← Chapters

အခန်း (၅၉၇)

Vol. 40 Ch. 597

အခန်း (၅၉၇)

Vol. 40 Ch. 597

အလင်းတန်း(၃)ခု ပေါ်လာခဲ့သည့်အချိန်တွင် ကောင်းကင်ကြီးက တဖြည်းဖြည်း မှေးမှိန်လာကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ အတွင်းဘက်နှင့် အပြင်ဘက်ကို ဆက်သွယ်ပေးထားသော ပြင်ပကမ္ဘာကြီးကလည်း သူ၏ကိုယ်ပိုင်ပုံရိပ်များအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုအရာများအားလုံးက လုံးဝကို ပျက်စီးသွားခဲ့သည်။

သူ့မျက်လုံးထဲတွင်တော့ ရွှေရောင်အလင်းတန်းများနှင့် ဖန်တီးထားသော မြားတစ်ချောင်းက ချီစွမ်းအင်ပင်လယ်ကြီးကို ထိုးဖောက်လာပြီး လေဟာနယ် အလွှာပေါင်းများစွာကို ထိုးဖောက်၍ အဆုံးမဲ့အမှောင်ထုကြီးကို လင်းလက်သွားစေခဲ့သည်။

ထိုမြားက အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး မုန့်ချီ၏ အာရုံခံစွမ်းအင်များကို ကန့်သတ်လိုက်သည်။ ကြည့်ရသည်မှာ ထိုအရာက သဘာဝတရားကြီး၏ အနှစ်သာရများကဲ့သို့ အလွန်အံ့ဩစရာ ကောင်းပုံရသည်။ မုန့်ချီကတော့ ထိုအရာကို ခုခံနိုင်ခြင်း မရှိသလို တားဆီးနိုင်ခြင်းမရှိဟု ခံစားနေရ၏။

"တော်တော်ကြောက်စရာကောင်းတဲ့ မြားပဲ…"

မုန့်ချီက အလွန်ကြောက်စရာကောင်းသော ခံစားမှု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူက သူ၏သတ်ဖြတ်ချင်စိတ်များကို မြှင့်တင်နိုင်ခြင်း မရှိသလို သူ၏စိတ်ဝိညာဉ်ကိုလည်း မြှင့်တင်နိုင်ခဲ့ခြင်း မရှိချေ။ ဓားကိုင်ထားသော သူ့လက်က တုန်ယင်နေခဲ့သည်။

"သိုင်းသခင်တစ်ယောက်က ထိပ်တန်းအဆင့် အဖိုးတန်လက်နက် ဒါမှမဟုတ် ရှားပါးအဖိုးတန် လက်နက်တစ်ခုကိုတောင် အသုံးပြုနေတာများလား ... "

သူ့ခေါင်းထဲတွင် တွေးလိုက်မိသည်။

"ငါက ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ထက်မက တွေ့ဖူးတဲ့ လူတစ်ယောက်ပဲ…"

မုန့်ချီက အံကြိတ်လိုက်ပြီး အခြေအနေက ဆိုးရွားကြောင်း သိနေခဲ့သည်။

သူက အတွင်းထဲတွင် ကမ္ဘာဦးအခြေအနေကို ပြောင်းလဲလိုက်၏။ သူက စိုးရိမ်နေခြင်း မရှိသလို ကြောက်လန့်နေခြင်းလည်း မရှိချေ။ စိုးရိမ်နေသော မုန့်ချီ၏ စိတ်အခြေအနေက တည်ငြိမ်စေခဲ့ပြီး သူ၏သိုင်းပညာကို တိုးမြင့်နိုင်၍ ရင်ထဲရှိ အကြောက်တရားများကို ယာယီရပ်တန့်နိုင်သည်။

