မိန်းကလေး ငါ့ဆံပင်ကို ဘာလို့ဆွဲနေတာလဲ?
Vol. 10 Ch. 127
ရှောင်ဇီ က သူမရဲ့ ပထမဆုံး အဖြစ်အပျက်အကြောင်းကို ပြောတဲ့အခါမှာ သူမရဲ့ လေသံက မျက်ရည်တွေ အပြည့်နဲ့ လေသံ ဖြစ်နေခဲ့တယ်။
သူမက အစွမ်းကုန် ကြိုးစားပြီး ဖိနှိပ်နေသော်ခဲ့လည်း သူမရဲ့ နှလုံးသားထဲတွင်တော့ အလွန်ကို ကြောက်လန့်နေခဲ့သည်။
ဒီကြောက်ရွံ့မှုက ဤသဘာဝလွန် ဖြစ်ရပ်ကြောင့်တော့ မဟုတ်ပါဘူး။
ကျန်းရီ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ အားလုံးထဲတွင် သူတို့၏ကြောက်ရွံ့မှုက ပထမဆုံးအကြိမ် ဒါမှမဟုတ် တစ်ညတည်း မဟုတ်သည့်အတွက်ကြောင့်သာ အလွန်ကို ကြောက်လန့်စေခဲ့ခြင်းဖြစ်သည်။
ဤကမ္ဘာပေါ်တွင် ရံဖန်ရံခါ မရှင်းပြနိုင်သော အရာများကို ကြုံတွေ့ရတတ်သည်။ သို့သော်လည်း အချိန်ကာလတစ်ခု သို့မဟုတ် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် ယင်းကို ထပ်ပြီး မကြုံတွေ့ရတော့တဲ့အခါ ထိုအကြောက်တရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
“သေဆုံးသူရဲ့ဓာတ်ပုံကို မင်းဘာလုပ်ခဲ့လဲ”
ကျန်းရီ က ရှောင်ဇီ ကိုမေးလိုက်တော့ “အဲ့ဒီအချိန်မှာ ကျွန်မ တကယ်ကို ကြောက်နေခဲ့တယ်
ဒါပေမယ့် အဲဒီတုန်းက ကျွန်မလုပ်ခဲ့တာ တစ်ခုကတော့ အစ်မ ကားစငှားခဲ့တဲ့ ဆေးရုံကို သွားခဲ့တယ်။
အဲ့ဒီဆေးရုံကို ပြန်မောင်းသွားခဲ့တယ်။
အဲဒီတုန်းက အရမ်းကြောက်နေပေမယ့် တစ်ချို့အရာတွေကို ပိုပြီးတော့ သိချင်ခဲ့တယ်။”
“ကျွန်မ ဆေးရုံကို ပြန်သွားခဲ့တယ်။ အရင် စကားပြောခဲ့တုန်းက သူ့နာမည်နဲ့ သူ့မှာ ဘာရောဂါရှိလဲဆိုတာ မေးခဲ့တယ်။ သူ့မိသားစုမှာ ဘာရောဂါရှိလဲ ဆိုတာတော့ မမေးမိခဲ့ဘူး။ လူနာက သူတို့ မိသားစုကပဲလို့ အမြဲထင်ခဲ့တဲ့ အတွက်ကြောင့်ပဲ”
“ကျွန်မ ဆေးရုံကိုသွားကြည့်တော့ ရောဂါပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနရဲ့ အတွင်းလူနာဆောင်ကို သွားခဲ့တယ်။
ပထမထပ်မှာ သူနာပြုတွေ ရှိနေတာလေ ဒါကြောင့် ဒီအဆောက်အအုံမှာ လီစူးချင် အမည်ရှိတဲ့ လူနာရှိမရှိ သူနာပြုတွေကို မေးမြန်းခဲ့တယ်။
ဒီလိုမေးခွန်းမေးလိုက်ရင် သူနာပြုတွေက စစ်ဆေးဖို့ကို အကူညီပေးပါလိမ့်မယ်။
ဒါပေမယ့် သူတို့တွေ စစ်ဆေးပြီးတဲ့ နောက်မှာတော့ သူတို့က ကျွန်မကို ထူးထူးဆန်းဆန်း ကြည့်နေခဲ့ပြီး လူနာ လီစူးချင် က မရှိတော့ဘူး လို့ ပြောခဲ့တယ်။
