← Chapters

အခန်း (၅၈၇)

Vol. 40 Ch. 587

အခန်း (၅၈၇)

Vol. 40 Ch. 587

နောက်ပြန်လှည့်ကြည့်စရာ မလိုဘဲ လူသစ်၏မျက်နှာက မုန့်ချီတို့၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဝါကျင့်ကျင့်မျက်နှာနှင့် မုတ်ဆိတ်‌မွှေးမရှိသော လူကြီးက အသက်(၄၀)နီးပါးခန့် ရှိပုံရသည်။ သူက အထက်တန်းလွှာမိသားစုမှ ပျိုးထောင်ထားသော ပညာရှင်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားခဲ့သည်။

သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားနေပြီး သူ၏အငွေ့အသက်များက ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသလို ထင်မှတ်နိုင်သည်။

"ဘာကိစ္စရှိလို့ပါလဲ…"

မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်မိ၏။

ဝါကျင့်ကျင့်မျက်နှာနှင့် မုတ်ဆိတ်‌မရှိသောပညာရှင်က ပြုံးလိုက်သည်။

"ကျွန်တော့်နာမည်က ကျိုးပိုင်လို့ခေါ်တယ်။ ကျွန်တော်က ပိုလီအရှင်သခင်ရဲ့ လက်အောက်မှာရှိတဲ့ ပညာရှင်တစ်ယောက်ပါ ... "

ထိုလူက ရိုးရှင်းသော စကားတစ်ခွန်းတည်းနှင့် သူ၏အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ ထို့နောက် သူတို့ကို အရိုအသေပေးလိုက်၏။

"အစောပိုင်းတုန်းက မိတ်ဆွေတို့ပြောတဲ့ စကားတွေကို ကျွန်တော်ကြားပါတယ်။ ကျွန်တော်က မိတ်ဆွေတို့ကို ခန်းမအပြင်ဘက်ကနေ တစ်ချိန်လုံး ကြည့်နေခဲ့တာ။ ကျွန်တော်ကလည်း မိတ်ဆွေတို့လို အတွေးမျိုး ရှိနေတဲ့အတွက် ဒီနေရာမှာ လာရောက်တွေ့ဆုံတာပါ ..."

"မိတ်ဆွေကရော နိမ့်ကျတဲ့မိသားစုကနေ ရောက်လာခဲ့တာလား …"

မုန့်ချီ၏ဘေးတွင် ရပ်နေသော ကျိုးဟမ်က ဖြတ်၍မေးလိုက်သည်။

ချီကျန်းရန်က စကားပြောကောင်းသော လူတစ်ယောက် မဟုတ်ပေ။ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း အပြန်အလှန် စကားပြောဆိုရာတွင် အဆင်မပြေလှပေ။ ထို့ကြောင့် သူတို့က စကားပြောသည့်အလုပ်ကို မုန့်ချီနှင့် ကျိုးဟမ်တို့ လက်ထဲကိုသာ ပေးထားရန် ဆုံးဖြတ်ထားခဲ့ကြသည်။

ကျိုးပိုင်က သက်ပြင်းချပြီး ပြောလိုက်၏။

"ဟုတ်ပါတယ်။ ကျွန်တော်က ချီတိုင်းပြည်မှာ သာမန်အမျိုးသားတစ်ယောက်ပါပဲ။ ကျွန်တော်က လမ်းခရီးမှာ မထင်မှတ်ဘဲ ကံကောင်းသွားတဲ့အတွက် လက်ရှိကျင့်စဉ်အဆင့်မျိုးကို ရလာခဲ့တာ။ ကံဆိုးသွားတာကတော့ ချီတိုင်းပြည်က တော်တော်လေးကို ပျက်စီးနေပြီး တိုးတက်ဖို့ မျှော်လင့်ချက်လည်း မရှိတော့ဘူး ...”

“နောက်ပိုင်းမှာတော့ ပိုလီအရှင်သခင်က နောက်ခံကို မကြည့်ဘဲ ပါရမီရှင်တွေကို စုဆောင်းနေတယ်ဆိုတဲ့သတင်းမျိုး ကြားလိုက်ရတဲ့အတွက် ကျွန်တော်က ဟန်တိုင်းပြည်ကို ရောက်လာခဲ့တာ။ ဒါကြောင့်လည်း သခင်လေးစုရဲ့အတွေးအခေါ်က အဆင်ပြေတယ်လို့ ခံစားမိတာပါ…”

"ဘုရင်က နောက်ခံကို မကြည့်ဘဲ သူ့ရဲ့လက်အောက်ငယ်သားတွေကို ရွေးချယ်နိုင်တယ်။ ပြီးတော့ အပြန်အလှန် အကျိုးကျေးဇူး ရှိနိုင်တယ်.."

မုန့်ချီက ခေါင်းညိတ်ပြောလိုက်သည်။ သို့သော် ထိုအရာက သူတို့၏တာဝန်အတွက် သတင်းကောင်းတစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ အရည်အချင်းကိုကြည့်၍ သူကောင်းပြုရမည်ဟူသော အချက်က ဗဟုသုတပြည့်စုံသော ဘုရင်အတော်များများ၏ နှလုံးထဲတွင် မျိုးစေ့ရှိသွားနိုင်သည်။

အပြန်အလှန် စကားပြောဆိုနေရင်း ကျိုးပိုင်က စိတ်လိုလက်ရ ပြောလိုက်သည်။

"ကျွန်တော့်မှာ ဒီလိုအတွေ့အကြုံမျိုးတွေရှိတဲ့ မိတ်ဆွေကောင်းတွေ အများကြီးရှိတယ်။ ကျွန်တော်က သခင်လေးစုတို့ကို ကျွန်တော့်ရဲ့အိမ်ထဲ ဖိတ်ခေါ်ချင်တယ်။ ပြီးတော့ သခင်လေးစုရဲ့ အတွေးအခေါ်တွေကို နားထောင်ချင်ပါတယ်..."

