← Chapters

ရင်ခွဲခန်းတွင် နိုးထလာခြင်း

Vol. 10 Ch. 129

ရင်ခွဲခန်းတွင် နိုးထလာခြင်း

Vol. 10 Ch. 129

"ဒါက မဖြစ်နိုင်ဘူး၊ ငါ့အသက်က နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်၊ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘာပြဿနာမှလည်း မရှိဘူး။ ငါဘယ်လိုလုပ် သေရမှာလဲ"

ကျန်းရီရဲ့ စကားကို နားထောင်ပြီးနောက် ရှောင်ဇီ က ချက်ချင်းပြန်ပြောလိုက်သည်။

အထူးသဖြင့် ဒီလို လူငယ်တစ်ယောက်ကို သူသေခါနီးပြီလို့ ပြောလို​က်ရင် ဘယ်သူက လက်ခံနိုင်မှာလဲ?။

"ငါ ငယ်ငယ်လေးကတည်းက သဘာဝလွန် ဖြစ်ရပ်တွေကို ကြုံခဲ့ရလို့ ထူးဆန်းတဲ့ မျက်လုံးတစ်စုံရလာတဲ့ ပရိသတ်တစ်ယောက်နဲ့ ကြုံခဲ့ရတယ် ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပြောရရင် သူ့မှာ ဝိညာဥ် မျက်လုံးတစ်စုံရှိတယ်။

ဒီစိတ်ဝိဥာဉ်မျက်လုံးတွေက သူ့ကို ငယ်ငယ်လေးကတည်းက အချို့အရာတွေကို မြင်ခွင့်ရစေတယ်။

သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေရှိတယ်၊ မင်းမျက်လုံးတွေလိုပဲ ဒီကာလမှာ သေဆုံးသွားတဲ့ လူတချို့ကို အမြဲမြင်နေရတယ် “

"ဒါတွေက ဘာမှမဟုတ်ပါဘူး ရှောင်ဇီ မင်းကို တစ်ခုလောက်မေးပါရစေ။ အဲဒီအစ်မကြီးနဲ့ မဆုံခင်မှာ ထူးဆန်းတဲ့အရာတွေကို ကြုံခဲ့ဖူးလား"

"မရှိဘူး၊ တကယ် မကြုံခဲ့ဘူး!"

"အိုကေလေ မင်း အခု အိမ်မှာ မလား?”

“ဟုတ်ပါတယ်။"

"မင်းအိမ်မှာ အအေးဆုံး ဒါမှမဟုတ် အညစ်ပတ်ဆုံးနေရာက ဘာလို့ထင်လဲ။"

"အဲ့ဒါက သန့်စင်ခန်းလား...?"

သန့်စင်ခန်းသည် လူတို့၏အိမ်တွင် အညစ်ပတ်ဆုံးနေရာဖြစ်သည်။ ဘာလို့လဲဆို​တော့ လူတို့ စွန့်ထုတ်ရာ နေရာဖြစ်ပြီးတော့ လူ့ခန္ဓာကိုယ်ရှိ အညစ်အကြေးအားလုံးကို ထိုနေရာတွင် စွန့်ေသာကြောင့်ဖြစ်သည်။

ထို့ကြောင့်၊ သဘာဝလွန်ဖြစ်ရပ် များစွာသည် သန့်စင်ခန်းထဲတွင် စတင်လေ့ရှိသည်။

"ဒါဆို ​သန့်စင်ခန်းထဲဝင်​ပြီး ရှာကြည့်​​တော့"

"ဘာကိုရှာရမှာလဲ?"

"မင်းရှာနေတဲ့အရာအတွက် စိတ်မပူပါနဲ့။ မင်းရှာကြည့်ဖို့ပဲလိုတယ်။ မင်းထင်သမျှ ကိုဖွင့်ပြီး ကြည့်လိုက်ပါ။ မင်းဘာမှမတွေ့မှ အဲဒါကို ဆက်ပြောကြတာပေါ့"

ကျန်းရီ တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ အနှစ်သာရမှာ သဘာဝလွန်ဖြစ်ရပ်တိုင်းကို ဖြေရှင်းရန်ဖြစ်သည်။

ထို့ကြောင့် ရှောင်ဇီ ကိုရှာဖွေရန် စတင်လမ်းညွှန်ခဲ့လိုက်သည်၊ ထို့နောက် သူမက သူ၏ညွှန်ကြားချက်များကို လိုက်နာကာ သန့်စင်ခန်းသို့သွားခဲ့သည်။

