← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

“ ဟဟ နတ်သမီးကိုင်.. ကျုပ်တို့ ပထမဆုံးအကြိမ်ဒီကိုရောက်ခဲ့တုံးက ဘယ်လောက်တောင်မှ ယုံကြည်ချက် ပြင်းထန်ခဲ့လဲဆိုတာ မှတ်မိပါသေးတယ်.. ဒါပေမယ့် မျှော်စင်က ကျုပ်တို့ ယုံကြည်ချက်ကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့တယ်….”

ကိုင်လျန်ရီ၏ ဘေးတွင် ကျက်သရေရှိသော ရုပ်သွင်ဖြင့် လူငယ်တစ်ဦးက အနက်ရောင်ချပ်၀တ်နှင့် အနက်ရောင် ဧရာမဓားကြီးကို ကိုင်ဆောင်ထားပြီး မျှော်စင်အားကြည့်ကာ ဆွေးနေဟန်ဖြင့် စကားဆိုလိုက်၏။

သူက မဟာချင်အင်ပါယာ (ကြီးမြတ်သော ချင်အင်ပါယာ) မှ မင်းသား ချင်တျန်ဂီဖြစ်ပြီး ကောင်းကင်အဆင့်၌ နံပါတ်(၉)လည်းဖြစ်သည်။

“ အဆင့်ဇယားက နံပါတ်(၁)က ဘယ်လိုလူမျိုးလဲဆိုတာ ကျုပ်တော်တော်လေးသိချင်မိတယ်.. ဒီလောက်ခက်ခဲတဲ့ မျှော်စင်ကိုတောင် ထိပ်ဆုံးရောက်အောင်သွားနိုင်တာ အရမ်းအံ့ဩဖို့ကောင်းတာပဲ….”

ချင်တျန်ဂီ၏ အကြည့်များထဲတွင် လေးစားမှု အားကျမှုများ ပါ၀င်နေ၏။

သူမျှော်စင်ထက်သို့တက်ခဲ့စဉ်က (၅၃)ထပ်မှ အစောင့်အားရှုံးနိမ့်ခဲ့ကာ (၅၂)ထပ်သို့သာရောက်ရှိခဲ့သည်။ ထို့ကြောင့် မျှော်စင်၏ ခက်ခဲမှုအား ကောင်းစွာနားလည်ထား၏။

“ ရွှမ်ယီ… ဟင်း….”

ချင်တျန်ဂီက အဆင့်ဇယားထိပ်ဆုံးမှ နာမည်အားရေရွတ်ပြီး သက်ပြင်းချလိုက်သည်။

“ ဒီရွှမ်ယီဆိုတဲ့လူ ဘယ်ဒေသကမှန်း ကျုပ်လည်းမသိဘူး.. ကျုပ်အထင် တောင်ပိုင်းတိုက်ကြီး ထိပ်တန်းဒေသ(၁၀)ခုက ဖြစ်နိုင်တယ်.. တောင်ပိုင်းတိုက်ကြီး ၊ နက်နဲဓားဂိုဏ်း… အင်း.. ဒီဂိုဏ်းနာမည်ကို တစ်ခါမှမကြားဖူးဘူး.. တောင်ပိုင်းတိုက်ကြီးရဲ့ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နိုင်တယ်….”

ကိုင်လျန်ရီက နံဘေးတွင်ရပ်ကာ စကားတစ်တွတ်တွတ်ပြောနေသည့် ချင်တျန်ဂီအား ပါးစပ်အဟောင်းသားဖြင့် လှည့်ကြည့်မိလိုက်သည်။

အမှန်တွင် ရွှမ်ယီက ဘယ်မြင့်မြတ်ဒေသ မြင့်မြတ်နယ်မြေကမှမဟုတ်ဘဲ ဟိုးးးး ဝေးလံခေါင်သီပြီး ချောင်ကျသော ဒေသငယ်လေးတစ်ခုမှ လာခြင်းဖြစ်၏။ သို့သော် လက်ရှိတွင် ကောင်းကင်ဒေသ ရွှမ်မိသားစုသို့ ရောက်ရှိနေချေပြီ။

ကိုင်လျန်ရီကိုယ်တိုင်လည်း နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ အခက်အခဲကိုကောင်းစွာနားလည်ထား၏။ သူမကိုယ်တိုင်လည်း (၅၈)ထပ်သို့သာ ရောက်ရှိခဲ့သည်။

