← Chapters

ကွန်ဖြူးရှပ်လို

Vol. 6 Ch. 89

ကွန်ဖြူးရှပ်လို

Vol. 6 Ch. 89

"ဒါ ချန်ရှီ!"

ဖုလိန်ရှန်းသည် ကျွီရှန်းအဆောက်အအုံက ရှောက်ကျင် မိတ်ဆက်ပေးတုန်းက ချန်ရှီရဲ့ ကျင့်ကြံသူမှုကို သတိမထားမိခဲ့ပေ။ ချန်ရှီဟာ သူ့မိသားစုတွင် ငွေကြေးများစွာ မရှိ​သောကြောင့် ရက်အနည်းငယ်ကြာအောင် ကျောင်းမတက်နိုင်ခဲ့ဘဲ ဝမ်ချိုင်ကျောင်းတော်ရဲ့ ကျောင်းသား ဖြစ်ချင်ခဲ့တယ်လို့ပဲ ထင်ခဲ့သည်။

ခရိုင်မှာ ဒီလိုမျိုးက အဖြစ်များတဲ့အတွက် သူ ချန်ရှီဆီက ငွေတွေကို လက်ခံထားခဲ့သည်။

ဒီကောင်လေး ဘာလုပ်နေတာလဲ။

ခရိုင်မှူးနဲ့ သူ့ဇနီးကို သေအောင် ရိုက်သတ်ပစ်လိုက်တာလား။

ခရိုင်မှူး၏ဇနီးက နတ်ဆိုးဖြစ်သည်။ လရောင်ကို စုပ်ယူ၍ နတ်ဆိုးအသွင်မှ လူအသွင်ပြောင်းကာ လေ့ကျင့်နိုင်သည်၊ မှော်စွမ်းအင်များကို အသုံးချနိုင်သည်။

"သူက ဘယ်လို ကျင့်ကြံထားတာလဲ?"

ဖုလိန်ရှန်း၏ မျက်လုံးများသည် ချန်ရှီနောက်ဘက်ရှိ နတ်ကွန်းကို စိုက်ကြည့်ရင်း အံ့သြတုန်လှုပ်သွားခဲ့သည်။ နတ်ကွန်းထဲမှာ နတ်သန္ဓေသား တစ်ကောင်မှ မရှိပေ။

အခုနတုန်းက မိုးခြိမ်းသံ။ လူငယ်လက်ဖဝါးပေါ်ရှိ ကောင်းကင်က မိုးခြိမ်းသံနှင့် ယှဉ်နိုင်သော မိုးခြိမ်းသံကပင် စွမ်းအားများ ပေါက်ထွက်လာသဖြင့် သူ့လိုစာပေ ပညာရှင်တစ်ယောက်တောင် သူ့ကိုယ်သူ ကာကွယ်ရန် ဝါးတုတ်ကို ထောက်ထားခဲ့ရသည်။ ဒါက နတ်ကွန်းနယ်ပယ်က လူတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ စွမ်းအား ဟုတ်ပါရဲ့လား။

"သူက နတ်ကွန်းနယ်ပယ်မှာ မဟုတ်တာ သေချာပါတယ်...နတ်ကွန်းနယ်ပယ်ထဲမှာ ဘယ်သူမှ ဒီလောက် တန်ခိုးမရှိဘူး!"

ဖုလိန်ရှန်း မျက်လုံးများကို ခေတ္တ မှိတ်ထားပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ ချန်ရှီ၏ ချီစွမ်းအင်နှင့် သွေးများက စုပုံနေပြီး အကန့်အသတ်မဲ့ ဘောလုံးတစ်လုံးကို သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းနေတာ တွေ့လိုက်ရသည်။ အလုံးလေးက သူ့လက်တစ်လျှောက်၊ နှလုံးနှင့် အဆုတ်များမှတစ်ဆင့် ဖြတ်သန်း၍ အသက်ရင်းမြစ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ချန်ရှီရဲ့ အသက်ရင်းမြစ် နေရာဟာ မီးပင်လယ်နှင့်တူပြီး ပြင်းထန်သော ချီနှင့် သွေးများ စုပုံနေသည်။ ထိုမီးထဲတွင် နေလုံးလေးလို ထူးဆန်းသော အရာလေးတစ်ခု ဖြစ်ပေါ်လာသည်။

မီးထဲမှာ ရွှေကြာပန်းစိုက်ထားပြီ။

ဖုလိန်ရှန်းဟာ သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဤပုံမှန်မဟုတ်သော ခံစားချက်ကို ပျောက်ကွယ်သွားအောင် ကြိုးစားနေသည်။

"ရွှေအမြုတေကို ဖွဲ့ထားပြီလား!"