သန့်စင်ခန်းထဲတွင် ဗီရိုတစ်လုံးရှိတော့ သူမ အဲ့ဒါကို အရင်ဖွင့်လိုက်သည်။

"ကျွီ" အသံတစ်ခုထွက်ပေါ်လာပြီး ဗီရိုတံခါးက အနည်းငယ် ဆွေး နေပုံရသည်။

သန့်စင်ခန်းထဲတွင် မီးလင်းသွားသည်။ ဗီရိုကိုဖွင့်လိုက်တော့ သံချေးတက်နေတဲ့ ရေပိုက်တွေနဲ့ အရင်က မတွေ့ရတဲ့ ဖုန်မှုန့်တွေကလွဲလို့ အတွင်းထဲမှာ ဘာမှ မရှိနေတာကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ရှောင်ဇီ သည် အိမ်သာရေကန်ဖြစ်သည့် အခြားအရာတစ်ခုကို ရုတ်တရက် တွေ့ခဲ့လိုက်သည်။

သူမသည် အိမ်သာသို့သွားလိုက်ကာ ဖုန်းစပီကာကိုဖွင့်ပြီး ဘေးတွင် ချထားလိုက်ကာ လက်နှစ်ဖက်စလုံးကို အိမ်သာဘက်သို့ ဆန့်လိုက်သည်။

ဒါပေမယ့် ဒီအချိန်မှာပဲ အိမ်ရှေ့ ခန်းမထဲတွင် ဖုန်းမြည်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“………….”

ရုတ်တရက် ဖုန်းမြည်သံကြောင့် ရှောင်ဇီ ထိတ်လန့်သွားပြီး ဧည့်ခန်းဆီသို့ အမြန်ပြေးသွားခဲ့သည်။ သူမ၏ အခြားဖုန်းက မြည်နေသည်ကို တွေ့လိုက်ရသည်။

ထိုဖုန်းသည် သူမ ကား မောင်းနှင်နေချိန်၌ လမ်းကြောင်းအတွက် အသုံးပြုသည့် သူမ၏ ဖုန်း အဟောင်းဖြစ်သည်။

ဖုန်းခေါ်ဆိုသူ၏ ID က "အမေ" ဟု မြင်လိုက်ရသောအခါ ကျန်းရီ က "ရှောင်ဇီ ဘယ်သူ့ရဲ့ ဖုန်းနံပါတ်လဲ?"

“အမေ့ဆီက”

“ ကိုင်ပြီး နားထောင်ကြည့်ရအောင်”

ရှောင်ဇီ က ခေါင်းညှိတ်လိုက်ပြီးတော့ “ဟဲလို...အမေ ဘာကိစ္စရှိလို့လဲ?”

“ ရှောင်ဇီ မင်းအဖေ... မင်းအဖေနိုးနေပြီ!”

“အ? တကယ်လား? အဖေ အခု ဘယ်လိုနေလဲ”

ရှောင်ဇီ သူ့အမေကို မေးလိုက်သည်။ ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ သူ့အမေက အရမ်းကြောက်တဲ့အသံနဲ့ပြောတယ် “ ရှောင်ဇီ သမီးအဖေ ပြောင်းလဲသွားပြီ၊ သူ့မျက်လုံးတွေ ပွင့်နေပြီး အမေ ဆွဲခေါ်လာခဲ့ရတယ် ”

“ဘာ​တွေ ဖြစ်နေတာလဲ၊ အမေက အဖေနဲ့အမြဲတမ်း အတူရှိ နေတာ မဟုတ်ဘူးလား?”

“အမေ သူနဲ့ ရှိနေတာ၊ ဒါပေမယ့် အိမ်သာ ခဏသွားလိုက်တာ၊ ပြန်လာတော့ သမီးအဖေကို မတွေ့တော့ဘူး။

အဲဒီနောက် သူနာပြုဆရာမတွေကို သွားရှာ​တယ် ပြီးတော့ ဆေးရုံတစ်ခုလုံးကို ရှာတာတောင် မတွေ့ခဲ့ဘူး။

နောက်ဆုံး စောင့်ကြည့်ကင်မရာတွေက နေတဆင့် တွေ့လိုက်ရတာက

​သမီးအဖေ...သမီးအဖေက ရင်ခွဲခန်းကို တစ်ယောက်တည်း သွားခဲ့တယ်။ သူက အဲ့ဒီမှာ တစ်ယောက်တည်း လဲလျှောင်းနေတယ်။

အ​မေတို့ သူ့ကို တွေ့တုန်းက... သူက အအေးဒဏ်ကြောင့် တကိုယ်လုံး တုန်ယင်နေတယ်။”

ရှောင်ဇီ ခဏတိတ်ဆိတ်သွားသည်။ အဆောက်အဦးမှ ပြုတ်ကျပြီးနောက် သတိမေ့မြောသွားသော သူမ၏ဖခင်သည် နိုးလာကာ ရင်ခွဲခန်းသို့ သွားခဲ့ပြီး အဲ့ဒီထဲတွင်ပင် လဲလျှောင်းနေခဲ့သည်။