ထိုနည်းလမ်းနှင့် သူ၏သတ်ဖြတ်ချင်စိတ်များက မြင့်တက်လာပြီး နှလုံးသားက တည်ငြိမ်သွားခဲ့သည်။ မုန့်ချီက ချက်ချင်း ဆိုသလိုပင် တိုက်ခိုက်ရေးပုံစံကို ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် မြားက အလွန်လျင်မြန်လာသော်လည်း သူကတော့ ရှောင်တိမ်းခဲ့ခြင်း မရှိချေ။

သူသေကိုယ်သေ အခြေအနေမျိုးတွင် လေထဲ၌ အလွန်ထူးဆန်းသော မွှေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့၏။ လေထဲတွင် ရွှေကြာပွင့်(၁)သောင်းခန့် ပေါ်လာပြီး ကြာပန်းတစ်ခုချင်းဆီမှ အလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများက မြေသားများကဲ့သို့ သိပ်သည်းလွန်းလှပြီး ကမ္ဘာမြေကဲ့သို့ အဆုံးမဲ့ဖြစ်သည်။

ထိုအရာက ယုရှုတရုတ်ဇီးသီးအလံဖြစ်၏။ တျန်းကွေ၏ သတိပေးချက်ကြောင့် ချီကျန်းရန်က အစောပိုင်းတွင် ယုရှုတရုတ်ဇီးသီးအလံကို ပြင်ဆင်ထားခဲ့၏။ ယခုသူက ရွှေရောင်မြားကို ကာကွယ်ရန်အတွက် ခွန်းလွန် လျှို့ဝှက်ချက်ရတနာကို အသုံးပြုလိုက်သည်။

ရွှေရောင်အလင်းတန်းက ကြာပန်းပွင့်များအားလုံးကို ထိုးဖောက်လာခဲ့သော်လည်း နှေးကွေးနေခဲ့ခြင်း မရှိချေ။ ထိုအရာက အဆင့်နိမ့် လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည့်အတွက် ယုရှုတရုတ်ဇီးသီးအလံက မြား၏ တိုက်ခိုက်မှုကို အားနည်းသွားစေရုံသာ ရှိသည်။

ထိုအရာက မြားကို ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့ အရှိန်မျိုးက မြား၏ ထူးခြားမှုတစ်ခုလည်း ဖြစ်နိုင်သည်။ ထိုထူးခြားမှုက အတွင်းထဲမှ ရောက်လာပုံရပြီး အနှစ်သာရများကို ငှားထားခြင်းထက် ပို၍ထူးခြားလှသည်။ အကယ်၍ မုန့်ချီကသာ ထိုမြားကို ရပ်တန့်ချင်သည်ဆိုလျှင် သူ၏အနှစ်သာရများကို ဖျက်ဆီးပစ်ရုံသာ ရှိသည်။

"တော်တော်ကြောက်စရာကောင်းတဲ့မြားပဲ…"

မုန့်ချီက နောက်တစ်ကြိမ် တီးတိုး‌ရေရွတ်လိုက်မိပြီး သူ၏သဘောထားများက ပြောင်းလဲသွားသည်။

ယခုသူက မြား၏အစွမ်းနှင့် မှော်ပညာကို အံ့သြနေခဲ့ခြင်းဖြစ်၏။ မုန့်ချီက ရှောင်တိမ်းရန် သို့မဟုတ် တန်ပြန်တိုက်ခိုက်ရန် မအောင်မြင်ခဲ့ပေ။ သူက ခန္ဓာကိုယ်ကို ပေ(၂၀)ခန့် အရပ်မြင့်အောင် ဖန်တီးလိုက်သည်။ သူ၏အနှစ်သာရများက ဆက်သွယ်လာပြီး သူ့ပုံစံက အလွန်လေးနက်နေခဲ့၏။

ထိုမြားက မုန့်ချီ၏မျက်ခုံးတည့်တည့်ကိုသာ ချိန်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က မြားကို ထိန်းချုပ်နေပြီး ဘာသာရေးအမတ်ကြီး၏ မျက်ခုံးတည့်တည့်ကို ထိုးဖောက်သွားစေချင်ခဲ့သည်။

သို့သော် မုန့်ချီက ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် မြားက ဝေးဝေးကို ရောက်သွားနိုင်ပြီး မုန့်ချီက တုန့်ပြန်ရန် အချိန်အနည်းငယ် ရသွားခဲ့သည်။ သူက ခေါင်းကို စောင်းလိုက်ပြီး ဘယ်လက်ကို မြှောက်၍ သူ့မျက်နှာကို ဖုံးကွယ်လိုက်၏။

"ဖောက်..."

