထောင်း! မင်းတကယ် ငါ့ရဲ့ ကယ်တင်ရှင်ပဲ!"
သူအရမ်းပျော်သွားပြီး "ဟုတ်တယ်! ဒီဟာမှာ အကောင်းနဲ့အဆိုး ကွာခြားမှုမရှိပါဘူး... လူတွေကို ဒုက္ခပေးဖို့သုံးရင် မကောင်းပါဘူး လူတွေကို ကယ်တင်ဖို့သုံးရင် ကောင်းတာပေါ့ ဒီအခြေအနေမှာ ငါက ဘာလို့ ကောင်းတဲ့ဘက်မှာ မသုံးရမှာလဲ..."
ရှောင်ထောင်းက ကြွက်ရဲ့အမြီးဖျားကို ကိုင်ထားပြီး။
"ဒီဟာ လူတွေကို တကယ် အိပ်ပျော်စေနိုင်တာလား... သခင်လေး ကျွန််မ ထပ်အိပ်သွားရင် ရှင် တစ်ခုခု လုပ်မှာလား"
သူမသည် ကြွက်မြီးဖျားဖြင့် ခေါင်းကို ပုတ်လိုက်ရာ အမှန်တကယ် မတ်တတ်ရပ်လျက် အိပ်ပျော်သွားသည်။
ရှောက်ကျင်သည် သူမမျက်နှာပေါ်တွင် ချစ်စဖွယ် အမူအရာနှင့် ရှက်ရွံ့သော မျက်နှာကို မြင်ရသောအခါတွင် သူသည် မကောင်းဆိုးဝါးမီးတောက်ကို သည်းမခံနိုင်တော့ဘဲ သူမကိုတကယ် နှစ်သက်လာသည်။ သူ့နှလုံးသားက တဆတ်ဆတ် ခုန်လာပြီး သူမ နှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်လေသည်။
သူနောက်ထပ် ထပ်နမ်းတော့မယ့် အချိန်မှာ ကောင်မလေးက သူ့နှုတ်ခမ်းကို ကိုက်လိုက်တာကြောင့် ရှောက်ကျင်လည်း လန့်သွားပြီး ခြေတစ်လှမ်း ဆုတ်မိသွား၏။ ရှောင်ထောင်းက တခစ်ခစ်ရယ်ပြီး အောင်ပွဲခံနေတော့သည်။
"ကျွန်မခေါင်းပေါ် မတင်ထားဘူး... ရှင့်ကို လိမ်နေတာ... ရှင် ကျွန်မနှုတ်ခမ်းကို နမ်းလိုက်တဲ့အကြောင်း သခင်မကြီးကို သွားပြောလိုက်မယ်"
သူမသည် ယုန်ငယ်လေးကဲ့သို့ ပြေးထွက်သွားသည်။ ရှောက်ကျင်လည်း ကမန်းကတန်း လိုက်ကာ သူမခါးသေးသေးလေးကို ပွေ့ဖက်လိုက်သည်။
"ကလေးမလေး... ဒီတစ်ခါတော့ ငါမင်းကို ချမ်းသာပေးလိုက်မယ်!"
နှစ်ယောက်သား နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေကြသလို တစ်ယောက်က ရုန်းကန်နေစဥ် နောက်တစ်ယောက်က တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလေသည်။
......