မကယ်နိုင်လောက်တဲ့ ရောဂါကြောင့် ဒီနေ့မနက်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ပြောခဲ့တယ်!” “ဒီသတင်းကိုကြားတော့ ဒီလို ဖြစ်နိုင်ခြေကို ကျွန်မ မျှော်လင့်ထားပြီးသားပါ၊ ဒါပေမယ့် ကိုယ့်နားနဲ့ကိုယ်ကြားလိုက်ရတဲ့ အခါမှာတော့ မနေနိုင်ဘဲ အကြောက်တရားကို ခံစားလိုက်ရတယ်
ဆေးရုံကနေ ပြန်ထွက်ပြီးနောက်မှာ အဲ့အစ်မဖြစ်သူအတွက် ပုံတူပန်းချီကားကို တလျင်စလိုပဲ မီးရှို့ပေးချင်ခဲ့တယ်။
ဒါပေမယ့် မမျှော်လင့်ထားခဲ့တဲ့ အရာက ကားပေါ်ပြန်ရောက်တဲ့အခါမှာ ကားထဲကပုံတူပန်းချီကားကို မတွေ့တော့ဘူး၊ ကားပေါ်ကဆင်းချိန်မှာ ကျွန်မနဲ့အတူ အဲ့ပုံကို မယူခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ ပြီးတော့ အဲ့တာကို ခရီးသည်ထိုင်ခုံပေါ်မှာ တင်ထားခဲ့တာ”
ကားပြတင်းပေါက်တွေကိုလည်း သေချာ ပိတ်ထားတာမို့ တစ်စုံတစ်ယောက်က ခိုးဖို့ မဖြစ်နိုင်ပေမယ့် ဓာတ်ပုံ ကတော့ တကယ်ကို ပျောက်ကွယ်သွားခဲ့တယ်!”
ကျန်းရီက “ဒါဆို အဲ့အစ်မကို မင်းထပ်တွေ့သေးလား?”
“မတွေ့ခဲ့ဘူး၊ ဒါပေမယ့် ကျွန်မသူမကို သွားတွေ့ခဲ့တယ်။
ဒုတိယနေ့ကျတော့ အစ်မကြီးရှိတဲ့ ရွာကို မောင်းသွားလိုက်တယ်။
ရွာမှာ အသုဘတစ်ခုကို တွေ့လိုက်တယ်။
အိမ်အပေါက်ဝနားမှာ ရပ်လိုက်ပြီး အခေါင်းရှေ့မှာ ဒူးထောက်ပြီး ငိုနေတဲ့ အစ်မကြီးရဲ့ ဆွေမျိုးသားချင်းတွေကို ကြည့်နေခဲ့တယ်။
အခေါင်းရှေ့က ဓာတ်ပုံက မနေ့ညက တွေ့လိုက်တာနဲ့ အတူတူပါပဲ။
ကျွန်မက အဲ့နားက အဘွားတစ်ယောက်ကို “ဒီအစ်မက ဘာဖြစ်သွားတာလဲ၊ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ သေရတာလဲ” လို့ မေးခဲ့တယ်။
“အဘွားပြောတာက အဲ့အစ်မက ကင်ဆာဖြစ်လို့ သူ့မိသားစုမှာ ပိုက်ဆံမရှိတဲ့ အတွက်ကြောင့် ဆေးကုတာကို ဆက်မလုပ်ခဲ့တာလို့ ပြောတယ်။
နောက်တော့ သူသေဖို့အတွက်ပဲ အိမ်မှာစောင့်နေခဲ့တယ်။
ဒါပေမယ့် သူမ သည်းမခံနိုင်တော့တဲ့ အဆုံးမှာ
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ ဆေးရုံကို သွားခဲ့တယ်၊ ဒါပေမယ့်လည်း အသက်က ဆက်မရှင်နိုင်ခဲ့ပါဘူး”
