← Chapters

အခန်း (၅၈၈)

Vol. 40 Ch. 588

အခန်း (၅၈၈)

Vol. 40 Ch. 588

ညနေခင်း ရောင်နီက သွေးရောင်အလင်းတန်းများကဲ့သို့ ထင်မှတ်ရသည်။ အလွန်ရှုပ်ထွေး စည်ကားလှသော ပိုလီမြို့က တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ပြီး တစ်မြို့လုံး တည်ငြိမ်သည့် အခြေအနေကို ရောက်ရှိသွားခဲ့၏။

ညစာစားပြီးနောက် အစောင့်ငယ်လေး တစ်ယောက်ဖြစ်သော ချောင်ဟယ်က ခဏကြာ တိတ်ဆိတ်နေခဲ့သည်။ ခေါင်းပေါ်တွင် နေမင်းကြီး ပျောက်ကွယ်သွားသည့်အချိန်မှသာ သူလည်း မတ်တပ်ရပ်လိုက်ပြီး အလျင်အမြန် ထွက်လာခဲ့သည်။

သူ အပြင်ဘက်သို့ ရောက်သည့်အချိန်တွင် ပတ်ပတ်လည်ကိုလိုက်၍ ကြည့်နေခဲ့ပြီး အနားတွင် မည်သူမျှ မရှိကြောင်း သေချာမှသာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူက အနီးအနားတွင် ရှိသော လမ်းကြားလေးတစ်ခုထဲသို့ ခိုးဝင်လိုက်ပြီး တစ်ယောက်ယောက် သတိထားမိမှာစိုးသည့်အတွက် ရံဖန်ရံခါ ခေါင်းငုံ့ထားခဲ့သည်။

သူက ကွင်းပြင်ကြီးကို ကွေ့ပတ်၍ သွားခဲ့ပြီး ဦးတည်ချက်ကို ဆက်တိုက်ပြောင်းလဲပြီးမှသာ ရဲတိုက်တစ်ခု၏ တံခါးကို တွန်းဖွင့်လိုက်သည်။ သူက ခေါင်းငုံပြီး ခန်းမထဲသို့ ဝင်လာခဲ့၏။ သူ၏ခြေလှမ်းများက ပေါ့ပါးနေပြီး ဤနေရာတွင် ရှိနေသော တခြားသူများကို နှောင့်ယှက်လိုခြင်း မရှိချေ။ ထိုအပြုအမူများက ပစ်မှတ်ထားခံရမှာကို ကြောက်နေခြင်းကြောင့် မဟုတ်ဘဲ သတိထားနေခြင်းသာ ဖြစ်သည်။

ဆရာလေးစုနှင့် သူ့အဖော်များ၏ ဟောပြောမှုများကြောင့် သူတို့က လူအများစု၏ ရိုသေလေးစားမှုကို ရရှိခဲ့သည်။ ခန်းမ၏ ကြမ်းပြင်ပေါ်တွင် မြတ်ဖျာများ ခင်းထားပြီး လူပေါင်းများစွာ ပြည့်နှက်နေသည်။ စာသင်သားများ၊ အထက်တန်းလွှာ မိသားစုတွင် နေထိုင်သော ပါရမီရှင်များ၊ လှည့်လည်သွားလာနေကြသော သိုင်းပညာရှင်များနှင့် သာမန်မြို့သူမြို့သား မျိုးစုံဖြစ်ကြသည်။ သူတို့ဆီတွင် မတူညီသော အဆင့်အတန်းများ ရှိကြသော်လည်း သူတို့ကတော့ အကြောင်းအရာတစ်ခုတည်းကိုသာ အာရုံစိုက် ထားကြသည်။

ထိုင်ခုံတွင် ထိုင်နေသည်မှာ မုန့်ချီဖြစ်သည်။ သူကတော့ ဘက်မလိုက်သော ချစ်ခြင်းမေတ္တာ၊ အပြန်အလှန် အကျိုးကျေးဇူးများနှင့် ပတ်သက်သော သဘောတရားများကို ပို့ချရမည့် အလှည့် ဖြစ်သည်။

“သဘာဝတရားကြီးက သနားကြင်နာမှုမရှိဘူး…။ သူက အရာအားလုံးကို ညီတူညီမျှပဲ ဆက်ဆံတယ်…။ ဒါပေမဲ့ အဲဒါတွေကြောင့် ဆိုးသွမ်းမှုတွေ မရှိသလို သနားငဲ့ညှာမှု မရှိတာတွေလည်း မရှိတော့ဘူး…။ သူက လူတိုင်းကို တူညီစွာပဲ ဆက်ဆံခဲ့တယ်.”

