အခန်း (၅၈၄)
Vol. 39 Ch. 584
“ငရဲအင်ပါယာရဲ့ လက်အရိုး…
နတ်ဘုရားလက်နက်အဆင့် ပစ္စည်းတစ်ခု။ ဒါပေမဲ့ ထူးဆန်းတဲ့ အကြောင်းပြချက်တွေကြောင့် သူ့ရဲ့မူလစွမ်းအားတွေ ဆုံးရှုံးသွားပြီ။ သူ့ရဲ့စွမ်းအားတွေကို ပြန်ဖော်ထုတ်ဖို့ မဖြစ်နိုင်တော့ဘူး။ လက်ရှိတန်ဖိုးကိုတော့ မသိရဘူး..။ ထူးဆန်းတဲ့အကြောင်းပြချက်ကို ဖေါ်ထုတ်ချင်တယ်ဆိုရင် ကံကြမ္မာအမှတ် (၈၀၀၀) လိုအပ်တယ်…”
သံသရာအရှင်သခင်၏ စကားသံ ထွက်ပေါ်လာပြီး မုန့်ချီက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို အမှတ်ရသွားခဲ့သည်။ သူက ကံကြမ္မာအမှတ် (၈၀၀၀) ပေးလိုက်ပြီး စိတ်ထဲတွင်တော့ ကျိန်ဆဲလိုက်မိသည်။
“ငကြောက်ကောင်…”
ချက်ချင်းဆိုသလိုပင် သူ၏ကံကြမ္မာအမှတ်များက (၁၂၇၀၀) သို့ လျော့ကျသွားခဲ့ပြီး သံသရာအရှင်သခင်၏ အသံကတော့ ခံစားချက် ကင်းမဲ့နေသေးသည်။
“ရှေးဟောင်းခေတ်ရဲ့နောက်ဆုံးအချိန် ငရဲကြီး(၉)ထပ်မှာရှိတဲ့ မကောင်းဆိုးဝါးနတ်ဘုရား ငရဲအင်ပါယာက သူ့ရဲ့အချိန်တွေ ကန့်သတ်ချက်ရှိတာကို သိသွားတယ်။ သူက အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲလို့ မရနိုင်တော့ဘူး။ ဒါကြောင့် သူက ငရဲအင်ပါယာဆိုတဲ့ ခန္ဓာကိုယ်ကို စွန့်ပစ်လိုက်ပြီး သူ့ရဲ့ပင်မဝိညာဉ်တွေထဲက တစ်ခုက သံသရာစက်ကွင်းထဲကို ဝင်ရောက်လာတယ်။ သူက နောက်ဘဝမှာ ပြန်ရှင်နိုင်တဲ့ အခွင့်အရေးတစ်ခုကို ရယူဖို့ ဆုံးဖြတ်လိုက်တယ်”
“ငရဲအင်ပါယာက သံသရာစက်ဝိုင်းထဲကို ရောက်လာတာလား…”
နားထောင်နေသော မုန့်ချီ၏မျက်နှာအမူအရာက အလွန်လေးနက်လာခဲ့သည်။ သူကတော့ သံသရာစက်ဝိုင်းကြောင့် ပို၍ရှုပ်ထွေးလာခဲ့၏။
သို့သော် သံသရာအရှင်သခင်က သူ၏ခံစားချက်များကို ထည့်တွက်နေခြင်း မရှိချေ။ သူက အလွန်ကျယ်လောင်သော အသံနှင့် ဆက်ပြောလိုက်သည်။
“သံသရာစက်ဝိုင်းထဲကို ဝင်မလာခင် ငရဲအင်ပါယာက သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို တနေရာမှာ သိမ်းထားခဲ့တယ်။ နောက်ဘဝမှာ သူရဲ့လူဝင်စားက နတ်ဘုရားလက်နက်သန့်စင်ဖို့အတွက် အဲဒီခန္ဓာကိုယ်ကို အသုံးချလို့ ရနိုင်တယ်။ ပြီးတော့ မတော်တဆဖြစ်ရပ်တွေ ဖြစ်လာမှာစိုးတဲ့အတွက် သူက သူ့ရဲ့အငွေ့အသက်တွေကို လက်အရိုးထဲမှာ ပိတ်လှောင်ပြီး သူရဲ့စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တယ်။ သာမန်လူတွေက အဲဒီအရာကို ထိကြည့်နိုင်ပေမဲ့ သူကိုယ်တိုင်ကပဲ အဲဒီစွမ်းအားတွေကို ထုတ်လွှတ်နိုင်စွမ်းရှိတယ်။ သူ နိုးထလာပြီဆိုတာနဲ့ လက်အရိုးက ငရဲအင်ပါယာရဲ့ တခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်လိမ့်မယ်…”
“ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့အထိ ငရဲအင်ပါယာရဲ့ လူဝင်စားက ပြန်ပေါ်မလာခဲ့ဘူး။ လူတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို ရသွားပေမဲ့ ဒီလက်ရဲ့ တန်ဖိုးကိုတော့ ဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့် အလွယ်တကူထားခဲ့တာ။ အချိန်ကြာသွားပြီဖြစ်တဲ့အတွက် အခုတံဆိပ်က အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီ။ အဲဒီတံဆိပ်ကို ဖျက်ဆီးဖို့အတွက် နောက်ထပ် ကံကြမ္မာအမှတ် (၂၀၀၀)ပဲ လိုအပ်တယ်။ ဒါဆိုရင် ငရဲအင်ပါယာရဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နိုင်လိမ့်မယ်…”
မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
“ဒါက ထူးဆန်းတဲ့ အကြောင်းပြချက်ပဲ…။ ငရဲအင်ပါယာက သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ပြီး အနောက်ဘက်ကနေ ပြန်ဝင်လာဖို့ စဉ်းစားထားတာပဲ…။ ဒါပေမဲ့ သူက သံသရာစက်ဝိုင်းထဲကို ဝင်သွားပြီး နောက်ဘဝမှာ ပြန်ရောက်လာဖို့ မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်ကစပြီး သူက ပြန်မလာခဲ့တာလား။ သူက ဘယ်ရောက်သွားတာလဲ။ အဆုံးမှာ သူ့ရဲ့လူဝင်စားက အောင်မြင်နိုင်ဦးမှာလား.”
ထိုအတွေးကြောင့် မုန့်ချီက လောကသခင်ပျက်သုဉ်းခြင်းဓားကို အမှတ်ရသွားခဲ့သည်။ လောကသခင်က မထင်မှတ်ပဲ မိုးကြိုးနတ်ဘုရား၏ အလောင်းနှင့် ရှေးဟောင်းမိုးကြိုးရေကန်တို့ကို ရရှိခဲ့ပြီး ပြိုင်ဘက်ကင်းလက်နက်တစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့သည်။ ထိုလက်နက်က အလယ်ခေတ်တွင် နာမည်ကျော်ကြားခဲ့ပြီး သမိုင်းကြောင်းတစ်လျှောက်လုံး လူတိုင်း အမှတ်ရနေခဲ့သည်။ ထိုအရာက သံသရာအရှင်သခင် ပြောပြခဲ့သော အရာကဲ့သို့ဖြစ်နေ၏။
“ဒါဆိုရင် မိုးကြိုးနတ်ဘုရားက သူ့ရဲ့အလောင်းနဲ့ ရှေးဟောင်းမိုးကြိုးရေကန်ကို တမင်တကာ ချန်ထားခဲ့တာများလား…။ သူ့ရဲ့လူဝင်စားအတွက် လမ်းခင်းပေးထားတာများလား ။ သူ့ရဲ့လူဝင်စားကဘယ်သူလဲ။ လောကသခင်လား… ဒါမှမဟုတ် တခြားတစ်ယောက်လား..”
