အခန်း (၁၄၃)
Vol. 10 Ch. 143
လက်တွင်းမှ အလင်းလုံးက အဆက်မပြတ်တုန်ခါနေပြီး ၎င်းအတွင်း၌ တုန်လှုပ်ဖွယ်စွမ်းအားတစ်ခု ရှိနေသည်။
၎င်းတွင် မီးတောက်ပုံစံအလင်းများက သံကြိုးများသဖွယ်ဖြစ်ပေါ်နေ၏။ မီးတောက်ဥပဒေသသဘောတရားများ ပါ၀င်နေဟန်ရသည်။
“ ဒါပဲကွ…”
ရွှမ်ယီက ၎င်းအား လက်တွင်း၌ တင်းကြပ်စွာဆုပ်ကိုင်ထား၏။ ဤအရာက ဆန်းကျယ်သောရတနာဖြစ်ကြောင်း စိတ်တွင်း၌ သေချာနေသည်။
သူယခင်မြင်ခဲ့ရသော ပုံရိပ်ယောင်ကျောက်တုံးအတွင်းမှ အဘိုးကြီးကလဲ အလားတူအလင်းလုံးအား အသုံးပြုကာ ဘုရင်အဆင့်သို့ကျော်ဖြတ်သွားခြင်းဖြစ်၏။
လက်ရှိ သူပိုင်ဆိုင်ထားသော အလင်းလုံးနှင့်ပုံစံအတူတူပင်ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ အလင်းလုံးက ထိုအဘိုးကြီး၏ အလင်းလုံးထက် များစွာသေးငယ်နေခြင်းဖြစ်၏။
“ တခြားလူတွေကို ထပ်ရှာပြီး သူတို့နဲ့ပူးပေါင်းရမယ်…”
ရွှမ်ယီ တစ်ခဏမျှစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
လက်ရှိတွင် သူ့၌ အလျင်အမြန်ဆောင်ရွက်ရန်လိုအပ်နေသော အရံတာ၀န်တစ်ခုရှိနေ၏။ ၎င်းအား လျှို့ဝှက်နယ်မြေအတွင်းရှိနေစဉ် လုပ်ဆောင်ရန်လိုအပ်သည်။
အရေးကြီးနေသည်က လျှို့ဝှက်နယ်မြေ ဘယ်အချိန်ပိတ်မသွားမလဲ မသိနိုင်ခြင်းပင်။
သို့သော် သူ့တွင် အလင်းလုံးတစ်ခု ပိုင်ဆိုင်ထားပြီဖြစ်ရာ ဘုရင်အဆင့်က လက်တစ်ကမ်းအကွာသို့ရောက်နေချေပြီ။
သူ့အနေဖြင့် ၎င်းအား စမ်းသုံးကြည့်ရန်သာ လိုအပ်တော့၏။
“ ငါက တံခါးပိတ်ကျင့်ကြံဖို့နေရာတစ်ခုရှာပြီး ဘုရင်အဆင့်ကို ချိုးဖျက်ကြည့်လိုက်မယ်…”
ရွှမ်တန်တို့အားလုံး ရွှမ်ယီအား စိတ်အားထက်သန်စွာငေးကြည့်မိလိုက်ကြသည်။ တချို့၏ မျက်၀န်းများထဲ၌ ထိတ်လန့်မှုများပါ၀င်နေ၏။
ရွှမ်ယီသာ အောင်မြင်ပြီးဘုရင်အဆင့်သို့ရောက်သွားပါက အသက်(၂၄)နှစ်အရွယ်ဖြင့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သွားပေလိမ့်မည်။
ရွှမ်ယီလည်း စိတ်ထဲတွင် အနည်းငယ်အထီးကျန်သလိုခံစားလိုက်ရ၏။
သူက စွမ်းအားသာအလွန်ကောင်းနေခြင်းဖြစ်ပြီး ကျင့်ကြံခြင်းနှင့်ပတ်သက်သော သဘောတရားများအား နားလည်မှု လျော့နည်းနေသည်။
ရွှမ်ယီ၏ အားနည်းချက်မှာ ကျင့်ကြံဆင့်များ ၊ ဥပဒေသများနှင့် ပတ်သက်၍ နားလည်မှု ချို့တဲ့နေခြင်းဖြစ်၏။
ဤသည်ကလည်း အပြစ်မဆိုသာချေ။ သူစတင်၍ ကျင့်ကြံသည်မှာ အသက်(၂၄)နှစ်သာရှိသေး၏။
သူ့အသက်အရွယ်တွင် လူငယ်အများစုက အခြေတည်ဝိညာဉ်အဆင့်သို့ပင် ရောက်ရှိကြခြင်းမရှိသေးချေ။ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်နေကြသူများမှာလည်း ချီးကျူးခံထိုက်သော ပါရမီရှင်များဖြစ်၏။
အဇူရာဒေသရှိ ကောင်းကင်လေနိုင်ငံမှ ထိပ်ဆုံးကျွမ်းကျင်သူမှာ အခြေတည်ဝိညာဉ်အဆင့်(၇)၌သာရှိကြောင်း သိထားရပေမည်။ ထို့အပြင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက အဇူရာဒေသတွင် ထိပ်တန်းအုပ်စိုးရှင်ဖြစ်နိုင်၏။
လက်ရှိကောင်းကင်ဒေသ၌ပင် ဘုရင်အဆင့်ကျင့်ကြံသူဆိုသည်မှာ ထိပ်တန်းအဖွဲ့အစည်း အင်အားစုများ၌ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။
တံခါးပိတ်ကျင့်ကြံနေသည့် ဘိုးဘေးကျင့်ကြံသူများမှလွဲလျှင် သာမန်မူလဘုရင်များမှာ ကောင်းကင်ဒေသ၌ ထိပ်သီးစွမ်းအားရှင်များဖြစ်ကြ၏။
ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုကြီးလေးခုတွင်မူ တစ်ခုချင်းစီ၌ ၎င်းတို့အားစောင့်ရှောက်နေသည့် လူသားဘုရင်တစ်ဦး အခြေခံအုတ်မြစ်အဖြစ်ရှိကြသည်။
၎င်းတို့က တန်းတူညီသောအဆင့်များသာဖြစ်ပြီး ထိပ်သီးအင်အားစုကြီးလေးခုအား စွမ်းအားကွာခြားသွားစေသည်မှာ ပိုင်ဆိုင်ထားသည့် မူလဘုရင်အဆင့် ကျင့်ကြံသူအရေအတွက်ဖြစ်၏။
ပိုင်ဆိုင်ထားသည့် ဘုရင်အဆင့်ကျင့်ကြံသူအရေအတွက် ပိုများလေ ၎င်းတို့၏ စုပေါင်းစွမ်းအား ပိုကောင်းလေဖြစ်သည်။
ရွှမ်ယီအနေဖြင့် ဝမ်ချောင်အားသတ်ရဲခြင်းမှာ သူသာ ဤလျှို့ဝှက်နယ်မြေအတွင်း၌ ဘုရင်အဆင့်သို့ချိုးဖျက်နိုင်သွားပါက လူသားဘုရင်အဆင့်အောက်မှ လူတိုင်းအား အနည်းငယ်မျှပင် ကြောက်စရာမလိုပဲ တိုက်ခိုက်နိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။
လူသားဘုရင်များနှင့် ရင်ဆိုင်ရလျှင်ကော…
၎င်းတို့က အလွန်အစွမ်းထက်သည်မှန်သော်လည်း အင်ပါယာအဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုအောင်တွင် အသက်ရှုတစ်ကြိမ်စာမျှပင်ခံနိုင်မည် မဟုတ်ပေ။
မည်သူက ဆန့်ကျင်ရဲမည်နည်း။ ထို့ကြောင့် ရွှမ်ယီက ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများအား ခေါင်းထဲသို့ပင်ထည့်မထားချေ။
လက်ထဲရှိ အလင်းလုံးထံမှ ဥပဒေသစွမ်းအားများနှင့် သူ၏ ကျင့်ကြံဆင့်နှင့် ဘုရင်အဆင့်ကြားမှ အတားအဆီးအား ရွှမ်ယီခံစားမိနေသည်။
သူသာ အလင်းလုံးအတွင်းရှိ ဥပဒေသများအား နားလည်သဘောပေါက်သွားပြီး ဘုရင်အဆင့်သို့ဖြတ်ကျော်သွားနိုင်ပါက
၀မ်မိသားစုလား…?
သူတို့ သူ့အားလာမရှုပ်သည်က ကောင်းပေလိမ့်မည်။ မဟုတ်ပါက မပြန်လမ်းသို့ မြန်းသွားရပေလိမ့်မည်။
ရွှမ်တန်တို့အဖွဲ့က ရွှမ်ယီ၏ စကားအားနားထောင်ကာ တခြားသူများအား တတ်နိုင်သမျှ ဆက်သွယ်လျက် လျှို့ဝှက်နယ်မြေ၏ ဗဟိုရှိသာသို့ ချဉ်းကပ်လာခဲ့ကြသည်။
လက်ရှိတွင် လျှို့ဝှက်နယ်မြေ၏ ဗဟို၌ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်တည်ရှိနေ၏။
နတ်ဘုရားသန့်စင်မျှော်စင်ကြီးက ကောင်းကင်ယံသို့ပင် ထိုးဖောက်၍နေလေသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ဤမျှော်စင်သို့ မရေမတွက်နိုင်သည့် ကောင်းကင်သားတော်များ ပါရမီရှင်များ ရောက်လာခဲ့ကြ၏။
ထို မရေမတွက်နိုင်သည့် ပါရမီရှင်များ၏ အမည်များက မျှော်စင်၏ အဓိကအဆင့်တွင် ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေခဲ့ပြီး ထိပ်သီး ကောင်းကင်ဘုံပါရမီရှင်များသာ အဓိကအဆင့်၏ ထိပ်ပိုင်းတွင် အခိုင်အမာရပ်တည်ထားနိုင်ခဲ့ကြသည်။
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ နံဘေးတွင် အလွန်ကြီးမားသော ကျောက်ပြားကြီးက မားမားမတ်မတ်တည်ရှိနေ၏။
လက်ရှိတွင် ကိုင်လျန်ရီအပါအ၀င် လူတစ်စုက မျှော်စင်အနီးတွင် စိတ်ရှုပ်ထွေးစွာဖြင့် မတ်တပ်ရပ်နေကြသည်။
ရွှမ်ယီတို့အဖွဲ့ ၀မ်ချောင်နှင့် ပြသနာတက်နေစဉ်တွင် သူမက လက်လှမ်းမှီသလောက် မြောက်ပိုင်းမှ အဖွဲ့၀င်များအား စုစည်းကာ လျှို့ဝှက်နယ်မြေ၏ ဗဟိုလည်းသလို အထင်ရှားဆုံးနေရာလည်းဖြစ်သောနေရာသို့ ဦးတည်လာခဲ့၏။
ကိုင်လျန်ရီ၏ အမြင်အရ လျှို့ဝှက်နယ်မြေအတွင်း၌ ထူးခြားဆန်းပြားသော ရတနာများရှိနေမည်ဆိုပါက ၎င်းတို့က အများအားဖြင့် ဤမျှော်စင်တစ်ဝိုက်တွင်သာရှိနိုင်သည်။