ဒီကိစ္စတွေကို နားလည်ပြီးနောက်မှာ အစ်မကြီးရဲ့ ဆွေမျိုးတွေကို အမွှေးတိုင် ထွန်းလို့ရမလားလို့ မေးခဲ့တယ်။ ကျွန်မ အရင်က ဒီအမကြီးကို ကားနဲ့ ပို့ပေးဖူးတယ်လို့ ပြောလိုက်တော့ သူ့ဆွေမျိုးတွေက ကျွန်မ ဝတ်ပြုတာကို မကန့်ကွက်ခဲ့ပါဘူး။
ဝတ်ပြုပြီးနောက် အခိုက်အတန့်မှာတော့ ရုတ်တရတ် ပိုပြီး ပေါ့ပါးသွားသလို ခံစားခဲ့ရတယ်။”
“အဲဒီနောက်ပိုင်း အစ်မကြီးကို ကျွန်မ ထပ်ပြီး မတွေ့တော့ဘူး။ ရက်အနည်းငယ် ကြားပြီးနောက်မှာတော့ ကျွန်မလည်း ကားပြန်မောင်းခဲ့ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတယ်။”
ရှောင်ဇီ က ဒါတွေပြောပြီးတဲ့အခါမှာ သူမကြုံတွေ့ခဲ့ရတဲ့ ပထမဆုံး အဖြစ်အပျက်ကတော့ ပြီးသွားခဲ့ပါပြီ။
သူမစကားပြောပြီးတာနဲ့ ကျန်းရီ က “ဒုတိယအကြိမ်ကရော ဘယ်အချိန်က စခဲ့တာလဲ” လို့မေးလိုက်တယ်။
“တစ်ညမှာတော့ ဖောက်သည်တစ်ယောက်ကို ဘတ်စ်ကားဂိတ် ကို လိုက်ပို့ပေးခဲ့တယ်။
ထိုဘတ်စ်ကားဂိတ်နားမှာ ဘတ်စ်ကား အများကြီး ရပ်တန့်နေပြီး လေဆိပ်နှင့် အမြန်ရထားဘူတာရုံတွေဆီကို ဦးတည်သွားနေခဲ့ ကြသည်။
အဲ့ဒီမှာ တက္ကစီငှားလာတဲ့ ဖောက်သည်တွေ အများကြီးရှိတယ်။
လေဆိပ်နဲ့ အမြန်ရထားဘူတာတွေကို သွားရင် ပိုက်ဆံအများကြီးကုန်လိမ့်မယ်၊ ဒါပေမယ့် အဲဒီဘတ်စ်ကားစီးရင်တော့ ယာဉ်စီးခက နှစ်ယွမ်ပဲ ဆိုတော့ အများကြီး သက်သာတယ်လေ”
“အဲဒီညက ရပ်ကွက်ထဲက မိန်းကလေးတစ်ယောက်ကို ခေါ်လာပြီး ကားမှတ်တိုင်ကို ရောက်ခဲ့တယ်။ ညက ရှစ်နာရီလောက်ရှိပြီ။ မိန်းကလေးက ဘတ်စ်ကားပေါ်တက်လိုက်တဲ့ အချိန်မှာ ဘတ်စ်ကားတစ်စီးက အဲ့နားမှာ ရပ်ခဲ့တယ်၊ ကျွန်မ သတိတောင် မထားမိခဲ့ဘူး။ ကျွန်မ ပြန်ထွက်ခါနီးမှာ ကားပြတင်းပေါက်မှာ ကပ်နေတဲ့ မျက်နှာကို ရုတ်တရက် တွေ့လိုက်ရတယ်။”
“အဲဒီမျက်နှာကို သတိပြုမိလိုက်တော့ ကျွန်မ လန့်သွားခဲ့တယ်။ အသက်ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ်လောက်ရှိတဲ့ အဘွားကြီး တစ်ယောက်ပဲ၊ ပြတင်းပေါက်ကိုလည်း မခေါက် ကျွန်မကိုလည်း မခေါ်ပဲနဲ့ မျက်နှာကို မှန်နား ကပ်ပြီး ကျွန်မကို ပြုံးပြနေတယ် ”
“ကျွန်မလည်း ကြောက်သွားခဲ့တာပေါ့၊ အဲ့ဒါနဲ့ ကားပြတင်းပေါက်ကို နှိမ့်လိုက်ပြီး အဖွား အဆင်ပြေလားလို့ မေးလိုက်တော့ အဖွားက ကောင်မလေး ကောင်းတဲ့ အရာလေး တစ်ခုခု လုပ်ပါလို့ ပြောခဲ့တယ်။
ညဘက်ကြီး ကားစီးဖို့က မလွယ်ဘူး။