“အဖေ အခု ဘယ်လိုနေလဲ ၊ သူ တစ်ခုခုများ ပြောသေးလား? “

“သူက တစ်စုံတစ်ယောက်က သူ့ကို ဝှေ့ယမ်းပြပြီးတော့ သူကို လူနာအခန်းအပြင်မှာ ရပ်နေပြီး စကားပြောခဲ့တယ်တဲ့ ။ ပြီးတော့ သမီးအဖေက ဘာမှ မပြောတော့ဘဲ မျက်လုံးတွေသာ ကျယ်ကြီးပွင့်နေပြီး ခုတင်ပေါ်မှာ လဲ​လျောင်းနေတယ်။ ရှောင်ဇီရေ အမေ ဘာလုပ်ရမလဲ။ မင်းဘယ်သူလဲ။ သမီးအဖေမှာ တစ်ခုခုများ မှားနေတာလား မသိဘူး။ အမေ အရမ်း စိုးရိမ်နေတယ်!”

“ ရှောင်ဇီ အခုလောလောဆယ် မစိုးရိမ်ဖို့ အန်တီကိုပြောပြီးတော့ အရင်ကနဲ့ အခုထိ ဖြစ်ပျက်ခဲ့ သမျှအားလုံးကို ပြောြပခိုင်းလိုက်ပါ”

အဲ့ဒီအချိန်မှာ ကျန်းရီ က တစ်ခုခုပြောလို​က်သည်။ ရှောင်ဇီ ရဲ့အမေက အဲဒါကိုကြားတော့ “ ရှောင်ဇီ အဲ့တာ ဘယ်သူလဲ?”

“ တချို့ ထူးဆန်းတဲ့ အရာတွေကို သိနေတဲ့ သမီး သူငယ်ချင်းတစ်ယောက်ပါ ။ အမေ အဖေက ဒီည ဘာလို့ ရုတ်တရက် နိုးလာရတာလဲ၊ ဒီည ဘာဖြစ်နေတာလဲ သမီးကို ပြောပြပါအုံး “

ရှောင်ဇီ ၏မိခင်က နောက်ထပ် မေးခွန်းတွေ ထပ်မမေးတော့ဘဲ “လွန်ခဲ့တဲ့တစ်နာရီခန့်က သန့်စင်ခန်းကို ရုတ်တရက်သွားချင်ခဲ့တယ်၊ ဒါကြောင့် စင်္ကြံလမ်းထောင့်က သန့်စင်ခန်းကို သွားခဲ့လိုက်တယ်”

သမီးအဖေရဲ့ ဆေးပုလင်းက အဲဒီတုန်းက အစားထိုးပြီးပြီမို့ အမေထွက်သွားလိုက်တာ”

“ အမေ ထွက်သွားတာ မိနစ်အနည်းငယ်လောက်ပဲ ကြာပါတယ်၊ ပြန်လာတော့ သမီးအဖေက မရှိတော့ဘူး

အဲဒီနောက် သူနာပြုဆရာမတွေကို အကူအညီတောင်းပြီး လိုက်ရှာကြည့်တော့ သမီးအဖေကို ဆေးရုံအတွင်းက ရင်ခွဲခန်းမှာ တွေ့လိုက်ရတယ်။

သူ့ကို တွေ့တော့ သူက အမေ့ရဲ့ အဝတ်တွေကို ဆွဲပြီး အခန်းအပြင်ဘက်မှာ အမျိုးသမီးတစ်ယောက်ရှိတယ်လို့ ပြောတယ်။

အခန်းအပြင်ဘက် တံခါးပေါက်မှာ ရပ်ပြီးတော့ သူ့ကိုခေါ်နေခဲ့တယ်။

အဲ့ဒီ​ခေါ်သံကြောင့်ပဲ သမီးအဖေ နိုးလာပြီး တံခါးဖွင့်​ပြီး အပြင်ထွက်သွားခဲ့တာ

သူပြောတာတော့ အဲ့ အမျိုးသမီး နောက်ကို လိုက်သွားခဲ့တာတဲ့

“​အဖေ့ကို ပြန်ခေါ်လာပြီးတော့ရော ဘာတွေဖြစ်သေးလဲ”

“သမီးအဖေပြန်လာတော့ ဆရာဝန်က သူ့ကိုဆေးပေးတယ်၊ ဒါပေမယ့် သူက အိပ်ဖို့ကို ငြင်းနေတယ်။ ဆေးကလည်း အာနိသင် မသက်ရောက်ဘူးထင်တယ်၊ ခုတော့ သူက လေကို ပြင်းပြင်း ရှူရှိုက်ရင်း ကုတင်ပေါ်မှာ လဲလျောင်းနေတယ်။ ရှောင်ဇီ သမီးအဖေက……”

