← Chapters

ခရိုင်စာမေးပွဲ လိမ်လည်မှု

Vol. 6 Ch. 90

ခရိုင်စာမေးပွဲ လိမ်လည်မှု

Vol. 6 Ch. 90

"ဒီလူကြီးမင်းဖူမှာ ဖြောင့်မတ်တဲ့ အကျင့်ရှိတယ် အရည်အချင်းလည်း ရှိပြီး တာဝန်သိပေမယ့် သူ့အသိပညာက နည်းနည်းတော့ အူကြောင်ကြောင် ဖြစ်နေသလိုပဲ"

ချန်ရှီ ဝမ်ချိုင်ကျောင်းတော်၌ တစ်ညတာ တည်းခိုခဲ့ပြီး ကျေးလက်မှ ဟူဖေးဖေးလည်း တည်းခိုခဲ့သည်။ အခုအချိန်က အိပ်ရာဝင်ဖို့လည်း စောနေသေးသေးတာကြောင့် နှစ်ယောက်သား ပိုက်ဆံရှာပြီး ညဈေးသွားဖို့ ဆုံဖြတ်လိုက်ကြသည်။

ရှင်းရှန်ခရိုင်ထဲက ညဈေးသည် နေ့ခင်းဘက်များထက် လမ်းများပေါ်တွင် လူပြည့်နေ၏။ နှစ်ဖက်စလုံးတွင် ဟင်းမျိုးစုံကြော်၊ ကြော်လှော်နေသည့် ဆိုင်များလည်း ရှိသည်။ ချန်ရှီ၊ ဟူဖေးဖေးနဲ့ ဟေးကော်တို့သည် အစားအစာမျိုးစုံကို လက်ထဲတွင် ကိုင်ဆောင်ကာ တစ်လမ်းလုံး မစားနိုင်ဘဲ သယ်လာကြသည်။ ဟေးကော်ကလည်း ထရပ်ပြီး ရိက္ခာယူရန် ကူညီပေးရသည်။

"အစ်ကိုချန် နင့်ရဲ့ခွေးက နည်းနည်း ထူးဆန်းတယ်လို့ မထင်ဘူးလား"

ဟူဖေးဖေး နောက်ပြန်လှည့်ကြည့်တော့ ခွေးသာ လူအတိုင်း မတ်တတ်ရပ်လိုက်ရင် သာမာန်လူတွေထက် အရပ်မြင့်လောက်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဖြစ်သည်။ သာမာန်လူတွေထက် ပိုပြီး မှန်မှန်လမ်းလျှောက်နေပြီး ပစ္စည်းတွေ သယ်တဲ့အခါလည်း ခွေးနဲ့ကို မတူချေ။

ချန်ရှီကတော့ နောက်ပြန်လှည့်ကြည့်ရင်း ဘာမှ ထူးထူးခြားခြား မခံစားရချေ။

"မင်းလည်း ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတာပဲလေ... ဘာဆန်းလို့လဲ?"

ဟူဖေးဖေး အံ့အားသင့်သွားပြီး စကား ပြန်မပြောနိုင်တော့ပေ။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဝမ်ချိုင်ကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။ ချန်ရှီ လျှောက်ကြည့်ရင်း ပိုပိုပြီး စိတ်ရှုပ်လာတာကြောင့် ဟူဖေးဖေးကိုပဲ လှည့်မေးလိုက်ရတော့သည်။

"ဖေးဖေး... မြို့ရဲ့ ကန့်ညောင်က ဘယ်မှာလဲ?"

မြို့ထဲသို့ ဝင်ပြီးနောက် ရှင်းရှန်ခရိုင်ရဲ့ ကန့်ညောင် လိုက်ရှာခဲ့သော်လည်း အချိန်အတော်ကြာ လှည့်လည်ပြီးတဲ့အထိ သူမကို ရှာမတွေ့ခဲ့ပေ။

ဟူဖေးဖေးသည် ကိုယ်ဝန်ဆယ်လ လွယ်ထားရသလိုမျိုး သူမခါးကို လက်တစ်ဖက်နှင့်ကိုင်ကာ ကျန်တစ်ဖက်တွင် အစာကိုကိုင်ကာ ခက်ခက်ခဲခဲ လမ်းလျှောက်ရင်း ခေါင်းယမ်းပြလေသည်။

"ခရိုင်​မြို့နဲ့ ပြည်နယ်မြို့တွေမှာ ကန့်ညောင် မရှိဘူး"

"ကန့်ညောင် မရှိဘဲ နတ်ဆိုးတွေကို ဘယ်လို မောင်းထုတ်နိုင်မှာလဲ... နတ်ဆိုးတွေ မြို့ထဲကို ဝင်လို့မရဘူးလား"

