← Chapters

နတ်ဆိုးနတ်ဘုရားလို

Vol. 6 Ch. 88

နတ်ဆိုးနတ်ဘုရားလို

Vol. 6 Ch. 88

ဒီအဖြစ်အပျက်က ချန်ရှီကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။ သူ့ခမျာ လှောင်အိမ်ထဲကနေ ခေါင်းကို ထုတ်ပြီး အပြင်ကို လှမ်းကြည့်ဖို့တောင် မထိန်းနိုင်လိုက်။

'ဖေးဖေးက လူစကား ပြောနိုင်တယ်... သူမရဲ့ ကျင့်ကြံမှုက အားမနည်းဘူးပေါ့!'

ချန်ရှီ စိတ်ထဲမှ တွေးနေသည်။

'သူမက ရွှေအမြုတေကို ဖွဲ့ထားပြီးတာ ဖြစ်မယ်... အခုနတုန်းက ငါတို့သူ့ကို ဝိုင်းဆိတ်နေတုန်းကသာ ပြန်တိုက်ရင် ငါတို့အော်ရတဲ့အထိ ရိုက်နှက်ခံရလိမ့်မယ်.... ဖုလိန်ရှန်းက ငန်းရောင်းသူကို စုံစမ်းဖို့ လာတာလား... ငန်းရောင်းသူက ကျောင်းသားပျောက်ဆုံးမှုရဲ့ တရားခံအစစ်အမှန်လို့ သံသယရှိလို့ အရှေ့ဈေးမှာ ပေါ်လာခဲ့တာများလား"

ဟူဖေးဖေးက ဖုလိန်ရှန်းဟာ ပိုက်ဆံကို ကြိုက်တယ်လို့ တစ်ချိန်က ပြောခဲ့ဖူးပြီး သူ့ကျောင်းသားတွေကိုလည်း ရောင်းစားလိုက်တယ်လို့ ဆို​သေးသည်။ ယခု အများစုမှာ ကောလဟာလများသာ ဖြစ်နေပုံပါပဲ။

ဖုလိန်ရှန်းက တကယ်သာ အဲဒီလိုလူဆိုရင် ကုချင်းမုန့်ကို လုံးဝ ဂရုမစိုက်ဘဲ အမြန်ထွက်သွားမှာပင်။ အခုက ကုချင်းမုန့်ကို အိမ်ပြန်ပို့လိုက်ပုံ ရလေ၏။ ညဘက် ခရိုင်အစိုးရရုံးကို ဖောက်ထွင်းဝင်ရောက်ပြီး သူ့အသက်ကို စွန့်စားရတယ်ဆိုတာက စဥ်းစားစရာပင်။

'ဖုလိန်ရှန်းက ငန်းဖြူကြီးတစ်ကောင် ဟူဖေးဖေးက လူစကား ပြောနိုင်တယ်လို့ ပြောနိုင်တယ်... သူက ကောင်းကင်မျက်လုံးလိုမျိုး စွမ်းအင်ကို သုံးထားရင်တောင် ဖေးဖေးက တကယ် စကားပြောနိုင်တာ ဟုတ်မဟုတ် သူဘယ်လိုလုပ် သိတာလဲ?"

ဒါကို သူတွေးပြီးတာနဲ့ ခရိုင်တရားသူကြီးရဲ့ ဇနီးသည် သူ့နောက်မှာ ကင်းခြေများ ရှည်လျားတဲ့ ကောင်ကြီး နဲ့ မြေပြင်ပေါ် တက်လာပြီး မီးပွားတွေ ပျံဝဲနေတာကို တွေ့လိုက်ရတယ်။

"မိန်းမ.... ခဏနေပါဦး"

ခရိုင်တရားသူကြီးရဲ့ ဇနီးသည်က သူ့ခင်ပွန်း ဝင်တားလာတာကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ဖုလိန်ရှန်းကို သတ်မည့်အစား ခရိုင်မှူးကန်ကိုသာ ကြည့်လိုက်သည်။

ခရိုင်မှူးကန်က တောင်းပန်လေ၏။

"လူကြီးမင်းဖု... ဒီကျောင်းသားတွေကို လွှတ်ပေးရင် ငါတို့နဲ့ ငါ့မိန်းမကို လွှတ်​ပေးမှာလား..."

ခရိုင်မှူးရဲ့ ဇနီးသည်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကန်ချွမ်း...ရှင် ဘာကိုဆိုလိုတာလဲ ပါးစပ်ထဲရောက်တော့မယ့် ငန်းတစ်ကောင်ကို ဘယ်လိုလုပ် လွှတ်​ပေးနိုင်မှာလဲ"

