← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

ထိုအလင်းလုံးက လျှို့ဝှက်နယ်မြေအတွင်းရှိနေစဉ် ဘုရင်အဆင့်သို့ဖြတ်ကျော်နိုင်ရန် အဓိကသော့ချက်ပင်။ သူ့အနေဖြင့် လုံး၀လက်မလျော့နိုင်ချေ။

အကယ်၍ သူသာရောက်မလာလျှင် ဤလူများအနေဖြင့် ရွှမ်မိသားစုအဖွဲ့အား အမှန်တကယ်လွှတ်ပေးမည်မဟုတ်ပေ။ သတင်းမပေါက်ကြားစေရန် နှုတ်ပိတ်ပစ်ရန်မှာ သေချာသလောက်ရှိသည်။

ထို့အပြင် ထိုလူများက သူတို့လက်ထဲမှပစ္စည်းလည်းမဟုတ်ဘဲ အဘယ်ကြောင့် ထိုအလင်းလုံးအား သူတို့ပိုင်သည်ဟု ဆိုနေကြသနည်း။

ထိုလူစုက သူ့ရှေ့တွင် ဘယ်ကရသော သတ္တိဖြင့် လာမောက်မာနေကြသနည်း။

“ မင်းတို့ လိမ်မနေနဲ့…”

ခရမ်းရောင်၀တ်အဘိုးကြီးနောက်မှ လူတစ်ဦးက အောင်ဟစ်လိုက်၏။

“ အိုး.. ငါ့လူတွေကို လှည့်စားနေတာလား.. မင်းတို့ ရွှမ်မိသားစုက တော်တော်လေးသတ္တိကောင်းနေတာပဲ….”

ထိုအချိန်တွင် ထိုလူအုပ်နောက်မှ ရင်းနှီးသော အသံတစ်ခုထွက်ပေါ်လာသည်။

ရွှမ်ယီက အသံလာရာဆီသို့လှမ်းကြည့်လိုက်လျှင် အနက်ရောင်၀တ်စုံအား၀တ်ဆင်ထားသည့် ၀မ်ချောင်ကိုတွေ့လိုက်ရ၏။

သူက ထီမထင်သော အပြုံးတစ်ခုအားဆင်မြန်းလျက် လျှောက်လှမ်းလာနေသည်။

“ သခင်လေး၀မ်ချောင်…”

“ သခင်လေး၀မ်ချောင်ရောက်လာပြီကွ..ဟားဟား ခွေးကောင်လေးတွေ မင်းတို့ ဘယ်လောက်မောက်မာဦးမလဲ ကြည့်ကြသေးတာပေါ့….”

“ ခွေးကောင်လေးတွေ မင်းတို့ မြန်မြန်ဒူးထောက်ပြီး တောင်းပန်ကြစမ်း.. မဟုတ်ရင် တစ်ယောက်မကျန် အကုန်သေသွားလိမ့်မယ်…”

ခရမ်းရောင်၀တ်အဘိုးကြီးတို့အဖွဲ့က ၀မ်ချောင်ရောက်လာသည်နှင့် အလွန်၀မ်းသာအားရဖြစ်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ရွှမ်ယီတို့အဖွဲ့အား အပီအပြင်နှိပ်ကွပ်တော့သည်။

“ ကောင်လေး မင်းနာမည်ရွှမ်ယီ ဟုတ်တယ်မလား.. မင်းရဲ့ ကျင့်ကြံမှုက တော်တော်လေးကောင်းမွန်ပါတယ်.. လူငယ်မျိုးဆက်ထဲမှာ ထိပ်တန်းလို့ပြောရမယ်…”

ခရမ်းရောင်‌၀တ်အဘိုးကြီးက မျက်၀န်းအား မှေးကျဉ်းလျက် အနည်းငယ်ပြုံးကာပြောလိုက်သည်။

သူ၏ မုတ်ဆိတ်များအား လက်ဖြတ်သပ်လိုက်ပြီး

“ ဒါပေမယ့် မင်းသိထားဖို့လိုတာ တစ်ခုတော့ရှိတယ်… မင်းမိသားစုကလည်း မင်းကိုမှာထားလောက်မှာပါ… ဒီကမ္ဘာကြီးမှာ မင်းက ပြိုင်ဘက်ကင်းမဟုတ်သေးဘူး… ဟောဒီ ကောင်းကင်ဒေသမှာတောင် မင်းစော်ကားလို့မရတဲ့လူတွေ အများကြီးရှိတယ်….”