"ကန့်ညောင် မရှိပေမယ့် ခရိုင်ကို စောင့်ရှောက်ဖို့ မှော်လက်နက်တစ်ခု ရှိတယ်... ဝိညာဉ်တစ်သောင်းအလံလေ... တချို့က ဝိညာဥ်တစ်သောင်းစာတမ်းလို့လည်း ခေါ်ကြတယ်.. အဲဒီရတနာက ခရိုင်ကိုကာကွယ်ပေးတယ် နတ်ဆိုးတွေ ချဉ်းကပ်လာတိုင်း ဝိညာဥ်တစ်သောင်းအလံက စွမ်းအားနဲ့ အလိုအလျောက် ပေါက်ကွဲပြီး အဲ့နတ်ဆိုးကို သတ်ပစ်လိမ့်မယ်... ရှင်းရှန်ခရိုင်ရဲ့ ဝိညာဉ်တစ်သောင်း အလံက နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်း ရှိတယ်...ဘယ်နတ်ဆိုးမှ မယှဉ်နိုင်ဘူး အချိန်ကြာလာတော့ နတ်ဆိုးတွေလည်း ခရိုင်အတွင်းထဲ မဝင်ရဲကြတော့ဘူး!"

"အဲ့လိုလား"

ချန်ရှီ ရုတ်​တရက်​ နားလည်​သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။

"ဒါ​ပေမဲ့ အဲ့နတ်​ဆိုးနှစ်​​ယောက်​ကရော... ခရိုင်​မှူးနဲ့ သူ့မိန်းမလေ... ဘာလို့ ခရိုင်​မြို့ထဲကို ဝင်​ပြီး ဝိညာဉ်​တစ်​​သောင်းအလံအောက်မှာ မ​သေတာလဲ"

ဟူဖေးဖေးက တုန်လှုပ်သွားပြီး ခေါင်းခါလေသည်။

"ဒီအကြောင်းကို ငါလည်း မသိဘူး... ငါတို့ မြေခွေးမျိုးနွယ်ရဲ့ ခေါင်းဆောင်က ဆွေ့အဆင့်ပဲ... ဒါပေမယ့် မြို့ထဲကို အကြိမ်ပေါင်းများစွာ ဝင်ခဲ့တယ် ဝိညာဉ်တစ်သောင်း အလံကလည်း ဘာတုံ့ပြန်မှုမှ မရှိဘူး ခေါင်းဆောင်ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်တယ်... သူ့ရဲ့ အရိပ်အာဝါသကို ဖုံးကွယ်ထားနိုင်ပေမယ့် ခရိုင်မှူးကန်က ဘာလို့ မြို့ထဲကို ဝင်နိုင်တာလဲ မသိဘူး"

ချန်ရှီ: "ခရိုင်မှူးကန်ကို နတ်ဆိုးက စားပစ်ပြီး သူ့နေရာကို ဝင်ယူလိုက်တာများလား ဒါမှမဟုတ် ခရိုင်မှူးကန်ကိုယ်တိုင်က နတ်ဆိုးလို့ ထင်လား"

ဟူဖေးဖေးက ခဏလောက် စဉ်းစားပြီး။

"ခရိုင်မှူးကန်က နတ်ဆိုးလို့ထင်တယ်... လမ်းမလျှောက်နိုင်တော့ဘူး လမ်းမလျှောက်နိုင်တော့ဘူး ထိုင်စားဖို့ နေရာရှာရအောင်!"

ချန်ရှီ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ မြစ်ကမ်းနားရှိ အကာအရံတစ်ခုကို တွေ့လိုက်ရသောကြောင့် သူမနှင့်အတူ လက်ရမ်းပေါ်တွင် တက်ထိုင်လိုက်သည်။ ဟူဖေးဖေးမှာ အလွန် စိတ်ဓာတ်ကျနေတာကြောင့် သူ့ပုခုံးကို မှီလာသည်။

ချန်ရှီရဲ့နှလုံးက နည်းနည်း လှုပ်သွားသည်။

"ဖေးဖေး... အခုမှောင်နေပြီ မင်းဆံပင်ညှပ်က ဘယ်မှာလဲ တကယ် တောက်နေတာလား။"

ဟူဖေးဖေး ရုတ်တရက် အားအင်များ ပြည့်နှက်သွားပြန်ကာ ခေါင်းမှ ဆံပင်ညှပ်ကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။

"ကြည့်!"

ချန်ရှီကလည်း အနားကို ကပ်လာပြီး "တကယ် တောက်ပနေတာပဲ!"