တစ်ဆယ့်တစ်နှစ် သို့မဟုတ် တစ်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦးက အမှန်တကယ်ပင် ရွှေအမြုတေကို ဖွဲ့စည်းထားနိုင်တာ အံ့မခန်းပင်။ ချန်ရှီရဲ့ ရွှေအမြုတေဟာ တခြားသူများကဲ့သို့ နတ်သန္ဓေသား၏ ပါးစပ်တွင် နွေးထွေးစွာ ကျွေးမွေးမည့်အစား သူ့ခန္ဓာကိုယ်ထဲမှာပဲ သိသိသာသာ ရှိနေတာမို့ အနည်းငယ် ထူးဆန်းလှသည်။

ဒါပေမဲ့ ချန်ရှီရဲ့ အစွမ်းက အရမ်းကြောက်စရာကောင်းနေပါပြီ။ သူဟာ ခရိုင်မှူးရဲ့ ဇနီးလို နတ်ဆိုးနဲ့ အနီးကပ်တောင် တိုက်ခိုက်နိုင်တာကြောင့် အတော်လေး ပြင်းထန်တယ်လို့ ဆိုရမည်။

"သူ့ရဲ့ ကျင့်ကြံမှုက အရမ်းမြင့်နေပါပြီ... သူဘာလို့ စာမေးပွဲဖြေဖို့ လို​နေသေး​တာလဲ... နေဦး သူ့နတ်ကွန်းထဲမှာ ဘာလို့ နတ်သန္ဓေသား မရှိတာလဲ?"

သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

နတ်သန္ဓေသားမပါဘဲ ရွှေအမြုတေကို ဘယ်လိုလုပ် မွေးမြူနိုင်မလဲ။

နတ်သန္ဓေသားမပါဘဲ ရွှေအမြုတေကို နွေးထွေးပြီး အာဟာရဖြစ်အောင် ဘယ်လိုကျွေးမလဲ။

အသက်ရင်းမြစ် မီးအိုင်ထဲ၌ စိုက်ထားသော ကြာပန်းက ဘာကြောင့် ရွှေအမြုတေကို နွေးထွေးနေစေတာလဲ။

သူတွေးနေတုန်းမှာပဲ ခရိုင်အစိုးရရုံးဝင်းထဲမှာ ခွေးဟောင်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဖုလိန်ရှန်းလည်း သူ့လက်ထဲက ဝါးတုတ်ကို ဝေ့ယမ်း၍ ခရိုင်မှူးဇနီးရဲ့ ခေါင်းကို ထိုးဖောက်ပစ်လိုက်သည်။ ထိုစဥ် ထိုမိန်းမ၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရ၏။

ဒါပေမဲ့ ဒီနတ်ဆိုးရဲ့ နှလုံးသားက ထိုးဖောက်ခံထားရပါပြီ။ လက်တွေ ကျိုးသွားကာ လည်ပင်း၊ ဝမ်းဗိုက်အောက်ပိုင်း၊ နောက်ကျောနဲ့ တခြားနေရာတွေကို ဓားနဲ့ ထိမှန်ထားပြီး နောက်ကျောမှာရှိတဲ့ ရှည်လျားတဲ့ ခန္ဓာကိုယ်ကလည်း ဒါဇင်နဲ့ချီတဲ့ ဓားစွမ်းအင်တွေနဲ့ ဖြတ်တောက်ထားသလိုမျိုး အစိတ်စိတ် အမြွှာမြွှာဖြစ်ထား၏။

ဒီလိုပစ်သတ်မှုကို သူကိုယ်တိုင်တောင် မလုပ်နိုင်လောက်ချေ။

"ဒီဓားအမှတ်အသားက ကျစ်ဝူရှဲ့သတ်ဓားက ကျန်ခဲ့တဲ့ အမှတ်အသား ဖြစ်မယ်... ဒါပေမဲ့ ကျစ်ဝူရှဲ့သတ်ဓားက ဒီလောက် အစွမ်းထက်တာပဲလား?"

ကျစ်ဝူရှဲ့သတ်ဓားဟာ နတ်သန္ဓေသားနယ်ပယ်မှာ အစွမ်းထက်ဆုံးသော ဓားသိုင်း ဖြစ်သော်လည်း ရွှေအမြုတေနယ်ပယ်သို့ ရောက်သောအခါ ဤဓားစွမ်းအင်သည် ရွှေအမြုတေလောက် အစွမ်းထက်မှာ မဟုတ်သောကြောင့် ကျင့်ကြံသူများဟာ ရွှေအမြုတေကိုသာ စတေးလေ့ရှိကြသည်။

သို့သော်လည်း ခရိုင်မှူးရဲ့ဇ နီးကို သတ်ခဲ့သော ဓားတန်ခိုးသည် သာမန် ဓားတန်ခိုးထက် ကျော်လွန်သွားတာ သိသာနေပြီ။

ထို့အပြင် သူ့အား ပိုတုန်လှုပ်စေသည့် အရာမှာ ချန်ရှီရဲ့ ဓားစွမ်းအင် တစ်ခုစီသည် ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ် အဆစ်များဆီသို့ တုနှိုင်းမရတဲ့ တိကျမှုနှင့်အတူ သူမအဆစ်ရဲ့ အပျော့ဆုံး အစိတ်အပိုင်း တစ်လျှောက်ကို ဖြတ်တောက်ပြီး ပွင့်ထွက်သွားစေခြင်းပါပဲ။