အကယ်၍ သူကသာ အလောင်းနှင့် ရေကန်ကို ရရှိပြီး ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်အဖြစ် ဖန်တီးနိုင်မည်ဆိုလျှင် သူကိုယ်တိုင်လည်း လောကသခင်ကဲ့သို့ ဖြစ်သွားနိုင်သည်။ သို့သော် သူက လူဝင်စားတစ်ယောက်ဟူသော ကောလာဟလမျိုး လုံးဝမရှိခဲ့ချေ။အလွန်မာနကြီးသော လောကသခင်က ထိုကဲ့သို့ အရာမျိုးကို ဖုံးကွယ်ထားမည် မဟုတ်ချေ။
“ပြီးတော့ လောကသခင်နှင့် ရှေးဟောင်းမိုးကြိုးနတ်ဘုရားတို့မှာ ဘယ်သူကပိုပြီး အစွမ်းထက်လဲဆိုတာ ပြောဖို့ခက်တယ်။ တစ်ခုတော့ သေချာတယ်…. သူတို့နှစ်ယောက်လုံးက ဒဏ္ဍာရီအဆင့်တွေပဲ။ သူ့ရဲ့လူဝင်စားက အရင်ဘဝထက် ကျော်လွန်ဖို့ ဖြစ်နိုင်ပါ့မလား…။ ငါက ရွေးချယ်မှုမရှိတဲ့အချိန်မှာ မိုးကြိုနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့တယ်ဆိုတာ တိုက်ဆိုင်မှုလား…။ ကောင်းကင်(၉)သွယ်က မိုးကြိုးနတ်ဘုရားရဲ့ မိုးကြိုးလှံစွမ်းအားတွေ ငါ့ခန္ဓာကိုယ်ထဲကို ရောက်လာလို့များလား…ဒါမှမဟုတ် တခြားအကြောင်းပြချက်တွေ ရှိနေသေးတာလား”
ထိုအတွေးကြောင့် မုန့်ချီ၏ ခေါင်းထဲတွင် လေးလံသွားခဲ့သည်။ သို့သော် သိပ်မကြာခင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သွားခဲ့ပြီး တံဆိပ်ကို ဖျက်ဆီးလိုက်၏။ မုန့်ချီက ကံကြမ္မာအမှတ် (၂၀၀၀)ပေးလိုက်သည့် အချိန်တွင် လက်အရိုးဆီမှ တလက်လက်တောက်ပနေသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ထိုအလင်းရောင်က တောက်ပလွန်းလှသည့်အတွက် လေဟာနယ်တစ်ခုလုံး မည်းနက်သွားပြီး တစ်ခါတစ်ရံ ဖြူဖွေးသွားသည်။
သံသရာအရှင်သခင်၏ ကန့်သတ်ချက်များ မရှိတော့သည့်အတွက် ထိုအလင်းရောင်များက အင်မော်တယ်လမ်းကြားတစ်ခုလုံး စိမ်းပြာကောင်းကင်နယ်မြေတစ်ခုလုံးကိုပင် ပြန့်နှံ့သွားခဲ့သည်။
ထိုအရာနှင့်အတူ အလွန်ရှေးကျသော အငွေ့အသက်တစ်ခု ပေါ်လာခဲ့၏။ ထိုအချိန်တွင် မုန့်ချီ၏ရင်ထဲ၌ သွေးနီရောင်မြစ်တစ်စင်း စီးဆင်းလာသလို ထင်ရသည်။ ထိုမြစ်ကြီးက အဆုံးအစ မရှိချေ။ ထိုမြစ်ထဲတွင် စွဲလန်းမှု၊ သေဆုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်ဓါတ်ကျမှုများ စီးဆင်းနေခဲ့သည်။
ထိုအရာကို စစ်ဆေးကြည့်လိုက်ရုံနှင့် သူ၏စွမ်းအင်များက ခမ်းခြောက်သွားပြီး သူ၏မှတ်ဉာဏ်များက စတင်ဝေဝါးလာကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ မုန့်ချီက ခေါင်းခါပြီး ထိုခံစားချက်များကို ဖယ်ရှားလိုက်၏။
သူက လက်အရိုးကို နောက်တစ်ကြိမ် ကြည့်လိုက်သည့် အချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက သာမန်သာ ဖြစ်သော်လည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း သိသာနေ၏။ လက်အရိုးက အလွန်ကြောက်စရာကောင်းကြောင်း တွေ့လိုက်ရသည်။
“ငရဲအင်ပါယာရဲ့လက်အရိုး…
ငရဲကြီး(၉)ထပ်က မကောင်းဆိုးဝါးနတ်ဘုရားရဲ့ နတ်ဘုရားလက်နက်အဆင့် ပစ္စည်းတစ်ခု ။ အခုပိတ်လှောင်ထားတာတွေကို ဖယ်ရှားလိုက်ပြီး ငရဲအင်ပါယာရဲ့ ဆင့်ခေါ်မှု ၊ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားပြီ…။ ဒါပေမဲ့ သူ့ရဲ့လူဝင်စားနဲ့ ဆက်သွယ်နိုင်သေးတယ်။ အဲဒီအရာက ငရဲအင်ပါယာရဲ့ကျန်ရှိနေတဲ့ ခန္ဓာကိုယ်တွေ၊ တခြားသတ္တဝါတွေကို ထိန်းချုပ်နိုင်ပြီး နတ်ဘုရားလက်နက်အဖြစ် ဖန်တီးနိုင်တယ်…။ ဒါကိုလက်နက်အဖြစ် အသုံးပြုမယ်ဆိုရင် ရန်သူရဲ့အသက်စွမ်းအားကို ယူနိုင်ပြီး ထိလိုက်ရုံနဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တယ်။ ကောင်းကင်(၇)သွယ် ဝေ့ကျင်းအဆင့်မှာရှိတဲ့ လူတိုင်းက ချက်ချင်း သေဆုံးသွားနိုင်တယ်။ တကယ်လို့ ပြိုင်ဘက်က အဆင့်ပိုမြင့်မယ်ဆိုရင်တောင် ဆိုးဆိုးဝါးဝါးဒဏ်ရာ ရသွားနိုင်တယ်။ ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်အောက်မှာရှိတဲ့ ပိုင်ရှင်ကတော့ ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်ကို မတိုက်ခိုက်နိုင်ဘူး…။ သူက (၃)ရက်မှာ တစ်ကြိမ်ပဲ တိုက်ခိုက်နိုင်တယ်။(၅)ကြိမ်ထက် ကျော်လွန်ပြီး အသုံးပြုလိုက်မယ်ဆိုရင် သာမန်လက်အရိုးလို ပြောင်းလဲသွားနိုင်တယ်။ ဒီလက်အရိုးက ကံကြမ္မာအမှတ် (၂၁၀၀၀) တန်ဖိုးရှိတယ်။ ကံကြမ္မာအမှတ် (၁၈၀၀၀) နဲ့ လဲလို့ရတယ်..”
