← Chapters

အခန်း (၅၉၅)

Vol. 40 Ch. 595

အခန်း (၅၉၅)

Vol. 40 Ch. 595

မုန့်ချီကို ဘာသာရေးအမတ်ကြီးအဖြစ် တာဝန်ပေးလိုက်သည်မှာ သူကောင်းပြုသည့် ဥပဒေအတိုင်း ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သူက အထက်တန်းလွှာ မိသားစုဝင် တစ်ယောက် မဟုတ်သလို အမတ်ကြီးများ ထောက်ခံပေးသော လူတစ်ယောက်လည်း မဟုတ်‌ချေ။

ချန်းဘုရင်က သူ့ကို ဘာသာရေးအမတ်ကြီးအဖြစ် တရားဝင်အမိန့်ချလိုက်သည့် အချိန်တွင် အလုပ်သမားရေး အမတ်ကြီး ကုန်းရန်ကျန့်နှင့် တရားရေးအမတ်ကြီး တျန်းဟန်တို့က ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ချန်းဘုရင်ကမူ အလွန်ဆုံးဖြတ်ချက်ခိုင်မာနေပြီး ထိုအရာကို လုပ်ဆောင်ရန် တွေဝေနေခဲ့ခြင်းမရှိပေ။ သူက မုန့်ချီကို ဘာသာရေးအမတ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီး‌နောက် တိုင်းပြည်စည်းမျဉ်းအသစ်များကို ပြောပြပေးရန် တောင်းဆိုလိုက်သည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူတို့ ယခင် ဆွေးနွေးထားခဲ့သော အကြောင်းအရာများကို လျင်မြန်စွာ သုံးသပ်လိုက်သည်။ ထို့နောက် သူက အဖွဲ့ထဲမှနေ၍ ဖြည်းညင်းစွာ ထွက်လာပြီး လှေကားပေါ်မှ ဆင်းလာခဲ့၏။

သူက စကားပြောတော့မည့်အချိန်တွင် နောက်ထပ်အမတ်တစ်ယောက် ထွက်လာခဲ့၏။ ထိုအရာကတော့ တခြားလူမဟုတ်ပဲ တျန်းကွမ်ဖြစ်သည်။ သူက ချန်းဘုရင်ကို အရင်ဆုံး ဦးညွတ်လိုက်ပြီး မုန့်ချီကိုလှည့်၍ ပြောလိုက်၏။

"ငါက ဘာသာရေးအမတ်ကြီးကို မေးစရာမေးခွန်းတစ်ခုရှိတယ်…"

သူက တလေးတစား မပြောခဲ့ဘဲ ဤနေရာတွင် ရှိသော အထက်တန်းလွှာ မိသားစုဝင် အများစုကဲ့သို့ ဖြစ်နေသည်။ မုန့်ချီက ချန်းဘုရင်ကို တမင်တကာ လှည့်ကြည့်လိုက်ပြီး သူပြောချင်သည့် စကားကို ပြောခိုင်းကြောင်း အချက်ပြလိုက်သည်။ သူက ချန်းဘုရင်ကို ဖျောင်းဖြရန် တူညီသောနည်းလမ်းကို သုံးသကဲ့သို့ အကောင်းဆုံးကြိုးစားရန် ပြင်ဆင်ထားသည်။

ထို့ကြောင့် အပြုံးနှင့် မေးလိုက်၏။

"ကျေးဇူးပြုပြီး ပြောပါ…"

ထိုအချိန်တွင် သူတို့၏ကြားထဲ၌ ခြေလှမ်း(၅)လှမ်းပင် မရှိပေ။ သူတို့၏ အငွေ့အသက်များကလည်း ရောယှက်နေခဲ့၏။

တျန်းကွမ်က မုန့်ချီကို တည့်တည့်စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"တောင်ပိုင်း ဝူတိုင်းပြည်ထဲမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို မင်းက ကြားခဲ့ဖူးလား ... "

မုန့်ချီက တွေဝေနေပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြောပြပါဦး…"

ချန်းဘုရင်ကလည်း ဇဝေဇဝါဖြစ်နေခဲ့၏။ သူကတော့ ချူးတိုင်းပြည်နှင့် နီးစပ်သော မိသားစုဆီမှ သီးသန့်သတင်းအချက်အလက်များ ရရှိထားသလို ထင်ရသည်။

တျန်းကွမ်က အပြုံးနှင့် ပြောလိုက်၏။

"ဝူဘုရင်က အဆင့်အတန်းကို မကြည့်ဘဲ ပါရမီရှင်တွေကို ရွေးချယ်ခဲ့တယ်။ ပြီးတော့ ဝူဟောင်လို့‌ခေါ်တဲ့ လူတစ်‌ယောက်က တိုင်းပြည်ရဲ့စနစ်‌တွေ၊ အခွန်ကောက်ခံတဲ့စနစ်တွေကို ဖယ်ရှားပြီး ရဲမက်‌တွေကို ဆုလာဘ်တွေ ပေးသနားခဲ့တယ်။ ပညာရှင်တွေက အဲဒီအရာတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတဲ့အတွက် အခုဝူတိုင်းပြည်က အတွင်းအပြင် ပဋိပက္ခတွေဖြစ်နေပြီ။ ကမ္ဘာကြီးတစ်ခုလုံးက ရက်အနည်းငယ်အတွင်း အဲဒီအရာကို သိသွားကြလိမ့်မယ်။ အဲဒီအရာနဲ့ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက်ကို ပြောပြလို့ရမလား…"

"အဲဒီအရာနဲ့ပတ်သက်ပြီး ငါ့ရဲ့ထင်မြင်ချက်လား ..."

