← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

လျှို့ဝှက်နယ်မြေက မည်သို့ပြောင်းလဲပြီး ထူးဆန်းသောရတနာများ မည်မျှရှိနေသည်ဖြစ်စေ သူ့အနေဖြင့် အချိန်တိုအတွင်း ဘုရင်အဆင့်သို့ချိုးဖျက်လိုပါက ပထမဦးစွာ ထိုရတနာများပိုင်ဆိုင်ထားရန်လိုအပ်ကြောင်း ရွှမ်ယီနားလည်ထားပေသည်။

လက်ရှိတွင် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာကွာတော့သော်လည်း ထိုတစ်လှမ်းက မယုံနိုင်စရာကောင်းအောင် ဝေးကွာလွန်းလှ၏။

သူ့အနေဖြင့် ချိုးဖျက်လိုလျှင် နားလည်သဘောပေါက်များ ပြည့်၀နေရုံသာမက ဥပဒေသစွမ်းအားကိုလည်း ထိတွေ့ပြီး နားလည်ရန်လိုအပ်သည်။

ထိုထူးခြားသောရတနာက ဘုရင်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်ပုံထောက်လျှင် ၎င်းတွင် ဥပဒေသစွမ်းအားများစွာပါ၀င်ရပေမည်။

သူ့အနေဖြင့် ထိုရတနာအား အလျင်အမြန်ရှာဖွေလိုလျှင် သတင်းအချက်အလက်အတွက် တတ်နိုင်သလောက် လူများများပြန်လည် စုဆောင်းရမည်ဖြစ်၏။

ထိုအချိန်တွင် ရွှမ်တန်ဦးဆောင်သော ရွှမ်မိသားစုမှ အဖွဲ့တစ်ခုက ကြီးမားသော သစ်ပင်ကြီးတစ်ခုရှေ့၌ ရောက်ရှိနေသည်။

“ ရွှေနေကြာ အသီး…”

သူတို့ရှေ့မှ သစ်ပင်တွင် တွဲလောင်းကျနေသာ အနီရောင်အသီးများရှိနေ၏။ ၎င်းတို့အရွယ်အစားက ကလေးတစ်ဦး၏ ဦးခေါင်းခန့်လောက်ရှိပြီး မီးပုံးလေးများအလားဖြစ်နေသည်။

“ အဆင့်(၅) စိတ်ဝိညာဉ်အပင်ဖြစ်တဲ့ ရွှေနေကြာ အသီး…”

လူတိုင်း၏ မျက်၀န်းများ တောက်ပလာ၏။ အဆင့်(၅) စိတ်ဝိညာဉ်ပစ္စည်းများအား ဘုရင်အဆင့်များအသုံးပြုနိုင်သည်။

သူတို့အနေဖြင့် နာမည်ကြီးနေသည့် ဆန်းကျယ်သောရတနာအား မရရှိလျှင်တောင် ဤအသီးများအား ရိတ်သိမ်းနိုင်လျှင် ဤခရီးကား အချည်းအနှီးမဖြစ်တော့ချေ။

ဆွှစ်ရှ်…

သူတို့ အသီးအားခူးရန်ပြင်နေစဉ်တွင် ရွှမ်တန်၏ မျက်လုံးထောင့်စွန်းမှ တစ်စုံတစ်ခုအား ရုတ်တရက်မြင်လိုက်ရ၏။ ၎င်းအား အဝေးမှ အလွန်လျင်မြန်သော အရှိန်ဖြင့်ပျံသန်းလာသော အလင်းဘောလုံးတစ်ခုဖြစ်ပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“ ဘာကြီးဖြတ်ပျံသွားတာလဲ…”

“ ငါလည်းမသိဘူး.. အဲ့တာက အရမ်းမြန်လွန်းတယ်.. သေချာတောင်မမြင်ရဘူး ပျောက်သွားရော…”

ရွှမ်မိသားစုမှ လူငယ်များ အလွန်စိတ်ရှုပ်ထွေးသွားကြ၏။ သူတို့ကျင့်ကြံဆင့်များက ရွှမ်တန်လောက်မမြင့်သဖြင့် ဖြတ်ခနဲ လေပြင်းတစ်ချက် တိုက်သွားသကဲ့သို့သာ ခံစားလိုက်ကြရသည်။ ထိုအရာက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။