မွန်းလွဲပိုင်းတွင် ချန်ရှီသည် ဝမ်ချိုင်ကျောင်းတော်ရဲ့ တည်နေရာကို မေးမြန်းပြီး ထွက်လာခဲ့သည်။ မကြာမီတွင် ကျောင်းတော်နား ရောက်လာ၏။ ကျောက်နံရံများသည် ယိုယွင်းနေပြီး အပြာရောင်အုတ်ကြွပ်မိုး၊ အဖြူရောင် အုတ်တံတိုင်းဖြင့် ခြံခတ်ထားသည်။ ခြံဝန်းထဲတွင် ရှေးကျပြီး ထူးဆန်းသော သစ်ပင်လည်း ရှိကာ သစ်ကိုင်းတွေက ကလေးတွေ တက်ဆော့လို့ရလောက်တဲ့ အနေအထားအတိုင်း ရိုးရိုးရှင်းရှင်း ကွေ့ကောက်နေတာ တွေ့လိုက်ရသည်။
ကျောင်းသားအချို့သည် စာအုပ်များကို ကျက်မှတ်နေသည်။ တချို့က တီးမှုတ်ကြပြီး အချို့က နံရံကို မျက်နှာမူကာ ကျစ်ဝူရှဲ့သတ်ဓားနဲ့ နံရံကို အသေသတ်ရန် ကြိုးစားနေကြသည်။ ထိုကျောင်းသားများသည် ဆယ်ကျော်သက်မှ အသက်နှစ်ဆယ်အထိရှိပြီး ချန်ရှီက ၎င်းတို့ထဲတွင် အငယ်ဆုံးဖြစ်သည်။
"နင်က... ချန်မိသားစုက ကိုကို.... တကယ် ချန်မိသားစုက အစ်ကိုကြီးပဲ"
တောက်ပသော မိန်းကလေးတစ်ဦးသည် အနီရောင် အနားစွန်းများနှင့် အနီရောင် စကတ်တိုကို ၀တ်ဆင်ထားပြီး ဘဲဥပုံမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ဖျတ်လတ်စွာ လျှောက်လာကာ သူမအသံကတော့ ပျော့ပျောင်းလေသည်။
“နင် ဘယ်လိုလုပ် မြို့ပေါ် ရောက်နေတာလဲ?"
ချန်ရှီမှာ သူမနှင့် အနည်းငယ်မျှပင် မရင်းနှီးသောကြောင့် ရိုရိုသေသေ ပြန်နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ချန်ရှီပါ... မိန်းကလေးက..."
"ငါက မြေခွေးမျိုးနွယ်... ဟူမိသားစုက ဟူဖေးဖေးပါ"
ဘဲဥပုံမျက်နှာရှိတဲ့ ကောင်မလေးက ပြုံးပြီးပြော၏။
"နင်တို့ မြေးအဘိုးနှစ်ယောက် ငါတို့အိမ်လာလည်တုန်းက ငါ လက်ဖက်ရည် ငှဲ့ပေးသေးတယ်လေ..."
ဤတော့မှ ချန်ရှီလည်း ဒီမိန်းကလေးကို ယောင်ဝါးဝါး တွေးမိကြောင်း ရုတ်တရက် သတိရလိုက်ပေမယ့် အဲဒီအချိန်က သူ့အဖိုးနဲ့အတူ မုတ်ဆိတ်မွေးနဲ့ စကားပြောနေခဲ့တာကြောင့် သူမကို သေသေချာချာ မကြည့်မိခဲ့ချေ။
ဒါပေမဲ့ ဟူမိသားစုရဲ့ ခြံဝင်းထဲက လူတွေဟာ နတ်ဆိုးတွေပဲ မဟုတ်ဘူးလား။ ရှဲ့၊ ဆွေ့တွေက ခရိုင်ကို ရောက်လာပြီး ကျောင်းမှာ ဘယ်လိုလုပ် ကျောင်းတက်နိုင်မှာလဲ။
နောက်ပြီး မြို့ထဲမှာ နတ်ဆိုးတွေ မရှိဘူးလို့ မပြောခဲ့ဘူးလား။
ဟူမိသားစုက ဒီကောင်မလေးက ဘယ်လိုလုပ် မြို့ကို ရောက်လာတာလဲ။
"ငါတို့ ဟူမိသားစုက တခြားနတ်ဆိုးတွေနဲ့ မတူဘူး..."
ဟူဖေးဖေးက ပတ်ဝန်းကျင်မှာ ဘယ်သူမှ မတွေ့တဲ့အတွက် ချန်ရှီနားရွက်နားကို ကပ်ပြီး ပြောပြလာသည်။
"လရောင်ကို ငါတို့မစုပ်ထားသရွေ့ ငါတို့က မကောင်းဆိုးဝါးတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ...နင်တွေ့ဖူးတဲ့ မြေခွေးတွေ အားလုံးက လရောင်ရဲ့ အနှစ်သာရကို စုပ်ယူတယ် လေ့ကျင့်နည်းကို မသိနားမလည်တော့ နတ်ဆိုးတွေ ဖြစ်ကုန်တာ... ငါတို့ဟူမိသားစုမှာ သင်ယူမှုသမိုင်းကြောင်း ရှည်လျားတယ် ကိုယ့်ကိုကိုယ် နတ်ဆိုးတွေလို့ မမှတ်ယူဘူး... ဘုရင်ကျန်း ခေတ်တုန်းက ငါတို့ကို မြေခွေးကျင့်ကြံသူတွေလို့ ခေါ်ကြတယ်...."