မုန့်ချီဆီတွင် ထင်မြင်ချက်များ မရှိချေ။ သူ့ခေါင်းထဲတွင် ကျိန်ဆဲမှုများသာရှိနေသည်။

သူတော်စင်များ ပေါ်လာခြင်းပေလော သို့မဟုတ် သူတို့ကဲ့သို့ တူညီသော တာဝန်တစ်ခုကို လက်ခံထားသော သံသရာခရီးသွားတစ်ယောက် ရောက်လာခြင်းပေလော။ သို့သော် ထိုလူကတော့ ပထမဆုံး လမ်းခင်းနေခြင်းမရှိဘဲ တိုက်ရိုက်လုပ်ဆောင်ခဲ့သည့်အတွက် ထိုကဲ့သို့ အားနည်းချက်ကြီးတစ်ခုကို ရရှိခဲ့သည်။

မုန့်ချီ၊ကျန်းကျိဝေနှင့် တခြားသူများက အချင်းချင်းကြည့်လိုက်ကြ၏။ ဝူဟောင်ကလည်း သံသရာခရီးသွားတစ်‌ယောက်ဖြစ်မည်ဟု သူတို့အားလုံးက တွေးလိုက်မိကြသည်။ ပထမဆုံး သေမင်းတမန် တာဝန်ပြီးဆုံးသွားပြီးနောက် သူတို့က အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် တာဝန်မဟုတ်လျှင်ပင် တခြားသောအဖွဲ့များ‌‌နှင့် တွေ့နိုင်ချေရှိ‌ကြောင်း သံသရာအရှင်သခင်က ပြောပြထားဖူးသည်။

သူတို့က ပူးပေါင်းခြင်း၊ တိုက်ခိုက်ခြင်း၊ အချင်းချင်းလျစ်လျူရှုခြင်းကတော့ သူတို့အပေါ်သာ လုံးဝမှီခိုနေပါလိမ့်မည်။ ဝူတိုင်းပြည်မှနေ၍ ချူးတိုင်းပြည်နှင့် ထန်တိုင်းပြည်တို့ ကြားထဲတွင် ‌‌တိုင်းပြည်‌ပေါင်းများစွာ ရှိနေသည်။ မုန့်ချီက ဝူဟောင်နှင့် ပြဿနာမရှုပ်ချင်သလို ဝူဟောင်ကလည်း မုန့်ချီကဲ့သို့ တူညီစွာခံစားမိပါလိမ့်မည်။

“တကယ့်ကို အ‌တွေးအခေါ်ကောင်း တစ်ခုပါပဲ။ ဒါပေမဲ့ သူက အဲဒါကိုဘယ်လိုများ ထိန်းချုပ်လိုက်တာလဲ။ တော်တော်ဆိုးလိုက်တာ…”

မုန့်ချီက သူ့ကိုမနေနိုင်ဘဲ အပြစ်တင်လိုက်မိသည်။

အကယ်၍ ဝူဘုရင်ကသာ ဩဇာအာဏာရှိသူများထဲမှ တစ်ယောက်ဖြစ်ပြီး နတ်ဘုရားလက်နက် အသုံးပြုနိုင်သော ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်များမရှိလျှင် ဝူတိုင်းပြည်၏စည်းမျဉ်းများ ပျက်စီးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။ သူတို့က ယခုအချိန်ထိ ရှင်သန်ရပ်တည်နိုင်မည် မဟုတ်သလို အသာစီးရနေလိမ့်မည် မဟုတ်ချေ။

"သူတို့က ဝူဘုရင်ရဲ့အစွမ်းကြောင့် အဲဒီအရာကို တမင်တကာ လုပ်ခဲ့တာ များလား။ ဝူဘုရင်က ကမ္ဘာကြီးကို ပေါင်းစည်းဖို့အတွက် ဓမ္မကာရအဆင့်ကို လိုချင်နေတာလား…"

ထိုစကား ကြားသည့်အခါ ချန်းဘုရင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ တျန်းကွမ်က ဝူတိုင်းပြည်ထဲတွင် ရှိနေသော အခြေအနေကိုကြည့်၍ သူတို့ကို အကြံပေးနေခြင်း သို့မဟုတ် သတိပေးနေခြင်းများ ဖြစ်နေမည်လော။

မုန့်ချီဆီ၌ အတွေးပေါင်းစုံ ဝင်လာသည့်အချိန်တွင် တျန်းကွမ်က အရှေ့ကို ခြေတစ်လှမ်း တိုးလာပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။

"အဲဒီအရာနဲ့ ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက်က ဘာလဲ…"