ဒါက နတ်သန္ဓေသားနယ်ပယ်သာ အများဆုံး လုပ်ဆောင်နိုင်သော ဓားချက်တွေ ဖြစ်သည်။

ဖုလိန်ရှန်း ထိတ်လန့်စွာ အဝေးကို လှမ်းကြည့်သော်လည်း ခရိုင်အစိုးရရုံး၏ နောက်ဖေးတွင် နံစော်နေသော အနံ့အသက်များ ပြည့်နေသည့် ကျောက်တုံးကြီးတစ်ခု ပြိုကျကာ အမှုန်အမွှားများ ဖြစ်နေသည်။ ၎င်းက ထိုအမျိုးသမီးရဲ့ ဆိုးရွားသော အဖျက်စွမ်းအားတစ်ခု ဖြစ်ပေလိမ့်မည်။

နံရံနှင့် ဆန့်ကျင်ဘက်ရှိ အုတ်များနှင့် ကြွေပြားများသည် စိမ်းစိုသော အရည်များ ပတ်ဖြန်းခံထားရကာ အရည်ပျော်ကျထားကာ အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည်။ ဒါက ထိုအမျိုးသမီးရဲ့ ရွှေအမြုတေ နံရံကို ထိမိသွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

"ဒီနတ်ဆိုး ရွှေအမြုတေသာ လူကို ထိသွားရင်..."

သူ တုန်လှုပ်သွားသည်။

ရွှေအမြုတေသည် အကန့်အသတ်မရှိသော အနှစ်သာရ၊ အသွေး၊ စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားတဲ့ အရာဖြစ်ကာ ဓား​ကြောင့် မပျက်စီးနိုင်၊ ပုဆိန်နဲ့ မကျိုးနိုင်၊ အဆောင်လက်ဖွဲ့နဲ့ မပေါက်ကွဲနိုင်ပေ။ ဘယ်အရာမဆို ရွှေအမြု​တေမှတဆင့် ဖြတ်သန်းနိုင်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ရွှေအမြုတေဟာ အလွန်အစွမ်းထက်သော တန်ခိုးနှင့် မယုံနိုင်လောက်အောင် ကွဲပြားခြားနားသော ကျင့်စဥ်တွေကြောင့် မတူညီသော စွမ်းအင်များကို ထုတ်ပေးနိုင်သည်။

ရှဲ့၊ ဆွေ့တွေရဲ့ ရွှေအမြုတေက ကိုင်တွယ်ရပိုခက်သည်။ သူ့အစွမ်းအစနဲ့ ထိုအမျိုးသမီးရဲ့ ရွှေအမြုတေရဲ့ အဖျက်စွမ်းအားကို ရင်ဆိုင်ရလျှင် သူမကိုသတ်ရန် လွယ်ကူမည် မဟုတ်ပေ။

ဒါပေမဲ့ ချန်ရှီကတော့ ခရိုင်မှူးရဲ့ ဇနီးကို ထိပ်တိုက်ရင်ဆိုင်ရင်း သေတဲ့အထိ ရိုက်နှက်ပစ်ခဲ့သည်။

"ဒီချန်ရှီ ဘယ်ကလာတာလဲ... ခရိုင်မှူးရဲ့ မိန်းမကို အချိန်တိုအတွင်း ဖယ်ရှားပစ်တာ ကြောက်စရာ ကောင်းလွန်းတယ်....ဟိုက အလောင်းက ဘာလဲ။"

သူ့မျက်လုံးများက ထောင့်စွန်းရှိ ခရိုင်မှူးကန်ရဲ့ အလောင်းကို ထပ်မံစိုက်ကြည့်ရင်း တုန်လှုပ်သွားပြန်သည်။

"သူ ခရိုင်မှူးကန်ကိုလည်း သတ်လိုက်တာပဲလား!"

ကန်ချွမ်းသည် နယ်ချဲ့တရားရုံးမှ ခန့်အပ်ထားသော ခရိုင်တရားသူကြီး ဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်နှင့် ခွန်အားသည် အလွန်အား​ကောင်းသော်လည်း ချန်ရှီလက်ထဲ၌ သေဆုံးသွားခဲ့သည်။

"ရွှေအမြုတေနယ်ပယ် နှစ်ယောက်ကို ဆက်တိုက်သတ်ပစ်တယ်...ချန်ရှီက တကယ်ပဲ ဆယ့်တစ်နှစ် ဒါမှမဟုတ် ဆယ့်နှစ်နှစ်ပဲရှိသေးတာလား.... ဒါမှမဟုတ် သူ့ပုံစံက လူငယ်တစ်ယောက် ဟုတ်ရဲ့လား...စာပေ ပညာရှင်စာမေးပွဲဖြေဖို့ သူ့ရည်ရွယ်ချက်က ဘာလဲ"