ခရိုင်မှူးကန်က ခေါင်းယမ်းလိုက်ပြီး။

"လင်အာ... ကိုယ်တို့ကို ရှာတွေ့သွားပြီ ဒီတရားသူကြီး နေရာကို မလုပ်နိုင်​တော့ဘူး... ဒီကိစ္စကို အစကက ငါနဲ့ ငါ့ဇနီးက လုပ်ခဲ့တာပါ... ဒီအမှားကိုပဲ ထပ်ခါတလဲလဲ ကျူးလွန်မိတယ်... ငါတို့ ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး.... လူကြီးမင်းဖု.. ရိုးရိုးသားသားပြောရရင် ငါနဲ့ ငါဇနီးက နတ်ဆိုးတွေမဟုတ်ဘူး ငါတို့က နဂိုက လူသားတွေပဲ... ငါ့ဇနီး ချွီလင်က လရောင်စက်ကွင်းလို့ ခေါ်တဲ့ ကျင့်စဥ်ကို မတော်တဆ ရခဲ့တာကနေ လရောင်ကို စုပ်ယူမိသွားတာ…”

ဒီလိုပြော​ပြီးတဲ့အခါ ခေတ္တရပ်ပြီး သူ့မျက်နှာက တဖြည်းဖြည်း အုံ့မှိုင်းသွားသည်။

ဇနီးသည်: "ကန်ချွမ်... မဘာလို့ ဒီအကြောင်းကို ပြောနေတာလဲ လက်ချင်းချိတ်ပြီး သတ်လိုက်ကြရအောင်!"

ခရိုင်မှူးကန်က ခေါင်းခါလိုက်ပြန်သည်။

"လင်အာ... ကိုယ်တို့ အမှားလုပ်မိပြီး လူတော်တော်များများကို ဒုက္ခပေးခဲ့ပြီးပြီ... ဒီအမှားကို ထပ်ခါထပ်ခါ ဘာလို့ ဆက်လုပ်နေတော့မှာလဲ.... ငါ့မိန်းမက ဒီကျင့်စဥ်ကို လေ့ကျင့်ပြီးတဲ့နောက်မှာ ပိုထူးဆန်းလာတယ်... သူ့ခန္ဓာကိုယ်ကလည်း ပြောင်းလဲသွားတယ် အထူးသဖြင့် ရွှေအမြုတေ သန့်စင်ပြီးတဲ့ နောက်မှာ လူသားဆန်စိတ် နည်းသွားတယ်"

သူက မှုန်ကုပ်ကုပ်နဲ့ ဆက်ပြောသည်။

"သူမ သွေးစားမိပြီးကတည်းက လူသားစားရတာကို စိတ်ဝင်စားလာတယ် လထွက်တိုင်း၊ နတ်ဆိုးတွေလို ပိုဆိုးလာတယ် ငါ့မိန်းမကို ငါ လေးလေးနက်နက် ချစ်တော့ သူမ ကျေနပ်အောင် လုပ်ပေးခဲ့တာ...."

"ကျေးဇူးပြုပြီး ဆရာဖုက ဒီကျောင်းသားတွေကို ခေါ်သွားလိုက်ပါ... ရှင်းရှန်ခရိုင်ရဲ့ မိဘအမှုထမ်း လုပ်ရတာ အရှက်ရှစေမိပြီ... နုတ်ထွက်ပြီးရင် ငါ့ရဲ့ တရားဝင် အမှုထမ်းဝတ်စုံကို ချွတ်ပြီး တရားဝင် တံဆိပ်တုံးကို လွှဲပြောင်းပေးပါ့မယ်... ပြီးရင် ချန်ယန်တောင်မှာ သီးသန့်နေထိုင်ဖို့ ဇနီးကို ခေါ်သွားပါတော့မယ်"

ဖုလိန်ရှန်းကလည်း သွက်လက်စွာ ကြည့်ပြီး ခေါင်းညိတ်သည်။

"ခရိုင်မှူးကန်နဲ့ ဇနီးသည်းကြားမှာ ဒီလို ဇာတ်လမ်းမျိုး ရှိ​နေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး...ကျုပ်အပြစ်ပါ ကျုပ်က ရန်လိုသူ မဟုတ်ဘူး... ဒီကျောင်းသားတွေကိုပဲ ပြန်ခေါ်သွားချင်ခဲ့တာ... ခရိုင်မှူးကန်သာ နုတ်ထွက်​ပေးရင် လူထုကို မကြေငြာ​တော့ပါဘူး"

ခရိုင်မှူးလီက ငန်းရောင်းတဲ့ အဖိုးအိုကို ခေါ်ပြီး ပြောလိုက်သည်။

"လောင်ဝူ ကျေးဇူးပြုပြီး ငန်းလှောင်အိမ်ထဲက ကျောင်းသားတွေကို ထုတ်ပေးပြီး လူကြီးမင်းဖုကို ဝမ်ချိုင်ကျောင်းတော်ကို ပို့ပေးလိုက်ပါ"

ငန်းရောင်းသူသည် ခရိုင်မှူးရဲ့ ဇနီးကို အရင်ကြည့်လိုက်သည်။ ဇနီးသည်မှာ ခေါင်းကို ငုံ့ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

"ကန်ချွမ်း... ဒီနေ့တော့ ရှင့်ဆန္ဒအတိုင်း အေးအေးဆေးဆေး နေ​ပေးပါ့မယ်"

ထိုစကားကို ပြောပြီးနောက် သူမခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ဖုလိန်ရှန်းရဲ့ မျက်လုံးတွေက နီရဲနေ၏။