ဖုန်း၏အခြားတစ်ဖက်မှအမျိုးသမီးသည် သူမစကားပြောနေစဉ်တွင်ပဲ ငိုပါတော့သည်။ ရှောင်ဇီ က တည်ငြိမ်အောင် ထိန်းလိုက်ပြီး “အမေ၊ အဖေ ကျိန်းသေ နေပြန်ကောင်းမှာပါ။ အဖေ့ကို ရင်ခွဲခန်းမှာ တွေ့တော့ သူ တစ်ခုခု ပြောခဲ့သေးလား။”

“သူက ရင်ခွဲခန်းထဲမှာရှိတဲ့ လူနာတွေကို လက်နဲ့တွန်းပြီး ရွှေ့ပြောင်းရတဲ့ လက်တွန်းကို လက်ညှိုးထိုးပြပြီးတော့ အဲဒီပေါ်မှာ ထိုင်နေတဲ့ သူတစ်ယောက်ရှိတယ်လို့ ပြောတယ်။

အဲ့မှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ပြောခဲ့တယ် ပြီးတော့ အဲ့ဒီမှာ မိန်းမတစ်ယောက် တကယ်ရှိနေတယ်လို့ အမေ့ရဲ့ လက်ကို ကိုင်ပြီးတော့ စိတ်လှုပ်ရှားစွာ ပြောခဲ့တယ်...

အမျိုးသမီးတစ်ယောက် လက်တွန်းပေါ်မှာ ထိုင်ပြဖီး ရယ်နေတယ်တဲ့ ဒါပေမယ့် လက်တွန်းမှာ ဘယ်သူမှ မရှိနေဘူးလေ။

ဆေးရုံက ဝန်ထမ်းတော်တော်များများက သူ့ကြောင့် ထိတ်လန့်တုန်လှုပ်သွားကြတယ် ဒါပေမယ့် လက်တွန်းပေါ်မှာ တကယ်ကို တစ်ယောက်မှ မရှိနေဘူး။”

“အဲ့ဒီနောက်ရော ?”

“အဲ့ဒီနောက် သမီးအဖေက သမီးကို သူများပစ္စည်းတွေကို ကြုံသလို ယူခဲ့တယ်လို့ ဆိုပြီး သမီးကို ဆူပူကြိမ်းမောင်းနေခဲ့တယ်။ ရှောင်ဇီ… သမီး တခြားသူတွေရဲ့ ပစ္စည်းတွေ ယူခဲ့သေးလား၊ အမှန်အတိုင်းပြောပါ သမီး အမှားတစ်ခုခု လုပ်မိခဲ့သေးလား?”

ရှောင်ဇီ က ချက်ချင်းပြန်မဖြေဘဲ ကျန်းရီ ၏ အသံက သူမနားကို ထပ်ရောက်လာခဲ့တယ်- “မင်းယူခဲ့တာကို မှတ်မိသေးလား? ဒါမှမဟုတ် တစ်ခုခုကို ကောက်ရပြီးတော့ ဂရုမစိုက်မိဘဲ လွှင့်ပစ်လိုက်တာများလား?”

“ဟင့်အင်း၊ ကားထဲမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကလွဲလို့ ဘာမှမတွေ့မိခဲ့ဘူး”

ရှောင်ဇီ က ပြန်ဖြေလိုက်တော့ ကျန်းရီက “ဒါဆို မင်းအမေကို မေးကြည့်ပါအုံး အဲဒီတုန်းက မင်းအဖေမြင်ခဲ့တဲ့မိန်းမက ဘယ်လိုပုံစံလဲလို့ ”

ရှောင်ဇီ က သူ့အမေကို မေးလိုက်တော့ “ဆံပင်တွေက သူ့ပခုံးနားထိ ရှိနေတယ်၊ အသားအရည်က နည်းနည်း ညိုပြီးတော့ သူ့မျက်ခုံးကြားမှာ လှပတဲ့ အမှတ်အသား တစ်ခုရှိနေတယ်။ သူက တံခါးရှေ့မှာ ရပ်ပြီး ငိုနေခဲ့တာ။ သူ့ကို မှတ်မိလား ရှောင်ဇီ ?”

သူ့မိခင်၏ဖော်ပြချက်ကိုကြားတော့ ရှောင်ဇီက ချက်ချင်းပင် မျက်လုံးတွေ ပြူးကျယ်သွားပြီး “အဲ့တာ အစ်မကြီး လီစူးချင်ပဲ !” လို့အော်လိုက်သည်။

All Chapters