မင်းက သေတော့မှာ
Vol. 10 Ch. 128
ရှောင်ဇီ ဒီလိုပြောတဲ့အချိန်မှာ သူ့အသံက ထိတ်လန့် စ ပြုလာခဲ့တယ်။
ဒါပေမယ့် သူမ ဘာတွေ လုပ်နေလဲတော့ မသိပါဘူး။ ခဏလောက်တော့ သူမ တိတ်ဆိတ် ငြိမ်သက်သွားပြီးတော့ တစ်ခုတည်းသော သူမရဲ့ အသက်ရှုသံကိုသာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ ကြားနေရသည်။
"ရှောင်ဇီ ရှောင်ဇီ မင်းဘာဖြစ်နေတာလဲ"
ကျန်းရီ က နှစ်ကြိမ်လောက် ခေါ်ပြီးနောက်မှာ ရှောင်ဇီ က "တောင်းပန်ပါတယ် စတွင်မာ ကျွန်မ ပတ်ဝန်းကျင် ပတ်လည်ကို ကြည့်နေတာ"
"အဘွားကြီးက မင်းကို ထပ်လာရှာမှာကို မင်း စိုးရိမ်နေတာလား?"
"မဟုတ်ပါဘူး၊ ကျွန်မ အခု အိမ်မှာ ရှိနေတာ။ ပြတင်းပေါက်တွေကို ပိတ်ဖို့ မေ့သွားခဲ့တယ်၊ အေးတဲ့လေက ဝင်လာတော့ နည်းနည်းအေးသွားလို့ပါ”
"ကောင်းပြီ အဘွားက ဘယ်အချိန် ကားပေါ်က ဆင်းခဲ့တာလဲ။"
“မသိပါဘူး၊ သူမကို တွေ့တော့ လုံးဂကို ကြောက်လန့်နေခဲ့တာ၊ အထူးသဖြင့် သူ့ဆံပင်တွေကို လက်ထဲမှာ ကိုင်ထားသေးတာကို မြင်လိုက်ရတဲ့ အချိန်ပေါ့။ ခဏလောက်ကြာကြာ ကားမောင်းပြီးတာနဲ့ အဖွားကို အိမ်ရောက်ပြီ မဟုတ်ဘူးလား ဘာလို့ ကားပေါ်က မဆင်းလိုက်တာလဲလို့ မေးလိုက်တယ်”
“အဲဒီအချိန်မှာ သူ့ကို အပြစ် မပြောရဲ့တဲ့အတွက် ကလေးလို ချော့လိုက်ရတယ်။ အဘွားက သက်ပြင်းချလိုက်ပြီး သူ့မိသားစုက မရှိတော့ဘူး။ သူတို့ကို တစ်ခဏ သွားကြည့်လိုက်တာ သူတို့အားလုံး အဝေးကို ပြောင်းရွှေ့သွားခဲ့ကြတယ်။ ကျွန်မလည့း ထပ်မေးလိုက်တယ် အဖွား အခု ဘယ်သွားမလို့လဲ"
"အဘွားအိုက မြို့ထဲကို ပတ်ကြည့်ဖို့ ခေါ်သွားပေးပါ၊ ငါ့ တစ်သက်လုံး မြို့ကို တစ်ခါမှ မသွားခဲ့ဖူးဘူး။ အဖွား အဖိုးအခ ပေးပါ့မယ် "
" ကျွန်မက ဟုတ်ကဲ့ ဆိုပြီး နှလုံးသားထဲက ကြောက်စိတ်တွေကို ဖိနှိပ်ပြီး မြို့ထဲကို မောင်းဝင်ခဲ့တယ်
ဒါပေမယ့် လမ်းမှာမောင်းနေတုန်း အဘွားက ကျွန်မကို ဘာမှမပြောခဲ့ဘူး။ ဒါမှမဟုတ် ဟိုအစ်မကြီးနဲ့တွေ့ပြီး ဒီလိုအဖြစ်မျိုး ကြုံဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ကြောက်စိတ်တွေက လျှော့လာခဲ့တယ်။
သူပြောတာကို ငါလုပ်ပေးသရွေ့ ငါ့ကို ထိခိုက်မှာ မဟုတ်ဘူးလို့ တွေးမိလိုက်တယ်၊ ဟိုအစ်မကြီးလိုပေါ့ သူမနဲ့ မရှုပ်သရွှေ့ သူပြောတဲ့နေရာကို လိုက်ပို့နေသရွေ့ ငါ့ကို ထိခိုက်မှာ မဟုတ်ဘူး။
အဆင်ပြေသွား ပါလိမ့်မယ် လို့ ထင်ခဲ့မိတယ်။
"လမ်းမှာ သူမနဲ့ စကားမပြောရဲခဲ့ဘူး။
အဘွားက သူ့လက်ကို ကျွန်မထိုင်ခုံကို ကိုင်ထားတယ်။