ထိုစကားများအားကြားလျှင် ရွှမ်မိသားစုမှလူများ၏ အမူအရာများပြောင်းလဲသွားခဲ့သည်။

ရွှမ်တန်က ရှေ့တိုးပြီး ရွှမ်ယီနားကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။

“ ငါတို့ ဒီကိစ္စကို ဒီမှာထားလိုက်ရအောင်.. ဒါက ရွှေနေကြာသီး အနည်းငယ်ပဲလေ.. စွန့်စားဖို့ မတန်ဘူး….”

ထို့နောက် အသံကို အနည်းငယ်ထပ်တိုးလိုက်ပြီး

“ ငါတို့ ကောင်းကင်ဒေသကိုရောက်တုန်းက ကိုယ်စားလှယ်ပြောတာမေ့သွားပြီလား.. ကောင်းကင်ဒေသမှာ အင်အားစုကြီးလေးခုရှိတယ်လေ.. ၀မ်မိသားစုကလည်း အဲ့အထဲကတစ်ခုပဲ.. သွားကြစို့.. မင်း အရမ်းအစွမ်းထက်မှန်း ငါသိပါတယ်.. ဒါပေမယ့် ၀မ်ချောင်ကို မင်းစော်ကားလို့ရမယ်မထင်ဘူး…”

ရွှမ်ယီက ရွှမ်တန်အား ပါးစပ်အဟောင်းသားဖြင့် လှည့်ကြည့်လိုက်၏။ အဝေတစ်နေရာမှာ ၀မ်ချောင်က ရွှမ်တန်၏ စကားများအား ကြားဟန်ရသည်။ သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွား၏။

ကောင်းကင်ဒေသတွင် ၀မ်မိသားစု၏ အမွေဆက်ခံသူဟူသော ဂုဏ်ပုဒ်အား လျစ်လျူရှုနိုင်သူ ရှိမည်မဟုတ်ပေ။

“ ငါက မင်းတို့ကို ခက်ခဲအောင်လုပ်မှာမဟုတ်ပါဘူး.. မင်းခြေထောက်တွေကို ကွကိုဖြတ်လိုက်.. ဒါဆို ဒီကိစ္စကို ကျော်သွားပေးမယ်…”

၀မ်ချောင်က ရွှမ်ယီအား လှောင်ပြောင်လိုသော မျက်၀န်းများဖြင့် လှမ်းကြည့်လိုက်၏။

ရွှမ်တန်ကမူ ထိတ်လန့်သွားပြီး ၀မ်ချောင်အား ကြည့်လိုက်သည်။

ရွှမ်ယီ ပြုံးလိုက်၏။

“ ရွှမ်တန်.. ပြီးတော့ ကျန်တဲ့လူတွေ.. မင်းတို့အားလုံးကို ငါ ဒီနေ့ သဘောတရားတစ်ခုသင်ပေးမယ်… သိုင်းပညာကိုလေ့ကျင့်နေတဲ့လူတွေအနေနဲ့ ဘယ်တော့မှ ဒူးမထောက်သင့်ဘူး.. အမြဲတမ်း အရှုံးမပေးဘဲ ရှေ့ဆက်တိုးနေရမယ်…”

ရွှမ်တန်၏ မျက်၀န်းများက ရှုပ်ထွေးသွားခဲ့ပြီး တစ်စုံတစ်ခုအား နားလည်သလိုရှိသော်လည်း တစ်ချိန်တည်းတွင် ဘာကိုမှ နားမလည်သလို ခံစားနေရသည်။

“ ဂုဏ်တွေ အဆင့်အ‌တန်းတွေကို စိုးရိမ်နေစရာမလိုဘူး.. ကောင်းကင်ဘုရင်ရဲ့ သားတစ်ယောက်နဲ့ ဆုံးတွေ့ရင်တောင် မင်းကိုယ်တိုင်ရဲ့ လက်သီးက အကြီးမြတ်ဆုံးနဲ့ အစွမ်းထက်ဆုံးဆိုတာကို အခိုင်အမာယုံကြည်ထားရမယ်…”