မုန့်ချီကတော့ ဘက်မလိုက်သော မေတ္တာတရား သဘောတရားကို ပြောင်းလဲရန် သူတို့၏ ဦးနှောက်ထဲသို့ ပို့ပေးနေခဲ့သည်။ သူက ဤကမ္ဘာကြီးထဲတွင် ယခုချိန်အထိ ပေါ်မလာသေးသော တိုတီချင် စာအုပ်ထဲမှ စာသားများကိုပင် အသုံးပြုထားခဲ့သည်။

“သဘာဝတရားကြီးက ရက်စက်ကြမ်းကြုတ်တယ်…။ သူက အရာအားလုံးကို ဘက်မလိုက်ဘဲ ဆက်ဆံတယ်။ ဒါကြောင့် သူ့မှာ သနားတတ်တဲ့စိတ် မရှိဘူး”

အလွန်ထင်ရှားသော စာသင်သားတစ်ဦးဖြစ်သည့် ချောင်ဟယ်က ထိုစကားလုံးများကို တီးတိုးရေရွတ်နေခဲ့သည်။ သူက ထိုအရာများကို စဉ်းစားကြည့်လေလေ သူ့အတွက် ပို၍ ထူးခြားလာလေလေ ဖြစ်၏။ထိုစကားလုံးများက ရိုးရှင်းသော်လည်း ကမ္ဘာကြီး၏ အနှစ်သာရများကို မီးမောင်းထိုးပြနေသလို ဖြစ်နေသည်။

“ဆရာလေးစုက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက ကမ္ဘာကြီးထဲက မသမာမှုတွေကို သိနေတဲ့အပြင် ကောင်းကင်နိယာမတွေကိုလည်း နားလည်နေတယ်…”

ချောင်ဟယ်က တိတ်တဆိတ် ထိုင်လိုက်ပြီး အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်း မရှိချေ။

အတွင်းပိုင်းထဲတွင်တော့ ကျိုးပိုင်နှင့် ဝမ်ချီကဲ့သို့သော အစွမ်းထက် သိုင်းပညာရှင်များနှင့် ရိုသေလေးစားသော အမူအရာရှိသည့် စာသင်သားများက သူ့ကို ခေါင်းညိတ်ပြလိုက်ကြောင်း မြင်လိုက်ရသည်။

“သူတို့တွေက မိုကျောင်းတော် ကိုလေးစားနေတဲ့ နောက်လိုက်တွေလား…”

“ဒီခေတ်ကြီးထဲမှာ အထက်တန်းလွှာ ပညာရှင်တွေက အသက်တွေကို ချနင်းနေကြတယ်။ ချမ်းသာသူတွေက ဆင်းရဲသူတွေကို နှိမ့်ချတယ်။ အစွမ်းထက်သူတွေက အားနည်းသူတွေကို အနိုင်ကျင့်တယ်။တစ်ယောက်ကို တစ်ယောက်သာ သနားငဲ့ညှာပေးလိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..”

“ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ဆန္ဒကို ဆန့်ကျင်နေတဲ့အတွက် နတ်ဘုရားတွေ ၊ သူတော်စင်တွေရဲ့ အပြစ်ပေးမှုကို သေချာပေါက် ခံရနိုင်တယ်။ အဲဒီလိုလုပ်ရပ်တွေ ကျူးလွန်တဲ့သူတွေက သေဆုံးပြီးတဲ့အချိန်မှာလည်း ကောင်းကင်ဘုံကို တက်လှမ်းဖို့ ခက်ခဲတယ်။ ဒါကြောင့် လူတိုင်းမှာ သနားကြင်နာတတ်တဲ့ နှလုံးသားတစ်ခု ရှိနေသင့်သလို တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားတတ်ဖို့လည်းလိုတယ်..”

မုန့်ချီကတော့ ထိုအတွေးအခေါ်ကို ဖြန့်ကျက်နိုင်ရန် လူတိုင်းကို သူ၏ရှင်းပြမှုဆီသို့ ဆွဲခေါ်လာခဲ့သည်။

သူက ထပ်ဖြည့်ပြောလိုက်သည်။

“ပြီးတော့ ကျိုးတိုင်းပြည်ကို ဆန့်ကျင်ခဲ့တဲ့ အထက်တန်းလွှာတွေ၊ ဘုရင်တွေရဲ့ ဘိုးဘေးတွေထဲမှာ အင်မော်တယ်တွေ၊ သူတော်စင်တွေ ဖြစ်သွားတဲ့သူတွေ အများကြီးပဲ။ အဲဒီမတိုင်ခင် သူတို့အားလုံးကလည်း သာမန် ပြည်သူပြည်သားတွေပဲ ဖြစ်ခဲ့တယ်။ သူတို့တွေက သဘာဝနိယာမတွေကို ဖြန့်ကျက်ဖို့အတွက် အခွင့်ကောင်း တစ်ခုလည်း ရခဲ့ကြတယ်။ သူတို့က ဆေးရည်တွေကို သောက်ပြီး ကောင်းကျိုးတွေကို စုဆောင်းခဲ့ကြတယ်။ ဒါကြောင့် နတ်ဘုရားတွေ သူတော်စင်တွေရဲ့ ဆုလာဘ်တွေကို ရရှိခဲ့ကြတာ..”

“နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ ၊ သူတော်စင်တွေနဲ့ အင်မော်တယ်တွေ ၊ဘုရင်တွေနဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ အသက်က ငါတို့ထက် ပိုပြီးကြီးမြတ်နေတယ်ဆိုတာ သူတို့ရဲ့အဆင့်အတန်းကြောင့်လား….”