ရွှေရောင်အလင်းတန်းများက သူ၏ဘယ်လက်ကို ထိုးဖောက်သွားခဲ့သည်။ ထိုအရာက အတွင်းထဲကို ဝင်ရောက်လာပြီး နောက်ဆုံးတွင်တော့ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

"ဘုန်း...ဘုန်း…"

ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အသွေးအသားများက ပတ်ပတ်လည်ကို ပြန့်နှံ့သွားခဲ့၏။ ဘာသာရေးအမတ်ကြီး၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ဝန်းရံနေခဲ့သည်။

ချီကျန်းရန်ကတော့ ထိုစွမ်းအား၏ တိုက်ခိုက်မှုကြောင့် အဝေးကို လွင့်သွားခဲ့သည်။

မုန့်ချီ၏ဘယ်ဘက်လက်က ပေါက်ကွဲသွားခဲ့ပြီး ရေလှိုင်းမီးတောက်ဓားက အပေါ်ဘက်ကို ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာတစ်ဝက်ကလည်း ချိုင့်ဝင်သွားပြီး မျက်နှာပေါ်မှသွေးများ စီးကျလာခဲ့၏။

"တကယ်လို့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နဲ့ ယုရှုတရုတ်ဇီးသီးအလံကြောင့်သာ မဟုတ်ရင် ငါက ဒုက္ခိတဖြစ်သွားနိုင်တယ်။ သတ်တောင် အသတ်ခံရနိုင်တယ်...သေစမ်း…"

မုန့်ချီက ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။

မိုကျောင်းတော်၏ အတွေးအခေါ်များကို ပို့ချသူ တစ်ယောက် ဖြစ်နေသေးသည့်အတွက် သူ့ရန်သူက အဖိုးတန်သော အစွမ်းထက်လက်နက်တစ်ခု ရှိနေသည့် သိုင်းသခင် တစ်ယောက် ဖြစ်ကြောင်း သူသိနေသည်။ သူက မဆင်မခြင် မလုပ်တော့ဘဲ ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။

နန်းတော်ထဲတွင် ရှိနေပုံရသော ဉာဏ်ကြီးရှင်က သူ့လေးကို နောက်တစ်ကြိမ် ဆွဲလိုက်သည်။ ယခုတော့ သူက အနိုင်ရရန် လျင်မြန်ရမည်ဖြစ်သည်။ တစ်ချိန်တည်းလိုလိုပင် နန်းတော်ဘေးတွင် ပုန်းအောင်းနေသော ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံး ပျံသန်းလာခဲ့ကြ၏။

အစီအစဉ်က မှားယွင်းသွားပြီဖြစ်သည့်အတွက် သူတို့က ရန်သူကို လိုက်လံသတ်ဖြတ်ရမည်ဖြစ်သည်။ သူတို့ကတော့ ယခင်တရားရေးအမတ်ကြီး တျန်းဟန်၊ ယခင်ဘာသာရေး အမတ်ကြီးဝမ်တန်း၊ လက်ရှိအလုပ်သမားရေး အမတ်ကြီး ကုန်းရန်ကျန့်တို့နှင့် သူတို့မိသားစုမှ အကြီးအကဲများ၊တပည့်များ ဖြစ်ကြသည်။