လက်ရှိတွင် ရွှမ်ယင်က မျက်လုံးများမှိတ်ထားခဲ့သည်။ တစ်စုံတစ်ခုအား သတိထားမိလိုက်ပြီး လက်တွင်းမှလှံရှည်အား တင်းကြပ်စွာဆုပ်ကိုင်မိလိုက်သည်။

လှံစိတ်ဝိညာဉ်ခန္ဓာကိုယ်ဆိုသည်မှာ တိုက်ပွဲစိတ်ဝိညာဉ်ခန္ဓာကိုယ်အမျိုးအစားတစ်ခုဖြစ်ရာ အလွန်အာရုံခံစားမှုကောင်းမွန်၏။ လက်ရှိတွင် ဘာမှမမြင်ရသေးသော်လည်း သွေးနံ့အားခံစားမိနေသည်။

“ လိုက်..”

“ မလွတ်စေနဲ့…”

စောနက အလင်းလုံးပျံသန်းလာရာဘက်မှ အော်ဟစ်သံများထွက်ပေါ်လာ၏။

ရွှမ်မိသားစုမှလူများ ထိုဘက်သို့ကြည့်လိုက်လျှင် အနောက်ပိုင်းနယ်မြေမှ လူများအား တွေ့လိုက်ရသည်။ ထိုလူစု၏ မျက်နှာက ဒေါသများ မကျေချမ်းမှုများနှင့် ပြည့်နှက်နေပြီး သူတို့ရှိရာသို့ ဦးတည်လာနေ၏။

“ နေပါဦး.. ဒါက ရွှမ်မိသားစုပဲ…”

ထိုအထဲမှ တစ်ယောက်၏ မျက်၀န်းထဲတွင် ထူးဆန်းသော အလင်းတစ်ခုဖြတ်ပြေးသွားပြီး ပြောလိုက်သည်။ သူက ရွှမ်တန် ၊ ရွှမ်ယင် အပါအ၀င် ရွှမ်မိသားစုမှလူတိုင်းကို စေ့စေ့နပ်နပ်ကြည့်လိုက်၏။ ထို့နောက် ရွှေနေကြာ အသီးအားကြည့်ပြီးလျှင် အေးစက်စွာပြုံးလိုက်လေသည်။

သူတို့ရှေ့မှ ရွှေနေကြာ အသီးများက အဆင့်(၅) စိတ်ဝိညာဉ်သစ်သီးများဖြစ်နေသော်လည်း လျှို့ဝှက်နယ်မြေအတွင်းမှ တခြားရတနာများနှင့် တန်းတူမျှသာရှိ၏။ အကယ်၍ သူတို့ရှေ့မှလူစုက ရွှမ်မိသားစုသာမဟုတ်လျှင် သူတို့ထွက်သွားပေလိမ့်မည်။

သို့သော် အနှီရွှမ်မိသားစုက လွန်ခဲ့သော နှစ်အနည်းငယ်တွင် အနောက်ပိုင်းနယ်မြေမှ အဖွဲ့အစည်းတစ်ခုနှင့် ပြသနာဖြစ်ခဲ့ရုံသာမက ၀မ်မိသားစုကိုလည်း စော်ကားထားသေးသည်။

“ အလင်းလုံး ပျောက်သွားပြီ…”

သူတို့၏ ရှေ့ပြေးအဖွဲ့ ပြန်လာပြီး ပြောလိုက်၏။

သူတို့က ကျောခိုင်းထားသဖြင့် မျက်နှာများအား မမြင်နိုင်သော်လည်း ၎င်းတို့ခန္ဓာကိုယ်ပေါ်မှ သွေးများကိုမူ အတိုင်းသားမြင်နေရသည်။ သူတို့က မောဟိုက်နေကြပြီး အလွန်ဒေါသထွက်နေကြဟန်လည်းရ၏။

“ အိုး…”

ရွှမ်တန်တို့အဖွဲ့နှင့် ပထမဆုံး ဆုံတွေ့သောသူများက သူတို့အားစိုက်ကြည့်နေကြသည်။ တချို့ကမူ ရွှေနေကြာအသီးများကို ကြည့်ရှုလေ့လာနေကြ၏။

“ ရွှေနေကြာသီးထဲမှာ ပုန်းနေတာများလား…”

