အခန်း (၁၄၈)
Vol. 10 Ch. 148
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အနီးမှလူတိုင်း အံ့ဩမှင်သက်နေကြ၏။
ကောင်းကင်အဆင့်(၉) တစ်ဖြစ်လဲ မဟာချင်အင်ပါယာမှ မင်းသား ချင်တျန်ဂီ၏ အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူရှေ့တွင် အလွန်သနားစဖွယ်အခြေအနေဖြစ်သွားခဲ့သည်။
ကောင်းကင်အဆင့်(၃) ကိုင်လျန်ရီကော…
သူမက ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသူဖြစ်၏။
သို့သော် နောက်ဆုံး၌ သူမပင်လျှင် ဆုတ်ခွာကာ ထွက်ပြေးလာခဲ့ရသည်။
ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးပစ်လိုက်နိုင်းစွမ်းရှိသည့် အဖျက်စွမ်းအားကြောင့် လူတိုင်း ခေါင်းမော့ကြည့်လျက် အလွန်အမင်းတုန်လှုပ်သွားခဲ့ကြ၏။
၎င်းက မျှော်စင်၏ (၉၉)ထပ်သို့ရောက်ရှိခဲ့သော လူ၏ အစစ်အမှန်စွမ်းအားပေလော။
သူ၏ ကျင့်ကြံဆင့်အား အခြေတည်ဝိညာဉ်(၇)၌ ကန့်သတ်ထားသည့်တိုင်အောင် အဆင့်(၉) ကျင့်ကြံသူများအား အလွယ်တကူအနိုင်ယူနိုင်နေသေးသည်။
အကယ်၍ ၎င်းတို့သာ အဆင့်အတူတူဆိုပါက အနည်းငယ်မျှပင် တိုက်ခိုက်ရန်အခွင့်အရေးရမည်မဟုတ်ပေ။
“ ပြေးကြတော့ဟ.. ငါတို့အားလုံး သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး…”
“ မပြေးရင် အကုန် ဒီမှာသေသွားလိမ့်မယ်…”
ကိုင်မိသားစုဘက်မှ လူတိုင်းက အချင်းချင်းဆော်ဩလျက် အကောင်းဆုံးထွက်ပြေးခြင်းနည်းစနစ်များအား အသုံးပြုကာ ချက်ချင်းထွက်ပြေးကြတော့သည်။
သူတို့အားလုံး အလွန်ထိတ်လန့်နေကြ၏။
ထိုကိုယ်ပွားက ရွှမ်မိသားစုမှ လူငယ်ခေါင်းဆောင်နှင့် အတိအကျတူညီနေသည်။
တစ်နည်းဆိုရလျှင် ရွှမ်မိသားစု လူငယ်ခေါင်းဆောင်၏အမည်က ကောင်းကင်အဆင့်၌ ရှိမနေခြင်းမှာ သူက စိတ်မ၀င်စားသောကြောင့်သာဖြစ်ရပေမည်။
ထို့အပြင် သူက နက်နဲဓားဂိုဏ်းမှဖြစ်ပြီး ကောင်းကင်ဒေသ ရွှမ်မိသားစုထံသို့ အဘယ်ကြောင့်ရောက်နေရသနည်း။
ရွှမ်မိသားစုတွင် ပင်မသွေးမျိုးဆက်များ ပျက်သုဉ်းလုနီးပါးဖြစ်နေကြောင်း လူတိုင်းအသိပင်။
ဤအရာက မည်ကဲ့သို့ ပျက်သုဥ်းလုနီးပါးနည်း။ နဂါးတစ်ကောင်မှ အစစ်အမှန် နဂါးတစ်ကောင်ဖြစ်သည်။
ထို မြေခွေးအိုကြီးရွှမ်ယွမ်က လူတိုင်းအား ကောင်းစွာလှည့်စားထားခဲ့၏။
ဝှစ်ရှ်…
ဤအချိန်တွင် စကားများနေရန်အချိန်မရှိတော့ချေ။ လူတိုင်း နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဟုမှတ်ယူကာ နေရာအရပ်ရပ်သို့ ထွက်ပြေးကြတော့၏။