သူတို့က အရာအားလုံးကို သိမ်းပိုက်နိုင်သော မိသားစုကြီးတစ်ခုဖြစ်သည်။ မူလတုန်းကတော့ ချန်းဘုရင်ကို လုပ်ကြံခြင်း ကျရှုံးသွားမည်ဆိုလျှင် သူတို့အတွက် တခြားနည်းလမ်း မရှိတော့ကြောင်း တွေးမိခဲ့သည်။ ထို့ကြောင့် သူတို့က ချန်းဘုရင်ကို တားဆီးနိုင်ရန် ပို၍အစွမ်းထက်သော ပညာရှင်များ စေလွှတ်ခဲ့သည်။

သူတို့ကသာ ချန်းဘုရင်ကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်သရွေ့ ဘုရင်သာ မသေလျှင် သူ့ကို ရင်ဆိုင်နိုင်ရန် တခြားနည်းလမ်းများ ရှိနေခဲ့သည်။ သို့သော် အခြေအနေက သူတို့ထင်ထားသည်ထက်ပင် ပို၍ချောချောမွေ့မွေ့ ရှိနေခဲ့၏။

ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်က ကြောက်မက်ဖွယ်ရာ အစွမ်းများ ရှိနေသည့်အပြင် အံ့သြစရာကောင်းသော လျို့ဝှက်ရတနာများလည်း ရှိနေခဲ့သည်။ ချန်းဘုရင်၏ တန်ပြန်တိုက်ခိုက်မှုကိုပင် သူက လျှို့ဝှက်ရတနာ အနည်းငယ်သာသုံးပြီး အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

အဆုံးတွင်တော့ လုပ်ကြံသတ်ဖြတ်မှု ပြီးဆုံးသွားပြီးနောက် သူတို့က အဝေးကို ထွက်မပြေးခဲ့ပေ။ ထိုအစား သူတို့က နေရာတွင် ထိုင်စောင့်နေပြီး မုန့်ချီတို့ကို လူသတ်သမားအဖြစ် စွပ်စွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူတို့က ထိုအရာကို တစ်ကြိမ်တည်းနှင့် အဆုံးသတ်ချင်နေခဲ့ခြင်း ဖြစ်၏။

သို့သော် တျန်းကွေက သူတို့၏အစီအစဉ်ကို တစ်စိတ်တစ်ပိုင်း သိနေခဲ့သည်။ သူက သူ့အဖေ၏ နောက်ကွယ်တွင် ရှိနေသော အစောင့်အဖွဲ့ထဲတွင် ခိုးဝင်နေခဲ့သည်။ သူက စုမိုကို ကိုးကွယ်နေကြောင်း တခြားမိသားစု(၃)ခုမှ လူတစ်ယောက်မျှမသိကြပေ။ သူက မိုကျောင်းတော်၏ နောက်လိုက်တစ်ယောက်ပင် တိတ်တဆိတ် ဖြစ်နေခဲ့သည်။

ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်က ညာဘက်လက်တွင် စွမ်းအားများကို စုစည်းလိုက်ပြီး လေးကို နောက်တစ်ကြိမ် ဆွဲလိုက်သည်။ သူ့နောက်ဘက်တွင်တော့ ရွှေရောင်အလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်နေသည့် အနီရောင်တိမ်တိုက်များ ရှိနေခဲ့၏။

"ဒေါင်…ဒေါင်…"

ရုတ်တရက်ဆိုသလို လူတစ်ယောက်၏ ပင်မဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ စိတ်ဝိညာဉ်များက တုန်ခါသွားခဲ့ရ၏။

ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးက မူးဝေသွားသလို ခံစားလိုက်ရပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် ခက်ခဲသွားသည်။ ပစ်မှတ်က ခေါင်းလောင်းတီးနေသည့် အချိန်တွင် ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်ကလည်း ခေါင်းထဲတွင် မူးဝေလာသလို ခံစားလိုက်ရ၏။ သူ့လက်ကတော့ ငြိမ်သက်နေသေးပြီး သူက မြားကြိုးကို ဦးတည်ရာမဲ့ ပစ်လွှတ်လိုက်သည်။ ထိုအရာက စိတ်ဝိညာဉ်လှုပ်ရှားရေး ခေါင်းလောင်းဖြစ်၏။

