မသေခင်လေး
Vol. 10 Ch. 131
သူနာပြုဆရာမ၏ စကားများသည် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းရှိ ပရိသတ်များကို ဒီကိစ္စတွေက ပိုမို ရှုပ်ထွေးလာပုံရသည်ဟု ခံစားရစေသည်။
ပထမ ရှောင်ဇီ က သရဲတစ္ဆေတွေနဲ့ ဆက်တိုက် တွေ့လာရတယ်၊ အဲဒီနောက် ရှောင်ဇီ ရဲ့အဖေ၊ အခု ဆေးရုံက သူနာပြုတွေပါ ကြုံလာရပြီဖြစ်သည်။
ကြည့်ရတာက တစ်ချိန်လုံး ညမိုးချုပ်လိုက်တာနဲ့ သရဲ ခြောက်ခံရတဲ့ သူတွေ အမြဲရှိနေပုံရတယ်။
ကျန်းရီက ရှောင်ဇီ သေတော့မယ်လို့တောင် ပြောခဲ့တယ်။ ဒါပေမယ့် ရှောင်ဇီက အကောင်းကြီး ရှိနေသေးတယ်လေ သူမရဲ့ ခန္ဓာကိုယ်မှာလည်း ဆိုးဆိုးရွားရွား ဘာ လက္ခဏာမှလည်း မရှိဘူး။ ကျန်းရီ ဒီလိုမျိုး ပြောရတဲ့ အကြောင်းရင်းက ရှောင်ဇီက သရဲတစ္ဆေတွေနဲ့ အဆက်မပြတ် တွေ့နေရတာကြောင့် သူမရဲ့ အသက်စွမ်းအင်တွေက တဖြည်းဖြည်း လျှော့နည်းလာလို့များ ဖြစ်နေမလား။
လူတစ်သောင်း ရှိမယ်ဆိုရင် ထောင်ပေါင်းများစွာ လောက်က ထောင်ပေါင်းများစွာသော အတွေး အမြင်တွေ မွေးဖွားလာမည်ဖြစ်သည်။
ယခုအချိန် ကျန်းရီ တွေးနေသည့်အရာမှာ ရှောင်ဇီ ကြုံတွေ့ခဲ့ရသည့် ကလေးလေး၊ လီစူးချင်း နှင့် အဘွားအို တို့ကြားတွင် ဆက်စပ်မှုရှိမရှိ ကိုပင်ဖြစ်သည်။
အိုး… ဒါနဲ့ ရှောင်ဇီ ၏ဖခင်ကလည်း ရင်ခွဲခန်းတွင် သရဲတစ္ဆေကို တွေ့လိုက်ရသည် ဖြစ်သည်။
ကလေးလေးနဲ့ သူ့ရဲ့ ပတ်သတ်မှုက ဘာများ ဖြစ်နေမလဲ။
ကျန်းရီ သည် ဤမေးခွန်းများကို တွေးတောခဲ့သည်။ ဒါပေမယ့် ၎င်းတို့အားလုံးက ဆက်စပ်မှုမရှိ ပြန့်ကျဲနေပြီး တစ်ခုခုက မူမမှန်နေကြောင်း သူအမြဲတမ်း ခံစားနေမိသည်။
ဒါတွေကိုစဉ်းစားပြီးနောက် ကျန်းရီ က "ရှောင်ဇီ မင်းအဖေကိုတွေ့ဖို့ အခု ဆေးရုံသွားလိုက်"
ရှောင်ဇီက သရဲတစ္ဆေေတွနဲ့ အများဆူံး ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ဒါပေမယ့် သူမကြုံတွေ့ရသည့် သရဲတစ္ဆေများမှာ လီစူးချင်၊ အဘွားအို နှင့် နောက်ပိုင်း သူမပြောပြခဲ့တဲ့ သရဲတစ္ဆေတွေ အားလုံး လိုလိုက သူမအား ဒုက္ခမပေးခဲ့ပေ။
တစ်ယောက် လူသားဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ သရဲတစ်ကောင် ဖြစ်သည်။ အကယ်၍ ကြုံတွေ့ဆုံလိုက်ရတဲ့အခါတွင် လူဖြစ်သူက ကြောက်ရွံ့နေမည်မှာ မလွဲမသွေပင်ဖြစ်သည်။