ဟူဖေးဖေးသည် ဆံညှပ်ကိုကိုက်ကာ လက်နှစ်ဖက်ဖြင့် ဆံပင်လေးတွေကို ချည်နှောင်လိုက်သည်။ ထို့နောက် ဆံပင်ကို လက်တစ်ဖက်ဖြင့် ကာကွယ်ကာ ဆံညှပ်ကို အခြားတစ်ဖက်မှ ထိုးညှပ်ရင်း ပြုံးပြလိုက်သည်။

"ငါ့ဆံပင်ညှပ်မှာ ရေးထွင်းထားတဲ့ အဆောင်စာလုံးတွေ ပါတယ်လေ... နေ့ဘက်မှာ နေရောင်ခြည်ကို စုပ်ယူပြီး ညဘက်မှာ လင်းတယ်... အစ်ကိုချန်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတွေ ရှိလား ငါ့ကို ပြောပြပါလား.."

ချန်ရှီလည်း တောင်တွေပေါ်မှာ သူ့အချိန်တွေအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ပြောပြခဲ့တော့ မြေခွေးကောင်မလေးက မရပ်မနား တခစ်ခစ် ရယ်နေတော့သည်။

"နားမထောင်ချင်တော့ဘူး... ဟားဟားဟား ရယ်ရတာ ဗိုက်​တောင်နာ​နေပြီ...ဗိုက်ကို ပွတ်ပေးဦး ​!"

ချန်ရှီ သူမဝမ်းဗိုက်ကို ပွတ်သပ်ပေးလိုက်တော့ မျှော်လင့်ထားသည့်အတိုင်း သူမရဲ့ ရယ်မောခြင်းက တဖြည်းဖြည်း သက်သာသွားသည်။ အစောတုန်းက ဒေါသတွေလည်း ပြေသွားပြီး နာကျင်မှုကလည်း သက်သာသွား၏။ နှစ်ယောက်သား ဝမ်ချိုင်ကျောင်းတော်ကို ပြန်မရောက်ခင် အချိန်အတော်ကြာ အနားယူခဲ့ကြသည်။

ဖုလိန်ရှန်းက သူတို့ ပြန်လာတာကို မြင်တော့ လှမ်းပြောလာသည်။

"ငါ အိမ်ပြန်ချင်တယ် အနားယူချင်တယ်... ဒါကြောင့် မင်းတို့ နှစ်ယောက် ဒီမှာ တစ်ညနေရမယ်... ချန်ရှီ... နတ်ဘုရားက ကလေးတွေရဲ့ ခန္ဓာကိုယ်ကို မြုပ်​ပေးဖို့ လိုတယ်.. ယန်က ယိုစိမ့်မှာ မဟုတ်ဘူး... မှတ်ထား မှတ်ထား!"

သူသည် လေးနက် တည်ကြည်စွာ ရေရွတ်သွား၏။ ချန်ရှီမှာ သူ့စကားများရဲ့ အဓိပ္ပာယ်ကို ဂရုတစိုက် ဖော်ထုတ်ရန် ကြိုးစားနေစဥ် ဖုလိန်ရှန်းက ထွက်သွားပြီ။

နှစ်ယောက်သား ခေတ္တအနားယူပြီးနောက် အိပ်ရာနေရာကို ရှင်းရန် သွားကြသည်။ ကျောင်းသားများက ညအိပ်မနေတတ်တာကြောင့် ကုတင်မရှိပေ။ ဒါကြောင့် ကြမ်းပြင်ပေါ်တွင်သာ ကုတင်လုပ်လိုက်ရသည်။ ချန်ရှီသည် သစ်သားတွန်းလှည်း​ပေါ်မှ အိပ်ယာလိပ်ကို ယူကာ ဟူ​ဖေးဖေးအား တစ်ဝက်ပေးကာ တစ်ဝက်ကို သူ့ဘာသာသူ ခြုံထားလိုက်သည်။

နှစ်ယောက်သား ကောင်းသောညပါဟု အချင်းချင်း ပြောပြီးနောက် အိပ်ရာဝင်လိုက်ကြသည်။ ခွေးက အပြင်မှာ ရပ်နေ၏။ ပုရစ်အော်သံကလွဲလို့ တခြားအသံတွေတော့ မကြားရချေ။ ခရိုင်မြို့လေးရှိ ဆူညံသော ညဈေးသည် သူတို့နှင့် ပို၍ဝေးကွာသွားပုံရ​လေသည်။

ထိုစဥ် ဟူဖေးဖေးက ကုတင်ပေါ်ကနေ ခုန်ဆင်းလာသည်။

"ငါ အိပ်မပျော်ဘူး... အစ်ကိုချန် တောင်ပေါ်မှာ ဘာတွေဖြစ်နေလဲ ပြောပြလို့ရမလား.... မြေခွေး ညီအစ်မတွေနဲ့ လေ့ကျင့်နေရတော့ ထွက်လည်ရတာ ရှားတယ်"