သူမအသံသည် ပျော့ပျောင်းပြီး ခန္ဓာကိုယ်က မွှေးပျံ့နေသည်။ သူမ အလွန်နီးကပ်လာသောအခါ သူမရဲ့ နှုတ်ခမ်းနီရဲလေးနဲ့ ပြောင်ပြောင်တင်းတင်း မျက်နှာက ချောမောပြီး လူများကို ရိုင်းစိုင်းတဲ့ အတွေးတွေ ဝင်လာစေမိမှာ သေချာသည်။
ချန်ရှီကတော့ ဤကဏ္ဍအကြောင်း သိပ်မသိသောကြောင့် စိတ်ဝင်တစား နားထောင်နေခဲ့သည်။
"ဒါ့အပြင် ခရိုင်မှာ ကျောင်းငါးကျောင်း ရှိတယ်... ကျောင်းတိုင်းမှာ ဟူမိသားစုက ညီအစ်ကိုမောင်နှမတွေ ရှိတယ်..."
"ငါတို့ ဝမ်ချိုင်ကျောင်းတော်မှာတောင် သုံးယောက် လေးယောက် ရှိတယ်.... ငါတို့ ဟူမိသားစုက အသက်ငါးဆယ်မှာ မိန်းမတွေအဖြစ် ပြောင်းလဲနိုင်ပြီး အသက် ၁၀၀ မှာ မိန်းမလှလေးတွေ ဒါမှမဟုတ် ယောက်ျားဖြစ်အောင် လုပ်ပြီး တခြားသူတွေနဲ့ လိင်ဆက်ဆံတယ်.... နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ပြီးရင်တော့ ကောင်းကင်နဲ့ ဆက်သွယ်နိုင်ပြီး ကောင်းကင်မြေခွေးလို့ ခေါ်တဲ့ အဆင့်ရောက်နိုင်တယ်... ကျောင်းတက်ရတာ အရမ်းမိုက်တယ်... ပြီးတော့ ငါတို့ ညီအစ်မတွေက စာသင်သားတွေကို ကြိုက်တယ်လေ..."
သူမသည် လက်သည်းများကို ကိုက်ကာ ချန်ရှီကို ပြုံးလျက် ကြည့်နေသည်။ သူမမျက်လုံးများက အတော်လေး ဆွဲဆောင်မှုရှိ၏။ ချန်ရှီသည် ယောက်ျားနှင့်မိန်းမအကြောင်း အလုံးစုံကို သိသော်လည်း ထိုအကြောင်းကို မသိသေးသလို တုန်လှုပ်ချောက်ချားသွားသည်။
“ဘာလို့ စာသင်သားတွေကို ကြိုက်တာလဲ”
ဒီမေးခွန်းကြောင့် ဟူဖေးဖေးလည်း မြေပြင်ပေါ် ကျောက်ခဲတွေကို ကန်ချလိုက်ပြီး။
"မသိဘူး... ဒါပေမယ့် သဘောကျတယ် ငါတို့က မိန်းမတွေအဖြစ် အသွင်ပြောင်းပြီးတဲ့အခါ စာသင်သားတွေဆီမှာ ငါတို့ကို ဆွဲဆောင်နိုင်တဲ့ အငွေ့အသက်တွေ ရှိနေတယ်လို့ အမြဲတမ်း ခံစားနေရတာပဲ..."