ဒါဆိုရင် ဒီကိစ္စ ပြဿနာ၏ ရင်းမြစ်မှာ ရှောင်ဇီ မဟုတ်ပေ။
ယခုလည်း ရှောင်ဇီ ၏မိခင်က ကျန်းရီ ကို ရှောင်ဇီ ၏ဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့သည်။
အဲဒီက သူနာပြုတွေနဲ့ပါ ဖုန်းနဲ့ပဲ စကားပြောရမည်ဆိုလျှင် အဆင်ပြေမည် မဟုတ်ပေ။
ရှောင်ဇီ သည် ကျန်းရီ ၏ စကားကို နားထောင်ပြီးတော့ သူ့အဖေရှိရာ ဆေးရုံသို့ ကားမောင်းသွားခဲ့လိုက်သည်။
ခဏအကြာတွင် ရှောင်ဇီ ဆေးရုံကိုရောက်ပြီးနောက် ကျန်းရီက သူမကို ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့ခဲ့လိုက်သည်။
ဗီဒီယိုထဲက ရှောင်ဇီ က သူမရဲ့အသံတိုင်းပဲ သိမ်သိမ်မွေ့မွေ့နဲ့ အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး ပုံသဏ္ဍာန်ရှိသည်။ အသားအရေက အလွန်ဖြူစင်ပြီးတော့ မျက်နှာအသွင်အပြင်မှာလည်း အလွန် နုနယ်နေသည်။
ဒါပေမယ့် အဲ့ဒီအချိန်တွင် ကျန်းရီ နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များသည် ရှောင်ဇီ ၏ အသွင်အပြင်ကို မသိစိတ်ကနေ လျစ်လျူရှုထားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဒီလို ပုံမှန်မဟုတ် ပြန့်ကျဲနေသော သဘာဝလွန် ဖြစ်ရပ်များ၏ နောက်ကွယ်တွင် တစ်စုံတစ်ရာ ရှိမရှိကို ပို၍ စိုးရိမ်နေသောကြောင့်ပင် ဖြစ်သည်။
ရှောင်ဇီ သည် ဖခင်၏ လူနာခန်း တံခါးဝသို့ ရောက်ရှိလာပြီး ကျန်းရီနှင့် သူမ၏အဖေကို မိတ်ဆက်ပေးပြီးနောက် သူ့အဖေအနှင့် ကျန်းရီ ကို နှစ်ယောက်တည်း ထားခဲ့လိုက်သည်။
ခေါင်းပေါ်တွင် ပတ်တီးနှင့် ချောင်ကျနေသော မျက်လုံးများနှင့် ကုတင်ပေါ်ရှိ အမျိုးသားသည် ကျန်းရီကို ကိုမြင်သောအခါတွင် သတိဝင်လာခဲ့သည်။
သူက ကျန်းရီ ကို တိုက်ရိုက် ကြည့်လိုက်ပြီးတော့ "ရှောင်ဇီ မှာ တစ်ခုခုမှားနေပြီ" လို့ပြောလိုက်တယ်။
"မစ္စတာ ဇန်း ၊ မင်းဒီလိုပြောပုံထောက်ရင် မင်းဒါတွေကို သတိထားမိတယ်ထင်တယ်"
"ငါမသိခဲ့ဘူး၊ သူမဆီကနေ ငါ အရမ်းဆိုးရွားတဲ့ ခံစားချက်ကိုပဲ ခံစားရတယ်။ ဒါပေမယ့် သူမရဲ့ အသွင်အပြင်ကလည်း တစ်ခုခု လွဲမှားနေတာကို မတွေ့ရဘူး၊ မစ္စတာ စတွင်မာ သူမ ဘာဖြစ်နေတာလဲ ဆိုတာ ပြောပြပေးလို့ရမလား"