သူက အလွန်ရန်လိုလာပြီး မူလတည်ငြိမ်အေးချမ်းမှုများနှင့် ဆန့်ကျင်လာသည်။

သူ့ခေါင်းထဲတွင် ရှင်းလင်းလာပြီး ပြန်ဖြေတော့မည့်အချိန်တွင် တျန်းကွမ်ဆီမှ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။ သူက တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားခဲ့ရ၏။

သွေး‌ရောင်အငွေ့အသက်များက တျန်းကွမ်၏ ညာဘက်လက်ထဲတွင် လျင်မြန်စွာ စုစည်းလာပြီး လက်ဖဝါးဓားအဖြစ် ပြောင်းလဲ၍ မုန့်ချီကို ထိုးစိုက်လိုက်သည်။ ထိုအရာများအားလုံးက အလွန်လျင်မြန်လွန်းလှ၏။

ထိုကဲ့သို့ပညာရှင်များ အားလုံး၏အရှေ့တွင် တျန်းကွမ်က ထိုသို့လုပ်ဆောင်လိုက်မည်ဟု မည်သူကရော တွေးထားမည်နည်း။ သိုင်းသခင်ဖြစ်သော ချန်ဘုရင်ကပင် အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

“သူက လွှတ်တော်အစည်းအဝေးမှာတောင် လုပ်ကြံရဲသေးတာလား…”

အကယ်၍ သူက အောင်မြင်သွားမည်ဆိုလျှင်ပင် ချန်းဘုရင်၏လက်ချက်နှင့် လွတ်မြောက်နိုင်မည်မဟုတ်ချေ။ သူက ထိုအရာအတွက် သူ့အသက်ကို စတေးထားခဲ့သည်။ အလွန်ဆုံးဖြတ်ချက်ပြတ်သားသော အပြုအမူတစ်ခုဖြစ်သည်။

တျန်းကွမ်၏ခန္ဓာကိုယ်က အနည်းငယ် ကျုံ့သွားပုံရပြီး သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။ သူ့ပုံစံက အလွန်ဆုံးဖြတ်ချက်ပြတ်သားပြီး လက်ဖဝါးဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။ သွေးရောင်အငွေ့အသက်များ တောက်ပလာသည့် အချိန်တွင် သူ၏လက်ဖဝါးက မုန့်ချီ၏ရင်ဘတ် ဘယ်ဘက်ခြမ်းကို တိုက်ခိုက်လိုက်မိသည်။

"ချွမ် ... "

ထိုအချိန်တွင် ရွှေနဲ့သံကို ရိုက်လိုက်မိသလို အသံတစ်ခု ထွက်လာခဲ့၏။

သို့သော် မုန့်ချီကတော့ နေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ ရပ်လိုက်သောနေရာမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူက ထိခိုက်မှု မရှိခဲ့ပေ။

“ဘာမှမထိခိုက်ဘူးလား…”

တျန်းကွမ်က မျက်လုံးပြူးသွားပြီး အလွန်ကြောက်လန့်သွားခဲ့၏။ လူထူးဆန်းတစ်ယောက် သင်ကြားပေးခဲ့သော လျှို့ဝှက်သွေးနတ်ဘုရားဓားကျင့်စဉ်က စုမိုအတွက် အသုံးမဝင်ပေ။ လူတိုင်းကို ဖျက်ဆီးပစ်နိုင်သော ထိုဓားမောက်သိုင်းပညာက အင်မော်တယ်များကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်သည် မဟုတ်ပေလော။

သူ့အစွမ်းနှင့် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်ဟု တျန်းကွမ်က မျှော်လင့်မနေခဲ့ပေ။ သို့သော် စုမိုက မည်ကဲ့သို့သော သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသနည်း။

သို့သော် သူကတော့ အလွန်ပြတ်သားသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ ချက်ချင်းပင် ထိတ်လန့်အံ့ဩမှုကို ဖယ်ရှားလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းပိုင်းနှင့် တံခါးပေါက်များအားလုံးကို ပိတ်လိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်မည်ဆိုလျှင် သူတို့အားလုံးက အတူတူ သေဆုံးသွားနိုင်၏။

ထိုအချိန်တွင် မုန့်ချီက ပုခုံးကိုလှုပ်ရှားလိုက်ပြီး ခါးတွင် စွမ်းအားများကို စုစည်းလိုက်သည်။ သူက တျန်းကွမ်၏လက်ဖဝါးကို ရင်ဘတ်နှင့်ပြေးတိုက်လိုက်၏။

"ဗုန်းးး.."

တျန်းကွမ်က နောက်ကို အနည်းငယ် လွင့်သွားခဲ့သည်။

သူက တိုင်တစ်တိုင်နှင့် တိုက်မိပြီး ရပ်တန့်သွားသည့်အချိန်တွင် သူ၏ညာဘက်လက်ကတော့ ပုခုံးမှ တွဲလောင်းကျနေပြီး ရင်ဘတ်က ချိုင့်ဝင်သွားခဲ့သည်။ သူက အလွန်ကြီးမားသော အဖိုးတန်လက်နက်တူတစ်ချောင်း၏ ရိုက်နှက်ခံရသည့်အလား သူ့ပါးစပ်မှသွေးများ ထွက်လာခဲ့၏။

အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို အဖိုးတန်လက်နက်တစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ တတိယကောင်းကင် ဝေ့ကျင်းအဆင့်တွင် မုန့်ချီဆီ၌ ပြင်ပအားနည်းချက် အနည်းငယ်ဆီသာ ရှိသည်။ ထိုအရာကတော့ သူ၏လည်စေ့နှင့် မျက်ခုံးကြားထဲသာ ဖြစ်၏။

အမှန်အတိုင်း ပြောရလျှင် သူ၏ပါးစပ်တံခါးလည်း ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို တိုက်ခိုက်လိုက်မည်ဆိုလျှင် ကြွက်သားများ၊ အရေပြားများထက် ပို၍ပျော့ပျောင်းသော ကိုယ်တွင်းအင်္ဂါများဆီသို့ စွမ်းအားများ အလွယ်တကူ ရောက်သွားနိုင်သည်။

မုန့်ချီက ကမ္ဘာဦးအင်မော်တယ် ဓမ္မကာရအဆင့်ကို ရောက်သွားမည်ဆိုလျှင်တော့ သူ့ခန္ဓာကိုယ်က သလင်းကျောက်ကဲ့သို့ ကြည်လင်လာပြီး အတွင်းအပြင်(၂)ဖက်လုံး သန်မာလာလိမ့်မည်။

ချန်းဘုရင်က မလှုပ်ရှားသေးခင် တျန်းဟန်က တျန်းကွမ်ကို လက်ဖဝါးဖြင့် အရင်ဆုံး ရိုက်ချလိုက်သည်။ သူလည်း အလွန်ထိတ်လန့်နေခဲ့၏။ တျန်းကွမ်က ထိုအရာကို တည်ငြိမ်စွာ လက်ခံခဲ့ပြီး သူ့မျက်လုံးများက မုန့်ချီကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

"မင်းက ယဇ်ပူဇော်မှုကို ပျက်စီးအောင်လုပ်ခဲ့ပြီး ဘိုးဘေးတွေကို မပူဇော်ဖို့ တောင်းဆိုခဲ့တယ်ဆိုမှတော့ သွားသေသင့်တယ်…"

တျန်းကွမ်က သူ့အဖေ၏လက်ဝါးချက်ကြောင့် သေဆုံးသွားခဲ့ရသည်။ သို့သော် သူ့အသံကတော့ ကျယ်လောင်စွာ ပျံ့နှံ့နေခဲ့သေး၏။

ထိုအသံကြောင့် မုန့်ချီက မျက်ခုံးပင့်လိုက်မိသော်လည်း သူကတော့ အမှန်တရားအတွက် ရပ်တည်နေသလို ထင်ရသည်။

“ဒီလို ရှေးရိုးစွဲပြီး ဘာမှနားမလည်တဲ့ အမှိုက်တစ်ကောင်က သမိုင်းကြောင်းထဲမှာ ပျက်စီးသွားရတာပဲ…”

မုန့်ချီက တစ်ယောက်တည်း တွေးနေမိသည်။

ခန်းမထဲတွင် အလွန်တိတ်ဆိတ်နေသည့်အတွက် အပ်ကျသံပင် ကြားရနိုင်သည်။ ဖြစ်ခဲ့သည့်အရာက အလွန်လျင်မြန်နေသည့်အတွက် ပညာရှင်အများစုကပင် သေချာနားမလည်ကြသေးပေ။ သို့သော် တျန်းကွမ်မသေခင် နောက်ဆုံးပြောခဲ့သော စကားများကြောင့် သူတို့က ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။

တျန်းဟန်က အရှေ့ကို တက်လာပြီး သူ့သားကို ကောင်းကောင်းမဆုံးမခဲ့သည့်အတွက် အပြစ်ရှိကြောင်း ပြောလိုက်၏။ ချန်းဘုရင်က ဒေါသထွက်နေသော်လည်း သူက တျန်းမိသားစုတစ်ခုလုံးကို အပြစ်ယူ၍ မရပေ။ ထို့ကြောင့် သူက ပထမဆုံး တျန်းဟန်ကို တရားရေးအမတ်ကြီးအဖြစ်မှ ရုတ်သိမ်းလိုက်ပြီး ထိုကိစ္စကို သေချာစုံစမ်းမည်ဟု ပြောလိုက်သည်။ ထို့နောက် သူက တျန်းကွမ်၏အလောင်းကို ပစ်ထားရန် ဆုံးဖြတ်လိုက်ပြီး မုန့်ချီကိုသာ ဆက်လက်စီရင်စေလိုက်၏။

အလောင်းနှင့်ဒေါသများကို ခံစားမိသည့်အခါ အထက်တန်းလွှာ ပညာရှင်များ၏ အရှိန်အဝါကလည်း လျော့ကျသွားခဲ့သည်။ သူတို့က မုန့်ချီ၏ တိုင်းပြည်စည်းမျဉ်းအသစ်များကို နားထောင်ပြီး သူ့ကို ထူးဆန်းစွာ ကြည့်နေခဲ့ကြ၏။

"သူက ရင်ဘတ်ကိုသုံးပြီး တျန်းကွမ်ရဲ့လက်ဖဝါးဓားကို ရင်ဆိုင်ခဲ့တာလား။ တျန်းကွမ်က အဖိုးတန်လက်နက်တစ်ခုကို တိုက်ခိုက်လိုက်ရသလိုပဲ။ သူက လူသားမှော်သားရဲတစ်ယောက်လို ဖြစ်နေတယ်…"