ထိုအရာက သယ်ယူပို့ဆောင်ရေး အခွန်တောင်းရန် ပြင်ဆင်နေသော ကျန်းကျိဝေ ပိုင်ဆိုင်သည့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ဘာသာရေးအမတ်ကြီးက ရှန့်ယင်ကို ကာကွယ်ရန် လျှို့ဝှက်လက်နက်တစ်ခု လိုအပ်သည်။ ယခု ထိုအရာကိုသုံးရန် အချိန်ကျလာပြီဖြစ်၏။

ရွှေရောင်အလင်းတန်းများက အမိုးပေါ်ကို ထိုးဖောက်သွားသော မြားများဖြစ်လာပြီး အစိမ်းရင့်ရောင် ကောင်းကင်ကြီးကို ဦးတည်သွား၍ နေမင်းကြီးကို ပစ်လွှတ်လိုက်သည်။

"ခလွပ်…"

ကျန်းကျိဝေ ကိုင်ထားသော ခေါင်းလောင်းငယ်လေးက ပျက်စီးသွားခဲ့၏။

"ဒါ အခွင့်အရေးတစ်ခုပဲ..."

မုန့်ချီက အားတက်သွားခဲ့သည်။

သူက ချက်ချင်းပင် ပြန်လှည့်လာပြီး တံခါးပေါက်များထဲတွင် ရှိနေသော ပုံရိပ်ယောင်က ကျုံ့သွားခဲ့သည်။ သူ၏နောက်ဘက်တွင် ပေါ်လာသော အင်မော်တယ်ဘိုးဘေးပုံစံကလည်း နက်မှောင်ပြီး ဝေဝါးနေခဲ့၏။

ထို့နောက် သူက ကျန်ရှိနေသော လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဓားနှင့် ပြင်းပြင်းထန်ထန် ခုတ်ချလိုက်၏။ ဓားအလင်တန်းက ကမ္ဘာမြေကြီးကို ဖန်တီးလိုက်သည့်အလား ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ အမှောင်ထုကြီးက အက်ကွဲသွားခဲ့ပြီး နန်းတော်နံရံက အက်ကွဲသွားခဲ့၏။ အဖြူရောင်မြေကွက်လပ်ကြီးက ပျက်စီးသွားခဲ့ပြီး နန်းတော်က (၂)ပိုင်း ဖြစ်သွားခဲ့သည်။

မုန့်ချီနှင့် ဝေ့ကျင်းအဆင့် တိုက်ခိုက်သူများ၏ ကြားထဲတွင် ရှိနေသော နယ်မြေထဲတွင်တော့ အရာအားလုံးက(၂)ပိုင်းကွဲသွားခဲ့ပြီး မြေပြင်ကြီးကပင် အက်ကွဲသွားခဲ့သည်။

"ဖျောက်…."

အသံတစ်ခုနှင့်အတူ မှင်တက်နေသော ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က သတိပြန်ဝင်လာခဲ့၏။ သူ၏လည်ပင်းမှနေ၍ ခြေဖျားထိအောင် တတောက်တောက် ကျဆင်းလာနေသော သွေးများကိုမြင်လိုက်ရသည်။ နောက်ဆုံးတွင်တော့ သူ၏ဘယ်ဘက်မျက်လုံးမှတစ်ဆင့် ညာဘက်မျက်လုံးကို မြင်လိုက်ရသည်။

"ငါက ငါ့ရဲ့ဘယ်ဘက်မျက်လုံးကနေ ညာဘက်မျက်လုံးကို ဖောက်မြင်ရတာလား ..."