အကယ်ဤ အတူတကွထွက်ပြေးလျှင် ရွှမ်ယီ၏ ဓားချက်က ထိုနေရာသို့ ဆိုက်ရောက်လာပေလိမ့်မည်။
……
ဤအချိန်တွင် လျှို့ဝှက်နယ်မြေအတွင်း၌ လူတစ်စုက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ရှိရာဆီသို့ ချည်းကပ်လာနေလေသည်။
ထိုလူစု၏ ဒီဇိုင်းဘာညာအနေအထားများက ပုံမှန်လူများနှင့်ကွဲထွက်နေ၏။
၎င်းတို့၏ နှဖူးအား တစ်စုံတစ်ခုဖြင့် တင်းကြပ်စွာစည်းနှောင်ထားပြီး လက်ထဲတွင်လည်း ရှေးဟောင်းရိုးရာပစ္စည်းများအား ကိုင်ဆောင်ထားကြသည်။
သူတို့၏ မျက်နှာများက ပကတိတည်ငြိမ်နေ၏။
သူတို့အားလုံး အလယ်ဗဟိုနှင့်နီးကပ်လာသည်နှင့်အမျှ ပို၍ထူးဆန်းသလိုခံစားနေကြရသည်။
ထိုလူအုပ်၏ အလယ်တွင် ကြက်သွေးရောင်နှင့် ရွှေရောင်ရောစပ်ထားသည့် ချပ်၀တ်အား၀တ်ဆင်ထားသည့် အသက်(၂၀)၀န်းကျင်လူငယ်တစ်ဦးရှိနေ၏။
၎င်း၏ နှဖူး အလယ်တည့်တည့်တွင် တစ်လက်လက်တောက်ပနေသော မျက်ရည်သဏ္ဌာန်ကျောက်စိမ်းတစ်ခုအား မြှုပ်နှံထားသည်။
“ ဖီးနစ်လှိုဏ်ဂူက လူတွေပဲ…”
“ ဟုတ်တယ်.. သူတို့အထဲမှာ ဟွမ်တျန်ချန်ဇီလည်းပါတယ်.. ဒါနဲ့ ဟိုလူရဲ့ကိုယ်ပွားကို ဟွမ်တျန်ချန်ဇီနိုင်မယ်လို့ထင်လား…”
“ ဖြစ်နိုင်ပါတယ်… လောလောဆယ်ပြေးရအောင်…”
“ မဟုတ်တာ.. အဲ့တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. ဟိုထူးဆန်းတဲ့လူက အစွမ်းထက်လွန်းတယ် သူလည်းယှဉ်နိုင်မှာမဟုတ်ဘူး…”
သူတို့က ကိုယ်ပွားရွှမ်ယီ၏ လိုက်သတ်ခြင်းကို ခံနေရသူများဖြစ်ကြပြီး ဖုန်မှုန့်များ သွေးများပေတူးနေကာ အလွန်သနားစဖွယ်ဖြစ်နေ၏။
သူတို့အချင်းချင်း ဟွမ်တျန်ချန်ဇီက ထိုကိုယ်ပွားနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း စကားအနည်းငယ်ဖလှယ်လိုက်ကြသည်။
“ ရပ်လိုက်…”
ဟွမ်တျန်ချန်ဇီက နားမလည်နိုင်သော အမူအရာဖြစ်နေခဲ့၏။ ၎င်းအားမြင်လျှင် သူ့ဘေးမှ နောက်လိုက်တစ်ဦးက ထိုလူစုအား ချက်ချင်းရပ်တန့်စေလိုက်သည်။
“ မင်းတို့က ဘယ်ကလဲ.. ဘယ်လိုသတ္တိနဲ့ ငါတို့ ဖီးနစ်လှိုဏ်ဂူရဲ့ မြင့်မြတ်သားတော်ရှေ့မှာ ဒီလိုထွက်ပြေးရဲတာလဲ…”
ထိုနောက်လိုက်က အလွန်မောက်မာလှပြီး ထွက်ပြေးလာကြသောလူစုအား ရှေ့ထွက်ပြီး လက်ညှိုးထိုးကာ ရပ်တန့်စေခဲ့သည်။
“ ကျုပ်တို့က မဟာချင်အင်ပါယာကလူတွေပါ.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင် အသွင်းပြောင်းမှုအကြောင်း ခင်ဗျားတို့သိပြီးပြီလား.. ကျုပ်တို့က ဒီလို………………. ပြေးလာခဲ့ကြတာပဲ..”