ငါတို့ကို အိမ်ပြန်ပို့ပေးလို့ရမလား? ဒါကိုကြားလိုက်တော့ အဘွားနောက်မှာ အဘွားကြီးနှစ်ယောက်ကို တွေ့လိုက်ရတယ်။
ကျွန်မ အနည်းငယ် ချီတုံချတုံ ဖြစ်ခဲ့တယ်၊ ဒါပေမယ့်လည်း ကျွန်မ သူတို့ကို သဘောတူလိုက်ပါတယ် “
“ဒါပေမယ့် သူတို့ ကားပေါ်ကို ရောက်တော့ သူတို့က ငါးယောက်ရှိတယ်ဆိုတာကို သိလိုက်ရတယ်။
သူတို့အားလုံးက အဘွားကြီးတွေဖြစ်ပြီး အားလုံးက အသက်အရွယ် အတူတူပါပဲ။
ကျွန်မကားက ကျွန်မအပါအဝင် လူငါးယောက်ပဲ သယ်နိုင်တယ်လေ
အဲ့ဒါနဲ့ တွေ့တာနဲ့ ကျွန်မက အဖွားတို့ ဒါက အဆင်မပြေဘူးလေ၊ ကားက ဝန်ပိနေတယ်၊ ဒါပေမယ့် အဲဒီအဖွားတွေက လုံးဝနားမထောင်ခဲ့ဘူး။
ကားပေါ်တက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ်ပဲ ထိုင်နေခဲ့တယ်
အရှေ့က ထိုင်ခုံမှာ ထိုင်တဲ့ အဘွားက မိန်းကလေး အဆင်ပြေပါတယ် ကားစ မောင်းရအောင်လို့ ပြောခဲ့တယ်။
ဒီလောက် ညဥ့်နက်နေတာ သမီးသာ လိုက်မပို့ရင် ငါတို့ ပြန်ရမှာ မဟုတ်တော့ဘူး။
“ကျွန်မလည်း ဒါကို ယာဉ်ထိန်းရဲတွေသာ ဖမ်းမိခဲ့ရင် ဒဏ်ငွေနဲ့ အမှတ်တွေ နုတ်ခံရမယ်လို့ ပြောလိုက်တယ်။
အဘွားအိုတွေက ဘာမှ မပြောခဲ့ဘူး။
သူတို့အားလုံး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ပြီး ထိုင်ခုံမှာ ထိုင်နေခဲ့ကြတယ်။
ပြောမရတော့တဲ့အဆုံး ကားကိုသာ သူတို့ပေးထားတဲ့ လိပ်စာအတိုင်း မောင်းခဲ့လိုက်ရတယ် ။
ကျွန်မက နေရာမှန်ကို မောင်းနေခဲ့တာပါ ဒါပေမယ့် လမ်းတစ်ဝက်မှာ တစ်ခုခုတော့ ထူးထူးခြားခြား ဖြစ်နေတယ်လို့ ခံစားလိုက်ရတယ်။”
“အဖွားပြောတဲ့နေရာကို ရောက်ဖို့ ဘတ်စ်ကားဂိတ်ကနေ မိနစ် ၂၀ လောက်ပဲကြာတယ်။
ဒါပေမယ့် ဆယ်မိနစ်ကျော်လောက်ထိ ကားမောင်းပြီးတဲ့ နောက်မှာ သွားရမယ့် ခရီးအကွာအဝေးက ပိုပြီး ဝေးသထက် ဝေးနေပုံပေါ်နေတယ်။
လမ်းမှားပြီးတော့ မောင်းနေတာလို့ပဲ ထင်ခဲ့တယ်။
မြေပုံ လမ်းညွှန်ချက်ကို ဖွင့်လိုက်သည်နှင့် ဆယ်မိနစ်ကျန်သေးကြောင်းကို ပြသနေတယ်။
အဲဒီတုန်းက အဖွားတွေကို တောင်းပန်ခဲ့လိုက်တယ်…
အရှေ့ထိုင်ခုံက အဖွားက ပြုံးပြီးတော့ ခေါင်းယမ်းကာ စိတ်မပူပါနဲ့ သမီးလေး ဖြည်းဖြည်းပဲ မောင်းပါ အခုလည်း အိမ်ပြန်နေတာပဲလေ
လမ်းခရီးက အမြဲရှည်နေပေမယ့် အိမ်ပြန်နိုင်သရွေ့တော့ အဆင်ပြေပါတယ်!"