သူက (၂)ပိုင်းပြတ်သွားခဲ့ပြီး မြေပေါ်သို့ လဲကျသွားခဲ့ခြင်းဖြစ်သည်။

ဓားမောက်အလင်းရောင်က ချန်းဘုရင်၏ အခန်းဆီသို့ ရောက်သွား၍ ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်၏ရှေ့ကို ရောက်သွားခဲ့သည်။ သိုင်းသခင်က သတိပြန်ဝင်လာသည့်အချိန်တွင် ဘယ်လက်နှင့် ဓားမောက်အလင်းတန်းကို တိုက်ရိုက်တွန်းလွှတ်လိုက်၏။

ချက်ချင်းဆိုသလိုပင် ဓားမောက်အလင်းတန်းနှင့်အတူ တောက်ပသော အနီရောင်တိမ်တိုက်များက မှေးမှိန်သွားခဲ့သည်။

တစ်ချိန်တည်းတွင် မုန့်ချီဆီမှ ခြေလက်တစ်စုံ ထွက်လာပြီး ရေလှိုင်းမီးတောက်ဓားကို ကိုင်လိုက်၏။ ထို့နောက် သူက မီးတောက်စွမ်းအင် ကူးပြောင်းမှုကိုသုံး၍ ပျောက်ကွယ်သွားခဲ့၏။ တစ်ချိန်တည်းလိုလိုပင် ကျန်းကျိဝေက ရွမ်ယုရှုနှင့် ကျိုးဟမ်တို့ကိုခေါ်ပြီး ထွက်ပြေးသွားနိုင်ခဲ့သည်။

သူတို့က အဖွဲ့(၃)ဖွဲ့ ခွဲသွားခဲ့သည့်အတွက် အလွန်သိသာထင်ရှားနေခြင်း မရှိချေ။ ထို့ပြင် သူတို့က ပြန်တွေ့ရန် နေရာကိုလည်း ဆွေးနွေးထားခဲ့ပြီးသားဖြစ်သည်။ မူလတုန်းကတော့ သူတို့က ထွက်ပြေးရန်နှင့် ပြန်လည်ပူးပေါင်းရန် လမ်းကြောင်းများ စီစဉ်ထားခဲ့သည်။ အထက်တန်းလွှာ ပညာရှင်များက ချန်းဘုရင်ကို ရင်ဆိုင်ရန် ပဋိပက္ခများ၊ တိုက်ပွဲများ ဖော်ဆောင်မှာကို ကြိုတင်တွက်ဆထားခဲ့ခြင်းဖြစ်သည်။ ယခုတော့ ထိုအစီအစဉ်က ငြိမ်းချမ်းရေးလ၏ အဆုံးသတ်တွင် အကျိုးသက်ရောက်လာခဲ့သည်။

ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်က အနီးနားနေရာများတွင် အာရုံခံပြီး မုန့်ချီကို ရှာဖွေနေခဲ့သည်။ သူက အငွေ့အသက် အနည်းငယ်ကို ယူဆောင်ပြီး အနီးအနားတွင် ရှိနေသော နေရာများ၊ လမ်းများ ၊ လူများနှင့် အိမ်များထဲကိုလည်း အသေးစိတ်ဖြန့်ကျက် စစ်ဆေးကြည့်လိုက်သည်။

သူက အလင်းနှင့်အမှောင်များကို ဖောက်မြင်နေရသော အထွဋ်အမြတ် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။ သို့သော် မုန့်ချီနှင့် သူ့အဖော်များကို စစ်ဆေးမိခဲ့ခြင်း မရှိပေ။

ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်က ထိုအရာကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ စုမိုနှင့် သူ့အဖော်များက ဝေ့ကျင်းအဆင့် ပညာရှင်များ သို့မဟုတ် ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ ဖြစ်နိုင်ကြသည်။ သူတို့က လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်ရှိနေသည့်အတွက် သူတို့၏ အငွေ့အသက်များကို ကမ္ဘာမြေကြီးနှင့်ပေါင်းစပ်ပြီး အလွယ်တကူ ပုန်းနေ၍ရသည်။ သူက ထိုအရာကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။

"သူတို့ကို လိုက်ဖမ်းကြစမ်း ..။ ရှန့်ယင်မြို့ကို ပိတ်ပြီး အိမ်တိုင်းကို လိုက်ရှာ။ နောက်ပြီး သူတို့နောက်ကို လိုက်ဖို့ လူတချို့ လွှတ်လိုက်။ ငါတို့က သူတို့ကို လိုက်ဖမ်းမှရမယ် ..."