ခရိုင်အစိုးရ အရာရှိတွေ အပြေးအလွှား ရောက်လာပြီး စစ်ဆေးသံတွေ ထွက်ပေါ်လာလေသည်။ ဖုလိန်ရှန်း တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားပြီး ချန်ရှီ ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

ချန်ရှီဟာ ဟေးကော်ရဲ့ အော်ဟစ်သံကို လိုက်၍ ခရိုင်အစိုးရ ဧည့်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် ရာဇ၀တ်ကောင်များကို စစ်ဆေးမေးမြန်းသည့် မှန်တစ်ချပ် ရှိ၏။ သူ့အပေါ်၌ ဖိနှိပ်လာသည့် ခံစားချက်ကို ခံစားလိုက်ရပြီး စာရွက်တစ်ရွက်ထဲ ချရေးထားသလို မှတ်ဉာဏ်တချို့ ပေါ်လာရာ သူ့စိတ်ထဲ ထိတ်လန့်သွားသည်။

ချန်ရှီ ချွေးတွေထွက်ပြီး မြေပြင်ပေါ် ဒူးထောက်လုနီးပါး ဖြစ်လာသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူကျူးလွန်ခဲ့သော ပြစ်မှုအားလုံးကို ထိုမှန်က ပြောပြနေသလိုပင်။

"ဒီခရိုင်အစိုးရရုံးမှာ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင် ရှိတာပဲ!"

ချန်ရှီ နှလုံးခုန်သံများကို မျိုသိပ်ကာ ခရိုင်အစိုးရရုံး၏ အသွင်အပြင်ကို ကြည့်သည်။

ခရိုင်တရားသူကြီး၏ စားပွဲခုံအပြင်၊ စစ်ကြောရေးတုတ်နှစ်တန်း၊ ညှဉ်းပန်းနှိပ်စက်သည့် တုတ်များနှင့် ကြာပွတ်တုတ်များအပြင် အချို့သော ဓားများနှင့် အခြားလက်နက် တချို့လည်း ရှိသည်။ ထိုအရာများကို သစ်ကြမ်းပိုးခေါက်နဲ့ အဆောင်တွေ ဆွဲထား၏။ တစ်နှစ်ပတ်လုံး သုံးစွဲနေတာကြောင့် သတ်ဖြတ်ခြင်း စွမ်းအင်တွေ အလွယ်တကူ စွဲကပ်နိုင်လေသည်။

တံခါးအပြင်ဘက်တွင် ဗုံကြီးတစ်ခု ရှိသည်။ ဗုံမျက်နှာပြင်ပေါ်တွင် ရေးထားသော ပန်းချီကားများမှာလည်း မကျေမနပ် ဖြစ်မှုများကို တိုင်ကြားရန် ဗုံကိုရိုက်ကြသူများ၏ အငွေ့အသက်များ ကျန်ရစ်နေသည်။

ပစ္စည်းအများအပြားကို တစ်ဦးတည်းက လုပ်ဆောင်ခဲ့လျှင် ချန်ရှီ အထိတ်တလန့် ဖြစ်နေမှာ မဟုတ်ပေ။ ၎င်းတို့သည် များပြားလွန်းလျှင် ရာဇဝတ်ကောင်က အလိုအလျောက်ကို ဝန်ခံလာစေမှာပဲ ဖြစ်သည်။

ဟေးကော်က ထိခိုက်ပုံမပေါ်ဘဲ ဧည့်ခန်းဘေးရှိ ယဇ်ပလ္လင်စားပွဲကို ကြည့်နေသည်။ ချန်ရှီက လှမ်းကြည့်ရာ ယဇ်ပလ္လင်စားပွဲပေါ်တွင် အမွှေးတိုင် တစ်ထောင်လောက်ဖြင့် ဝိညာဥ်တစ်သောင်းအလံကို ပူဇော်ထားတာ တွေ့လိုက်ရသည်။

ဒီရတနာသည် အလွန်အရသာရှိသော အစားအစာတစ်မျိုးလိုမျိုး ချန်ရှီအား ဆွဲဆောင်နေ၏။

"ငါသာ မင်းသာဆိုရင် ဝိညာဥ်တစ်သောင်းအလံကို ဘယ်တော့မှ မခိုးဘူး..."

ဖုလိန်ရှန်းရဲ့ အသံ ထွက်လာသောအခါ ချန်ရှီသည် ဝိညာဥ်တစ်သောင်းအလံကို လက်ဖဝါးဖြင့် လှမ်းကိုင်လိုက်ရာမှ ခေတ္တရပ်ကာ လှည့်ကြည့်ကာ သံသယရှိစွာ မေးလိုက်သည်။

"လူကြီးမင်းဖုရဲ့ ဒီစကားက ဘာကိုဆိုလိုတာလဲ"