သူကတော့ အတွေးအခေါ်များ၊ ထင်မြင်ချက်များကို ဆက်လက်နားထောင်ရန် ဆန္ဒရှိနေပုံရသည်။ ထိုတောင်းဆိုမှုကို မုန့်ချီလည်း ထင်မထားခဲ့ပေ။ သူကတော့ ပိုလီအရှင်သခင်၏ ရဲတိုက်ထဲတွင် ပုံမှန်မဟုတ်သော အချက်အလက်များကို ‌အခြေခံအားဖြင့်သာ ပြောပြရခြင်းဖြစ်သည်။

ထိုအရာကတော့ အချိန်ကြာမြင့်စွာ တည်ဆောက်ရခြင်းနှင့် လူငယ်များ ပေါ်ထွက်လာရန် အရေးကြီးဆုံးအချက်များကို ပြောခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့်လည်း သူက အဓိကအကြောင်းအရာများကိုပင် မပြောရသေးဘဲ သူတော်စင်တစ်ပါးကဲ့သို့ ဆက်ဆံခံရခြင်းဖြစ်သည်။

သူတို့က တိတ်ဆိတ်ပြီး တွေဝေနေသည်ကိုမြင်သည့်အခါ ကျိုးပိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မသမာမှုတွေက ကျွန်တော်တို့ကမ္ဘာကြီးထဲမှာ အမြစ်တွယ်နေတာ တော်တော်လေးကို ကြာခဲ့ပြီ။ လူသားတွေပဲဖြစ်ဖြစ်၊ စာသင်သားတွေပဲဖြစ်ဖြစ် တစ်ယောက်မျှအသက်မရှင်နိုင်ကြဘူး။ ကျွန်တော်တို့က အဲဒါကိုမြင်တယ်ဆိုရင်တောင် ဒီကမ္ဘာကြီးကတော့ မျက်ကန်းတွေ ဦးဆောင်နေတဲ့ မျက်ကန်းတစ်သိုက်လို ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့က သီးခြားတွေးခေါ်ပြီး အကျိုးရှိရှိလုပ်ဆောင်ဖို့ စိန်ခေါ်မှုတွေ မမြင်ရဘူး။ ဒီနေ့တော့ သခင်လေးစုရဲ့ စကားလုံးတွေက ကျွန်တော့်ကို တွန်းအားပေးနိုင်ခဲ့တယ်။ ဒါကြောင့်သခင်လေးစုရဲ့ နှလုံးသားဆန္ဒတွေက အခုချိန်ထိ မပြည့်စုံသေးဘူးဆိုတာ ကျွန်တော်ပြောနိုင်တယ်။ ဒါကြောင့်လည်း ကျွန်တော်က သခင်လေးဆီက လမ်းညွှန်မှုကိုယူဖို့ ဆုံးဖြတ်ထားတာပါ ... "

ထိုအရာက လူ့အသိုင်းအဝိုင်းတစ်ခု တည်ထောင်ရန် အမှတ်တကယ် ခက်ခဲသော ခေတ်ကာလတစ်ခုလည်း ဖြစ်သည်။ သူတို့အတွက်တော့ သီးခြားဟူသော အရာများပင် မရှိခဲ့ကြပေ။ ပိုလီအရှင်သခင်က နောက်ခံကို မကြည့်ဘဲ ပါရမီရှင်များကို လက်ခံ၍ ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် သူ၏ဂုဏ်သတင်းက အတော်လေး ကျော်ကြားခဲ့သည်။ သို့သော် သူက ဘုရင်တစ်ပါးမဟုတ်ချေ။

ပြောင်းလဲမှုက အချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် ကျိုးပိုင်က အနာဂတ်တွင် သူ၏ကြိုးစားအားထုတ်မှုများအပေါ် ယုံကြည်ချက် ကင်းမဲ့နေခဲ့သည်။ ကမ္ဘာကြီးအပေါ် သူ့အမြင်က အတော်လေးကို ဆိုးဝါးနေခဲ့၏။

သူက သူတို့၏ အခြေအနေကို ပြောင်းလဲရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဗဟုသုတ နည်းပါးသည့်အတွက် သူတို့၏တိုးတက်မှုက နှောင့်နှေးနေခဲ့ရသည်။ အဆုံးတွင်တော့ သူတို့က သိုင်းပညာကိုသာ အားကိုးရပြီး အထက်တန်းလွှာ ပညာရှင်များ၏ အခွင့်အရေးပေးမှုကို စောင့်နေရသော ဘဝတစ်ခုသာ ပိုင်ဆိုင်ခဲ့ရ၏။ သူတို့၏ ကြိုးစားအားထုတ်မှုများကလည်း အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။

ထိုကဲ့သို့ စိတ်ဓာတ်ကျမှုများကို သယ်ဆောင်ထားရပြီး မျှော်လင့်ချက်တစ်စွန်းတစ်စပင် မရှိသည့်အချိန်မျိုးတွင် သူတို့က ကောက်ရိုးမျှင်တစ်ခုကို ဆုပ်ကိုင်ရန် လုံလောက်သည်။ ထို့ကြောင့် မုန့်ချီက သူကောင်းပြုခြင်း၊ ခြိုးခြံချွေတာခြင်း၊ ဘိုးဘေးယဇ်ပူဇော်မှုကို အလွန်အကျွံမလုပ်ခြင်း စသည့်စကားလုံးများကို အနည်းငယ်လေးသာ ပြောခဲ့သော်လည်း ကျိုးပိုင်က သူ့ဆီမှအကြံညဏ်တောင်းရန် လုံလောက်ခဲ့သည်။

မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး လက်ရှိအခြေအနေနှင့် ကျိုးပိုင်တို့ မိတ်ဆွေများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူတို့လည်း ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ကြ၏။ သူတို့ကလည်း အမှန်တရားကို ပို၍သိချင်နေကြသည်။

သူတို့က ပိုလီအရှင်သခင်ကို ဖျောင်းဖျခဲ့သည့်အချိန်ကကဲ့သို့ နောက်ပိုင်းတွင် ‌တိုင်းပြည်ငယ်လေးများ၏ ဘုရင်များကို လွှတ်တော်ခန်းမထဲတွင် သိမ်းသွင်းရန် လုပ်ဆောင်ချင်ခဲ့သည်။ စလာသည့်အချိန်မှစ၍ (၃)လဟူသောအချိန်ကြောင့် သူတို့က တိုင်းပြည်ငယ်လေးများကိုသာ ပစ်မှတ်ထားနိုင်သည်။ သူတို့က ပြင်ပကမ္ဘာကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြပေ။

"ပြီးတော့ ငါတို့အားလုံးမှာ လျှို့ဝှက်ရတနာတွေရှိတယ်။ ငါတို့က ထောင်ချောက်ဆင်မှာကို ကြောက်စရာလိုလို့လား…."

မုန့်ချီက တွေးလိုက်မိသည်။

သူက ကျိုးပိုင်ကိုပြောလိုက်၏။

"ဒါဆိုလည်း အစ်ကိုကျိုးကပဲ ကျေးဇူးပြုပြီး ရှေ့ကလမ်းပြပါ…."