ချန်ရှီလည်း ထိုင်ပြီး ချန်ရှီတောင်၊ တောင်ပေါ်ရှိ ထူးဆန်းသော စည်းမျဉ်းများ၊ တောင်ပေါ်က တောင်စောင့်နတ်များ၊ မြွေကြီး၊ အသက် ခြောက်ထောင်အရွယ် အဘွားကျွမ်းနဲ့ ဂျင်ဆင်းအရုပ်များအကြောင်း အမျိုးမျိုးသော ပုံပြင်များကို ပြောပြလိုက်သည်။

ဟူဖေးဖေးက စောင်ကို သူ့နားသို့ ရွှေ့လိုက်ပြီး စောင်ထဲသို့ ဝင်လာသည်။ သူမက သူ့စကားကို စိတ်ဝင်တစားနဲ့ နားထောင်နေကြပြီး သူမရဲ့ မျက်လုံးများကလည်း အမှောင်ညတွင် လင်းလက်နေသည်။

"အစ်ကိုချန် စာမေးပွဲပြီးရင် ဘာလုပ်ချင်လဲ"

"ဘာလုပ်ရမှာလဲ?"

ချန်ရှီအစကတော့ စာမေးပွဲကို ဖြေဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အမှုထမ်းဖြစ်ရန်၊ သူ့ဇာတိမြို့သို့ ပြန်လာကာ ရွာသားများကြားတွင် နေထိုင်ရန်၊ သူ့အဖိုးသည် အသက်ကြီးမှ အေးချမ်းစွာ အနားယူနိုင်စေရန် ဖြစ်သည်။ ဒါပေမဲ့ အခု အဘိုးက မြေအောက်ကမ္ဘာကို ရောက်သွားပြီ။ သူ ဘယ်တော့မှ ပြန်လာမယ် ဆိုတာလည်း မသိနိုင်သေးချေ။

"ငါ စာမေးပွဲဖြေပြီးရင် ရွာသားတွေ တရားမျှမျှတတနဲ့ နေနိုင်ဖို့ ဇာတိမြို့ကို ပြန်ပြီး သခင်ကြီး လုပ်မယ်... မင်းရော?"

ဟူဖေးဖေးက သူမ၏ ရင်ဘတ်ပေါ် လက်တင်ကာ စောင်အစွန်းကို ဖမ်းကိုင်လိုက်ရင်း မျက်လုံးများက တောက်ပြောင်လာသည်။

"စာမေးပွဲဖြေတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က ငါ့မျက်လုံးတွေကို နှစ်သက်တဲ့ ပညာရှင်ကို ရှာပြီး သူနဲ့ နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ပဲ"

"တွေ့ပြီလား"

"မတွေ့သေးပါဘူးဟယ်..."

ဟူဖေးဖေး အနည်းငယ် အထီးကျန်သွားသလို ခံစားလိုက်ရသည်။

"ငါတို့ကျောင်းတော်မှာက ငတုံးတွေနဲ့ ပြည့်နေတာလေ...ငါ့လို ​​မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ ဖမ်းစားနိုင်မှာ မဟုတ်ဘူး... စာမေးပွဲပြီးတဲ့အခါ ပိုကောင်းတဲ့ စာပေ ပညာရှင်တွေ ရှိမှာ သေချာတယ်"

သူတို့သည် အနာဂတ်အကြောင်းတွေပြောရင်း မသိလိုက်ဘဲ ဟူဖေးဖေးရဲ့ အသံက တိုးသွားကာ သူမ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ ဒါကိုမြင်တော့ ချန်ရှီလည်း အိပ်ယာပေါ် လှဲချလိုက်ပြီး ခဏအတွင်းမှာပဲ အိပ်ပျော်သွား၏။

နောက်ဆုံးတော့ ခရိုင်စာမေးပွဲ ဖြေဖို့ ရောက်ရှိလာပြီ။

ဤခရိုင်စာမေးပွဲရဲ့ တည်နေရာမှာ ခရိုင်မြို့ထဲရှိ ကွန်ဖြူးရှပ် ကျောင်းတော်မှာ ဖြစ်ပြီး ကွန်ဖြူးရှပ်ကို ရည်စူးထားသည့် နေရာဖြစ်သည်။ ရှင်းရှန်ခရိုင်က ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားအားလုံး ထိုကျောင်းသို့ ပြေးကြရသည်။ ခရိုင်တစ်ခုတည်းတွင် ကျောင်းသားတွေက လူရာနှင့်ချီရှိပြီး ရှိကြကာ မြို့တွင်းက ဆံပင်ဖြူ​ဖြူ လူကြီးများပင် ခရိုင်စာမေးပွဲဖြေဆိုရန် ကွန်ဖြူးရှပ်ဘုရားကျောင်းသို့ လာရောက်ကြသည်။