ဖုလိန်ရှန်းက ပြုံးပြီးပြောပြသည်။

"ဝိညာဥ်တစ်သောင်း အလံက ရှင်းရှန်ခရိုင်ကို ကာကွယ်ပေးမယ့် မှော်လက်နက်တစ်ခုပဲ... ဟိုးရှေးရှေးတုန်းက ခေါင်းဖြတ်ခံခဲ့ရတဲ့လူတွေရဲ့ ဝိညာဉ်တွေကို စုစည်းထားတာ... ရှေးခေတ်ကတည်းက အရှေ့ဈေးမှာ သေဆုံးခဲ့တဲ့ လူဆိုးတွေက မရေမတွက်နိုင်အောင် ရှိတယ်... သူတို့ရဲ့ ဝိညာဉ်တွေကို ဒီအလံမှာ စုစည်းထားတာ... ဒါ့ကြောင့် ခရိုင်တစ်ခုရဲ့ ခေါင်းဆောင်က ရန်သူနဲ့ရင်ဆိုင်နေရချိန် ဒီအလံကို မြှောက်လိုက်ရင် နတ်ဘုရားတစ်ပါးလို ပြောင်းလဲသွားလိမ့်မယ်... တန်ခိုးကြီးသူတွေတောင် အနိုင်ယူနိုင်မှာ မဟုတ်လို့ ဒီရတနာက အရမ်း အရေးကြီးတယ်"

ချန်ရှီ သူ၏ လက်ဖဝါးကို ပြန်ရုတ်ကာ ထိုအလံကို မကျေမနပ်ဖြင့် စိုက်ကြည့်နေလိုက်သည်။

သူ ဝိညာဉ်တစ်သောင်းအလံရဲ့ စွမ်းအားအတွက် လောဘကြီးသူ မဟုတ်ပေ။ သူ ဤအရာကို အလွန်အမင်း ရယူချင်နေတာက သူ့စိတ်ထဲတွင် အကြံတစ်ခု ရှိနေလို့ပါပဲ။ ဒါပေမဲ့ ဖုလိန်ရှန်း ဒီလိုပြောပြီးနောက်မှာတော့ သူ ဒီအကြံကို စွန့်လွှတ်လိုက်တော့သည်။

ဖုလိန်ရှန်းက သူ့လက်ဖဝါးကို ပြန်ရုတ်လိုက်တာကို တွေ့တော့ တိတ်တဆိတ် သက်ပြင်းချလေ၏။

"ခရိုင်မှူး​က အသစ်ခန့်အပ်ထားတာ...သူ ဒီရတနာကို ကိုးကွယ်ပြီး ပြုပြင်ဖို့ အချိန်မရှိဘူး... ဒါပေမဲ့ ခရိုင်မှူး လစ်လပ်နေတဲ့ကာလမှာ ခရိုင်တာဝန်ခံက လက်လွှဲယူလိမ့်မယ်... ဒါကြောင့် ဝိညာဥ်တစ်သောင်းအလံကို ယူချင်စိတ်တွေကို လက်လွှတ်လိုက်ပါ..."

ချန်ရှီ သူ့နောက်ကို လိုက်သွားပြီး သူတို့ နှစ်ယောက် ခရိုင်အစိုးရရုံးကနေ အမြန် ထွက်သွားခဲ့ကြသည်။ ချန်ရှီ ဖုလိန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ဤပုဂ္ဂလိက ကျောင်းဆရာကို အနည်းငယ် အထင်ကြီးသွားခဲ့သည်။

ဖုလိန်ရှန်း ထိုကျောင်းသားများ၏ အသက်ကို ကယ်ဆယ်ရန်အတွက် ခရိုင်အစိုးရရုံးသို့ ဝင်ရောက်လာသောအခါတွင် ခရိုင်မှူးနှင့် သူ့ဇနီးကို ဖယ်ရှားရန် ကြံစည်ခဲ့ပုံရသည်။

"လူကြီးမင်းဖုက စာပေ ပညာရှင်ပဲ... အဲဒီဟာမှာ ဘယ်လို ခွန်အားတွေ ရှိလဲသိလား"

ဖုလိန်ရှန်းက သက်ပြင်းချရင်း "တစ်လအတွင်း ခရိုင်မှူး နှစ်ယောက် ဆက်တိုက် သေဆုံးသွားပြီ.... တရားရုံးက ခန့်အပ်မယ့် ခရိုင်တရားသူကြီး အသစ်က ဘယ်လောက်ကြာကြာမှ လာထမ်းဆောင်နိုင်မယ် ဆိုတာ မသိနိုင်ဘူး... ရှင်းရှန်ခရိုင်ကတော့ ခရိုင်တရားသူကြီးတွေအတွက် တကယ့်ကို ဆိုးရွားတဲ့ နေရာတစ်ခုပဲ"

ချန်ရှီလည်း ၎င်းကို တွေးတောကြည့်သည်။ ထိုခရိုင်တရားသူကြီးနှစ်ဦး သေဆုံးမှုက သူနှင့် ဆက်နွယ်နေပုံပေါ်၏။