အဖြစ်အပျက်မှ နိုးထလာသည့်အချိန်တွင် မုန့်ချီက သူ၏အရှိန်အဝါကို မြှင့်တင်လိုက်ပြီး အထက်တန်းလွှာ ပညာရှင်များကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။ သူက အချိန်တိုလေးအတွင်း သူတို့ကို နောက်ဆုတ်သွားစေချင်ခဲ့ပြီး နောက်ဆုံးတွင်တော့ စည်းမျဉ်းသတ်မှတ်ခြင်းက ပို၍လွယ်ကူသွားခဲ့သည်။

သူက အထက်တန်းလွှာပညာရှင်များ အားလုံးကြားဖူးထားသော စည်းမျဉ်းအသစ်များကို တစ်ခုပြီးတစ်ခု ကြေညာခဲ့သည်။ နောက်ဆုံးတွင်တော့ မုန့်ချီက လေးလေးနက်နက် ပြောလိုက်၏။

"သယ်ယူပို့ဆောင်ရေး အခွန်ကောက်ခံတဲ့သူကို သတ်လိုက်တဲ့သူတိုင်းက အပြစ်မရှိတဲ့ လူသတ်သမား ဖြစ်လိမ့်မယ်…"

"အပြစ်မရှိတဲ့ လူသတ်သမားလား ... "

အထက်တန်းလွှာပညာရှင်များက သူတို့၏ထိတ်လန့်အံ့သြမှုကို ထိန်းချုပ်နိုင်ခြင်း မရှိကြပေ။

"ဒါက ဘယ်လိုအမိန့်မျိုးလဲ ... "

သိပ်မကြာခင် သူတို့က သတိပြန်ဝင်လာကြ၏။ သူတို့၏လှည့်ကွက်လေးများက အရာမထင်တော့ကြောင်း တချို့က ‌တွေးမိကြပြီး တချို့ကတော့ အစည်းအဝေးထဲမှ ဒေါသတကြီး ထွက်သွားကြသည်။

"ဘာသာရေးအမတ်ကြီးရဲ့ စည်းမျဉ်းတွေက ချန်းတိုင်းပြည်ကို ဖရိုဖရဲဖြစ်အောင် လုပ်နေတာ။ တကယ်လို့ တစ်ယောက်ယောက်က နယ်ခြားစောင့်ရဲမက်တွေကို သတ်လိုက်ပြီး သူတို့က သယ်ယူပို့ဆောင်ရေးအခွန် တောင်းဆိုတယ်လို့ နာမည်ဖျက်ရင် ဘယ်လိုလုပ်မလဲ ... "

မုန့်ချီက ထိုအရာအတွက် ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ကျုပ်တို့က စစ်ဆေးရေးနေရာ အများစုမှာရှိတဲ့ အ‌စောင့်တွေကို ရုတ်သိမ်းပြီး ခံတပ်တွေနဲ့ မြို့တံခါးတွေမှာပဲ နေရာချထားတော့မယ်။ သူတို့ကို ကုန်သည်တွေနဲ့ သီးသန့်တွေ့ဆုံမှုကိုလည်း တားမြစ်ထားမယ်။ သီးသန့်တွေ့ဆုံမှုမရှိရင် မျက်မြင်သက်သေတွေ ရှိနေမှာပဲ။ တကယ်လို့ မရှိရင်‌တော့ ကိစ္စက အဲဒီလောက်ထိ မရိုးရှင်းနိုင်ဘူး…"

သူက ရပ်ပြီး ထပ်ပြောလိုက်သည်။

"ပြီးတော့ ဥပဒေတစ်ခု ရှိလာလိမ့်မယ်။ တွေ့တဲ့ ဓားပြတိုင်းကို သတ်ပစ်နိုင်တယ်။ အလားတူပဲ။ အဲဒီအရာမျိုးကိုတော့ ကျုပ်တို့ပုံမှန်အသုံးပြုနေကျ စည်းမျဉ်းတွေနဲ့ ဖြေရှင်းကြမယ် ... "

ကမ္ဘာကြီး၏နည်းလမ်းများအရ ပစ္စည်းများ လုယူနေသော ရဲမက်များလည်း အမှန်တကယ် ရှိတတ်သည်။ သူတို့က ထိုအရာကို ခွဲခြားရန် မည်သို့အသုံးပြုကြမည်နည်း။

ဆန့်ကျင်နေသော အမတ်ကြီးများက သံသယဝင်လာကြသည်။ သို့သော် သူတို့အားလုံးကို မုန့်ချီက အလွယ်တကူ တားမြစ်ခဲ့၏။ ထို့ပြင် တျန်းကွမ်၏ သေဆုံးမှုကြောင့် အထက်တန်းလွှာ ပညာရှင်များ၏ အရှိန်အဝါက သိသိသာသာ လျော့ကျသွားခဲ့သည်။ ထို့ကြောင့် တိုင်းပြည်အသစ်၏ စည်းမျဉ်းများက ချောချောမွေ့မွေ့ လုပ်ဆောင်လာနိုင်ခဲ့၏။

