← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

ဘုန်း…

အသံကျယ်ကြီးတစ်ခုမြည်ဟီးသွားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားသည်။ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ပတ်၀န်းကျင်ဒေသက တုန်ခါမှုအပြင်းထန်ဆုံးဖြစ်၏။

ပတ်၀န်းကျင်မှ သစ်ပင်ကြီးများပင် လဲပြိုကျသွားခဲ့လေသည်။ တစ်ချိန်တည်းမှာပဲ မျှော်စင်နံဘေးမှ ကျောက်ပြားကြီးထက်တွင် အလွန်စူးရှသော အလင်းတန်းများထွက်ပေါ်လာ၏။

“ ဘာလဲ..”

“ ဘာတွေဖြစ်နေတာလဲ…”

လက်ရှိ ရောက်ရှိနေကြသူအများစုမှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများဖြစ်သည်။ ရုတ်တရက် တုန်ခါလာမှုကြောင့် အလွန်အံ့အားသင့်သွားခဲ့ကြသော်လည်း ၎င်းတို့ခန္ဓာကိုယ်များ တည်ငြိမ်အောင်ရပ်နေရန် မခက်ခဲ‌ပေ။

ခန္ဓာကိုယ်ဟန်ချက်အား တည်ငြိမ်အောင်ထိန်းလိုက်ပြီးနောက် တစ်စုံတစ်ယောက်က မျှော်စင်နံဘေးမှကျောက်ပြားအားကြည့်လိုက်မိပြီး လက်ညှိုးထိုးကာ အလန့်တကြားအော်ဟစ်လိုက်၏။

“ ကျောက်ပြားပေါ်က နာမည်တွေအားလုံး တောက်ပနေတယ်….”

ကိုင်လျန်ရီနှင့် ချင်တျန်ဂီတို့လည်း ရှေ့သို့ အနည်းငယ်တိုးလိုက်ပြီး ကျောက်ပြားကြီးအား ကြည့်လိုက်ကြသည်။

ထိုကျောက်ပြားကြီးအကြောင်း ဤနေဂာမှ လူတိုင်းသိထားကြသည်။ ၎င်းက မျှော်စင်အတွင်းသို့၀င်ရောက်ခဲ့သူများ၏ အဆင့်မှတ်တမ်းဖြစ်၏။ ထိုအပေါ်တွင် ထိပ်ဆုံးလူ(၁)သိန်း၏ အမည်များရှိနေသည်။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က လူတိုင်း၏ တိုက်ခိုက်နိုင်စွမ်းအား မျှတစွာတွက်ချက်ခဲ့၏။

ရလဒ်အနေဖြင့် ကျောက်ပြားအထက်ရှိ အမည်များမှာ ၎င်းတိုင်း၏ တိုက်ခိုက်နိုင်စွမ်းအလိုက်ရှိနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ထိုအဆင့်ဇယားပေါ်ရှိအမည်များက ထူးဆန်းသည့် အလင်းရောင်များဖြင့် တောက်ပနေကြ၏။

တစ်ချို့သော အမည်များက သာမန်အတိုင်းသာရှိနေကြပြီး တစ်ချို့အမည်များက တောက်ပနေလေသည်။

ရွှစ်…

ထိုအချိန်တွင် မျှော်စင်မှနေ၍ စိတ်ဝိညာဥ်အလင်းတန်းများထွက်ပေါ်လာ၏။

ထိုအလင်းတန်းက လူတိုင်း၏ မျက်စိရှေ့တွင် စုစည်းနေပြီး အသက်ရှုကြိမ်အနည်းငယ်အကြာတွင် လူတစ်ယောက်ပုံစံပေါ်လာလေသည်။

ချင်တျန်ဂီ တစ်ယောက် အနည်းငယ်တုန်လှုပ်သွားပြီး ထိုပုံရိပ်အားကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့၏။

“ ကျုပ်အမြင်ပြောရမယ်ဆိုရင် ဒါက မျှော်စင်ထဲ၀င်တဲ့အခါ တိုက်ခိုက်ရတဲ့ ကာကွယ်သူပုံစံပဲ…”

“ သူက ကျောက်‌ပြားပေါ်မှာ ရှိတဲ့ တစ်စုံတစ်ယောက်ဖြစ်လိမ့်မယ်…”

ကိုင်လျန်ရီက အဆင့်သတ်မှတ်ချက်ကျောက်ပြားအားကြည့်ကာ ရေရွတ်လိုက်၏။

“ အင်း.. နတ်သမီးကိုင်ပြောတာ မှန်တယ်ထင်တယ်…”