ကျိုးပိုင်၏အစွမ်းကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူနှင့်ကျန်းကျိဝေတို့က လျှို့ဝှက်ရတနာများကို သုံးရန်မလိုဘဲ သူ့ကိုအနိုင်ရနိုင်ကြောင်း မုန့်ချီက ယုံကြည်နေခဲ့သည်။ ကျိုးပိုင်၏အဖော်များက ဝေ့ကျင်းအဆင့်ကို ရောက်နေရန် လုံးဝမဖြစ်နိုင်ပေ။ မဟုတ်လျှင် ပိုလီအရှင်သခင်၏လက်ထဲ၌ အလွန်ကြောက်စရာ ကောင်းသော အင်အားစုတစ်ခု ရှိနေပါလိမ့်မည်။

ကျိုးပိုင်က အလွန်ဝမ်းသာသွားခဲ့ပြီး ချက်ချင်း သူတို့ကို လမ်းပြခဲ့သည်။ သူက စင်မြင့်ပေါ်မှ အောက်သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းပေါင်းများစွာကိုဖြတ်ကျော်၍ ရဲတိုက်တစ်ခုဆီသို့ ချိုးကွေ့လာခဲ့၏။

မုန့်ချီနှင့်သူ့မိတ်ဆွေများက ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး သူကတော့ သူ့အဖော်များကို ခေါ်ဆောင်ရန် ဝင်သွားခဲ့သည်။ ခဏကြာပြီးနောက် သူက ပြန်ထွက်လာပြီး ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထား၏။

သူက သူတို့ကို အရိုအသေပေးလိုက်သည်။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။ အထဲမှာ သခင်လေးတို့ကိုစောင့်နေကြပါတယ် .. "

မုန့်ချီကတော့ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိဘဲ ခန်းမထဲသို့ ဝင်လာခဲ့သည်။ ဘေး(၂)ဖက်တွင်တော့ လူပေါင်းများစွာက မြေပေါ်တွင် ပြည့်နှက်နေသော မြက်ဖျာများပေါ်တွင် ဒူးထောက်ထိုင်နေကြသည်။

ကျိုးပိုင်ကလွဲလျှင် ဝေ့ကျင်းအဆင့် ပညာရှင်နောက်ထပ် တစ်ယောက်သာရှိ၏။ ထိုအရာကတော့ ဒူး(၂)ဖက်ပေါ်တွင် ဓားရှည်ကို ကန့်လန့်ဖြတ်တင်ထားသော အနက်ဝတ် ပညာရှင် တစ်ယောက်ဖြစ်သည်။ သူ၏မေးစေ့အောက်တွင် မုတ်ဆိတ်တိုများ ရှိနေပြီး သူ၏အမူအရာက အလွန်ဆိုးရွားလှသည်။ သူ၏အဝတ်အစားများကလည်း အလွန်ရှေးကျ၏။

မုန့်ချီနှင့် မိတ်ဆွေများ အထဲကို ဝင်လာခဲ့ကြသည့်အချိန်တွင် လူတိုင်းက အရိုအသေ ပေးလိုက်ကြသည်။ သူတို့ထိုင်လိုက်သည့်အချိန်တွင် ကျိုးပိုင်က ခေါင်းစဉ်ကို မိတ်ဆက်ရန်အတွက် အစောပိုင်းတွင် ပြောခဲ့သည့်အရာများကို ပြန်ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ကောက်ချက်ချ၍ ပြောလိုက်၏။

"အရည်အချင်းရှိတဲ့သူတွေကို သူကောင်းပြုရမယ်ဆိုတဲ့ သခင်လေးစုရဲ့ အတွေးအခေါ်ကို ငါတို့အားလုံး လက်ခံကြတယ်။ ဒါပေမယ့် ဘယ်လိုအဆင့်အတန်းမျိုးပဲရှိရှိ ပါရမီရှင်တွေကို အသုံးချနေတဲ့ ဘုရင်တွေ၊ အထက်တန်းလွှာ မိသားစုတွေကတော့ အရမ်းနည်းတယ်။ တင်းကြပ်တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်က အထက်တန်းလွှာနဲ့ အောက်ဘက်အလွှာတွေရဲ့ကြားထဲမှာ ဆက်သွယ်မှုကို တားမြစ်ထားတယ်။ ဒုတိယတစ်ချက်ကတော့ သာမန်မြို့သားတွေထဲကနေ ထူးခြားတဲ့ ပါရမီရှင်တွေကို ရွေးချယ်မွေးထုတ်ဖို့က တော်တော်လေး အကုန်အကျများတယ်။ မင်းတို့က လူပေါင်း(၁)သောင်းကို သင်ကြားပေးနိုင်ပေမယ့် ပါရမီရှင်တစ်ယောက် ထွက်လာဖို့ မလွယ်ဘူး…"

"သခင်လေးစု ...

သခင်လေးစုက ကျွန်တော်တို့ကို သင်ကြားပေးချင်ရဲ့လား…"

အစောပိုင်းတွင် ပိုလီအရှင်သခင်က မုန့်ချီကို နှောင့်ယှက်ခဲ့သည်မှာ သူက ခြိုးခြံချွေတာခြင်းနှင့် ဘိုးဘေးယဇ်ပူဇော်မှု အလွန်အကျွံပြုလုပ်ခြင်းကို ဆန့်ကျင်လိုသော သဘောတရားအကြောင်း ပြောခဲ့ခြင်းကြောင့်သာဖြစ်သည်။ ကျိုးပိုင်က သူ့ကိုဆက်ပြောစေချင်ခဲ့၏။

မုန့်ချီက ယာယီတိတ်ဆိတ်သွားခဲ့ပြီး ဆက်ပြောလိုက်၏။

"ဒီတော့ အလွန်အကျွံဘိုးဘေးယဇ်ပူဇော်မှုတွေ လုပ်ဆောင်ခြင်း၊ ခြိုးခြံချွေတာခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့။ အဲဒီကုန်ကျစရိတ်က လူပေါင်း(၁)ထောင်၊ လူပေါင်း(၁)သောင်းကို သင်ကြားပေးဖို့အတွက် လုံလောက်တယ်။ ပြီးတော့ အဲဒီအရာက သူတို့တွေကို အင်မော်တယ်လမ်းစဉ်အကြောင်း နားလည်ပေးနိုင်အောင် ရှာဖွေခိုင်းလို့ရတယ်။ သူတို့ကတော့ ပြတိုက်ကြီးတွေ၊ ရဲတိုက်ကြီးတွေကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ကြတယ်။ အဲဒီအဆောင်အယောင်ဆိုတာက နန်းတော်ထက်တောင်ပိုပြီးတော့ များပြားတဲ့ရတနာတွေကို စုဆောင်းနေတာပဲလေ။ ဒါပေမယ့် အချိန်ဆိုတာက အစိုးမရဘူး။ ဘုရင်ဘယ်နှစ်ပါးကများ ပြန်မွေးဖွားလာပြီး အင်မော်တယ်တွေ၊ သူတော်စင်တွေ ဖြစ်သွားလို့လဲ။ တကယ်လို့ အဲဒီအချက်(၂)ခုကို ကန့်သတ်လိုက်မယ်ဆိုရင် သာမန်လူတွေကို သင်ကြားပေးဖို့ ငွေကြေးစိုးရိမ်စရာလိုဦးမှာလား…"