သူက ကားရှေ့က ကျွန်မကို ကြည့်နေပုံရတာလား ဒါမှမဟုတ် လူကြီးတွေက ကားစီးတဲ့အခါ ဘေးကင်းတယ်လို့ ခံစားရဖို့ကို တစ်ခုခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာမျိုးလည်း ဖြစ်နိုင်ဟန် တူပါတယ်။
နောက်ဆုံးတော့ ကျွန်မကားက မြို့ထဲကို မောင်းလာရင်းနဲ့ “အဖွား၊ မြို့ထဲကို ဝင်ပြီးရင် ဘယ်နေရာမှာ ဆင်းမှာလဲ” လို့ မေးလိုက်တယ်။
“ကျွန်မ မေးလိုက်တော့ တော်တော်ကြာကြာ ပြန်မဖြေတဲ့အတွက် နောက်ကို ကြည့်လိုက်တယ်။
သူမ ပျောက်သွားတယ်။
ကားထဲကနေ ဘယ်အချိန် ဆင်းလိုက်လဲ မသိဘူး။
ကျွန်မ လမ်းမှာမရပ်ခဲ့ဘဲ သူမက ထွက်သွားခဲ့တယ်၊ ဒါပေမယ့် ကားထဲမှာ တစ်ခုခု ကျန်နေခဲ့တယ်။
သိပ်မထူပဲ အလွန် ဟောင်းပုံရတဲ့ ရွှေလက်ကောက်တစ်ခု…
အဲ့ရွှေလက်ကောက်က သူမနဲ့အတူ မပျောက်သွားခဲ့ဘူး။
အဘွားက ဘာလို့ ထားခဲ့မှန်း မသိတာကြောင့် လက်ကောက်ကို ရဲစခန်းကို ယူသွားပြီး အဲ့ဒါကို ကျွန်မ
လမ်းမှာ ကောက်ရခဲ့တာလို့ ပြောခဲ့တယ်”
“ဒါပေမယ့် နောက်နေ့ညမှာတော့ လက်ကောက်က ကျွန်မကားထဲမှာ ရောက်နေပြန်တယ်။ အဲ့ဒါက ဘယ်တော့မှ ပျောက်မသွားဘူး။ ဘယ်မှာပဲ ပစ်ချ၊ လွှင့်ပစ်လိုက် ပါစေ၊ ကျွန်မ ကားထဲမှာ အမြဲပေါ်လာခဲ့တယ်”
ရှောင်ဇီက ပြောနေရင်းနဲ့ ကျန်းရီက အနည်းငယ် ပိုနားလည်လာပြီးတော့ "ဒီလက်ကောက်က မင်းအတွက် အဖွားချန်ထားခဲ့တဲ့ အဖိုးအခ ဖြစ်နိုင်တယ် မဟုတ်လား"
"အမ်?"
"မြို့ထဲရောက်ရင် အဖိုးအခပေးမယ်လို့ သူမပြောခဲ့တယ် မဟုတ်လား၊ ဒီလက်ကောက်ကို လွှင့်ပစ်လို့မရ ပေးပြစ်လို့ မရမှတော့ အဘွား ထားခဲ့တဲ့ ယာဉ်စီးခ ငွေ ဖြစ်နိုင်တယ်"
ကျန်းရီက အပြုံးနဲ့ ရှင်းပြပြီးတဲ့နောက်မှာ ရှောင်ဇီ က နှုတ်ဆိတ်နေပြီးတော့ ကျန်းရီ ရဲ့ ရှင်းပြချက်ကို နားလည်သွားပုံရပါတယ်။
“မင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နှစ်ခုက မင်းကို ထိခိုက်နစ်နာစေတဲ့ပုံမပေါ်ဘူး။ ရှောင်ဇီ မင်းဒီည ငါ့ကိုခေါ်ပြီး ဘာကို အကူအညီ တောင်းချင်တာလဲဆိုတာ ပြောပြပေးနိုင်မလား”
ကျန်းရီက ဖုန်းရဲ့အခြားတစ်ဖက်က ရှောင်ဇီ ကိုမေးလိုက်တယ် “ဟုတ်ပါတယ်၊ သူတို့က ကျွန်မကို ဘယ်တုန်းကမှ မထိခိုက်စေပါဖူး၊ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေရင် ကျွန်မ သည်းမခံနိုင်တော့ဘူး
ကျွန်မသူတို့ကို ခဏတိုင်းလိုလို ကြုံနေရပြီး၊ အချိန်တိုင်း ငါ့မှာ ပြောမပြနိုင်တဲ့ ဖိအားတွေနဲ့ ကြောက်ရွံ့မှုတွေကို ကြုံတွေ့နေရတယ်..
