အခန်း (၁၅၀)
Vol. 10 Ch. 150
ဟွမ်တျန်ချန်ဇီ၏ နောက်လိုက်များက စိတ်ပူပန်မှုအလျဉ်းမရှိသော်လည်း ချင်အင်ပါယာမှ လူများကမူ နှလုံးခုန်နှုန်းများ လျင်မြန်နေ၏။
ကောင်းကင်ထက်တွင် ရွှမ်ယီ၏ကိုယ်ပွားက လက်တွင်း၌ ဓားတစ်ချောင်းကိုင်ဆွဲထားပြီး သူ၏ မျက်၀န်းများအတွင်းမှ ထက်ရှသောအလင်းတန်းများ ဖျာထွက်နေသည်။
သူ့ထံမှ ထွက်ပေါ်နေသော ဓားရည်ရွယ်ချက်စွမ်းအားများက ပတ်၀န်းကျင်မှ ကျောက်တုံးကျောက်ခဲများကိုပဲ ပိုင်းဖြတ်သွား၏။
“ ကောင်းချီးပေးခြင်း...”
ဟွမ်တျန်ချန်ဇီက တိုးညှင်းစွာရေရွတ်လိုက်သည်။
ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အကာအကွယ်ထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး နှဖူးမှ မျက်ရည်သဏ္ဌာန်ကျောက်စိမ်းလေးမှနေ၌ တောက်ပသောအလင်းတန်းများ စူးရှစွာ ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအလင်းတန်းများက နီရဲတောက်လောင်နေသော မီးတောက်များအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်၌ ပျံနှံ့သွားကာ လေထုကိုပင် တိုက်စားသွားခဲ့သည်။
“ ဒါက မြင့်မြတ်သားတော်ရဲ့ အစွမ်းထက်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့ မီးတောက်ကြယ်ပဲ...”
ဖီးနစ်လှိုဏ်ဂူမှ လူတစ်ယောက်က မီတာများစွာ ကျယ်ပြန့်သော ကြက်သွေးရောင်မီးတောက်များအား လက်ညှိုးညွှန်ပြလျက် ကျေနပ်စွာရေရွတ်လိုက်၏။
ထိုတိုက်ခိုက်မှုက ဘုရင်တစ်၀က်အဆင့်တစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့်ပင် ယှင်နိုင်စွမ်းရှိသည်။
ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေကြသော ချင်အင်ပါယာမှ လူများလည်း ခေါင်းညိတ်ကာ အသိအမှတ်ပြလိုက်မိကြ၏။ ထို မီးတောက်ကြယ်ပျံတိုက်ကွက်ကား အလွန်အစွမ်းထက်လှသည်။ ဘုရင်အဆင့်အောက်၌ နတ်သမီကိုင်မှလွဲလျှင် မည်သူမှ ထိုတိုက်ခိုက်မှုအား ကာကွယ်နိုင်မည်မဟုတ်ပေ။
သို့သော် ရွှမ်ယီ ကိုယ်ပွား၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ဤတိုက်ကွက်က အနည်းငယ်လိုအပ်နေသေးသည်။
အုန်း...
ချင်အင်ပါယာမှ လူတိုင်း ရွှမ်ယီ ကိုယ်ပွား၏ တိုက်ခိုက်မှုအား မြင်လိုက်ရသည်။
ထိုစိတ်ဝိညာဉ်ကိုယ်ပွား၏ မျက်၀န်းများက အလွန်စူးရှတောက်ပနေပြီး ဓားအလင်းတန်းများက ကောင်းကင်ထက်မှ လျှပ်စီးများအလား ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေ၏။
ထို့နောက် ထို ဓားအလင်းတန်းများက ပတ်၀န်းကျင်သို့ ဖြန့်ကျက်သွားပြီး ကောင်းကင်ထက်၌ ဓားတစ်သောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုဓားတစ်သောင်းအတွင်း၌ ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်စွမ်းအားများပါ၀င်နေပြီး မြေကြီးပေါ်သို့ မိုးဖွဲများကျလာသည့်အလား ပြေးဆင်းလာ၏။
အမှတ်တမဲ့ကြည့်လိုက်လျှင် ဓားမိုးရွာသွန်းနေသည့်အလားပင်။
ဘုန်း..ဘုန်း...ဘုန်း...