“မဆိုးပါဘူး…။ ငါက သူ့ရဲ့တန်ဖိုးကို အမြင့်ဆုံးသုံးဖို့အတွက် နတ်ဘုရားလက်နက်အဖြစ် သန့်စင်ရမယ်…”
မုန့်ချီက ခေါင်းညိတ်လိုက်မိသည်။
သူက ငရဲအင်ပါယာ၏ လက်အရိုးနှင့် သမုဒ္ဒရာအုပ်စိုးခြင်း ပုလဲလုံးတို့ကို ရရှိထားသည့်အတွက် ယခုသူ့ဆီတွင် ကိုယ်ပိုင်နတ်ဘုရားလက်နက်တစ်ခုကို သန့်စင်ရန် အခြေအနေကောင်းတစ်ခုရှိနေပြီ ဖြစ်သည်။ သို့သော် သူက မည်ကဲ့သို့သော ပစ္စည်းမျိုး၊ လက်နက်မျိုးကို သန့်စင်ရမည်ဖြစ်ကြောင်း သေချာမသိသေးပေ။
ထို့ပြင် နတ်ဘုရားကမ္ဘာကြီးတာဝန်က ရောက်လာတော့မည်ဖြစ်ပြီး သူက ထိုအရာနှစ်ခုလုံးကို လိုအပ်ကောင်း လိုအပ်နိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် ထိုလက်အရိုးက ဝိညာဉ်သတ္တဝါများကို ထိန်းချုပ်နိုင်သည်။
“နတ်ဘုရားကမ္ဘာကြီးတာဝန် ပြီးသွားတဲ့အထိ စောင့်နေရမယ်။ ပြီးတဲ့အချိန်ကျမှ စာရင်းထဲမှာ နတ်ဘုရားလက်နက် သန့်စင်ရေးနည်းလမ်းကို ရှာရမယ်…”
မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်သည်။ နတ်ဘုရားလက်နက်သန့်စင်သည့် တန်ဖိုးကိုတော့ သူလည်း မသိသေးသလို ယခုလည်းသိရန် မလိုသေးပေ။
(၇) ရက် ကြာပြီးနောက် …
မုန့်ချီက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး အင်မော်တယ်အဖွဲ့သားများ တရားဝင်ကျင်းပသော စားသောက်ပွဲတစ်ခုကို တက်ရောက်ခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံမှုက ထူးခြားမှုမရှိဘဲ အဖွဲ့သားများ အချင်းချင်း ထိတွေ့ဆက်ဆံခွင့်ရရန်သာ ဖြစ်သည်။
စိမ်းပြာနန်တော်၏ ရှေ့တွင် တိမ်တိုက်ပြာဘိုးဘေး ချူချမ်းနင် စောင့်နေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ အဆင့်အတန်းက ပေါ်သွားပြီး ဒေါင်းနတ်ဆိုးဘုရင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အချိန်ကတည်းကစပြီး သူမက သေမင်းပင်လယ် တည်းခိုဆောင်ကို ပြန်မသွားတော့ပေ။
ယခု သူမက နာမည်အသစ်တစ်ခုကို ရှာဖွေနေခဲ့သည်။ သူမက တခြားတစ်ယောက်ယောက်၏ နာမည်ကို အသုံးပြုခြင်း သို့မဟုတ် အရှေ့ပင်လယ်တွင် ရှိနေသော ကျွန်းတစ်ခုနှင့် တောင်ပိုင်းဖုန်းဆိုးမြေတွင် လှည့်လည်သွားလာခြင်းသာ လုပ်ဆောင်နိုင်သည်။
“နင်က အင်မော်တယ်လမ်းကြားမှာ အကျိုးအမြတ်တွေ တော်တော်လေး ရသွားခဲ့တာပဲ…”
ချူချမ်းနင်က မချိပြုံးပြုံနေခဲ့သည်။ သူမက ဝေစုမရသည့်အတွက် စိတ်ပျက်နေပုံရ၏။
“သူက အရှေ့ဝင်ရိုးအင်မော်တယ် ဆေးရည်အကြောင်း မသိသွားတာ ကံကောင်းတယ်…”
မုန့်ချီကတော့ အင်မော်တယ်ထိုက်ယီ၏ နှုတ်လုံမှုကြောင့် အတော်လေး ကျေနပ်သွားခဲ့သည်။ ရန်ဝူဝိုက လျှို့ဝှက်ချက်များကို မည်သူ့ကိုမျှ ပြောမပြခဲ့ပေ။
သူက စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း မျက်နှာပေါ်တွင် ပြသခဲ့ခြင်း မရှိချေ။