မဟာချင်အင်ပါယာမှလူတိုင်း အကူအညီမဲ့မှုများခံစားနေကြရသည်။
ဖီးနစ်လှိုဏ်မှ လူများက အလွန်အမင်းမောက်မာလွန်းကြသည်။ သူတို့က စိတ်ဝိညာဉ်ကိုယ်ပွားထံတွင် မသေလို၍ ထွက်ပြေးလာကြသူများဖြစ်ပြီး လက်ရှိတွင် ဤလူများထံ၌ အထုအထောင်းခံရမည့်ကိန်းဆိုက်နေချေပြီ။
အကယ်၍ သူတို့နှင့်အတူ ချင်အင်ပါယာမှ မင်းသားချင်တျန်ဂီပါလာပါက သိပ်ပြီးကိစ္စမရှိချေ။ သို့သော် သူတို့က သာမန်လူတစ်စုသာဖြစ်၏။
ထို့ကြောင့် ကောင်းကင်အဆင့်(၁)တစ်ဖြစ်လဲ ဖီးနစ်လှိုဏ်ဂူမှ မြင့်မြတ်သားတော် ဟွမ်တျန်ချန်ဇီအား အနည်းငယ်မျှပင် လျစ်လျူရှုနိုင်စွမ်းမရှိချေ။
“ မြန်မြန်ပြေးကြတော့.. အဲ့ဒီ စိတ်ဝိညာဉ်ကိုယ်ပွားက မကြာခင်မှီလာတော့မယ်.. သူက
အရမ်းသန်မာလွန်းတယ်…”
ချင်အင်ပါယာအဖွဲ့မှ တစ်ယောက်က စေတနာဖြင့် အကြံပေးလိုက်၏။
ပြောနေရင်းပင် ကောင်းကင်အားဖုံးလွှမ်းနေသည့် ဓားများနှင့် ကမ္ဘာတုန်လုမတတ်စွမ်းအားများအကြောင်း ပြန်တွေးမိလိုက်ပြီး ကြက်သီးများထသွားခဲ့ရသည်။ ထိုပုံရိပ်အား အခြေတည်ဝိညာဉ်အဆင့်တွင် ကိုင်တွယ်နိုင်မည့်သူ မရှိနိုင်လောက်ပေ။
အားနည်းသူများအဖို့ အလေအလွင့်စွမ်းအင် အစအနမျှလောက်နှင့်ပင် သေဆုံးသွားနိုင်သည်။
ထိုနောက်လိုက်က မျက်ခုံးပင့်လိုက်ပြီး အံ့အားသင့်နေသော အမူအရာတစ်ခုပြသလိုက်၏။
“ ဟားဟား.. ပြေးရမှာလား.. ငါတို့ဖီးနစ်လှိုဏ်ဂူကို ဘယ်သူက ထိခိုက်အောင်လုပ်နိုင်မှာလဲ… ကြည့်ရတာ သခင်လေး ဟွမ်တျန်ချန်ဇီဘယ်လောက်အစွမ်းထက်လဲ မသိသေးဘူးနဲ့တူတယ်….”
ထိုနောက်လိုက်က ခေါင်းယမ်းလိုက်ပြီး မျက်နှာထက်တွင် ဂရုမစိုက်ဟန်များဖြစ်ပေါ်နေ၏။
“ မင်းတို့စကားအရဆိုရင် မျှော်စင်က ဖန်တီးထားတဲ့ ကိုယ်ပွားတွေက အခြေတည်ဝိညာဉ်အဆင့်(၇)ပဲရှိတယ်… ဒါပေမယ့် ကျုပ်တို့ မြင့်မြတ်သားတော်က ကောင်းကင်အဆင့် နံပါတ်(၁)ပဲ.. အဲ့ကိုယ်ပွား ဘယ်လောက်ပဲအားကောင်းတယ်ပြောပြော မြင့်မြတ်သားတော်ကိုတော့ ယှဉ်နိုင်မှာမဟုတ်ဘူး… အဲ့ကိုယ်ပွားအနေနဲ့ ဒူးထောက်အရှုံးပေးချိန်ရောက်ပြီ…”
ချင်အင်ပါယာမှလူများ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ ကောင်းကင်အဆင့်(၁)ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ အဆင့်(၃)တွင်ရှိနေသော နတ်သမီးကိုင်ပင် ထိုကိုယ်ပွား၏ တိုက်ခိုက်မှုအား မတားဆီးဝံ့ပေ။
ကောင်းကင်အဆင့်(၁)ကကော ဘာများလုပ်နိုင်မည်နည်း။
ထို ဟွမ်တျန်ချန်ဇီက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်တွင် အထပ်(၆၀)သို့ရောက်ခဲ့သူဖြစ်ပြီး နတ်သမီးကိုင်ထက် နှစ်ဆင့်သာမြင့်သည်။ ဤမျှလောက်နှင့် အဘယ်မှာလျှင် ထိုကိုယ်ပွား၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
အခြေတည်ဝိညာဉ်အဆင့်(၇) ၊ ဓားရည်ရွယ်ချက်အဆင့်(၂) အထွတ်အထိပ် ၊ အဆင့်လွန်အဆင့်သို့ရောက်နေသော ပညာရပ်များ……..
