← Chapters

အခန်း (၁၄၉)

Vol. 10 Ch. 149

အခန်း (၁၄၉)

Vol. 10 Ch. 149

ချင်အင်ပါယာမှ လူတိုင်း ထိုတိုက်ခိုက်မှုတွင်ပါ၀င်သော စွမ်းအားအတိမ်အနက်ကို နားလည်ထားကြသည်။ သူတို့အားလုံး ခေါင်းယမ်းလိုက်ပြီးနောက် ထိုနေရာမှ ချက်ချင်းထွက်ပြေးသွားကြ၏။

နောက်ဆုံးတွင် ထိုနေရာ၌ ဟွမ်တျန်ချန်ဇီဦးဆောင်သော ဖီးနစ်လှိုဏ်ဂူမှ လူများသာကျန်တော့သည်။ သူတို့က ထိုမြင်ကွင်းအား သက်တောင့်သက်သာဖြင့်ကြည့်နေကြ၏။ သို့သော် သူတို့စိတ်ထဲက အတွေးတစ်ခုကစိုးမိုးနေလေသည်။

ထိုငမိုက်သားက ဟွမ်တျန်ချန်ဇီရှေ့မှာ ဘယ်လိုတောင် ဓားထုတ်ပြီး တိုက်ခိုက်ရဲတာလဲ…?

ဘုန်း…

ဓားချီက အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာ၏။

“ ဘယ်လိုတောင်လဲ.. မင်းက ငါ့ရှေ့မှာ မောက်မာရဲတာလား…? “

ဟွမ်တျန်ချန်ဇီက ဒေါသတကြီးရေရွတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

မှန်ပေသည်။

သူ့ရှေ့တွင်ရှိနေသော လူက စိတ်ဝိညာဉ်ရုပ်သေးသက်သက်သာဖြစ်ပြီး အသိစိတ်မရှိချေ။

သူ့အား ဖီးနစ်လှိုဏ်ဂူမှဖြစ်သည်ဆိုပြီး ကျော်သွားမည်မဟုတ်ပေ။

သူ့အနေဖြင့် နှစ်ပေါင်းများစွာ တည်တံ့လာသော ဖီးနစ်လှိုဏ်ဂူ၏ ဂုဏ်သိက္ခာအား ထိခိုက်စေ၍မဖြစ်ချေ။

အကယ်၌ တစ်စုံတစ်ယောက်က ဖီးနစ်လှိုဏ်ဂူအား ထိပါးစော်ကားလာပါက ထိုလူက မည်သူဖြစ်စေ သူ့အနေဖြင့် တိုက်ခိုက်သွားရပေလိမ့်မည်။

မြင့်မြတ်သားတော် ဟွမ်တျန်ချန်ဇီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများက တောက်လောင်နေသော မီးတောက်များသဖွယ်ဖြစ်နေပြီး ဟွမ်တျန်ချန်ဇီ၏ အမူအရာက မီးဖြင့်ရေချိုးနေသော ဖီးနစ်တစ်ကောင်အလားဖြစ်နေသည်။

ထို့နောက် ရွှမ်ယီနှင့် ရင်ဆိုင်ရန် ကောင်းကင်အထက်သို့ ပျံတက်သွားခဲ့၏။

“ ကျုပ်တို့အားလုံး ကောင်းကင်အဆင့်နံပါတ်(၁) မြင့်မြတ်သားတော် ဟွမ်တျန်ချန်ဇီ တိုင်ခိုက်တာကိုမြင်ရတော့မယ်…”

ဟွမ်တျန်ချန်ဇီ၏ နောက်လိုက်တစ်ယောက်က လေးစားမှုများ ပြည့်နှက်နေသော အမူအရာဖြင့် ဆိုလိုက်၏။

“ အဲ့လူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က အဆင့်(၁)ဖြစ်နေရင်တောင် မြင့်မြတ်သားတော်က သူ့ကို ရိုက်နှက်ပြလိမ့်မယ်…”

သူ၏ လေသံတွင် ဂုဏ်ယူဟန်များနှင့် ယုံကြည်မှုများ အတိုင်းသားပါ၀င်နေ၏။

“ ဘုန်း…”

ဟွမ်တျန်ချန်ဇီကား အလွန် သတိကြီးသူတစ်ယောက်ဖြစ်သည်။

သူ ပြင်ပသို့သွားတိုင်း နောက်လိုက်များအဖြစ် ဖီးနစ်လှိုဏ်ဂူမှ တိုက်ရိုက်မျိုးဆက်များကိုသာ သေချာစီစစ်ရွေးချယ်ခေါ်ယူလေ့ရှိသည်။

ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုကြီးလေးခုဖြစ်သော မဟာချင်အင်ပါယာ ၊ ကိုင်မိသားစု ၊ ၀မ်မိသားစု နှင့် ဖီးနစ်လှိုဏ်ဂူတို့တွင် လက်အောက်ခံများအဖြစ် မိသားစုများ ဂိုဏ်းဂဏများ များစွာရှိ၏။

ပုံမှန်အားဖြင့် ကိစ္စတစ်ခုခုကြုံလာတိုင်း ၎င်းတို့၏ လက်အောက်ခံများအား အချက်ပြခေါ်ယူလေ့ရှိသည်။

ထိုလက်အောက်ခံများကလည်း ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် လိုအပ်သည့်အနေအထားအလိုက် လူများ စေလွှတ်လေ့ရှိသည်။

အကယ်၍ အဖွဲ့အစည်းတစ်ခုခုကသာ ၎င်းတို့၏ အချက်ပြမှုအား မသိချင်‌ယောင်ဆောင်ထားခဲ့လျှင်မူ လက်အောက်ခံအဖြစ်မှ စွန့်လွှတ်ခံရနိုင်ချေရှိသည်။

ထိုသို့ဖြစ်လာပါက တဒင်္ဂခိုကိုးရာမဲ့သွားမည်ဖြစ်ပြီး အကာအကွယ်မရှိတော့သဖြင့် တခြားသောအင်အားစုများ၏ တိုက်ခိုက်သိမ်းပိုက်မှုများအား ခံရနိုင်၏။

ဤကမ္ဘာကြီးကား သန်မာသူများကိုသာ အလေးထားသောကမ္ဘာကြီးဖြစ်ချေသည်။

သာမန်လူတို့၏အတွေး၌ ဟွမ်တျန်ချန်ဇီမှာ ဖီးနစ်လှိုဏ်ဂူမှ မြင့်မြတ်သားတော် ဖြစ်သည့်အပြင် ကောင်းကင်အဆင့်၌ နံပါတ်(၁)ဖြစ်သောကြောင့် ကောင်ကင်ဒေသမှလူအနည်းငယ်မှလွဲလျှင် သူက ထိပ်ဆုံး၌ ရှိနေပေသည်။

သို့သော် ဟွမ်တျန်ချန်ဇီကမူ ထိုကဲ့သို့မတွေးချေ။

သူက အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူလေး တစ်ယောက်သာဖြစ်၏။

သူက သန်မာမှုအကြောင်းကောင်းစွာနားလည်ထားသည်။ သူ့အနေဖြင့် ယနေ့တိုင်အောင် အလွန်ကြိုးစားကျင့်ကြံခဲ့သော်လည်း ဘုရင်အဆင်သို့ မရောက်သေးပေ။

ထိပ်တန်းအင်အားစုကြီးများအား သူတစ်ယောက်တည်း ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။ အကယ်၍ သူ့အားမကျေနပ်၍ ဘုရင်အဆင့်တစ်ယောက် စေလွှတ်သတ်ဖြတ်စေကာမူ သူ့အနေဖြင့် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

သူ၏စိတ်ထဲတွင် ဘုရင်အဆင့်သို့ရောက်မှသာလျှင် ဘ၀အတွက် အာမခံချက်ရှိမည်ဟု ယုံကြည်ထား၏။

ထို့ကြောင့် ဤကဲ့သို့ လျှို့ဝှက်နယ်မြေသို့ ၀င်ရောက်ရာ၌ သူ၏နောက်လိုက်များအဖြစ် လက်အောက်ခံအင်အားစုများအစား အားကောင်းသည့် ဖီးနစ်လှိုဏ်ဂူမှ တိုက်ရိုက်မျိုးဆက်များကိုသု ခေါ်ဆောင်လာခြင်းဖြစ်သည်။

ထို့အပြင် ထိုလူများအား အလှကြည့်ရန်ခေါ်လာခြင်းမဟုတ်ပေ။

ဟွမ်တျန်ချန်ဇီ တိုက်ခိုက်ရန်ပြင်လိုက်သည်နှင့် ၎င်းတို့က ချက်ချင်း လက်ဟန်များပြုလုပ်လိုက်ကြ၏။ ဤနည်းလမ်းဖြင့် ၎င်းတို့၏ စိတ်စွမ်းအားများအား ဟွမ်တျန်ချန်ဇီနံဘေးမှ မီးတောက်များထံသို့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ဤနည်းလမ်းက မြင့်မြတ်သားတော်၏ တိုက်ခိုက်မှု နှင့် ကာကွယ်မှုကိုတိုးမြင့်သွားစေနိုင်သည်။