ကျောက်ပြားကြီးအား စိုက်ကြည့်နေသော ရွှမ်မိသားစုမှ လူတစ်ယောက်က မယုံကြည်နိုင်စရာတစ်ခုအလားရေရွတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာသည့် လူက ကျောက်ပြားထက်ရှိ အဆင့်(၉၈၇၄၃) ရှန်ချင်းဖန် ၊ အရှေ့ပိုင်းတိုက်ကြီး ဟူသည့် အမည်နှင့် ရောင်ပြန်ဟပ်နေသည်။

လူတိုင်းအံ့ဩသွားခဲ့ကြ၏။

ထိုကျောက်ပြားထက်ရှိလူများမှာ မျှော်စင်အတွင်း၌ အထက်သို့တက်ရောက်ရာတွင် ကာကွယ်သူများဖြစ်ကြသည်။

သို့သော် ယခုတွင်မူ ထိုလူက မျှော်စင်ပြင်ပ၌ စိတ်ဝိညာဉ်စွမ်းအင် ကိုယ်ပွားတစ်ခုအဖြစ် ပေါ်လာချေပြီ။

“ အားလုံး သတိထားကြ.. တစ်ခုခုလွဲနေပြီ…”

လူတိုင်း အဆင့်သတ်မှတ်ချက်အားကြည့်နေစဉ်တွင် ထွက်ပေါ်လာသည့် ပုံရိပ်က တစ်ချက် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ခေါင်းအား မော့လိုက်သည်။ သူ၏ မျက်၀န်းများအတွင်း၌ သတ်ဖြတ်ငွေ့များဖြစ်ပေါ်နေသည်။

ဘုန်း…

ချင်တျန်ဂီက ရှေ့ထွက်၍ လက်ဦးမှုယူကာတိုက်ခိုက်လိုက်သည်။

သူလက်တွင်းမှ ဓားကြီးဖြင့် လွှဲခုတ်လိုက်လျှင် ပတ်၀န်းကျင်၌ ဖိအားများဖြစ်ပေါ်လာ၏။ ထိုပုံရိပ်က ဓားချက်အားခုခံနိုင်စွမ်းမရှိချေ။

၎င်းက စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြန့်ကျဲသွားခဲ့ပြီး မျှော်စင်အတွင်းသို့ ပြန်လည်၀င်ရောက်သွားခဲ့သည်။

“ မင်းသားက အရမ်းအစွမ်းထက်တယ်…”

မဟာချင်အင်ပါယာ အဖွဲ့၀င်များက ကြွေးကြော်လိုက်ကြ၏။

ထိုပုံရိပ်က အဘယ်ကြောင့် အားနည်းနေရသနည်း။

ထိုလူက အဓိကအဆင့်ဇယားတွင်ပါ၀င်နိုင်သော်လည်း သူ၏ ကျင့်ကြံဆင့် ‌အခြေတည်ဝိညာဉ်အဆင့်(၇) တွင် ကန့်သတ်ခံထားရသည်။ ထို့ကြောင့် ချင်တျန်ဂီက အလွယ်တကူအနိုင်ယူနိုင်ခြင်းဖြစ်၏။

ဝှစ်ရှ်…

ကျောက်ပြားကြီးက အလင်းတန်းများအဆက်မပြတ်တောက်ပနေပြီး နောက်ထပ်ပုံရိပ်နှစ်ခု ဖြစ်ပေါ်လာပြန်သည်။ သူတို့၏ ကျင့်ကြံဆင့်များကလည်း ပထမလူကဲ့သို့ အခြေတည်ဝိညာဉ်အဆင့်(၇)၌ ကန့်သတ်ခံထားရ၏။

“ အားလုံး သတိထားကြ.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က လုံး၀ပြောင်းလဲသွားပြီ…”

ချင်တျန်ဂီ၏ အမူအရာက နက်မှောင်နေလေသည်။ သူက ချက်ချင်း ဓားခုတ်ချက်နှစ်ချက် တိုက်ခိုက်လိုက်၏။

ဝှစ်ရှ်.. ဝှစ်ရှ်…

ထိုပုံရိပ်များက ဆက်တိုက်ပေါ်လာနေသည်။

တစ်ယောက်သတ်လိုက်လျှင် နှစ်ယောက် ပေါ်လာမည်ဖြစ်ပြီး နှစ်ယောက်သတ်လိုက်လျှင် သုံးယောက်ပေါ်လာပေလိမ့်မည်။

အရေအတွက်က အဆက်မပြတ်တိုးလာနေ၏။

“ ချီးဘဲ.. ဒုက္ခရောက်ပြီ…”