ဒီအခြေအနေသည် ဟိုးရှေးရှေးကတည်းက ဖြစ်ပျက်နေခဲ့တာပင်။ အဘယ်ကြောင့်ဆိုသော် ချန်ရှီကို သူမ မြင်လိုက်ရသောအခါတွင် သူ့အား သွေးဆောင်ချင်လာသည်။ ကံမကောင်းစွာပဲ ချန်ရှီသည် သူမ၏သွေးဆောင်မှုကို မခံစားနိုင်လောက်အောင် ငယ်လွန်းနေပါသည်။
“ဦးလေးက ဘယ်လိုမြေခွေးမျိုးလဲ”
ဟူဖေးဖေး: "ဘိုးဘေးက ကောင်းကင်မြေခွေး... အသက်ထောင်ပေါင်းများစွာရှိပြီ"
ချန်ရှီ လန့်သွားသည်။
ဒါထက်ပို၍ စိတ်ရှုပ်စရာ ကောင်းတာကတော့ လူသည် အနှစ်တစ်ရာ ကြာပြီးနောက် သေရလိမ့်မည်။ အဲဒီတော့ မြေခွေးတစ်ကောင်က ဘာကြောင့် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေရတာလဲ။
မုတ်ဆိတ်မွေးရှိတဲ့ အဘိုးကြီးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုမှ နိမ့်နေမှာ မဟုတ်ချေ။
ဒီနေရာမှာ တစ်ခုခု မှားနေရမည်။
ထိုစဥ် ဖုလိန်ရှန်း ထွက်လာတာကို တစေ့တစောင်း မြင်လိုက်ရတော့ ကောင်မလေးက အနောက်ကနေ အမြန်ထွက်သွားသည်။ ချန်ရှီလည်း ယဉ်ယဉ်ကျေးကျေးပြောပြီး ရှေ့ကို လှမ်းလိုက်တယ်။
“လူကြီးမင်းဖု... အငယ်တန်း ကျောင်းသားချန်ရှီ ဂါရဝပြုဖို့ ရောက်လာပါပြီ”
ဖုလိန်ရှန်း: "ကောင်းပြီ အဆင်ပြေပါတယ်... ချန်ရှီ စိတ်ကျဉ်းကျပ်နေစရာ မလိုပါဘူး ကိုယ့်အိမ်လို သဘောထားပါ... ငါ မင်းကို အတန်းဖော်တွေနဲ့ မိတ်ဆက်ပေးမယ်... မင်းရဲ့ အတန်းဖော်တွေကို သိအောင် လုပ်ထားရမယ်နော်... ငါ့ ဝမ်ချိုင်ကျောင်းတော်က နည်းနည်းကြမ်းပြီး ယိုယွင်းနေတယ် ပြင်ဖို့ ပိုက်ဆံလည်း မရှိဘူး... ငါ မင်းတို့ ကျောင်းသားတွေကို ခက်ခဲအောင် လုပ်မိပြီ"
ချန်ရှီ ငွေစက္ကူကို ထုတ်ယူပြီး "ဆရာက အရမ်းဆင်းရဲတာကို ကျောင်းသားတွေ မြင်ရင် အရမ်းစိတ်မချမ်းမသာ ဖြစ်ကုန်လိမ့်မယ်... ဒီငွေနည်းနည်းလေးနဲ့ ကျောင်းကို တိုးတက်အောင် လုပ်နိုင်ရင် ကျောင်းသားတွေအတွက် ကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်..."
ဖုလိန်ရှန်းက ပိုက်ဆံကို လက်ခံလိုက်သည်။
"မင်းက တကယ်ကို တွေးခေါ်တတ်သူပဲ ဘယ်စာအုပ်တွေ ဖတ်လေ့ရှိလဲ?"
"အများစုက ကွန်ဖြူးရှပ်ရဲ့ ဆိုးရိုးစကား၊ ကဗျာတွေ၊ စာအုပ်တွေ၊ သင်ယူမှုကြီးတွေနဲ့ ဆိုလိုရင်းလိုမျိုး ဂန္တဝင်စာအုပ်တွေပါ..."