အထက်တန်းလွှာ ပညာရှင်များကလည်း အနည်းငယ်နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ပြီး စစ်ဆေးရေးနေရာများကို ခဏကြာ ဖယ်ရှားလိုက်ကြသည်။ မည်သို့ဖြစ်စေကာမူ သူတို့က အချင်းချင်း ပူးပေါင်းပြီး ပြဿနာရှာရန် အခွင့်အရေး ရှိနေသေး၏။

…………

တစ်လကြာပြီးနောက် ချူးတိုင်းပြည်မှ ကုန်သည်အဖွဲ့တစ်ခုက ရှန့်ယင်မြို့ထဲကို ဝင်လာခဲ့သည်။ သူတို့က အဖွဲ့ကြီးတစ်ခု မဟုတ်သော်လည်း သူတို့၏ အငွေ့အသက်များက အစွမ်းထက်၏။ ထို့ပြင် သူတို့၏လှည်းများက လမ်းပေါ်တွင် ဖုန်များထနေခဲ့သည်။ သူတို့က တန်ဖိုးရှိသောအရာများကို သယ်ဆောင်လာပုံရ၏။

တန်ဖိုးအရှိဆုံးအရာများကိုတော့ လေဟာနယ်လက်စွပ်ထဲတွင် သိမ်းဆည်းထားကြသည်။ အကယ်၍ သူတို့ကသာ ဝေ့ကျင်းအဆင့် ပညာရှင်များသာဆိုလျှင် မတော်တဆ အဖြစ်အပျက်များဖြစ်လာလျှင် လေထဲသို့ ပျံသန်းသွားနိုင်သည့်အတွက် ထိုပစ္စည်းများကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

သို့သော် ရှန့်ယင်မြို့၏ လက်ရှိအခြေအနေက ရှုပ်ထွေးနေ၏။ ဤနေရာတွင် လူပေါင်းစုံနှင့် ကုန်သည်များကို တွေ့နေရသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များက ဤနေရာတွင် အရောင်းအဝယ်လုပ်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် တရားမဝင်ဈေးကွက်က အခွန်သက်သာစေနိုင်၏။

"လွန်ခဲ့တဲ့လအတွင်း ရှန့်ယင်မြို့ထဲမှာ တော်တော်လေးကို စည်ကားနေတယ် ... "

ခေါင်းဆောင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးများ၊ ကုန်သည်များကို တွေ့မြင်ရပြီး ချူးတိုင်းပြည်၏ မြို့တော်ကဲ့သို့ပင် ထင်ရသည်။

သူ့သားက ရယ်လိုက်၏။

"လူအများစုက ဒီကိုရောက်လာကြတယ်လေ။ ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်ရေးအခွန်မရှိလို့ပဲ ..။ ချန်းဘုရင်ကို ကျွန်တော် နားမလည်ဘူး။ သူက ဘယ်လိုများ သူ့ရဲ့ဝင်ငွေတွေကို ဖြတ်တောက်နိုင်ရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့အတွက်တော့ ကောင်းပါတယ်။ ကျွန်တော်တို့က ဒီတစ်ကြိမ် ကုန်ကျစရိတ် တစ်ဝက်ကျော် သက်သာသွားပြီ ... "

သူ့အဖေက မုတ်ဆိတ်မွှေးကို လက်နှင့်သပ်လိုက်သည်။

"သယ်ယူပို့ဆောင်ရေးအခွန် တောင်းတဲ့သူတိုင်းကို သတ်မယ်ဆိုရင် အပြစ်မရှိဘူး ...။ ချန်းဘုရင်က တကယ့်ကို မထင်ထားတာတွေ လုပ်နေတာပဲ…"

လမ်းတစ်လျှောက်တွင် ရှန့်ယင်မြို့ထဲ၌ ကုန်သွယ်နေကြသော ကုန်ပစ္စည်းများ၏ အရေအတွက်က သိသိသာသာ တိုးမြင့်လာခဲ့သည်။ သူကတော့ သယ်ယူပို့ဆောင်ရေးအခွန် ဖြေလျော့လိုက်သည့် ထင်မြင်ချက်နှင့် ပတ်သက်ပြီး ရုတ်တရက်အတွေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာက မုန့်ချီ လုပ်ဆောင်နေခဲ့သော စီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့ ဖြစ်နေပြီး အကျိုးအမြတ်နည်းနည်းနှင့် များများရယူနေခြင်း ဖြစ်သည်။ ထို့ပြင် ချန်းဘုရင်က ယခင်အကျိုးအမြတ်များထက်ပင် ပို၍ရနေသေး၏။ မိုကျောင်းတော်မှ စုမိုက အမှန်တကယ်ကို ထူးချွန်ထက်မြက်လှသည်။

"အဖေ …

တည်းခိုဆောင်တွေ အားလုံးပြည့်နေပြီ ..."