လူအုပ်အတွင်းမှ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

“ ဒီ အဆင့်သတ်မှတ်ချက်မှာ တောက်ပနေတဲ့ နာမည်တွေ ရာနဲ့ချီပြီးရှိတယ်.. ပြီးတော့ သူတို့အားလုံး ငါတို့မသိတဲ့လူတွေချည်းပဲ.. အဲ့တာတွေ အကုန်ကုန်အောင် ဘယ်လောက်ကြာအောင်သတ်ရမလဲ…”

“ ပြီးရင် အဆင့်ဇယားက လူတိုင်းက ပါရမီရှင်တွေချည်းပဲ….”

“ အဆင့်(၃၀) အောက်က လူတွေကိုတောင် သတ်ဖို့တော်တော်လေးခက်နေတာ.. အထက်က လူတွေဆိုရင် မလွယ်ဘူး.. သူတို့ရဲ့ ကျင့်ကြံမှုကို အဆင့်(၇)မှာ ချိတ်ပိတ်ထားတာမဟုတ်ရင် ငါတို့ထဲက ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး….”

“ သူတို့ရဲ့ ကျင့်ကြံမှုကို အခြေတည်ဝိညာဉ် အဆင့်(၇)မှာ ကန့်သတ်ထားတာတော်သေးတယ်.. မဟုတ်ရင် အဆင့်(၉) ကျင့်ကြံသူတွေတောင် သူတို့ကို တိုက်ခိုက်နိုင်မယ်မထင်ဘူး…”

စိတ်ဝိညာဉ်စွမ်းအင်ကိုယ်ပွား (၄)ယောက် အသတ်ခံလိုက်ရသည်နှင့် (၈)ယောက်.. (၈)ယောက် အသတ်ခံလိုက်ရသည်နှင့် (၁၆)ယောက်….

ဤသို့ဖြင့် လူတိုင်းနီးပါး ပြိုင်ဘက်များ ရှိလာခဲ့ကြသည်။

ဘုန်း…

စိတ်ဝိညာဉ်ကိုယ်ပွားတစ်ခု ပေါက်ကွဲသွားပြီးနောက် ဥပဒေသစွမ်းအားများဖြင့် တောက်ပနေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ပတ်၀န်းကျင်မှ လူတိုင်း၏အကြည့်များကို ဆွဲဆောင်လိုက်၏။

“ ဒါက ဟို ဆန်းကျယ်တဲ့ရတနာပဲဖြစ်ရမယ်…”

ထိုပါးလွှာသော ဥပဒေသအလင်းတန်းမျှင်လေးက ပတ်၀န်းကျင်မှ လူများကို ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး ၎င်းတို့၏ မျက်၀န်းများ နီရဲလာခဲ့ကြသည်။

လူတိုင်း ဤနေရာသို့ရောက်လာကြခြင်း၏ အဓိကအကြောင်းအရင်းမှာ ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သည့် ထိုရတနာကြောင့်ဖြစ်၏။

ယခုတွင် ၎င်းက သူတို့မျက်စိရှေ့၌ ထွက်ပေါ်လာချေပြီ။

“ ရှေ့က‌ဖယ်.. ငါလုပ်လိုက်မယ်…”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး ထိုအလင်းတန်းလေးအား လက်တွင်းမှ ဓားရှည်ဖြင့်လှမ်းခုတ်လိုက်၏။ ပြင်းထန်စွာ သုံးကြိမ်လောက်တိုက်ခိုက်ပြီးသည့်နောက် ထိုအလင်းတန်းလေးက အက်ကွဲသွားတော့သည်။

ထို့နောက် ၎င်းအတွင်းမှ ပါးလွှာသော ဥပဒေသကြိုးမျှင်လေးတစ်ခုထွက်ပေါ်လာ၏။

ဘုန်း…

ပတ်၀န်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ ဤအရာက တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။ ထိုစိတ်ဝိညာဉ်ကိုယ်ပွားများအတွင်း၌ အမှန်တကယ်ကို ဥပဒေသစွမ်းအားများပါ၀င်နေသည်။

လူတိုင်း မျက်လုံးများ နီရဲသွားခဲ့၏။ အစောပိုင်းတွင် အဆက်မပြတ်ပေါ်လာနေသော ထိုကိုယ်ပွားများအား မုန်းတီးနေခဲ့ကြသည်။ သို့သော် ယခုတွင် ပို၍ များများပေါ်လာစေရန် ဆုတောင်းနေမိကြ၏။

All Chapters