ကျောက်မိသားစုက နောက်ဆုံး ခရိုင်တရားသူကြီးနဲ့ ကျောက်မိသားစု ကျဆုံးသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ သူ့အဖိုးက မြို့ဝန်ကျောက်ကို ဖြုတ်ချလိုက်လို့ပဲ ဖြစ်သည်။ အခုတော့ ခရိုင်မှူးကန်က သူ့လက်ထဲ၌ သေသွားသည်။

"လူကြီးမင်းဖု... ​တော်ဝင်တရားရုံးက ရှဲ့၊ ဆွေ့တွေကို ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့တယ်... အဲဒါက ကန်ချွမ်းကို ​​ဒီလောက်အထိ သောင်းကျန်းအောင် ထားဖို့လား"

ဖုလိန်ရှန်းက သူ့ကို ငုံ့ကြည့်လာသည်။

"မင်းဒီလိုပြောနိုင်ရင် မင်းလည်း နောင်တစ်ချိန်မှာ ဝိညာဥ်တစ်သောင်းအလံရဲ့ ဧည့်သည် ဖြစ်သွားလိမ့်မယ်... မကြာခင် မင်း ခေါင်းဖြတ်ခံရလိမ့်မယ်"

အဲဒါကို ပြောပြီးတာနဲ့ သူက သက်ပြင်းချလေသည်။

"ကန်ချွမ်းက အကျင့်ပျက်နေတာလား...ဟားဟား အဲဒါထက်တောင် ပိုသေးတယ်... ဒါက နိုင်ငံတော် အရေးကိစ္စဆိုတာ ရှင်းနေတာပဲ!"

ချန်ရှီ ဖုလိန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူကလည်း ခေါင်းဖြတ်ခံရဖို့ အလားအလာ ရှိတယ်လို့ ခံစားလိုက်ရလေသည်။

သူတို့ ဝမ်ချိုင်ကျောင်းတော်သို့ ပြန်ရောက်သောအခါ ဟူဖေးဖေးက ငန်းဖြူကြီးတစ်ကောင်ကို အနိုင်ကျင့်နေ၏။ သူမက ၎င်း၏လည်ပင်းကို ဆုပ်ကိုင်ကာ အမွေးအမှင်များကို ဆွဲနုတ်လျက်ရှိပြီး အနီးနားတွင်လည်း စိတ်ပျက်လက်ပျက် ရပ်နေသော ငန်းဖြူကြီးများစွာလည်း ရှိနေသည်။

"ဖေးဖေးက အငြိုးထားတာပဲ!"

ချန်ရှီ အံ့သြထိတ်လန့်သွားသည်။

သူနဲ့ တခြားကျောင်းသားတွေက ဟူဖေးဖေးကို ရိုက်နှက်ခဲ့တာကြောင့် ဒီမြေခွေးကောင်မလေးဆီက အပြစ်ပေးခံရမှာကို စိုးရိမ်နေကြသည်။

ဖုလိန်ရှန်းက သူမ ရိုက်​ပြီးတဲ့အထိ စောင့်ဆိုင်းပြီးနောက် ရွှေအမြုတေကို ထုတ်၍ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်တဲ့အခါ ငန်းဖြူတစ်ကောင်ချင်းစီ၏ ငန်းရုပ်လွှာများ ကျိုးပဲ့သွားကာ အသီးသီး လူသားအသွင် ပြန်လည် ရောက်ရှိသွားခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် အရွယ်ရောက်ခါစ ကလေးများပင် ရှိသေးသဖြင့် အချင်းချင်း ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးကြသည်။ ထိုအခါ ဖုလိန်ရှန်းက ပြုံးပြီး ပြောလာခဲ့သည်။

"ငါတို့အားလုံးက ကျင့်ကြံသူတွေနော်... ငန်းတစ်ကောင်လို အသေးအဖွဲ့လေးကို ဘာလို့ ငို​နေမှာလဲ.. နောင်မှာလည်း ဒီလိုမျိုးတွေ ထပ်ကြုံရဦးမှာပဲကို"

ကျောင်းသားများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

"အခု​တော့ အိမ်မပြန်သေးနဲ့ဦး... ခရိုင်တာဝန်ခံ နောက်မှ လာခေါ်ပြီး အစိုးရ အမှုထမ်းတွေနဲ့အတူ ပြန်ခိုင်းမယ်....ကျေးလက်က ကလေးတွေက ကျောင်းမှာ ညအိပ်နေလို့ရတယ်... ဆရာက မင်းတို့အသက်ကို ကယ်ခဲ့တယ်... မနက်ဖြန်ကျရင် ဆရာ့ကို ကျေးဇူးတင်ဖို့ ပိုက်ဆံတစ်ပြားတစ်ချပ် ပို့ခိုင်းရမယ်နော် နားလည်လား"

အားလုံးက ကမန်းကတန်း ခေါင်းညိတ်ပြီး သူ့အစီအစဉ်အတိုင်း လိုက်နာကြသည်။ သေချာတာပေါ့။ သိပ်မကြာခင်မှာပဲ ကျောင်းတော်ရဲ့ အပြင်ဘက်မှာ လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရလေ၏။