“ကျွန်တော်က ပွဲစားသက်သက်ပါပဲ။ အဲဒီအကျိုးအမြတ်ကြီးတွေက တခြားသူဆီ ရောက်သွားတာ…”
“ဘိုးဘေးက နင့်ကို အခန်းထဲ လာဖို့ ခေါ်လိုက်တယ်။ သူက နင့်ကို တခြားတရားဝင် အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးလိမ့်မယ်…”
ချူချမ်းနင်က ထိုစကားကိုပြောရန် စောင့်နေခြင်းဖြစ်ပြီး မုန့်ချီကို အထဲသို့ ခေါ်သွားခဲ့သည်။
အတွင်းထဲတွင်တော့ အင်မော်တယ်ဘိုးဘေးများစွာရှိနေပြီး အဓိကဘိုးဘေးဆရာကြီးဟု ခေါ်ကြသည်မှာ ဘိုးဘေးလင်းပေါင် ဖြစ်သည်။ ခဏကြာ လျှောက်လာပြီးနောက် ချူချမ်းနင်က မေးလိုက်သည်။
“ဒီလိုမျိုး တခြားအပေးအယူတွေ ရှိနေသေးလား…။ ငါက နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာတာ ဆိုတော့ မင်းကို အကူအညီပေးနိုင်မှာ သေချာတယ်..”
မုန့်ချီက မချိပြုံး ပြုံးလိုက်သည်။
“အခုတော့ မရှိသေးဘူး…။ ဒါပေမဲ့ နောက်ပိုင်းမှာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်…”
“ကပ်စေးနည်းတယ်….တော်တော်ကပ်စေးနည်းတာပဲ…”
ချူချမ်းနင်က မကျေမနပ် ပြောလိုက်ပြီး သူမက အပြစ်တင်ခံရမှာကိုပင် မကြောက်တော့ပေ။
ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် မုန့်ချီက လူတစ်ယောက်ကို စိုက်ကြည့်လိုက်မိသည်။ ကြာပန်းရေကန်တစ်ခု၏ ရှေ့တွင်တော့ လပုံသဏ္ဍာန်သရဖူနှင့် တာအိုသခင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေသည်။
သူက မြက်ဖိနပ်တစ်စုံစီးထားပြီး သူ၏မျက်နှာဖုံးက အတော်လေးကို ချောမောခန့်ညားသည်။ သူကတော့ သန့်စင်မှော်အရှင်ဖြစ်၏။ သူက ရေကန်ထဲတွင် ရှိနေသော အစိမ်းရောင်ကြာပန်းများကို စိုက်ကြည့်နေပြီး တစ်ယောက်တည်း အတွေးထဲတွင် နစ်မျောနေပုံရသည်။
ချူချမ်းနင်က စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ပြောလိုက်၏။
“သန့်စင်မှော်အရှင်က တတိယမြောက် သေမင်းတမန်တာဝန်ကို အခုလေးတင်မှ ပြီးသွားတာ…။ သိပ်မကြာခင် သူက သိုင်းသခင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့အဖွဲ့သားနှစ်ယောက် ဆုံးရှုံးသွားခဲ့တယ်…။ တစ်ယောက်ကတော့ ငါတို့ရဲ့ တရားဝင်အဖွဲ့သား ကောင်းကင်စိမ်း နတ်သမီးပဲ။ ဒါကြောင့် သူက စိတ်ဓာတ်ကျနေတာ…”
“ကျွန်တော် နားလည်ပါပြီ…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ဖြတ်ကျော်သွားရန် ပြင်လိုက်သည်။ သန့်စင်မှော်အရှင်က သူ့ကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့က မျက်လုံးချင်းဆုံသွားခဲ့၏။
“ငါက မင်းကိုသိတာတော့ တော်တော်လေးကြာပြီ။ ဒါပေမဲ့ လုံးဝမတွေ့ဖူးသေးဘူး… ဒီနေ့တော့ ငါတို့က အချင်းချင်းတွေ့ခွင့်ရပြီပေါ့…။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက မတည်မြဲပါဘူးလေ…”