စကားဆုံးသည်နှင့် ရွှမ်ယီက သူ၏ဓားအား ဖြည်းညှင်းစွာ ပင့်‌မြှောက်လိုက်သည်။ သူ၏ မျက်၀န်းများက စူးရှလာပြီး ကောင်းကင်ဒေသမှ ၀မ်မိသားစုအား ဂရုမစိုက်သည့်အလား နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့၏။

“ ဒီနေ့ ငါမင်းကို စော်ကားပြမယ်…”

ဘန်း…

စူးရှသော ဓားအလင်းက အဆုံးမရှိသော ဓားရည်ရွယ်ချက်စွမ်းအားများနှင့်တကွ ရှေ့သို့ ပြေးထွက်သွားခဲ့၏။

“ ဘယ်လိုတောင် လုပ်ရဲတာလဲ…”

၀မ်ချောင်၏ အမူအရာက မဲမှောင်သွားလေသည်။

အနှီရွှမ်ယီဆိုသူက ‌အနောက်ပိုင်းနယ်မြေ၏ အနာဂါတ် အုပ်စိုးသူနှင့် ရင်ဆိုင်ရချိန်၌ပင် ဤမျှ သတ္တိရှိနေလိမ့်မည့်ဟု ထင်မထားခဲ့ပေ။

ထိုလူက ၀မ်မိသားစုအား မျက်လုံးထဲ ထည့်ဟန်ပင်မရချေ။

“ မင်းက ငါ့ကိုသတ်ချင်တယ်ပေါ့.. ဟဟ နောက်မှ ကိုယ့်စကားနဲ့ကိုယ် တိုင်ပတ်မနေစေနဲ့….”

၀မ်ချောင်က အေးစက်စွာပြောလိုက်ပြီး သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ လေထဲတွက် ဓားတစ်ချောင်းလည်း ထွက်ပေါ်လာခဲ့ပြီး ၎င်းမှ ပြင်းထန်သော အလင်းများဖြာထွက်နေပေသည်။

“ ဟဲဟဲ.. ဒီရွှမ်ယီတော့ အခြေအနေမဟန်တော့ဘူး…”

ခရမ်းရောင်၀တ်အဘိုးကြီးက သူ၏ မုတ်ဆိတ်အားပွတ်သပ်ရင်း စကားဆိုလိုက်သည်။ နံဘေးရှိ တခြားလူများကလည်း ပွဲကြီးပွဲကောင်းတစ်ခုကြည့်ရတော့မည့် အမူအရာများ ထုတ်ဖော်လိုက်ကြ၏။

အနောက်ပိုင်း‌နယ်မြေရှိ ၀မ်မိသားစုက ဓားများကို အဓိကအသုံးပြုကြောင်း ကောင်းကင်ဒေသတစ်ခုလုံးအသိပင်။ ၀မ်ချောင်ဆိုသည်မှာ ၀မ်မိသားစု၏ ဆက်ခံသူတစ်ဦးဖြစ်သည့်အပြင် ကောင်းကင်အဆင့်၌ နံပါတ်(၁၅)ဖြစ်၏။ သူက ငယ်စဉ်ကတည်းက ဓားများဖြင့်ကြီးပြင်းလာခဲ့ကာ ဓားရည်ရွယ်ချက်ကိုလည်း နားလည်သဘောပေါက်ထားသေးသည်။

ပြိုင်ဘက်က အခြေအတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ၀မ်ချောင်က ၀မ်မိသားစုမှ ပြိုင်ဘက်ကင်းဆက်ခံသူဖြစ်သည့်အပြင် ငယ်စဉ်ကတည်းက ဓားရည်ရွယ်ချက်ဖြင့် ကောင်းကင်ဒေသ၌ နာမည်ရနေသူတစ်ဦးဖြစ်၏။

တစ်ဖက်တွင် ဘယ်ကပေါ်လာမှန်းမသိသော အမည်မသိ လူတစ်ဦးသာ….

All Chapters