အခု ကားအငှားလည်း မထွက်ရဲတော့ဘူး။
အိမ်ထဲမှာပဲ နေရဲခဲ့တယ်။
နေ့ခင်းဘက် အလုပ်သွား၊ ညဘက်ပြန်လာပြီး အိမ်မှာ မီးတွေဖွင့်၊ နောက်နေ့ရောက်တဲ့အထိ စောင့်နေရတယ်။”
“မင်းရဲ့စိတ်ခံစားချက်နဲ့ မင်းရဲ့ဖိအားတွေကို ငါနားလည်ပါတယ်။ ဒါပေမယ့် ဒါက မင်းငါ့ကိုခေါ်ရတဲ့ နောက်ဆုံးအကြောင်းပြချက်မဟုတ်ဘူး၊ မင်းတစ်ခုခုကို ခံစားနေရတယ်မလား။”
ကျန်းရီ က ဖုန်းရဲ့တစ်ဖက်က ရှောင်ဇီ ဘယ်လိုပုံစံရှိနေလဲဆိုတာ မမြင်နိုင်သလို လောလောဆယ်မှာတော့ သူမရဲ့အမူအရာက ဘယ်လိုလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ဖုန်းရဲ့တစ်ဖက်က ရှောင်ဇီ ကတော့ ရုတ်တရက် ငိုချလိုက်ပါတော့တယ်။
သူမ အစွမ်းကုန် မငိုအောင် ကြိုးစားနေပေမယ့် နောက်ဆုံးမှာတော့ ငိုသံက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို ရောက်လာခဲ့ပါတယ်။
“စတွင်မာ, ငါ့မှာ ဘာတွေဖြစ်နေတာလဲ ဆိုတာကို မင်း သိလား? အခု ညဘက်တွေ အပြင်ထွက်တိုင်း၊ ဒါမှမဟုတ် ပြတင်းပေါက်နားမှာ ရပ်ပြီး မျက်လုံးကို အညောင်းအညာ ပြေစေဖို့ အဝေးကို မျှော်ကြည့်တိုင်းမှာ ပုံစံ အမျိုးမျိုးကို မြင်နေရတယ်။ “
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မနေထိုင်တဲ့ အိမ်ရာမှာ တစ်ယောက်ယောက် ဆုံးသွားခဲ့တယ်။
သူ့အမေက အဆောက်အဦးရဲ့ ခြေရင်းနားလေးမှာ စက္ကူပိုက်ဆံတွေကို မီးရှို့ပြီး သူ့နာမည်ကို ခေါ်နေတယ်၊ ဒါပေမယ့် သူ့အမေရဲ့နောက်မှာ အဲ့လူ တကယ်ရပ်နေတာကို တွေ့လိုက်ရတယ်။
သူ့အမေကို ပွေ့ဖက်လိုက်တယ် ဒါပေမယ့် သူကြိုးစားတိုင်း မအောင်မြင်သလို သူ့အမေကလည်း ဒါကို သတိမထားမိဘူး။
ပြီးးတော့ ကုတင်ဘေးမှာ ရပ်ပြီး အောက်ထပ်ကို ငုံ့ကြည့်လိုက်တဲ့အခါ အောက်ထပ်မှာ ရပ်နေတဲ့ လူတစ်ယောက်က အမြဲတမ်း ကျွန်မကို မော့ကြည့်နေလိမ့်မယ်။ သူမကို ကြည့်နေသရွေ့ ကျွန်မကို သူမက ပြန်ပြီးကြည့်နေလိမ့်မယ်”
“နောက်တစ်ခါက တစ်ညမှာ အရမ်းဗိုက်ဆာနေပြီး သည်းမခံနိုင်တော့တဲ့ အတွက် စားစရာတစ်ခုခုကို အော်ဒါ မှာလိုက်တယ်။
လာပို့တဲ့သူက အမျိုးသားတစ်ဦး…
သူက ငါ့တံခါးဝနားမှာ ရပ်နေတယ်။
သူ့နောက်မှာ မျက်နှာဖြူဖျော့ပြီး ခေါင်းပြောင်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