"သခင်မကလည်း အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ.... ဒီလို ကျင့်စဥ်မျိုးကိုသာ မလေ့ကျင့်မိရင် နှစ်ယောက်သားက နတ်ဖက်တဲ့စုံတွဲတွေလို တခြားသူတွေက မနာလို ဖြစ်နေရမှာ အမှန်ပါပဲ"

ငန်းရောင်းသူသည် လက်ထဲတွင် ဝါးတိုင်ကိုကိုင်ကာ သစ်ပင်နားသို့ ရောက်လာသည်။ သူက ငန်းလှောင်အိမ်များကို တစ်ခုပြီးတစ်ခု ကောက်ယူကာ ငန်းလှောင်အိမ်များကို ဖွင့်ကာ အတွင်းမှ ငန်းဖြူများကို လွှတ်ပေးခဲ့သည်။

ထိုအချိန်တွင် ခွေးနက်တစ်ကောင်သည် ဘယ်နေရာက ရောက်လာတယ် မသိ ပြေးချလာကာ အဖြူရောင် ဘဲကြီးတစ်ကောင်ကို ကောက်ချီပြီး ထွက်ပြေးသွားခဲ့သည်။ ငန်းရောင်းသူလည်း ဒေါသတကြီးဖြင့် အော်ဟစ်လေတော့၏။

"ဒီခွေးကို ဘာလို့ မဖမ်းမိသေးတာလဲ... ဒီအစိုးရ အရာရှိတွေက လစာမရဘဲ အလကား ခိုင်းစားနေရတာမလို့လား"

ဖုလိန်ရှန်းလည်း မြေပြင်ပေါ် ပစ်ချလိုက်တဲ့ ဝါးတိုင်များကို ကောက်ကိုင်ပြီး ဦးညွှတ်လိုက်သည်။

"ခရိုင်မှူးကန် သခင်မ... ဒါဆို ကျုပ် သွားလိုက်ပါဦးမယ်!"

ခရိုင်မှူးကလည်း သက်ပြင်းချလိုက်ပြီး လက်ဝေ့ယမ်းပြ၏။

ဖုလိန်ရှန်းလည်း ခရိုင်အစိုးရရုံး နောက်ဖေးမှ ဝါးတိုင်ကို ကိုင်ကာ ဝမ်ချိုင်ကျောင်းတော်သို့ မောင်းထုတ်ပြီး လမ်းလျှောက်​ပြန်လာခဲ့သည်။ သူ ထွက်သွားပြီးတာနဲ့ ငန်းရောင်းတဲ့ အဘိုးအိုက တိုးတိုးလေး ဆိုသည်။

"ကျွန်တော် ငန်းတွေရဲ့ သဘောသဘာဝကို ရင်းနှီးပြီးသားပါ။ သူတို့ကို မဆုံးရှုံးရအောင် ကူညီပေးပါ့မယ်...."

ခွေးနက်ကြီးက သိမ်းယူသွားသော ငန်းဖြူကြီးသည် ယခုအခါ ခွေးနက်၏ နောက်ကျော​ပေါ်တွင် ထိုင်နေ၏။ ခွေးကို သူ့ကို ခရိုင်အစိုးရရုံး၏ နောက်ဖေးသို့ တိတ်တဆိတ် ခေါ်ဆောင်သွားသည်။ ခရိုင်မှူးကန်နဲ့ သူ့ဇနီးသည်က ထမင်းစားပွဲ၌ ထိုင်နေချိန်တွင် ကျန်တစ်ဦးမှာ ငြိမ်သက်စွာ ရပ်နေ၏။

ဇနီးသည်သည် သူ့ဘဝ အတွေ့အကြုံအတွက် ဝမ်းနည်းစွာဖြင့် မျက်ရည်များကို သုတ်နေဆဲဖြစ်သည်။

"မိန်းမ.... မငိုနဲ့တော့... လူကြီးမင်းဖုက... တကယ်ယုံသွားပြီ!"

ခရိုင်မှူးကန်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ဇနီးကလည်း ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလာနေရာမှ ပြုံးပြနေ၏။

"သူတကယ် ယုံသွားပြီ... ကျွန်မတို့က မရည်ရွယ်ဘဲ အကျင့်ဆိုးတွေ တကယ် ကျင့်မိတာလို့ ထင်နေတာ... တကယ် နတ်ဆိုးတွေပါဆိုတာ သူ ဘယ်တုန်းကမှ မထင်ထား​​လောက်ဘူး!"

ခရိုင်မှူးကန်ကလည်း သူမကို ကြည့်ကာ ရယ်မောနေသည်။

"သူ့ကို ငါတို့တကယ် လွှတ်လိုက်မယ်လို့များ ထင်နေတာလား မသိဘူး.... သူ့ရဲ့ ကျင့်ကြံမှု စွမ်းအားက ဘယ်လိုလဲ မသိထားလို့ပေါ့... ခရိုင်အစိုးရရုံးမှာ ငါတို့က သူ့ကို ဘယ်လိုလုပ် တိုက်ရဲမှာလဲ ဟားဟားဟား.... ငါတို့သာ ခရိုင်အစိုးရရုံးမှာ တိုက်ခိုက်လိုက်ရင် ငါတို့က နတ်ဆိုးတွေပါဆိုတာ လူတိုင်းကို အသိပေးသလို ဖြစ်သွားမှာလေ...."