ချောင်ဟယ်နှင့် တခြားသူများကတော့ မိုးကြိုးပစ်ခြင်းကို ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားသလို ခံစားလိုက်ရသည်။ သူတို့က အကြောက်တရားများကိုပင် ခံစားလိုက်ရ၏။ ထိုစကားလုံးများက လတ်ဆတ်သော လေလှိုင်းများကဲ့သို့ ဖြစ်နေကြောင်း သူတို့က ခံစားလိုက်ရသည်။

မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။

“မင်းတို့ကသာ သေသေချာချာ လေ့လာပြီး မင်းတို့ရဲ့ဘဝကို သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေ နေထိုင်မယ်ဆိုရင် မင်းတို့တွေကလည်း အင်မော်တယ်တွေ ၊ သူတော်စင်တွေ ဖြစ်လာနိုင်တယ်….။ ဘုရင်တွေ ၊ အမတ်ကြီးတွေလည်း ဖြစ်လာနိုင်တယ်…။ သက်တမ်းကလည်း ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူး။ လူသားတွေရဲ့လက်ထဲမှာပဲ ရှိတယ်။ ဒါကတော့ ကံကြမ္မာကို ဆန့်ကျင်တဲ့ အယူဝါဒပဲ ….”

လူတိုင်းက စိတ်လှုပ်ရှားနေကြသည့်အတွက် အငြိမ်မနေနိုင်ကြတော့ပေ။ ကံကြမ္မာကို ဆန့်ကျင်သော အယူဝါဒက သူတို့အပျော်ရွှင်ဆုံး အရာတစ်ခုဖြစ်ပြီး သခင်လေးစု၏ မိုအတွေးအခေါ်(၁၀)ပါးကို လိုက်နာလိုသော အဓိကအချက်လည်း ဖြစ်သည်။

ထိုအရာများက ကောင်းကင်ဘုံ၏ဆန္ဒကို လိုက်နာပြီး နတ်ဘုရားများအပေါ် ယုံကြည်မှုထားခြင်းနှင့် ဆက်သွယ်နေပြီး သူကောင်းပြုမှု၊ အချင်းချင်း လိုက်ရောညီထွေ နေထိုင်မှု၊ ဘက်မလိုက်သော မေတ္တာတရားနှင့် ရန်လိုခြင်းမရှိမှု ဟူသော အရာအားလုံးနှင့် ဆက်သွယ်နေခဲ့သည်။

မုန့်ချီကတော့ ထိုအရာများအားလုံးကို ကြိုတင်ပြင်ဆင်ထားသည့်အလား မတ်မတ်ထိုင်နေပြီး ပြောခဲ့၏။ အမှန်အတိုင်း ပြောရလျှင် သူ့ရင်ထဲတွင်လည်း အတော်လေး ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။

ဤကမ္ဘာကြီးထဲတွင် ရှိသော အထက်တန်းလွှာ မိသားစုများ၏ လက်ထဲတွင် အလွန်ကြီးမားသော စွမ်းအားများ ကိုင်ဆောင်ထားခဲ့၏။ သူတို့က နတ်ဘုရားများ၊ ဗုဒ္ဓနှင့် အင်မော်တယ်များကိုပင် ဆက်သွယ်နိုင်ကြသည်။ သူက လက်ရှိအချိန်တွင် ထိုလူများနှင့် ရန်သူ မဖြစ်ချင်သေးပေ။

ထို့ကြောင့် သူက လူအများ၏ဒေါသကို ဦးတည်ရမည့်အစား သူတို့ကို စုစည်းရန် တွန်းပေးနေခြင်းသာ ဖြစ်သည်။ သို့သော် သူ့ကျောင်း၏ အတွေးအခေါ်များကို ပြန့်နှံ့အောင် လုပ်ဆောင်ခြင်းက စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်၏။ ထိုအရာက သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအရ ပဋိပက္ခ မဖြစ်နိုင်ကြောင်း သေချာနေခဲ့သည်။ အစောပိုင်းတွင် ဖြစ်ခဲ့သောအရာကို ဥပမာယူ၍ ရသည်။

သူက ဘက်လိုက်မှု မရှိသော မေတ္တာတရားအကြောင်း ရှင်းပြခဲ့သည့်အချိန်တွင် နတ်ဘုရားများ၏ အသက်ကလည်း လူသားများ၏ အသက်ထက်ပို၍ ကြီးမြတ်နေခြင်းမရှိ ဟူသော အကြောင်းကို ပြောပြခဲ့သည်။ ထိုအရာက ဘုရင်များနှင့် အထက်တန်းလွှာ မိသားစု၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းလည်း ဖြစ်၏။

သူတို့က ကောင်းကင်ဘုံ၏ မျိုးဆက်များဖြစ်ကြောင်း သူလည်း အသိအမှတ်ပြုနေပြီး သူတို့က တိုင်းပြည်ကို အုပ်ချုပ်ရမည့် အာဏာကို အပိုင်စားရထားသည့်အပြင် အဆင့်အတန်း မြင့်မားမှုရှိကြောင်း လက်ခံထားခြင်းလည်း ဖြစ်သည်။ ထိုအရာကတော့ ကောင်းကင်ဘုံကို တက်လှမ်းခြင်းဟူသော အတွေးကို ရှင်းပြသည့်အရာတစ်ခု သက်သက်သာဖြစ်သည်။