သူကတော့ ဤနေရာတွင် အထက်တန်းလွှာ မိသားစုများ မရှိသည့်အချက်ကို ထည့်သွင်းစဉ်းစားထားခဲ့သည်။ ထို့ကြောင့် သူက အလွန်အကျွံဘိုးဘွားယဇ်ပူဇော်မှုကို ဆန့်ကျင်သော သဘောတရားကိုသာ ဆွေးနွေးခဲ့၏။

ထိုအချိန်တွင် မုတ်ဆိတ်တိုနှင့် လူတစ်ယောက်က သူ့ကို အရိုအသေပေးလိုက်သည်။

"သခင်လေးစု …

နတ်ဘုရားတွေကလည်း လုံးဝအကြွင်းမဲ့ မဟုတ်ကြပါဘူး။ တိုင်းပြည်အသီးသီးမှာရှိတဲ့ ဘုရင်တွေနဲ့ အထက်တန်းလွှာတွေကတော့ အင်မော်တယ်တွေ ဘိုးဘေးတွေကို ပူဇော်ကြမယ်ဆိုရင် နောက်ပိုင်းမျိုးဆက်တွေမှာတော့ နတ်ဘုရားတွေ ၊ သူတော်စင်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီနောက် သူတို့တွေက သေဆုံးသွားပြီးရင် ကောင်းကင်ဘုံကို တက်လှမ်းနိုင်တဲ့ စွမ်းရည်တွေ ရှိလာကြလိမ့်မယ်လို့ ယုံကြည်ထားကြတယ်…။ သူတို့တွေကို ဘိုးဘွားယဇ်ပူဇော်မှုတွေ အလွန်အကျွံ မလုပ်ဖို့ တားဆီးတာက မဖြစ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်…”

“ဒါက နတ်ဘုရားကမ္ဘာကြီးနဲ့ အရင်ဘဝမှာရှိတဲ့ ငါ့ရဲ့ကမ္ဘာကြီးရဲ့ခြားနားချက်ပဲ.."

သူ့ခေါင်းထဲတွင် စဉ်းစားနေရင်း မုန့်ချီက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ရှေးအချိန်ကတည်းက အင်မော်တယ်အဖြစ်ကို ရဖို့ အောင်မြင်တဲ့သူရှိခဲ့လို့လား။ မင်းတို့တွေက ကျင့်စဉ်တွေကို သင်ကြားပြီး ကြိုးကြိုးစားစား လေ့ကျင့်လိုက်မယ်ဆိုရင် ကမ္ဘာကြီးထက် ကျော်လွန်နိုင်လိမ့်မယ်။ ကမ္ဘာကြီးရဲ့စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေ လှုပ်ရှားနိုင်ပြီး အင်မော်တယ်အဖြစ်ကို မရောက်နိုင်ခင်မှာတောင် ကမ္ဘာကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီး ကောင်းကျိုးတွေရရှိကြလိမ့်မယ်။ ပြီးတော့ သူတော်စင်တစ်ပါးဖြစ်လာပြီး အကျိုးအမြတ်တွေ ဂုဏ်ပုဒ်တွေ ရရှိကြလိမ့်မယ်…"

အတိတ်တွင် ကျိုးတိုင်းပြည်မှ ဘုရင်ဝူက နတ်ဘုရားအဆင့် စွမ်းအားများ ရှိနေသော ပညာရှင်များကို လေ့ကျင့်ပေးရန် အောင်မြင်ခဲ့သည်။ ထိုလူအတော်များများက ယနေ့ခေတ်ဘုရင်များ၊ အထက်တန်းလွှာမိသားစုများ၏ ဘိုးဘေးများဖြစ်နေကြ၏။

"ဒါကိုကြည့်ရမယ်ဆိုရင် အထက်တန်းလွှာ ပညာရှင်တွေက နတ်ဘုရားတွေရဲ့ စောင့်ကြည့်မှုအောက်မှာရှိတဲ့ ကောင်းကင်သိစိတ်ကိုပဲ ဖမ်းဆုပ်နိုင်တယ်ဆိုတာ မင်းတို့က မြင်နိုင်ကြလိမ့်မယ်။ တကယ်လို့ မင်းတို့က သေဆုံးပြီးတဲ့နောက် ကောင်းကင်ဘုံကို တက်လှမ်းပြီး နတ်ဘုရားတွေ၊ အင်မော်တယ်တွေ ဖြစ်ချင်တယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ အချိန်အကြာကြီး နေကြရလိမ့်မယ်။ မင်းတို့က အုတ်ဂူထဲမှာတောင် လေ့ကျင့်နေရလိမ့်မယ်။ ဒါပေမယ့် မင်းတို့ရဲ့အောင်မြင်မှုတွေ၊ အကျိုးပြုမှုတွေကတော့ ကောင်းကင်ဘုံရဲ့ဆန္ဒနဲ့ ကိုက်ညီနိုင်လိမ့်မယ်။ မင်းသားတွေနဲ့ အထက်တန်းလွှာမိသားစုတွေက သူတို့ရဲ့အုတ်ဂူကို အရမ်းအလေးထားနေကြတဲ့အတွက် လူတွေမကြည်ဖြူတာကို ခံနေကြရတယ်။ ဒီတော့ သူတို့က သေပြီးသွားတဲ့အချိန်မှာလည်း ကောင်းကောင်းမွန်မွန် မွေးဖွားလာမယ့် အခွင့်အရေးတွေကို မရနိုင်ကြဘူး။ သူတို့တွေက အင်မော်တယ်လမ်းစဉ်ကို ရှာဖွေနေတယ်ဆိုတာ ယုန်တောင်ပြေး ခွေးမြောက်လိုက်သလို ဖြစ်နေမှာပဲ…"

ကျိုးပိုင်နှင့် တခြားသူများက သူတို့၏ဘဝတွင် ထိုကဲ့သို့ အတွေးအခေါ်မျိုးကို လုံးဝမကြားဖူးကြသည့်အတွက် အချင်းချင်း ကြည့်နေမိကြသည်။ သူတို့သိလိုက်ရသောအရာများက အလွန်ထိတ်လန့်စရာကောင်းပြီး တစ်ချိန်တည်းတွင် အတော်လေးလည်း ပြဿနာများသည်။