ရွှေအလန်းတန်းလိုဏ်ဂူမှ သိုင်းသခင်က မျက်လုံးဖွင့်ပြီး အမိန့်ပေးလိုက်သည်။

ထိုအမိန့်က ထူးဆန်းကြောင်း တျန်းဟန်နှင့် ကုန်းရန်ကျန့်တို့ကလည်း သတိထားမိကြသည်။ ချန်းဘုရင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ရွှေအလန်းတန်းလိုဏ်ဂူမှ သိုင်းသခင်ကတော့ စုမိုကို ပို၍စိုးရိမ်နေပုံရ၏။

"သူက ငါတို့ကို ကူညီပေးချင်တာမဟုတ်ဘဲ အဲဒီလူတွေကို ဖမ်းဖို့ သတ်ဖို့ ရောက်လာတာလား။ ရွှေအလန်းတန်းလိုဏ်ဂူက အင်မော်တယ်တွေက ဘာလိုချင်နေတာလဲ ..."

…………..

ထိုအချိန်တွင် မုန့်ချီ၏ ပုံစံကတော့ အတော်ဆိုးဆိုးဝါးဝါးဖြစ်နေပြီး လက်တစ်ဖက်ကို ဆုံးရှုံး၍ မျက်နှာက ချိုင့်ဝင်နေခဲ့သည်။ သို့သော် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသော်လည်း တိုက်ခိုက်စွမ်းရည် ဆုံးရှုံးမှုမရှိသည်မှာ ကံကောင်းသွားသည်။

မီးတောက်စွမ်းအင် ကူးပြောင်းခြင်းကို အကြိမ်အနည်းငယ် သုံးလိုက်ပြီးနောက် ယခု သူက အတော်လေးကို ပင်ပန်းနေပြီး ထိုအခြေအနေမှ ရုန်းထွက်လိုက်သည်။ ထို့နောက် သူက ကမ္ဘာမြေကြီးနှင့် သူ၏အငွေ့အသက်များကို ဆက်သွယ်လိုက်ပြီး အလွယ်တကူ ပုန်းအောင်းနေခဲ့၏။

တစ်ချိန်တည်းတွင် သူက ဒဏ်ရာများမှ သက်သာလာစေရန် တင်ပျဉ်ခွေထိုင်လိုက်သည်။ ချီကျန်းရန် အသုံးပြုခဲ့သော ယုရှုတရုတ်ဇီးသီးအလံက တူညီစွာ စွမ်းအားကုန်ဆုံးရသည်။ ထို့ကြောင့် ချီကျန်းရန်ကလည်း စွမ်းအားကုန်ဆုံးသွားသလို ခံစားနေရပြီး ချီစွမ်းအင် လှည့်ပတ်မှုကိုအလျင်အမြန် လုပ်ဆောင်နေရသည်။

ဒဏ်ရာများ ပို၍ဆိုးရွားလာခြင်းမရှိစေရန် မုန့်ချီက ကုသရေးဆေးလုံးတစ်လုံးကိုလည်း ထုတ်သောက်လိုက်သည်။ သူက ထိုအရာကို မျိုချလိုက်ပြီးနောက် သူ၏ဗိုက်ထဲတွင် အေးမြသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ချီကျန်းရန်က ပြန်လည်ကုသနေသည့်အချိန်တွင် ပတ်ပတ်လည်ကို စတင်လှည့်ပတ်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူတို့က လူတစ်ယောက်၏ မီးဖိုချောင်ထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရ၏။ မီးဖိုထဲတွင် မီးစတစ်စ ရှိနေပြီး မီးဖိုပေါ်တွင် စွပ်ပြုတ်အိုး တည်ထားသည်။

"အပြင်အဆင်ကို ကြည့်ရတာတော့ ဒါက စာသင်သားတစ်ယောက်ရဲ့အိမ် ဖြစ်မယ်ထင်တယ်…"