ဒါက ပထမအကြိမ် စာပေစမ်းသပ်မှု ဖြစ်သည်။

ချန်ရှီနဲ့ ဝမ်ချိုင်ကျောင်းတော်က ကျောင်းသားများကလည်း လူချင်းခွဲကာ မတူညီသော အခန်းများထဲ ဝင်သွားရသည်။ စာခိုးချတာမျိုး မရှိစေရန် စုတ်တံ၊ မှင်များ၊ စက္ကူများနှင့် မှင်ကျောက်များကို စာမေးပွဲ စစ်သူများက ဖြန့်ဝေခဲ့သည်။ ဖုလိန်ရှန်း ပြောသော စာမေးပွဲကြီးကြပ်သူ ထျန်းဟွာယိက ကွန်ဖြူးရှပ်ရုပ်တုကို ဂါဝရပြုပြီး ဝမ်ချိုင်ကျောင်းတော်ကို ပထမဆုံး အကြိမ် စာမေးပွဲကို စတင်နိုင်ကြောင်း ကြေညာခဲ့ပါသည်။

"ဒီနေ့ စမ်းသပ်မယ့်... မေးခွန်းကတော့ သီအိုရီပဲ... ကျန်းကျစ်က ငှက်တစ်ကောင် သေခါနီးမှာ သူ့ရဲ့သီချင်းသံက ဝမ်းနည်းစရာ ကောင်းလာတယ်... လူသေခါနီးမှာ သူ့စကားက နားထောင်လို့ ကောင်းလာတယ်တဲ့"

ထျန်းဟွာယိက စာမေးပွဲမေးခွန်းများ၏ အဆုံးကို ကြေငြာလိုက်သည်။ သူ့အသံက တဟုန်ထိုး တုန်ခါနေ၏။

"စာမေးပွဲခန်းထဲမှာ ဆွေးနွေးမှု၊ စကားဝိုင်းနဲ့ လိမ်ညာစာရွက်တွေကို တားမြစ်ထားပါတယ်... ယဇ်မှန်နဲ့ ဆံပင်တစ်ချောင်းချင်းစီကို စစ်ဆေးသွားမှာပါ"

မှန်ရှေ့မှာ အမွှေးတိုင် တစ်ချောင်းကိုင်ပြီး လူတစ်ရပ်စာလောက်မြင့်တဲ့ မှန်ကြီးကို ရုတ်သိမ်းဖို့ လူနှစ်ယောက်က အတူတူ အလုပ်လုပ်နေရတာကို တွေ့လိုက်ရသည်။

အမွှေးတိုင် မီးလောင်သွားတာနဲ့ မွှေးရနံ့သည် မှန်ဆီသို့ လွင့်ပျံသွားသည်။ မှန်က အမွှေးတိုင်၏ ရနံ့ကို စုပ်ယူကာ အလွန်နူးညံ့သော လိမ္မော်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။ ရုတ်တရက် စာမေးပွဲ​စောင့်နှစ်ယောက်က ခေတ္တရပ်ပြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်သည်။

ထို့နောက် နှစ်ယောက်သား ချက်ချင်း ရှေ့သို့ တိုးလာရာ အခန်းအတွင်းက ကျောင်းသားတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်နေသံကို ကြားလိုက်ရသည်။ ထိုကျောင်းသားက လေအလျင်နဲ့ စာတွေကုန်းရေးနေခဲ့တာပဲ ဖြစ်သည်။

အခန်းစောင့်နှစ်ယောက်က အေးစက်စက် လှောင်ရယ်ရင်း ကျောင်းသား၏ ဦးထုပ်အနက်ကို ဆွဲယူဖြုတ်ချကာ ကဲ့ရဲ့ ပြစ်တင်လိုက်ကြသည်။ ဆံပင်ဖြူ ကြွက်ကလေး တစ်ယောက်ဟာ အရပ်က သုံးလေးလက်မလောက်သာ ရှည်ပြီး စုတ်တံနဲ့ စက္ကူပုံကို ကိုင်ထားတဲ့ ကျောင်းသားရဲ့ ခေါင်းပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရ၏။

ဆံပင်ဖြူ ကြွက်သည် သူ့ခေါင်းပေါ်မှာ ထိုင်လျက် လျင်မြန်စွာနှင့် ထက်ထက်မြက်မြက် စာရေးရန် အာရုံစိုက်နေသည်။ သူ ဘာရေးပြပြ ကျောင်းသားကလည်း ရေးလိမ့်မည်။