မုန့်ချီက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

“မင်းတို့တွေက တခြားလူတွေကို ထိခိုက်မှုမရှိစေဘဲ ကိုယ် စိတ်ဝင်စားတဲ့အရာကို ရှာဖွေတာက ဘာမှမမှားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းတို့တွေက တခြားသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ မင်းတို့တွေရဲ့ နှလုံးသားထဲမှာ ဘက်မလိုက်တဲ့ မေတ္တာတရားတွေကို သယ်ဆောင်ထားရလိမ့်မယ်…။ မင်းတို့က နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိစေတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ရမယ်။ နှစ်ဖက်စလုံးက အကျိုးအမြတ် ရနိုင်မယ်ဆိုရင်တော့ ဒီမေတ္တာတရားက အချိန်အကြာကြီး တည်တံ့နိုင်လိမ့်မယ်…”

မုန့်ချီက ပုံမှန်ပုံစံနှင့် ပြောနေသော်လည်း ချောင်ဟယ်နှင့် တခြားသူများ၏ နားထဲတွင်တော့ လျှံထွက်နေသလို ခံစားနေရသည်။ မုန့်ချီပြောပြနေသော စကားလုံးတိုင်းက အလွန်ဆန်းကြယ်ပြီး သူတို့၏ အတွေးများကို လှုံဆော်ပေးနေခဲ့၏။ သူတို့က ထိုအရာကို သေချာနားစိုက်ထောင်နေပြီး ကျန်ရှိနေသော စကားလုံးများကို လွဲချော်သွားမှာ စိုးရိမ်နေခဲ့သည်။ သူတို့ဆီတွင် ထိုအရာများအားလုံးကို နားလည်ရန် ဦးနှောက်(၁၀)ခုပင် ရှိချင်နေခဲ့သည်။

ညသန်းခေါင်ရောက်သည့်အချိန်တွင် မုန့်ချီက သူ့အနားတွင် ရှိနေသော ခေါင်းလောင်းလေးကို ပုတ်လိုက်သည်။

“ဒီနေ့တော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြမယ်…”

ချောင်ဟယ်နှင့် တခြားသူများက ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး သခင်လေးစုကို ကျေးဇူးတင် စကားပြောလိုက်ကြသည်။ သူတို့၏ရင်ထဲတွင် ကျေနပ်မှုများ ခံစားလာရပြီး သူတို့၏ စိတ်ဝိညာဉ်ကလည်း အတော်လေး ပေါ့ပါးသွားခဲ့ကြသည်။ သူတို့ကတော့ ဝမ်းသာပျော်ရွှင်မှုကို ရရှိခဲ့ကြ၏။

ချောင်ဟယ်က ထွက်သွားရန် ပြင်လိုက်စဉ် ထောင့်နေရာ၌ လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးများက ချက်ချင်းပင် ကြောက်လန့်သွားခဲ့ပြီး သူက ထိုလူနှင့် ဝေးဝေးနေရန် ကြိုးစားလိုက်၏။ သို့သော် ထိုလူက သူ့ကိုမြင်သွားပြီ ဖြစ်သည်။

သူက အပြုံးနှင့် ချောင်းဟယ်ကို မိတ်ဆက်လိုက်၏။

“ညီလေးချောင်…

မင်းကရော ဆရာလေးစုရဲ့ဟောပြောမှုကို လာနားထောင်တာလား..”

ချောင်ဟယ်က အပြုံးနှင့် ပြောလိုက်သည်။

“ကျွန်တော်က ဆရာကြီးကျိုးကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး…”

ထိုလူကတော့ ပိုလီအရှင်သခင်၏ စစ်ဗျူဟာမှူး ကျိုးရှင်း ဖြစ်သည်။ သူကပင် ဤနေရာ၌ ပေါ်လာခဲ့သည်။

ကျိုးရှင်းက ပြုံးလိုက်သည်။

“ဆရာလေးစုရဲ့ ရည်မှန်းချက်က ကမ္ဘာကြီးတစ်ခုလုံးမှာ သူ့ရဲ့နောက်လိုက်တွေ အရမ်း များချင်နေတာပဲ။ ဒါဆိုရင် သူတို့တွေဆီမှာ မြင်းလှည်းတွေ အများကြီးတောင် ပြည့်နေလိမ့်မယ်၊ သူက ကောင်းကျိုးတွေ အမှန်တရားတွေကို ဖြန့်ကျက်ဖို့အတွက် ဟောပြောမှုတွေကို မကြာမကြာ လုပ်ဆောင်နေတယ်…။ ငါက ဘာကြောင့် လက်လွတ်ခံရမှာလဲ။ ပြီးတော့လည်း ငါက သာမန်မြို့သားအဖြစ် မွေးဖွားလာခဲ့တာပဲလေ…။ ငါ့ရဲ့နှလုံးသားက ဆရာလေးစုရဲ့ စကားတွေကို လက်ခံပါတယ်…”