သူ့သားက ပြန်လာပြီး ပြောလိုက်၏။

"ပြည့်နေပြီလား ... "

ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့သားက ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းချလိုက်မိ၏။

"လမ်းပေါ်မှာရှိတဲ့ ကုန်သည်အရေအတွက်က အဆပေါင်းများစွာ တိုးမြင့်လာတယ်။ အခန်းတွေ ဘယ်လောက်များ ကျန်ဦးမှာလဲ…"

"အဆပေါင်းများစွာလား ... "

ခေါင်းဆောင်က စဉ်းစားနေပြီး သယ်ယူပို့ဆောင်ရေးအခွန် ဖယ်ရှားလိုက်သည့် လုပ်ရပ်ကို ပို၍ပင် တွေးတောမိလာခဲ့၏။

ထိုအချိန်တွင် အဘိုးအိုတစ်ယောက်က သူတို့အနားကို ချဉ်းကပ်လာခဲ့ပြီး တစ်စုံတစ်ခု ပြောလိုက်သည်။ အဘိုးအိုက သူတို့ကို နွေးထွေး‌ဖော်ရွေစွာ နှုတ်ဆက်လိုက်၏။

"ဧည့်သည်တို့ ကျွန်‌တော့်ဆီမှာ ဧည့်သည်တို့ ညပိုင်းတည်းခိုနိုင်တဲ့ ခြံဝင်းတစ်ခုရှိတယ် ... "

"ဘယ်လိုမျိုးလဲ…"

ကုန်သည်များအားလုံးက အလွန်အံ့ဩသွားခဲ့သည်။ သာမန်သူများကပင် တည်းခိုဆောင်များ စတင်ငှားရမ်းနေခြင်းပေလော။

"အဘိုးရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်‌တော်တို့က အဘိုးရဲ့ခြံကို အရင်လိုက်ကြည့်လို့ရမလား။ တကယ်လို့ သန့်ရှင်းပြီး သပ်ရပ်တယ်ဆိုရင်တော့ ကျွန်တော်တို့က ဈေးကောင်းပေးမှာပါ…"

ခေါင်းဆောင်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကောင်းပါတယ် ... လိုက်ကြည့်လို့ရတယ်…"

အဘိုးအိုက ဝမ်းသာအားရ ပြန်ဖြေလိုက်၏။ ထို့‌နောက် သူက လမ်းထဲတွင် ရှိနေသောအဖွဲ့ကို သာမန်အိမ်လေးတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

ထိုအိမ်က ကြီးမားမှုမရှိဘဲ အခန်းကလည်း များပြားမှုမရှိချေ။ သို့သော် သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းလှသည့်အတွက် လူတိုင်းက သက်သောင့်သက်သာ ရှိသလို ခံစားရ၏။

"အစောင့်တွေက ခြံဝန်းထဲမှာ အိပ်လို့ရတယ်။ ကျန်တဲ့အခန်းတွေကတော့ လုံလောက်ပါတယ် ..."

သူ့သားက ပတ်ပတ်လည်ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ရွှေစတစ်စထုတ်ယူ၍ အဘိုးအိုကို ပေးလိုက်သည်။

"လမ်းပေါ်မှာ ကြေးပြားတွေယူလာဖို့ တော်တော်ခက်တယ်။ ကျေးဇူးပြုပြီး ဒါကိုပဲ အဖိုးအခအဖြစ် ယူလိုက်ပါ။ ကျွန်တော်တို့ ထွက်သွားတဲ့အချိန်ကျရင်လည်း အဖိုးအခကို ထိုက်ထိုက်တန်တန်ပေးပါ့မယ်…"

အဘိုးအိုက ရွှေစကိုယူပြီး အပြုံးနှင့် ပြောလိုက်သည်။

"မိတ်ဆွေတို့ကို စစ်ဆေးဖို့အတွက် ကျွန်တော့်ကို ခွင့်ပြုပါဦး…"

“လူတစ်ယောက်က သူ့ကိုယ်စား စစ်ဆေးပေးမှာလား...”

ကုန်သည်က အံ့သြသွားခဲ့သည်။

အဘိုးအိုက ကင်းလှည့်နေသော ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ကို တားဆီးလိုက်ပြီး သူတို့ကို စစ်ဆေးပေးရန် တောင်းဆိုလိုက်သည်။ ထိုလူက တလေးတစား လုပ်ဆောင်ပေးခဲ့၏။ နောက်တွင် ရှိနေသော ကုန်သည်ခေါင်းဆောင်ကတော့ အံ့ဩမှင်တက်နေခဲ့သည်။

ပုံမှန်အားဖြင့်ပြောရလျှင် အရာရှိအများစုက အထက်တန်းလွှာမိသားစုများဖြစ်ကြပြီး သူတို့မွေးဖွားလာခဲ့သည့် အချိန်ကတည်းစပြီး နေရာယူရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သူတို့က သာမန်လူများကို ကောင်းကောင်းဆက်ဆံခြင်းမရှိသလို တစ်နေ့လုံး အပါးခိုနေကြ၏။

သို့သော် ယခုရှန့်ယင်တွင်တော့ လုံးဝမတူညီသောအရာတစ်ခုကို မြင်နေရသည်။ သူတို့က သူတို့၏အလုပ်ကို လုပ်ဆောင်သည့်အပြင် တခြားသူများကိုလည်း ကူညီပေးနေကြ၏။

“ဒါက အရည်အချင်းကိုကြည့်ပြီး သူကောင်းပြုတဲ့လုပ်ရပ်မျိုးလား..”