“အဲဒီတုန်းက အဖွားပြောခဲ့တဲ့စကားက ကျွန်မအတွက်တော့ အရမ်းထူးဆန်းနေတယ်။
ဒါပေမယ့် ကျွန်မ အဲဒါကို အများကြီး မတွေးခဲ့မိဘူး။
ကျွန်မ မြေပုံ လမ်းကြောင်းအတိုင်းပဲ မောင်းခဲ့လိုက်တာ ဆယ်မိနစ်အတွင်းပဲ ထိုနေရာကို ရောက်ခဲ့လိုက်တယ်။
အဖွားက သူနေထိုင်တဲ့ မြို့က ရွာကို ရောက်တော့ ကားပေါ်ကဆင်းသွားခဲ့လိုက်တယ်
သူ့သားက ငါ့ကို လက်ပြနှုတ်ဆက်တဲ့အခါမှသာ စိတ်သက်သာရာ ရသွားတယ်။
အဲဒီတုန်းက ယာဉ်ထိန်းရဲတွေနဲ့ မတွေ့မိလို့ စိတ်သက်သာ ရသွားခဲ့တယ်”
“ကျွန်မ မြို့ကိုသွားတဲ့ လမ်းကို ပြန်မောင်းခဲ့တယ်။
အချိန်က ည ကိုးနာရီကျော်ပဲ ရှိသေးတယ်။
မြို့တွင်းက လူစည်ကားတဲ့ နေရာတွေမှာ စောင့်နေလိုက်ရင် ဖျော်ဖြေရေး နေရာတွေကို သွားတဲ့ ခရီးသည်တွေက အများအပြားကို ရှိေနတယ်လေ။
ဒါပေမယ့် ကျွန်မ အဲဒီကို မရောက်ခဲ့ပါဘူး။
မြို့ကိုသွားတဲ့လမ်းမှာ လည်ပင်းက ယားယံလာခဲ့တယ်။
နောက်ဆုံးတော့ ယားယံမှုက ပြင်းထန်လာပြီးတော့ သည်းမခံနိုင်တော့တဲ့ နောက်မှာတော့ "ငါ လက်နဲ့ ကုတ်လိုက်တယ်... ငါဘာကို ကိုင်မိလိုက်တာလဲ ဆိုတာ မင်းတို့သိလား။"
“ဆံပင်ဖြူတွေပဲ
လက်ကနေ လက်တစ်ဆုပ်စာလောက် ဆုပ်ကိုင်မိလိုက်တယ် ပြီးတော့ နောက်ထပ် ဆံပင်ဖြူတွေကိုပါ ဆုပ်ကိုင်မိလိုက်တယ်။
နောက်လှည့်ကြည့်လိုက်တော့ အရှေ့ထိုင်ခုံမှာထိုင်နေတဲ့ အဘွားအိုက ကားထဲကနေ ထွက်သွားတာကို အသေအချာကို တွေ့လိုက်ရပါတယ်၊ ဒါပေမယ့် သူမကအခု ကျွန်မနဲ့ အတူ ကားပေါ်မှာ ရှိနေတုန်းပဲ။
ကားနောက်ခန်းကနေ သူမက ကျွန်မကို ပြုံးပြပြီးတော့ “သမီးလေး ကားမောင်းတော့လေ…
ဘာလို့ အဖွားဆံပင်တွေကို တချိန်လုံး ဆွဲနေတာလဲ ? "