ကျန်းရီ က သူ့ကို ကြည့်လိုက်ပြီး " ရှောင်ဇီ အကြောင်း အခု မပြောဘဲနေရအောင် ၊ ဒါပေမယ့် အခု သူမ ကြုံတွေ့နေရတဲ့ အခြေအနေ အမျိုးမျိုးက မစ္စတာ ဇန်း နဲ့ ပတ်သတ်နေနိုင်တယ်။
ငါ မှတ်မိတာမှန်ခဲ့ရင် ရှောင်ဇီ ပြောခဲ့တာက ရင်းနှီးမြုပ်နှံမှုက မအောင်မြင်ခဲ့တဲ့ အတွက် ဒီအခြေအနေကို ရောက်ရတယ်လို့ပဲ။ ဒါပေမယ့် အဆောက်အဦးမှ ပြုတ်ကျခြင်းက အဆောက်အဦးကနေ ခုန်ချတာနဲ့ တူမနေဘူးလေ ဒါကြောင့်
မစ္စတာ ဇန်း မင်း အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာလား ဒါမှမဟုတ် မတော်တဆ ပြုတ်ကျခဲ့တာလား"
"ငါ... ငါ့ ရင်းနှီးမြုပ်နှံမှုတွေက အရှုံးပေါ်ခဲ့လို့ ဒီ နှစ်တွေအတွင်း ငါတည်ဆောက်ထားတဲ့ စည်းစိမ်ဥစ္စာတွေ အကုန်လုံးနီးပါး ပြောင်သွားခဲ့တယ်။ အဲဒီ့အချိန်မှာ ငါ စိတ်ဓာတ်တွေကျပြီး ညတိုင်း မူးနေခဲ့တယ်။ တစ်ညမှာ ငါတစ်ယောက်တည်း ဘားမှာ အရက်သောက်နေခဲ့တယ်။ အရက်မူးပြီး ထွက်လာတော့ အမှိုက်ပုံးနားမှာ လဲကျသွားခဲ့တယ်။
"မက်တပ်ထရပ်လိုက်တာနဲ့ အန်တာပဲ။
နည်းနည်းလေး ပိုသက်လာတော့ ခဏနားဖို့ ဘေးကို စောင်းကြည့်လိုက်တော့ အမှိုက်ပုံးနဲ့ နံရံကြားက ကြားလေးမှာ အရုပ်တစ်ရုပ်ကို ရုတ်တရက် တွေ့လိုက်ရတယ်။
လက်ဖဝါးအရွယ် အ၀တ်စတွေနဲ့ လုပ်ထားတဲ့အရုပ်လေး၊ အပေါ်က အဝါနုရောင် နဲ့ စကတ်အနီကို ၀တ်ထားတဲ့ အရုပ်လေး၊ ပုံစံက ဂျပန်ကလို့တော့ ထင်ရတယ်။ အဲ့တာနဲ့ ကောက်ကိုင်ပြီး လက်ထဲမှာ ကိုင်ထားခဲ့တယ်"
"ကျွန်တော် နံရံကိုမှီပြီး အရုပ်လေးကို ကြည့်လိုက်တယ်။
သူမမှာ မျက်လုံးကြီးကြီး၊ မျက်တောင် ရှည်ရှည်နဲ့ နှုတ်ခမ်းနီတွေချယ်ထားတယ်။
သူမရဲ့ အသွင်အပြင်က ကြောင်တောင်တောင် ပုံပေါက်နေပေမယ့် အရုပ်လေးက တကယ်ကို လှနေတာမို့ ပြီးတော့ ငယ်ငယ်တုန်းကလည်း အရုပ်စက်ရုံမှာ အလုပ်လုပ်ဖူးတာကြောင့် အရုပ်တွေနဲ့ ပတ်သတ်ပြီး အထူးခံစားချက် အချို့ရှိခဲ့တယ်။
ထိုအချိန်မှာ ငါက စိတ်ဓာတ်တွေ ကျနေပြီးတော့ ငါ့ကို ဘယ်သူမှလည်း နားလည်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရတဲ့အတွက် အဲ့အရုပ်လေးကို စကားတွေ ပြောခဲ့လိုက်တယ်။
ညီမလေး မင်း ငါ့ရဲ့ဒုက္ခတွေကို မင်းနားလည်နိုင်မလား?"