သူ့ကိုတွေ့သွားတော့ ဆံပင်ဖြူကြွက်က စုတ်တံကို အလျင်အမြန် ချလိုက်ပြီး ထွက်ပြေးသွားပေမယ့် နောက်ကျသွားလေပြီ။ ဘယ်ဘက်က အခန်းစောင့်က သူ့ကို ဖမ်းထား၏။ နောက်တစ်ယောက်က ကျောင်းသားကို စာမေးပွဲစစ်ဆေးသူ ထျန်းဟွာယိထံ ဆွဲခေါ်လာသည်။ ထျန်းဟွာယိက အ​မွေးဖြူကြွက်ကို တစ်ချက် ကြည့်လိုက်ပြီး။

"လတ်စသတ်တော့ ဉာဏ်ပညာကြွက်ကိုး...မင်းက ငါ့ကို လှည့်စားရဲတဲ့အထိ သတ္တိကောင်းသားပဲ... သူ့ကို ဆွဲချလိုက်ပြီး ကြိမ်ဒဏ်ဆယ်ချက် ဆုချလိုက်!"

အစိုးရ အမှုထမ်းတွေက ကျောင်းသားကို ဆွဲထုတ်သွားကြသည်။ စစ်ဆေးသူနှစ်ဦးသည် မှန်ကို ကိုင်ထားကာ ဆက်လက် တောက်နေသေးသည်။

ချန်ရှီမှာလည်း အလွန်စိတ်လှုပ်ရှားနေ၏။

"လူတစ်ယောက် သေခါနီးမှာတောင် စကား ကောင်းကောင်း ပြောတတ်တယ်တဲ့... ကျူးရှို့ချိုင်က ဒီစာမေးပွဲမေးခွန်းကို တစ်ကြိမ်ထက်ပိုပြီး သင်ပေးခဲ့ပါတယ်... ငါ့အတွက် အရမ်းအဆင်ပြေတဲ့ စာမေးပွဲမေးခွန်းပဲ!"

သူက ဆရာကြီးလို စာရေးပြီး စာလုံးရေ ၂၀၀ ပါတဲ့ စာစီစာကုံးကို အလျင်အမြန် ပြီးအောင်ရေးလိုက်သည်။ ထို့နောက် မှင်ခြောက်သွားအောင် အနည်းငယ် မှုတ်ပေးလိုက်သည်။

ယခုအချိန်တွင် အခြားကျောင်းသားများသည်လည်း စာရေးနေတဲ့ အာရုံထဲမှာ နှစ်မြုပ်နေသေးသည်။ အချို့က ဘာရေးရမလဲ ခက်ခက်ခဲခဲ တွေးနေကြဆဲ ဖြစ်ကာ အချို့မှာမူ စာရွက်များကို မအပ်သေးပေ။

ထျန်းဟွာယိက ချန်ရှီ စာမေးပွဲစာရွက်ကို ပထမဆုံး အပ်လိုက်တာမြင်တော့ လှမ်းကြည့်ကာ ဆိုလေသည်။

"ဒါက ဆရာအန်းရဲ့ ဝမ်ချိုင်ကျောင်းတော်က ကျောင်းသားပဲ... ဆရာအန်းက စာသင်ရတာ ဝါသနာပါတယ် သူ့မှာ တပည့်ကောင်းတွေလည်း ရှိပုံရတယ်..."

အခြားစာစစ်သူများကလည်း "နာမည်ကြီးဆရာတွေက တပည့်ကောင်းတွေ မွေးထုတ်ပေးပါတယ်... ဒီလိုမှမဟုတ်ရင် ဆရာကြီးထျန်းလို အရည်အချင်းရှိတဲ့သူကို ဘယ်လိုလုပ်ပြီး သင်ပေးနိုင်မှာလဲ... မဟုတ်ဘူးလား"

ထျန်းဟွာယိက ဆက်ဖတ်နေတော့ သူ့မျက်နှာပေါ်က အပြုံးက ပိုတောင့်တင်းလာလေသည်။ သူက စာမေးပွဲစာရွက်ကို ရုတ်တရက် ပိတ်လိုက်ပြီး အသက်ရှူချိန် အတော်ကြာတဲ့အထိ ငြိမ်သက်သွား၏။

"ငါ့ဆရာရဲ့ တပည့်တွေကြားမှာ သူပုန်တွေ ပုန်းနေတာပဲ..."

"မဟုတ်ဘူး... ဆရာအန်းနဲ့တွေ့ရမယ် ဒါက ကြီးလေးတဲ့ကိစ္စပဲ... ခေါင်းဖြတ်ခံလိုက်ဂရင် ငါ့ရဲ့လက်ဦးဆရာနဲ့ ငါပဲ ဒုက္ခရောက်လိမ့်မယ်!"