"လူကြီးမင်းဖု.... ကျန်းရှစ်ယွင် ရောက်လာပါတယ်"

ဖုလိန်ရှန်းက ပြုံးပြီး "ခရိုင်တာဝန်ခံကျန်းကိုး... ကြွပါ"

ကျန်းရှစ်ယွင်: "ကျုပ်က အရည်အချင်းမရှိပါဘူး... ကလေးတွေခိုးတဲ့ နတ်ဆိုးကို စုံစမ်းတော့မလို့ လုပ်နေတာ... မမျှော်လင့်ဘဲ နတ်ဆိုးက ခရိုင်မှူးနဲ့ သူ့မိန်းမကို ကိုက်စားပြီး နေရာယူဝင်ထားတယ်... ဒီကလေးတွေတောင် သတ်လုနီးပါးပဲ ကံအားလျော်စွာနဲ့ မကောင်းဆိုးဝါးနဲ့ အပေါင်းအပါတွေကို လူကြီးမင်းဖုက သတ်ပစ်ခဲ့တာမလား?"

ဖုလိန်ရှန်းက ပြုံးပြီး ပြောလိုက်သည်။

"အားလုံးကတော့ လုံခြုံနေတုန်းပဲ... နတ်ဆိုးက ခရိုင်မှူးနဲ့ သူ့မိန်းမနေရာကို ဝင်ယူပြီး ရှင်းရှန်ခရိုင်မှာ နတ်ဆိုးတွေ မွေးထုတ်ချင်ခဲ့တာ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ တာဝန်ခံကျန်းက အရာအားလုံးကို သိပြီး နတ်ဆိုးရဲ့ အပြစ်ကို ရှာတွေ့ခဲ့တယ်မလား.. နတ်ဆိုးနှစ်ယောက်ကို သတ်ပြီး ကလေးတွေကို ကယ်တင်ခဲ့တော့ တာဝန်ခံကျန်းအတွက်လည်း လက်တစ်ဖက်လှုပ်ရ သက်သာတာပေါ့"

"လူကြီးမင်းဖုက အရမ်းဖြောင့်မတ်ပါပေတယ် ခင်ဗျားရဲ့အကူအညီသာ မရှိရင် ဒီအမှုထမ်းက ဒီအမှုကို ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ... ကျုပ် တရားရုံးကို တိုင်ကြားပြီး လူကြီးမင်းဖုအတွက် ဆုတော်လာဘ်တော် တောင်းပေးမှာပါ"

"မလိုပါဘူး မလိုပါဘူး... ဘာမှ မလုပ်ရသေးရင် ဂုဏ်ဒြပ်ကို ဘယ်လိုလုပ် ခံယူရမှာလဲ... ကိုယ့်ကိုကိုယ် ရှက်မိပါတယ်... တာဝန်ခံကျန်း ကျုပ်တို့ စာပေသင်တန်းကျောင်းရဲ့ ပျက်ဆီးနေတဲ့ အခြေအနေကို ကြည့်ပါဦး... ကလေးတွေ ကျောင်းတက်တဲ့အခါ ပြိုကျမှာကိုတောင် ကြောက်ရတယ်.. ခရိုင်က နည်းနည်း ခွဲပေးနိုင်မလား..."

ကျန်းရှစ်ယွင်ကလည်း နားလည်သဘောပေါက်ပြီး ငွေအိတ်သေးသေးလေးကို ထုတ်ယူလိုက်ပြီး ငွေအားလုံးကို ဖုလိန်ရှန်းဆီ ပေးလိုက်သည်။

"အဲဒီနတ်ဆိုးနှစ်ကောင်ကို ဒီအမှုထမ်းက သတ်လိုက်ပြီ...ဒီကို အမြန်လာခဲ့ရတော့ အများကြီး ပါမလာခဲ့ဘူး... လူကြီးမင်းဖုက နည်းတယ်လို့ထင်ရင်..."

ဖုလိန်ရှန်းက ပိုက်ဆံကို မြန်မြန်​လေး လက်ခံရင်း ပြုံးပြုံးလေး ပြောလိုက်ပါသည်။

"အများကြီးပါပဲ အများကြီးပါပဲ"

"ဒါဆို ဒီကလေးတွေ..."

"သူတို့ကို သက်ဆိုင်ရာအိမ်တွေဆီ ပို့​ပေးဖို့ တာဝန်ခံကျန်းကို ဒုက္ခပေးရဦးမယ် ထင်တယ်"

ကျန်းရှစ်ယွင်က အလွန်ဝမ်းသာသွားသဖြင့် အစိုးရအရာရှိများအား မြန်မြန်လေး အမိန့်ပေးလိုက်လေသည်။

“နှဲတွေ ဗုံတွေတီးပြီး ဒီကလေးတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပို့ပေးလိုက်... ဒါမှ တစ်မြို့လုံးက ငါတို့အစိုးရရုံးရဲ့ ဖြောင့်မတ်တဲ့ ကိုယ့်ကျင့်တရား အကြောင်းကို သိသွားကြမှာ....”