နဂိုက အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသည့် ကြက်သွေးရောင်မီးတောက်များ ချက်ချင်းငြိမ်းသေသွားခဲ့သည်။
ဟွမ်တျန်ချန်ဇီ ဘာမှမလုပ်ရသေးခင်မှာပင် ရန်သူအား အနိုင်ပိုင်းရန်ရည်ရွယ်ထားသည့် တိုက်ကွက်က လေထဲ၍ ပျောက်ကွယ်သွားချေပြီ။
သို့သေည် ရွှမ်ယီ ကိုယ်ပွား၏ တိုက်ခိုက်မှုက ထိုမျှနှင့် ပြီးဆုံးသွားခြင်းမရှိသေးချေ။
မရေမတွက်နိုင်သည့် ဓားချီအလင်းတန်းများ မိုးသည်းထန်စွာရွာသွန်းနေသကဲ့သို့ အဆက်အပြတ်တိုး၀င်လာနေသေးသည်။
ထိုပုံရိပ်ကား ကမ္ဘာမြေကြီးအား အဆုံးသတ်ပေးတော့မည့် သေမင်းနတ်ဘုရားတစ်ပါးအလားပင်။
“ ချီး.. ချင်အင်ပါယာက လူတွေပြောတာ မှန်နေတာပဲ...”
ဟွမ်တျန်ချန်ဇီတစ်ယောက် သေမင်းအငွေ့အသက်အား ခံစားမိလိုက်ပြီး အသည်းအသန်ထွက်ပြေးတော့သည်။ တစ်စက္ကန့်လောက် နှေးသည်နှင့် သေသွားနိုင်သည်ဟု မသိစိတ်က အချက်ပြနေခဲ့သည်။
ဤမတိုင်ခင်အချိန်တွင် လူများစွာတို့၏ ထောက်ပံ့ပေးမှူဖြင့် သူ၏ စွမ်းအားများအပေါ် များစွာယုံကြည်ချက်ရှိနေခဲ့၏။ သို့သော် ဓားမိုးများအောက်၌ တခဏအတွင်း သူ၏ စိတ်ဝိညာဉ်ဒိုင်းကာနှစ်ခုပျက်စီးသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် သူ့အနေဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။ အကယ်၍ နောက်ထပ် အလွှာတစ်ခုပျက်စီးသွားပါက နှဖူးထက်မှ ကျောက်မျက်အက်ကွဲကာ သူ့အနေဖြင့် သေမင်းနှင့် စစ်ခင်းရပေတော့မည်။
ဟွမ်တျန်ချန်ဇီက ထွက်ပြေးနေရင်း လေထုထဲ၌ ရပ်တန့်နေသည့် ပုံရိပ်အားကြည့်ပြီး အံကြိတ်ကာ ရေရွတ်လိုက်၏။
သူ ဤလျှို့ဝှက်နယ်မြေအတွင်းမ၀င်ခင် သေချာစေ့စေ့စပ်စပ်ပြင်ဆင်လာခဲ့ပေသည်။
သို့သော် ကောင်ကင်အဆင့်နံပါတ်(၁) ပါရမီရှင်ကြီးက ခွေးတစ်ကောင်အလား အရိုက်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့၏။
နှစ်ပေါင်းများစွာ အစဉ်တစ်စိုက် ထိန်းသိမ်းလာခဲ့သော သူ၏ ကြီးမြတ်သည့်ပုံရိပ်ကား တဒင်္ဂအတွင်း ပျက်စီးသွားချေပြီ။
ဟွမ်တျန်ချန်ဇီတစ်ယောက် လက်ရှိအချိန်တွင် ရှက်ရွံ့မှုနှင့် ဒေါသအား တစ်ပြိုင်တည်း ခံစားနေရသည်။
“ မင်း.. မကောင်းတဲ့ စိတ်ဝိညာဉ်ကိုယ်ပွားကောင်.. ငါ ဘုရင်အဆင့်ကိုရောက်တဲ့အခါ အစွမ်းထက်ရတနာတစ်ခု ပိုင်ဆိုင်လိမ့်မယ်ကွ.. ဟမ့် အဲ့အချိန်မီ မင်းကို လက်စားချေဖို့ ပြန်လာခဲ့မယ်....”
ရွှစ်...