"ငါ အရက်သောက်ရင်း ပေါ့ပေါ့ပါးပါး တစ်ခုခုပြောရင်တောင် အရုပ်က ပြန်ပြောလို့ မရဘူးလေ။ အဲ့ဒါနဲ့ အိတ်ကပ်ထဲ ထည့်လိုက်တယ်၊ အဲ့ဒီ နေ့တွေတုန်းက အိမ်ပြန်မအိပ်ခဲ့ဘူး၊ ဟိုတယ်မှာပဲ အမြဲနေခဲ့တယ်။ အဲဒီတုန်းက ငါ ဟိုတယ်ကို ေရာက်တာနဲ့ ကုတင်ပေါ် လှဲလိုက်ပြီး အိပ်ပျော်သွားခဲ့တယ်။
“ညနက်သန်းခေါင်မှာ ရုတ်တရက် ငါ့နားထဲမှာ သီချင်းတစ်ပုဒ် ကြားလိုက်ရတယ်။
အရမ်း နူးညံ့တဲ့သီချင်းတစ်ပုဒ်ပဲ ဒါပေမဲ့ တစ်ခုခုပြောနေသလိုမျိုး သီချင်းထဲမှာ ငိုတဲ့ အရိပ်အယောင်တွေလည်း ပါနေတယ်။
အသံက ကလေးဆန်ပြီး အစကတော့ လျစ်လျူရှုခဲ့တယ်၊ ဒါပေမယ့် အသံက တဖြည်းဖြည်း နားထဲကို တိုးဝင်လာခဲ့တယ်။
သူမက ပိုပိုပြီး ဝမ်းနည်းစွာ ငိုကြွေးလိုက်တဲ့ အချိန်မှာတော့ ငါ ထထိုင်လိုက်တယ် “
“မီးတွေပိတ်ပြီး ကုလားကာတွေ တင်းတင်းကျပ်ကျပ်ပိတ်ထားတဲ့ အမှောင်ခန်းကို ကြည့်လိုက်တယ်။
တစ်ခန်းလုံး မီးရောင်မရှိခဲ့ဘူး ဒါပေမယ့် ဟိုတယ်ထဲဝင်တော့ ငါ အရမ်း မူးေနခဲ့တယ်။
ငါ့ရဲ့ မှတ်ဉာဏ်တွေက မှုန်ဝါးနေပေမယ့် မီးတွေပိတ်၊ ပြတင်းပေါက်တွေပိတ်ပြီး၊ ကုလားကာတွေကို ပိတ်ခဲ့တာလားဆိုတာကို မမှတ်မိခဲ့တော့
ထို့ကြောင့် ရုတ်တရတ် အမှောင်ထုက ငါ့ရဲ့ မူးနေတာတွေကိုတောင် ပျောက်ကွယ်သွားစေခဲ့တယ် “
"ဒါပေမယ့် သီဆိုေနတဲ့အသံက ငါ့နားထဲမှာ တိုးတိုးလေး ကြားနေရတော့ ငါသေချာနားထောင်လိုက်တယ်...