ချန်ရှီ ကွန်ဖြူးရှန်းကျောင်းမှ ထွက်လာစဥ် ဖုလိန်ရှန်းက အပြင်ဘက်တွင် စောင့်ဆိုင်းနေသဖြင့် ချက်ချင်း တွေ့လိုက်ရသည်။ ချန်ရှီ ထွက်လာတာကို မြင်လိုက်ရသဖြင့် အံ့သြမဆုံးဖြစ်ကာ အမြန်​လေး နှုတ်ဆက်လိုက်သည်။

"ချန်ရှီ ထွက်လာတာ မြန်သားပဲ.. မင်း စာမေးပွဲက ဘယ်လိုနေလဲ"

ချန်ရှီက အတော်လေး ဂုဏ်ယူနေပြီး "ကွန်ဖြူးရှပ်ရဲ့ ဂန္တဝင်တွေနဲ့ ရင်းနှီးပါတယ်... ဒီတစ်ကြိမ်တော့ ခရိုင်စာမေးပွဲက အလွယ်လေး..."

ဖုလိန်ရှန်းက သူဘာတွေ ရေးခဲ့တာလဲလို့ မေးတော့မယ့် အချိန်မှာပဲ အနီရောင်တောက်တောက် အလင်းတန်းတွေက ကောင်းကင်ကနေ ချက်ချင်း ထိုးကျလာ၏။ ၎င်းက ကွန်ဖြူးရှပ်ကျောင်းထဲကို တည့်တည့် ကျလာပြီး မွှေးကြိုင်တဲ့ ရနံ့ကလည်း လေထဲမှာ ပျံ့သွားသည်။

"နတ်ဘုရား ဆင်းလာပြီ... နတ်ဘုရား ဆင်းလာပြီ!"

ဖုလိန်ရှန်းလည်း အလင်းတန်းကို စိုက်ကြည့်ရင်း ငြိမ်သွားသည်။ ရုတ်တရက် ကွန်ဖြူးရှပ်ကျောင်းထဲမှ အာမေဋိတ်များစွာ ထွက်ပေါ်လာခဲ့သည်။ အလင်း၏ ရောင်ခြည်ကြောင့် အားလုံးက ထိတ်လန့်သွားကြတာ ဖြစ်လိမ့်မည်။

"နတ်ဘုရား ဆင်းသက်လာပြီ... ဘယ်ကျောင်းသားက နတ်ဘုရား ဆင်းသက်လာအောင် လုပ်လိုက်တာလဲ..."

ထိုအသံကို နားထောင်လိုက်ရင်ပဲ နတ်ဘုရားဆင်းသက်မှုသည် အလွန်ထူးကဲလှကြောင်း ထင်ရှားသည်။ အလင်းတန်းကို တည့်တည့်စိုက်ကြည့်ရင်း ချန်ရှီရဲ့ နှလုံးခုန်သံများလည်း မြန်လာ၏။ လေထုထဲက ရနံ့က ပိုပြင်းလာတဲ့အခါ အနံ့က လူတွေကို စိတ်ချမ်းသာစေလေသည်။

နတ်ကွန်းနယ်ပယ်က ကျင့်ကြံသူများဟာ ကောင်းကင်ကလာသော ရနံ့ကို အားပါးတရ ရှူရှိုက်နေကြသည်။ နတ်သန္ဓေသားက ပင်မနတ်ကွန်းထဲသို့ ဝင်ရောက်သောအခါ ထိုကျင့်ကြံသူဟာ နတ်သန္ဓေသား နယ်ပယ်ထဲ တရားဝင် ဝင်ရောက်ကာ ရွှေအမြုတေကို ဖွဲ့စည်းနိုင်ပြီ ဖြစ်သည်။

သို့ရာတွင် ခရိုင်စာမေးပွဲ၌ ယဇ်ပူဇော်ပြီးမှသာ နတ်သန္ဓေသားများ ပေါ်ထွန်းလာတတ်၏။ ကြီးကျယ်သော စာမေးပွဲကာလအတွင်း နတ်ဘုရားရဲ့ စွမ်းအင်တွေ ပါးလွှာသော လေထဲတွင် ပေါ်လာရခြင်းမှာ အလွန်ရှားပါးသည်။

"ကြီးကြီးမားမား စွန့်လွှတ် အနစ်နာခံခြင်း.... နတ်ဘုရားက လေထုထဲက ထွက်လာတယ် မကြာခင် အလွန်ထက်မြက်ပြီး ကြီးပွားချမ်းသာတဲ့ စာပေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်သူ ပေါ်လာတော့မှာပဲ"

ဖုလိန်ရှန်း တီးတိုး ရေရွတ်နေသည်။

"အဲဒီလူက ဘယ်သူများလဲ?"