ဖုလိန်ရှန်း: "ဆရာကြီးရဲ့ ဂန္တဝင်စာပေတွေက ခရိုင်စာမေးပွဲကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်... မင်း မှော်ပညာကိုရော လေ့ကျင့်ဖူးလား"
ချန်ရှီက နှိမ့်ချစွာ ပြန်ပြောခဲ့သည်။
"ရက်ပိုင်းလောက်က ကျစ်ဝူရှဲ့သတ်ဓားကို ရက်အနည်းငယ်လောက် သင်ယူခဲ့ပြီးပါပြီ... ဒါကြောင့် အဲဒါကို အခြေခံလောက်တော့ သဘောပေါက်ထားပါတယ်"
"သဘောပေါက်ထားရင် လုံလောက်ပြီ... ရှင်းရှန်မြို့ရဲ့ ခရိုင်စာမေးပွဲမှာ ဒီတစ်ခါ စာမေးပွဲအတွက် အလားအလာ အရမ်းကောင်းတဲ့ လူက ထျန်းဟွာယိ ဆိုတဲ့ ငါ့တပည့်ပဲ... မင်း စာမေးပွဲမှာ ကောင်းကောင်း မအောင်မြင်ရင်တောင် မင်းကို လိုက်လျောညီထွေ ဖြစ်အောင် ငါကူညီပေးမယ်... မင်းအောင်မြင်မှာပါ"
ချန်ရှီလည်း သူ့ကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောလိုက်သည်။
"ကျွန်တော်သာ အောင်ရင် လူကြီးမင်းကို သေချာပေါက် ကန်တော့ပါ့မယ်"
ဖုလိန်ရှန်းလည်း ဒီကလေးက ဥာဏ်ရည်ထက်မြက်ပြီး သူ့ကို တော်တော်ကြိုက်တာကို တွေ့တော့ ပျော်သွားသည်။
"မင်း နောက်တစ်ခါ လက်ဆောင်ကြီးကြီး ယူလာစရာ မလိုပါဘူး... လက်ဖက်ခြောက် နည်းနည်းပဲ ယူလာပေး...ငါက လက်ဖက်ရည်ကြမ်း သောက်ရတာ ကြိုက်တယ်"
ချန်ရှီ သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။ ဖုလိန်ရှန်းက သူ့ကို ကျောင်းတော်ထဲ တစ်ပတ်လောက် ခေါ်သွားပေးလေ၏။
"ခရိုင်စာမေးပွဲဖြေဖို့ ငါးရက် ကျန်သေးတယ်... ဒါကြောင့် မနှောင့်နှေးပါနဲ့ မပေါ့ဆပါနဲ့...မင်းရဲ့အတန်းဖော်တွေကို အရင်သိကျွမ်းအောင် မိတ်ဆက်လိုက်ဦး..."
နောက်တော့ သူက အမြန်ထွက်သွားတော့သည်။ ဖုလိန်ရှန်း ထွက်သွားတာနဲ့ ဟူဖေးဖေး ပြန်ရောက်လာပြန်၏။ သူမက ပြုံးပြီး။
"ဒီပိုက်ဆံကို စွဲနေပြန်ပြီ... နင်သူ့ကို ပိုက်ဆံပေးလိုက်တာလား"
ချန်ရှီ ခေါင်းညိတ်လိုက်သည်။
"လူကြီးလူကောင်း တစ်ယောက်က ငွေကို ကြိုက်တယ်တဲ့... ဒါပေမယ့် ငွေကို စွဲလမ်းလွန်းတဲ့ လူတွေက ပိုက်ဆံကို ချစ်ပေမယ့် လူတွေကို ဂရုမစိုက်တတ်ဘူး... သူက လူကြီးလူကောင်း မဟုတ်ဘူး သူ့တပည့်ရဲ့ နတ်သန္ဓေသားကိုတောင် ရောင်းစားဖူးတယ်လို့ ကြားတယ်"
ချန်ရှီ အံ့အားသင့်သွားပြီး "မဖြစ်နိုင်ပါဘူး... ကျောင်းသားတွေကို လုပ်ပါ့မလား"
ဟူဖေးဖေးက သူ့ကို လေးလေးနက်နက် ကြည့်ကာ အကြံပေးလာသည်။
"အစ်ကိုချန်... ဘဝမှာ ကောင်းကောင်းနေချင်ရင် ခရိုင်စာမေးပွဲမှာ အောင်ချင်ရင် အရမ်း ညံ့ဖျင်းလွန်းလို့လည်း မရဘူး... အရမ်းလည်း ကောင်းအောင် မဖြေပြနဲ့! မဟုတ်ရင် နင့်ရဲ့ နတ်သန္ဓေသားကို အာမခံနိုင်မှာ မဟုတ်ဘူးနော်..."