သန့်စင်မှော်အရှင်က ပြုံးရုံလေးပြုံးပြီး ပြောလိုက်သည်။
မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်၏။
“အဲဒါတော့ အမှန်ပါပဲ…”
ချင်းယွမ်က သူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့မျက်နှာကို ပြသ၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ငါက ချောင်မိသားစုက ချောင်ရှန်းကျိ လို့ခေါ်တယ်…”
“ချောင်ရှန်းကျိ လား…”
မုန့်ချီက ထိုနာမည်ကို ကြားခဲ့ဖူးသည်။ သူက ပေကျင်း ချောင်မိသားစု၏ လက်အောက်ခံ မိသားစုလေးတစ်ခုမှ ဖြစ်သည်။ အစပိုင်းတွင် သူက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပြီး သူ၏စွမ်းရည်ကို ပြသနိုင်ခဲ့သည့်အတွက် ချောင်မိသားစု၏ လက်ခံခြင်းကို ရရှိခဲ့သည်။
နောက်ဆုံးတွင်တော့ သူက ထိပ်ဆုံးနေရာ(၃)ခုတွင် ရောက်ရှိလာခဲ့၏။ သူ့ကိုတော့ မြေနတ်သမီး ချောင်အာနှင့်ပင် နှိုင်းယှဉ်ကြရသည်။ ထို့ကြောင့်လည်း မုန့်ချီက သူ့အကြောင်းကို ကြားဖူးခဲ့ခြင်း ဖြစ်၏။
ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့ပြီးနောက် ထိုပါရမီရှင်က သာမန်အဆင့်ကို ပြောင်းလဲသွားခဲ့သည်။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ရန် (၁၁)နှစ် အချိန်ပေးခဲ့ရသည်။ ထိုအချိန်ကတည်းကစပြီး သူက စွမ်းရည်ကုန်ဆုံးသွားသည် ဆိုသော ဥပမာအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ယခုတော့ သူက အသွင်းပြောင်း(၇၂)မျိုး ကျင့်စဉ်ကြောင့် နှောင့်နှေးနေရခြင်းဖြစ်ပြီး သူ၏ကျင့်စဉ်က အရင်းအမြစ်အမြောက်အမြား လိုအပ်ခြင်းကြောင့် ဖြစ်သည်။
“ကျွန်တော်က စုမုန့်ပါ…”
သူတို့က အချင်းချင်းသိနေသော်လည်း မုန့်ချီက ပြန်လည် နှုတ်ဆက်လိုက်သည်။
ချင်းယွမ်က ပြုံးပြလိုက်သည်။
“မင်းက တတိယကောင်းကင်အဆင့်ကို ရောက်သွားပြီလို့ ဒိုမူက ပြောတယ်။ ငါက တကယ့်ကို လက်မခံနိုင်ခဲ့ဘူး..။ အခုအမှန်ဆိုတာကို မြင်လိုက်ရတော့ ငါ မင်းကို အားကျမိတယ်…”
သူက ထိုသို့ပြောလိုက်သော်လည်း သူ့ကိုယ်သူ အားငယ်နေခြင်းမရှိချေ။ သူကတော့ အချိန်ကာလကြောင့် အတော်လေးတည်ငြိမ်သွားပုံရသည်။
“ကျွန်တော်က အခွင့်ကောင်းတစ်ချို့ကို ကြုံလိုက်ရလို့ပါ…”
မုန့်ချီက ရင်းနှီးမှုမရှိ၊ ရန်သူမဟုတ်သော သူများ၏ ရှေ့တွင် အမြဲလိုလို နှိမ့်ချတက်သည်။ ချင်းယွမ်က သူ့ကို ဂရုမစိုက်တော့ဘဲ ခန်းမထဲကို ပြန်လှည့်ကြည့်လိုက်၏။ ထိုနေရာတွင် မျက်နှာဖုံးနှင့် လူပေါင်းများစွာ ပြည့်နှက်နေသည်။
မုန့်ချီက ဘိုဘေးထိုက်ယီနှင့် ဘိုးဘေးနန်းဟွာကဲ့သို့သော ရင်းနှီးသည့် မျက်နှာများကိုလည်း မြင်လိုက်ရသည်။ သူတို့ကလည်း တရားဝင်အဖွဲ့သား တွေ့ဆုံပွဲကို တက်ရောက်ကြ၏။