ခရိုင်မှူးကြီးရဲ့ ဇနီးကလည်း ပြင်းထန်စွာ ရယ်မောလိုက်တဲ့အခါ သူမရဲ့ ဆူဖြိုးတဲ့ ခန္ဓာကိုယ်က တုန်သွားလေ၏။

"သူ့ရဲ့ နောက်ခံအစစ်အမှန်ကို ကျွန်မတို့ မသိသေးတော့ အရူးအမူး တိုက်ခိုက်ရင် အောင်နိုင်စရာ အလားအလာ မရှိဘူး... ဒါပေမယ့် အခု သူက ငှက်တွေလို ဖြစ်သွားပြီ... ချည်နှောင်ခံထားရတဲ့ ကျောင်းသားတွေကို အကာအကွယ် ပေးရမှာ ဆိုတော့ သူ့ကို ဖယ်ရှားပစ်ဖို့ ကျွန်မတို့မှာ ယုံကြည်မှု အပြည့်ရှိသွားပြီ"

"ပြီး​တော့ သူ့ကို လမ်း​ပေါ်မှာပဲ လတ်စဖျောက်ပစ်မယ်လေ..."

ခရိုင်မှူးကန်ရဲ့ မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာလေသည်။

"သူ့ရဲ့အဆင့်က ဘယ်လောက်ပဲ မြင့်မားပါစေ... ငန်းကျောင်းသား ဆယ်ခုနစ်ယောက်ကို ကာကွယ်ချင်တယ် ဆိုရင်တော့ သူ့ခွန်အားရဲ့ ၂၀ % ကိုတောင် အသုံးချနိုင်မှာ မဟုတ်ဘူး!"

"ဝိညာဉ်တစ်သောင်းစာတမ်းကို သိမ်းယူလိုက်တာပေါ့"

ဇနီးသည်က သိသိသာသာ စိတ်လှုပ်ရှားသွားပြီး "ဒီလို စာပေပညာရှင်က ဝိညာဥ်တစ်သောင်းစာတမ်းကို ယူပြီး လမ်းလျှောက်ထွက်ပါ့မလား!"

ခရိုင်မှူးကန်: "မိန်းမ ပြောတာလည်း မှန်ပါတယ်... ရှင်းရှန်ခရိုင်မှာ ဝိညာဉ်တစ်သောင်းစာတမ်း မရှိရင်တောင် လွဲမှားတဲ့ ဝိညာဉ်ရှစ်ထောင်စာတမ်းကတော့ ရှိမှာပဲ... အဲဒါကို လှုပ်လိုက်မယ်ဆိုရင် သေမလောက် တုန်လှုပ်သွားလိမ့်မယ်... သူ အခြေတည်ဝိညာဥ်နယ်ပယ် ဆိုလည်း သေရမှာပဲ... ကိုယ် အဲ့စာတမ်းကို သွားယူလိုက်မယ်"

ထိုစဥ် မနီးမဝေးမှ ငန်းအော်သံ တစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

သူတို့နှစ်ယောက် အသံလာရာနောက်ကို လိုက်ကြည့်တော့ ငန်းဖြူကြီးတစ်ကောင်က သူ့ခြေထောက်တိုလေးပေါ် တင်ပါးကို လှုပ်ပြီး လမ်းလျှောက်လာနေတာ တွေ့လိုက်ရသည်။ ထိုငန်းဖြူကြီးဟာ အခုနတုန်းက ခွေးနက် လုယူသွားတဲ့အကောင်ပါပဲ။

ငန်းဖြူကြီးသည် လူကိုမကြောက်တဲ့အပြင် သူတို့ကို မြင်တော့လည်း ပုန်းမနေချေ။

"ဒါနဲ့ပြောရရင် ကျွန်မ နည်းနည်း ဗိုက်ဆာလာတယ်"

ဇနီးသည်၏ မျက်လုံးများက တောက်ပလာပြီး သူမက တခစ်ခစ်ရယ်မောနေသည်။

"ဒီငန်းကို ဘာလို့ အရင်မစားတာလဲ ပြီးမှာ ဟိုစာပေ ပညာရှင်ကို သတ်လိုက်တာပေါ့!"