ချန်ရှီ စိတ်ပူနေတာကို မြင်တော့ သူမက ခပ်မြန်မြန်ပြုံးပြီး ပြောလေသည်။
"စိတ်မပူနဲ့... ငါဒီမှာရှိနေသရွေ့ နင့်ကိုဘယ်သူမှ မထိရဲတော့ပါဘူး ငါ့ကျောက်စိမ်းဆံညှပ် မြင်ဖူးလား... အမှောင်ထဲမှာ အရမ်း တောက်ပတယ်... လာ.... ကြည့်ဖို့ ကုတင်အောက်ကို ခေါ်သွားပေးမယ်... တကယ်တောက်နေတာနော် ငါနင့်ကိုမလိမ်ဘူး"
ချန်ရှီ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆန်လိုက်သည်။
"ငါ အိမ်ပြန်ဖို့ မိုင်တစ်ရာလောက် လမ်းလျှောက်ရဦးမယ်... အခု မထွက်ရင် အိမ်မပြန်နိုင်တော့ဘူး"
ဟူဖေးဖေးလည်း သူ့ကို လွှတ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
"အစ်ကိုချန် နောက်တစ်ခါ ငါ့ကျောက်စိမ်းဆံညှပ်ကို ကြည့်ရမယ်နော်!"
ဝမ်ချိုင်ကျောင်းတော်က ထွက်သွားပြီးနောက် ဟေးကော်ကို ခေါ်ကာ ရွာပြန်သွားခဲ့သည်။
မြေအောက်ကမ္ဘာ၌။
အဘွားရှားသည် သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ်ကို ကိုင်လျက် မှောင်မိုက်သော လေထဲတွင် လွင့်မျောရရင်း ခေါ်ဆောင်သွားသည်။ ဤကမ္ဘာကြီးဟာ အန္တရာယ်များနှင့် ပြည့်နှက်နေ၏။ မယုံနိုင်လောက်စရာ တန်ခိုးဖြင့် တည်ရှိနေသည့်အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသည့် အချိန်နှင့် နေရာများကိုလည်း ရင်ဆိုင်ရသည်။ သူတို့ကိုယ်သူတို့ နတ်တစ္ဆေများအဖြစ် အသွင်ဆောင်ထားသော်လည်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်လုနီးပါးပင်။
သို့သော် ကံကောင်းထောက်မစွာ အဘွားရှားရဲ့ အစီအရင်က ထိရောက်နေဆဲပင်။ ၎င်းတို့အား ဤဆိုးရွားသော လေထု အန္တရာယ်မှ လွတ်မြောက်စေခဲ့သည်။ တစ်ရက်နှင့်တစ်ည လှည့်လည်ပြီးနောက်မှ နောက်ဆုံးတွင် ချန်ယင်တုကို တွေ့လိုက်ရသည်။
သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပြီး နတ်တစ္ဆေတွေအဖြစ် အသွင်ပြောင်းသွားပေမဲ့ ချန်ယင်တုက ချက်ချင်းပဲ သူတို့ကို မှတ်မိသည်။ ထိုသူက ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ မေးလာသည်။
“ဒီမှာ ဘာလာလုပ်တာလဲ”
လူသုံးယောက်က သူတို့ရဲ့ တွေ့ရှိမှုကို ပြန်ပြောင်းပြောပြကြသည်။
အဘွားရှား: "စိမ်းပြာရောင် လက်သည်းအပြင် တစ်ဆယ်လေးမှာ ဝှက်ထားတဲ့ နတ်ဆိုးတစ်ကောင် ရှိနေတယ်လို့ ကျွန်မတို့သံသယ ဝင်နေတာ...အဲဒီနတ်ဆိုးက ရှင်နဲ့ တစ်ဆယ်လေးဆီမှာ နှစ်နှစ်လောက် ပုန်းအောင်းနေနိုင်တယ်... ရှင် သတိမထားမိဘူးလား"
တောင်ဆိတ်: "ပိုအရေးကြီးတာက အဲဒီနတ်ဆိုးက သရဲတစ္ဆေစားတဲ့ အကောင်ပဲ... ချန်ရှီရဲ့ရောဂါနဲ့ ဘာမှမဆိုင်ပါဘူး"
ချန်ယင်တု: "ငါသိပြီးပြီ"
သူတို့သုံးယောက် အံ့သြသွားပြီး မုတ်ဆိတ်မွေး လူကြီးက ဖြတ်မေးလိုက်သည်။
“ဘယ်လိုသိလဲ”
"ကြည့်!"