ရုတ်တရက် ဆိုသလို သန့်စင်မှော်အရှင်က သက်ပြင်းချလိုက်မိသည်။
“ငါ ပထမဆုံး ဒီကိုရောက်လာခဲ့တုန်းက ဒီလူတွေ မဟုတ်ဘူး။ သူတို့က တော်တော်လေးကို ပြောင်းလဲသွားပြီ…”
အချိန်ကာလနှင့် သံသရာတာဝန်များက သူ့ကို တော်တော်လေး ထိခိုက်သွားစေခဲ့ သည်။ သူက မုန့်ချီကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
“ဒါကြောင့် ငါ့ရဲ့ပထမဆုံးအဖော်တွေကလွဲရင် ငါက တခြားသူတွေကို ဂရုမစိုက်တော့ဘူး၊ ငါက နှလုံးသားမရှိသလို ခံစားရပေမဲ့ သူတို့သေသွားတဲ့အချိန်ကျရင် ဘာမှခံစားရမှာ မဟုတ်တော့ဘူးလေ၊ ငါ့ရဲ့ ပထမအဖော်တွေက သေသွားကြပြီ…”
သူက မုန့်ချီကို တစ်စုံတစ်ခု သတိပေးရန် ကြိုးစားနေသလို ထင်မှတ်ရသည်။ သေမင်းတမန်တာဝန်က သူတို့၏ ဝမ်းနည်းဖွယ် မှတ်ဉာဏ်များကို အမှန်တကယ် ယူဆောင်ပေးနိုင်ခဲ့သည်။
မုန့်ချီက ကျန်းယွင်ရှန်၊ ဖူကျန်းကျန်း နှင့် တခြားသူများကို အမှတ်ရသွားခဲ့ပြီး သူ့ရင်ထဲတွင်လည်း ခံစားချက်များ ပြည်နှက်လာခဲ့၏။ ခဏကြာပြီးနောက် ချူချမ်းနင်က သူ့ကို ထွက်သွားရန် ပြောခဲ့ပြီး သူမဆီတွင်လည်း ခံစားချက်များ ပြည့်နှက်နေခဲ့သည်။
အရက်သမားရှဲ့ အဖြစ် ချွန်ရန်းကျိ၊ ရမ်ပင်ရှန့်အဖြစ် ပေါင်ပုကျူးနှင့် ရွှယ်လွေအဖြစ် ယွင်ကျုံးကျိ စသည့် တခြားပညာရှင်ပေါင်းများစွာကို သိခဲ့ရသည်။
“သူတို့အားလုံးက ငါ့ရဲ့အဖွဲ့သားတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ (၃)ယောက်ပဲ ရှိတော့တယ်၊ သူတို့တွေက တနေ့နေ့မှာ သေသွားမလားဆိုတာ မင်းလည်း မသိနိုင်ဘူး..”
မုန့်ချီက ထိုစကားများကို နားထောင်ပြီးနောက် အခန်းထဲကို ဝင်သွားခဲ့သည်။ သူတို့ရောက်လာခဲ့သည့်အချိန်တွင် ချူချမ်းနင်က ထွက်သွားခဲ့၏။ သို့သော် သူကတော့ တင်ပျဉ်ခွေထိုင်ပြီး ဘိုးဘေးကို စောင့်နေခဲ့သည်။
“သွားကြစို့…”
ဘိုးဘေးလင်းပေါင်က တိတ်ဆိတ်နေသောအခန်းထဲသို့ ဝင်သွားခဲ့သည်။ မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ဘိုးဘေးလင်းပေါင်နှင့်အတူ ခန်းမကြီးထဲသို့ လိုက်သွားခဲ့၏။
“ငါတို့ဆီမှာ တရားဝင်အဖွဲ့သား (၂၇)ယောက် ရှိတယ်၊ နှစ်ယောက်တော့ မကြာသေးခင်ကမှ သေသွားခဲ့တယ်၊ (၃)ယောက်ကတော့ အလုပ်များနေတယ်၊ လက်ရှိဒီနေရာမှာ (၂၂) ယောက်ရှိတယ်…”
ဘိုးဘေးလင်းပေါင်က လမ်းတစ်လျှောက်တွင် မိတ်ဆက်ပေးနေခဲ့သည်။
ခန်းမထဲတွင် ရှိနေသော အဖွဲ့သားများကလည်း အငွေ့အသက်များ ချဉ်းကပ်လာသည်ကို ခံစားမိသည့်အတွက် တံခါးဆီကို လှည့်ကြည့်လိုက်သည်။ သူတို့က ဘိုးဘေးလင်းပေါင်၏ နောက်တွင် ကပ်ပါလာသော ကောင်းကင်ဘိုးဘေးကို မြင်လိုက်ရသည့်အတွက် တူညီသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
………………..