သူတို့က ခဏကြာ စကားပြောနေပြီးနောက် အချင်းချင်း သတိထားနေကြသည်။ ကျိုးရှင်းက ကျိုးစံအိမ်ထဲမှ ထွက်လာပြီးနောက် သူက ပိုလီအရှင်သခင်၏ စံအိမ်ဆီသို့ ပြန်ထွက်သွားခဲ့သည်။ သူက ဆရာလေးစု၏ စကားကို လက်ခံသော်လည်း သူ့ကို ထောက်ခံမည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။

ပိုလီအရှင်သခင်က လက်နောက်ပစ်ပြီး မိုကျောင်းတော်၏ သဘောတရားများနှင့် ပတ်သက်၍ ကျိုးရှင်း ပြောပြသော အရာများကို နားထောင်နေခဲ့သည်။ သူကတော့ လွန်ခဲ့ရက်အနည်းငယ် အတောအတွင်း ထိုအကြောင်းအရာများကို သိထားခဲ့သည်။

အထက်တန်းလွှာပညာရှင်များကို တသားတည်းပေါင်းစပ်ပြီး ကောင်းကင်ဘုံ၏ အလိုဆန္ဒကို လိုက်နာရမည်ဟူသောအချက်ကို ရောက်လာသည့်အချိန်တွင် ပိုလီအရှင်သခင်က လှောင်ပြောင်သရော်လိုက်မိသည်။

“ကောင်းတယ်…. အရမ်းကောင်းတယ်…”

“သူတို့အားလုံးက တော်တော်လေးကို ပါရမီရှိတဲ့လူတွေပဲ။ ကောင်းကင်ဘုံရဲ့ဆန္ဒကို လိုက်နာရမယ်ဆိုတဲ့ သဘောတရားတွေ၊ နတ်ဘုရားတွေအပေါ် ယုံကြည်မှုတွေ၊ ပါရမီရှင်တွေကို သူကောင်းပြုမှုတွေနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် လုပ်တဲ့အရာတွေက သာမန်လူတွေအတွက်ပဲ ဖြစ်နိုင်တယ်။ အဲဒီသဘောတရားတွေက အရမ်းကောင်းလွန်းတဲ့အတွက် ငါ ကိုယ်တိုင်တောင် သေဆုံးပြီးသွားရင် ကောင်ကင်ဘုံကို တက်လှမ်းဖို့အတွေးကို ဖယ်ရှားပြီး အုတ်ဂူတစ်ခု ဆောက်မဲ့အတွေးကိုတောင် စွန့်လွှတ်ချင်စိတ်ပေါက်လာပြီ…”

“ငါ့ရဲ့ဘိုးဘေးက အရင်နှစ်တွေမှာ ကောင်းကျိုးတွေ အများကြီး ရခဲ့တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့တယ်၊ သူ့ရဲ့လက်ထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိနေတယ်ဆိုတော့ ဘာကြောင့် သူက အဲ့ဒီလိုအရာမျိုးကို မလုပ်ခဲ့ရတာလဲ..”

သို့သော် ကျိုးရှင်းက ဘက်လိုက်မှုမရှိသော မေတ္တာတရားနှင့် ကံကြမ္မာကို ဆန့်ကျင်ခြင်းဟူသည့် အယူဝါဒကို ပြောသည့်အချိန်တွင် ပိုလီအရှင်သခင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက တစ်ယောက်တည်း တွေးနေမိခဲ့၏။

“သူတို့က အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းတာ ကံဆိုးသွားတယ်။ လူတွေရဲ့ စိတ်ထဲမှာတော့ ရည်မှန်းချက်တွေက ပိုက်ကွန်တွေလိုပဲ အမြဲတမ်းရှိနေတာ။ လောဘကလည်း အဆုံးမရှိဘူး။ တကိုယ်ကောင်းဆန်မှုဆိုတာကလည်း လူတစ်ယောက်ရဲ့ နှလုံးသားမှာ အလေးလံဆုံး ရှိနေတဲ့ ဆန္ဒတွေပဲ။ ဘက်လိုက်ခြင်းမရှိတဲ့ မေတ္တာတရားကို ဘယ်လိုလူတွေက လုပ်ဆောင်နိုင်ကြမှာလဲ….”

“ဒါကတော့ နတ်ဘုရားတွေအပေါ် သူတို့ရဲ့ယုံကြည်မှုကို ကန့်သတ်ထားရုံပဲ ရှိတယ်။ ဒါပေမဲ့ နတ်ဘုရားတွေမှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့အရာတွေ ရှိနေတာပဲ။ ပြီးတော့ ကမ္ဘာကြီးကို နောက်ဆုံးအင်မော်တယ် ဆင်းသက်လာခဲ့တာတောင် နှစ်ပေါင်းများစွာ ကြာနေပြီ…”

“ဒါပေမဲ့ ဘက်လိုက်မှု မရှိတဲ့ မေတ္တာတရားရှိဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။ ဒီလိုဆိုရင် ငါတို့တွေက ပါရမီရှင်တွေကို ခေါ်ပြီး ငါတို့ရဲ့နယ်မြေပေါ်မှာ လူတွေများလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်။ ဒါက လက်ရှိ ငါ့ကို လူတိုင်းလေးစားနေရတဲ့ အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်..”

သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ကျိုးရှင်းကို ဆက်ပြောရန် အချက်ပြလိုက်သည်။

“ဘက်လိုက်မှုမရှိပဲ မေတ္တာထားဖို့နဲ့ အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေ လုံးဝမတိုက်ခိုက်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးအမြတ်အတွက်ပါ။ နောက်ဆုံးမှာ လူတွေကပဲ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးကြရတယ်…”

ကျိုးရှင်းက ပိုလီအရှင်သခင်ကို ခိုးကြည့်ရင်း ပြောလိုက်သည်။

ထင်ထားသည့်အတိုင်း ပိုလီအရှင်သခင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ရယ်စရာကောင်းလိုက်တာ…။ တော်တော်ကို မောက်မာပြီး လက်တွေ့မကျတာပဲ၊ တကယ်လို့ ငါတို့ကသာ တခြားတိုင်းပြည်တွေကို တိုက်ခိုက်ပြီး လူတွေ၊ မြေတွေနဲ့ ရတနာတွေကို မသိမ်းပိုက်ဘူးဆိုရင် ငါတို့ရဲ့အစွမ်းကို ဘယ်လိုမြှင့်တင်နိုင်မှာလဲ..။ တကယ်လို့ ငါတို့တိုင်းပြည်ကသာ အစွမ်းမထက်ဘဲ တခြားတိုင်းပြည်တွေက ပိုအစွမ်းထက်နေမယ်ဆိုရင် ငါတို့ရဲ့တိုင်းပြည်ကို ဘယ်လိုကာကွယ်ရမှာလဲ။ အဲဒါက အပေါ်ယံဆန်ပြီး ဘာမှမသိနားမလည်တဲ့ အရာတွေ..။ သူက ဘုရင်တွေအချင်းချင်း ရန်မလိုဘဲ မေတ္တာထားနိုင်လားဆိုတာ မနက်ဖြန်ကျရင် သူ့ကို သွားမေးလိုက်..”

ထိုအရာက စိတ်ကူယဉ်ဆန်သော အတွေးတစ်ခုဖြစ်သည်။

“ကောင်းပါပြီ…”

ကျိုးရှင်းက ပိုလီအရှင်သခင်၏ တုန့်ပြန်မှုကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။

နောက်တစ်နေ့တွင်တော့ ကျိုးပိုင်၏အိမ်တွင် ကျိုးဟမ် ဟောပြောရမည့် အလှည့်ဖြစ်သည်။ မေးခွန်းနှင့် အဖြေကဏ္ဍကို ရောက်သည့်အချိန်တွင် ကျိုးရှင်းက အရင်ဆုံး မတ်တပ်ရပ်လိုက်ပြီး ယမန်နေ့ ညတွင် ပိုလီအရှင်သခင် မေးခဲ့သော မေးခွန်းကို ပြန်မေးလိုက်၏။

သူက တပါတည်းပြောလိုက်သေးသည်။

“ကျေးဇူးပြုပြီး သခင်လေးကျိုးက ကျွန်တော့်ရဲ့မေးခွန်းကို ဖြေပေးဖို့ တလေးတစား တောင်းဆိုပါတယ်..”

ထိုမေးခွန်းကြောင့် ကျိုးပိုင်၊ ပိုင်စုန့်နှင့် တခြားသူများ၏ အမူအရာကလည်း တည်ငြိမ်နေကြသည်။ ဘက်လိုက်မှုမရှိသော မေတ္တာတရားနှင့် ရန်လိုမှုမရှိခြင်းက လက်တွေ့မကျသယောင် ထင်မှတ်ရ၏။ ကမ္ဘာကြီး၏ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိသ၍ ထိုအရာများက လက်တွေ့ မကျသေးပေ။

တိုင်းပြည်တိုင်းက အချင်းချင်း တိုက်ခိုက်ပြီး လုယူနေကြသည်။ ထို့သို့မလုပ်လိုက်လျှင် သူတို့တိုင်းပြည်သာ ကျန်နေခဲ့နိုင်သည်။

ကျိုးဟမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက မိုကျောင်းတော်၏ အတွေးအခေါ်အပေါ် သူ ယုံကြည်ချက်အားနည်းနေရသော အကြောင်းပြချက်လည်း ဖြစ်သည်။ သူတို့ဆီတွင် အကူအညီများ ရှိလာပြီး လွှမ်းမိုးမှုတစ်ခု ရှိလာမည်ဆိုလျှင် ဘုရင်များ၊ အထက်တန်းလွှာ ပညာရှင်များကပင် တခြားသော အတွေးအခေါ်များကို လေးစားသမှုနှင့် လိုက်နာကြရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့ကလည်း (၃)လအတွင်း တာဝန်ကိုပြီးဆုံးပြီး အောင်မြင်သွားနိုင်သည်။

“ကြည့်ရတာတော့ ဒါက တိုင်းပြည်ငယ်လေးတွေအတွက်ပဲ ဖြစ်နိုင်မယ် ထင်တယ်…”

သူက တွေးလိုက်မိသည်။

သူက တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ကျိုးရှင်းက နောက်တစ်ကြိမ် ပြောလိုက်သည်။