ချီကျန်းရန်က အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးတော့ ထိုအရာက အထက်တန်းလွှာပညာရှင်တစ်ယောက်၏ စံအိမ်မဟုတ်ပေ။

ရုတ်တရက်ဆိုသလို မုန့်ချီ၏အငွေ့အသက်များက ပုံမှန်မဟုတ်တော့ဘဲ လျင်မြန်လာကြောင်း တွေ့လိုက်ရသည့်အတွက် သူလည်း စိုးရိမ်တကြီး ပြန်လှည့်ကြည့်လိုက်သည်။

မုန့်ချီ၏ ကျိုးသွားသောလက်က နောက်တစ်ကြိမ် ပြန်ပေါက်လာပြီး အသွေးအသားများ၊ ကြွက်သားများ ထွက်လာသည်ကို သူ့မျက်လုံးက မြင်နေရသည်။

"ဖျောက်…"

ခဏကြာပြီးနောက် အစွမ်းထက်သော အဖြူရောင်လက်တစ်ဖက်ပေါက်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။

"ဒီလိုလည်း ဖြစ်နိုင်တာပဲလား…"

ချီကျန်းရန်က မှင်တက်နေခဲ့သည်။

သိပ်မကြာခင် မီးဖိုချောင်အပြင်ဖက်မှနေ၍ ခြေသံများကို ကြားလိုက်ရ၏။ ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကဲ့သို့ အစွမ်းထက်သည်။ သူက ယုရှုတရုတ်ဇီးသီးအလံကို ကိုင်ထားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်တွင် ရပ်လိုက်သည်။

အိမ်အပြင်ဘက်မှနေ၍ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ အငွေ့အသက်တစ်ခု ချဉ်းကပ်လာခဲ့၏။ ထိုအငွေ့အသက်၏ ပိုင်ရှင်က အော်ပြောလိုက်သည်။

"မင်းအိမ်ထဲမှာ သံသယဝင်စရာ တစ်ခုခုရှိလား…"

“ကံဆိုးတာပဲ…”

သူက တွေးလိုက်မိသည်။

ချီကျန်းရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်က မီးဖိုချောင်တံခါးကို ဖွင့်လိုက်သည်။ နောက်တွင်တော့ သက်လတ်ပိုင်းလူတစ်ယောက် ရှိနေခဲ့၏။ ထိုခဏတွင် လေဟာနယ်က အေးခဲသွားသလို ထင်ရသည်။

အိမ်ပိုင်ရှင်က သူတို့(၂)ယောက်ကိုကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

"အကုန်လုံးပုံမှန်ပါပဲ…"

"အကုန်လုံးပုံမှန်ပဲလား ..."

ချီကျန်းရန်က ထိုအရာကို နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူလည်း မျက်မှောင်ကြုတ်နေမိသည်။

ဝေ့ကျင်းအဆင့် ပညာရှင်က အိမ်တိုင်းကို လိုက်ရှာရန် အချိန်မရှိခဲ့ပေ။ သူတို့က ကောင်းကင်ကြီးပေါ်တွင် ပျံဝဲနေပြီး ရဲမက်များကို ရှာဖွေရန်သာ စေလွှတ်လိုက်သည်။ ထို့ကြောင့် သူတို့က အနားကို ကပ်မလာဘဲ လေထဲတွင်သာ ပျံသန်းနေခဲ့၏။

ထိုလူက တံခါးကို ပိတ်လိုက်ပြီး သူတို့(၂)ယောက်ကို တလေးတစား နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင် ...”

“သူက မိုကျောင်းတော်ရဲ့နောက်လိုက်တစ်ယောက်ပဲ။ ညီလေးမုန့်ဆီမှာ လမ်းကြောင်းနဲ့ ပတ်သက်ပြီး အစီအစဉ်ရှိနေခဲ့တာပဲ…”

ချီကျန်းရန်က နားလည်သွားခဲ့သည်။

Translated by Hein Htet.

All Chapters