တစ်ဖက်တွင်တော့ ဖုလိန်ရှန်းနဲ့ ငန်းရောင်းသူတို့သည် ငန်းများကိုဆွဲလျက် လမ်းတစ်လျှောက် စကားပြောလာကြ၏။ ငန်းတွေကလည်း ဖုလိန်ရှန်းလက်ထဲမှ ဝါးတိုင်​နောက်ကို လိမ်လိမ်မာမာလေး လိုက်သွားခဲ့သည်။

ငန်းရောင်းသူ : "ကျုပ်က သခင်ကြီး အလုပ်အကျွေးပြုရင်း ခစားလာတဲ့ ကန်မိသားစုရဲ့ ကျွန်ဟောင်းတစ်ယောက်ပါ... သခင်ကြီး အရာရှိဖြစ်လာတော့ သူ့နောက်ကို လိုက်ခဲ့တယ်... ဒါပေမဲ့ သခင်​ကြီးရဲ့ဇနီးက မကောင်းဆိုးဝါး ကျင့်စဥ်တွေကို လေ့ကျင့်မိပြီး ဒီလိုဖြစ်လာခဲ့ရတယ်... ကျွန်ကလည်း ဒုစရိုက်လုပ်ဖို့ သူတို့နောက်ကို ဆက်လိုက်ခဲ့ရတယ်....သခင်မကြီးက သတ်မှာလည်း စိုးရသေးတယ်"

ဖုလိန်ရှန်း: "ခရိုင်မှူးရဲ့ ဇနီးက နတ်ဆိုးကျင့်စဥ်ကို ကျင့်မိတဲ့အတွက် ဒီလိုဖြစ်သွားတာ ဟုတ်ရဲ့လား?"

ငန်းရောင်းသူက အနည်းငယ် လန့်ဖျပ်သွားပြီး။

"ခင်ဗျားဘာကို ဆိုလိုချင်တာလဲ ကျုပ် နားမလည်ဘူး"

ဖုလိန်ရှန်းက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စာသင်သလို ရွတ်နေ၏။

"ခရိုင်မှူးရဲ့ ဇနီးဟာ နတ်ဆိုးအစစ် ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ထင်တယ်.. နတ်ဆိုးအမျိုးအစားတွေ အများကြီးရှိတယ် မြေအောက်ကမ္ဘာက နတ်ဆိုးတွေ၊ အထက်ကမ္ဘာက နတ်ဆိုးတွေ၊ မွေးဖွားလာတဲ့ နတ်ဆိုးတွေ၊ လူတွေနဲ့ တိရိစ္ဆာန်တွေ သေပြီး လရောင်ကို စုပ်ယူမိလို့ အသွင်ပြောင်းသွားတဲ့ နတ်ဆိုးတွေ... အလင်းကြောင့် ရှင်ပြန်ထမြောက်လာတဲ့ စတုတ္ထနတ်ဆိုးမှာ ကျင့်ကြံတဲ့ ထူးဆန်းမျိုးနွယ်က ရှဲ့၊ ဆွေ့နတ်ဆိုးတွေ... ပဉ္စမအမျိုးအစားက လရောင်အနှစ်သာရကို စုပ်ယူမိလို့ ပြောင်းလဲလာတဲ့ နတ်ဆိုးတစ်မျိုး...."

ငန်းရောင်းသူက ပြုံးပြီး "လူကြီးမင်းဖုက ကျုပ်ထက် ဒီကိစ္စကို ပိုသိနေတာပဲ..."

"ကျုပ်က ခင်ဗျားထက် ပိုသိတယ် ဘာလို့လဲဆိုတော့ ကျုပ်ပတ်ဝန်းကျင်မှာ ထူးဆန်းမျိုးနွယ်က ကျင့်ကြံသူတွေ ရှိလို့လေ..."

ဖုလိန်ရှန်းက အနည်းငယ် ပြုံးလျက်။

"ဒါဆို ​လောင်ဝူ ခင်ဗျားရဲ့ နောက်ခံက ဘယ်လိုလဲ လူသားလား ဒါမှမဟုတ် လူ့အရေပြားထဲက နတ်ဆိုးလား"

သူ စကားမဆုံးမီတွင် ငန်းရောင်းသူသည် ရုတ်တရက် ခုန်တက်လာပြီး မယုံနိုင်လောက်အောင် အရှိန်ဖြင့် အမှောင်ထဲသို့ ခုန်ဆင်းသွားသည်။ ငန်းရောင်းသူ၏ အသံသည် ဘယ်မှညာသို့၊ ရှေ့မှ အနောက်သို့ စသဖြင့် နေရာအနှံ့ကနေ ထွက်လာသည်။

"ဖုလိန်ရှန်း... မင်း ဒီလောက်တောင် ဉာဏ်မမီသင့်ဘူး အရမ်းထက်မြက်တဲ့သူတွေက စောစော သေတတ်တယ်တဲ့!"

သူစကားမဆုံးခင်မှာ မှောင်ရိပ်ထဲက​နေ အရိပ်မည်းတစ်ခုဟာ ကောင်းကင်ကနေ ပြုတ်ကျလာတော့သည်။ ငန်းရောင်းသူဟာ သူ့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုကြီးတဲ့ အိတ်ကို ကိုင်ဆောင်ထားကာ ဖုလိန်ရှန်းကို အုပ်ပစ်လိုက်၏။ ထို့နောက် ငန်းရောင်းတဲ့ အဘိုးကြီးက လေသံနဲ့အတူ ဆင်းသက်လာပြီး အိတ်ကို ဆွဲပိတ်လိုက်သည်။

"မင်း ငန်းကြီး ဖြစ်လာရင်တော့ ရိုးသားရလိမ့်မယ်!"