ချန်ယင်တုက သူ့လက်ညှိုးကို မြှောက်လိုက်ပြီး အနောက်တောင်ဘက်သို့ ညွှန်ပြလိုက်သည်။ သူတို့သုံးယောက်လည်း သူ့လက်ညှိုးရဲ့ ဦးတည်ရာကို ကြည့်လိုက်တဲ့အခါ အံ့အားသင့်သွားကြသည်။
အနောက်တောင်ဘက်ရှိ တောင်များသည် အုံ့မှိုင်းနေပြီး မီးခိုးရောင်နှင့် တောင်များကြားတွင် အလွန်ကြီးကျယ်ခမ်းနားသော စိမ်းပြာရောင် နတ်တစ္ဆေကြီး ရှိနေသည်။ ၎င်းရဲ့ ခန္ဓာကိုယ်တစ်ဝက်က မြေအောက်ကမ္ဘာမှာ နစ်ဝင်နေကာ ကျန်ခန္ဓာကိုယ်တစ်ဝက်က အထက်ကမ္ဘာပေါ် ဆန့်ထုတ်ထားသည်။
သူသည် စိမ်းပြာရောင် လက်မောင်းကို ဆန့်ထုတ်ထားကာ တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားလေသည်။ ၎င်းက အထက်ကမ္ဘာက တစ်စုံတစ်ခုကို လက်လွှတ်မခံချင်သလိုမျိုး တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထား၏။
ပြီးတော့ စိမ်းပြာရောင် တစ္ဆေလက်တံ တစ်လျှောက် တွားသွားတက်နေတဲ့ မြေအောက်ကမ္ဘာက သတ္တဝါတွေ ပြည့်ကျပ်နေသည်။ သူတို့သုံးယောက်သည် အေးခဲနေသော ချွေးများစွာ ဖုံးလွှမ်းသွားကာ ထိုနေရာ၌ပင် အေးခဲသွားသည်။
ထိုနတ်ဆိုးများ တွားသွားနေသည့် ဦးတည်ရာက ချန်ရှီရဲ့ ခန္ဓာကိုယ်အတွင်းကို ဆိုတာ အတိအကျပင်။ နတ်ဆိုးက တစ်ကောင်တည်း မဟုတ်။ မရေမတွက်နိုင်သော နတ်ဆိုးများသာ။
ချန်ယင်တု: "တစ္ဆေလက်ပိုင်ရှင်က ယင်းနဲ့ယန် ကမ္ဘာကြီးကို ချိတ်ဆက်ဖို့အတွက် ကျောက်ဆူးအဖြစ် ရှီလေးရဲ့နှလုံးသားကို ကိုင်ဆောင်ထားတာ... ကမ္ဘာနှစ်ခုကို ဆက်သွယ်တဲ့လမ်းကို တည်ဆောက်ဖို့အတွက် သူ့ရဲ့ သရဲလက်ကို တံတားတစ်ခုအနေနဲ့ သုံးထားတာ..."
"ရှီလေး ဖျားနာတာက ဝိညာဥ်တွေကို စားပစ်လို့ မဟုတ်ဘူး... မြေအောက်ကမ္ဘာကနေ အထက်ကမ္ဘာကို တွားသွားနေတဲ့ နတ်ဆိုးတွေ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလို့ စိမ်းပြာရောင်တစ္ဆေလက်က သူ့နှလုံးသားကို အလိုလို ဖမ်းဆုပ်ပစ်လိုက်တာ.."
အဘွားရှားနဲ့ အခြားသူများ၏ မျက်လုံးများသည်လည်း ပြူးကျယ်နေလျက်သား။ တစ်ခါဖျားတိုင်း ချန်ရှီလေးကိုယ်ထဲကို နတ်ဆိုးတစ်ကောင် ဝင်ရောက်သွားသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ချန်ရှီ အကြိမ်တစ်ရာမက ဖျားနာခဲ့သည်။
တစ်နည်းဆိုရသော် ယခုအချိန်တွင် ချန်ရှီခန္ဓာကိုယ်ထဲတွင် နတ်ဆိုးရာပေါင်းများစွာ ပုန်းအောင်းနေပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်မျှော်နေကြသည်။
"ဒါဆို……"
မုတ်ဆိတ်မွေးကြီးလည်း လည်ချောင်းခြောက်သွားသည်။
"ဒါဆို တစ်ဆယ်လေးရဲ့ ကိုယ်ထဲက နတ်ဆိုးတွေက ဘယ်အဆင့်ထိရှိလဲ?"
ပတ်ပတ်လည်မှာ တိတ်ဆိတ်နေပြီး အားလုံးက ချွေးတွေကြောင့် အေးစက်နေကြသည်။