မုန့်ချီ၏စကားလုံးများက‌တော့ အမှန်တကယ် လုပ်ဆောင်ရမည့်အရာများဖြစ်ပြီး ကမ္ဘာမြေကြီး၏ နိယာမများကဲ့သို့ ဖြစ်နေသည်။ မဟုတ်လျှင် ကျင့်ကြံမှုကို ပျင်းရိနေသော လူတစ်ယောက်က ရာဇဝတ်မှုများ ကျူးလွန်ပြီး အလွန်ကြီးမားသော အုတ်ဂူကြီးတစ်ခု တည်ဆောက်ပေးလိုက်ရုံနှင့် သေပြီးသွားလျှင် အင်မော်တယ်အဖြစ် ရသွားနိုင်ပါလိမ့်မည်။ ထိုအတွေးအခေါ်က ကောင်းခြင်း၊ မကောင်းခြင်း ရှေးဟောင်းအတွေးအခေါ်နှင့် လုံးဝဆန့်ကျင်နေခဲ့သည်။

"ကမ္ဘာကြီးရဲ့နိယာမတွေနဲ့ လိုက်လျောညီထွေနေထိုင်ပြီး ကမ္ဘာကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို ရှင်းပစ်ရမယ်။ နောက်နေ့အတွက် ဆန္ဒတွေ သတ်မှတ်ပြီး နတ်ဘုရားတွေကို ရိုသေရမယ်…"

မုတ်ဆိတ်တိုနှင့်လူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။ တခြားသူများ၏ မျက်နှာပေါ်တွင်လည်း အတွေးများ ပေါ်လာကြ၏။

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ကျန်းကျိဝေက သူ့ကို လက်မထောင်ပြလိုက်ပြီး တခြားသူများကလည်း စကားပြောကောင်းသောသူ့ကို ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြနေကြ၏။ ထိုသို့ဆိုလျှင် သူ၏မိုကျောင်းတော်က နတ်ဘုရားများနှင့် တစ်သားတည်းဖြစ်နေသည်ဟုပင် သတ်မှတ်နိုင်သည်။

သို့သော် သူ၏အတွေးအခေါ်များက အလယ်ခေတ်တွင် ရှိနေသော ချီသူတော်စင်၏ အမြင်နှင့် အတော်လေးကို ကိုက်ညီနေကြောင်း မုန့်ချီ ကိုယ်တိုင်မသိခဲ့ပေ။ ထိုအရာက ရိုးရှင်းသော ရှင်းပြမှုတစ်ခုသာ မဟုတ်ချေ။

မုန့်ချီက သူတို့မေးခွန်းမေးသည့်အချိန်ထိ စောင့်နေခြင်း မရှိဘဲ ဆက်ပြောလိုက်၏။

"ဒုတိယတစ်ခုကတော့ မင်းတို့က သာမန်လူတွေကို သင်ကြားပေးဖို့အတွက် ငွေကြေးအမြောက်အမြား သုံးဖို့မလိုပါဘူး…"

"ဘယ်လိုမျိုးလဲ…"

ကျိုးပိုင်က မုန့်ချီကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

"တကယ်လို့ မင်းတို့ကသာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေ ပွင့်ပွင့်လင်းလင်း ပေးလိုက်မယ်ဆိုရင် ပါရမီရှင်တွေကို ရွေးချယ်ဖို့အတွက် သိပ်ပြီး အချိန်မကုန်ပါဘူး။ မင်းတို့ဆီမှာသာ လုံလောက်တဲ့ လူဦးရေ၊ အစာရေစာ ပမာဏနဲ့ ဆေးဝါးတွေ ရှိနေမယ်ဆိုရင် သာမန်လူတွေကို သင်ကြားပေးလို့ရနိုင်တယ်။ ပြောရမယ်ဆိုရင် အဓိကလိုအပ်ချက်ကတော့ အဲဒီတိုင်းပြည်နဲ့ လက်အောက်ခံပြည်နယ်တွေက ကြွယ်ဝချမ်းသာဖို့တော့ လိုအပ်တယ်။ ပြီးတော့ ဝေ့ကျင်းအဆင့်အောက်မှာရှိတဲ့ ပညာရှင်တွေက ရှားပါးတွင်းထွက်ပစ္စည်းတွေကို မလိုအပ်ဘူးလေ…"

မုန့်ချီကတော့ ထိုအရာကို ပုံမှန်အကြောင်းအရာတစ်ခုသဖွယ် စတင်ပြောဆိုလာခဲ့သည်။

"ပြီးတော့ မင်းတို့တွေက ပထမဆုံး ရွေးချယ်မှုအနေနဲ့ ကျင့်စဉ်တွေကို သူတို့ဆီ ဖြန့်ဝေပေးဖို့ အရင်ဆုံး ကြိုးစားရမယ်။ အဲဒီထဲက လူပေါင်း(၁)သောင်းမှာ တစ်ယောက်လောက်တော့ အောင်မြင်နိုင်တာပဲလေ…"

ရွေးချယ်မှု၊ သိုင်းကျမ်းများကို ပွင့်ပွင့်လင်းလင်း မျှဝေပေးခြင်းစသည့် စကားလုံးများက ကျိုးပိုင်နှင့် တခြားသူများအတွက်တော့ လတ်ဆတ်သော လေလှိုင်းများကို ရှုရှိုက်နေရသလို ဖြစ်နေခဲ့သည်။ သူတို့၏မျက်လုံးထဲတွင် တံခါးသစ်ကြီးတစ်ချပ် ပွင့်လာသလို ဖြစ်နေခဲ့၏။

လူ့အသိုင်းအဝိုင်းတွင် အဆင့်နိမ့်ဆုံး လူများထဲမှ ပါရမီရှင်များကို စုံစမ်းရှာဖွေပြီး လေ့ကျင့်ပေးခြင်းကို အဓိက အလေးထားရသော ခေတ်တစ်ခေတ်တွင် စာမေးပွဲစစ်ဆေးခြင်းနှင့် ရွေးချယ်ခြင်းများက သာမာန်အမြင်နှင့် တိုက်ရိုက်ဆန့်ကျင်နေခဲ့သည်။ အနက်ဝတ်ဓားသမားကလည်း တစ်ယောက်တည်း တွေးနေခဲ့မိပြီး တောင်ပိုင်း ဝူပြည်နယ်ထဲတွင် အလားတူ ကိစ္စတစ်ခုဖြစ်ခဲ့ကြောင်း အမှတ်ရသွားခဲ့၏။