ကုန်သည်များကို စစ်ဆေးလိုက်ပြီးနောက် အဘိုးအိုက သူ့မိသားစု အိပ်စက်‌နေသော သစ်သားတန်းလျားဆီသို့ ပြန်သွားခဲ့သည်။ အဘိုးအို၏သားကတော့ ထိုရွှေစကိုကြည့်ပြီး ပြောလိုက်၏။

"ဒါ ...ဒါက တကယ်အလုပ်ဖြစ်တယ်…"

သူကတော့ သူ၏အိမ်ကို ယာယီတည်းခိုဆောင်အဖြစ် ပြောင်းလဲလိုက်ခြင်းကို ဆန့်ကျင်ခဲ့ဖူးသည်။ အဘိုးအိုက ရယ်ကာမောကာနှင့် ပြောလိုက်၏။

"ဘာသာရေးအမတ်ကြီး အကြံပေးမှုနဲ့ ဘာများ မှားနိုင်မှာလဲ…"

ကောင်းကျိုးများ စုဆောင်းရန်အတွက် မုန့်ချီက အားသည့်အချိန်တိုင်း သာမန်လူများအား ကူညီပေးနေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူ ကင်းလှည့်နေသည့်အချိန်တွင် မြို့သားများကို ပိုက်ဆံရယူရန် မည်သို့အခွင့်အရေးများ အသုံးချရကြောင်း အကြံပေးတတ်၏။

သူက သက်ပြင်းချလိုက်မိသည်။

"ဘာသာရေးအမတ်ကြီး ရောက်လာတဲ့အချိန်ကစပြီး ငါတို့ရဲ့ဘဝတွေက ပိုပိုပြီးတော့ ကောင်းလာတယ် .။ သူတောင်းစား ကောင်းညီအစ်ကိုကတောင် မြင်းတင်းကုတ်အတွက် တောင်ပေါ်မှာ မြက်တွေ ဘယ်လိုဖြတ်ရမလဲကို သိသွားပြီ။ အနည်းဆုံးတော့ အခုသူတို့က ဆာလောင်မနေကြတော့ဘူး။ လမ်းထဲမှာ ရှိတဲ့လူတွေကလည်း အခုသူက သူတော်စင်တစ်ယောက်လို့ ပြောနေကြတယ်။ သူတို့က သူ့ကို သူတော်စင်ခေါင်းဆောင်လို့တောင် ခေါ်နေကြတယ်…."

…………

အခန်းတစ်ခုတည်းတွင် မုန့်ချီနှင့် တခြားသူများ၏ ပတ်ပတ်လည်တွင် အနက်ရောင်၊ အဖြူရောင်နှင့် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့သည်။ တိုင်းပြည်အသစ်၏ စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည့် အချိန်ကတည်းစပြီး သူတို့၏ပတ်ပတ်လည်တွင် ကောင်းကျိုးတရားများနှင့် ကိုယ်ကျင့်တရား ချီစွမ်းအင်များ စတင်ရရှိလာခဲ့ကြသည်။ ထိုအရာက ကောင်းကင်တာအို၏ ကံကြမ္မာကောင်းများဖြစ်၏။

"ငါတို့ပြန်ဖို့ ရက်နည်းနည်းပဲ လိုတော့တယ်…"

ကျိုးဟမ်က တီးတိုးရေရွတ်လိုက်သည်။

"တိတ်ဆိတ်နေတဲ့ အထက်တန်းလွှာ မိသားစုတွေက အချင်းချင်း ပူးပေါင်းပြီး အကြီးအကျယ် တုန့်ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ် ..."

မုန့်ချီကတော့ အနည်းငယ်လေးပင် စိတ်အေးနေခဲ့ခြင်းမရှိပေ။ လူတစ်ယောက်က အလွန်ရင်းနှီး‌သော သူ့မိတ်ဆွေအတွက် သေဆုံးသွားနိုင်သည်ဟုပြောရန် ခက်သော်လည်း ချန်းဘုရင်၏ အသိအမှတ်ပြုမှုကြောင့် သူတို့က စည်းမျဉ်းများကို လုံးဝပြည့်စုံစွာ လုပ်ဆောင်နိုင်ပြီး အပြင်သို့ ထွက်သွားရန် ဆင်ခြေတစ်ခုကို ရခဲ့သည်။

ဥပမာအနေနှင့် ပြောရလျှင် သူတို့က လိုအပ်လာသည့်အချိန်တွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်နိုင်၏။ ထို့နောက် ပိုင်စုန့်ကို ဘာသာရေးအမတ်ကြီးနေရာပေးပြီး စည်းမျဉ်းအသစ်ကို ဆက်လက်လုပ်ဆောင်ခိုင်း၍ ရသည်။

………….

"နောက်ဆုံးတော့ ငါ့သားက အိမ်ပြန်လာပြီပဲ ... "

အလုပ်သမားရေးအမတ်ကြီး ကုန်းရန်ကျန့်က သူ့ရှေ့တွင် ရှိနေသော လူငယ်ကို ကြည့်၍ ပြုံးလိုက်သည်။

"ရွှေအလင်းတန်းလိုဏ်ဂူက အင်မော်တယ်တွေ ဆုံးဖြတ်ချက်ချပြီးသွားပြီလား…"

Translated by Hein Htet.

All Chapters