လူတိုင်းက သံပြိုင် အမိန့်နာခဲရင်း ကြောက်လန့်နေတဲ့ ကလေးတွေကို ခေါ်သွားကြသည်။ ဖုလိန်ရှန်းမှာ အလွန်ပျော်နေတာကြောင့် ငွေရေတွက်ရင်း ဘေးဖယ်ထားလိုက်သည်။

ချန်ရှီမှာ ဟူဖေးဖေး သူ့အနီးနားသို့ ရောက်လာပြီး ရုတ်တရက် ကြောက်ရွံ့သွားခဲ့သည်။ ဟူဖေးဖေးက ပြုံး၍။

"အစ်ကိုချန် ငါက ကျားတစ်ကောင်လည်း မဟုတ်ာဘူး.... ဘာကိုကြောက်တာလဲ... ဒီနေ့ နင်ငါ့ကို အရမ်းကျေးဇူးတင်ရမယ် လူကြီးမင်းဖုနဲ့ ငါ့ကြောင့်သာ မဟုတ်ရင် နင် ခရိုင်အစိုးရရုံးမှာ သေသွားလောက်ပြီ"

ချန်ရှီက ဖုလိန်ရှန်းကို ကြည့်ပြီး တိုးတိုး​​လေး ပြောလေ၏။

"လူကြီးမင်ဖုက ပိုက်ဆံလောဘကြီးတဲ့သူလို့ မထင်ရပါဘူး... ဒီလို ဖြောင့်မတ်တဲ့ လုပ်ရပ်နဲ့ ကျောင်းသားတွေကို ကယ်ဖို့ သူ့အသက်ကို စွန့်စားခဲ့တယ်... သူ ပိုက်ဆံကို လောဘကြီးနေတာက ဟန်ဆောင်နေတာပဲ ဖြစ်မယ်"

ဟူဖေးဖေးက ရယ်မောပြီး "နင် သူ့ဆီက လှည့်စားလိုက်ရတာ... သူ ငါတို့ကို ကယ်ခဲ့တာတော့ အမှန်ပဲ သူ ပိုက်ဆံလိုနေတာလည်း အမှန်ပဲ နင်သူ့အိမ်ကို မသွားဖူးသေးလို့ သူ့အိမ်က ခမ်းနားတယ်...ဒီဝမ်ချိုင်ကျောင်းတော်ထက် အဆတစ်ရာလောက် ပိုဇိမ်ကျတယ်!"

ဖုလိန်ရှန်းက သူ့ပိုက်ဆံတွေကို ရေတွက်ရင်း လှည့်လာသည်။

"ငွေကို ချစ်မြတ်နိုးတဲ့ အကျင့်နဲ့ ဖြောင့်မတ်တဲ့အကျင့်ကြားမှာ ကွဲလွဲနေတာ မရှိဘူး... လူကြီးလူကောင်းတစ်ယောက်က ငွေကို နှစ်သက်ရင် လိမ္မာပါးနပ်တဲ့ နည်းနဲ့ ရယူရမယ်... ငါရတဲ့ ငွေတိုင်းက ငါ့ရဲ့ အသိစိတ်ကို မချိုးဖောက်ပါဘူး"

သူသည် ငွေအိတ်ငယ်တစ်အိတ်ကို ပေးပြီး ချန်ရှီအား ပေးကာ "ဒါက မင်းအတွက်ပဲ" ဟုဆိုသည်။

ထို့နောက် သူက ဟူဖေးဖေးကိုလည်း နောက်ထပ် ငွေအိတ်သေးသေးလေး ပေးလိုက်သည်။

"ဒါက မင်းအတွက်ပဲ... မင်းတို့နှစ်ယောက် ဒီနေ့ညမှာ ကုသိုလ်တစ်ခု လုပ်ခဲ့ကြတယ်ဆိုတော့ မင်းတို့ လက်ခံသင့်ပါတယ်"

ချန်ရှီ အံ့ဩသွားပြီး :"လူကြီးမင်း... ဘာကိုဆိုလိုတာလဲ"

ဖုလိန်ရှန်း: "မင်း ရွှေယူလိုက်တိုင်း မင်းရဲ့ အပြုအမူကို ထိခိုက်မှာ မဟုတ်ဘူး... ဒါက ကွန်ဖြူးရှပ် သင်ပေးတဲ့ နိယာမပဲ"

ချန်ရှီ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး သူ့ကိုယ်သူ တွေးနေမိသည်။

"ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ရန်သူကို သတ်ပြီး သူ့ခန္ဓာကိုယ်ထဲက ရွှေငွေတွေကို စုဆောင်းမိရင် မင်းရဲ့ အကျင့်စာရိတ္တတွေ ပျက်စီးသွားမှာလို့ ပြောတာ မဟုတ်ဘူးလား လူကြီးမင်းဖုက ဘာလို့ လွဲနေတာလဲ..."

All Chapters