ကောင်လေးက သူ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။
သူမျက်နှာက အရမ်း ချောင်ကျနေတယ် “ကျွန်တော့်ကို ရီဗျူး ကောင်းကောင်း ပေးနိုင်မလား ငါ့သားမှာ သွေးကင်ဆာရှိပြီး ဆေးရုံမှာ ကုသမှုခံယူနေရတယ်
မင်းသာ ငါ့ကို ကောင်းမွန်တဲ့ ရီဗျူး ပေးခဲ့ရင် ငါ ပိုက်ဆံ အနည်းငယ် ပိုရနိုင်လို့ပါ ” လို့ ပြောတယ်။
“ကလေးက လူမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်၊ သူ့သားက သေသွားပြီဆိုတာ သိလိုက်ရတော့ ခေါင်းညိတ်ပြလိုက်တယ်။
ဒါပေမယ့် သူ ပြန်လှည့်လိုက်တော့ သူ့ဖုန်းက မြည်လာခဲ့တယ်။
သူ့မိန်းမက ဖုန်းဆက်ပြီးတော့ ကလေးက အရေးပေါ်ခန်းထဲကို ရောက်နေတယ်လို့ ပြောတယ်။
ကျွန်မထက် နှစ်အနည်းငယ်ကြီးတဲ့ ပစ္စည်းပို့သမားက သူ့သားရဲ့နာမည်ကို ခေါ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ ဒါပေမယ့် ကလေးက မထွက်သွားခဲ့ဘူး။
တံခါးဝမှာ ရပ်ပြီးတော့ ခေါင်းကို ငုံ့နေခဲ့တယ်
ကျွန်မက မင်းအဖေနောက်ကို လိုက်သွားလိုက် လမ်း မပျောက်စေနဲ့! လို့ ပြောလိုက်တယ့”
“ကလေးက ထွက်သွားခဲ့တယ်။
သူထွက်သွားပြီးနောက် တံခါးကို ပိတ်လိုက်တဲ့ အချိန်မှာ လက်ဖဝါးမှာ ချွေးတွေထွက်နေတာကို သိလိုက်ရတယ်။
အဲဒီတုန်းက စားဖို့တောင် စိတ် နည်းနည်းလေးမှ မရှိတော့ဘူး။
ကျွန်မစိတ်ထဲမှာ အမြဲမေးနေတဲ့ မေးခွန်းတစ်ခုရှိတယ် ဘာလို့... ငါက ဘာလို့ ရုတ်တရတ် တီဗီမှာပဲ မြင်ဖူးတဲ့ အထီးကျန် သရဲတစ္ဆေတွေကို မြင်နေရတာလဲ။ ကျွန်မကလည်း အကောင်းကြီး ရှိနေသေးတာကို ဘာလို့ အသက်ရှင်နေတဲ့လူက ဘာလို့ ဒါတွေကို မြင်နေရတာလဲ??"
"စတွင်မာ ငါ့ကိုပြောပြလို့ရမလား"
ဖုန်းရဲ့အခြားတစ်ဖက်က ရှောင်ဇီက တောင်းဆိုလိုက်တော့ ကျန်းရီ က "ပထမဆုံး အစ်မကိုတွေ့တုန်းက၊ အဲဒီနေ့က ဘယ်ကို သွားခဲ့လဲ?"
"ငါ ဘယ်မှ မသွားခဲ့ဘူး။ နေ့ခင်းဘက် ကုမ္ပဏီမှာ ခါတိုင်းလို အလုပ်လုပ်တယ်။ အလုပ်က ပြန်တော့ ထမင်းစားပြီး ရေချိုးတယ်၊ ပြီးတော့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ပြီး တက္ကစီမောင်းဖို့ အပြင်ထွက်ခဲ့တယ်။ အော်ဒါလက်ခံပြီး အဲဒီအစ်မကြီးကို ဆေးရုံကနေ ခေါ်ခဲ့တာ ဒါပါပဲ...!"
"မဟုတ်ဘူး၊ မင်း သေသေချာချာ စဉ်းစားပါအုံး၊ ဘာလို့ဆို မင်းက သေတော့မှာ မို့လို့ပဲ"