“သခင်လေးကျိုးက ကျွန်တော့်မေးခွန်းကို ဖြေပေးဖို့ အလေးအနက်တောင်းဆိုပါတယ်”

ကျိုးဟမ်က အဖြေတစ်ခုကို ခေါင်းပေါက်မတက် စဉ်းစားနေခဲ့သည်။ သူက မုန့်ချီကို ပြန်မေးလိုက်သည့်အချိန်တွင် မျက်နှာပြင်နောက်တွင် ရှိနေသော လ(၄)ယောက်ဆီမှ အဖြေတစ်ခု ရောက်လာခဲ့သည်။ မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး နောက်ကွယ်မှ ထွက်လာခဲ့၏။

“ရန်လိုမှု မရှိခြင်းဆိုတာ တိုက်ခိုက်မှုကို တားမြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါတို့က အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေကို မတိုက်ခိုက်ဖို့ပဲ တားမြစ်ထားတာ။ ဒါကြောင့် ငါတို့က ကိုယ့်အတ္တအတွက် လူတွေရဲ့အသက်ကို ချနင်းတာမျိုး ရှောင်တိမ်းရမယ်။ ဒါကြောင့် အပြစ်ပေးမှုနဲ့ တိုက်ခိုက်မှုတွေက ကျိုးကြောင်းဆီလျှော်တဲ့ သဘောတရားတွေပဲ ။ သဘာဝတရားကြီးရဲ့ နိယာမတွေကို လိုက်နာပြီး ဒီကမ္ဘာကြီးထဲကနေ မကောင်းဆိုးဝါးတွေကို ဖယ်ရှားလိုက်တယ်ဆိုတာ အပြစ်ပေးပြီးတော့ တိုက်ခိုက်လိုက်တယ်လို့ ဆိုလိုတာပဲ…”

“ဒါကြောင့် အရင်နှစ်တွေမှာ ဘုရင်ကျိုးက ကြောက်စရာကောင်းစွာ တိုက်ခိုက်ခဲ့ပြီး ဘုရင်ဝူကတော့ အပြစ်ပေးမှုကိုပဲ အလေးထားခဲ့တယ်…။ ဒါတွေက ရန်လိုမှုမရှိတဲ့ လုပ်ရပ်တွေပဲ..”

“ငါတို့လက်ရှိခေတ်မှာတော့ ဘုရင်တွေရဲ့ ပဋိပက္ခတွေက ဒီပြဿနာတွေ အားလုံးရဲ့ အရင်းအမြစ် ဖြစ်နေတယ်။ တကယ်လို့ ကိုယ်ကျင့်တရားရှိတဲ့ ဘုရင်တစ်ယောက်ယောက်ကသာ အဲဒီနယ်မြေတွေကို စုစည်းလိုက်ပြီး တိုင်းပြည်တွေ သီးခြားဆီ ဖြစ်နေတာကို အဆုံးသတ်လိုက်မယ်၊ ဘာသာစကားတွေကို ညှိလိုက်မယ်…၊ သွားလာဖို့အတွက် လမ်းတွေ ဖောက်မယ် ၊ ပဋိပက္ခတွေကို အဆုံးသတ်လိုက်မယ်ဆိုရင်ဒီကမ္ဘာကြီးက ငြိမ်းချမ်းသွားနိုင်မယ်။ ဒါက အမှန်တရားလမ်းစဉ်ပဲ မဟုတ်လား….

နောက်ဆုံးတွင်တော့ သူက နတ်ဘုရားကမ္ဘာကြီးနှင့် ကိုက်ညီသော မိုကျောင်းတော်၏ အတွေးအခေါ်များကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။

“တိုင်းပြည်အသီးသီးဖြစ်နေတာကို အဆုံးသတ်ပြီး နယ်မြေတွေကို ပေါင်းစည်းမှာလား။ ဒါက အမှန်တရားလမ်းစဉ်လား…”

ကျိုးရှင်း၏ ခေါင်းထဲတွင် ဆူပွက်သွားသလို ခံစားနေရပြီး သူက မုန့်ချီထပ်ပြောနေသော စကားများကို မကြားနိုင်တော့ချေ။ သူ့ခေါင်းထဲတွင် အလွန်ရှုပ်ထွေးနေသည့် အတွက် ကျိုးရှင်းက ပိုလီအရှင်သခင်နှင့် တွေ့ရန် အိမ်ကို မည်သို့ ပြန်ရောက်သွားမှန်းပင် မသိခဲ့ပေ။

ထိုနေရာတွင် နယ်မြေများကို ပေါင်းစည်းပြီး ကမ္ဘာကြီးကို အုပ်ချုပ်ရန် ဆန္ဒရှိနေသူများ ရှိနေနိုင်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် နယ်မြေခွဲခြားခြင်းက ဘုရင်များ၏ အမိန့်အာဏာ ဖြစ်ပြီး ကောင်းကင်နိယာမလည်း ဖြစ်သည်။ ထိုအရာက တိုင်းပြည်တည်ထောင်စဉ်ကတည်းက ရှိနေခဲ့၏။