၎င်းတို့၏ ထောက်ပံ့ပေးမှုဖြင့် ဟွမ်တျန်ချန်ဇီက ဘုရင်တစ်၀က်အဆင့်ထက်သာလွန်သော စွမ်းအားများ ပိုင်ဆိုင်သွားမည်ဖြစ်ပြီး သာမန် ဘုရင်တစ်၀က်အဆင့်များအနေဖြင့် သူ့အား ထိခိုက်စေနိုင်မည်မဟုတ်‌ပေ။

၎င်းတို့အနေဖြင့် ဟွမ်တျန်ချန်ဇီ၏ အကာကွယ်ကိုပင် ချိုးဖျက်နိုင်မည်မဟုတ်ချေ။

ဟွမ်တျန်ချန်ဇီအနေဖြင့် လျှို့ဝှက်နယ်မြေအတွင်းသို့၀င်ရောက်ရန် အသေအချာပြင်ဆင်လာခြင်းဖြစ်၏။

လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်အရ ဘုရင်အဆင့်တစ်ယောက်အနေဖြင့် လျှို့ဝှက်နယ်မြေအတွင်းသို့၀င်နိုင်မည်မဟုတ်ပေ။

ထိုလူများ၏ ထောက်ပံ့မှုများဖြင့်ဆိုလျှင် ဟွမ်တျန်ချန်ဇီအနေဖြင့် လျှို့ဝှက်နယ်မြေအတွင်း၌ ပြိုင်ဘက်ကင်းနေပေလိမ့်မည်။ သူအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့်လူ လက်ငါးချောင်းပင်မရှိချေ။

သဘာဝအတိုင်းဆိုရမည်ဆိုလျှင် ဟွမ်တျန်ချန်ဇီအနေဖြင့် လျှို့ဝှက်နယ်မြေအတွင်း၌ လုံး၀မရှုံးနိမ့်နိုင်ပါ။

“ မျှော်စင်က အဆင့်(၁)ဖြစ်နေရင်တောင် မြင့်မြတ်သားတော်ကို နိုင်မှာမဟုတ်ဘူး…”

ဖီးနစ်လှိုဏ်ဂူမှလူများက ယုံကြည်ချက်ရှိစွာ ရေရွတ်လိုက်သည်။

မလှမ်းမကမ်းတွင် ချင်အင်ပါယာမှ လူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

ထို စိတ်ဝိညာဉ်ကိုယ်ပွားက ကိုင်လျန်ယီကိုပင် အနိုင်ယူခဲ့ပြီးဖြစ်သည်။ ဟွမ်တျန်ချန်ဇီလည်း ကြာကြာတောင့်ခံနိုင်မည်မဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အား ထွက်ပြေးရန်ပင် သတိပေးခဲ့၏။ သို့သော် လက်ရှိမြင်ကွင်းက သူတို့အား အနည်းငယ်ထူးဆန်းသွားစေခဲ့သည်။

မြင့်မြတ်သားတော်၏ အမူအရာအားကြည့်လျှင် သူတို့၏ စကားအား လုံး၀လျစ်လျူရှုထားပုံရ၏။

ယခုတွင် စိတ်ဝိညာဉ်ကိုယ်ပွားလည်းရောက်ရှိလာပြီဖြစ်ရာ သူတို့စကားများက အသုံးမ၀င်တော့ချေ။

ထို စိတ်ဝိညာဉ်ကိုယ်ပွား၏ စွမ်းအားများအား အခြေတည်ဝိညာဉ်အဆင့်(၇)တွင် ဖိနှိပ်ထားသော်လည်း ၎င်းက အလွန်အစွမ်းထက်လွန်းလှသည်။

မျှော်စင်၏ အဆင့်(၂)မှ လူပင် ထိုလူ၏ တစ်၀က်မျှသန်မာခြင်းမရှိချေ။

ချင်အင်ပါယာမှလူတိုင်း ထိုကိုယ်ပွား၏ စွမ်းအားများအား ကောင်းစွာနားလည်ထားကြသည်။ ၎င်းက ဘုရင်အဆင့်မဟုတ်သော်လည်း သူ၏ စွမ်းအားများကား ဘုရင်အဆင့်နှင့်မခြားပေ။ ထိုလူကား အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။

All Chapters