သို့သော် စကားမဆုံးခင်မှာ အထည်အိတ်ထဲက ဝါးတံတစ်ချောင်းက ပြေးထွက်လာ၏။ ဝါးရိုးက အဘိုးအိုရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး သူ့ဘေးက နံရံကို ထိုးဖောက်ပစ်ခဲ့သည်။

ဖုလိန်ရှန်းက ဝါးတိုင်ကို လှဲချလိုက်ပြီး အထည်အိတ်ထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

"ငါ ငယ်ငယ်လေးကတည်းက ဝါးတူပစ်နည်း သင်ယူခဲ့တာ လေးဆယ့်ရှစ်နှစ်ရှိပြီ... လက်တည့် မစမ်းဖူးဘူး ဒီဝါးတိုင်ကို ကိုင်ရတဲ့ အကြောင်းရင်းက မင်းကို ဓားနဲ့ထိုးသလို ထိုးဖို့ပဲ...."

သူက ဝါးတိုင်ကို ဆွဲထုတ်ပြီး ငန်းရောင်းတဲ့ အဖိုးအိုရဲ့ ခန္ဓာကိုယ်ကို ခါချလိုက်လေသည်။

"ငါက အရမ်းထက်မြက်ပြီး အသက်ငါးဆယ်ကျော်အထိ ရှည်နိုင်နေမှတော့ ငါဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်းသိထားသင့်တယ်"

ဖုလိန်ရှန်းသည် ဝါးတုတ်ကို ကိုင်ကာ ခရိုင်အစိုးရရုံးဆီသို့ ပြန်လှည့်ထွက်သွားတော့သည်။

"ဖေးဖေး. ... သူတို့ကို ဝမ်ချိုင်ကျောင်းတော်ဆီ အရင်ပြန်ခေါ်သွား... ဆရာ လူနှစ်ယောက်ကို သွားသတ်လိုက်ဦးမယ်!"

ငန်းများကြားက မိန်းကလေးတစ်ဦး တုံ့ပြန်လေသည်။ သူမက တောက်ပြောင်လှပသော ဂါဝန်လေးနဲ့ မိန်းကလေးတစ်ဦး အဖြစ် ပေါ်လာပြီး အပြုံးလေးနဲ့ ပြောလာခဲ့သည်။

"အငယ်တန်း ညီအကိုမောင်နှမတို့... ကျောင်းကို အရင်သွားကြရအောင်"

ဖုလိန်ရှန်း တစ်ကိုယ်လုံးဟာ လူသတ်ချင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ မကြာခင်မှာပဲ ခရိုင်အစိုးရရုံးသို့ ရောက်ရှိလာပြီး ထပ်မြင့် ကမ္ပည်းပြားကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။

"အခု ကျောင်းသားတွေ မရှိတော့ဘူး ဆိုတော့ စိတ်ပူစရာ မလိုဘဲ တိုက်ခိုက်နိုင်ပြီ!"

ထို့နောက် ခရိုင်အစိုးရရုံးသို့ ဝင်ရောက်ခဲ့သည်။

ခရိုင်အစိုးရရုံး အိမ်နောက်ဖေး၌။

ခရိုင်မှူးကန်သည် ငန်းဖြူကြီးရှိရာသို့ နောက်အခိုက်အတန့်တွင် လက်လှမ်း၍ သွယ်လျသော ငန်းဖြူကြီးရဲ့ လည်ပင်းကို အလွယ်တကူ ဆုပ်ကိုင်ကာ ပြုံးနေလေသည်။ ငန်းဖြူရဲ့ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်နှင့် ရုတ်တရက် သူ့လက်ထဲက ငန်းလည်ပင်းဟာ ပိုထူလာ၏။ ဆုပ်ကိုင်ထားတဲ့ သူ့လက်ချောင်းများကို ခွဲထားရတဲ့အထိ ထူပြီးရင်း ထူလာတာကို ခံစားလိုက်ရသည်။

ငန်းဖြူကြီးက သူ့ရှေ့တွင် လူငယ်တစ်ယောက်အဖြစ် ရုတ်ချည်း ပြောင်းလဲသွားတာ မြင်လိုက်ရသောအခါ ခရိုင်မှူးကန် အံ့သြသွားသည်။ လူငယ်လေး ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးများသည် တဟုန်ထိုး အသံထွက်လာကာ နံရံများအတွင်းသို့ စီးဆင်းသွားသည်။ အရိုးများသန်မာကာ အတွင်းအင်္ဂါငါးပါးက အားကောင်းလာသည်။ သူ့လက်များသည် ဝက်ဝံခြေသည်းများကဲ့သို့ပင် လက်တစ်ဖက်က ခရိုင်မှူးကန်ရဲ့ လက်ကောက်ဝတ်ကို ဖိထားကာ ကျန်လက်တစ်ဖက်က ခရိုင်မှူးကန်ရဲ့ တံတောင်ဆစ်ကို ထိုးပစ်သည်။

လက်မောင်း အက်ကွဲသံ ကြားလိုက်ရချိန် သူ့မျက်လုံးတွေကပါ ညိုမည်းလာသည်။ ဘယ်လက်သီးတစ်ချက်က သူ့လည်ချောင်း အရိုးတွေကို ကျိုးသွားစေကာ နှလုံးကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ နံရိုးကျိုးသွားကာ အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်များက ညာလက်သီးကြောင့် ပေါက်ပြဲသွားခဲ့သည်။