ကျိုးရှင်း၏ စကားကို ကြားသည့်အချိန်တွင် ပိုလီအရှင်သခင်က မျက်လုံးပြူးသွားခဲ့သည်။ သူ၏အသက်ရှုသံကပင် ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး သူ့လက်ထဲတွင် ကိုင်ထားသော ကြေးနီရောင်ရေနွေးအိုးကပင် ချိုင့်ဝင်သွားခဲ့သည်။ ထိုရေနွေးအိုးက မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

“တိုင်းပြည်အများကြီး ဖြစ်နေတာကို အဆုံးသတ်ပြီး သူတို့အားလုံးကို စည်းမျဉ်းတစ်ခုတည်းမှာ ပေါင်းစည်းလိုက်မယ်…၊ ဘာသာစကားတွေကို ညှိနှိုင်းလိုက်ပြီး သွားလာဖို့ လမ်းကြောင်းတွေ ဖောက်မှာလား….”

သူ့စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားနေရသည်။ သူ့ဆီတွင် ထိုကဲ့သို့ ရည်မှန်းချက်မျိုး ရှိနေမည်ဆိုလျှင်ပင် သူကတော့ ပါရမီရှင်များကို ခေါ်ပြီး နယ်မြေအရှင်သခင် တစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေခဲ့သည်။

သူကတော့ ကျိုးတိုင်းပြည်၏ တော်ဝင်မိသားစုကို အစားထိုးပြီး ဘုရင်ဖြစ်လာရန် အိပ်မက် မက်နေခြင်း မရှိချေ။ သူက တိုင်းပြည်များကို ဖျက်ဆီးပြီး ကမ္ဘာကြီး၏ အစစ်အမှန် အရှင်သခင်တစ်ယောက် ဖြစ်လာရန်တော့ လုံးဝမတွေးခဲ့ပေ။ ထိုအရာ လုံးဝမဖြစ်ဖူးသော အရာတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

သူက ပင့်သက်ရှိုက်လိုက်မိပြီး ရုတ်တရက် စိုးရိမ်ထိတ်လန့်လာခဲ့မိ၏။ သူက ချက်ချင်း အမိန့်ထုတ်လိုက်သည်။

“သူတို့ကို မနက်ဖြန် ပိုလီကနေ ထွက်သွားဖို့ပြောလိုက်။ သူတို့ကို ဒီမှာနေခိုင်းလို့ မရဘူး…”

သူက ပိုလီအရှင်သခင်ဖြစ်ပြီး ဟန်တိုင်းပြည်၏ ဘုရင်မဟုတ်ချေ။ အကယ်၍ သူက ဟန်တိုင်းပြည်၏ ဘုရင်မဟုတ်လျှင်ပင် ထိုကဲ့သို့ အမြင်မျိုး ရှိနေခြင်းက သူ့ကို ကမ္ဘာကြီး၏ရန်သူသဖွယ် ဖြစ်သွားစေနိုင်သည်။

ကျိုးရှင်းက အံ့ဩသွားခဲ့သော်လည်း သူ့သခင်၏ သဘောထားက ခိုင်မာနေသည်ကို မြင်သည့်အခါ တိတ်ဆိတ်သွားခဲ့သည်။ သူက ပိုလီအရှင်သခင်ဆီမှ အလျင်အမြန် ပြန်ထွက်လာခဲ့၏။

အခန်းထဲတွင် တိတ်ဆိတ်နေခဲ့သည်။ ထိုကိစ္စကို အချိန်တော်တော်ကြာ စဉ်းစားလိုက်ပြီးနောက် ပိုလီအရှင်သခင်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“သူတို့က ဟွမ်တိုင်းပြည်ကို ဦးတည်ပြီး သွားဖို့ စဉ်စားနေမှာလည်း ကြောက်ရတယ်။ သူတို့က အဲဒီအကြောင်းအရာကိုပဲ တချိန်လုံး တွေးခေါ်နေကြတာ..။ ဒါကြောင့်လည်း သူတို့က ဒီစကားမျိုး ပြောရဲတာပဲ။ ငါက ငါ့ရဲ့လူတွေကို အသုံးပြုဖို့ မသင့်တော်ဘူး။ ပြီးတော့ ငါက သူတို့ဆီကနေ တခြားသူတွေကို အကျိုးအမြတ်ယူခွင့်မပေးနိုင်ဘူး…”

သူ့လေသံက နက်မှောင်နေပြီး သတ်ဖြတ်ချင်စိတ်များကို ဖုံးကွယ်ထားသည်။

“ငါက စာသင်သားတိုင်း လေးစားအားကျရတဲ့ ပိုလီအရှင်သခင်ပဲ။ ငါကိုယ်တိုင် လှုပ်ရှားဖို့ မသင့်တော်ဘူး.။ မင်းက ယုရှုတောင်းတန်းပေါ်မှာရှိတဲ့ ကောင်းကင်လိုဏ်ဂူဆီ သွားပြီး သူတို့ကို အကူအညီတောင်းလိုက်..”

မည်သူမျှ မရှိသော အခန်းထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ကောင်းပါပြီ အရှင်…”

Translated by Hein Htet.

All Chapters