ထိုအချိန်တွင် မုတ်ဆိတ်တိုနှင့်လူက ပြတ်သားစွာ ပြောလိုက်သည်။

"ဘုရင်တွေရဲ့ ကြားထဲမှာရှိတဲ့ ရန်လိုမှုတွေက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ပြဿနာတွေရဲ့ အခြေခံပဲ။ သူတို့တွေက အာဏာတွေ၊ နယ်မြေပိုင်စိုးမှုတွေကိုပဲ လိုချင်နေကြတာ။ သခင်လေးရဲ့စကားအတိုင်းဆိုရင် ပြဿနာတွေက ပိုပြီးတော့ ဆိုးမလာနိုင်ဘူးလား…"

သူက သူ့တိုင်းပြည်နှင့် တိုင်းသူပြည်သားများအပေါ် စိုးရိမ်နေပုံရသည်။

"ဒါကမှ တကယ့်အစစ်အမှန် ခေါင်းစဉ်ပဲ…"

မုန့်ချီက နောက်ကျောကို မတ်မတ်ပြင်ပြီး ပြောလိုက်သည်။

"တိုက်ပွဲတွေကို ရပ်လိုက်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို မြှင့်တင်ရမယ်။ တကယ်လို့ အဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲတွေကို တားမြစ်လိုက်ပြီး လူတွေကြားထဲမှာ သဘာဝမဟုတ်တဲ့ သေဆုံးမှုတွေကို ကာကွယ်လိုက်မယ်ဆိုရင် တိုင်းပြည်တွေ မတိုးတက်မှာကို စိုးရိမ်စရာလိုဦးမှာလား။ တိုင်းပြည်တစ်ခုကရော တခြားတိုင်းပြည်က ပစ္စည်းတွေကို လုယူဖို့ လိုအပ်ဦးမှာလား…"

သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

"ဘုရင်တွေရဲ့ကြားထဲမှာရှိတဲ့ ရန်လိုမှုတွေက ဒီနေ့ခေတ်ကမ္ဘာကြီးရဲ့ ကပ်ဆိုးတွေ၊ ပဋိပက္ခတွေ ဖြစ်နေရတဲ့ အုတ်မြစ်ပဲ။ အမှန်အတိုင်း ပြောရရင်တော့ သူတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်ကြတာ။ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအပေါ် မချစ်ကြဘူး။ သူတို့က တခြားသူတွေရဲ့ အကျိုးအမြတ်ကို လုယူဖို့အတွက် သူတို့အသာစီးရတဲ့ အရာတွေကိုပဲ အသုံးချကြတာ…”

“တိုင်းပြည်တွေက အချင်းချင်း မေတ္တာတရား ကင်းမဲ့သွားပြီဆိုရင် ပဋိပက္ခပြဿနာတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်။ အစွမ်းထက်တဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်။ မြို့နံရံတွေကို ဖျက်ဆီးပြီး ရွာတွေကို မီးရှို့ပစ်ကြတယ်။ အလောင်းတွေက မိုင်ထောင်ပေါင်းများစွာ ပုံနေပြီး သေဆုံးသူတွေရဲ့ အရိုးတွေကလည်း ကွင်းပြင်ကြီးတစ်ခုလုံး ဖြူဖွေးနေတယ်…”

“လူသားတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးဖို့ လိုအပ်နေတဲ့အချိန်မှာ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေအပေါ် အခွင့်အရေးယူနေခဲ့တယ်။ လူတွေက ကောက်ကျစ်စဉ်းလဲမှုတွေ၊ မကောင်းတဲ့အရာတွေကို ကျူးလွန်နေကြတယ်။ မှူးမတ်တွေက အခွန်တွေကို အတင်းအကြပ်ကောက်ခံကြတယ်။ လူတွေကို အသက်ရှင်ခွင့်တောင် မပေးခဲ့ဘူး…"

ခန်းမထဲတွင် ထိုင်နေသော လူများ၏ မျက်နှာအမူအရာကို မြင်သည့်အချိန်တွင် မုန့်ချီ၏ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ သူတို့က ထိုကဲ့သို့ အရာမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသလို ဖြစ်နေ၏။

"မင်းတို့မှာရော အဲဒီလိုအတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးတာလား…"

ထိုအရာက ပုံမှန်ဟောပြောပွဲတစ်ခုသာ ဖြစ်သော်လည်း အပြန်အလှန် စကားပြောခြင်းမျိုးက တစ်ဖက်လူ၏အမြင်ကို ကျယ်လာစေနိုင်ပြီး တခြားသူများကိုလည်း လှုံ့ဆော်ပေးနိုင်သည်။ ထိုအရာက လူများကို ဆွဲဆောင်ရသည့် အခြေအနေတစ်ခုလည်းဖြစ်၏။

မုန့်ချီ၏မေးခွန်းက ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် ထိုခန်းမကြီးတစ်ခုလုံးတွင် တိတ်ဆိတ်သွားခဲ့၏။ သူတို့ကတော့ သူ၏စကားလုံးများကို စဉ်းစားနေပုံရပြီး စကားမပြောချင်သေးသလို ထင်ရသည်။

ရုတ်တရက်ဆိုသလို မုတ်ဆိတ်တိုနှင့်လူက လောကကျင့်ဝတ်၊ မေတ္တာတရားနှင့် ပတ်သက်သော အတွေးအခေါ်ကို စိတ်ဝင်စားသွားပုံရသည်။ ထိုအရာကိုတော့ ဘက်မလိုက်သော ချစ်ခြင်းမေတ္တာတရားဟု လူသိများသည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက မေးလိုက်၏။

"ကျွန်တော်က ထန်တိုင်းပြည်က ပိုင်စုန့် လို့ခေါ်တယ်။ ကျွန်တော်က ကျွန်တော်ရဲ့မိဘတွေ၊ ညီအကိုတွေနဲ့အတူတူ လယ်သမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ တစ်နှစ်မှာတော့ ချူးတိုင်းပြည်က ကျွန်တော်တို့ရဲ့အနားမှာရှိတဲ့ နယ်မြေတွေကို သိမ်းပိုက်ပြီး ထန်တိုင်းပြည်ကို တိုက်ခိုက်ဖို့အတွက် ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးကို ခေါ်လာကြတယ်။ တိုက်ပွဲရဲ့နောက်ဆက်တွဲတွေက ပျံ့နှံ့လာတဲ့အချိန်မှာ အိမ်တွေပြိုကျပြီး လယ်ကွင်းတွေ မီးလောင်ကုန်ခဲ့တယ်…"

သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး သူက ဆက်ပြောလိုက်၏။

"ကျွန်‌တော်တို့မိသားစုက အခြေအနေမကောင်းတဲ့အတွက် ရှင်သန်ရေးကိုတောင် အဓိက မထားနိုင်တော့ဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့အိမ်ထဲမှာ ရယ်သံတွေ ကြားနေရပြီး ကျွန်တော်တို့ရဲ့ ညပိုင်းအိပ်စက်မှုကလည်း အသံတွေနဲ့ ပျော်စရာကောင်းခဲ့ဖူးတယ်။ မီးတောက်တွေက ကျွန်တော်တို့ရဲ့အိမ်လေးကို လောင်ကျွမ်းသွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့မိဘတွေက အရင်ဆုံး သတိဝင်လာကြတယ်…”