တစ်ဖက်တွင်မူ ရွှမ်ယီက (၉၉)ထပ်သို့ရောက်ရှိခဲ့ပြီး အဆင့်(၁)၌ရှိနေ၏။ ထိုလူကား မွန်းစတားများအကြားမှ မွန်းစတားတစ်ကောင်ပင်ဖြစ်ချေသည်။

ကိုင်လျန်ရီ၏ နောက်မှ လူစုထဲတွင် ကောင်းကင်ဒေသို့ပြန်ရောက်လာခဲ့သော ရွှမ်မိသားစု ပင်မသွေးရင်းများလည်းပါ၀င်နေ၏။ လက်ရှိအချိန်တွင် သူတို့က အဆင့်သတ်မှတ်ချက်ကျောက်ပြားကြီးအား စူးစိုက်ကြည့်နေကြလေသည်။

ထိုကျောက်ပြားကြီးပေါ်၌ မျှော်စင်၏ အဓိကအဆင့်သတ်မှတ်ချက်ရှိသည်။ နာမည်တစ်ခုချင်းစီ၏နောက်၌ ၎င်းတို့၏ ဇာတ်မြစ်များပါ၀င်နေ၏။

ထို ရွှမ်မိသားစုမှလူများက မူလတွင် ကိုင်လျန်ရီ၏ အဆင့်ဘယ်လောက်တွင်ရှိကြောင်း သိရှိရန်ရည်ရွယ်၍ ကြည့်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ချင်တျန်ဂီ၏ စကားများက ထိုလူအုပ်အား အံ့အားသင့်သွားစေခဲ့၏။

အဓိကအဆင့်ရဲ့ နံပါတ်(၁)လား…

သူ့နာမည်က ရွှမ်ယီပေါ့…?

၎င်းတို့အားလုံး ရွှမ်မိသားစု၀င်များဖြစ်ကြကာ မကြာသေးမီက ပြန်ရောက်လာခဲ့ကြသော ‌ပင်မသွေးရင်းများဖြစ်ကြ၏။ မိသားစုခေါင်းဆောင်မှ ရွှမ်ယီအား အမွေဆက်ခံသူအဖြစ်မကြေငြာခင်အထိ သူတို့အားလုံး ရွှမ်ယီနှင့်ပတ်သက်ပြီး ဘာမှမသိခဲ့ကြချေ။

သို့သော် ကိုယ်စားလှယ်အကြီးအကဲ၏ ရှင်းပြချက်အရ ရွှမ်ယီ၏ ခွန်အားကို ကောင်းစွာနားလည်သွားခဲ့ကြသည်။ ရွှမ်တန်နှင့် ရွှမ်ယင်တို့ပင် ရွှမ်ယီအား အနည်းငယ်မျှ ယှဉ်နိုင်ခြင်းမရှိကြချေ။

သို့သော် သူတို့အမြင်တွင် ထိုရွှမ်ယီက အလွန်သန်မာသည့်တိုင်အောင် ကောင်းကင်အဆင့်မှ ရွေးချယ်ခံများထက် အားနည်းနေပေလိမ့်မည်။

သူတို့ရှေ့တွင်ရှိနေသည်က ကောင်းကင်အဆင့်(၃) ကိုင်လျန်ရီနှင့် အဆင့်(၉) ချင်တျန်ဂီတို့ဖြစ်၏။ အစောပိုင်းတွင် သူတို့၏ခေါင်းဆောင် ရွှမ်ယီက ထိုလူများထက် အားနည်းလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ချင်တျန်ဂီပြောသည့် နက်နဲဓားဂိုဏ်းမှ ရွှမ်ယီဆိုသည့် စကားအားကြလျှင် လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။

“ ဒီ ရွှမ်ယီက ဘယ်တိုက်ကြီးကဖြစ်ပြီး ဘယ်လိုအဆင့်လဲကြည့်လိုက်ရအောင်…”

သို့သော် သူတို့အနေဖြင့် များစွာအားစိုက်လျက် ရှာဖွေနေစရာပင်မလိုအပ်ချေ။ ရွှမ်ယီ၏နာမည်က အမြင်သာဆုံးနေရာတွင် ထင်ရှားစွာတည်ရှိနေ၏။

ထိုလူက (၉၉)ထပ်သို့ပင်ရောက်ရှိခဲ့သည်။

အဆင့်(၁) ရွှမ်ယီ ၊ နက်နဲဓားဂိုဏ်း ၊ တောင်ပိုင်းတိုက်ကြီး

ရှူး..