ခဏလေး အတွင်းမှာပဲ သူ့ခန္ဓာကိုယ်အောက်ပိုင်းကနေ ပြင်းထန်စွာ နာကျင်လာတာကြောင့် ဒူးက အလိုအလျောက် ကွေးမိသွားသည်။ ကန်သွင်းခံလိုက်ရသလား မသိလိုက်ပေ။ ဤအချိန်တွင် သူ၏ အဆောင်လက်ဖွဲ့၊ ရွှေအမြုတေနဲ့ လက်နက်များကို အသုံးပြုရန် နောက်ကျနေပြီ။

ချန်ရှီက သူ့မျက်နှာကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ကို လည်ပင်းတွင် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ သူ့လက်နှစ်ဖက်ကြားတွင် ခရိုင်မှူးကန်ရဲ့ အရိုးအဆစ် ကွဲအက်သံတစ်ချက် ထွက်ပေါ်လာ၏။ ချန်ရှီ အလောင်းအား လှန်လိုက်သောအခါ ဟောက်သံနှင့်အတူ လေပြင်းများ လှုပ်ခတ်သွားသည်။

ခရိုင်မှူးကန်ရဲ့ ဇနီးဖြစ်သူ ဖက်တီးမရဲ့ ခန္ဓာကိုယ်သည် ပြိုလဲသွားသော်လည်း သူမလက်ကို မြေပြင်ပေါ်၌ ဆုပ်ကိုင်ထားကာ ရုတ်တရတ် ဆူညံသော ဟောက်သံကို ထုတ်၍ မတ်တပ်ရပ်လိုက်သည်။

ချန်ရှီ စားပွဲပေါ်မှ ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ရှိ အရာအားလုံးကို လက်နှစ်ဖက်ဖြင့် မြန်ဆန်စွာ ပစ်ပေါက်လိုက်သည်။ စားပွဲပေါ်ရှိ ပစ္စည်းများ၊ ဓားတို၊ ဓားရှည်တွေက ခရိုင်မှူးဇနီးရဲ့ မျက်နှာကို မိတ်ဆက်​ပေးလိုက်သည်။

ခရိုင်မှူး၏ ဇနီးသည်ဟာ အသံနက်ကြီးဖြင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သော်လည်း သူနှင့် ရင်ဆိုင်ရန် မဝံ့ရဲဘဲ ထွက်ပြေးသွားခဲ့သည်။

သူမက အလွန်အဆီများသည်။ သူမ၏ ခန္ဓာကိုယ်သည် အဆီများဖြင့် တုန်ခါနေသော်လည်း ယခုအချိန်တွင်တော့ ပေါ့ပါးသွားကာ ခြေတစ်လှမ်းကို ယခင် ခြေနှစ်လှမ်းထက်ပို၍ လှမ်းထားနိုင်သည်။

"အဆီခေါင်း နားရွက်ကြီးကြီးနဲ့ အဘွားကြီး!!"

ချန်ရှီအသံက သူမနားထဲသို့ ရှင်းရှင်းလင်းလင်း ရိုက်ခတ်သွားသည်။ သူမက ချက်ချင်း ရပ်တန့်သွားပြီး ခရိုင်အစိုးရရုံး နောက်ဖေးမှ ပြင်းထန်သော အငွေ့အသက်များကလည်း အစောက မြင့်တက်လာပြီး ပို၍ ကြောက်စရာ ကောင်းလာသည်။

"မင်း ဘာပြောလိုက်တယ်?"

သူမ လှည့်ကြည့်လိုက်ချိန် ဓား၊ ပုဆိန်၊ သံချောင်း၊ ပန်းကန်ကွဲတွေ ကပ်နေတဲ့ သူမရဲ့ ထွားကျိုင်းတဲ့ မျက်နှာက အတော်လေး ကြည့်ရဆိုးနေတာ တွေ့လိုက်ရသည်။

ချန်ရှီ ပြုံးပြီး "ငါပြောတာက အဆီခေါင်းနဲ့ နားရွက်ကားကားကြီးလို့..."

ခရိုင်မှူးကန် ဇနီးသည်၏ ခန္ဓာကိုယ်သည် ရုတ်ချည်းဆိုသလို လျင်မြန်စွာ ကြီးထွားလာပြီး အရှည် ခုနစ်ပေမှ ရှစ်ပေအထိ ကင်းခြေများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမ၏ အသွင်သဏ္ဌာန် အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းက လှပသော အမျိုးသမီးတစ်ဦးရဲ့ အရေပြားကို ဝတ်ဆင်ထားဆဲ။ သူမက ချန်ရှီဆီသို့ အပြေးအလွှား ဟောက်ကာ ပါးစပ်ကိုဖွင့်၍ သွေးလို နီရဲနေသည့် ရွှေအမြုတေကို ထွေးထုတ်လိုက်လေသည်။

“သရဲ​လေး....ငါဒီနေ့ မင်းကို သတ်ပစ်မယ်!"