သူဒီလို ပြောနေတုန်း လူတစ်ယောက်က ရုတ်တရက် အလျင်အမြန် ရောက်ရှိလာသည်။

“လူကြီးမင်းဖု.... လူကြီးမင်းထျန်းက ခင်ဗျားကို ဖိတ်လိုက်ပါတယ်”

ဒါကိုကြားတော့ ဖုလိန်ရှန်းလည်း အဲဒီလူနောက်ကနေ အမြန်လိုက်သွားသည်။ ကွန်ဖြူးရှပ်ကျောင်းရဲ့ နောက်ဖေးတံခါးကနေ ဝင်လိုက်တော့ ထျန်းဟွာယိက အိမ်အနောက်တံခါးမှာ စောင့်နေပြီ။ သူနဲ့ တွေ့တဲ့အခါ သူ့နှုတ်ခွန်းဆက်စကားတွေကို လျစ်လျူရှုပြီး ထျန်းဟွာယိက ခပ်သုတ်သုတ်ပဲ ပြောသည်။

"ဆရာ... ဝမ်ချိုင်ကျောင်းတော်မှာ ပြဿနာ အကြီးကြီး ဖြစ်သွားပြီ... သူပုန်နဲ့ ပါရမီရှင်က ဝမ်ချိုင်ကျောင်းတော်ကပဲ ထွက်လာတယ်"

ဖုလိန်ရှန်း အံ့သြဝမ်းသာသွား​ဖြင့် အမြန်မေးလိုက်သည်။

ထျန်းဟွာယိ: "နတ်ဘုရားက ဝမ်ချိုင်ကျောင်းတော်က ရှန်ယွိရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်ကို နတ်သန္ဓေသား ပေးလိုက်ပြီ...ဒီကောင်လေးကို စာပေစာမေးပွဲမှာ နတ်ဘုရားက မျက်နှာသာပေးခဲ့တယ်... ဘယ်အဆင့်မှန်း မသိသေးပေမယ့် ဒုတိယတန်းထက်တော့ မနိမ့်မှာ သေချာပါတယ်"

သူက ချန်ရှီရဲ့ စာရွက်ကို ထုတ်ပြီး ဖုလိန်ရှန်းကို ပေးလိုက်သည်။

"ကျေးဇူးပြုပြီး ကြည့်ပေးပါ ဆရာကြီး"

ဖုလိန်ရှန်း တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာက ဖြူဖျော့သွားသည်။

"ကျုပ်ဆီကို ဝိညာဉ်တစ်သောင်းအလံ ပို့ပေးမလို့လား!"

ထျန်းဟွာယိ: "ဆရာ ဘာလုပ်မလဲ"

ဖုလိန်ရှန်းက အံကြိတ်ကာ "ငါ သူ့အတွက် ရေးပေးမယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကျောင်းကိုတော့ ဒုက္ခရောက်ပေးလို့ မဖြစ်ဘူး!"

ထျန်းဟွာယိက တုံ့ဆိုင်းနေသည်။

"ဆရာက သူ့အတွက် ရေးပေးလိုက်ရင် သူက ပညာရှင်အဆင့် ဖြစ်သွားမှာ သေချာတယ်... ပညာရှင်ဆိုရင် ဆောင်းဦးပေါက်မှာ စာမေးပွဲဖြေရလိမ့်မယ်... စီရင်စုမြို့တော်မှာ စာမေးပွဲဖြေ လိုက်ရင် ဒီထက်ပိုပြီး ဒုက္ခရောက်မှာ မဟုတ်ဘူးလား"

ဖုလိန်ရှန်းက သူ့ရဲ့စုတ်တံ၊ မင်၊ စာရွက်နဲ့ မှင်ကျောက်တွေကို အမြန်ထုတ်လိုက်သည်။

"သူ ပညာရှင်အဖြစ် ရွေးချယ်ခံရပြီးရင် သူ့ကို ဝမ်ချိုင်ကျောင်းတော်က ထုတ်ပစ်မယ်.... စာမေးပွဲ​ရောက်ရင် သူဘယ်လောက်ဒုက္ခပေးပါစေ ငါတို့ ဝမ်ချိုင်ကျောင်းတော်နဲ့ ဘာမှ မဆိုင်​တော့ဘူး!"

ထျန်းဟွာယိက အသံကို လျှော့ပြီး "ဆရာ... ဒါက လိမ်လည်မှုပဲ!"

"လိမ်လည်တာက ဝိညာဉ်အလံတွေထက် ပိုကောင်းပါ​သေးတယ်... သူ့စာရွက်ကို ဖယ်ပစ်လိုက်ရင် သူမင်းကို ဒုက္ခပေးဖို့ စွဲလမ်းသွားနိုင်တယ်....."

All Chapters