လူတိုင်း လေအေးများရှိုက်သွင်းမိလိုက်ကြ၏။

“ ငါမှတ်မိတာသာမမှားရင် သခင်လေးရွှမ်ယီက အဇူရာဒေသ နက်နဲဓားဂိုဏ်းက လာတာပဲ…”

ထို့နောက် ထပ်ခါတလဲလဲသက်ပြင်းချနေသည့် မင်းသားချင်တျန်ဂီအားကြည့်မိလိုက်ကြပြီး ရွှမ်မိသားစုမှလူတိုင်း၏ ခန္ဓာကိုယ်များ တုန်ခါသွားခဲ့ရသည်။ သူတို့အားလုံး အိမ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။

သူတို့ရှေ့တွင်ရပ်နေသူက ကောင်းကင်ဒေသ ထိပ်သီးအင်အားစုကြီးလေးခုအနက် တစ်ခုဖြစ်သော မဟာချင်အင်ပါယာမှ မင်းသားဖြစ်ပြီး ကောင်းကင်အဆင့်(၉)၌ရှိနေသူဖြစ်သည်။ သို့သော် ထိုလူတောင်မှ (၅၂)ထပ်ကိုသာ အောင်မြင်ခဲ့၏။

ထို့အပြင် ကောင်းကင်အဆင့်(၃) ကိုင်လျန်ရီပင်လျှင် အထပ်(၆၀)မကျော်ခဲ့ပေ။

“ သခင်လေးရွှမ်ယီ.. သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ…”

ရွှမ်မိသားစုအဖွဲ့၀င်များ ၀မ်းသာပီတိဂွမ်းဆီထိလျက် အလွန်အမင်းဂုဏ်ယူသလိုခံစားနေရပြီး မနေနိုင်ပဲညည်းတွားမိလိုက်ကြသည်။

“ မင်းတို့ ဘာတွေလျှောက်အော်နေကြတာလဲ…”

ကိုင်လျန်ရီ၏ မြောက်ပိုင်းအဖွဲ့သားများလည်း ပထမပိုင်းတွင် ရွှမ်ယီအမည်အားကြားစဉ်၌ ထိတ်လန့်သွားခဲ့ကြ၏။ သူတို့ အမှတ်မမှားလျှင် ဤတစ်ကြိမ် ရွှမ်မိသားစုအဖွဲ့ခေါင်းဆောင် နာမည်ကလည်း ရွှမ်ယီဖြစ်သည်။

သူတို့ ကျောက်ပြားထက်သို့ ကြည့်လိုက်ကြလျှင် ထိပ်ဆုံးမှ လူ၏အမည်မှာလည်း ရွှမ်ယီဖြစ်နေ၏။

သို့သော် ရွှမ်မိသားစုလူငယ်ခေါင်းဆောင် ရွှမ်ယီက ကောင်းကင်ဒေသမှဖြစ်သည်။

“ ဒါက နာမည်တူနေတာပဲဖြစ်လိမ့်မယ်.. အဆင့်(၁)ကလူက မင်းတို့ရဲ့ လူငယ်ခေါင်းဆောင်လို့တော့ လာမ‌ပြောနဲ့…”

လူတိုင်း ခေါင်းယမ်းလျက် အနည်းငယ်ရယ်မောလိုက်ကြသည်။ ရွှမ်မိသားစု လူငယ်မျိုးဆက်များမှာ လက်ရှိတွင် အခြားလူများထက်နိမ့်ကျနေ၏။

သူတို့ လူငယ်ခေါင်းဆောင်က ဇယားမှာ အဆင့်(၁)တဲ့လား...?

ဘယ်လိုဟာသမျိုးလဲ…!

ရွှမ်မိသားစုမှ လူငယ်များက တစ်စုံတစ်ခုအားပြန်ပြောချင်သော်လည်း အဆုံးတွင် တစ်ခွန်းမျှမဆိုခဲ့ကြချေ။

သူတို့၏ လူငယ်ခေါင်းဆောင်မှာ နက်နဲဓားဂိုဏ်းမှ လာသူဖြစ်ပြီး အဆင့်(၁)၌ရှိနေသူမှာ သူသာဖြစ်ရပေမည်။

သို့သော် သူတို့ပြောလည်း ဘယ်သူမှယုံမည်မဟုတ်ပေ။

နောက်ဆုံးတွင် ထိုလူများက ရေတွင်းအောက်ခြေမှ ဖားများသာဖြစ်ကြပြီး ကောင်းကင်ဒေသတစ်ခုတည်းသာမြင်နိုင်ကြ၏။ သို့သော် တစ်ဖက်တွင် သူတို့ ခေါင်းဆောင်က ကောင်းကင်ဒေသကဲ့အား ကျော်လွန်နေချေပြီ။

All Chapters