“ ကျုပ်တို့ဘက်ကတော့ပြောပြီးပြီ.. နားထောင်တာ မထောင်တာကတော့ ခင်ဗျားတို့အပေါ်မူတည်တယ်… နောက်မှ သတ်မပေးခဲ့ဘူးလို့တော့ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့…”
စကားဆုံးသည်နှင့် မဟာချင်အင်ပါယာမှလူများက ထွက်သွားရန်ပြင်လိုက်ကြသည်။ ဤနေရာ၌ဆက်နေပြီး ထိုလူများနှင့် အတူသေဆုံးရန်ဆန္ဒမရှိပေ။
ဖီးနစ်လှိုဏ်ဂူမှလူများကလည်း ထိုလူများအား မတားဆီးခဲ့ပေ။
သူတို့အား အစောပိုင်းတွင်တားဆီးခဲ့သည့် နောက်လိုက်က ထိုလူများအား အထင်သေးဟန်ဖြင့် မဲ့ရွဲ့ကာကြည့်နေ၏။
အစောပိုင်းတွင် ထိုလူများ အဘယ်ကြောင့်ထွက်ပြေးလာကြောင်း သိချင်သောကြောင့် တားဆီးခဲ့ခြင်းဖြစ်သည်။ ယခုတွင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၌ အမှန်တကယ် ဆန်းကျယ်သောရတနာထွက်ပေါ်လာသလော သိချင်နေချေပြီ။
ဥပဒေသစွမ်းအားများပါ၀င်နေသည့် ဆန်းကျယ်သောရတနာ….
ဟွမ်တျန်ချန်ဇီနှင့် ရင်းနှီးသောနောက်လိုက်တစ်ယောက်ဖြစ်သည့်အတွက် ဤအရာက မြင့်မြတ်သားတော် အဓိကလိုချင်နေသော အရာဖြစ်ကြောင်း နားလည်ထားသည်။
ထို စိတ်ဝိညာဉ်ကိုယ်ပွားအတွင်မူ…
၎င်းက အခြေတည်ဝိညာဉ်အဆင့်(၇)၌သာရှိနေရာ မြင့်မြတ်သားတော်အား ယှဉ်နိုင်မည်မထင်ပေ။
သို့သော် ထိုအချိန်တွင်..
ရုတ်တရက်
ဘုန်း…
အလွန်အစွမ်းထက်သော ဓားရည်ရွယ်ချက် စွမ်းအားများဖြင့်ပြည့်နှက်နေသည့် ဓားတစ်စင်းက ကောင်းကင်ထက်၌ ထွက်ပေါ်လာခဲ့သည်။
ချင်အင်ပါယာအဖွဲ့၀င်များ၏ မျက်နှာများ အလွန်ခါးသီးသွားခဲ့၏။ သူတို့မျှော်လင့်ထားသည့်အတိုင်း ထိုကိုယ်ပွားက နောက်မှလျှင်မြန်စွာလိုက်ပါလာသည်။
ထိုပုံရိပ်က အေးစက်သောဟန်ပန်နှင့်ဖြစ်ပြီး ၎င်း၏မျက်၀န်းများက ဓားအိမ်အတွင်းမှ ချွတ်ထားသောဓားအလား ထက်မြိနေသည်။ သူတို့အုပ်စုနှင့် မီတာ(၁၀၀) အကွာလောက်သို့ရောက်လျှင် လက်ဆန့်တန်းလိုက်ပြီး ဓားချီစွမ်းအင်များက မြစ်တစ်စင်းအလား ထွက်ပေါ်လာခဲ့သည်။