ရွှေအမြုတေမှ အလင်းတန်း ထုတ်လွှတ်လိုက်၏။ သွေးစွန်းသော အလင်းရောင်ကြောင့် ကျောက်တုံးများ ပြိုကျကာ အမှုန့်ဖြစ်သွားသည်။

ကျောက်တုံးကြီး အောက်ရှိ ရေကန်ထဲမှာလည်း အိုးတစ်လုံး ပြုတ်ကျသွားသလို ပြင်းထန်စွာ လှုပ်ခါကာ ရေထဲတွင် ကူးခတ်နေသော ငါးပါမကျန် အသွေးအသားများ ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ငါးအရိုးများ ဖြစ်ကုန်ကာ ရေအောက်ခြေအထိ နစ်မြုပ်သွားခဲ့သည်။

ဒီအမြုတေက ချန်ရှီ ကြုံတွေ့ခဲ့ရဖူးသော ရွှေအမြုတေနဲ့ မတူပေ။ မုတ်ဆိတ်ဖြူ ကြွက်ကြီး၏ အမြုတေသည် လူကို နာကျင်ကိုက်ခဲပြီး စားသောက်ပစ်နိုင်သည်။ ဒီအမြုတေကတော့ ကလေးတွေရဲ့ အနှစ်သာရ၊ အသွေးနှင့် စိတ်ဝိညာဉ်ကို အမြုတေအဖြစ် သန့်စင်ထားသော နက်နဲသော နည်းလမ်းတစ်ခု ဖြစ်သည်။

ရွှေအမြုတေရဲ့ သွေးအလင်းရောင်သည် ကျင့်ကြံသူတွေရဲ့ ကုသိုလ် စိတ်တရားများကို ဖျက်ဆီးနိုင်သည်။ ဖြောင့်မတ်သော နည်းလမ်းကို ဖျက်ဆီးနိုင်သည်၊ ရတနာများနှင့် တခြားအရာများကို ညစ်ညမ်းစေကာ အဆိုးဆုံး ဖြစ်သွားအောင်လည်း ဖျက်ဆီးနိုင်၏။

ချန်ရှီသည် အလင်းသုံးပါးကျင့်စဥ်ရဲ့ အလင်းရောင်သုံးလုံးကို နှိုးဆွပေးကာ သူ့ခန္ဓာကိုယ်အနှံ့ ကြယ်ခုနစ်ပွင့်ကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေ တက်လာစဥ် ခရိုင်မှူးဇနီး၏ ခန္ဓာကိုယ်ကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။

သွေးရွှေအမြုတေမှ ထုတ်လွှတ်သော အလင်းရောင်သည် ဆူးပင်များလို အလွန်ထက်ရှသည်။ သူ့အရေပြား မျက်နှာပြင်ကို ထိမှန်လိုက်တာနဲ့ အပေါက်တွေ ဖြစ်ကုန်ပေမယ့် သူမရဲ့ မကောင်းသော စွမ်းအင်များနဲ့ တိုက်ခိုက်ဖို့ အချိန်မရမီတွင် ချန်ရှီခန္ဓာကိုယ်အတွင်းရှိ အလွန်ပြင်းထန်သော သွေးနှင့် ချီစွမ်းအင်များက ရိုက်ခတ် ဖယ်ရှားပစ်ခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးတွေက အရမ်းပြင်းထန်တာကြောင့် နတ်ဆိုးမရဲ့ စွမ်းအင်လှိုင်းဟာ နှင်းတွေလို အရည်ပျော်ကျသွားတော့သည်။

ဗွမ်း!

ခရိုင်အစိုးရရုံး နောက်ဖေးက ကျယ်လောင်သော မိုးခြိမ်းသံကြောင့် အိမ်နောက်ဖေးသို့ အမြန်ပြေးလာခဲ့သော ဖုလိန်ရှန်းလည်း အလွန်ထိတ်လန့်သွားပေ၏။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက် တစ်ခုကြောင့် သူ့ကိုယ်သူ ဝါးတုတ်ပေါ်မှာ​ ထောက်ရပ်လိုက်ရသည်။

ရုတ်တရက် နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ခရိုင်မှုးကန်၏ ဇနီးသည် ထူထပ်သော နံရံကို ဖောက်ထွင်းကာ အရိုးနှင့် အရွတ်များ ကျိုးကြေးလျက်သား အခြေအနေဆိုးဖြင့် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ အသက်ရှင်နေသေးသလား မသိ။

ဖုလိန်ရှန်း လန့်ပြီး အိမ်နောက်ဖေးကို လှမ်းကြည့်လိုက်တော့ လရောင်အောက်မှာ လူငယ်တစ်ယောက်ရဲ့ စွမ်းအင်နဲ့ သွေးတွေက ဒီရေလို လျှံတက်လာနေတာ တွေ့လိုက်ရသည်။ သူ့နောက်မှာတော့ လူလား နတ်ဆိုးလား မသိရတဲ့ အရိပ်တစ်ခု အသွင်ဆောင်နေတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်ရ၏။

All Chapters