“သူတို့က ကျွန်တော်တို့ ကလေးငယ်တွေကို သယ်ပြီး အိမ်ထဲကနေ ထွက်ပြေးခဲ့ရတယ်။ ဒါပေမယ့် မီးတောက်တွေက အရမ်းကို ပြင်းထန်လွန်းတဲ့အတွက် သူတို့ရဲ့ ကြိုးစားမှုက အရာမထင်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့အဖေက အင်္ကျီချွတ်ပြီး ကျွန်တော့်ကို သူ့ရဲ့အဝတ်အစားတွေနဲ့ ပတ်လိုက်တယ်။ သူက ကျွန်တော့်ကို မီးတောက်အပြင်ဘက်ဆီ ပြေးခေါ်သွားခဲ့ပြီး ရေတွင်းထဲကို ပစ်ချခဲ့တယ်။ ကျွန်တော်က အရုဏ်တက်ချိန်အထိ ရေတွင်းထဲမှာ ခက်ခက်ခဲခဲ ကူးနေခဲ့ရတာ။ ကျွန်တော် အပေါ်ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အလောင်း(၄)လောင်းက ဆိုးဆိုးဝါးဝါး လောင်ကျွမ်းနေပြီး မီးသွေးဖြစ်နေတာကိုတောင် မြင်လိုက်ရတယ်။ ကျွန်တော့်ရဲ့အဖေက အစ်ကိုကြီးနဲ့ညီမလေးကို သူ့ရင်ခွင်ထဲမှာ ဖက်ထားခဲ့တယ်။ ရေတွင်းကနေ သူတို့ရဲ့အကွာအဝေးက ခြေ(၁၀)လှမ်းစာလောက်ပဲရှိတာ…"

ခန်းမထဲတွင် ရှိနေသော အခြေအနေက အတော်လေးကို စိတ်ပျက်စရာ ကောင်းလွန်းလှသည်။ ပိုင်စုန့်၏ ဘဝဇာတ်ကြောင်းက လူတိုင်း၏ခံစားချက်များကို လှုပ်ရှားသွားစေခဲ့ပြီး အလွန်ဆိုးရွားသော သူတို့၏နောက်ကြောင်းများကို ပြန်လည်သတိဝင်လာစေခဲ့သည်။

အနက်ဝတ် ဓားသမားက ပြောလိုက်၏။

"ကျွန်တော့်နာမည်က ဝမ်ချီလို့ခေါ်တယ်။ ကျွန်တော်က ဝူတိုင်းပြည်က လူတစ်ယောက်ပါ။ ကျွန်တော်အကြောင်းကတော့ အထက်တန်းလွှာ ပညာရှင် တစ်ယောက်က မထင်မှတ်ဘဲ ကျွန်တော့်ကို စိတ်ဝင်စားပြီး သူ့ရဲ့ပညာတွေ သင်ပေးခဲ့တယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်အဖြစ်တောင် လက်ခံခဲ့တယ်..”

“ဒါပေမယ့် သူ့သားက ကျွန်တော့်မိန်းမနဲ့ကလေးကို အနိုင်ကျင့်ခဲ့တဲ့အတွက် ကျွန်တော်က ဒေါသထွက်ပြီး စိတ်မထိန်းနိုင်ဘဲ သူ့ကို မတော်တဆ သတ်မိခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်ရဲ့မိဘတွေ၊ မိန်းမနဲ့ကလေးတွေအားလုံးက ဆိုးဆိုးဝါးဝါး သေသွားခဲ့ရတယ်။ ကျွန်တော်တောင် မနည်းထွက်ပြေးခဲ့ရတာ.."

သူ၏ဘဝဇာတ်ကြောင်းက ရိုးရှင်းသော်လည်း နာကျင်မှုများပြည့်နှက်နေသည်။ သို့သော် သူ၏စကားလုံးထဲတွင် အမုန်းတရားများကို ဖုံးကွယ်ထားရန် လုံးဝမဖြစ်နိုင်ပေ။

ပိုင်စုန့်နှင့် ဝမ်ချီတို့က ရိုးရိုးသားသား ပြောလိုက်ပြီးနောက် တခြားသူများကလည်း သူတို့၏ အတွေ့အကြုံများကို စတင်ဖွင့်ဟလာခဲ့ကြသည်။ တချို့သူများကတော့ ဝမ်းနည်းမှုကို ခံနိုင်ရည်မရှိဘဲ ငိုကြွေးနေခဲ့ကြ၏။ သူတို့၏စွမ်းအားနှင့် အဆင့်အတန်းများအရ တစ်ယောက်ချင်းဆီတွင် အခက်အခဲများ၊ ဒုက္ခများ၊ စိန်ခေါ်မှုများ ရှိနေကြသည်။

ယခုလို သက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားသောခေတ်တွင် တစ်စုံတစ်ခု ပြသချင်နေသော မြို့သူမြို့သားများက အတော်လေးကို ပေးဆပ်ရ၏။

သူတို့ပြောနေသည့်စကားများကို နားထောင်ပြီး အထက်တန်းလွှာ မိသားစုများအပေါ် သူတို့၏ အမုန်းတရားများ ဖော်ပြမှုကို နားထောင်နေရင်း မုန့်ချီကတော့ သူ့လူများကို လှည့်ကြည့်လိုက်မိသည်။ သူတို့ကလည်း အံ့ဩမှုများကို ထိန်းချုပ်ထားရန် ခက်ခဲနေပုံရ၏။ ကြည့်ရသည်မှာ ယခုတစ်ကြိမ် ခံစားနေရသည့်အဖွဲ့ကို ယေဘုယျ တွေ့ဆုံခြင်းကပင် သူတို့ထင်ထားသည်ထက် အောင်မြင်နေပုံရသည်။

ထိုလူများစွာထဲတွင် အတိတ်က နာကျင်ဖွယ် အတွေ့အကြုံများရှိခဲ့သူများစွာ ရှိနေကြောင်း မုန့်ချီက ယူဆမိခဲ့သည်။ ထို့ကြောင့် သူတို့၏အတိတ်ဖြစ်စဉ်များကို ပြန်လည်နှိုးဆွပေးခဲ့ပြီး ဘက်မလိုက်သော မေတ္တာတရား၊ အပြန်အလှန် အကျိုးသက်ရောက်မှုနှင့် ရန်လိုမှုမရှိသောသဘောတရားများကို ပြောပြခဲ့သည်။