ကောင်းကင်အဆင့်မှ နံပါတ်(၁)ကား မရှုမလှရှုံးနိမ့်သွားချေပြီ။
.................
ရွှီး..ရွှီး..ရွှီး...
ကောင်းကင်ထက်မှ အဆုံးမရှိသည့်အလား ကျဆင်းလာသည့် ဓားချီစွမ်းအင်များက အောက်ရှိ မြေပြင်အား တိုးဟူးများအလား ပိုင်းဖြတ်သွားလေသည်။
မြေပြင်၌ ဆယ်မီတာ၀န်းကျင်ရှည်သော မြောင်းကြီးများ ဖြစ်ပေါ်သွား၏။
ဟွမ်တျန်ချန်ဇီကား လွတ်မြောက်သွားချေပြီ။
သူ့အနေဖြင့် ခြေကုန်သုတ်မပြေး၍လည်းမရချေ။ ထိုနေရာ၌ ဆက်နေပါက အသက်ရှင်ရန် အာမခံချက်မရှိပေ။
သူက ထွက်မပြေးမီ နောက်ဆုံးလက်ကျန် ဒိုင်းကာအား စေလွှတ်ပြီး ရွှမ်ယီ ကိုယ်ပွား၏ အမြင်အား တဒင်္ဂ ပိတ်ဆို့တားဆီးခဲ့သည်။
ထိုအရာက အသက်ရှုကြိမ်အနည်းငယ်သာဖြစ်သော်လည်း ဟွမ်တျန်ချန်ဇီတို့အဖွဲ့အား လွတ်မြောက်သွားစေ၏။
တစ်ဖွဲ့လုံး ၎င်းတို့၏ ကိုယ်ပိုင်လွတ်မြောက်ရေးနည်းလမ်းများအား အသုံးပြုပြီး ပတ်၀န်းကျင်နေရာအနှံ့အပြားသို့ ထွက်ပြေးခဲ့ကြသည်။
ဤမျှ အစွမ်းထက်သော လူတစ်ဦးနှင့်ရင်ဆိုင်ရချိန်၌ ထွက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။
ထိုအပြင် ထိုပုံရိပ်ကား အဘယ်မှာလျှင် အခြေတည်ဝိညာဉ်အဆင့်(၇)ဖြစ်နိုငါမည်နည်း။ ၎င်းက ဘုရင်အဆင့်အောက်မနိမ့်သော စွမ်းအားများ ထုတ်လွှတ်နေသည်။
ဘန်း...
ရွှမ်ယီ ကိုယ်ပွား၏ မျက်နှာကား ခံစားချက်ကင်းမဲ့လျက်ရှိနေ၏။ သူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ဖန်တီးထားသည့် စိတ်ဝိညာဉ်ကိုယ်ပွားတစ်ခုသာလျှင်ဖြစ်ပြီး မောပန်းခြင်းအလျဉ်းမရှိချေ။ လက်ရှိတွင် သူ့စိတ်ထဲ၌ သတ်ဖြတ်ရန် စိတ်ကူးတစ်ခုသာရှိနေ၏။
ဓားအလင်းတန်းကြီးတစ်ခုပြေးထွက်သွားပြီး အနီးပတ်၀န်းကျင်တွင် လက်လှမ်းမှီသလောက်လူများထဲမှ တစ်၀က်ခန့် သေဆုံးသွားခဲ့သည်။
ရွှပ်..ရွှပ်..ရွှပ်
ရွှမ်ယီ၏ ကိုယ်ပွားက ပျက်စီးနေသော မြေပြင်ထက်၌ တစ်လှမ်းချင်းလျှောက်လှမ်းနေခဲ့သည်။
ထို့နောက် တစ်ခဏမျှ ရပ်တန့်သွားပြီး အမိန့်တစ်ခုအား လက်ခံရရှိလိုက်ဟန်ဖြင့် သူ၏ မျက်၀န်းများက တစ်ချက်အရောင်လက်သွားခဲ့၏။ ထို့နောက် အရပ်မျက်မှာတစ်ခုဆီသို့ ဦးတည်ထွက်ခွာလာလေသည်။
ထိုအရပ်သည်ကား ကိုင်လျန်ရီနှင့် ဟွမ်တျန်ချန်ဇီတို့ နှစ်ယောက်လုံး ထွင်ပြေးသွားရာ အရပ်ဖြစ်၏။