(၂) လပိုင်းသည် နွေဦးရာသီအစောပိုင်းဖြစ်သော်လည်း အေးစက်နေသေးသည်။ မုန့်ချီက (၇)ခုမြောက် ပြောင်းလဲမှုကိုလည်း နားလည်သွားခဲ့၏။ ရုတ်တရက်ဆိုသလို မြင်ကွင်းများက ပြောင်းလဲသွားပြီး သံသရာမြေကွက်လပ်ထဲတွင် ရောက်ရှိလာခဲ့သည်။
နတ်ဘုရားကမ္ဘာကြီး တာဝန်က စတင်ပြီဖြစ်၏။ ကျန်းကျိဝေ၊ ချီကျန်းရန်၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့ကို မြင်သည့်အချိန်တွင် မုန့်ချီက အနည်းငယ် သက်ပြင်းချလိုက်မိသည်။
မုန့်ချီက သူတို့ကို မနှုတ်ဆက်ရသေခင် နားထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
“ကျန်တဲ့ လူ(၃)ယောက်က အနိမ့်ဆုံး လိုအပ်ချက်ကို ပြည့်မီသွားတယ်။ ဒါကြောင့် ခွဲခြားမှု မရှိတော့ဘူး…”
“နတ်ဘုရားကမ္ဘာ ပျက်စီးသွားပြီးနောက် နှစ်ပေါင်း (၅၀၀) အကြာ ရောက်နေပြီ။ နတ်ဘုရားတွေကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး…။ အတွေးအခေါ်ကျောင်းတွေလည်း မရှိတော့ဘူး…”
“ပင်မတာဝန်…
တိုင်းပြည်တွေကို စည်းမျဉ်းတွေ သင်ကြားပေးဖို့အတွက် ကျောင်းတော်တွေထဲက တစ်ခုကို ရွေးချယ်ရမယ်။ တကယ်လို့ တိုင်းပြည်တစ်ခုက သူ့ရဲ့အယူအဆတွေကို လက်ခံမယ်ဆိုရင် တာဝန်က ပြီးဆုံးပြီး ကံကြမ္မာ ၂၅၀၀ ဆီရမယ်။ တကယ်လို့ ဘယ်တိုင်းပြည်ကမှ လက်မခံဘူးဆိုရင် နတ်ဘုရားကမ္ဘာကြီးထဲမှာပဲ တစ်သက်လုံး နေရလိမ့်မယ်။ မဟုတ်ရင်တော့ ကံကြမ္မာအမှတ် ၂၅၀၀ ပေးပြီး ထွက်လာရလိမ့်မယ်..”
“တာဝန်စတင်ပြီး (၃)လ ကြာပြီးသွားပြီဆိုရင် မင်းတို့ရဲ့စွမ်းအားနဲ့ ကျင့်စဉ်တွေက ထပ်ပြီး တိုးတက်မှာ မဟုတ်တော့ဘူး၊ အဲဒီနေရာနဲ့ ပင်မကမ္ဘာကြီးရဲ့ ကြားထဲမှာ အတားအဆီးတစ်ခု ရှိလာလိမ့်မယ်…”
“အခုမင်းတို့က နှစ်သက်ရာကျောင်းတစ်ခုကို ရွေးချယ်ကြပါ။ တကယ်လို့ (၁၀)စက္ကန့်အတွင်း ရွေးချယ်ဖို့ မအောင်မြင်ဘူးဆိုရင် ငါက မင်းတို့အတွက် အဆင်ပြေရာတစ်ခုကို ရွေးပေးမယ်…”
မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်မိလိုက်ကြသည်။ သူတို့က တွေဝေနေရန် အချိန်မရှိကြပေ။ သူတို့နှစ်ယောက်က ရှေ့တက်လာပြီး ချက်ချင်းပင် ရွေးချယ်လိုက်ကြသည်။
လေထဲတွင် အလင်းရောင်များ ဆက်တိုက်ထွက်ပေါ်လာပြီး စကားလုံးများ ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့က ရွေးချယ်လိုက်ကြ၏။
“မိုကျောင်းတော်…”
Translated by Hein Htet.