သာမန်မြို့သားများအဖြစ် ကြီးပြင်းလာခဲ့သော ထိုပညာရှင်အများစုတွင် ယခုလို ဝမ်းနည်းမှုများ ရှိနေလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ အနည်းစုကသာ ယခုလို ရှုပ်ထွေးနေသော ကမ္ဘာကြီးကို အခွင့်ကောင်းယူပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည်။ သို့သော် အထက်တန်းလွှာ မိသားစုများနှင့် ဘုရင်များအပေါ် သူတို့၏အမုန်းတရားများက လျော့တွက်၍မရနိုင်ပေ။

"ဒါကြောင့်လည်း မိုကျောင်းတော်က တော်တော်လေးကို ထင်ရှားတဲ့ အတွေးအခေါ်ကျောင်းတစ်ခု ဖြစ်ခဲ့တာပဲ။ သူတို့က အဆင့်နိမ့်ပညာရှင်တွေရဲ့ လိုအပ်ချက်တွေကို သိနေခဲ့တယ်…"

မုန့်ချီက တစ်ယောက်တည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

သူတို့က သူတို့၏ အတွေ့အကြုံများအကြောင်း မျှဝေပြီးသွားသည့်အချိန်တွင် မုန့်ချီနှင့် သူ့မိတ်ဆွေများအပေါ် မြင်နေသည့်အမြင်က ကွဲပြားလာကြသည်။ ထိုလူများက ပြဿနာများကို ချက်ချင်း ထောက်ပြနိုင်ခဲ့ပြီး ကမ္ဘာကြီး၏ မျှော်လင့်ချက် တစ်ခုကဲ့သို့သော အဖြေတစ်ခုကို ပြောပြနိုင်ခဲ့သည်။ သူတို့ရှုပ်ထွေးနေသော အရာများကိုလည်း လမ်းကြောင်းတစ်ခု ရှာဖွေပေးခဲ့၏။

ထိုသဘောတရားများ၊ အချက်အလက်များက ရိုးရှင်းပုံရသော်လည်း သူတို့အတွက်တော့ အလွန်ကောင်းမွန်သော လမ်းကြောင်းများ ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များ ဆိုလျှင်တော့ ထိုအတွေးအခေါ်များက အလွန်ရိုးရှင်းလှသည့်အတွက် ချက်ချင်း နားလည်ကြမည်သာဖြစ်သည်။ ပထမဆုံးအကြိမ် ကြားလိုက်ရသည့်သူများနှင့် ပထမဆုံး တွေ့ကြုံရသည့်လူများက ထိုအရာကို အမှန်တရားဖြစ်ကြောင်း လက်ခံယုံကြည်ကြမည်သာဖြစ်၏။

မုန့်ချီက ဘက်မလိုက်သော မေတ္တာတရား၊ အပြန်အလှန်အကျိုးသက်ရောက်မှုနှင့် ရန်လိုခြင်းကင်းသော သဘောတရားများကို ဆက်လက်ပြောပြရန် ပြင်ဆင်နေစဉ် မုတ်ဆိတ်တိုနှင့်လူက ငိုကြွေး၍ ပြောလိုက်သည်။

"ဆရာ..ဆ..ဆရာတို့က ကမ္ဘာကြီးရဲ့အနှစ်သာရကို ရှင်းရှင်းလင်းလင်းနားလည်နေတဲ့ ဆရာတွေပါပဲ။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မသမာမှုတွေက ကျွန်တော့်စိတ်ထဲမှာ အရမ်းကို သိသာနေတယ်။ ဒါကြောင့် ကျွန်တော်က ဆရာ့ရဲ့နောက်ကနေ လိုက်ပြီး ဒီကမ္ဘာကြီးထဲမှာ အစီအစဉ်မကျ ဖြစ်နေတဲ့ နည်းလမ်းတွေကို အဆုံးသတ်ချင်ပါတယ်..”

“ကျွန်တော်တို့ကလည်း ဆရာ့ရဲ့နောက်ကို လိုက်ဖို့ဆန္ဒရှိပါတယ်…"

ခန်းမထဲတွင် ရှိနေသော တခြားသူများကလည်း ပြောလိုက်ကြသည်။

"ဒီကမ္ဘာကြီးက ဆရာ့လို လူတစ်ယောက်ကို လိုအပ်နေခဲ့တာ ကြာခဲ့ပါပြီ…"

ကျိုးပိုင်က နောက်ဆုံးစကားကို ပြောလိုက်သည်။

"ဒါက အဲဒီလောက်ထိ မရိုးရှင်းသေးဘူး…"

မုန့်ချီက အနည်းငယ် မှင်တက်သွားခဲ့သော်လည်း ကျိုးပိုင်နှင့် တခြားသူများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို နားလည်ပေးနိုင်သည်။

သူတို့၏ စိတ်အခြေအနေများကို ချိုးဖောက်ပြီး သူတို့အတွက် လမ်းကြောင်းတစ်ခု လုံးဝရှာမတွေ့လျှင် သူတို့က ရေနစ်တော့မည့် အဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်နေသည်။ အလွန်ပြင်းထန်သော သူတို့၏တုံ့ပြန်မှုများက ကြိုတင်မျှော်လင့်ထား၍ ရနိုင်၏။

"ငါတို့က သူတို့ကို လက်ခံသင့်တယ်လို့ ထင်တယ်။ ငါတို့က ပိုပြီးတော့ အစွမ်းထက်လာလေလေ တိုင်းပြည်ငယ်လေးတွေကို ပြောဆိုတဲ့နေရာမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိလာလေလေပဲ။ ငါတို့အောင်မြင်နိုင်တဲ့ အခွင့်အရေးကလည်း ပိုပြီးတော့ တိုးတက်လာနိုင်တယ်။ ငါတို့ကသာ (၃)လအချိန်အတွင်း လုပ်နိုင်ခဲ့မယ်ဆိုရင် ငါတို့ရဲ့တာဝန်က ပြီးသွားနိုင်တယ်.."

ကျိုးဟမ်က မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ကျိုးဟမ်၏ အကြံပေးချက်က သူ၏အတွေးနှင့် ထပ်တူကျနေသည်။

"ဒါပေမယ့် ငါတို့က တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိနေတဲ့ အဖွဲ့အစည်းတစ်ခုကို တိတ်တဆိတ် တည်ထောင်ဖို့ လိုအပ်လို့လား။ ဒါဆို ငါတို့တွေကို တခြားသူတွေက ကြောက်သွားနိုင်ပြီး မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ပေါ်လာနိုင်တယ်မဟုတ်လား…"

Translated by Hein Htet.

All Chapters