အခုလေးတင် သူတို့အဖွဲ့က ဘုရင်အဆင့်ကိုချိုးဖျက်နိုင်သွားသော အဘိုးကြီးထံမှ ရတနာနှင့်တူသော အလင်းလုံးအားတွေ့ခဲ့ကြသဖြင့် ၀မ်းသာအားရဖြင့် ဖမ်းယူရန်ပြင်လိုက်ကြသည်။ သို့သော် ထိုအလင်းလုံးက ရုတ်တရက် နီးစပ်ရာမြင်ပင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ၎င်းအားပေါက်ကွဲစေကာ သူတို့ထဲမှ သုံးယောက်အား ဒဏ်ရာရသွားစေခဲ့၏။

လူတိုင်း တုန်လှုပ်သွားပြီးနောက် အလွန်ဒေါသထွက်ကာ ပြေးလိုက်လာကြခြင်းဖြစ်သည်။

“ ကျုပ်တို့ တစ်ချိန်လုံး ဒီးနားမှာပဲရှိနေတာ.. ဘာမှမသိဘူး…”

ရွှမ်တန်က ရှေ့ထွက်ကာစကားဆိုလိုက်၏။

“ ငါတို့က မင်းတို့ကို ခက်ခဲအောင်လုပ်ဖို့စိတ်ကူးမရှိပါဘူး.. ငါတို့က အလင်းဘောလုံးနောက်ကိုလိုက်လာကြတာ.. အခုတော့ အဲ့တာလည်း လွတ်သွားပြီးမရှိတော့ဘူး.. မင်းတို့ကလည်း ဖမ်းနိုင်မယ့်ပုံမပေါ်ပါဘူး.. ဒါပေမယ့် ဒီ ရွှေနေကြာသီးတွေက နည်းနည်းထူးဆန်းနေတယ်.. ငါတို့ကို အဲ့တာတွေအားလုံးပေးလိုက် ဒီလိုဆိုရင် မင်းတို့ကို အသက်ချမ်းသာပေးမယ်…”

ထိုလူအုပ်က ရွှမ်တန်တို့အဖွဲ့အား အထင်အမြင်သေးစွာ ကြည့်နေခဲ့ကြသည်။ ရွှမ်မိသားစုဘက်တွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ နှစ်ယောက် သုံးယောက်မျှသာရှိ၏။

ရွှမ်တန်က လက်သီးအား ကျစ်နေအောင်ဆုပ်ထားမိလိုက်သည်။ ထိုလူအုပ်ထံမှ ပြင်းထန်သော ဖိနှိပ်မှုအား ခံစားနေရသည်။

၎င်းတို့အားလုံး အခြေတည်ဝိညာဉ်အဆင့်တွင် ရှိနေကြ၏။

ဝုန်း…

ထိုအချိန်တွင် လေဟာနယ်ကိုပင်ကွဲအက်စေနိုင်သည့် ဓားအလင်းတန်းတစ်ခုရောက်ရှိလာခဲ့ပြီး လူအုပ်နှစ်ခုကြားမှ မြေပြင်အား ပိုင်းဖြတ်သွားလေသည်။

“ အဲ့မျဉ်းကို ဖြတ်လာတဲ့လူတိုင်း ချွင်းချက်မရှိ သေရမယ်…”

ရွှမ်မိသားစုမှ တပည့်များအားလုံး အံ့အသင့်သွားခဲ့ကြပြီး ဓားချက်ထွက်ပေါ်လာရာဆီသို့ ကြည့်လိုက်ကြလျှင် ၀တ်စုံအဖြူနှင့်ရွှမ်ယီအား တွေ့လိုက်ရ၏။ သူက လက်ထဲတွင် ဓားရှည်တစ်ချောင်းအား ကိုင်ဆွဲထားပြီး တစ်လှမ်းခြင်း လျှောက်လာနေခဲ့သည်။

“ ရွှမ်ယီ.. အဲ့တာ ရွှမ်ယီပဲ…”

“ ရွှမ်ယီ ရောက်လာပြီ…”

လူတိုင်းအလွန်စိတ်လှုပ်ရှားလာခဲ့ကြ၏။ သူတို့၏ ပင်မကျောရိုးကြီးရောက်လာခဲ့သလို ခံစားနေကြရသည်။

All Chapters