သီချင်းဆိုသံကို ဘယ်ကနေ ကြားနေရတာလဲ?။ နောက်ဆုံးတော့ ငါ ဒါကို သတိပြုမိပြီး နောက်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တယ်။
ကုတင်ခေါင်းရင်းမှာ တစ်ယောက်မှ မရှိဘူး ဒါပေမယ့် သီချင်းဆိုသံက ငါ့ရဲ့ ခေါင်းနောက်ကနေ ထွက်လာခဲ့တာ…
ဒါနဲ့ ခေါင်းအုံးကို ကြည့်လိုက်တော့ အဲဒါကို သတိထားမိလာတာနဲ့ ခေါင်းအုံးအောက်ကနေ ထွက်လာတယ် ဆိုတာကို ပိုပြီးသေချာလာတယ်။
“ခေါင်းအုံးကို ရုတ်တရက်ဖွင့်လိုက်တယ် ဒါပေမယ့် ဘာမှမရှိဘူး။
ဒါပေမယ့် အသံက အဲ့ဒီကနေ ရှင်းရှင်းလင်းလင်းကို ထွက်လာတာပါ။ အဲ့ဒါနဲ့ ငါ အိပ်ရာကနေ ထပြီး မီးဖွင့်လိုက်တယ်။
ငါ ခေါင်းကို မော့ကြည့်လိုက်တော့ သူမ ကုတင်ပေါ်ကနေ တွဲလောင်းကျနေတာကို တွေ့လိုက်ရတယ်။
သူမခေါင်းက ငိုက်ပြီး စိုက်ကျနေခဲ့တယ်။
လည်ပင်းမှာ ကြိုးနီကြိုးတစ်ချောင်းကို ချည်နှောင်ထားပြီး ငါ့ခေါင်းထက်က မီးအိမ်ပေါ်ကနေ မျက်လုံးတွေဝိုင်းပြီး ငါ့ကို ကြည့်နေတယ်။
“(ကောင်းတဲ့ပြစ်ဒဏ်တစ်ခုက ကောင်းသောပြစ်ဒဏ်ဖြစ်သည်)”
“သူမရဲ့ ပါးစပ်က လုံးဝ မလှုပ်နေဘူး ဒါပေမယ့် အဲ့ဒီ ဆိုနေတဲ့ အသံက ငါ့ နားထဲမှာ ဆက်တိုက် ကြားနေရတယ်။
သုံးလေးစက္ကန့်လောက် ထိတ်လန့်သွားပြီးတော့ နောက်ဆုံးတော့ ငါ မသန့်ရှင်းတဲ့ဟာ တစ်ခုခုကို ကောက်မိလာမှန်း သိလိုက်ရတယ်။
ငါက စီးပွားရေးသမားပါ၊ စီးပွားရေးသမားတွေက ဒီလို အရာတွေကို ယုံကြည်လေ့ရှိတယ်။ အထူးသဖြင့် ဒီလိုကံမကောင်းစေတဲ့ အရာတွေကို သူတို့ ပိုကြောက်ကြတယ်။”
“ဟိုတယ်ပြန်ရောက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားခဲ့တာ သေချာပါတယ်၊ အရုပ်က ငါ့အိတ်ကပ်ထဲမှာ အမြဲရှိနေတာပါ။
ဒါကြောင့် သူမကို ကုတင်ဘေးမှာ ဆွဲထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အတွက် ကြိုးပေါ်က သူမကို ဆွဲချပြီး အပြင်ကို ပြေးထွက်လာခဲ့တယ်။
ငါ ဟိုတယ်တံခါးဝနားကို ရောက်တော့ အမှိုက်ပုံးထဲကို ပစ်ချလိုက်တယ်။
ဟိုတယ်ကို ပြန်ရောက်တော့ ဘာသံမှမကြားရတော့ဘူး ဒါပေမယ့် ငါ အိပ်မပျော်တော့ဘူး။
စိတ်ထဲမှာ အတွေး တစ်ခုပဲရှိနေခဲ့တယ်... စိတ်ပျက်အားငယ်နေမိခဲ့တယ်... လုံးဝကို ပြောမပြ နိုင်လောက်အောင်ကို စိတ်ပျက်အားငယ်နေမှုက ငါ့နှလုံးသားထဲမှာ ပြည့်နေခဲ့တယ်။ “ငါသေချင်တယ်...”
“ ငါ့အနေနဲ့ ဆိုးဆိုးရွားရွား သေချင်ခဲ့တာ ဒါ ပထမဆုံး အကြိမ်ပဲ၊ အဲ့ဒီ ငိုသံနဲ့ သီချင်းဆိုနေတဲ့ အသံက ငါမသေခင်လေး ငါ့ကို ပို သေချင်အောင် တွန်းပို့နေသလိုမျိုးပဲ ”